← Chapters

နီးကပ်လာခြင်း

Vol. 5 Ch. 59

နီးကပ်လာခြင်း

Vol. 5 Ch. 59

ဖန့်ရန်က သူ့မျက်လုံးများနှင့် ဂရုတစိုက် အကဲခတ်လိုက်သည်။

ဤသားကောင်သည် ဆိတ်နှင့် အလွန်ဆင်တူသော်လည်း ပိုထူသည့် အရေပြားနှင့် ဖွင့်ဖြိုးထွားကြိုင်သည့် ခန္ဓာကိုယ်ပိုင်ဆိုင်ကာ ဝါဝင်းသော အသားရောင်ရှိသည်။ ၎င်းသည် ကိုယ်ထည်အရှည် တစ်မီတာနှင့် အမြင့်မီတာဝက်ကျော်ရှိသည်။

ဖန့်ရန်က ၎င်းအား ကြည့်လိုက်သည့်နှင့် စနစ်၏ အချက်ပေးသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ပစ်မှတ် - ဒရက်၊ သွေးနွေးသတ္တဝါ၊

စနစ်အမှတ် ၃၅၀ မှတ်ကို ရရှိနိုင်သည်]

၎င်းဒရက်ထံမှ ရရှိနိုင်သော စနစ်အမှတ်သည်၊ မိကျောင်းတစ်ကောင်မှ ရရှိနိုင်သည့် စနစ်အမှတ်ထက် များစွာနည်းပါးသော်လည်း

ဖန့်ရန်က စိတ်ပျက်ခြင်းမရှိပေ။

မိကျောင်းကဲ့သို့သော ထိပ်တန်းသားရဲ သတ္တဝါများသည် စနစ်အမှတ်ပိုပေးနိုင်သော်လည်း ၎င်းတို့သည် အလွန်ရှားပါးကြောင်း သူကောင်းစွာသိသည်။

သူအမြန် တိုးတက်ချင်ရင်တော့ စနစ်အမှတ် အများကြီးမပေးနိုင်ပေမယ့် အရေအတွက်များတဲ့ ဒီတိရစ္ဆာန်တွေကို အားကိုးနေရအုံးမည် ဖြစ်သည်။

ဒရက်သည် စိမ့်အိုင်၏ အစွန်းနားတွင်ရပ်ကာ ရေပြင်ကို ဂရုတစိုက်ကြည့်သည်။ အနီးနားတွင် အန္တရာယ်မရှိဟု ခံစားရမှသာ စိမ့်အိုင်သို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ဒရက်သည် ရေသောက်ရန် ခေါင်းငုံ့လိုက် သော်လည်း တစ်ချိန်တည်းမှာပင် ၎င်း၏ ခြေထောက်ကြွက်သားများကို တင်းကြပ်ထားကာ အန္တရာယ်ရောက်လာမယ့် မည်သည့်အချိန်တွင်မဆို ထွက်ပြေးရန် အသင့်ဖြစ်နေသည်။

ဤအချိန်တွင်ပင် ဒရက်သည် သတိထားပြီး ဘေးပတ်ပတ်လည်ကို အဆက်မပြတ်ကြည့်နေကာ အန္တရာယ်ရှိနိုင်၊ မရှိနိုင်ကို စစ်ဆေးနေသည်။

ဒရက်တိုင်းသည် ရေသောက်သည့်အခါ အလွန်သတိရှိကြသည်။ သတိလက်လွတ် ဖြစ်သွားသည့် ဒရက်တိုင်းမှာ အစားခံရသည်မှာ ကြာပေပြီ။

ဖန့်ရန်က ခေါင်းကို ရေပေါ်တွင် ဖော့ထား၍ ဒရက်ကို အလျင်စလို မတိုက်ခိုက်ပေ။ သူ၏ လျှပ်စီးတမျှမြန်ဆန်သော တိုက်ခိုက်မှုတစ်ခုကို မစတင်မီ၊ ဒရက်၏ သတိထားမှု အနည်းငယ် ပြေလျော့သွားချိန်ကို စောင့်ဆိုင်းနေသည်။

သို့မဟုတ်ပဲ အလျင်စလိုတိုက်ခိုက်လိုက်ပါက ဒရက်၏ လက်ရှိသတိအနေအထားဖြင့် အလွယ်တကူ လွတ်မြောက်သွားပေမည်။

ဒရက်ကို အချိန်အတော်ကြာကြည့်ပြီးနောက်၊ ဖန့်ရန်၏ ခေါင်းသည် ရေအောက်တွင် ဖြည်းညင်းစွာ နစ်မြုပ်သွားခဲ့သည်။ သူသည် အနည်းငယ်မျှသော လှုပ်ရှားမှုကို မဖန်တီးဘဲ စိမ့်အိုင်၏ အနက်ဆုံးအပိုင်းသို့ ကူးခတ်သွားသည်။

