← Chapters

မိကျောင်းများ

Vol. 4 Ch. 58

မိကျောင်းများ

Vol. 4 Ch. 58

ဖန့်ရန်၏ တည်နေရာနှင့် မဝေးသော စိမ့်ရေအိုင်ထဲတွင် သစ်သားကဲ့သို့ ငြောင့်ငယ်သဖွယ် ကျောပြင်ပိုင်ရှင် အဝါရောင် မျက်လုံးနှင့် မိကျောင်းတစ်ကောင်ရှိနေသည်။

ထိုမိကျောင်းသည် ၎င်း၏ ခေါင်းကို ရေထဲမှာ မြှုတ်ထားပြီ မျက်လုံးများသာ ဖော်၍ လှည့်ပတ် သွားလာနေ၏။ ရုတ်တရပ် ကြည့်ပါက သစ်သားတုံးတစ်ခုနှင့် အမြင်မှားနိုင်သည်။

သို့သော် ဖန့်ရန်က ၎င်း၏အသွင်အပြင်ကို သေချာ မြင်တွေ့နေရသည်။ သူက မိကျောင်းကို သေချာကြည့်ကာ စစ်ဆေးကြည့်နေသည်။

ထိုမိကျောင်း၏ ခန္ဓာကိုယ်သည် စိမ့်အိုင်နှင့် အပြည့်အ၀ ရောစပ်ထားသည်။

၎င်းမိကျောင်း၏ မျက်လုံးများက အေးစက်မှုတို့ဖြင့် တောက်ပနေခဲ့၏။ သူ့က ရေမျက်နှာပြင်မှာ သစ်တုံးတစ်တုံးကဲ့သို့ မျောနေပြီး ကံဆိုးသူ သားကောင်အား စောင့်မျှော်နေသည်။

ထိုမိကျောင်းကိုမြင်လိုက်ရတော့ ဖန့်ရန် မအံ့သြသွားပေ။ အထူးသဖြင့် ဤကဲ့သို့ သစ်တောအတွင်းရှိ ရွှံ့နွံစိမ့်အိုင်များတွင် မိကျောင်းတွေရှိသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။

ဧပြီလဖြစ်တာကြောင့် အပူချိန်ဟာ စတင်မြှင့်တက်လာလေပြီ၊ ၎င်းက မိကျောင်းများကို ဆောင်းခိုခြင်းမှ လုံးဝနိုးထလာစေ၏။

ဖန့်ရန်က ထိုမိကျောင်းထံမှ သူ့အကြည့်ကို ရွေ့လိုက်ပြီး အခြားနေရာများသို့ လှမ်းကြည့်လိုက်၏။ စိမ့်အိုင်ထဲတွင် အခြားသော မိကျောင်းများစွာ ရှိနေသေးသည်။

ထင်ရှားသည်မှာ ဤစိမ့်အိုင်ကြီးက ၎င်းမိကျောင်းအုပ်စု၏ နယ်မြေဖြစ်နိုင်သည်။

လူသားဖြစ်စဥ်အချိန်က ဤမြင်ကွင်းကို မြင်တွေ့လိုက်ရရင် သေမလောက်ကြောက်သွားမှာသေချာပေမယ့် အခုတော့ ပျော်ရွှင်မှုကလွဲလို့.. ဖန့်ရန် တခြားဘာမှမခံစားရပေ။

"အားလုံးကို အမဲလိုက်ပြီးသွားတဲ့အထိ ဒီမှာ လောလောဆယ် နေရမယ်။ ပြီးရင်တော့ တခြားနေရာပြောင်းမယ်"

ဖန့်ရန်က စိတ်ထဲတွေးပြီး သစ်ပင်ပေါ်မှ ဆင်းပြီး ရေထဲသို့ ဆင်းလိုက်သည်။

"...."

