← Chapters

၁၂ ကြိမ်မြောက်

Vol. 5 Ch. 61

၁၂ ကြိမ်မြောက်

Vol. 5 Ch. 61

ဖန့်ရန်သည် သူ့ပတ်ဝန်းကျင်ရှိ မိကျောင်းများကို တိတ်တဆိတ် ခေါင်းလှည့်ကြည့်လိုက်သည်။

သားရဲတစ်ကောင်ကို ချောင်းမြောင်းဖို့

သူ ဤအိုင်ထဲ ဆင်းလာစဉ် ရေထဲရောက်သည်နှင့် ချက်ချင်းပင် မိကျောင်းအုပ်စုက သူ့ကို ဝိုင်းလာခဲ့ခြင်း ဖြစ်သည်။

မိကျောင်းအုပ်စု၌ ကျန်ရှိသည့် မိကျောင်းမှာ (၁၃) ကောင်ဖြစ်သည်။ မိကျောင်း (၃) ကောင်မှာ ငယ်ရွယ်ပြီး ၎င်းတို့က အရွယ်ရောက် မိကျောင်းများ၏ အနောက်တွင် ပုန်းနေသည်။

သူ့ကို မိကျောင်းအုပ်စုက ဝိုင်းရံထားသော်လည်း ဖန့်ရန်က လုံးဝမတုန်လှုပ်ပေ။

အမှန်မှာ သူ့အနေဖြင့် ဤနေ့ရောက်လာမည်ဆိုတာ သိထားခဲ့တာ ကြာပြီ ဖြစ်သည်။ မိကျောင်းများသည် ယနေ့ထိတိုင် စိတ်ရှည်သည်းခံ နိုင်ခဲ့တာကိုပင် သူအတော်ပင် အံ့အားသင့်ရသည်။

သူ့အကြည့်တွေက အနီးနားက မိကျောင်းတွေကို ဖြတ်ကျော်သွားကာ နောက်ဆုံးမှာ အနည်းငယ် ပိုသေးငယ်ပုံရသည့် မိကျောင်းဆီမှာ ရပ်တန့်သွားသည်။

ဘုန်းး

ဖန့်ရန်က ရေပြင်ကို အမြီးဖြင့်ရိုက်ကာ အရှိန်ယူပြီး အနည်းငယ်သေးသည့် မိကျောင်းဆီသို့ ခုန်လိုက်သည်။

ထိုမိကျောင်းသည် စပါးအုံးမြွေကြီး၏ သူ့ဆီဦးတည်လာခြင်းကို မကြောက်ရွံ့ဘဲ၊ ၎င်းအစား ဖန့်ရန့် ဆီသို့ တက်တက်ကြွကြွပင် ပြေးဝင်လာ၏။

မိကျောင်းတွေသည် အရေအတွက်များပြီး အရေးသာသည့် ရေထဲတွင် ရှိနေသောကြောင့်၊ ၎င်းတို့အဖွဲ့၏ ရဲစွမ်းသတ္တိသည် ပို၍ တိုးလာသည်ကို ၎င်းကနေတဆင့် တွေ့မြင်နိုင်သည်။

နှစ်ဖက်သား ထိပ်တိုက်တွေ့ခါနီးတွင်

ဖန့်ရန်သည် မိကျောင်း၏ ကိုက်ဖမ်းခြင်းကို ရှောင်ရှားကာ တစ်ဖက်သို့ အနည်းငယ်စောင်း၍ မိကျောင်း၏ ဗိုက်ကိုတည့်တည့် ခေါင်းတည်လိုက်သည်။

ထိုနောက် သူ့အဆိပ်ကို မိကျောင်းရဲ့ ခန္ဓာကိုယ်ထဲကို ထိုးသွင်းဖို့ တွန့်ဆုတ်မနေပေ။

သူ့အဆိပ်ကို ထိုးသွင်းပြီးနောက် ဖန့်ရန်သည် သူ့ပါးစပ်ကိုဖွင့်ကာ ၎င်းမိကျောင်းကို လွှတ်ပေးလိုက်ပြီး။ အနောက်သို့ အနည်းငယ် ပြန်ဆုတ်သွားခဲ့သည်။