ထိုမှတဆင့် ဒရက်နှင့် မဝေးလှသော နေရာကို ရေနက်ပိုင်းမှ တဖြည်းဖြည်းကူးခတ်သွားသည်။

ဖန့်ရန်က ရေအောက်ကနေ ဒရက်၏ ရေစတင်သောက်လိုက်ခြင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူက သူ၏ ကြွက်သားတွေကို တဖြည်းဖြည်းခြင်း အစွန်းဆုံး တင်းကြပ်လိုက်ပြီး မြှားကဲ့သို့ ရေထဲမှ ခုန်ထွက်လိုက်သည်။

ဘွမ်း!

ရေထဲကနေ ရုတ်တရက် မြွေကြီးတစ်ကောင် ခုန်ထွက်လာသဖြင့် ဒရက်သည် အလွန်ကြောက်လန့်သွားပြီ အမြန် ထွက်ပြေးရန်လုပ်လိုက်သည်။

သို့သော်၊ ၎င်း၏အမြန်နှုန်းသည် ဖန့်ရန်နှင့် မည်သို့ယှဉ်နိုင်မည်နည်း။

အမြန်ထွက်ပြေးရန်ပြင်လိုက်သော ဒရက်၏ လည်ပင်းဟာ ချက်ချင်းအကိုက်ခံလိုက်ရသည်။

"ဂဲလ်!"

ဖန့်ရန်၏ ပါးစပ်မှ ရုန်းထွက်ရန် ကြိုးစားရင်း ဒရက်သည် ပြင်းထန်စွာ အော်ဟစ်၏။

၎င်း၏ ခွာများနှင့် ကန်ကျောင်းသော်လည်း ဖန့်ရန်က ဒရက်၏ လည်ပင်းကို ကိုက်နေစဉ်တွင် ၎င်းကို လျင်မြန်စွာ ရစ်ပတ်လိုက်သည်။

သူ၏ ကြီးမားသောအရွယ်အစားက ဒရက်ကို လုံးဝနီးပါးဖုံးလွှမ်းသွား၏။ ဒရက်၏ ခေါင်းကိုတောင် မမြင်ရပေ။

ဂေါ်ဖီထုပ်လို ရစ်ပတ်ပြီးနောက်၊ ဖန့်ရန်က သူ့ တစ်ကိုယ်လုံးကို ကျုံ့လိုက်သည်။ ဒရက်က ပို၍ နာကျင်စွာ အော်ဟစ်လာ၏။

ညစ်အားသည် ပို၍ ပြင်းထန်လာသည်နှင့်အမျှ ဒရက်၏ အော်သံက နောက်ဆုံးတွင် ရပ်တန့်သွားသည်အထိ တဖြည်းဖြည်း အားနည်းလာပြီး အားပျော့သွားသည်။

မကြာမီ ဒရက်၏ အသက်ရှုခြင်း ရပ်တန့်သွားကာ နှလုံးခုန်ရပ်သွားသည်။

ဒရက်သေဆုံးကြောင်း အတည်ပြုပြီးနောက်၊ ဖန့်ရန်သည် သူ၏ ခန္ဓာကိုယ်ကို အမြန်ဖြေလျှော့လိုက်ပြီး ဒရက်ကို ဖြည်းညှင်းစွာ မျိုချလိုက်သည်။

ဒရက်ကို စားပြီးနောက်၊ ဖန့်ရန်သည် ရေထဲသို့ ပြန်ဆင်းသွားပြီး။ နောက်ထက် ကံဆိုးမည့် သားကောင်ကို စောင့်ဆိုင်းခဲ့သည်။

...

ထိုနေ့မှစ၍ ဖန့်ရန်သည် ဤနည်းဖြင့် မကြာခဏ အမဲလိုက်လာသည်။ တစ်ခါတစ်လေ သားကောင်ရှာဖို့ တောထဲကိုလည်း သွားတက်သည်။

သူ၏ ကြီးမားသောအရွယ်အစားနှင့် ခွန်အား၊ သွက်လက်မှုနှင့် ဖုံးကွယ်မှုစွမ်းရည်တို့က သူ၏ အမဲလိုက်စွမ်းရည်ကို ကြီးမားသော တိုးတက်မှုများ ဖြစ်စေခဲ့သည်။

