← Chapters

ဝူဟိုင်၏ သံသယ

Vol. 4 Ch. 51

ဝူဟိုင်၏ သံသယ

Vol. 4 Ch. 51

ဝူဟိုင်သည် အတွေ့အကြုံ ရင့်ကျတ်သော ငါးမွေးမြူရေးသမား ဖြစ်သည်။ သူသည် ဤအလုပ်ကို လုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း (၄၀) နီးပါးကြာပြီ ဖြစ်သည်။

ဝူဟိုင်၏ အသက်သည် (၅၇) နှစ်ရှိပြီ ဖြစ်သောကြောင့် သူ့အသက်အရွယ်ဟာ အငြိမ်းစားယူရမည့် အသက်အရွယ်ဖြစ်ရောက်နေပြီဟု ဆိုနိုင်သည်။

သို့သော် သူသည် ငါးမွေးမြူသမားအဖြစ် လုပ်ကိုင်လာခဲ့သော သူ၏ အသက်မွေးဝမ်းကြောင်း အလုပ်ကို မရပ်ဆိုင်ချင်သေးပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဤငါးမွေးမြူရေးကို အားကိုးပြီး ပိုင်ဆိုင်မှုအမြောက်အများကို သူစုဆောင်းနိုင်ခဲ့သည်။ ယခုဆို ငွေကြေးအမြောက်အများ စုဆောင်းနိုင်ခဲ့ခြင်းကြောင့် ငွေကြေး အနည်းငယ်ပင် ချမ်းသာလာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သိပ်မကြာခင်က သူ့သားဖြစ်သူပြောသည့်အတိုင်း ဆည်ဘေးမှာ မဏ္ဍပ်ဆယ်ခုဆောက်ပြီး ခရီးသွားတွေနဲ့ ငါးဖမ်းဝါသနာပါသူတွေကို ဆွဲဆောင်ဖို့ တစ်လခွဲအတွင်းမှာ ဤရေလှောင်ကန်ကို အများသူငှာကို ဖွင့်ပေးဖို့ သူဆုံးဖြတ်ထားသည်။

.....

ဝူဟိုင်သည် လှေစီးပြီး ရေလှောင်ကန်ထဲမှာ လှည့်ပတ်ကြည့်ရှုနေသည်။ သူသည် တစ်ခါတစ်ရံ ငါးမျှားသည်။ တစ်ခါတစ်ရံ ရေပြင် လှုပ်ခတ်နေတာကို ကြည့်ရှု၏။ ၎င်းက သူ့စိတ်ခံစားချက်ကောင်းစေဖို့ အထောက်အကူပြုသည်။

ဝူဟိုင် စိတ်ကြည်လင်နေသည်။

ဗွက်!

ရုတ်တရတ် သူ့ ရှေ့မလှမ်းမကမ်းမှာ ရေလှိုင်ဂရပ်တွေထနေတာကို ဝူဟိုင် သတိထားမိလိုက်သည်။

ဝူဟိုင်က ထိုနေရာကို လှမ်းကြည့်လိုက်၏။ ထိုနောက် အိုမင်းနေသည့် သူ့မျက်နှာထက်မှာ ရှုံ့မဲ့နေတဲ့ အပြုံးတစ်ခုပေါ်လာသည်။

ငါးတွေ ရေထဲမှာ ဆော့ကစားနေတာဖြစ်မည်ဟု ဝူဟိုင် ကောက်ချက်ချလိုက်မိသည်။

သို့သော် ထိုကဲ့သို့ ကောက်ချက်ချအပြီးတွင် ရုတ်တရက် သူ့မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွား၏။ ဝူဟိုင်သည် ထိုရေပွတ်ထ သွားတဲ့ နေရာကို သေချာပြန်ကြည့်လိုက်သည်။

