← Chapters

ကျားသစ်တစ်ကောင်

Vol. 5 Ch. 60

ကျားသစ်တစ်ကောင်

Vol. 5 Ch. 60

မနက်ခင်း အစောကြီးတွင် အေးစက်စက် လေးအေးများက တဖြူးဖြူးနှင့် မရပ်မနားတိုက်ခတ်နေသည်။

မိကျောင်းအုပ်စုသည် ကမ်းပေါ်သို့တက်ကာ နေပူစာလှုံနေသည်။

ထိုအချိန်တွင် ဖန့်ရန်က ညောင်ပင်ကြီး၏ အကိုင်းအခက်များပေါ်တွင် ရှိနေသည်။ သူ၏ အရေပြားသည် သူ့ခန္ဓာကိုယ် အပူချိန်ကို ကောင်းစွာ ထိန်းသိမ်းနိုင်ခြင်းကြောင့် မိကျောင်းတွေလို နေပူစာလှုံဖို့ မလိုအပ်ပေ။

တစ်နေ့တာ အမဲလိုက်ခြင်းကို စတင်ဖို့ သစ်ပင်အောက်ဆင်းရန် ဖန့်ရန်က ပြင်လိုက်သည်။

ထိုစဉ် ရုတ်တရက် သူက ရပ်လိုက်ပြီး၊ မနီးမဝေးက သစ်ပင်တစ်ပင်နောက်ရှိ ချုံပုတ်တစ်ခုကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးတွေက စူးရှနေသည်။

၎င်းချုံပုတ်ထဲမှာ ပုန်းအောင်းနေသော ကျားသစ်တစ်ကောင်ရှိနေ၏ ကျားသစ်သည် မိကျောင်းအုပ်စုကို ရက်စက်သော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။

ကျားသစ်။

၎င်းက ကျားသစ် ဖြစ်သည်။

ကျားသစ်များနှင့် ကျားများသည် အလွန်ဆင်တူသော်လည်း ၎င်းတို့ကြားတွင် သိသာထင်ရှားသော ကွဲပြားမှုများ ရှိနေသေးသည်။ ကျားသစ်များသည် အနက်ရောင်အစက်အပြောက်များ ရှိပြီး ကျားတွေမှာ အစင်းကြောင်းများရှိသည်။

"မိကျောင်းတွေကို အမဲလိုက်ဖို့ စီစဉ်နေတာလား"

ခဏကြာ စဉ်းစားပြီးနောက် ဖန့်ရန်က ကျားသစ်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်သည်။ သူ့မျက်လုံးများကို ပို၍ စူးရှလာ၏။

သဘာဝတရားကြီးတွင် ကျားသစ်များက မိကျောင်းများကို သတ်ဖြတ်စားသောက်သည့် ဖြစ်ရပ်များ ရှိသော်လည်း ဤအဖြစ်အပျက်က အလွန်နည်းပါးသည်။

မိကျောင်းများသည်လည်း ၎င်းကျားသစ်များကို ဖမ်းဆီးရန် ကြိုးစားလေ့ရှိ၏။ သို့သော် မည်သူသည် သားကောင်အဖြစ် အဆုံးသတ်သွားမည်ကို ပြောဆိုရန် ခက်ခဲသည်။

ယခုအချိန်တွင် ကျားသစ်တစ်ကောင်က နေပူစာလှုံနေသော မိကျောင်းအုပ်စုကို စိုက်ကြည့်ကာ ချုံပုတ်တစ်ခုအတွင်း ပုန်းအောင်းနေသည်။ ဤသည်မှာ ကျားသစ်သည် မိကျောင်းကို အမဲလိုက်ရန် စီစဉ်နေကြောင်း ညွှန်ပြနေသည်။

ဤကျားသစ်သည် အလွန်သန်မာပုံရပြီး၊ ကြွက်သားများပြည့်နှက်နေသည့် အရှည် (၂) မီတာရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ကျားသစ်သည် အလွန်သတိထား၍ ပုန်းအောင်းနေ၏။ သူ၏ သားမွေးများသည် အလွန်ကောင်းမွန်သော ဖုံးကွယ်နိုင်သည့် အကျိုးသက်ရောက်မှုကို ပေးထားသည်။

ဖန့်ရန်သည်လည်း သူ၏ အနံ့ခံအာရုံသာ မကောင်းဘူးဆိုရင် ၎င်းကျားသစ်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

"တိုက်ခိုက်တော့မယ်"

