လောယန်
Vol. 4 Ch. 52
၎င်းတီဗီစီးရီး၏ အဓိကဇာတ်လမ်းဟာ
ရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦး ရုတ်တရက် ပျောက်သွားခြင်းမှ စတင်ခဲ့သည်။
ရွာရှိလူတိုင်းဟာ ထိုအမျိုးသမီးကို ရှာဖွေကြသော်လည်း ရှာမတွေ့ခဲ့ပေ။ ထိုနောက်ပိုင်းတွင် တိရစ္ဆာန်မျိုးစုံနှင့် လူများ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားခဲ့သည်။
အုံ့မှိုင်းနေသော အရိပ်ကြီးက တစ်ရွာလုံးကို လွှမ်းခြုံထားသည်။
ရွာရှိ အယူသီးသူအချို့က ၎င်းတို့အား နတ်ဘုရားတွေ ပြစ်ဒဏ်ပေးခြင်းဖြစ်သည် ဟူသော စကားကို ဖြန့်ကျက်ခဲ့သည်။ ၎င်းအဖြစ်အပျက်တွေဟာ အေးချမ်းသာယာနေသော ရွာငယ်လေးကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး အကြောက်တရားများနှင့် ပြည့်နှက်စေခဲ့သည်။
ဇာတ်လမ်း၏ နောက်ပိုင်းတွင် ဇာတ်ဆောင်ရဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာတော့ သက်သေအားလုံးဟာ ရွာအစွန်းရှိ ရေကန်ဆီသို့ ညွှန်ပြနေခဲ့သည်။
၎င်းတီဗီစီးရီး၏ လွှမ်းမိုးမှုကနေတဆင့် ဝူဟိုင်၏ ရေလှောင်ကန်မှာ အသားစားငါးတွေရှိနေသည်ဟု ရုတ်တရက်ဆိုသလိုပဲ ကောလဟာလတွေ အမျိုးမျိုး ရွာအတွင်းမှာ ပျံနှံ့နေတော့သည်။
ထိုအချိန်၌ပင် ဆောင်းရာသီဝင်ကာစ အချိန်မှာ ဖြစ်ပျက်ခဲ့သော သတင်းတစ်ခုပေါ်လာခဲ့သည်။ ၎င်းသတင်းက ထူးထူးခြားခြား ပျောက်ကွယ်သွားသော ဘဲများအကြာင်းဖြစ်သည်။
...
ကောလဟာလတွေ ပိုများလာတာနဲ့ အမျှ
ဝူဟိုင် ကိုယ်တိုင်လည်း သံသယဝင်လာသည်။
သူ့ရေလှောင်ကန်ထဲက သတ္တဝါက တကယ်ပဲ အသားစားငါးတွေရဲ့ လက်ချက်ပဲလား။
ဝူဟိုင်၏ ရေလှောင်ကန်အကြောင်း အမျိုးမျိုးသော ထင်ကြေးပေးမှုများနှင့် ကောလာဟလများ ပျံ့နှံ့လျက်ရှိသည်။ ဤသို့ဖြင့် တဖြည်းဖြည်းနဲ့ ရေလှောင်ကန်ဖွင့်ရန် အချိန်ရောက်လာခဲ့သည်။
အမျိုးမျိုးသော ကောလဟာလများ ပျံ့နှံ့မှုကြောင့် ဝူဟိုင်၏ ရေလှောင်ကန်ဖွင့်လှစ်ချိန်တွင် အတော်လေး ကျော်ကြားခဲ့ပြီး ဖွင့်လှစ်သည့် နေ့တွင်ပင် လူ (၂၀) ကျော် လာရောက်လည်ပတ်ခဲ့သည်။
...
တီ.. တီ..
ဝူဟိုင်က လှမ်းကြည့်လိုက်သည်။
တွဲကားနှစ်စီးသည် မောင်းနှင်လာပြီး ရေလှောင်ကန်အစွန်းတွင် ရပ်လိုက်ကြသည်။
၎င်းနောက် ကားတစ်စီးအတွင်းမှ လူငယ်လေးဦး ဆင်းလာသည်။ မယှင်မနှောင်းမှာပင် ကျန်ကားတစ်စီးမှ မိန်ခလေး သုံးယောက်လည်း လိုက်ဆင်းလာသည်။
ထိုနောက် ကားနောက်ခန်းမှ ဘီယာဘူးများနှင့် ကင်ပြီသား အသားကင်များကို ထုတ်လိုက်ကြသည်။ မိန်းခလေးသုံးယောက်က အသီးအရွက်များကို ယူသည်။
သူတို့စကားတွေကို နားထောင်ခြင်းအရ အသားကင်စားပြီး အနားယူဖို့ သူ့ ရေလှောင်ကန်ကို ရောက်လာတာ ဖြစ်ကြောင်း ဝူဟိုင် သိလိုက်သည်။
ရေလှောင်ကန် အစပ်၌...