၎င်းမိကျောင်းသည် ထိုအခွင့်အရေးကို မဖြုန်းတီးဘဲ ဖန်ရန်ဆီသို့ အသည်းအသန် ပြေးဝင်လာသော်လည်း မီတာ အနည်းငယ်မျှသာ ရောက်နိုင်ခဲ့သည်။ မိကျောင်း အနေနှင့် နာကျင်စွာ အော်ဟစ်ရန်သာ တက်နိုင်သည်။

မဝေးလှသော နေရာမှ အခြားမိကျောင်းများသည်။ ရေပေါ်တွင် လူးလိမ့်နေသော မိကျောင်းကို မိုက်မဲစွာ ကြည့်ရင်း အံ့အားသင့်နေကြသည်။

ဖန့်ရန်၏ ခန္ဓာကိုယ်သည် တစ်ဖန်ပြန်လည် လှုပ်ရှားလာခဲ့ပြီး၊ ယခုတစ်ကြိမ်တွင် အခြားမိကျောင်းကို ဦးတည်ကာ ၎င်းသို့ စတင်လုပ်ဆောင်၏။ စက္ကန့်အနည်းငယ်အကြာမှာတော့ မိကျောင်းတစ်ကောင်က နာကျင်စွာနဲ့ ရေပေါ်မှာ လူးလိမ့်သွားပြန်သည်။

ဖန့်ရန်သည် ဤမိကျောင်းများ၏ အဝိုင်းခံရခြင်းမှ အမြန်ထွက်သွားနိုင်သော်လည်း သူ မထွက်ခွာခဲ့ပေ။

ဤမိကျောင်းအုပ်စုသည် နောက်ဆုံးတွင် သူ့ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းကြောင့် ၎င်းတို့ကို အရန်အစားအစာအဖြစ် ထားဖို့ရန် မထိုက်တန်တော့ပေ။

ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုတည့်ခင်းရန် အချိန်တန်ပြီ ဖြစ်သည်။

ဖန့်ရန်က သူ့ရှေ့တွင် ကျန်ရှိသည့် မိကျောင်းဆယ့်တစ်ကောင်ကို ကြည့်လိုက်သည်။ အေးစက်သော အလင်းရောင်များက သူ့မျက်လုံးများမှ ထွက်ပေါ်နေသည်။

သူသည် အဆိပ်ကို နှစ်ကြိမ်ဆက်တိုက် ထုတ်သုံးခဲ့သော်လည်း သူ့အဆိပ်ဂလင်းမှာ ကျန်ရှိသည့် အဆိပ်က ဒီမိကျောင်းအားလုံးကို အဆိပ်ခတ်ဖို့ လုံလောက်တာထက် ပိုသည်လို့ ခံစားနေရသည်။

ရှေ့မတိုးနောက်မဆုတ်ဖြစ်ပြီးနောက်၊ သူနှင့်ဆန့်ကျင်ဘက်ရှိ မိကျောင်းအုပ်စုသည် တိုက်ခိုက်ရန် အစပြုလာခဲ့သည်။ အားလုံးက တစ်ချိန်တည်းမှာပင် ဖန့်ရန်ဆီ ပြေးဝင်လာကြသည်။

မိကျောင်းအုပ်စုကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုသည် သေးငယ်သည်တော့ မဟုတ်ပေ။ နေရာတိုင်းတွင် လှိုင်းများထလာပြီး ရေဂယက်သံများ ထွက်ပေါ်နေသည်။

