← Chapters

လုံလောက်သွားပြီ

Vol. 4 Ch. 54

လုံလောက်သွားပြီ

Vol. 4 Ch. 54

ဝူဟိုင်သည် လှေကို ကမ်းစပ်ဆီသို့ ဦးတည်လိုက်သည်။ ထိုနောက် အနည်းငယ် လှော်ခတ်လိုက်ပြီး လှော်တက်ကို တက်မချိတ်မှာ ပြန်ချိတ်လိုက်၏။

လှေက ကျန်ရှိနေသော အရှိန်နှင့် ရှေ့သို့ ရွေ့လျားနေသည်။

ဝူဟိုင်သည် လှေကို ဖြည်းဖြည်းချင်း လှော်လိုက်အနားယူလိုက်နှင့် လုပ်နေသည်။ ထို့အတူ သူ၏ ခန္ဓာကိုယ်ကို တစ်ချက်တစ်ချက် ဘယ်၊ ညာ အနည်းငယ် စောင်း၍ လှေလှော်ရန် လွယ်ကူရန် လုပ်ဆောင်သည်။

ရုတ်တရက် လှော်တက်က တစ်ခုခုကို ထိမိသွားသည်။ ဝူဟိုင် အံ့သြသွား၏။ သို့သော် သူသတိမလွတ်သွားပေ။ သူက လှော်တက်ကို အမြန်ပြန်ဆွဲယူလိုက်သည်။

၎င်းအချိန်၌ လှော်တက်က တစ်စုံတစ်ခုကို ထိမိသွားပုံပေါ်သည်။ ထိုအရာက ပြင်းထန်သော အင်အားနှင့် လှေတတ်နှင့် ထိခြင်းမှ ရုန်းကန်လိုက်သောကြောင့် လှေကိုထိမိပြီ လှေဟာ ရိုင်ထိုးသွားသည်။

လှေက မှောက်လုနီးနီးပင်..။

"အားးးးး!"

၎င်းက လှေပေါ်ရှိ မိန်းခလေး သုံးယောက်ကို ကြောက်လှန့်တကြား အော်ဟစ်မိလိုက်စေသည်။

မိန်းခလေး သုံးယောက်က လှေနံရံကို ကြောက်လှန့်တကြား ကိုင်ထားလိုက်ကြသည်။

သူတို့ဘေးနားရှိ လော်ယန်ပင် လှေနံဘေးကို ထိတ်လန့်တကြား ကိုင်ထားသည်။ သို့သော် သူက မအော်ပေ။

မည်သို့ပင် ဖြစ်ပါစေ။ သူ၏ နောက်ဆုံး ကျန်ရှိနေသည့် ယောင်္ကျားမာနကိုတော့ ထိန်းသိမ်းထားရပေမည်။

"ဘာတွေ ဖြစ်နေတာလဲ"

မိန်းခလေး သုံးယောက်က တုန်လှုပ်နေသောအသံဖြင့် မေးနေရင်း သူတို့ဘေးနားရှိ ရေပြင်ကို ရုတ်တရုက် မသိစိတ်ဖြင့် စိုက်ကြည့်လိုက်မိကြသည်။

ယင်းတွင် သူတို့မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားကြသည်။

"အဲဒါက..."

သူတို့လှေဘေးက ရေပေါ်ကို ရေအောက်မှ ရေပူစီပေါင်း အများအပြားထိုးတက်လာသည်။ တဆက်ထဲပင် ကြီးမားသော အရိပ်ကြီးတစ်ခုက ရေအောက်မှာ ရှိနေတာကို မြင်လိုက်ရသည်။

'ငါ့ကို တွေ့သွားတာလား'

ဖန့်ရန်က ရေအောက်၌ ကူးခတ်ရင်း တုန်လှုပ်ချောက်ချားစွာ တွေးလိုက်သည်။

မကြာခင်က သူဟာ တိရိစ္ဆာန်တွေရဲ့ ဘုရင်ဖြစ်ပြီဟု စိတ်ကူးယဉ်နေခဲ့သည်။

သို့သော် ထိုစိတ်ကူးယဉ်မှုက နိုးထလာစဉ် လှေအောက်မှာ သူရှိနေတာကို မေ့လျော့သွားပြီး လေကောင်လေသန့် ရှုရန် ရေပြင်ပေါ် တက်ရန်လုပ်စဉ် လှေနှင့် တိုက်မိသွားခဲ့သည်။

ထို့အပြင် သူက လှေလှော်တက်ကို မတော်တဆ ထိမိသွားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး ရလဒ်က မသိစိတ်ဖြင့် လှော်တက်ကို သူ့အမြီးဖြင့် ပုတ်လိုက်မိရာမှ လှေကိုထိမိသွားခြင်းပင်။

