သုံးလ
Vol. 4 Ch. 50
သူ့အရှေ့၌ ရေလှောင်ကန်တစ်ခု ရှိနေသည်။
ထိုရေလှောင်ကန်၏ နံရံမှာ နှစ်မီတာအကျယ် ရှိသည့် ပိုက်လိုင်းတစ်ခု ရှိနေတာကို
ဖန့်ရန် မြင်နေရသည်။
ထိုပိုက်လိုင်းမှ ရေများက ထွက်ချည်းဝင်ချည်းနှင့် စီးဆင်းနေ၏။
သူက ပိုက်လိုင်းအတွင်းထဲကို လှမ်းကြည့်လိုက်သည်။
"ကြည့်ရတာ ဒီရေလှောင်ကန်က ငါးမွေးမြူဖို့ သုံးတာထင်တယ်"
ဖန့်ရန်သည် စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ရေလှောင်ကန်ထဲကို ဝင်နေဖို့ ဆုံးဖြတ်ပြီး ဝင်သွားလိုက်သည်။
ပိုက်လိုင်း လမ်းတစ်လျှောက် သွားနေရင်း မီတာ (၁၀၀) အကျော်မှာ သံစကာတစ်ခုဖြင့် လုပ်ထားသည့် အတားအဆီးကို တိုက်မိလိုက်တာကြောင့် သူက ရပ်တန့်လိုက်သည်။
ထိုကြောင့် ဖန့်ရန်သည် အနောက်ပြန်ဆုတ်ကာ ကမ်းစပ်ကို တိုက်ရိုက်ကူးခတ်သွား၏။ ထိုမှတဆင့် ကုန်းပေါ်ကနေ သံစကာနှင့် လုပ်ထားသည့် အတားအဆီးကို တိုက်ရိုက်ဖြတ်ကျော်ပြီး ရေထဲသို့ဆင်းလိုက်သည်။
ဤတစ်ကြိမ် သူ့လမ်းကြောင်းမှာတော့ ဘာအတားအဆီးမှ မရှိတော့ပေ။ သူက ရေလှောင်ကန်ထဲကို အောင်မြင်စွာ ဝင်သွား
လိုက်နိုင်သည်။
သူက ဤရေလှောင်ကန်ထဲက ငါးအရေအတွက်ကို ကြည့်ဖို့ ဆုံးဖြတ်ထားသည်။
ဒီရေလှောင်ကန်က ငါးတွေသာ
လုံလောက်မယ်ဆိုရင်တော့ ဤဆောင်းတွင်းမှာ သူဒီမှာ ခဏနေရပေလိမ့်မည်။
ဤရာသီတွင် တိရစ္ဆာန်များစွာ ဆောင်းခိုကြသည်။ သူ့အဖို့ ဆောင်းမခိုသည့် တိရိစ္ဆာန်လေးတွေကို အမဲလိုက်ဖို့ တောတွေထဲ ဝင်မယ့်အစား ဒီမှာနေတာ ပိုကောင်းသည်။
ဤနေရာက ငါးအရေအတွက်သာ သူ့ကို ကျေနပ်စေမည်ဆို သူနေရပေမည်။
ဖန့်ရန် ရေလှောင်ကန်ထဲတွင် လှည့်လည်သွားလာရင်း သူ့စိတ်က ရွှင်မြူးနေသည်။ ဤရေလှောင်ကန်က သူ့ကို စိတ်မပျက်စေပေ။
ငါးတွေအများကြီးရှိသည့်အပြင် ရေလှောင်ကန်က ကြီးမားသည်။ ဤရေလှောင်ကန်၏ ဧရိယာအကျယ်က အနည်းဆုံး ဧက ၃၀၀ လောက်ရှိလိမ့်မည်ဟု သူခန့်မှန်းမိသည်။
ခြုံငုံသုံးသပ်ကြည့်လျှင် ဘောလုံးကွင်းတစ်ကွင်းမှ ၁.၃၂ ဧကခန့် ကျယ်ဝန်းလေသည်။
ဤရေလှောင်ကန် အကျယ်ဟာ ဧက ၃၀၀ ရှိသောကြောင့် ဘောလုံးကွင်း ၂၂၇ ကွင်းစာ ရှိတယ်လို့ ဆိုနိုင်သည်။
ထို့အပြင် ဤရေလှောင်ကန်၏ ပုံမှန်အတိမ်အနက်က ၆ မီတာဖြစ်ပြီး၍။ အနက်ဆုံးနေရာကတော့ ၉ မီတာ လို့.. ဖန့်ရန် ခန့်မှန်းမိထားသည်။
ဖန့်ရန်က သူနေဖို့ နေရာတစ်ခုကို စတင်ရှာဖွေလိုက်၏။
ရေလှောင်ကန်တစ်ခုလုံးကို ရှာဖွေပြီးနောက် ဖန့်ရန်က သူ့နေဖို့အတွက် နေရာတစ်ခုကို ရှာတွေ့လိုက်သည်။