သူ့ဆီသို့ ပြေးဝင်လာနေသော ဤမိကျောင်းအားလုံးကို ဖန့်ရန်က ၎င်းတို့နှင့် တစ်ခါတည်း ထိပ်တိုက်တွေ့ရန် မရွေးချယ်ခဲ့ပေ။ ၎င်းက အလွန် မိုက်မဲသည့် အပြုအမှုဖြစ်၏။ ၎င်းအစား ဖန့်ရန်သည် ညာဘက်သို့ လှည့်လိုက်ပြီး။ အနီးဆုံး မိကျောင်းကို ချက်ချင်း ရစ်ပတ်လိုက်ပြီး အဆိပ်ကို ထိုးသွင်းလိုက်သည်။

သူ့အဆိပ်ကို ထိုးသွင်းပြီးနောက် ကိုက်ထားခြင်းကို အမြန်လွှတ်လိုက်ပြီး မိကျောင်းကို လွှတ်ချလိုက်သည်။ ဤလုပ်ငန်းစဉ်သည် (၄) စက္ကန့်မျှသာ ကြာညောင်းသည်။

သို့သော် ထိုကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ပြုမူခဲ့လျှင်ပင် မိကျောင်းတစ်ကောင်က ဖန့်ရန် အမြီးနား ရောက်ရှိလာပြီး သူ့အမြီးကို ကိုက်ချလာသေးသည်။ ဒါကိုမြင်တော့ ဖန့်ရန်က သူ့အမြီးကို ချက်ချင်းခါယမ်းလိုက်၏။

ဒီလိုနည်းနဲ့ တိုက်ပွဲအဆုံးသတ်ဖို့က (၅) မိနစ်တောင် မကြာခဲ့ပေ။ မြန်ဆန်စွာနှင့် ပြီးဆုံးသွားခဲ့သည်။

အဲဒီနောက် စိမ့်အိုင်ရှိရေပြင်က ငြိမ်သက်သွား၏။ မိကျောင်းအလောင်း ဆယ့်သုံးလောင်းဟာ ရေပေါ်တွင် မျောနေလွင့်သည်။

ရုတ်တရက်ဆိုသလိုပင် စပါးအုံးမြွေကြီးသည် ရေထဲမှ ထွက်လာပြီး နေရာအနှံ့သို့ ရေစက်များက လွင့်စင်သွားသည်။ ထိုနောက် မိကျောင်းတစ်ကောင်ကို ကမ်းပေါ်သို့ ဆွဲတင်ကာ မျိုချလိုက်သည်။

ကံကောင်းထောက်မစွာ ဤသည်မှာ လူသူမနေသော တောနက်ဖြစ်၏။ ဒီလိုမှမဟုတ်ပဲ ဒီမြင်ကွင်းကို ရှာတွေ့ရှိသွားခဲ့မယ်ဆိုရင် ဒါဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။

ကြီးမားသော ဧရာမစပါးအုံးမြွေတစ်ကောင်သည် ခေါင်းချင်းဆိုင်တိုက်ပွဲတွင် မိကျောင်း (၁၃) ကို တိုက်ရိုက်သုတ်သင်ခဲ့သည်။

ဒီတိုက်ပွဲကို ဖန့်ရန်က လွယ်လွယ်ကူကူ အနိုင်ရခဲ့ပေမယ့် မမောက်မာသွားပေ။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ မိကျောင်းတွေက သူ့ကို မထိခိုက်နိုင်ပေမယ့် နာကျင်အောင်တော့ လုပ်နိုင်သည်။

ယခုအခြေအနေအရ သူ့အထွတ်အထိပ်ကိုပြန်ရောက်ဖို့ ရက်အနည်းငယ်လောက် အနားယူဖို့ လိုပုံပေါ်သည်။

ဖန့်ရန်သည် မိကျောင်း (၁၃) ကောင်ကိုစားပြီးနောက် စနစ်အမှတ် (၁၈၄၀၀) ကို အောင်မြင်စွာရရှိခဲ့၏။