ဖန့်ရန်က ကျားသစ်၏ ကြွက်သားများ တင်းကျပ်လာနေသည်ကို သတိထားမိလိုက်၏။

နောက်အခိုက်အတန့်တွင် ကျားသစ်သည် ချုံပုတ်ထဲမှ ခုန်ထွက်ကာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လျင်မြန်သော အရှိန်အဟုန်ဖြင့် (၂) စက္ကန့်မှ (၃) စက္ကန့်အတွင်း ၎င်းနှင့် အနီးဆုံးဖြစ်သော မိကျောင်းတစ်ကောင်ဆီသို့ ရောက်ရှိသွားသည်။

ကျားသစ်သည် ပါးစပ်ကိုဖွင့်ကာ

ထိုမိကျောင်း၏ လည်ပင်းကို ကိုက်ခဲချလိုက်သည်။

အခြားမိကျောင်းများသည် ဤမြင်ကွင်းကိုမြင်ပြီးနောက် ထိတ်လန့်စွာ ရုန်းရုတ်ဆန်ခတ် ဖြစ်သွားကြသည်။

မိကျောင်း၏ လည်ပင်းကို ကောင်းစွာကိုက်ထားပြီးနောက် ကျားသစ်သည် ၎င်းကို မိကျောင်းအုပ်အတွင်းမှ ဆွဲထုတ်ကာ တောထဲသို့ ပြန်ဆုတ်ရန် ကြိုးစားသည်။

သူ့ပါးစပ်ထဲက မိကျောင်းဟာ (၁) မီတာလောက်သာ ရှည်လျားသော မိကျောင်းငယ် တစ်ကောင် ဖြစ်သည်။ ယခုအချိန်တွင် ၎င်းမိကျောင်းငယ်လေးသည် မြေပြင်ကို လက်နှစ်ဖက်ဖြင့် ကုတ်တွယ်ထားပြီး ကျားသစ်၏ ဆွဲယူအားကို တွန်းလှန်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

ထိုအချိန်မှသာလျှင် မိကျောင်းအုပ်စုသည် ကျားသစ်ကို အော်ဟစ်ခြိမ်းခြောက်ကာ မိကျောင်းငယ်ကို ကိုက်ထားခြင်းမှ လွှတ်ပေးရန် ကြိုးစားလုပ်ဆောင်လာကြသည်။

မိကျောင်းနှစ်ကောင်သည်လည်း ကျားသစ်၏ အနီးသို့ ချဉ်းကပ်၍ တိုက်ခိုက်ရန် အခွင့်အလမ်းကို ရှာသည်။

မိကျောင်းအုပ်စု၏ ကံတရားသည် အတော်လေး ဆိုးရွား၏။ မကြာသေးမီက သူတို့သည် စပါးအုံးမြွေကြီး၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို ခံစားခဲ့ရပြီး ယခုအခါ ၎င်းတို့သည် ကျားသစ်တစ်ကောင်၏ အမဲလိုက်ခြင်းကို ခံနေရပြန်သည်။

၎င်းတို့သည် အစာကွင်းဆက်၏ ထိပ်ဆုံယတွင်ရှိနေသည့် သားရဲများ ဖြစ်သည်။ အဘယ်ကြောင့် ဤမျှလောက် မှားယွင်းနေရသနည်း။

“ဂီး!!”

မိကျောင်းနှစ်ကောင် ချဉ်းကပ်လာသည်ကို မြင်နေရသော်လည်း ကျားသစ်သည် မိကျောင်းငယ်ကို မလွှတ်လိုက်ဘဲ မာန်ဖီရင်း ရပ်တန့်ရန်ကြိုးစားသည်။

မိကျောင်းအများစုသည် ကမ်းစပ်သို့ပင် ပြန်မတက်ဝံ့ဘဲ ရေထဲတွင်သာ ပုန်းအောင်းနေကြသည်။

ဖန့်ရန်သည် သူ၏အတိတ်ဘဝတွင် ဗီဒီယိုတစ်ခုကို မြင်ဖူးခဲ့သည်။

၎င်းထဲ၌ ကုန်းပေါ်ရှိ သမင်တစ်ကောင်သည် မိကျောင်းတစ်ကောင်၏ ကိုက်ယူဖမ်းဆွဲခြင်းကို ခံလိုက်ရသော်လည်း ထိုမိကျောင်းသည် သမင်ကို ရေထဲသို့ ဆွဲမချနိုင်ဘဲ။ ထိုသို့ နှစ်မိနစ်ခန့် တူညီသော အနေအထားတွင် ရှိနေခဲ့သည်။