"ကျန်းလေး... မင်း အဘိုးကြီးရဲ့ လှေကို တကယ်ကြီး ငှားနိုင်ခဲ့တာလား"
လူငယ်လေးယောက်ထဲမှ အရပ်အရှည်ဆုံး လူငယ်က တအံ့တသြနဲ့ မေးလိုက်သည်။
"ဟား.. ဟား.. အဲ့အဖိုးကြီးနဲ့ စကားပြောရတာ အရမ်းလွယ်တယ်။ လော်ယန်.. မင်း လှေပေါ်လိုက်မှာလား..."
ထိုအချိန်တွင် မိန်ခလေး သုံးယောက်ထဲမှ မျက်နှာအနည်းငယ်ဖောင်သော မိန်ခလေးမှ ရုတ်တရက် ဝင်ပြောလာသည်။
"ဒီလှေက ငါတို့အားလုံးကို ထိန်းနိုင်ပါ့မလား..."
ထိုမိန်ခလေးပြောလိုက်သည့် စကားကြောင့် ကမ်းဘေးတွင် ဆိုက်ကပ်နေသော လှေငယ်လေးကို ကြည့်ပြီး လော်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းလေးလည်း ထိုကောင်မလေး ပြောစကားကြောင့် လှေနံဘေးရှိ ဝူဟိုင်ကို မေးမြန်းရန် သွားခဲ့သော်လည်း ဝူဟိုင်၏ အဖြေက ကျန်းလေးကို မျက်မှောင်ကြုတ်သွားစေသည်။
"ငါ့အပြင် ဒီလှေက လူလေးယောက်ပဲ ထောက်ပံ့နိုင်တယ်.."
လှေနံဘေးတွင်ရပ်နေသော ဝူဟိုင်က လက်လေးချောင်းထောင်ပြီး ပြောသည်။
နောက်ဆုံး သူတို့အားလုံး ဆွေးနွေးပြီးနောက် အရပ်ရှည်သော ကောင်လေး လော်ယန်သည် ရေကူးနည်းကို ကျွမ်းကျင်သော တစ်ဦးတည်းသောသူ ဖြစ်ခြင်းကြောင့် လှေပေါ်ရှိ မိန်းခလေး သုံးဦးနှင့်အတူ လိုက်ပါသွားရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
လောယန်က မတော်တဆမှု တားဆီးရန် မိန်းခလေးများ၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ယူမည် ဖြစ်သည်။
ထို့ကြောင့် လောယန်သည် လှေပေါ်ရှိ မိန်းခလေးများကို တစ်ယောက်တည်း လိုက်ပါသွားသည်။
ဝူဟိုင်က လှေကို လှော်လျက်...
ဝူဟိုင်သည် ပဲ့ပြင်ပိုင်တွင်ရပ်ကာ လှေလှော်နေသည်။ လှေ၏ ဝမ်ဗိုက်အလယ်တွင် မိန်းခလေးသုံးယောက်နှင့် လော်ယန် ရှိနေသည်။
မိန်းခလေး သုံးယောက်သည် ပထမတော့ အနည်းငယ် ကြောက်ရွံ့နေသေးပြီး လှေနံဘေးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။
သို့သော် ဝူဟိုင်၏ ကျွမ်းကျင်စွာ လှေလှော်မှုကြောင့် သူတို့သည် ဘာအဖုအထစ်မျှမခံစားရဘဲ လက်လွှတ်လိုက်ကြသည်။
အေးမြသော လေပြေညင်းဟာ လူအများ၏
စိတ်တင်းကျပ်မှုကို ပြေလျော့စေပြီး
အေးချမ်းလှပသည့် မြင်ကွင်းတစ်ခုဟာ လူတစ်ယောက်ကို စိတ်ချမ်းသာသွားစေနိုင်သည်။
လှေ၏ တစ်ဖက်တွင် လော်ယန်က ငါးဖမ်းကိရိယာများကို ထုတ်ကာ ငါးဖမ်းရန်ပြင်ဆင်နေသည်။
"သမီးတို့ ရေမဆော့သင့်ဘူး.. ကွယ့်.. ကန်ထဲမှာ ဘယ်လိုငါးအမျိုးအစားလဲဆိုတာ အဖိုး မသိပေမယ့် တစ်ချို့က အသားစားငါးလို့ ပြောကြတယ်.. "
လှေကို ဖြည်းညှင်းစွာ လှော်ခတ်နေသော
ဝူဟိုင်က.. မိန်းခလေး သုံးယောက် ကန်ရေပြင်ကို လက်ဖြင့် ညင်သာစွာ လှုပ်ယမ်းနေသည်ကို သတိပြုမိပြီး လျှင်မြန်စွာ သတိပေးလိုက်သည်။
