ကြော်ငြာ
Vol. 5 Ch. 63
"အားးး"
ချင်ရွယ်သည် ထိတ်လန့်တကြားအော်ဟစ်ကာ သူမ နောက်မှာ ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင် လိုက်လာနေသလိုမျိုး ကမ်းစပ်ကို အမြန်ပြေးတက်လာ၏။
သူမအနားရှိ ကင်မရာသမားသည် ယခုအချိန်ထိတိုင်း ကင်မရာကို သူမဆီသို့ အခိုင်အမာ ချိန်ရွယ်ထားဆဲပင်။
“ကောင်းတယ်!”
တစ်ချိန်တည်းမှာပင် ကမ်းပေါ်ရှိ ဖုန်ကျဲသည် ပေါင်ကို ရိုက်လိုက်၏။ သူ့မျက်နှာထက်မှာ ကျေနပ်မှုအပြည့်ရှိနေသည်။
" ချင် မင်းရဲ့သရုပ်ဆောင်ချက်က အရမ်းကောင်းတယ်!"
ဖုန်ကျဲသည် ချင်ရွယ်ကို ချီကျူးရင်း သူမဆီ လျှောက်လာသည်။
တခြားအဖွဲ့သားတွေကလည်း ဒီအချိန်မှာ ပြုံးနေကြ၏။ ချင်၏ ယခင်သရုပ်ဆောင်မှုမှာ ပြီးပြည့်စုံသည်ဟု သူတို့ ခံစားကြရသည်။
"ဟူးးး "
ချင်ရွယ်ကို ကင်မရာဖြင့် ရိုက်ကူးနေတဲ့ ကင်မရာသမားက ရိုက်ကူးခြင်းကို ရပ်တန့်ကာ ကင်မရာကို ခုံတစ်ခုပေါ်တင်၍ သက်ပြင်းတစ်ချက်ချသည်။
ကင်မရာက အရမ်းလေးသည်။ ဤဧရိယာရှိ မြင်ကွင်းအားလုံးကို ရိုက်ကူးရန် လူတစ်ဦးတည်းကိုသာ လိုသည်မှာ ကံကောင်း၏။ ၎င်းက အချိန်ကုန် လူပင်ပန်းခြင်းကို သက်သာစေသည်။
ဖုန်ကျဲက လမ်းလျှောက်လာပြီး။ ပြေးနေဆဲဖြစ်သော ချင်ရွယ်ကို လှမ်းဆွဲလိုက်သည်။ ထိုနောက် သူမကို ချီးကျူးရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်...
"ဒီမှာ မြွေ... မြွေကြီး ရှိနေတယ်!" ချင်ရွယ်က တုန်ရင်စွာနှင့် ပြောသည်။
"ဟားး.. ဟားး.. ဟားး"
ချင်ရွယ်၏ စကားကိုကြားပြီးနောက် ဖုန်ကျဲက ရယ်လိုက်သည်။
"ချင် ရိုက်ကူးရေး ပြီးသွားပြီ၊ မင်း အခုအနားယူလို့ရပြီ"
သူက ချင်ရွယ်ရဲ့ ကျောကို ညင်သာစွာ ပွတ်သပ်ပြီး သူမကို စိတ်တည်ငြိမ်အောင် ကြိုးစားသည်။
"သရုပ်ဆောင် ချင်က သူ့ဇာတ်ညွှန်းကို အရမ်းအလေးအနက်ထားပြီး ဇာတ်ညွှန်းထဲမှာ အရမ်းနှစ်မြှုပ်နေတာပဲ"
ဖုန်ကျဲဘေးက ဦးထုပ်နဲ့လူက ရယ်ရယ်မောမောနဲ့ ပြောလိုက်သည်။
ဒါကိုကြားတော့ ဖုန်ကျဲက ပြုံးပြီး ပြန်ဖြေ၏။
“ဒါက သရုပ်ဆောင်ကောင်းတွေမှာ ရှိသင့်တဲ့ စရိုက်လက္ခဏာတစ်ခုပဲ၊ ဇာတ်ကွက်ထဲမှာ နှစ်မြှုပ်ထားမှ သူတို့ရဲ့ စိတ်ခံစားချက်တွေနဲ့ ဇာတ်ကောင်နဲ့ တစ်ထက်တည်းကျနေမှာ.."
