စိတ်ကူးယဉ်လွန်ခြင်း
Vol. 4 Ch. 53
ရှောင်ယီသည် သူမ၏ ခေါင်းကို လှေပေါ်မှ ငုံ့ပြီး ရေအောက်မှာ ဘာရှိနေလည်းဆိုတာ ကြည့်လိုက်သည်။
သူမ မြင်လိုက်သည့်အရာက အမှန်တကယ်ထင်ယောင်ထင်မှားဖြစ်စေခြင်းဟုတ်၊ မဟုတ် သူမ အတည်ပြုလိုနေသည်။
သို့သော် အတန်ကြာအောင် လိုက်ရှာသော်လည်း ထူးထူးခြားခြား ဘာမှ မတွေ့ရပေ။
ကြည့်ရတာ ငါးကြီးတစ်ကောင်သာ ဖြစ်ပုံပေါ်သည်။
၎င်းအရိပ်က ငါးကြီးဖြစ်နိုင်ကြောင်းတွေးပြီးနောက် ရှောင်ယီ ချက်ချင်းပင် ပျော်ရွင်သွားသည်။ ဒီခရီးက အလဟဿမဖြစ်ဘူးလို့ သူမ ခံစားရသည်။
ကံမကောင်းစွာဖြင့် သူ့မှာ ရေအောက်ကို မြင်နိုင်တဲ့ မျက်လုံးတွေမရှိဘူလို့ ရှောင်ယီက ဝမ်းနည်းစွာ တွေးလိုက်သည်။
သို့သော် သူမတွင် ထိုစွမ်းရည် အမှန်တကယ်ရှိခဲ့လျှင်လည်း သူမ ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည့်အတွက် နောင်တရမှာ သေချာသည်။
အဘယ်ကြောင့်ဆိုသော်...
သူမ ခေါင်းကိုဆန့်ကာ ရေအောက်ကို လှမ်းကြည့်ချိန်တွင် လှေအောက်သုံးမီတာ အကွာတွင် မြွေကြီးတစ်ကောင်က သူမအား စိုက်ကြည့်နေခြင်းကြောင့်ဖြစ်သည်။
သာမန်လူ တစ်ယောက်၏ အမြင်အာရုံက မည်မျှပင် ထက်မြနေပါစေ... ရေအောက် သုံးမီတာ အကွာကို မြင်ရန်မဖြစ်နိုင်ပေ။
ထိုမြွေကြီးက (၅ )မီတာအရှည်ရှိသည်။ ၎င်း၏ အရွယ်အစားအရ ထိုမြွေကြီးသာ အလိုရှိသရွေ့ ၎င်းတို့၏လှေကို အလွယ်တကူ မှောက်နိုင်သည်ဟု ပြောပြနေသလိုပင်။
ထိုမြွေကြီးက အမှန်ပင် ဖန့်ရန် ဖြစ်သည်။
မနက်စောစောထပြီး ထုံးစံအတိုင်း အမဲလိုက်ဖို့ ပြင်ဆင်ချိန်မှာ တစ်ခုခုမှားနေပြီဟု သူသိလိုက်ရသည်။ ကန်အစွန်းမှာ လူတွေအများကြီးစုဝေးနေခဲ့သည်။ ပထမတော့ ပိုင်ရှင်က သူ့ကို ဖမ်းဖို့ ခေါ်ထားတဲ့ လူတွေလို့ ဖန့်ရန်က ထင်လိုက်သည်။
သို့ပေမယ့် မကြာခင်မှာပဲ တစ်ခုခု မှားနေတာကို တွေ့လိုက်ရသည်။
ဒီလူတွေက ငါးဖမ်းနေကြတာလား။
၎င်းအခြေနေက ဖန့်ရန်ကို စိတ်သက်သာရာ ရသွားစေခဲ့သည်။
ဒီလူတွေ ငါးဖမ်းနေတာ သူကံကောင်းသည်ဟု ဖန့်ရန်က တွေးလိုက်သည်။
သူ့ကို ဖမ်းဖို့ မဟုတ်သ၍ပေါ့...
