← Chapters

၉ မီတာ

Vol. 4 Ch. 57

၉ မီတာ

Vol. 4 Ch. 57

မြို့မှထွက်ပြီး သုံးရက်အကြာတွင် ဖန့်ရန်ဟာ အခြေချနေထိုင်ရန် နေရာကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းက ကြီးမားသော တောင်ပေါ်သစ်တောကြီးတစ်ခု ဖြစ်သည်။

ခရီးစဉ်တစ်လျှောက်တွင် သူမြင်ဖူသမျှ သစ်တောများထက် ပိုမိုစိမ်းလန်းသည်။

၎င်းတောင်ပေါ်သစ်တောကြီးသည် အလွန်ကြီးမားပြီး လူသားများ လာရောက်လည်ပတ်မှု နည်းပါးလှသည်။

ဤနေရာသည် အလွန်စိမ်းလန်းသည်သာမက၊ တောရိုင်းတိရိစ္ဆာန်များ အလွန်ပေါများသည်။ ဤနေရာဟာ ဖန့်ရန်၏ ကြီးထွားမှုအတွက် အလွန်သင့်လျော်သော နေရာတစ်ခု ဖြစ်သည်။

ဖန့်ရန် သစ်ပင်များအောက်မှ သွားနေသည်။ သူ့ခန္ဓာကိုယ်ကြောင့် မြက်ပင်များနှင့် ချုံပုတ်ငယ်များ ကြေမွလျက်ရှိ၏။ ၎င်းမှ အလွန်သိသာထင်ရှားသော အသံတွေ ထွက်ပေါ်လျက်ရှိ၏။

ယခင်ကကဲ့သို့ ဖန့်ရန် အနေနှင့် သတိကြီးကြီးထားပြီ ခိုးကြောင်ခိုးဝှက် သွားလာရန် မလိုအပ်တော့ပေ။

သူ၏ ခုနစ်မီတာရှည်သော ကိုယ်ခန္ဓာဟာ သူ့ကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို ထိပ်တန်းမုဆိုး ဖြစ်စေနိုင်သည်။ သူ၏ စွမ်းရည်အမျိုးမျိုးဖြင့်ဆို တိရစ္ဆာန်အနည်းငယ်ကသာ သူ့အတွက် ခြိမ်းခြောက်မှုဖြစ်နိုင်သည်။

ရေလှောင်ကန်မှ ထွက်ခွာပြီးနောက် ရက်ပိုင်းအတွင်း သူသည် စနစ်အမှတ် (၂၉၇၆၀) အထိ စုဆောင်းနိုင်ခဲ့သည်။ ယခုဆို ဆင့်ကဲဖြစ်စဉ် အတွက် စနစ်အမှတ် (၂၅၀) သာလိုတော့သည်။

ဖန့်ရန်က သူ့လျှာကို ထုတ်လိုက်ပြီး ပတ်ဝန်းကျင်က အနံ့မျိုးစုံကို အာရုံခံလိုက်သည်။

အခု သူစဉ်းစားကြည့်တော့ ဒီအမဲလိုက်နည်းကို မသုံးတာကြာပြီ ဖြစ်သည်။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူစားသမျှဟာ ရေလှောင်ကန်အတွင်းမှ ငါးများသာ ဖြစ်သည်။

သူသည် သူ၏ ဤအာရုံခံကိရိယာဖြစ်သည့် လျှာကိုအကြာကြီး အသုံးမပြုခဲ့သော်လည်း ၎င်းအင်္ဂါအစိတ်အပိုင်းက ပျက်စီးမသွားပေ။ သူ့ပတ်ဝန်းကျင်ရှိ အနံ့တိုင်းကို စူးရှစွာ အာရုံခံ၍ ဖမ်းယူနိုင်သေးသည်။

သို့ပေမယ့် သူ့အတွက် သင့်တော်မယ့် သားကောင် တစ်ကောင်မှ ရှာမတွေ့ခဲ့ပေ။

သုံးလေးမိုင်လောက် သွားပြီမှသာ ဆိတ်တစ်ကောင်ကို တွေ့ပြီး အောင်မြင်စွာ ဖမ်းယူစားလိုက်နိုင်သည်။

[စနစ်အမှတ် ၃၅၀ မှတ်ကို ရရှိသည်]

သူ၏ စနစ်အမှတ်သည် နောက်ဆုံးတွင် ဆင့်ကဲဖြစ်စဉ်လိုအပ်ချက်ကို ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။

ဖန့်ရန်သည် သူ့ကိုယ်သူ ဖုံးကွယ်ရန် မစိုးရိမ်ဘဲ ချုံပုတ်တစ်ခု၏ အစွန်းတွင် လှဲလိုက်ပြီး ဆင့်ကဲဖြစ်စဉ် စတင်ရန် ရွေးချယ်လိုက်သည်။