ရေပွတ်ထသွားရာ ရေမျက်နှာပြင်၌ အနီရောင်အစက်အပျောက်လေးများ ရှိနေသည်။

ဝူဟိုင် ထိတ်လန့်သွားပြီး လှေကို အလျင်အမြန် လှော်ခတ်ကာ ထိုအနီရောင်အစက်အပျောက်များ ရှိရာဆီသို့ သွားလိုက်သည်။

ထိုနေရာသို့ရောက်သောအခါ ဝူဟိုင်က သေချာကြည့်လိုက်သည်။

ရေမျက်နှာပြင်မှာ အနီရောင်အစက်အပြောက်တွေ ရှိနေသည်။ ၎င်းက သူ့ရေလှောင်ကန်ထဲမှာ မပေါ်သင့်တဲ့အရာတစ်ခုပင်။

"သွေး..တွေလား ?"

ဝူဟိုင်က ခေါင်းမော့ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ပေမယ့် ပုံမှန်မဟုတ်တဲ့ အခြေအနေကို မတွေ့ရပေ။ ရေမျက်နှာပြင်က လှိုင်းအနည်းငယ်တောင် မရှိဘဲ ငြိမ်သက်နေသည်။

ဝူဟိုင်က မျက်မှောင်ကြုတ်မိသည်။ သူရေအောက်မှာ ဘာရှိလဲ ကြည့်ဖို့ ကြိုးစားလိုက်ပေမယ့် ရေဟာ အရမ်းနက်တာကြောင့် အောက်ခြေကို မမြင်ရပေ။

ယခုအချိန်တွင် ကောင်းကင်က မှောင်စပြုနေပြီ ဖြစ်ပေရာ ကျယ်ပြန့်ပြီး ငြိမ်သက်နေသော ရေမျက်နှာပြင်ဟာ ထိတ်လန့်စရာကောင်းနေသည်။

ဝူဟိုင်သည် အုံ့မှိုင်းနေသော ရေပြင်အလယ်က လှေငယ်တစ်စင်းပေါ်တွင် တစ်ယောက်တည်း ရှိနေသည်။ သူ့မှာ ကြောက်ရွံမှု ရှိမနေသလို စိုးရိမ်ပူပန်မှုတွေလည်း ရှိမနေပေ။

နှစ်အတော်ကြာ အလုပ်ကိုင်ပြီနောက်... ဒီလိုမြင်ကွင်းမျိုးက သူ့ကို မကြောက်ရွံစေတော့ပေ။

ဒီလိုအဖြစ်အပျက်မျိုးကို သူပထမဆုံးကြုံဖူးတာတော့ မဟုတ်ပေ။ သူ့ရဲ့ အရင် အတွေ့အကြုံအရဆို ဒီရေလှောင်ကန်ထဲမှာ.. အကောင်အတော်လေးကြီးတဲ့ ငါခူတစ်ကောင်ရှိနေတာကြောင့် ဖြစ်နိုင်မှန် ချက်ချင်းပင် ဝူဟိုင် သိလိုက်သည်။

ငါးခူတွေဟာ ကြီးထွားနှုန်းမြန်သလို အရွယ်အစားကြီးမားလေ့ ရှိတာကြောင့် ငါးမွေးမြူရေးသမား တော်တော်များများက မွေးမြူလေ့ရှိကြသည်။

သို့သော် ဝူဟိုင် စဉ်းစားမရတာ တစ်ခုက သူငါးခူတွေကို တစ်ခါမှ မမွေးမြူခဲ့ပေ။ ငါးကြင်းလိုမျိုး မျိုးပွားမြန်တဲ့ သားပေါက်ငါးတွေကိုသာ အမြဲမွေးမြူခဲ့၏။

ဒါကြောင့် သူ့ရေလှောင်ကန်ထဲမှာ ငါးခူတစ်ကောင် ရုတ်တရက်ပေါ်လာတာက ဝူဟိုင်ကို အံ့သြသင့်သွားစေသည်။