ဖန့်ရန်က စိတ်ထဲ၌ ကျိန်ဆဲလိုက်မိသည်။ ဤကဲ့သို့ မတော်တဆမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။

"အဲ့တာ ငါးကြီးလား"

လှေပေါ်မှ မိန်းခလေး သုံးယောက်သည် ရေအောက်မှ ပျောက်ကွယ်သွားသော အရိပ်ကြီးကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ကြသည်။

ရှောင်ယီက အရင်သတိ ပြန်ဝင်လာသည်။

ချက်ချင်းပင်... ရှောင်ယီ၏ အံ့သြသင့်နေသော အကြည့်များက စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒါဆို ငါမနက်တုန်းက မြင်လိုက်ရတဲ့ အရိပ်က ထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်ဘူးပေါ့..."

မနက်တုန်းက မြင်လိုက်ရတဲ့ အရိပ်ဟာ ငါးကြီးတစ်ကောင်လို့ သူမ သံသယရှိနေပေမယ့် မသေချာခဲ့ပေ။

၎င်းအကြောင်းပြချက်ကြောင့် ရှောင်ယီ သည်။ နေ့လယ်စာစားပြီးနောက် သူမက သူတို့အား ရေလှောင်ကန်ထဲတွင် ထက်မံလှေစီးရန် ဝူဟိုင်ကို တောင်းဆိုခဲ့သည်။

သူမ၏ ရည်ရွယ်ချက်က ကံစမ်းဖို့ ဖြစ်သည်။ မနက်က သူမြင်ခဲ့ရတဲ့ “ငါးကြီး” ကို တွေ့နိုင်သေးမလားဆိုတာ သူမ သိချင်သည်။

သို့သော် ညနေစောင်း၍ နေဝင်ခါနီး အချိန်ထိပင် ဘာမှမတွေ့ရပေ။

နောက်ဆုံးပြန်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ဤနေရာ ရောက်ချိန်တွင် ငါးကြီးကို တွေ့ရုံတင်မကဘဲ လှေမှောက်လုနီးပါး ဖြစ်သွားသည်။

ထိုအချိန်မှာပင် မှောက်လုနီးနီးလှေပေါ်၌... ရှိနေသော ရှောင်ယီသည် ရုတ်တရက် ၎င်း “ငါးကြီး” က အသားစားငါးဆိုတာ သတိရလိုက်ပြီး ကြောက်ရွံစွာ အော်ဟစ်လိုက်တော့သည်။

……………

ရှောင်ယီနှင့် တခြားမိန်းခလေးတွေ ကြောက်လန့်တကြား အော်ဟစ်လိုက်ခြင်းသည် ကန်ဘောက်စပ်မှာ ငါးမျှားနေသော လူတွေ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ဤအချိန်၌ လှေအောက်တွင် အရိပ်ကြီးတစ်ခုရှိနေတာကို လူတချို့က သတိထားမိလိုက်သည်။

ရုတ်တရက် သူတို့အားလုံး ရှောင်ယီလိုမျိုး လန့်ဖြန့်သွားကြသည်။ သူတို့က ရေထဲမှာ ရှိမနေပဲ ကုန်းပေါ်မှာ ရှိနေသော်လည်း ထိတ်လန့်သွားမိကြသည်က အမှန်ပင်။

ဘုရား.. ဘုရား.... ဒီရေလှောင်ကန်မှာ အရမ်းကြီးတဲ့ ငါးကြီးတစ်ကောင်ရှိနေတယ်..။

ကမ်းပေါ်ရှိ ငါးဖမ်းဝါသနာရှင်များအားလုံး စိတ်လှုပ်ရှားနေကြသည်။ ၎င်းငါးသာ ဤမျှကြီးမားသော လှုပ်ရှားမှုကို ပြုလုပ်နိုင်လျှင် ၎င်းငါး၏ အရွယ်အစားက သေချာပေါက် သေးငယ်မည် မဟုတ်ပေ။

အနည်းဆုံး (၂) မီတာ (၃) မီတာအထိ ရှိသည့် ငါးကြီးတစ်ကောင် ဖြစ်နိုင်သည်။

ငါးမျှားခြင်းကို ဝါသနာပါသူများအနေဖြင့်

ငါးကြီးတစ်ကောင်ကို ရှာဖွေတွေ့ရှိခြင်းထက် ပို၍ စိတ်လှုပ်ရှားစရာ မရှိတော့ပေ။ လူတိုင်းဟာ သူတို့သာ ထိုငါးကြီးကို ဖမ်းမိရင်ဆိုပြီး စိတ်လှုပ်ရှားနေကြသည်။