“အခုနောက်ပိုင်း သရုပ်ဆောင်အများစုက အလုပ်မကြိုးစားချင်ကြသလို... စိတ်ခံစားချက်တွေက ဇာတ်ကောက်ရဲ့ ပုံသဏ္ဍာန်မကိုက်ညီကျဘူး။ ချင်လိုမျိုး သရုပ်ဆောင်တွေသာ သူတို့မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိနိုင်တာ"
ထိုသ်ို့ပြောပြီးနောက် ဖုန်ကျဲသည် ချင်ရွယ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
"မဟုတ်ဘူး ဒါရိုက်တာ!"
ချင်ရွယ် ငိုပြီးပြောလိုက်၏။ သူမက ငိုနေရင်း ဖုန်ကျဲ လက်ကိုကိုင်ကာ ထိတ်လန့်တကြားဆက်ပြောသည်။
"ဒီမှာ မြွေတွေရှိတယ်။ ဧရာမ စပါးအုံးမြွေကြီးတွေ ရှိတယ်!”
ဘာ..။
ဖုန်ကျဲ နှင့် ကျန်လူများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
မြွေလား? ဘာမြွေလဲ။
ရုတ်တရက် သူမ၏ စကားကိုကြားလိုက်သည့် လူတိုင်း စိတ်ရှုပ်သွားသည်။
ရှပ်.. ရှပ်.. ဂျွတ်
ထိုအချိန် တွားသွားသံများ ထွက်ပေါ်လာပြီး လူတိုင်း၏မျက်နှာကို တင်းမာသွားစေသည်။ အသက်ရှုရပ်သွားမတက် လေထုဟာ တင်းမာလာ၏။
လူတိုင်း အသံရဲ့အရင်းအမြစ်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ကြသည်။
“ဂလု”
ဖုန်ကျဲ အံကြိတ်လိုက်၏။ သူ့ခြေထောက်တွေက ဂျယ်လီလို ဖြစ်သွားပြီဟု သူခံစားလိုက်ရသည်။
မနီးမဝေးတွင် ဧရာမစပါးအုံးမြွေကြီး တစ်ကောင်သည် ချုံပုတ်များဘက်မှ ထွက်လာပြီး ကမ်းစပ်တစ်လျှောက် သွားနေသည်။
ဤစပါးအုံးမြွေကြီးသည် အနည်းဆုံး (၁၀) မီတာရှည်လျားပြီး အရွယ်ရောက် လူတစ်ယောက်၏ ပေါင်လုံးထက် များစွာပိုထူသည်။
ဤမျှကြီးမားသောစပါးအုံးမြွေအတွက် အရွယ်ရောက် လူတစ်ဦးပင် သရေစာလောက်သာ ဖြစ်နိုင်၏။
"အကိုဖုန်၊ အကိုဖုန်"
စပါးအုံးမြွေကြီးကို ထပ်မံမြင်တွေ့ပြီးနောက် ချင်ရွယ်သည် ချက်ခြင်းပင် သေလုမတက် ကြောက်လန့်သွားခဲ့သည်။ သူမသည် ဖုန်ကျဲ၏ လက်မောင်းကို ကြောက်လှန့်တကြား ဖက်လိုက်သည်။ သူမ၏ ရင်သားများကို သူ့လက်နှစ်ဖက်တွင် ကပ်ထား၏။
သို့သော် ထိုအချိန်တွင် ဖုန်ကျဲသည် ၎င်းကို ဂရုမစိုက်နိုင်ဘဲ အလွန်တုန်လှုပ်နေ၏။
သူ့ ဦးနှောက်၏ လုပ်ဆာင်မှုများပင် ရပ်ဆိုင်း နေခဲ့သည်။
အခြားသူများသည်လည်း တူညီသည့် ပုံစံဖြင့် စိုက်ကြည့်နေကြသည်။
