ထွက်သွားသည်
Vol. 4 Ch. 55
"စနစ်! ကိုယ်ရေးအချက်အလက်ဇယားပြပါ"
ဖန့်ရန်က ရေလှောင်ကန်အနီးရှိ မြက်ခင်းပြင်ပေါ်တွင် လရောင်အောက်၌ ဆင့်ကဲဖြစ်စဉ် ပြီးဆုံးသွားသော သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်နေသည်။
သူ့အရွယ်အစားက ကြီးထွားလာသော်လည်း မည်မျှထိ ကြီးထွားလာမှန်း သေချာစေရန် စနစ်၏ ဖော်ပြချက်ကို ကြည့်ဖို့ ပြောလိုက်ဆဲပင်။
ဖန့်ရန်၏ စိတ်ထဲတွင် ယခင်အတိုင်း အလင်းတန်းလေးတစ်ခု ပေါ်လာသည်။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၁၁
စနစ်အမှတ် : ၁၁၂၄ / ၃၀၀၀၀
ကျွမ်းကျင်မှုရမှတ် : ၁၁
ကိုယ်ထည်အရှည် : ၇.၀ မီတာ
အချင်း : ၂၀ စင်တီမီတာ
ခွန်အား : ၅၅
ခုခံနိုင်စွမ်း : ၃၅
အမြန်နှုန်း : ၂၀
တက်ကြွမှု : ၂၂
စိတ်ဝိညာဉ် : ၂၃
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၂၁
စွမ်းရည် : ပြင်းထန်သော အဆိပ် (၄/၅)၊ အစာခြေမြန်ခြင်း (၃/၅)၊ အရေပြားခုခံမှု (၄/၅)၊ အရောင်ပြောင်း ဖုံးကွယ်ခြင်း (၂/၅)]
သူမျှော်လင့်ထားသည့် အတိုင်းဖြစ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အရှည်က (၇) မီတာ ဖြစ်လာခဲ့ပြီး အချင်းကလည်း (၂၀) စင်တီမီတာထိ ရောက်ရှိသွားသည်။ ယခုဆို သူ့ကို ထိပ်တန်းတောတွင်းမုဆိုးဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။
ဤဆင့်ကဲဖြစ်စဉ် ပြီးဆုံးနောက် ဖန့်ရန်က ကျွမ်းကျင်မှုရမှတ်တွေကို ထက်မံရရှိလိုက်သည်။
သူက အချိန် ခဏမျှ စဉ်းစားပြီးနောက်... ပြင်းထန်သော အဆိပ်၊ အစားခြေမြန်ခြင်းနှင့် အရောင်ပြောင်း ဖုံးကွယ်ခြင်း စွမ်းရည်သုံးမျိုးကို အဆင့်မြှင့်တင်လိုက်သည်။
ယခုအချိန်တွင် ပြင်းထန်သော အဆိပ်သည် နောက်ဆုံးတွင် အကြိမ်ကထက် အဆိပ်ပြင်းထန်မှုနှုန်းက တိုးလာခဲ့ပြီ ဖြစ်သည်။
ဘယ်လောက်တိုးသွားလဲတော့ သူလည်း မသိပေ။
အစာခြေမြန်ခြင်း စွမ်းရည်သည် အလွန်စိတ်ကျေနပ်စရာ ကောင်းသော စွမ်းရည်တစ်မျိုး ဖြစ်၏။
သူ့မူလအချိန်က အစာခြေနိုင်စွမ်းဖြင့် ငါးသေးသေးလေးတစ်ကောင်ကို ချေဖျက်ရန် စက္ကန့်များစွာကြာခဲ့သော်လည်း ယခုအချိန်ဆို အစာခြေမြန်ခြင်း စွမ်းရည်ကို ရရှိပြီနောက် စက္ကန့်အနည်းငယ်အတွင်း ၎င်းကို ချေဖျက်နိုင်နေပြီ ဖြစ်သည်။
အစာခြေမြန်ခြင်း စွမ်းရည်သည် အဆင့်ပိုမြင့်လာလေ အစာခြေဖို့ ကြာချိန်နည်းလာလေပင်။
“အချိန်အတော်ကြာနေပြီး အခုထိတောင် စွမ်းရည်အသစ်တွေ ပေါ်လာသေးဘူးလား..."