ကြည့်ရတာ ဤရေလှောင်ကန်ပိုင်ရှင် အဖိုးကြီးက သတိထားပြီ စောင့်ကြည့်နေတာ သတိလျော့လိုက်ပုံပေါ်သည်။
ဖန့်ရန်သည် လှေအောက်၌ ကူးခတ်ရင်း သူ့အတွက် ထိုလူများဆီမှ အသုံးဝင်နိုင်မည့် အရာတစ်ခုခု ကြားရမလားဟု ခိုးနားထောင်နေသည်။
လှေပေါ်တွင် တချို့က သူတို့ရဲ့ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေသည်။ ထိုသို့ အလုပ်ရှုပ်လျက်နှင့်ပင်.. တစ်ယောက်နဲ့တစ်ယောက် စကားစမြည် ပြောနေကြသည်။
ထိုလူတွေရဲ့ အာရုံစူးစိုက်မှုဟာ ပြန့်ကျဲနေသည်။ ဖန့်ရန်သာ သတိရှိနေသရွေ့ သူ့ကိုတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ..။
သို့သော် မည်သည့်အသုံးဝင်သော အရာကိုမျှ သူမကြားရပေ။ ၎င်းအစား မိန်းကလေးများကို ကြွားလုံးထုတ်နေသည့် ယောက်ျားတစ်ယောက်၏ အသံတွေကိုသာ ကြားလိုက်ရသည်။
ထိုလူဟာ သူ့ကို အသားစားငါးဟု ထင်နေပြီး သူ့ကိုဖမ်းပြီး ကင်ကျွေးမည်ဟုတောင် ကြွားလိုက်သေးသည်။
တဖြည်းဖြည်း သူတို့စကားများကိုကြားရသည်နှင့်အမျှ ဖန့်ရန်က ရယ်ချင်လာသည်။
တစ်ဆက်ထဲပင် သူ့စိတ်ထဲ၌ ရေအောက်မှ ထွက်ပြီ ထိုလူများကို ခြောက်လှန့်လိုစိတ်ပေါ်လာသည်။
သို့သော် နောက်ဆုံးတွင် ထိုခြောက်လှန့်လိုစိတ်ကို ဖိနှိမ့်လိုက်သည်။
သူအားနည်းနေသေးသည်။ လက်ရှိသူ့ခွန်အားက မလုံလောက်သေးပေ။ ထိုလူများကို ခြောက်လှန့်ခြင်းက ဘာကောင်းကျိုးမှမရပေ။ သူ့အကြောင်းကို လူတွေသိသွားယုံသာ အဖတ်တင်လိမ့်မည်။ ဟု ဖန့်ရန်က တွေးလိုက်သည်။
မည်သို့ပင်... ဖြစ်စေ သူက ဤရေလှောင်ကန်ထဲမှာ နောက်ထပ် ရက်အနည်းငယ် ဆက်နေချင်သေးသည်။
ဤကန်ထဲမှာ ငါးတွေအများကြီးရှိသေးသည်။ ၎င်းငါးတွေက သူ့ကို အကြိမ်အနည်းငယ် ဆင့်ကဲပြောင်းလဲစေဖို့ လုံလောက်သည်။
သူသာ ဖော်ထုတ်ခံလိုက်ရပါက ဤနေရာမှ ထွက်ခွာသွားရမည် ဖြစ်သည်။ ၎င်းက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။
ဖန့်ရန်ဟာ ထိုလှေအောက်မှ ထွက်ပြီး ကန်ဘောက်စပ်နားသို့ ရေအောက်မှ ကူးခတ်သွားလိုက်သည်။
...
ရေလှောင်ကန်၏.. ကန်ဘောင်စပ်၌...
ငါးဖမ်းလာသူ အားလုံးနီးပါးသည် ၎င်းတို့၏ ငါးမျှားချိတ်များကို ရေထဲသို့ ပစ်ချထားကြသည်။ ငါးစာပါသော ငါးမျှားချိတ်များက ငါးများစွာကို ဆွဲဆောင်နေ၏။
ဖန့်ရန်၏ ပန်းတိုင်မှာ သဘာဝအတိုင်းပင်.. ထိုငါးမျှားသူများ၏.. ငါးများချိတ်များမှ ဆွဲဆောင်နေသော ငါးများဖြစ်သည်။
ဖန့်ရန်သည် ငါးမျှားချိတ်များ အနီး၌ ရစ်သီရစ်သီလုပ်နေသော ငါးအုပ်၏ အစွန်းရှိ ငါးတစ်ကောင်ဆီသို့ ဖြည်းညှင်းစွာကူးခတ်သွားသည်။ သူ၏ ရေကူးကျွမ်းကျင်မှုနှင့် အတူ နှေးကွေးသောလှုပ်ရှားမှုများက ငါးမျှားချိတ်မှ ငါးစာကို အာရုံစိုက်နေသော ငါးအုပ်ကို သူ့ကို သတိမပြုမိရန် ဖြစ်သည်။
ဖန့်ရန်သည် ငါးအုပ်ထဲမှ ငါးတစ်ကောင်ကို အသံမထွက်စေပဲ.. တစ်ချက်ကိုက်ပြီး လျင်မြန်စွာ ငါးအုပ်ထဲမှ ဆွဲထုတ်လိုက်သည်။
တစ်ဆက်ထဲပင်...ထိုငါးကို ရေအောက် အနက်ပိုင်သို့ ဆွဲယူသွားမှုကြောင့် ၎င်းငါး၏ ရုန်းကန်မှုက အခြားငါးများနှင့် ကန်ပေါ်ရှိ ငါးဖမ်းနေသူများကိုလည်း သတိမပြုမိစေပေ။
...