ရေမျက်နှာပြင်ပေါ်တွင် ပူစီဖောင်းများ ပေါ်လာသည်။

(၉) မီတာကျော် အရှည်ရှိသည့် စပါးအုံးမြွေကြီးဟာ ရေအောက်ရှိ ရွှံ့နွံများထဲတွင် ဖြည်းညှင်းစွာ ကူးခတ်နေသည်။

ဖန့်ရန် အနေနှင့် ဤနေရာတွင် အခြေချရန် ဆုံးဖြတ်ထားသောကြောင့် သူ့နယ်မြေ၏ အကျယ်အဝန်းကို ဆုံးဖြတ်ရမည် ဖြစ်သည်။

ဖန့်ရန်က သူအဓိကနေဖို့ကို ညောင်ပင်ကြီးဘေးက နေရာအဖြစ် သတ်မှတ်လိုက်သည်။

နောက်လုပ်ရမှာက မိကျောင်းအုပ်စုကို ဒီဧရိယာကနေ နှင်ထုတ်ဖို့ဖြစ်သည်။

ရွှံ့နွံကို ခဏတာ ရင်းနှီးအောင်လုပ်ပြီးနောက် သူ့ရှေ့မှာ ပထမဆုံးပစ်မှတ်ပေါ်လာသည်။

၎င်းက သူ သစ်ပင်ပေါ်တက်တုန်းက ပထမဆုံးမြင်ခဲ့ရသော မိကျောင်းဖြစ်သည်။

သို့သော် မိကျောင်းကို အနီးကပ် မြင်လိုက်ရသောအခါ ဖန့်ရန်သည် ယခင်ကနှင့် အလွန်ကွာခြားနေတာကို မြင်လိုက်ရသည်။

ညောင်ပင်ကြီးပေါ်ကနေ ထိုမိကျောင်းကို ပထမဆုံး မြင်လိုက်ရတော့ အထူးတလည် ကြီးကျယ်ခမ်းနားပြီး ကြောက်စရာကောင်းတယ်လို့ ထင်မိသည်။ အခု အနီးကပ်မြင်လိုက်ရတော့ တစ်မျိုးလေး ချစ်စရာလေးလို့ ခံစားလိုက်ရပြန်၏။

ဤမိကျောင်းကို သူ့ရှုထောင့်ကနေကြည့်ရင် ရေထုထဲမှာ ခြေထောက်နှစ်ဖက်နဲ့ ရပ်နေသလို ဖြစ်တာကြောင့်၊ ဖန့်ရန်ကို သူ့အတိတ်ဘဝက သူမြင်ဖူးတဲ့ ချစ်စရာ ကာတွန်းပုံစံ T-Rex ပုံတချို့ကို တွေးတောမိစေခဲ့သည်။

[ပစ်မှတ် - မိကျောင်း၊ အသားစားသတ္တဝါ၊ စနစ်အမှတ် ၂၀၀၀ မှတ်ကို ရရှိနိုင်သည်]

ဖန့်ရန်သည် ၎င်းမိကျောင်းကို ဟာသပုံစံဖြင့် မြင်နေချိန်တွင်၊ စနစ်၏ စက်ပိုင်းဆိုင်ရာအသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာပြီး မိကျောင်း၏ အသေးစိတ်အချက်အလက်များကို ဖော်ပြလာသည်။

"ဘာ... ဒီမိကျောင်းဆီက စနစ်အမှတ် ၂၀၀၀ တောင် ရနိုင်တာလား "

ဖန့်ရန် အံ့သြသင့်သွားသည်။ ဒါက သူတွေ့ခဲ့ဖူးသည့် သားရဲတွေထဲမှာ စနစ်မှတ် အမြင့်ဆုံးပေးနိုင်သော သားရဲ ဖြစ်သည်။ သို့ပေမယ့် သေချာပြန် တွေးကြည့်လိုက်ရင် အထူးအဆန်းတော့ မဟုတ်ပေ။

၎င်းမိကျောင်း၏ အရှည်ဟာ (၃) မီတာကျော် (၄) မီတာနီးပါးရှိသည့်အပြင် မိကျောင်းတွေက အစာကွင်းဆက်၏ ထိပ်ဆုံးပိုင်းရှိ သားရဲများ ဖြစ်သောကြောင့် ၎င်းက စနစ်အမှတ် များစွာတန်သည်ကို လက်မခံနိုင်စရာမရှိပေ။

စနစ်၏ အချက်ပေးသံကို ကြားပြီးနောက်

ဖန့်ရန်က စိတ်ပြောင်းသွားသည်။

ယခင်က ထိုမိကျောင်းများကို ဒီနယ်မြေသစ်မှ နှင်ထုတ်ရန် သို့မဟုတ် ၎င်းတို့အား အစားအစာ အရန်အဖြစ်ထားရန် စီစဉ်ထားသော်လည်း ယခုတော့ မလိုအပ်တော့ပေ။