ဖန့်ရန်က မညီးတွားဘဲမနေနိုင်ပေ။ စွမ်းရည် အသစ်တွေ မရှိတော့ဘူးလာ။
ဒါမှမဟုတ် စွမ်းရည်အသစ်တွေအတွက် သတ်မှတ်ထားတဲ့ အခြေအနေတစ်ခုကို မရောက်သေးလို့များလား။
ဖန့်ရန်သည် ခေါင်းယမ်းရင်း ရေလှောင်ကန်ဆီသို့ ပြန်သွားလိုက်သည်။ လရောင်က သူ့အကြေးခွံများပေါ်သို့ ဖြာကျနေသည်။ အကြေခွံတွေက တောက်ပြောင်နေသဖြင့် သူ့ကို သိသာစွာမြင်နိုင်စေသည်။
ဤအချိန်မှာ တစ်စုံတစ်ယောက်သာ ရေလှောင်ကန်ဘေးက ဖြတ်သွားခဲ့ပြီး ၎င်းကို မြင်ပါက သေနိုင်သည်အထိ ကြောက်သွားမယ်ဆိုတာ သေချာသည်။
အရှည် (၇) မီတာရှည်ပြီး အမျိုးသားအများစု၏ ပေါင်လုံးထက် အချင်းပိုထူသော စပါးအုံးမြွေကြီးသည် မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ တွားသွားနေသည်။
ရေလှောင်ကန်၏ အစွန်းကို ရောက်သောအခါ ၎င်းစပါးအုံးမြွေကြီးသည် ရေထဲသို့ တဖြည်းဖြည်းဆင်းသွားခဲ့သည်။
...
ဖန့်ရန်သည် ပုံမှန်အတိုင်း အနားယူရန် ပြင်ဆင်ထားသည်။ သို့သော် သူ၏ ဂူထဲကိုဝင်လိုက်သည်နှင့် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။
လှိုဏ်ဂူသည် ယခင်ကထက် ပိုမိုကျဉ်းမြောင်းနေသည်။ လှိုဏ်ဂူက သေးငယ်သွားသလို ဖြစ်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဝင်မဆန့်တော့ပေ။
ထိုကြောင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ရေအောက်မှာသာ ထားထားနိုင်သည်။ သူ့ခေါင်းကတော့ သူပုံမှန် အိပ်နေကျ ကျောက်တုံးပေါ်ကို မေးတင်ထားလိုက်သည်။
ထိုကိုယ်ဟန်အနေအထားဖြင့် နေထိုင်ရခြင်းသည် ဖန့်ရန်ကို အလွန်မသက်မသာဖြစ်စေ၏။ ထို့အပြင် သူ၏ အိပ်စက်ခြင်းကိုပါ အနှောင့်အယှက်ဖြစ်သည်။
သို့ပေမယ့် ၎င်းက အထူးပြဿနာကြီးတော့ မဟုတ်ပေ။ ဆင့်ကဲဖြစ်စဉ်တစ်ခုစီတိုင်းမှာ သူ၏ ကြီးထွားလာမှုကြောင့်... ယခုအချိန်ဆို သူ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန်အတွက် နာရီအနည်းငယ်သာ အိပ်စက်ရန် လိုအပ်တော့သည်။
ဖန့်ရန်က ဤရေလှောင်ကန်မှ ထွက်ခွာရန် သင့်မသင့် စဉ်းစားနေသည်။ သူ့ခန္ဓာကို အရွယ်အစားက အလွန် ကြီးမားနေပြီဖြစ်သည်။
သို့သော် အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်လည်း ဖန့်ရန်က ဤနေရာမှ ထွက်ခွာရန် မသင့်မသင့်ကို တုံ့ဆိုင်းနေဆဲဖြစ်သည်။
သတိမထားမိလျှင် အမှားအနည်းငယ်ကပင် သူ့ဖြစ်တည်မှုကို ဖော်ပြနိုင်သော်လည်း ဤနေရာမှ ထွက်ခွာရန် တွန့်ဆုတ်နေဆဲ ဖြစ်သည်။
သူ၏ နောက်ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်စတင်ဖို့ စနစ်အမှတ် (၃၀၀၀၀) လိုအပ်သည်။
အကယ်၍ သူတောထဲဝင်ပြီ စုဆောင်းလျှင်ပင် ၎င်းပမာဏကို စုဆောင်းရန် ရတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်ပင် ကြာသွားနိုင်လေသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခဏလောက် ဆက်နေဖို့ သူက ဆုံးဖြတ်လိုက်သည်။
...