ယနေ့ ငါးဖမ်းရန် ရောက်ရှိလာသော လူအများစုက ငါးတော်တော်များများ ဖမ်းမိခဲ့သော်လည်း အကြီးမားဆုံး အနိုင်ရသူက ထိုလူများ မဟုတ်ပေ။
အကြီးမားဆုံး အနိုင်ရသူက ဖန့်ရန်သာ ဖြစ်သည်။
ယနေ့နံနက် သူ၏ ငါးများကို အမဲလိုက်ခြင်းသည် စနစ်အမှတ် စုစုပေါင်း (၉၃၂) မှတ်ကို ရရှိစေခဲ့သည်။
ယခုအချိန်တွင် သူ၏စုစုပေါင်း စနစ်မှတ်က (၁၁၄၅၂) သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဆင့်ကဲဖြစ်စဉ်အတွက် စနစ်မှတ် လိုအပ်ချက်က (၂၀၀၀၀) ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ် စတင်ရန်အတွက် စနစ်အမှတ် (၈၅၀၀) ကျော် လိုအပ်နေသေးသည်။
"လော်ယန်... နင်ပြောတော့ အသားစားငါးကို ဖမ်းပြီး ငါတို့စားဖို့ ကင်ပေးမယ်လို့ ... နင် ပြောတာမဟုတ်ဘူးလား။ အခုကြည့်စမ်း ကြာလှပြီ အသားစားငါး မပြောနဲ့ သာမာန်ငါးလေး တစ်ကောင်တောင် ဖမ်းမမိသေးဘူး"
"ကြည့်စမ်း၊ အခုဆို ရွီယင် နဲ့ တခြားနှစ်ယောက်ကတောင် ငါးအနည်းငယ် ဖမ်းမိနေပြီ"
လှေပေါ်က မိန်းခလေး တစ်ယောက်က ရယ်မောပြီး လော်ယန်ကို စွာကျယ်ကျယ်ပြောသည်။
တစ်မနက်လုံး ငါးမျှားခဲ့သော်လည်း လော်ယန်ဟာ ဘာငါးတစ်ကောင်မှ ဖမ်းမမိတဲ့အတွက် ထိုမိန်းခလေးက သူ့ကို မပြောဘဲ မနေနိုင်တော့ပေ။
ကျန်မိန်းခလေးနှစ်ယောက်ကလည်း ထိုကောင်မလေး၏ စကားကြားတော့ ရယ်မောလိုက်မိသည်။
လော်ယန်၏ မျက်နှာဟာ ရှက်ဒေါသကြောင့် နီမြန်းသွားသည်။
လော်ယန်သည် သူ...အသားစားငါးကို ဖမ်းပြမည်။ ထိုနောက် သူ့အကင်ကျွမ်းကျင်မှုကို ပြမည်ဟု ကြွားလုံးထုတ်ခဲ့သည်။ သို့သော် နောက်ဆုံး ရလဒ်က တစ်မနက်လုံးတောင် ငါးတစ်ကောင်မှ ဖမ်းမမိခြင်းဖြင့် အဆုံးသတ်သွားသည်။
လော်ယန် စိတ်ဓာတ်ကျသွားသည်။
သူ့ကံက ဆိုးလွန်းတယ်..။
ကြည့်ရတာ သူတစ်ယောက်ထဲသာ ငါးမျှားသမျှ လူတွေထဲမှာ ငါးမဖမ်းနိုင်တဲ့ ပထမဆုံးလူ ဖြစ်ပုံရသည်။
တကယ်လို့... တစ်ကမ္ဘာလုံးက ငါးမျှားလေ့ရှိတဲ့ လူတွေသာ တစ်မနက်လုံး ငါးမျှားပေမယ့် ငါးတစ်ကောင်မှ ဖမ်းမမိသည့် လူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေတယ် လို့သာ သိခဲ့ရင် ဟားတိုက်ရယ်လောက်တယ်။...လို့ လော်ယန်က ဝမ်းနည်းစွာ တွေးလိုက်မိသည်။
ဗလူးးး!