ယခုဆို ဆင့်ကဲဖြစ်စဉ်နဲ့ အတူ ပါလာသော ပူလောင်သည့် ခံစားမှုက သူ့အပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိတော့ပေ။ သူ့လှုပ်ရှားမှုကိုတောင် မထိခိုက်နိုင်ပေ။

ဆယ်မိနစ်လောက်ကြာတော့ သူ၏ ဆင့်ကဲဖြစ်စဉ်ဟာ ပြီးဆုံးသွားသည်။

ဖန့်ရန်က ခေါင်းကို လှည့်ပြီး သူ့ခန္ဓာကိုယ်ကို ကြည့်ကာ စစ်ဆေးသည်။

သူ့ခန္ဓာကိုယ်က ပိုကြီးလာ၏။ သူ အခုမြိုချနိုင်သည့် သားကောင်ဟာ ဘယ်လောက်ကြီးသည် အထိလည်းဆိုတာ ဖန့်ရန် မတွေးဘဲ နေနိုင်တော့ပေ။

"စနစ်! ကိုယ်ရေးအချက်အလက်ဇယား ပြပေးပါ "

သူ့အတွေးများကို ဖယ်လိုက်ပြီး ဖန့်ရန်က စနစ်အား ပြောလိုက်သည်။

သိပ်မကြာခင်မှာပဲ၊ ဖန့်ရန် စိတ်ထဲမှာ အလင်းတန်းလေး တစ်ခု ပေါ်လာသည်။

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၁၂

စနစ်အမှတ် : ၁၁၀/၄၅၀၀၀

ကျွမ်းကျင်မှုရမှတ် : ၁၁

ကိုယ်ထည်အရှည် : ၉.၀ မီတာ

အချင်း : ၂၅ စင်တီမီတာ

ခွန်အား : ၇၀

ခုခံနိုင်စွမ်း : ၄၀

အမြန်နှုန်း : ၃၂

တက်ကြွမှု : ၃၅

စိတ်ဝိညာဉ် : ၃၇

ရုပ်ပိုင်ဆိုင်ရာ ခွန်အား: ၃၀

စွမ်းရည် : ပြင်းထန်သော အဆိပ် (၅/၅)၊ အစာခြေမြန်ခြင်း (၄/၅)၊ အရေပြားခုခံမှု (၄/၅)၊ အရောင်ပြောင်း ဖုံးကွယ်ခြင်း (၃/၅)]

ဖန့်ရန်က စနစ် ဖန်သားပြင်ပေါ်ရှိ တန်ဖိုးတစ်ခုချင်းစီ လိုက်ကြည့်ရင်း သူ၏ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသော နှလုံးသားကို တည်ငြမ်အောင် ထိန်းလိုက်သည်။

ဤဆင့်ကဲဖြစ်စဉ်ပြီးနောက် သူ၏ ကိုယ်ထည်အလျားဟာ ကိုးမီတာသို့တိုင် ရောက်ရှိသွားခဲ့ပြီး၊ အချင်းမှာ နှစ်ဆယ် စင်တီမီတာကိုပင် ကျော်လွန်သွားခဲ့သည်။

ဖန့်ရန်သည် ကမ္ဘာ့ အရှည်ဆုံးစပါးအုံးမြွေကိုတောင် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။

သူ့ယခင်ကမ္ဘာ၏ သမိုင်းတွင် အရှည်ဆုံးစပါးအုံးမြွေသည် မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ၎င်းမြွေ၏ အရှည်က (၁၄) မီတာ ရှိသည်။

အရှည်အားဖြင့် စပါးအုံးမြွေများသည် ပထမ၊ နောက်တွင် အန်နာကွန်ဒါများနှင့် အခြားမြွေအမျိုးအစားများ ဖြစ်သည်ဟု ဆိုနိုင်သည်။

ယခု သူ၏ လက်ရှိစွမ်းအား၊ အရွယ်အစားဖြင့်၊ သူသည် ကမ္ဘာပေါ်ရှိ တိရစ္ဆာန်အများစုကို ချေမှုန်းနိုင်သည်။

ကျား၊ ခြင်္သေ့၊ ဝက်ဝံစသည်ဖြင့်... ဤတိရစ္ဆာန်အစုအဝေးကြီးသည် ယခုအချိန်တွင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု သိပ်မဟုတ်တော့ပေ။