ယနေနေ့ခင်းဘက်၏ လူဝင်လူထွက်သည် မနေ့ကထက် ငါးလာမျှားသည့် လူတွေထက် ပိုများလာသည်။
၎င်းလူများသည် သူတို့၏ ငါးစာဖြင့် သူ့ကို ဆွဲဆောင်ဖို့ရာ ၎င်းငါးစားတွေကို သုံးနေခြင်းက ရယ်စရာတော့ ကောင်းသည်။
သို့သော် ဖန့်ရန်သည် ရေလှောင်ကန်၏ အောက်ခြေတွင်သာ သတိထားနေရသည်။ သူ၏ အရိပ်ကို ရေမျက်နှာပြင်မှ မြင်နိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် သူ၏ အမဲလိုက်ခြင်းအရှိန်ကို အလွန်နှေးကွေးသွားစေသည်။
အရေးကြီးဆုံးမှာ စပါးအုံးမြွေတစ်ကောင်အနေဖြင့် ရေအောက်မှာ အကြာကြီးနေနိုင်သော်လည်း နောက်ဆုံးမှာတော့ အသက်ရှုဖို့ လိုအပ်နေသေးသည်။ အချိန်မီ အသက်မရှုမိပါက အသက်ရှုကြပ်ပြီး ရေနစ်သေဆုံး သေဆုံးသွားနိုင်လေသည်။
ထို့ကြောင့် ရံဖန်ရံခါတွင် ဖန့်ရန်သည် ထောင့်တစ်ခုသို့ ကူးခတ်ပြီး အသက်ရှုရန် ခေါင်းကို ကပ်ထားတတ်သည်။
သူသည် အလွန်သတိထားခဲ့သော်လည်း မတော်တဆမှုတစ်ခုက ဖြစ်သွားသေးသည်။
.....
ထိုသို့ဖြင့် ငါးရက်မြောက်နေ့မှာ အချိန်အတော်ကြာ အမဲလိုက်ပြီးနောက် ဖန့်ရန်သည် အသက်ရှုရန်အတွက် မျက်နှာပြင်ပေါ်သို့ ကူးခတ်သွားလိုက်သည်။
၎င်းအချိန်တွင် တစ်ဖက်မှ ငါးလာမျှားသော လူတစ်ဦးက ၎င်းကို မြင်လိုက်ရ၍ အော်လိုက်လေသည်။
ကံကောင်းထောက်မစွာ ထိုလူသည် ဖန့်ရန်၏ ရုပ်သွင်အမှန်ကို မမြင်လိုက်ကြပေ။
သူတို့သည် ကြီးမားသော အရိပ်မည်းကြီးတစ်ခုက မျက်နှာပြင်ပေါ်သို့ ကူးခတ်လာသည်ကိုသာ မြင်လိုက်ရသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
ဒီအော်သံက ဖန့်ရန်ကို ငရဲကို ရောက်သွားသလို တုန်လှုပ်သွားစေသည်။ သူက ချက်ချင်းပဲ ရေအနက်ပိုင်းကို ပြန်ငုတ်လိုက်သည်။
၎င်းလူ၏ အရိပ်မည်းကြီးဟု အော်ဟစ်သံကို ကြားတော့ အားလုံးက ဝိုင်းအော်ပြီး ဖန့်ရန်ကို ရှာဖို့ ကြိုးစားကြသည်။
လူတချို့က သူ့ကို ရေလှောင်ကန်တဝိုက်မှာ လှေနဲ့ရှာသည်။
အတိအကျပြောရသော် ဖန့်ရန်သည် အသက်ရှူကျပ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူသည် အသက်ရှုဖို့ရန် လှိုဏ်ဂူရှိရာသို့ အမြန်ပြန်ပြေးလာရသည်။
ရေအောက်ကို မြင်နိုင်မလား မျှော်လင့်ချက်ဖြင် ကြိုးစားနေသည့် လူတွေကို နေရာတိုင်းလိုလိုမှာ တွေ့နိုင်သည်။
၎င်းမတော်တဆမှုကြောင့် ဖန့်ရန်က နောက်ဆုံးမှာ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။
သို့ပေမယ့် သူမထွက်သွားခင်မှာ ဤရေလှောင်ကန်ထဲရှ ငါးအများအပြားကို စားသုံးသွားမည် ဖြစ်သည်။
နောက်တစ်နေ့ညတွင် ဖန့်ရန်က ၎င်းအစီအစဉ်ကို စတင်အကောင်အထည် ဖော်တော့သည်။
တစ်ညလုံးနီးပါး အစွမ်းကုန် အမဲလိုက်ပြီနောက် သူသည် စနစ်အမှတ် (၂၁၄၅၀) ကိုရရှိခဲ့သည်။
ကောင်းကင်က ရောင်နီသမ်းလာပြီ ဖြစ်သောကြောင့် ထွက်ခွာဖို့ အချိန်တန်လာပြီ ဖြစ်သည်။
ဖန့်ရန်သည် ရေလှောင်ကန်၏ ရေစီးဆင်းမှုမှာ ကာထားသော သံစကာကို ချိုးဖျက်ပြီ မြစ်ထဲသို့ ပြန်သွားလိုက်သည်။ သူ့လက်ရှိ အရွယ်အစား၊ ခွန်အားနှင့်ဆို ၎င်းက အလွယ်လေးပင်။
...