ကျားသစ်သည် မိကျောင်းနှစ်ကောင် ရပ်သွားသည်ကို မြင်လိုက်ရသဖြင့် မိကျောင်းငယ်ကို တောထဲသို့ ဆက်လက်ဆွဲယူသွားလေသည်။

မိကျောင်းငယ်က ကျားသစ်ဆီမှလွတ်ရန် သူ၏ အသက်ဘေးအတွက် လွတ်မြောက်ဖို့ ရုန်းကန်နေဆဲ ဖြစ်သည်။ သို့သော် ၎င်း၏ လည်ပင်းသည် ပြင်းထန်သည့် ကိုက်အားကြောင့် ဖွာစာကျဲပြီး သွေးထွက်နေခဲ့ပြီ ဖြစ်သည်။

သစ်ပင်ပေါ်မှ ကြည့်နေသည့် ဖန့်ရန်ဟာ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အတော်လေးကို တိတ်ဆိတ်သွားခဲ့သည်။

ထိုမိကျောင်းသည် ၎င်းကျားသစ်၏ စိန်ခေါ်မှုကိုပင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ၎င်း၏ ပါးစပ်ထဲတွင် အစာအဖြစ် အဆုံးသတ်ရတော့မည်။ ပိုအရေးကြီးသည်က မိကျောင်းအကောင် (၂၀) လောက်က ဘာမှမလုပ်ဘဲ စောင့်ကြည့်နေခြင်းပင်။

ဤကဲ့သို့ သတ္တိဖြင့် သူ့ကို ပုန်ကန်ရန် တွေးဝံ့ကြသေးသလော။

ဖန့်ရန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ ထိုနောက် ကျားသစ်ကို ပြန်ကြည့်လိုက်၏ သူ့အကြည့်တွေက အေးစက်သွားသည်။

၎င်းမိကျောင်းအုပ်စုက သူ့အတွက် အရံအစာအစားပင်။

ဘုန်း...!

ရုတ်ချည်းပင် ဖန့်ရန်သည် သူ၏ ခန္ဓာကိုယ်နှင့် သစ်ကိုင်းပေါ် မှ ခုန်ဆင်းကာ မြေပြင်ကို တုန်ဟီးသွားစေသည်။

အဝေးက မိကျောင်းကို ဆွဲယူရန်ကြိုးစားနေသော ကျားသစ်သည် ၎င်းအသံကြောင့် အသံ၏ အရင်းမြစ်ကို ကြည့်ဖို့ ခေါင်းကို လှည့်ကြည့်လိုက်ချိန်မှာ ဧရာမစပါးအုံးမြွေတစ်ကောင်က သူ့ဆီ လာနေတာကို တွေ့လိုက်ရတော့ ကြောက်ရွံသွား၏။ ကြောက်ရွံမှုကြောင့် ၎င်း၏ အသားများပင် တုန်ယင်နေသည်။

ကျားသစ်သည် သူ၏ ကြွက်သားများကို တင်းကျပ်ထားသည်။ တစ်ချိန်တည်းမှာပင် ဖန့်ရန်က သူ့ကို ကြောက်လန့်သွားပြီး ထွက်သွားစေဖို့ အတတ်နိုင်ဆုံး ကြိုးစားရင်း အော်ဟစ် မာန်ဖီသည်။

သို့သော် ဖန့်ရန်သည် မရပ်တန့်ရုံမက အရှိန်ပိုမြန်လာသည်။ ဖန့်ရန်က သူ့ကို မကြောက်တာကို မြင်တော့ ကျားသစ်လည်း မိကျောင်းကို လွှတ်လိုက်ပြီး တောထဲသို့ အမြန်ပြေးဝင်သွားသည်။

ဒီအချိန်မှာ ကျားသစ်၏ အမြန်နှုန်းဟာ မိကျောင်းကို ဖမ်းစဥ်ကထက် ပို၍ပင် မြန်နေသေးသည်။

ပြေးနေစဉ်၌ ကျားသစ်သည် သူ၏ သားကောင်ကို စွန့်လွှတ်ရန် ဝန်လေးဟန်ဖြင့် နောက်သို့ လှည့်မကြည့်မီ ချုံပုတ်များဆီသို့ ခြေလှမ်းအနည်းငယ် ပြေးခဲ့သည်။ သို့သော် ပြန်ကြည့်ပြီးနောက် ကျားသစ်သည် ထိတ်လန့်သွား၏။