စပါးအုံးမြွေကြီး၏ တဟုန်ထိုး တွားသွားနေခြင်းကို ကြည့်မြင်နေရသည့် လူများသည် မျက်တောင်ကိုပင် မခတ်ဝံ့ကြပေ။ ၎င်းဧရာမစပါးအုံးမြွေကြီး ရုတ်တရက် ဒေါသူပုန်ထကာ တိုက်ခိုက်လာမည်ကို ကြောက်နေကြ၏။
သို့သော် ဧရာမစပါးအုံးမြွေကြီးသည် ၎င်းတို့ကို တစ်ချက်မျှပင် မကြည့်ဘဲ ကမ်းစပ်တစ်လျှောက် တွားသွားကာ တဖြည်းဖြည်းနှင့် ဝေး၍ဝေး၍ သွားသည်။
စပါးအုံးမြွေကြီး သူတို့နှင့် မီတာ (၁၀၀) ကျော် ရောက်သွားမှသာ အနီးရှိ လေထု၏ တင်းကျပ်မှုက တဖြည်းဖြည်း ပြောလျော့သွား၏။
“ဟူး...”
လူအုပ်ကြီးထဲမှ လူအချို့က သက်ပြင်းတစ်ချက်ချ၍ နောက်ပြန်လှည့်ကာ ခါးသီးသော အပြုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဧရာမစပါးအုံးမြွေအကြောင်း ရုပ်ရှင်ရိုက်ဖို့ ဒီတောနက်ထဲကို ရောက်လာကြစဉ်က.. လူတိုင်းဟာ သူတို့ တကယ့် ဧရာမစပါးအုံးမြွေကြီးနဲ့ တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဤလူများသည် ယခုမှသာလျှင် နားလည်သွားကြသည်။ ချင်ရွယ်သည် လုံးဝသရုပ်ဆောင်နေခြင်းမဟုတ်ပေ။
လူတိုင်း စပါးအုံးမြွေကို တစ်ချိန်က မြင်ဖူးကြ၏။ တိရစ္ဆာန်ရုံအများစုတွင် စပါးအုံးမြွေ အများအပြားရှိသည်။
သို့ပေမယ့် သူတို့မြင်ဖူးသည့် စပါးအုံးမြွေအများစုဟာ (၃) မီတာတောင် မရှိပေ။ (၄) မီတာ၊ (၅) မီတာ အရှည်ရှိသည့် စပါးအုံးမြွေများသည်ပင် တိရစ္ဆာန်ရုံတွေ၌ ရှားပါး၏။ ပို၍အရေးကြီးသည်မှာ ၎င်းတို့အားလုံးသည် အကာအကွယ်မှန်အဖုံးနောက်တွင် ရှိနေကြခြင်းဖြစ်သည်။
သို့ပေမယ့် သူတို့ အခုမြင်လိုက်ရတဲ့ စပါးအုံးမြွေဟာ အနည်းဆုံး (၁၀) မီတာလောက် ရှည်သည်။
အကယ်၍ တိုက်တစ်ထပ်၏ အမြင့်သည် သုံးမီတာခန့်ရှိသည် ဆိုပါက.. ထိုစပါးအုံးမြွေသည် မတ်တပ်ရပ်နေမည်ဆိုလျှင် ၎င်းသည် အထပ် (၃) ရှိတိုက်ထက် မြင့်မည်ဟု ဆိုလိုပေသည်။
ဒီလောက်ကြီးမားတဲ့ စပါးအုံးမြွေကြီးကို လူတိုင်း အပြင်မှာ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
“ဒါ……”
ဒါရိုက်တာဖုန်သည် စပါးအုံးမြွေကြီး၏ အဝေးက နောက်ကျောကို လှမ်းကြည့်ကာ သူ့နဖူးပေါ်မှ အေးစက်သော ချွေးများကို သုတ်လိုက်သည်။ ထိုနောက် သူ အဖွဲ့သားတွေကို တုန်ယင်စွာနှင့် ပြောလိုက်၏။
“ဒီနေရာမှာ ဒီလောက်ကြီးမားတဲ့ စပါးအုံးမြွေကြီး ဘယ်လိုရှိနိုင်မှာလဲ”