ကောင်းကင်ကြီး လင်းထိန်သွားချိန်... ရေလှောင်ကန်မှာ လူတွေလည်း ပြည့်နေခဲ့ပြီ ဖြစ်သည်။
ရေလှောင်ကန်ပိုင်ရှင် ဝူဟိုင်ဟာ ကမ်းစပ်တွင် ရပ်နေသည်။ သူ့ရေလှောင်ကန်ဆီ လာလည်ကြသည့် လူအရေအတွက်ကို ကြည့်ရင်း သူ့မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်လာသည်။
သူတစ်ခါမှ မမြင်ဖူးသော ၎င်းငါးကြီးကို ကျေးဇူးတင်နေမိသည်။ ထိုငါးကြောင့် ယခုဆို သူ့ရဲ့ လှောင်ကန်ဟာ အလွန်နာမည်ကြီးလာခဲ့ပြီ ဖြစ်သည်။ လူတော်တော်များများက ဒီငါးကို ဖမ်းဖို့ ဒါမှမဟုတ် အနည်းဆုံး ၎င်းငါးကို မြင်လိုကြသည်။
သူ့ရေလှောင်ကန်ထဲကို ဝင်ခ ယွမ် (၃၀) နဲ့ သူ့မဏ္ဍပ်နေရာအတွက် ယွမ် (၁၀၀) ကောက်ခံသည်။
ထို့အပြင် ရေလှောင်ကန်တွင် ဖမ်းမိသောငါးများကို ဈေးကွက်ထက် အနည်းငယ်စျေးတင် ရောင်းသည်။
ရက်အနည်းငယ်အတွင်း သူ၏ ၀င်ငွေဟာ (၅၀၀၀၀) ကျော်လွန်သွားခဲ့သည်။ ၎င်းက အလွန်ကြီးမားသော အမြတ်ဖြစ်သည်။ ဒီလိုမျိုး ဆက်ဖြစ်နေရင် ဒီလမှာတင် ယွမ် (၅၀၀,၀၀၀) ကျော်လောက် ရနိုင်သည်။
ဝူဟိုင်မှာ ထိုငါးကြီးကို ဖမ်းဖို့ စိတ်ကူးလုံးဝ မရှိတော့ပေ။ ရေထဲမှာ ဖြည့်စွက်စာတွေ ထည့်ထားရမလားဟုတောင် တွေးနေမိသည်။ ရေလှောင်ကန်ထဲမှာ ငါးတွေက နည်းနည်း ရှားလာခြင်းကြောင့် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရေလှောင်ကန်ထဲသို့ လူအများ ပိုဝင်လာသည်။
သို့ပေမယ့် သူတို့က ဒီကိုရောက်တဲ့အခါ ငါးဖမ်းတာကို အာရုံမစိုက်ကြပေ။ ၎င်းအစား သူတို့သည် ၎င်းဒဏ္ဍာရီငါးကြီး၏ ခြေရာကို ရှာဖွေရန် လှေတစ်စင်းဖြင့် ရေလှောင်ကန်ထဲတွင် လှည့်ပတ်ကြသည်။
ဘာလို့လဲ ဆိုတော့ သူများတွေ ပြောနေတာကို ကြားမိသောကြောင့် ဖြစ်သည်။
လူတချို့က ၎င်းငါး၏ အရှည်ဟာ တစ်မီတာ လူတချို့ကကျ နှစ်မီတာလို့ ပြောသည်။ လူတချို့ဆို ၎င်းငါးကြီးက လှေငယ်တစ်စင်းထက် ပိုကြီးတယ်လို့တောင် ပြောကြသည်။
လူတိုင်းမှာ ကွဲပြားတဲ့အမြင်တွေနဲ့ ထင်မြင် ယူဆချက်တွေ ရှိကြသည်။
၎င်းငါးနဲ့ပတ်သက်တဲ့ ကောလဟာလတွေ ပိုများလာတာနဲ့အမျှ၊ ဝူဟိုင်၏ ရေလှောင်ကန်ဟာ ပိုပိုပြီး လျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။
ထိုငါးကို လူတိုင်းမြင်ချင်ကြသည်။
သို့သော်လည်း နောက်ငါးရက်ကြာသည်အထိ ရေလှောင်ကန်သည် အလွန်ငြိမ်သက်နေပြီး ထိုဒဏ္ဍာရီငါးများ၏ အရိပ်ကိုပင် မည်သူမျှ မမြင်ရပေ။
လူအများအပြား ပေါ်လာခြင်းက ၎င်းငါးကို ကြောက်လန့်တကြား ပုန်းအောင်းစေသည်ဟု လူအချို့က ပြောသည်။
လူအချို့ကျ ထိုငါးရှိရဲ့လားဟု သံသယဖြင့် မေးခွန်းထုတ်ကြသည်။
လူအများ၏ သံသယအောက်တွင် ဤသို့ဖြင့် ၎င်း၏ ကျော်ကြားမှုဟာ တဖြည်းဖြည်းသေဆုံးသွားခဲ့သည်။
.....