ထိုနေရာက လှိုဏ်ဂူငယ်တစ်ခု ဖြစ်၏။
လှိုဏ်ဂူက ကျယ်ဝန်းခြင်းမရှိသော်လည်း
သူ့အတွက်တော့ လုံလောက်တာထက် ပိုလေသည်။ ထိုလှိုဏ်ဂူ၏ တစ်ဝက်ကို ရေများကလွှမ်းနေသော်လည်း သူ့အသက်ရှုဖို့ နေရာလုံလောက်သည်။
သူ့အသိုက်ကို ရှာတွေ့ပြီး နောက်လများတွင် ဖန့်ရန်က ၎င်းနေရာတွင် အခြေချနေထိုင်ခဲ့သည်။
အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာ သုံးလကျော်ကြာသွားခဲ့ပြီ ဖြစ်သည်။
ဆောင်းရာသီနှောင်းနေပြီ ဖြစ်သောကြောင့် အပူချိန်ဟာ အလွန်နိမ့်ပါးလျက်ရှိသည်။
သူ့အနေနှင့် အရေပြားခုခံမှု စွမ်းရည်ကို သုံးကြိမ်တိတိ အဆင့်မြှင့်ထားခြင်းကြောင့်သာ မဟုတ်ပါက ယခုအချိန်မှာ သူက အအေးခန်းထဲမှာ ရေခဲရိုက်ထားသည့် မြွေတစ်ကောင်လို ဖြစ်နေပေလိမ့်မည်။
ဖန့်ရန်သည် ရေအောက်တွင် ပုန်းအောင်းနေပြီး သူ့ရှေ့မလှမ်းမကမ်းရှိ ရေနေတိရစ္ဆာန်တစ်ကောင်ကို စိုက်ကြည့်နေသည်။
၎င်းက (၁၂) လက်မ အရှည်ရှိသည့် မြစ်ငါးကြင်း ဖြစ်လေသည်။
[ ပစ်မှတ် - မြစ်ငါးကြင်း၊ သွေးအေးသတ္တဝါ၊ စနစ်အမှတ် ၃၀ မှတ်ကို ရရှိနိုင်သည် ]
ဖန့်ရန်က ကျောက်ရုပ်ကဲ့သို့ အနည်းငယ်မျှပင် မလှုပ်ရှားဘဲ ထိုနေရာတွင် ရှိနေသည်။
မြစ်ငါးကြင်းသည် ဖန့်ရန် ရှိရာဘက်သို့ ဖြည်းညှင်းစွာ ကူးခတ်လာသည်။
သူ့နှင့် မီတာဝက်ခန့်အကွာအဝေးသို့ ရောက်သည်နှင့် ဖန့်ရန်သည် မြစ်ငါးကြင်း၏ အလစ်အငိုက်မှာ လျင်မြန်စွာ ခေါင်းထောင်လိုက်ပြီး ၎င်းကို ဆတ်ကနဲ ကိုက်ခဲလိုက်သည်။
မြက်ငါးကြင်းသည် ပြင်းထန်စွာ ရုန်းကန်၏။ သူ့ပတ်ပတ်လည်မှာ ရေဝဲဂယက်ထနေသည်။
သို့သော် မြစ်ငါးကြင်းဖြစ်သည့် ၎င်း၏ ခွန်အားက ဖန့်ရန်နှင့် မည်သို့ယှဉ်နိုင်မည်နည်း။
ဖန့်ရန်သည် မြစ်ငါးကြင်းကို သယ်ဆောင်ပြီး သူ့လိုဏ်ဂူရှိရာကို ပြန်လာလိုက်သည်။ လှိုဏ်ဂူရှိရာ ပြန်ရောက်ချိန်မှာတော့ မြစ်ငါးကြင်း၏ ရုန်းကန်မှုတွေဟာ လုံးဝရပ်တန့်နေခဲ့ပြီ ဖြစ်သည်။
ဖန့်ရန်သည် မြစ်ငါးကြင်းနှင့်အတူ လှိုဏ်ဂူနံရံဘေးက ကျောက်တုံးပေါ်ကို တက်လိုက်သည်။
ထို့နောက် မြစ်ငါးကြင်းကို မျိုချလိုက်သည်။
နှစ်မိနစ်အကြာတွင် စနစ်မှတ် (၃၀) ရရှိကြောင်း စနစ်၏ အချက်ပေးသံကို ကြား လိုက်ရသည်။
ဤအဓိပ္ပါယ်မဲ့သော အမြန်နှုန်းဟာ သူ့ အစာချေနိုင်စွမ်း မည်သည့် အဆင့်ကို ရောက်ရှိသွားမှန်း ညွှန်ပြလျက်ရှိသည်။
"စနစ် ငါ့ကိုယ်ရေးအကျဉ့်ဇယားကို ဖွင့်လိုက်..."