သူ၏ ယခင် စနစ်အမှတ် (၃၅၂၄၀) ကို ပေါင်းထည့်လိုက်ခြင်းဖြင့် သူ၏ စုစုပေါင်း စနစ်အမှတ်က (၅၃၆၄၀) သို့ ရောက်ရှိသွားခဲ့လေသည်။

သူသည် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်ချက်ကို ပြည့်မီနေပြီ ဖြစ်သည်။

"စနစ် ဆင့်ကဲဖြစ်စဉ်ကို စတင်ပါ"

ဖန့်ရန်က ကမ်းပေါ်၌ လှဲလျောင်းနေရင်း သူ့စိတ်အတွင်းထဲမှာ ပြောလိုက်သည်။

ဆယ်မိနစ်လောက်ကြာတော့ သူ၏ ဆင့်ကဲဖြစ်စဉ်မှာ ပြီးဆုံးသွားခဲ့သည်။

"အခုဆို ငါက ဒီကမ္ဘာပေါ်က အကြီးဆုံးစပါးအုံးမြွေ ဖြစ်လာသင့်ပြီ"

တုနှိုင်းမရတဲ့ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်း ဖန့်ရန်က ရွှင်မြူးစွာ တွေးနေသည်။ တစ်ခုခုကိုတွေးပြီးနောက် သူ့စိတ်ထဲရှိ စနစ်ဘောင်ကို ချက်ချင်းခေါ်လိုက်သည်။

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၁၃

စနစ်အမှတ် : ၁၆၆၄၀/၆၅၀၀၀

ကျွမ်းကျင်မှုရမှတ် : ၁၃

ကိုယ်ထည်အရှည် : ၁၁ မီတာ

အချင်း : ၃၂ စင်တီမီတာ

ခွန်အား : ၉၀

ခုခံနိုင်စွမ်း : ၈၀

အမြန်နှုန်း : ၃၇

တက်ကြွမှု : ၄၀

စိတ်ဝိညာဉ် : ၄၂

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၃၅

စွမ်းရည် : ပြင်းထန်သော အဆိပ် (၅/၅)၊ အစာခြေမြန်ခြင်း (၄/၅)၊ အရေပြားခုခံမှု (၅/၅)၊ အရောင်ပြောင်း ဖုံးကွယ်ခြင်း (၄/၅)]

ဤဆင့်ကဲဖြစ်စဉ်မှာ သူ၏ ကိုယ်ထည်အလျားသည် (၁၁) မီတာ ဖြစ်သွားပြီး၊ အချင်းမှာ (၃၂) အထိ ဖြစ်သွားသည်။ ၎င်းက တကယ့်ကို အံ့မခန်းပင်။

သူ၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက်...

“အရောင်ပြောင်း ဖုံးကွယ်ခြင်း” နှင့် “အစာခြေမြန်ခြင်း” စွမ်းရည်နှစ်ခုကို ရင်နာနာဖြင့် အဆင့်မြှင့်တင်လိုက်သည်။

"ကျွမ်းကျင်မှုရမှတ်တွေတောင် သိပ်မရှိတော့ဘူးပဲ ... ဟူးးး.. ငါက အတော်လေးကို... ဆင်းရဲလိုက်တာ "

ထို့နောက်တွင် ဖန့်ရန်က ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည့်ရှုရန် “အရောင်ပြောင်းခြင်း ဖုံးကွယ်ခြင်း” စွမ်းရည်ကို အသက်သွင်းလိုက်သည်။

သူ့ကိုယ်ခန္ဓာ၏ အရောင်သည် ချက်ချင်းပြောင်းလဲသွားပြီး ပတ်ဝန်းကျင်နှင့် တူညီသောအရောင်ဖြစ်လာသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများ၊ မျဉ်းကြောင်းများနှင့် ပုံစံများအားလုံးပင် ပတ်ဝန်းကျင်နှင့် လိုက်ဖက်အောင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ သူသည် 'သဘာဝနှင့် တသားတည်း' ဖြစ်သွားသည်ဟု ဆိုနိုင်သည်။

အရောင်ပြောင်း ဖုံးကွယ်ခြင်းကို အဆင့်မြှင့်တင်ပြီးနောက် သူ၏ ဖုံးကွယ်နိုင်စွမ်းသည် ပို၍ ဆန်းပြားလာ၏။

လူတွေက သူ့ဘေးက လျှောက်သွားရင်းတောင် သူရှိရာ နေရာကို မထိသရွေ့ သူ့ကို တွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

“ဟူးး...”