ပျော်ရွှင်နေသော၊ ဖန့်ရန်ကို စိတ်ဓာတ်ကျစေသည့် အရာတစ်ခု ရှိနေသည်။

၎င်းသည် လာမည့် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ပမာဏ ဖြစ်သည်။

၎င်းက စနစ်အမှတ် (၄၅၀၀၀) ဖြစ်သည်။ ဘာမှထူးထူးခြားခြားမဖြစ်ရင်တောင်မှ ထိုပမာဏကို စုဆောင်းရန် အချိန်အတော်ကြာမြင့်မည် ဖြစ်သည်။

သူ့စိတ်တွေ ကြည်လင်လာပြီးနောက်၊ ဖန့်ရန် က သူ့အကြည့်တွေကို ကျွမ်းကျင်မှုရမှတ်များဆီသို့ လွှဲလိုက်သည်။

သူ၏ လက်ရှိကျွမ်းကျင်မှုရမှတ်များက (၁၁) မှတ် ဖြစ်သည်။

ဖန့်ရန်သည် "အရေပြားခုခံမှု"နှင့် "အရောင်ပြောင်း ဖုံးကွယ်ခြင်း" ကို တိုက်ရိုက်အဆင့်မြှင့်လိုက်သည်။

"အရေပြားခုခံမှု" ကို အဆင့်တိုးမြှင့်ပြီးနောက်၊ သူ၏ ခုခံအားဟာ (၇၀) သို့ရောက်ရှိသွားခဲ့သည်။

ဖန့်ရန်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတွေဟာ အလွန်တောက်ပြောင်လာသည်။ ကြည့်ရတာ အလွန်မာကြောပုံရသည်။

ဖန့်ရန်သည် သူ၏အကြေးခွံများသည် ယခုအခါတွင် ကနဦး ကျည်ကာနိုင်စွမ်းလောက်ရှိပြီလို့ မှန်းဆမိသည်။ သို့သော် ၎င်းက ပစ္စတိုများသာ ဖြစ်နိုင်သည်။

စနိုက်ပါရိုင်ဖယ်များနှင့် စက်သေနတ်များ မပြောနှင့် အနည်းငယ်ကြီးသော သာမန်သေနတ်တလက်ကပင်..။ သူ၏ ခုခံအားကို ထိုးဖောက်ဝင်ရောက်နိုင်သည်။

အကယ်၍ သူသာ သေနတ်ကြီးအမျိုးအစား သို့မဟုတ် အမြောက်များကိုပင် ခုခံကာကွယ်လိုပါက ပိုမိုအားကောင်းသော ကာကွယ်ရေးစွမ်းရည် လိုအပ်မည်ဖြစ်သည်။

ထို့အပြင်၊ အဆင့်မြှင့်တင်ပြီးသော "အရောင်ပြောင်း ဖုံးကွယ်ခြင်း" ၏ အကျိုးသက်ရောက်မှုကိုလည်း စမ်းသပ်ခဲ့သည်။ ၎င်း၏ ဖုံးကွယ်နိုင်စွမ်းသည် ပိုမိုပြီးပြည့်စုံလာကာ ယခုဆို ပတ်ဝန်းကျင်နှင့် လုံးလုံးနီးပါး ရောစပ်နိုင်နေပြီ ဖြစ်သည်။

သူ၏ စွမ်းရည်အသစ်များနှင့် ရင်းနှီးအောင်လုပ်ပြီးနောက်၊ ဖန့်ရန်သည် သစ်တောထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်သွားခဲ့သည်။ သူ့တွင် ဤတောစပ် အစွန်အဖျားတွင် အခြေချရန် အစီအစဉ်မရှိပေ။ သူ၏ ရည်မှန်းချက်က သစ်တော၏ အနက်ဆုံးအပိုင်း ဖြစ်သည်။

ဤတောစပ်အစွန်အဖျားမှာ သားကောင်ရှိနေရင်တောင် သူ့လိုအပ်ချက်တွေကို ပြည့်မီဖို့ မလုံလောက်နိုင်ပေ။

ဖန့်ရန်က သူ၏ အမြန်ဆုံးအရှိန်ဖြင့် သွားနေသည်။ သူ၏ လမ်းတွင် ပေါင်းပင်များ၊ ချုံပုတ်များ သို့မဟုတ် ကျောက်ဆောင်များပင်ဖြစ်စေကာမူ ၎င်းတို့ကို တိုက်ရိုက်ချေမှုန်းလိုက်ပြီး ကျယ်ပြန့်သောလမ်းကို ချန်ထားခဲ့သည်။

လမ်းတစ်လျှောက်တွင် ဖန့်ရန်သည် တိရစ္ဆာန်များစွာကို တွေ့ခဲ့ရသော်လည်း သူ့ခန္ဓာကိုယ်ကို လုံးဝမဖုံးကွယ်ထားဘဲ အားလုံးကို ကြောက်လန့်တကြား ထွက်ပြေးသွားစေခဲ့သည်။