သူ၏ အမဲလိုက်ခရီးစဥ်တွင် ဒရက်၊ ဆိတ်များနှင့် တောဝက်များပင် ပါဝင်သည်။

တောဝက်ဆိုသည်က သစ်တောများထဲတွင် ထိပ်တန်းသတ္တဝါအဖြစ် သတ်မှတ်နိုင်သည်။ ဝက်ဝံတစ်ကောင်၊ ကျားနှစ်ကောင်၊ တောဝက်သုံးကောင်ဟူ၍ ဆိုရိုးစကားရှိသည်။ ကျားနှင့် ဝက်ဝံများကဲ့သို့ တူညီသော အဆင့်တွင် ရှိခြင်းက ၎င်း၏ ရက်စက်မှုနှင့် စွမ်းအားကို သက်သေပြနေသည်။

သို့သော် တောဝက်များကိုပင် ထိပ်တန်းသားကောင်များဟု သတ်မှတ်နိုင်သော်လည်း သူတို့က ဖန့်ရန် အတွက်တော့ စနစ်အမှတ်များသာ ဖြစ်သည်။

...

ယနေ့ တောထဲ၌ တောဝက်တစ်ကောင်ကို သူရှာတွေ့သည်။

ထိုတောဝက်၏ အရွယ်အစားက မသေးငယ်ဘဲ ကိုယ်ထည်အရှည်မှာ (၁.၅) မီတာကျော်ရှိပြီး အလေးချိန်မှာ ပေါင် (၂၀၀) နီးပါးရှိသည်။

တောဝက်၏ အရွယ်အစားမှာ မသေးငယ်သလို ဒေါသအလွန်ပြင်းထန်သည်။ သို့ပေမယ့် သူ့ဗိုက်ထဲကို နောက်ဆုံးမှာ ရောက်သွားသည်။

တောဝက်ကို မျိုချပြီးနောက်၊ ဖန့်ရန်က စိမ့်အိုင်သို့ ပြန်လာခဲ့၏။ ထိုအချိန်၌ မတော်တဆမှုလေးတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုအချိန်တွင် သူသည် ဒရက်ကို အမဲလိုက်နေသော မိကျောင်းနှင့် ကြုံတွေ့ခဲ့ရသည်။ မိကျောင်းက ဒရက်ရဲ့ လည်ပင်းကိုကိုက်ပြီး သတ်ပစ်ဖို့ ရေထဲဆွဲချဖို့ ပြင်ဆင်နေချိန်ဖြစ်သည်။

သို့သော် ဖန့်ရန်သည် သဘာဝအတိုင်း သူ့နယ်မြေတွင် ၎င်းသို့ ပြုလုပ်ခွင့်ပေမည် မဟုတ်ပေ။

သူတောဝက်တစ်ကောင်ကို မျိုချထားပေမယ့် အပြန်လမ်းမှာ အစာကြေလုနီးပါး ဖြစ်နေခဲ့ပေပြီ။

မဆိုင်းမတွဘဲ ဖန့်ရန်သည် ၎င်းမိကျောင်းဆီသို့ ပြေးသွားပြီး ဒရက်ကို လုယက်လိုက်သည်။

ထိုအချိန် အနီးအနားတွင် အခြားမိကျောင်းများစွာရှိ၏။ ကြည့်ရသည်မှာ ၎င်းမိကျောင်းက အခြားမိကျောင်းများနှင့် အစာဝေမျှစားရန် ပြင်ဆင်ထားပုံရသည်။

သို့သော် ဖန့်ရန်ကို မြင်တွေ့ပြီးနောက် ၎င်းတို့သည် ချက်ချင်းရပ်တန့်သွားခဲ့သည်။

သူ၏ ဓားပြတိုက်ခံလိုက်ရသော မိကျောင်းသည် ဒေါသအမျက်ထွက်ကာ သူနှင့်တိုက်ရန် ချက်ခြင်း ပြေးလာလေသည်။

ထိုမိကျောင်းသည် အရှည် (၃) မီတာကျော်ရှိပြီး အရွယ်ရောက်ပြီးသားဖြစ်သည်။

သို့သော် ၎င်း၏ အရွယ်အစားမှာ အမှန်တကယ်ကြီးမားသော်လည်း၊ ဖန့်ရန်၏ ပြိုင်ဘက်ဖြစ်ရန် ဝေးကွာနေသေးသည်။

မိနစ်အနည်းငယ်အတွင်းမှာပဲ သူက ၎င်းမိကျောင်းကို သတ်ပစ်လိုက်သည်။

ထိုမိကျောင်းသည် သူ့ကို စနစ်အမှတ် (၂၀၀၀) ပေးစွမ်း၏။

နောက်ရက်အနည်းငယ် အတွင်းမှာတော့ အရာအားလုံးဟာ ပုံမှန်အတိုင်းပင်။

ရံဖန်ရံခါ ဖန့်ရန်သည် စပါးအုံးမြွေအမဲလိုက်ခြင်း နည်းပညာကို အသုံးပြုသည်၊ သို့မဟုတ် အမဲလိုက်ရန် တောထဲသို့ သွားမည်ဖြစ်သည်။