ဖန့်ရန်က သက်ပြင်းတစ်ချက်ချကာ သူ့မူလအရောင်ကို ပြန်လည်ထိန်းသိမ်းလိုက်သည်။

သူသည် တောင့်တင်းသော ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ရွှေ့ကာ စိမ့်အိုင်အစွန်းရှိ ညောင်ပင်ကြီးဆီသို့ တက်သွားလိုက်၏။

ထိုနောက် သစ်ကိုင်းအပေါ် တက်သွားသည်။ သစ်ကိုင်းက အချိန်မရွေး ကျိုးသွားနိုင်သလိုမျိုး တကျွတ်ကျွတ် အသံတွေ ထွက်ပေါ်နေလေသည်။

ဖန့်ရန်၏ လက်ရှိအရွယ်အစားအရ သူ့ကိုယ်အလေးချိန်ဟာ အနည်းဆုံး ပေါင်ခုနစ်ရာကျော်၊ ရှစ်ရာလောက်ရှိသည်။

သူက ညောင်ပင်ကြီးသည် သူ့ခန္ဓာကိုယ် အလေးချိန်ကို ခံနိုင်ရည်ရှိမရှိ မစဉ်းစားခဲ့ပေ။ လောလောဆယ်မှာတော့ သူ့ရဲ့နောက်ထပ်အစီအစဉ်တွေကို စဉ်းစားနေ၏။

ဤနေရာမှာ မိကျောင်းမရှိတော့သောကြောင့် နေရာပြောင်းဖို့ အချိန်ရောက်ပြီ ဖြစ်သည်။

သို့သော် ဖန့်ရန်သည် ချက်ချင်း ထွက်ခွာရန် မရည်ရွယ်ထားပေ။ သူ၏ အကောင်းဆုံးအခြေအနေသို့ ပြန်မရောက်ခင် ရက်အနည်းငယ် အနားယူရန် စီစဉ်ထားသည်။

သို့မှသာ သူထွက်သွားရမည်။

လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဖန့်ရန် ဟာ ညောင်းပင်ကြီးပေါ်တွင် အချိန်အများစုကို အနားယူပြီး ဗိုက်ဆာသည့်အခါ အမဲလိုက်၏။

တောထဲမှာ သူ့ဘဝနဲ့သူ ပိုအဆင်ပြေလာသည်။ နေ့စဥ် ငြီးငွေ့စရာကောင်းတဲ့ ဤဘဝက သူ့ကို မငြီးငွေ့တော့စေတော့ပေ။ အဲဒီအစား သူနှစ်သက်လာသည်။

ဖန့်ရန်က သူ့ဆန္ဒတွေ ပိုအားကောင်းလာတယ်လို့ ခံစားရသည်။

ငါးရက်ကြာပြီးနောက် သူ့အခြေအနေက အကောင်းဆုံးအခြေအနေ ဖြစ်လာသောကြောင့် ထွက်ခွာဖို့ သူက ပြင်ဆင်လိုက်သည်။

သို့သော် သူထွက်ခွာခါနီးတွင် မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။

ရွှံ့နွံအစွန်းကို ရောက်နေတဲ့ လူအများကြီးကို သူတွေ့လိုက်ရသည်။

ဒီတောနက်ကြီးထဲမှာ လူဒီလောက် အများကြီး ဘာလို့ ရှိနေတာလဲ..။

.....

All Chapters