ရုတ်တရက် ရေအောက်မှာ အသံလေးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ၎င်းအသံက တိုးလွန်သောကြောင့် လှေပေါ်ရှိ လူများကတော့ သတိမပြုမိပေ။
လှေ၏ ရေအောက် သုံးမီတာအနက်၌ ရှိနေသော ဖန့်ရန်သည် သူတို့၏ စကားများကို ကြားလိုက်ရသည်နှင့် မရယ်မောပဲ မနေနိုင်ပေ။
ထိုလူ၏ ကံက အတော့်ကို ဆိုးပုံပေါ်သည်။
...
ညနေခင်းချိန်တွင်...
ဤညနေခင်းက အလွန်မင်္ဂလာရှိတယ်လို့
ဖန့်ရန် ခံစားနေရသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ အမဲလိုက်ရာမှ ရသော စနစ်အမှတ်က အလွန်ကျေနပ်ဖွယ်ရာကောင်းနေသည်။
မနက်ခင်းပိုင်းက စနစ်အမှတ် (၉၀၀) ကျော် ရခဲ့ပြီ..။ ဤညနေခင်းမှာ ငါးများကို အမဲလိုက်ခြင်းက စနစ်အမှတ် (၁၀၀၀) ကျော်ကို ရသည်။
ဤလိုသာ ဆက်လက်ရရှိနေပါက၊ သူ၏ နောက်ထပ်ဆင့်ကဲဖြစ်စဥ်စဖို့ ရက်သိပ်မကြာလောက်တော့ပေ။
(၄) ရက် (၅) ရက်အတွင်းပင် ဖြစ်နိုင်သည်။
ရေနက်ပိုင်း၌...
"ဟားးး ဟားးး ဟားးး.. ငါက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းထန်တဲ့... သူတွေကို သင်ခန်းစာ ပေးရတာ သဘောကျတယ်။ ငါ့မှာ မင်းကို သတ်ပစ်ဖို့ နည်းလမ်းပေါင်း တစ်ရာရှိတယ်။ ခုခံဖို့ ကြိုးစားမနေနဲ့ မင်းက အားအရမ်းနည်းလွန်းလို့... ခုခံနေလည်း အပိုပဲ"
ဖန့်ရန်သည် သူ့စိတ်ကူးထဲ၌ ဂုဏ်ယူစွာ ရယ်မောရင်း တိရိစ္ဆာန် (သားရဲ) အားလုံး၏ ဘုရင်အဖြစ် စိတ်ကူးယဉ်နေသည်။
ဖန့်ရန်၏ ၎င်းသို့ စိတ်ကူးယဉ်မှုကလည်း အကြောင်းရင်းရှိပေသည်။
စနစ်၏ အကူအညီမှတဆင့် သူ၏ အရည်အချင်းအားလုံးသည် ဆင့်ကဲဖြစ်စဉ်တစ်ခုစီတိုင်း တိုးပွားလာပြီ ဆင့်ကဲဖြစ်စဉ်တစ်ခုစီတိုင်းမှာ ပိုမိုကြီးထွားလာရုံသာမက သန်မာလာလေသည်။
၎င်းတို့အပြင် ပိုမိုမြန်ဆန်လာသလို ပိုမိုသွတ်လက်လာသည့်အပြင် စသည်ဖြင့် တိုးတိုက်လာခဲ့သည်။
သာမန် စပါးအုံးမြွေတွေအတွက် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ကြီးထွားနှုန်းနှင့် သွက်လက်မှုသည် ရပ်တန့်သွားမည် ဖြစ်သည်။
အခန့်မသင့်လျှင် သက်လုံနှင့် လျှင်မြန်မှုပင် ကျဆင်းလာနိုင်သေးသည်။
၎င်းဟာ သာမန် စပါးအုံးမြွေတွေ၏ အကြီးမားဆုံးသော ချို့ယွင်းချက်တစ်ခု ဖြစ်သည်။
.....