ငါးခူတွေသည် အခြားငါးတွေကို စားလေ့ရှိသည့် ရက်စက်ကြမ်းကြုတ်သော အသားစားငါးတစ်မျိုးဖြစ်သည်။ သက်တမ်းရှည်ပြီး အရွယ်အစားကြီးကာ တစ်ခါတစ်ရံဆို အလျား (၂) မီတာထက် ပိုရှည်နိုင်သည်။

ငါးခူတစ်ကောင်က သူ့ရေလှောင်ကန်ထဲကို ဘယ်လိုရောက်နေတာလဲ ဝူဟိုင် မသိပေ။

၎င်းငါးခူကို ဖြတ်သွားဖြတ်လာ ငါးဖမ်းသမားတချို့က ပစ်ထည့်သွားတာလည်း ဖြစ်နိုင်လေသည်။

တစ်ကြိမ်တွင် ငါးခူတစ်ကောင်က (၁၀) စင်တီမီတာ အရှည်ရှိတဲ့ ငါးတစ်ကောင်ကို အမဲလိုက်နေတာကို မြင်မိတာကို ဝူဟိုင် သတိရလိုက်သည်။

ထိုအချိန်က သူတို့တွေ အချိန်အတော်ကြာအောင် ကြိုးစားပြီးမှသာ ထိုငါးခူကို ဖမ်းမိခဲ့သည်။

သူ့ရေလှောင်ကန်မှာ အဲ့လို ဖြစ်လာမှာလား...

ယင်းကိုတွေးရင်း ဝူဟိုင် မျက်ခုံးတွေတွန့်ကွေးသွားသည်။

ထိုအတိုင်းဆိုရင် သူဒုက္ခရောက်ပြီ ဖြစ်သည်။လက်ရှိ သူ့ရေလှောင်ကန်က ထိုငါးခူကို ဖမ်းခဲ့စဥ်က ရေလှောင်ကန်ထက် ပိုကြီးသည်။ ထိုကြောင့် ဖမ်းမိဖို့ အတော်ခက်နိုင်သည်။

ထိုငါးခူကို ဖမ်းခဲ့စဉ်ကဆို ငါးဖမ်းပိုက်တွေ အများကြီးကို သုံးခဲ့ရပြီး ငါးတွေအများကြီးလည်း ဖမ်းခဲ့ရသည်။

ထိုမှသာ ၎င်းငါးခူကို ဖမ်းနိုင်ခဲ့သည်။

သို့သော် ယခု ထိုသို့ လုပ်လို့မရပေ။ ငါးဖမ်းမဏ္ဍပ်ကို တည်ဆောက်ပြီး မကြာမီ ဖွင့်လှစ်ရတော့မည် ဖြစ်သည်။ ရေလှောင်ကန်မှာ ငါးမရှိလျှင် ဖွင့်လို့ရမည် မဟုတ်ပေ။

ဝူဟိုင်က မတ်တပ် ထရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်နှာထက်မှာ စိတ်ဓာတ်ကျနေသည့် အရိပ်အရောင်များ ရှိနေသည်။

ထိုနောက် ဝူဟိုင်သည် ခေါင်းကို တစ်ချက် ခါယမ်း၏။ ၎င်းနောက် လှေကို ကမ်းဘောင်စပ်သို့ လှော်ခတ်သွားလိုက်သည်။

သူ့ မျက်နှာထက်၌ ကူကယ်ရာ မဲ့မှုတို့ က ကြီးစိုးလျက်...