"သူတို့အရသာကို မြည်းစမ်းကြည့်ဖို့ တစ်ကောင်လောက် အရင်ဖမ်းရမယ်"

ဤနောက် ဖန့်ရန်က အနီးဆုံး မိကျောင်းဆီ အလျင်အမြန် ကူးသွားလိုက်သည်။ ချက်ချင်းပင် သူ၏ လှုပ်ရှားမှုတွေဟာ အနီးနားရှိ ထိုမိကျောင်းရဲ့ အာရုံကို ဆွဲဆောင်သွားသည်။

တစ်စုံတစ်ခုက သူ့ဆီကို ရေအောက်အနက်ပိုင်းကနေ အရှိန်အဟုန်နဲ့ လာနေတယ်လို့ ခံစားရတဲ့အတွက် မိကျောင်းဟာ အခြေအနေကို စစ်ဆေးရန် ရေအောက်ကို ခေါင်းငုံ့ ကြည့်ဖို့ ပြင်ဆင်လိုက်သည်။

ကံမကောင်းစွာဖြင့် ထိုသို့ပြုလုပ်ရန် အခွင့်အရေးမရှိတော့ပေ။ ဖန့်ရန်က ရုတ်တရက် ရေအောက်မှ အရှိန်အဟုန်နဲ့ ခုန်ထွက်ကာ မိကျောင်းရဲ့ လည်ပင်းကိုကိုက်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး ညှစ်နေလိုက်သည်။

ဖျန်း.. ဖျန်း.. ဘွမ်း..

တစ်ကောင်ကောင်က သူ့ကို လုံးထွေးနေတယ်လို့ ခံစားရ၍ မိကျောင်းသည် အပြင်းအထန် ရုန်းကန်သော်လည်း သူ၏ စွမ်းအားက.. ဖန့်ရန်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

အင်အားဖြစ်စေ အရွယ်အစားဖြစ်စေ ဖန့်ရန်က သူ့အထက်တွင် ဖြစ်သည်။

မိကျောင်းဟာ သူ ဘယ်လောက်ပဲ ရုန်းကန်နေရပါစေ ဖန့်ရန်ရဲ့ ချုပ်ကိုင်မှုကနေ မလွတ်မြောက်နိုင်ဘဲ ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

ကျယ်လောင်သောအသံများက အခြားသောမိကျောင်းများ၏ အာရုံကို စွဲဆောင်သွား၏။ ထိုနောက် ဖန့်ရန်၏ သူတို့အဖော်ကိုသတ်ရန် လုပ်ဆောင်နေမှုကို အတူတကွစုရုံးကြည့်ရှုကြသည်။

သူတို့ရဲ့ IQ အရ ဖြစ်ပျက်နေတာတွေကို လုံးလုံးနားမလည်ကြပုံပင်။

ဆယ်မိနစ်လောက်ကြာတော့ ဖန့်ရန်က ၎င်းမိကျောင်းရဲ့အရိုးတွေကို ကြိတ်ချေပြီး ကမ်းစပ်ကို ဆွဲခေါ်ယူပြီး မျိုချလိုက်သည်။

ဖန့်ရန်က မိကျောင်းကို မျိုချနေစဥ် မဝေးလှသော စိမ့်တောထဲမှ မိကျောင်းနှစ်ဆယ်ကျော်သည်။ ထိုမြင်ကွင်းကို မိုက်မဲစွာ ကြည့်ရင်း အလွန်ကြောက်လန့်နေကြသည်။

ထို့နောက် ဖန့်ရန်က ဤနေရာတွင် နေထိုင်ခဲ့သည်။

(၁၀) မီတာနီးပါး အရှည်ရှိသည့် သူ၏ ကြီးမားလှသော အရွယ်အစားနှင့် အစပိုင်းမှာ ယင်းမိကျောင်းကို စားလိုက်သည့် မြင်ကွင်းဟာ အခြားမိကျောင်းများကို အလွန်ကြောက်လန့်သွားစေခဲ့သည်။

ဖန့်ရန်က စိမ့်အိုင်၏ ဘုရင်အဖြစ် ရပ်တည်နေတာ သေချာသည်။

...