လဝက် ခရီးထွက်ပြီးနောက် နောက်ဆုံးတွင်

ဖန့်ရန်က ရပ်တန့်လိုက်သည်။ သူသည် သစ်တော၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်နေပြီဖြစ်သည်။

ယခုအချိန်တွင် ဖန့်ရန်က အလွန်လှပသောနေရာတွင် ရှိနေသည်။ သူ့ပတ်ဝန်းကျင်ရှိ သစ်ပင်တိုင်းသည် စိမ်းလန်းစိုပြေကာ သာမန်သစ်ပင်များထက် ရှည်လျား၏။ ထို့အပြင် စိမ်းစိုနေသော ရေညှိများနှင့် နွယ်ပင်များလည်း ပေါက်ရောက်နေသည်။

ဤပတ်ဝန်းကျင် အနေအထားအရ လူတွေက ဒီနေရာကို လာခဲတာ ဒါမှမဟုတ် တစ်ခါမှ မရောက်ဖူးတာ ဖြစ်နိုင်သည်။

တောအုပ်က အလွန်ဆိတ်ငြိမ်၏။ ရံဖန်ရံခါ ငှက်များ၏ တီးတိုးသံများ တောတခွင်၌ ပျံ့လွင့်လျက်ရှိသည်။

ဖန့်ရန်က သူ့ခေါင်းကို မြှောက်လိုက်ပြီး လျှာကို ထုတ်လိုက်ပြီး လေထဲမှ အစိုဓာတ်ကို ထောက်လှမ်းလိုက်၏။ ထိုနောက် ရေရင်းမြစ်က သိပ်မဝေးသောနေရာမှာ ရှိနေတယ်လို့ ကောက်ချက်ချလိုက်သည်။

ဖန့်ရန်၏ မသိစိတ်က စပါးအုံးမြွေတစ်ကောင်အနေဖြင့် စိုစွတ်သောနေရာများတွင် နေရတာကို နှစ်သက်ဆဲဖြစ်သည်။

သူသည် ရေစီးသံကိုမကြားမီ နှစ်မိုင်သုံးမိုင်ခန့် သွားခဲ့ရသည်။ မကြာမီ သူ့ရှေ့တွင် မြစ်တစ်စင်း ပေါ်လာသည်။ အကျယ်က(၃) မီတာ (၄) မီတာလောက်သာရှိပေမယ့် သူ့ကို စိတ်ကျေနပ်သွားစေသည်။

ထို့အပြင် မြစ်ကမ်းနံဘေးတွင် စိမ့်အိုင်ကြီးတစ်ခုရှိနေသည်။

ဖန့်ရန်က ၎င်းစိမ့်အိုင်ကြီးကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် သဘောကျသွားသည်။

သူက ၎င်းစိမ့်အိုင်ကြီး၏အနားသို့ လျင်မြန်စွာ သွားပြီးနောက် ၎င်းဘေးရှိ ညောင်ပင်ကြီးတစ်ပင်ထက်ကို တက်လိုက်သည်။

ဖန့်ရန်သည် ၎င်းစိမ့်အိုင်ကြီးဆီမသွားခင် စိမ့်တဝိုက်က အခြေအနေကို အရင်စစ်ဆေးချင်တနေသည်။ သူကံကောင်းရင် ထိပ်တန်း အမျိုးအစား သားရဲကောင်တွေ ရှိနေနိုင်သည်။

ထိပ်တန်းသားရဲအများစုသည် အရွယ်အစားကြီးမားကြပြီး ၎င်းတို့သည် သဘာဝအစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိနေသောကြောင့် ၎င်းတို့သည် သာမန် သေးငယ်သော တိရစ္ဆာန်များထက် စနစ်အမှတ်များ ပိုမိုပေးစွမ်းနိုင်ပေသည်။

ဖန့်ရန်သည် ညောင်ပင်ကြီးပေါ်သို့ တက်ပြီးနောက် သစ်ကိုင်းတစ်ခုဆီသို့ တွားသွားသည်။ သူ့အလေးချိန်က သစ်ကိုင်းကို လှုပ်ခတ်နေစေသည်။

သူက ခေါင်းကိုမော့ပြီး ပတ်ပတ်လည်ကို

သေချာ အကဲခတ်သည်။

သူ့အမြင်အာရုံအရ ရွှံ့နွံအိုင်တစ်ဝက်လောက်သာ မြင်နိုင်သည်။

ဘေးပတ်ဝန်းကျင်ကို သေချာအကဲခတ်ပြီးနောက်၊ ဖန့်ရန်၏ မျက်လုံးများက အရောင်တောက်ပသွားသည်။

သားကောင် တွေ့ပြီ..။

.....

All Chapters