မူလက ဝူဟိုင်သည် မည်သူကိုမျှ သူ့ရေလှောင်ကန်ထဲကို ကိုယ်တိုင် ခေါ်ဆောင်ရန် အစီအစဉ်မရှိပေ။
ရွာထဲက ကောလာဟလတွေသည် သူ့အနေဖြင့် ဤရေလှောင်ကန်ထဲမှာ တစ်စုံတစ်ခု ဖြစ်သွားမှာကို စိုးရိမ်စေသည်။
သို့သော်လည်း နောက်ဆုံးမှာ ထိုမိန်းကလေးသုံးယောက်၏ တောင်းဆိုမှုကြောင့် တောင့်မခံနိုင်တော့ဘဲ ရေလှောင်ကန်ထဲကို လိုက်မပြဖို့ ဆုံးဖြတ်ချက်ကို လက်လျှော့လိုက်ရသည်။
တစ်ခုခုဖြစ်လျှင် သူနှင့် ဘာမှမဆိုင်ပေ။
ထို့အပြင့် အသားစားငါးတွေက အန္တာရာယ်အလွန်များသည်။
ဝူဟိုင်ဟာ ၎င်းအသားစားငါးတွေရှိတယ်ဆိုတာကိုတော့ အမှန်တကယ် ဟုတ်မှဟုတ်ရဲ့လာ ဆိုတာကိုတော့ သေချာမသိပေ။ မည်သို့ပင် ဆိုစေကာမှု သူ့ဒီရေလှောင်ကန်ထဲက သတ္တဝါဟာ အသားစားငါးလို့ အတည်မပြုရသေးပေ။
“အဘိုးကြီး၊ ခင်ဗျာရဲ့ ရေလှောင်ကန်ထဲမှာ အသားစားငါးတွေ ဘယ်လိုရှိနိုင်မှာလဲ.. အသားစားငါးတွေသာ တကယ်ရှိနေရင် ခင်ဗျာရဲ့ငါးတွေ အစားခံရတာ ကြာလို့ ငါးတွေတောင်ရှိပါ့မလား..."
ဝူဟိုင်၏ သတိပေးချက်ကို ကြားပြီးနောက် လော်ယန်က ပြုံးပြီးပြောသော်လည်း သူ့လက်ကို ရေထဲမှဆွဲထုတ်လိုက်သည်။ သူ ဒုက္ခိတ မဖြစ်ချင်သေးပေ။
"ဟား၊ ဟား ဒီမှာ အသားစားငါးတွေ ရှိရင် ပိုကောင်းလိမ့်မယ်.. သူတို့ကို ဖမ်းပြီး နင်တို့အတွက် ငါးကင် လုပ်ပစ်လိုက်မယ်.."
လော်ယန်က ယုံကြည်မှုအပြည့်နဲ့ ပြုံးပြီး မိန်းခလေးများဘက် လှည့်ကာပြောသည်။
ဝူဟိုင်၏ စကားကို လော်ယန်က မယုံကြည်တာကြောင့် ဤသို့ ပြောရဲခြင်းဖြစ်သည်။
"လော်ယန်၊ နင် ငါးကင်တက်တာလား.."
မိန်းကလေးသုံးယောက်က လော်ယန်၏ စကားကို ကြားပြီးနောက် အံ့သြစွာနဲ့ သူ့ကို တစ်ယောက် တစ်ပေါက်မေးသည်။ ဒါကို မြင်တော့ လော်ယန်လည်း သူ့ရဲ့ အကင်ကျွမ်းကျင်မှုအကြောင်းကို ပိုပိုသာသာကြွားပြောတော့သည်။
"ငါးကင်စားမလား.. ရွီယင် ခဏလေးစောင့်နော် ငါ... ငါးဖမ်းပြီးရင် နင့်အတွက် ငါးကင်ပေးမယ်"
လော်ယန်က သူ့ရင်ဘတ်ကို ပုတ်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြောသည်။
"ကောင်းပြီလေ.. ဒါဆို ငါတို့စောင့်နေမယ်.."
ရွီယင်ဆိုသည့် မိန်ခလေးက ပြုံးပြီး ပြန်ပြောလိုက်သည်။
သူမဘေးနားရှိ မျက်နှာအနည်းငယ်ဖောင်းသော ရှောင်ယီကလည်း ပြုံးပြီး လော်ယန် ကို တစ်ခုခုပြောတော့မယ့်အချိန်မှာပဲ သူမက ရုတ်တရက် လှေအောက်ကို လှမ်းကြည့်လိုက်မိသည်။
ဘာမှ ရှိမနေပေ။
ယခင်ကတော့ လှေရဲ့အောက်မှာ အရိပ်ကြီးတစ်ခု ကူးခတ်နေတာကို သူမ ရိပ်ခနဲ မြင်လိုက်ရတာကြောင့် သေချာ ထပ်ကြည့်လိုက်မိခြင်းဖြစ်သည်။
"ငါများ ထင်ယောင်ထင်မှား ဖြစ်သွားတာလား.."
ရှောင်ယီက မျက်ခုံးပင့်ကာ ရေပြင်ကို ဂရုတစိုက် ထပ်ကြည့်လိုက်သည်။
.....