ဖန့်ရန်က ရေပေါ်တွင် ခေါင်းဖော်ထားသည်။ သူ့အကြည့်ထဲမှာ ဘယ်သတ္တဝါမှ မရှိပေ။

အခုဆို စနစ်အမှတ် (၁၈၅၄၀) သို့ရောက်ရှိသွားခဲ့ပြီဖြစ်၏။ လိုအပ်သည့် (၄၅၀၀၀)နှင့် ဝေးကွာနေသေးသည်။

သို့သော် သူက အလျင်လိုမနေပေ။ ၎င်းပမာဏကို အချိန်တိုအတွင်း သူ စုဆောင်းနိုင်သည်။

ဤကန်တွင် စုစုပေါင်း မိကျောင်း (၂၃) ကောင်ရှိ၏။ အရှည် (၃) မီတာအောက် မိကျောင်းက (၄) ကောင်၊ (၁) မီတာအောက် မိကျောင်းက (၇) ကောင်နှင့် ကျန်မိကျောင်းများက (၂) မီတာခန့် ရှိသည်။

ဖန့်ရန်က မိကျောင်းအုပ်စု၏တန်ဖိုးကို တွက်ချက်ထားပြီးပြီ ဖြစ်သည်။ ၎င်းတို့သည် စုစုပေါင်း စနစ်မှတ် (၂၂၉၆၀) ကို ပေးစွမ်းနိုင်ပြီး သူရှိပြီးသား စနစ်အမှတ် (၁၈၅၄၀) နှင့်ဆို ထောင်ဂဏန်း အနည်းငယ်သာ လိုတော့မည် ဖြစ်သည်။

ဤကဲ့သို့ ကြီးမားသော အပျိုစင်တောထဲတွင် လိုအပ်သော စနစ်အမှတ် ထောင်ပေါင်းများစွာကို ရရှိရန် သူ့အတွက် မခက်ခဲပေ။

သို့သော် ဖန့်ရန်က ထိုမိကျောင်းအုပ်စုကို စားသောက်ရန် မစီစဉ်ရသေးပေ။ ၎င်းတို့ကို ခဏတာ မွေးမြူရန် စီစဉ်ထားခြင်းဖြစ်သည်။

ခဏလောက် စဉ်းစားပြီးနောက် ဖန့်ရန်သည် ပုံမှန် အမဲလိုက်နည်းကို အသုံးပြု၍ သားကောင်အချို့ကို အမဲလိုက်ရန် ပြင်ဆင်လိုက်သည်။

သူ၏ ခန္ဓာကိုယ်က ရေအောက်မှာ လုံး၀ရှိနေ၏။

သူ့အတိတ်ဘဝတုန်းကဆိုရင် နာရီပေါင်းများစွာ လက်မမလှုပ်ဘဲ ငြိမ်ငြိမ်လေးနေဖို့ မပြောနဲ့ (၅) မိနစ်တောင် လုပ်နိုင်မည် မဟုတ်ပေ။

သို့ပေမယ့် အခု သူစပါးအုံးမြွေဖြစ်လာတော့ လွယ်လွယ်နဲ့ လုပ်နိုင်လာသည်။

ထိုအချိန်တွင် ဖန့်ရန်သည် ခေါင်းဖော်၍ ရေပေါ်တွင် လွင့်မျောနေသော သစ်သားတစ်စကဲ့သို့ မလှုပ်မယှက် ပြုမူနေသည်။ ပတ်ဝန်းကျင် ရေမျက်နှာပြင်မှာလည်း လုံးဝငြိမ်သက်နေ၏။ ကြားနိုင်သော တစ်ခုတည်းသော အသံမှာ ရံဖန်ရံခါ ယင်ကောင် သို့မဟုတ် ခြင်များ ပျံသန်းနေခြင်းပင်။

အချိန်တွေတဖြည်းဖြည်းကုန်လွန်လာသည်။ နောက်ဆုံးတွင် နှစ်နာရီကျော်ကြာပြီးနောက် ပထမဆုံးသားကောင်သည် ရေသောက်ရန် စိမ့်အိုင်အစွန်သို့ လျှောက်လာခဲ့သည်။

.....

All Chapters