ပြောပြီးသည်နောက် သူ့မျက်လုံးတွေက လူအုပ်ထဲမှာ ရှိနေတဲ့ လမ်းပြဘက်ကို လှည့်သွားသည်။
လမ်းပြ၏ ရှုပ်ထွေးနေသည့်အကြည့်က သူ မသိကြောင်း ညွှန်ပြနေသည်။
“ဒီစပါးအုံးမြွေဟာ အနည်းဆုံး ၁၀ မီတာ ရှိလိမ့်မယ်။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အကြီးမားဆုံးမြွေလည်း ဖြစ်နိုင်တယ်”
ဦးထုပ်နှင့်လူက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
"ငါတို့ကံကောင်းတာလား ကံဆိုးတာလား ငါတကယ် မသိတော့ဘူး"
အခြားလူများအားလုံး မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ စပါးအုံးမြွေကြီးနဲ့ ထိပ်တိုက်တွေ့မှုက သူတို့ရဲ့ ခွန်အားတွေ ကုန်ဆုံးသွားစေခဲ့သည်။
ဦးထုပ်နှင့်လူ၏ စကားကိုကြားသောအခါ လူတိုင်း ခေါင်းယမ်းကြသည်။
ဤစပါးအုံးမြွေကြီးသည် အလွန်ရှားပါးသောကြောင့် လူများသည် ၎င်းနှင့်တွေ့ဆုံလိုလျှင်ပင် ထီပေါက်ခြင်းထက်ပင် ခက်ခဲပါသည်။ သူနဲ့တွေ့တဲ့ ဘယ်ဇီဝဗေဒပညာရှင်ဆိုရင် အရမ်းစိတ်လှုပ်ရှားနေပေမည်။
ဒါပေမယ့် သူတို့လို သာမန်လူတွေက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ သားရဲအရိုင်းအစိုင်းတွေနဲ့ မတွေ့ချင်ကြပေ။
“အခုစဉ်းစားကြည့်လိုက်တော့... ဒီရေကန်ထဲက မိကျောင်းတွေကို အဲ့စပါးအုံးမြွေများ စားလိုက်တာလား”
ရုတ်တရက် လူအုပ်ထဲက တစ်ယောက်က ပြောလိုက်၏။
ထိုနောက် လေထုက တင်းမာလာပြန်သည်။
ဒီနေရာကို ရောက်တဲ့အခါ လူတိုင်းက သူတို့မျှော်လင့်ထားတဲ့ မိကျောင်းတွေကို မတွေ့ခဲ့တာကြောင့် နေရာပြောင်းရွှေ့သွားတာ ဖြစ်မည်ဟု၊ ထိုစဉ်က ကောက်ချက်ချကြခဲ့ကြသည်။ ယခုမူကား၊ ဤအချင်းအရာသည် ထိုမျှလောက် မရိုးရှင်းတော့ပေ။
ထိုဧရာမ စပါးအုံးမြွေသည် စိမ့်အိုင်အတွင်းရှိ မိကျောင်းအားလုံးကို စားသွားနိုင်သည်ဟု အတွေးက လူတိုင်း၏ ကျောရိုးကို အေးခဲသွားစေသည်။
အကယ်၍ ထိုစပါးအုံးမြွေကြီးသည် ၎င်းတို့ကို စားသောက်ရန် ရည်ရွယ်ထားလျှင် လူတိုင်းသည် ယခုတိုင်းရှင်သန်နေမည် မဟုတ်ပေ။
အထူးသဖြင့် ချင်ရွယ်ပင်၊ သူမသည် ယခုအချိန်တွင် အလွန်ကြောက်ရွံ့တုန်လှုပ်နေသည်။
ကံကောင်းထောက်မစွာပင် ထိုစပါးအုံးမြွေကြီးသည် ညောင်ပင်ကြီးမှာ ရှိနေခဲ့သည်။ ရေထဲမှာသာ ရှိနေခဲ့ရင်...