ဖန့်ရန်က သူ့ခန္ဓာကိုယ် အနေအထားကို သက်တောင့်သက်သာဖြစ်သည့် အနေအထားကို ပြောင်းလဲလိုက်ပြီ သူ့စိတ်ထဲကနေ စနစ်ကို ပြောလိုက်သည်။
ထုံးစံအတိုင်းပင်။ သူ့စိတ်ထဲမှာ အလင်းတန်းတစ်ခု ပေါ်လာသည်။
[ လက်ခံသူ : ဖန့်ရန်
အဆင့် : ၉
စနစ်အမှတ် : ၉၄၂၀ / ၁၂၀၀၀
ကျွမ်းကျင်မှုရမှတ် : ၀
ကိုယ်ထည်အရှည် : ၄.၀ မီတာ
အချင်း : ၁၂ စင်တီမီတာ
ခွန်အား : ၃၀
ခုခံနိုင်စွမ်း : ၂၀
အမြန်နှုန်း : ၁၀
တက်ကြွမှု : ၁၂
စိတ်ဝိညာဉ် : ၁၃
ရုပ်ပိုင်းဆိုင်ရာ ခွန်အား : ၁၀
စွမ်းရည် : ပြင်းထန်သော အဆိပ် (၄/၅)၊ အစာခြေမြန်ခြင်း (၃/၅)၊ အရေပြားခုခံမှု (၃/၅)၊ အရောင်ပြောင်း ဖုံးကွယ်ခြင်း (၂/၅)]
ဤသုံးလအတွင်း သူ့စုဆောင်းမှုကြောင့် စနစ်အမှတ်က ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော ပမာဏထက် သိပ်မဝေးတော့ပေ။ ယခုဆို စနစ်အမှတ်က (၉၀၀၀) ကျော်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဖန့်ရန်သည် သူ့အနေနှင့် ဤဆောင်းရာသီမကုန်မှီ ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်နိုင်လိမ့်မည်ဟု ထင်မိသည်။
အမှန်တကယ်ပင် ဤအမဲလိုက်သည့် အရှိန်နှုန်းက နှေးကွေးနေလေသည်။
အမှန်တော့ သူ့အနေဖြင့် ဤသုံးလအတွင်း အခြေခံနည်းဗျူဟာကို အသုံးပြုနေခြင်းဖြစ်သည်။ ၎င်းဗျူဟာမှာ သူ့အနေနှင့် နေ့စဥ် ငါး လေးငါးကောင်ထက် အမဲပို မလိုက်ခြင်းပင်။
၎င်းအတွက် အကြောင်းပြချက်ရှိသည်၊ ၎င်းမှာ သူ့အနေဖြင့် အလွန်အကြူး အမဲလိုက်မိခဲ့ရင် ရေလှောင်ကန်ပိုင်ရှင်၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမှာ စိုးရိမ်မိသောကြောင့် ဖြစ်သည်။
ရက်အနည်းငယ်ကြာတိုင်း အသက် (၅၀) ကျော်အရွယ် အဘိုးအိုတစ်ဦးသည် လှေငယ်တစ်စင်းနှင့် ဤရေလှောင်ကန်ကို လှည့်ပတ်လေ့ရှိသည်။
ဖန့်ရန်သည် ထိုအဘိုးအိုက ရေလှောင်ကန်ပိုင်ရှင်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
ဤရေလှောင်ကန်ထဲမှာ ငါးတွေအများကြီးရှိပေရာ ငါး..ရာဂဏန်းလောက်က ထိုအဖိုးအို၏ အာရုံစိုက်မှုကို ရရှိဖို့ မဖြစ်နိုင်ပေ။