လူတိုင်း၏ စိတ်ထဲမှာ ၎င်းငါးကြီးကို ဘယ်လိုဘယ်ပုံ ဖမ်းရမလည်းဆိုပြီ တွေးတော ကြံဆနေကြသည်။

၎င်းငါးကိုဖမ်းဆီးဖို့ ငါးမျှားခြင်းက မနက်ဖြန်မှ ဖြစ်နိုင်လိမ့်မည်။ ယနေ့တော့ နေဝင်နေပြီ ဖြစ်သည်။

လှေငယ်ပေါ်ရှိ ပဲ့ပြင်ပိုင်းတွင် လှေကို တည်ငြမ်အောင် ထိန်းလိုက်လာသော ဝူဟိုင်သည် လှေမှောက်လုနီးပါး ဖြစ်သွားနေရာကို မဝံ့မရဲကြည့်နေသည်။

ရေအောက်မှာ ကူးခတ်နေသော အရိပ်ကို သူမြင်ပြီးနောက် မကြာခင်က သူ့ကို ဒုက္ခဖြစ်စေခဲ့ခြင်းမှာ ထိုအရိပ်ပိုင်ရှင် ငါးကြီးလားဆိုပြီး ဝူဟိုင် သံသယဖြစ်သွားသည်။

ခုနက ၎င်းအရိပ်ကို သေချာမမြင်လိုက်ရသော်လည်း ၎င်းအရိပ်ပိုင်ရှင်ဟာ အနည်းဆုံး (၁.၅) မီတာထက် ပိုကြီးနိုင်သည်ဟု သူသေချာသည်။

၎င်းငါးသည်သာ အမှန်တကယ် အသားစားငါးဖြစ်ပါက ၎င်း၏အရွယ်အစားအရ အချိန်အတော်များများမှာ အမဲလိုက်နေခြင်းသည် အံ့သြစရာမဟုတ်တော့ပေ။

သို့သော် ထိုကဲ့သို့သော အသားစားငါးကြီးတစ်ကောင်သည် သူ့ကိုယ်ပိုင်ရေလှောင်ကန်ထဲတွင် ပေါ်လာပြီး ၎င်းက အရမ်းကို ကြီးသည့် ငါးတစ်ကောင် ဖြစ်နေသည်။ ၎င်းက သူ၏ တာဝန်ပျက်ကွက်မှု ကြောင့်သာဖြစ်သည်။

"ငါ အသက်ကြီးလာပြီပဲ.."

ဝူဟိုင်က ရေရွတ်လိုက်သည်။

ဖန့်ရန်သည် ထိုလူများ၏ စကားများကို ရေအောက်မှ နားထောင်နေသည်။ ထိုလူတွေ ပြောနေတာကို ကြားတော့ နောက်ဆုံးမှာ သူလည်း စိတ်အေးလက်အေး ဖြစ်သွားသည်။

'ဒီလူတွေက သူ့ကို ငါးကြီးတစ်ကောင်လို့ အထင်လွဲနေကြပုံရတယ်'

"ဟူး... ကံကောင်းလို့၊ ငါ့ကို ရှာတွေ့ဖို့ တကယ့်ကို နီးစပ်သွားခဲ့တာ.."

ဖန့်ရန်က သက်ပြင်းတစ်ချက်ချလိုက်သည်။

ထိုလူများသည် သူ၏ ရုပ်သွင်ကို မမြင်ခဲ့ကြောင်း အတည်ပြုပြီးနောက် ဖန့်ရန်သည် လုံးဝကို စိတ်အေးလက်အေးဖြင့် ရေအနက်ပိုင်းကို ငုတ်လျို့သွားလိုက်သည်။

ကောင်းကင်ကြီး၏ အဆက်မပြတ် မှောင်လာခြင်းနှင့်အတူ အလည်အပတ် ငါးမျှားလာသော သူများ ပြန်သွားခဲ့ကြသည်။

ဝူဟိုင်လည်း ကမ်းစပ်မှ အမှိုက်အားလုံးကို ကောက်ယူပြီးနောက် အိမ်မပြန်မီ ရေလှောင်ကန်ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။

…………

ညသန်းခေါင်ယံအချိန်..။

ထိုအချိန်တွင် ဝူဟိုင်၏ ရေလှောင်ကန်ဘေးမှ ရွာသားတစ်ဦး ဖြတ်သွားနေသည်။

ဗွက်!

