အစီအစဉ်ရှိုး
Vol. 5 Ch. 64
ဖန့်ရန်သည် သူမထွက်ခွာခင် ထိုလူတွေ ဇာတ်ကားရိုက်နေတာကို ကြည့်နေခဲ့သည်။
သို့သော် ဤနေရာတွင် ထိုလူတွေသည် အကြာကြီးနေရန် စီစဉ်ထားကြောင်းကြားပြီးနောက် သူ၏ စိတ်ပြောင်းသွားပြီး ချုံပုတ်ထဲမှ ထွက်ခဲ့၏။
သူ့ကြောင့် ထိုအဖွဲ့မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဘယ်လောက်အထိ ဖြစ်ခဲ့တယ်ဆိုတာတော့ သူ ဂရုမစိုက်ခဲ့ချေ။
...
စိမ့်အိုင်က ထွက်လာပြီးနောက် ဖန့်ရန်သည် ၎င်းနှင့်ဆင်တူသည့်နေရာကို ရှာဖွေရန် စိတ်ကူးထား၏။
အစာကွင်းဆက်၏ ထိပ်ဆုံးရှိ သားရဲများသည် ပုံမှန်သားကောင်များထက် စနစ်အမှတ် ပိုမိုပေးစွမ်းနိုင်ပြီး ထိပ်တန်းသားကောင်များပြည့်နေသည့် နေရာကိုသာ သူတွေ့ရှိပါက ဆင့်ကဲဖြစ်စဉ်သည် အလွန်လျင်မြန်လာမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဆယ်ရက်ခန့်ရှာဖွေပြီးသည့်တိုင် သူနေထိုင်ရန်သင့်တော်သောနေရာကို ရှာမတွေ့သေးပေ။
ဖန့်ရန်က သူ့အတွက် သင့်လျော်သော နေရာတစ်ခုကို ရှာဖွေနေချိန်၌...
ဖုန်ကျဲနှင့် သူ၏ အဖွဲ့သားများသည် နောက်ဆုံးတွင် မြင်ကွင်းအားလုံးကို မှတ်တမ်းတင်ပြီး တောင်ပေါ်မှ အလျင်အမြန် ဆင်းလိုက်ကြသည်။
သို့သော် သူတို့သည် တောထဲ၌ အလွန်နက်ရှိုင်းစွာ ရောက်နေသောကြောင့် အရှိန်ပြင်းပြင်းနှင့်ပင် မြို့ထဲသို့ရောက်ရန် တစ်လခွဲခန့် အချိန်ယူရသေးသည်။
သူတို့သည် ရုပ်ရှင်အတွက် လိုအပ်သော ဇာတ်ဝင်ခန်းများအားလုံးကို ရိုက်ကူးခဲ့ပြီ ဖြစ်သောကြောင့် ကျန်အရာအားလုံးမှာ ထုတ်လုပ်ရေးအပိုင်းသာဖြစ်၏။
မကြာမီပင် ဖုန်ကျဲသည် ၎င်း၏ဇာတ်ကားကို စတင်ပရိုမိုးရှင်းလုပ်တော့သည်။
...
ရှောင်လျို့သည် ရေချိုးပုဝါကို ၀တ်ဆင်ကာ ရေချိုးခန်းမှ ထွက်လာခဲ့သည်။
ဒီနေ့ သူမ မိဘတွေက အလုပ်ကိစ္စနဲ့ ခရီးထွက်တာကြောင့် အိမ်မှာ သူမ တစ်ယောက်တည်း ရှိနေသည်။
ရှောင်လျို့ စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အချိန်ကို ကြည့်လိုက်သည်။
ည ၈ နာရီ...
ရှောင်လျို့သည် အနည်းငယ် ငြီးငွေ့နေခြင်းကနေ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ သူမသည် ဆိုဖာဆီသို့ သွားထိုင်လိုက်ပြီး
တီဗီရီမုကို ကိုင်ကာ တီဗီကို ဖွင့်လိုက်၏။
စနေနေ့ည 8:00 နာရီတွင် သူမ အကြိုက်ဆုံး စီစဉ်သူ ဟန်နာသည် "ဖျော်ဖြေရေး ကမ္ဘာ" ဟုခေါ်သော အစီစဉ်ရှိုးကို Apple Terrace ရုပ်သံလိုင်းတွင် ထုတ်လွှင့်လေ့ရှိသည်။
ဤအစီအစဉ်က နာမည်ကြီး ဖျော်ဖြေရေး ကြယ်ပွင့်တွေကို ဖိတ်ခေါ် ဆွေးနွေးသည့် အစီအစဉ်ဖြစ်သည်။
ဒီနေ့ကနေ့အတွက် ဧည့်သည်တော်မှာ ဒါရိုက်တာ ဖုန်ကျဲ ဖြစ်သည်။
ဖုန်ကျဲက ၎င်း၏ ဇာတ်ကားသစ် “ဧရာမမြွေ အန္တာရာယ်” ကို ပရိုမိုးရှင်းလုပ်ရန် ရည်ရွယ်ထားသည်။
ရှောင်လျို့က ဒီဇာတ်ကားသာ ကြည့်လို့ကောင်းရင် သူ့သူငယ်ချင်းတွေနဲ့ သွားကြည့်မယ်လို့ တွေးမိ၏။