သို့သော် ဖန့်ရန်ဖြင့် လူတွေနဲ့ ပဋိပက္ခမဖြစ်လိုခြင်းကြောင့် အန္တရာယ်ကို ကြိုတင်ရှောင်ရှားရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ငါးတွေက ဤရေလှောင်ကန်ထဲမှာသာ ရှိနေမှာ ဖြစ်ပြီး ရုတ်တရက် ခြေထောက်ပေါက်ကာ ထွက်ပြေးသွားမှာလည်း မဟုတ်ပေ။
ရက်သတ္တပတ် အနည်းငယ် ကြာသွားခဲ့ပြီ ဖြစ်သည်။
ဖန့်ရန်အနေဖြင့် ဆင့်ကဲပြောင်းလဲဖို့ အတွက် စနစ်အမှတ် ပမာဏလုံလောက်သွားခဲ့ပြီ ဖြစ်သည်။
[ ဒင် ]
[ လက်ခံသူတွင် လုံလောက်သော စနစ်အမှတ်ကို ထောက်လှမ်းတွေ့ရှိသည်။ သင့်အနေဖြင့် ဆင့်ကဲပြောင်းလဲနိုင်ပြီ ဖြစ်သည် ]
[ ဆင့်ကဲဖြစ်စဉ်သည် ဆယ်မိနစ်ကြာမည် ဖြစ်ပြီး ထိုအချိန်၌ လက်ခံသူ၏ လုံခြုံမှုကို သေချာစေမည် ဖြစ်သည်။ ]
[ ဆင့်ကဲပြောင်းလဲလိုပါသလား ]
ဖန့်ရန်က ပြောလိုက်သည်။
" စနစ် ဆင့်ကဲဖြစ်စဉ်ကို စတင်လိုက်ပါ.. "
...
ဆင့်ကဲဖြစ်စဉ် ပြီးဆုံးပြီနောက် ဖန့်ရန်က သူ့ကိုယ်ရေးအကျဉ့်ဇယား၏ ဖော်ပြချက်ကို ကြည့်လိုက်သည်။
သူ မျှော်မှန်းထားသည့်အတိုင်းပင်။ ဤဆင့်ကဲဖြစ်စဉ်သည် သူ့ခန္ဓာကိုယ်ကို (၅.၅) မီတာအထိ ရှည်လျားသွားစေသလို အချင်းကိုလည်း (၁၆) စင်တီမီတာအထိ ဖြစ်သွားစေသည်။
လက်ရှိ သူ့ခန္ဓာကိုယ် အရွယ်အစားသည်
အရွယ်ရောက် လူတစ်ယောက်ကို အေးအေးဆေးဆေး မျိုချလို့ရသည့် အနေအထားပင်။
ထို့အပြင် အခြားဂုဏ်သတ္တိများကလည်း ကောင်းမွန်တိုးတက်လာခဲ့လေသည်။
ထို့အပြင် ဤဆင့်ကဲဖြစ်စဉ်အပြီးမှာ စနစ်က ကျွမ်းကျင်းမှုရမှတ် (၉) မှတ်ကို ပေးခဲ့ သည်။
ဖန့်ရန်က အရေပြားခုခံမှုကို အဆင့်မြှင့်လိုက်သည်။ ထို့ကြောင့် ခံစစ်ကော်လံရှိ တန်ဖိုးက (၂၈) မှတ်အထိ တိုးသွားသည်။
ဖန့်ရန်က သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။
စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းနှင့် အတူ သူ့ကိုယ်ပိုင်စွမ်းအားတွေ တိုးလာခြင်းမှာ သူ့ကို စိတ်လှုပ်ရှားစေသလို ပျော်ရွင်ခံစားရ စေသည်။
.....