စပါးအုံးမြွေကြီးဟာ မိကျောင်းရဲ့ခန္ဓာကိုယ်ကို မကြည့်ဘဲ သူဆီသို့ အရှိန်ပြင်းပြင်းနဲ့ ပြေးလာနေတုန်းပင်။

ဤသည်ကို မြင်တော့ ကျားသစ်က ထွက်ပြေးဖို့ ပြန်လှည့်သည်။ ထိုအချိန် စပါးအုံးမြွေကြီးသည် မထင်မှတ်ထားသော အမြန်နှုန်းဖြင့် ရုတ်တရပ် မြန်လာကာ သူ၏ ခြေထောက်ကို ကိုက်လာသည်။

ကျားသစ်၏ ခြေထောက်က ဖန့်ရန်အတွက် အတော်လေးသေးငယ်သည်။

ကျားသစ်ရဲ့ ခြေထောက်ကို ကိုက်ပြီးနောက် ဆွဲမပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။

ဘန်းး

ကျားသစ်သည် မြေပြင်မှထကာ လှည့်ပြေးဖို့ တွန့်ဆုတ်မနေပေ။ သို့သော် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် မြေပြင်ပေါ် လဲကျသွား၏။ သူ၏ အသက် ဝိညာဉ်က ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဖန့်ရန်က ကျားသစ်ကို သူ့ဗိုက်ထဲ တိုက်ရိုက်မျိုချလိုက်သည်။

ကျားသစ်ကိုစားပြီးနောက် ဖန့်ရန်လည်း ညောင်ပင်ကြီးဆီသို့ ပြန်လာခဲ့သည်။ ပြန်ရောက်ပြီးနောက် သေအံ့ဆဲဆဲ ဖြစ်နေသောမိကျောင်းကို သူကြည့်လိုက်သည်။

“ဒီမိကျောင်းက သွေးထွက်လွန်နေပြီ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူ။ အစားအသောက်ကို ဖြုန်းတီးတာက အပြစ်တစ်ခုပဲ”

သူသည် မိကျောင်းဆီသို့ တိုက်ရိုက်သွားပြီး အဆိပ်ခတ်လိုက်သည်။ ဗိုက်ထဲက ကျားသစ်က အစာကြေလုနီးပါး ဖြစ်ပြီးနောက် ၎င်းမိကျောင်းကို မျိုချလိုက်သည်။

ကျားသစ်သည် စနစ်အမှတ် (၁၇၀၀) ပေးခဲ့ပြီး မိကျောင်းသည် ၎င်း၏အရွယ်အစားသေးငယ်သောကြောင့် စနစ်အမှတ် (၈၀၀) သာ ရရှိသည်။

မိကျောင်းနှင့် ကျားသစ်နှစ်မျိုးလုံးကို စားသောက်ပြီးနောက် ဖန့်ရန်က ယနေ့အဖို့ အနားယူရန် ဆုံးဖြတ်လိုက်သည်။

အဲဒီနောက်မှာတော့ သူ့ဘဝက ပုံမှန်ပြန်ဖြစ်သွား၏။ သူသည် နေ့တိုင်း အမဲလိုက်နေခြင်းကြောင့် သားကောင်အရေအတွက်က နည်းပါးလာခဲ့သည်။

တခါတရံမှာ သားကောင်အများကြီး မဖမ်းမိသောကြောင့် မိကျောင်းတစ်ကောင်စားဖို့ စိမ့်အိုင်ထဲကို သွားလေ့ရှိသည်။

ခုနစ်ရက်အတွင်းမှာပဲ မိကျောင်းဆယ်ကောင်နီးပါးကို သူစားခဲ့သည်။

ယခုအချိန်တွင် သူ၏ စုစုပေါင်း စနစ်အမှတ်က (၃၅၂၄၀) သို့ပင် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ် (၄၅၀၀၀) နှင့် သိပ်မဝေးတော့ပေ။

ထိုအချိန်၌ စိမ့်အိုင်အတွင်းရှိ ကျန်မိကျောင်းများသည် နောက်ဆုံးတွင် ၎င်းတို့၏ ခံနိုင်ရည်အား ဆုံးရှုံးသွားပုံရပြီး သတိကြီးကြီးထားနေကြသည်။

.....

All Chapters