သူက တစ်နေ့လျှင် အနည်းဆုံး တိရစ္ဆာန်ဆယ်ကောင် အမဲလိုက်လေ့ရှိသည်။

ယခုဆို ဤရေကန်ထဲမှာရောက်လာချိန် တစ်လခွဲအတွင်း သူမျိုချခဲ့သော သားကောင်အရေအတွက်က (၂၀၀) ကျော်သည်။

ယင်းသို့ မကြာခဏ အမဲလိုက်ခြင်းသည် သစ်တောအတွင်းရှိ တိရစ္ဆာန်များကို ထိတ်လန့်စေကာ အလွန်သတိထားလာစေ၏။ အချို့ဆို ဤတောထဲမှ အခြားဒေသများသို့ ထွက်ပြေးသွားကြသည်။

ယင်းသည် စိမ့်အိုင်အတွင်းရှိ မိကျောင်းအုပ်စုကို နက်ရှိုင်းစွာ ထိခိုက်စေခဲ့သည်။

မူလက သူတို့သည် ဆာလောင်မှုကို ဖြည့်ဆည်းရန် လုံလောက်သော အမဲလိုက်မှုသာ လုပ်လေ့ရှိသည်။

ဖန့်ရန်၏ အစာအိမ်က အောက်ခြေမရှိသောတွင်းနက်ကြီးနှင့် ဆင်တူပြီး၊ သူ၏ မကြာခဏ ဆိုသလို အမဲလိုက်ခြင်းနှင့် သားကောင်များကို လုယက်ခြင်းသည် မိကျောင်းများ၏ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

၎င်းမိကျောင်းအုပ်စု မထွက်ခွာသေးသည့် အကြောင်းရင်းမှာ ဤနေရာ၌သာ နေရောင်ခြည် လုံလောက်စွာ ရနိုင်ခြင်းကြောင့် ဖြစ်သည်။

မိကျောင်းများသည် သွေးအေးသတ္တဝါ အမျိုးအစားဖြစ်ပြီး၊ သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို မြှင့်တင်ဖို့ နေ့စဥ် နေပူထဲမှာ နေပူစာလှုံရ၏။ နေရောင်ခြည်သည် ၎င်းတို့၏ ရှင်သန်မှု၏ အခြေခံဟုပင် ဆိုနိုင်သည်။

ဤနေရာနှင့် မတူဘဲ အခြားနေရာ အများစုသည် သစ်ပင်များဖြင့် ဖုံးအုပ်ထားသောကြောင့် နေရောင်ခြည်အနည်းငယ်သာ ပေးစွမ်းနိုင်၏။ ၎င်းကြောင့် မိကျောင်းအုပ်စုသည် ထိုနေရာမှ သဘာဝအတိုင်း ထွက်ခွာသွားမည် မဟုတ်ပေ။

ထိုအချိန်အတောအတွင်း မိကျောင်းအုပ်စု၏ အခြေအနေက ပိုမို ဆိုးရွားလာခဲ့သည်။

ပုံမှန်အတိုင်းဆို မိကျောင်းတွေက သူ၏ နယ်မြေထဲကို မဝင်ရဲကြပေ။ သို့ပေမယ့် ယနေ့မှာတော့ သူ့နယ်မြေထဲမှာ ရောက်နေသည့် မိကျောင်းတစ်ကောင်ကို ဖန့်ရန်က သတိထားမိလိုက်သည်။

သူ့နယ်မြေထဲ ဝင်လာရဲသည့် မိုက်မဲသော ၎င်းမိကျောင်းကို ဖန့်ရန်ကလည်း သူ့အကျင့်အတိုင်း လွှတ်ပေးမည် မဟုတ်ပေ။ သူက ၎င်းမိကျောင်းကို တိုက်ရိုက်သတ်ပြီး မျိုချလိုက်၏။

အရှည် (၂) မီတာဖြစ်သည့် ဤမိကျောင်းက စနစ်အမှတ် (၁၂၀၀) ကို ရရှိခဲ့သည်။

၎င်းမိကျောင်းအုပ်စုသည် သူ့ကို အလွန်မကျေနပ်နေကြောင်း ဖန့်ရန် သိသည်။

သို့သော် သူသည် ၎င်းတို့ကို ဂရုမစိုက်ဘဲ အရင်အတိုင်းပင် သွားလာလှုပ်ရှားနေဆဲ ဖြစ်သည်။

သူည် မိကျောင်းများ၏ စတင်တိုက်ခိုက်လာခြင်းကို စောင့်ဆိုင်းနေချိန်တွင် အခြားသူသည် ဤမိကျောင်းအုပ်စုကို ဦးစွာပြဿနာလာရှာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

.....

All Chapters