ဝူဟိုင် လှေကို ရပ်တန့်ခဲ့သောနေရာ၏ ရေအောက်၌ (၅) မီတာကျော် အရှည်ရှိသည့် မြွေကြီးတစ်ကောင်ဟာ သူ့နောက်ကျောပြင်ကို စိုက်ကြည့်နေခဲ့တာကိုတော့ သူမသိခဲ့ပေ။

ထိုမြွေကြီးက ဖန့်ရန်ပင်။

ရေမျက်နှာပြင်မှာ အနီရောင် အစက်အပျောက်များ ပေါ်လာတာက သူ့ ကြောင့်ပင်။

၎င်းအချိန်က ငါးကြင်းတစ်ကောင်ကို အခွင့်အရေးကောင်းတစ်ခုဟု ထင်ပြီး ဖန့်ရန်သည် ထိုငါးကြင်းကို ဖမ်းမိဖို့ ကြိုးစားခဲ့သည်။ ၎င်းငါးကြင်း၏ အရွယ်အစားကြီးမားမှုနှင့် ပြင်းထန်စွာ ရုန်းကန်မှုက ငါးကြင်းကို သူ၏ ချုပ်နှောင်မှုအောက်မှ မလွတ်သွားစေသော်လည်း ငါးကြင်း၏ ကိုယ်မှ သွေးအနည်းငယ် ထွက်သွားခြင်းက ထိုအဖိုးအို၏ အာရုံကို စွဲဆောင်သွားခဲ့သည်။

ဒါက သူလိုချင်တဲ့ ရလဒ်တော့ မဟုတ်ပေ။

ဒီအသေးအမွှားကိစ္စက ထိုသို့ ဖြစ်လိမ့်မယ် လို့ သူလည်း မထင်ထားပေ။ ဖန့်ရန်က ခေါင်းယမ်းလိုက်သည်။ ထိုနောက် ပြန်လည် အမဲလိုက်ရန် ပြင်ဆင်လိုက်သည်။

...

ဝူဟိုင်သည် အိမ်ပြန်ရောက်ပြီးနောက်... ဆိုဖာပေါ်တွင်ထိုင်ကာ ယခင်အဖြစ်အပျက်ကို ပြန်တွေးနေခဲ့သည်။ ထိုကိစ္စကို ပြန်တွေးရင်း နောက်ဆုံးတွင် ဝူဟိုင်သည် ၎င်းငါးခူကို ဖမ်းနိုင်မလားဟု ကံစမ်းရန်အတွက် နောက်ရက်အနည်းငယ်တွင် သူ့ရေလှောင်ကန်ကို ပိုအာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်သည်။

လာမည့်ရက်အနည်းငယ်တွင် ဝူဟိုင်သည် ရေလှောင်ကန်ထဲမှာ တစ်နေကုန်နေ၊ နေလေ့ရှိသည်။ ၎င်းသည် ဖန့်ရန် အတွက် ကောင်းမွန်သောအရာတော့ မဟုတ်ပေ။

မူလက သူသည် ဤတစ်ကြိမ်တွင် အရူးအမူး ငါးများကို အမဲလိုက်ရန် စီစဉ်ခဲ့သော်လည်း ဝူဟိုင်သည် ရေပြင်ကို အမြဲငေးကြည့်နေသဖြင့် အခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။

ထို့ထက် ပိုအရေးကြီးသည်မှာ အမဲလိုက်နေစဉ် ထိုအဘိုးအိုက အကြိမ်ပေါင်းများစွာ သူ့ကို ရှာဖွေတွေ့ရှိလုနီးပါး ဖြစ်ခဲ့သည်။

အသက်ငါးဆယ်ကျော် ထိုအဘိုးအိုရဲ့ မျက်လုံးတွေက တကယ့်ကို စူးရှသည်။

ဖန့်ရန်သည် အဘိုးအို၏ ရပ်တည်မှုအတွက် စိတ်ဓာတ်ကျနေချိန်တွင် ဝူဟိုင်မှာလည်း အလွန်စိတ်ဓာတ်ကျလျက်ရှိသည်။

အခုတော့ သူ့ရေလှောင်ကန်က ဒုက္ခရောက်နေပြီဆိုတာ သေချာသွားပြီ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ရေလှောင်ကန်တစ်လျှောက် သွားလာစဉ် ရေပွက်သံကို ငါးကြိမ်တိုင်တိုင် ကြားခဲ့ရသည်။ ရေအောက်မှာ ရုန်းကန်ထွက်ပြေးနေရတဲ့ ငါးတွေရှိနေတယ်.. ဆိုတာ သေချာသည်။