ရေဗွက်သံကို ရုတ်တရက်ကြားလိုက်ရသော ရွာသားဟာ ရေလှောင်ကန်ကို မသိစိတ်ကြောင့် လှမ်းကြည့်လိုက်မိသည်။

သို့သော် ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးအချို့ကလွဲ၍ ဘာမှမရှိချေ။

ဘာမှမတွေ့တော့ ရွာသားက သွားရာလမ်းအတိုင်း ဆက်သွားသည်။

ထိုရွာသားထွက်သွားပြီး သိပ်မကြာခင် ရေပွက်သံများ ပြန်လည်းထွက်ပေါ်လာပြီ မိုးလင်းခါနီးအထိ ရေပွတ်သံက ဆက်ပြီး မြည်နေသည်။

ဖန့်ရန်သည် ခါတိုင်းလို ရေနက်ပိုင်း၌ အနားယူနေခြင်း မရှိပေ။ ယင်းအစား ရေလှောင်ကန်ထဲတွင် အမဲလိုက်နေသည်။

သူ၏ စနစ်အမှတ်များက လျင်မြန်စွာတိုးပွားလာနေသည်။

...

ရက်အနည်းငယ်အတွင်းတွင် ဝူဟိုင်၏ ရေလှောင်ကန်မှာ ငါးဖမ်းဖို့ လူပိုလာကြသည်။ အားလုံးမှာ တူညီသော ပန်းတိုင်တစ်ခုရှိပြီး ၎င်းက ကောလာဟလသတင်းတွေထဲက ငါးကြီးကို ဖမ်းဖို့ဖြစ်သည်။

မူလက ဝူဟိုင် သည် ငါးကြီးကို ဖမ်းရန် ပြင်ဆင်နေသော်လည်း ခရီးသွားအရေအတွက် တိုးလာသည်ကို တွေ့ပြီးနောက်တွင် သူ၏ အပြုအမူကို ရပ်တန့်ခဲ့သည်။

၎င်းငါးကြီးသည် သူ၏ ရေလှောင်ကန်အတွက် အခမဲ့ကြော်ငြာတစ်ခုလို ဖြစ်နေသည်။ ငါးဖမ်းဝါသနာပါသူများနှင့် ကိုယ်တိုင်ကြွေးကြော်ထားသော ငါးဖမ်းကျွမ်းကျင်သူများပင် ၎င်းငါးကြီးကိုဖမ်းဖို့က သူတို့၏ အဓိက ပန်းတိုင်ဖြစ်လာသည်။

ထို့ကြောင့် နောက်ဆုံးတွင် ဝူဟိုင်ဟာ ၎င်းငါးကြီးကို လွှတ်ထားရန် ဆုံးဖြတ်လိုက်သည်။

သို့ပေမယ့်လည်း သူ့ရေလှောင်ကန်ထဲမှာ ရှိနေတာ ဘယ်လို အသားစားငါး ဘယ်အမျိုးအစားလဲဆိုတာတော့ သူက အရမ်းသိချင်နေသည်။

“ငါးကြီး”ကို ဖမ်းမယ်လို့ စိတ်ဆုံးဖြတ်ပြီးရောက်လာသော လူတွေက ဖန့်ရန်ကို နည်းနည်းလေးမှ မထိခိုက်စေပေ။

ဖန့်ရန်သည် ထုံးစံအတိုင်း စားသောက်ပြီး အိပ်သည်။ တခါတရံတွင် သူ၏ ပျင်းရိမှုကို ဖြေဖျောက်ရန် လှေနှင့်ငါးမျှားသူ တချို့ကို နောက်ပြောင်သည်။

မည်သို့ပင် ဖြစ်စေ..။ ထိုအဘိုးကြီးရဲ့ ငါးတွေကို စားနေရခြင်းဖြစ်သည်။

တဖြည်းဖြည်း ရေလှောင်ကန်ထဲတွင် လူပိုများလာသည်နှင့် သူ၏ အပြစ်ရှိသလို ခံစားနေရသည့် ခံစားချက်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုငါးဖမ်းဝါသနာရှင် အများအပြားက သူ့အတွက် လာခဲ့ကြတာကို သူသိသည်။

ဤခရီးသွားများနှင့် ငါးဖမ်းဝါသနာပါသူများမှ ရရှိသောငွေက ထိုအဖိုးအို၏ သူ့ကြောင့် ဆုံးရှုံးသွားသော ငါးတွေ၏ အဖိုးအခကို ကာမိရန် လုံလောက်သည်။

ဖန့်ရန်သည် စနစ်အမှတ်များကို ဆက်တိုက်စုဆောင်းနေခဲ့သည်။

၎င်းရေလှောင်ကန်ဖွင့်ပြီ ငါးရက်အကြာတွင်

လုံလောက်သော စနစ်မှတ်ကို သူစုဆောင်းမိသွားခဲ့သည်။

.....

All Chapters