....
သူမသည် စိမ့်အိုင်အတွင်းသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားချိန်ကို တွေးကြည့်ရုံဖြင့် ပိုပိုတုန်လှုပ်၊ ကြောက်ရွံ့လာသည်။ ထိုအချိန်မှာသာ ရုတ်တရုပ် ထိုဧရာမစပါးအုံးကြီးသာ သူမကို တိုက်ခိုက်လိုက်ပါက...
ဒါကိုတွေးပြီး ချင်ရွယ် ခန္ဓာကိုယ်လေး ကြောက်ရွံမှုကြောင့် တုန်ယင်သွား၏။
"ကောင်းပြီ၊ အားလုံးစဉ်းစားမနေနဲ့တော့!"
ဖုန်ကျဲက လက်ခုပ်တီးသည်။
"ကဲကဲ အားလုံးနားထောင် အခုချက်ချင်း အထုပ်အပိုးတွေ သိမ်းကြ။ နေရာပြောင်းရမယ်"
ဧရာမစပါးအုံးမြွေကြီး ထွက်သွားပေမယ့် ပြန်လာနိုင်တာကြောင့် ဤနေရာမှ အမြန်ထွက်သွားရပေမည်။
ထိုစကားကြားပြီးနောက် အဖွဲ့သားများ စိတ်သက်သာရာသွားသည်။
ဖုန်းကျဲသာ ဒီနေရာကို ဆက်ပြီး ရုပ်ရှင်ရိုက်ဖို့ တွန်းအားပေးနေတယ်ဆိုရင် သူတို့အသက်အန္တရာယ်ကို တကယ်ပဲ စွန့်စားရလိမ့်မည်။
ထုပ်ပိုးပြီးသည့်နောက် အားလုံး ထွက်ခွာရန် ပြင်လိုက်၏။
"ရှောင်လုံး မင်းဖုန်းနောက်မှ ကြည့်လို့ရတယ်။ ဒီက မြန်မြန် ထွက်သွားရအောင်!"
ဖုန်းကျဲက ဦးထုပ်နှင့်လူကို မြန်မြန်ထွက်သွားဖို့ တိုက်တွန်းလိုက်သည်။
'ဒီကောင်ကွာ.. ဒီအချိန်မှာ ဂိမ်းဆော့ကစားဖို့ စိတ်ကူးရှိသေးတယ်။ ဒီကောင် သေမှာမကြောက်ဘူးလား..'
ဦးထုပ်ဆောင်းထားသည့် အမျိုးသားသည် သူ့ဖုန်းကို ကြည့်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် ခေါင်းယမ်းကာ လမ်းလျှောက်လာ၏။ သို့သော် ဦးထုပ်နှင့်လူ ကြည့်နေသည့် အရာကို မြင်လိုက်သည်နှင့် သူအံ့အားသင့်သွားသည်။
ဦးထုပ်နှင့် လူသည် သူ့ရဲ့ လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုတစ်ခု ကြည့်နေသည်။
၎င်းက မကြာမီက သူတို့နားမှ ဖြတ်သွားခဲ့သည့် ဧရာမစပါးအုံးမြွေ၏ ဗီဒီယိုဖိုင်ဖြစ်သည်။
"အစ်ကိုဖုန်၊ ငါတို့ရုပ်ရှင်အတွက် ကြော်ငြာရပြီထင်တယ်"
.....