ငါးကြိမ်မြောက် ရေပွက်ပြီးနောက်မှာ ရေလိုင်းတစ်ခုက အဝေးသို့ ကူးခတ်သွားတာကို ဝူဟိုင် မြင်လိုက်ရသည်။

ထိုအချိန်တွင် သူသည် လှေနှင့်အတူ ချက်ချင်းလိုက်သွားခဲ့သော်လည်း ရေကြောင်းလိုင်းသည် လျင်မြန်စွာ ပျောက်သွားခဲ့သည်။

အစပိုင်းတွင် ဝူဟိုင်သည် သူ့ရေလှောင်ကန်ထဲမှာ ငါးခူ ရှိဟု ထင်ခဲ့သော်လည်း ယခုမူကား ထိုသို့မဟုတ်ဟု ထင်မိသည်။

ငါးခူက မကြာခဏ အမဲလိုက်မှာလား။

သူ့ရေလှောင်ကန်ထဲမှာ ငါးခူ မဟုတ်ဘဲ... အသားစားငါးတွေ ရှိနေတာဟု.. ဝူဟိုင် သံသယဖြစ်နေမိသည်။

ဝူဟိုင်သည် သူ့လှေပေါ်တွင် ငါးဖမ်းပိုက်ကို အဆင့်သင့် ပြင်ထားပြီ တနေကုန်နီးပါး လှေငယ်လေးပေါ်တွင် ထိုင်ကာ ရေလှောင်ကန်တွင်သာ နေခဲ့သည်။ အသားစားငါးကို တွေ့ရင် ပိုက်ကွန်ကိုဖြန့်ပြီ ဖမ်းမည်ဖြစ်သည်။

ဝူဟိုင်၏ ပုံမှန်မဟုတ်သော အမူအရာကြောင့် လှောင်ကန်ထဲတွင် အသားစားငါးတွေရှိနေကြောင်း ရွာထဲတွင် သတင်းများ ပျံ့နှံ့လာနေသည်။

လူတချို့ကလည် သူတို့ ရေလှောင်ကန်ဘေးမှ ဖြတ်သွားသည့် အခါ ရေပြင်ပေါ်တွင် သွေးကွက်များ တွေ့သည်ဟု ဆိုကြသည်။

ကောလဟာလတွေဟာ ဝူဟိုင်၏ ရေလှောင်ကန်ကို ရွာထဲရှိ လူတိုင်းကို စိတ်ပူစေသည်။

လူတိုင်းက ဝူဟိုင် ရေလှောင်ကန်မှာ ဘာဖြစ်နေတာလဲဟု ခန့်မှန်းနေကြသည်။ ၎င်းက ငါးခူတချို့ ဖြစ်နိုင်သည်ဟု လူအချို့က ဆိုကြသည်။

လူတချို့ကလည်း ၎င်းသည် “တိရစ္ဆာန်ကမ္ဘာ” တီဗီရှိုးတွင် ပြသထားသည့်အတိုင်း လိပ်ဖြစ်သင့်သည်ဟု ဆိုသည်။

တခြားသူတွေကကျ ရေလှောင်ကန်ထဲမှာ အသားစားငါး တွေရှိနေတယ်လို့ သံသယရှိကြသည်။

အဆုံးတွင် ဤအငြင်းအခုံဖြစ်ပြီးနောက် ရွာတွင် ရုတ်တရက် ရေပန်းစားလာခဲ့သည်။

အကြောင်းအရင်းက တီဗီမှာ လက်ရှိရေပန်းစားနေသော တီဗီဒရာမာတစ်ခုနှင့် ဆက်စပ်နေသည်။

.....

All Chapters