၎င်းချန်နယ် ပြောင်းပြီးချိန်မှာ ရှိုးက စတင်နေပြီဖြစ်သည်။
အစီစဉ် တင်ဆက်သူ ဟန်နာနှင့် ဧည့်သည်တော် ဖုန်ကျဲတို့သည် စင်မြင့်ပေါ်မှ လျှောက်လာခဲ့ကြ၏။ သူတို့သည် ထိုင်ပြီးနောက် ပင်မအကြောင်းအရာကို မပြောမီ နှုတ်ဆက်စကားနှင့် စတင်ခဲ့ကြသည်။
"လက်ရှိ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားအသိုင်းအဝိုင်းကြားမှာ ဒါရိုက်တာဖုန်ကျဲဆိုတာ ထိပ်တန်းဒါရိုက်တာတွေထဲက တစ်ယောက်ဆိုတာ အားလုံးသိကြမှာပါ"
ထိုစကားကို ပြောအပြီး၊ အစီစဉ် တင်ဆက်သူ ဟန်နာကို ဖုန်ကျဲက နှိမ့်ချစွာ ပြုံးပြီး တုံ့ပြန်၏။ သူ့ရဲ့ တုံ့ပြန်မှုကို မြင်တော့ ဟန်နာက ဆက်ပြောသည်။
“ဒါရိုက်တာဖုန် ရိုက်ကူးတဲ့ ရုပ်ရှင်အသစ်တိုင်းကို အားလုံးက အများကြီး မျှော်လင့်ထားကြပါတယ်။ ဒီတစ်ကြိမ်ကလည်း ခြွင်းချက်မဟုတ်ပါဘူး။ ပြီးတော့ မကြာခင်က သူ့ရဲ့ ဇာတ်ကားသစ်ကို ကြေငြာပြီးတော့ အင်တာနက်မှာ ပြောနေကြတဲ့ လူတော်တော်များများကို ကျွန်မ သတိထားမိခဲ့တယ်။”
...
“တောထဲမှာ ရိုက်ကူးရေးပြီးသွားပြီလို့ ကြားတယ်။ ရုပ်ရှင်အသစ်အကြောင်း လူတိုင်းသိချင်ကြပေမယ့် သူတို့မှာ အခွင့်အရေးမရှိကြဘူး။ အခု ဒါရိုက်တာဖုန်က ငါတို့ရဲ့ ရှိုးကို ရောက်လာပြီးဆိုတော့ ပရိသတ်တွေ ကိုယ်စား ဒါရိုက်တာဖုန်ကို မေးခွန်းတွေမေးပါမယ်"
"မင်းရဲ့ရိုက်ကူးမှုပုံစံကို ဘာကြောင့်ပြောင်းလိုက်တာလဲ"
ဟန်နာ၏ မျက်နှာပေါ်တွင် စပ်စုလိုသော အကြည့်တစ်ခု ပေါ်လာပြီးမေးမြန်၏။ သူမသည် ဤကိစ္စကို အမှန်တကယ် စိတ်ဝင်စားပုံပေါ်သည်။
ဖုန်ကျဲက သူ့မျက်နှာကို တည်တည်ငြိမ်ငြိမ် ကြည့်ဖြင့် ပြန်ပြောသည်။ သေချာတာကတော့ သူပြင်ဆင်ထားပြီးသားပါ..။
ဟန်နာက မေးခွန်းပေါင်းများစွာကို အဆက်မပြတ်မေးခဲ့ပြီး အစီစဉ်ရှိုး၏ အငွေ့အသက်ကို အသက်ဝင်စေသည်။
နာမည်ကြီး တီဗီအစီအစဉ်တင်ဆက်သူ
ဟန်နာသည် လူတိုင်း၏ စိတ်ခံစားချက်ကို လင်းလက်စေသော ပညာရှင်တစ်ဦးဖြစ်သည်။
နာမည်ကြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ ဖုန်ကျဲဟာ ဆက်သွယ်နိုင်စွမ်းမြင့်မားတဲ့အပြင် ဟာသဉာဏ်လည်းရွှင်၏။ မေးမြန်းနေစဉ်အတွင်း သူ့စကားကြောင့် အစီစဉ် တင်ဆက်သူ ဟန်နာ မကြာခဏ ရယ်မောနေရသည်။
ရှောင်လျို့လည်း မကြာခန ရယ်နေခဲ့သည်။
သူမဟာ ဖုန်ကျဲ၏ ဇာတ်ကားသစ်ကို ပိုပိုပြီး စိတ်ဝင်စားလာခဲ့ပြီ၊ ၎င်းဇာတ်ကား ထွက်လာပြီးနောက်မှာ ကြည့်ဖို့ဆုံးဖြတ်ခဲ့သည်။
ရုတ်တရက် အစီစဉ်တင်ဆက်သူ
ဟန်နာသည် ဖုန်ကျဲကို မေးခွန်းတစ်ခုမေးလိုက်ချိန်၌ ရှောင်လျို့၏ မျက်လုံးများသည် စိတ်ဝင်တစားဖြင့် တောက်ပလာခဲ့သည်။
"ကြည့်ရတာ... ဒါရိုက်တာဖုန် အနေနဲ့ တောထဲမှာ စိတ်ဝင်စားစရာတွေ တစ်ခုခု တွေ့လာပုံပေါ်တယ်။ ဒီပွဲမှာ ငါတို့အားလုံးနဲ့ မျှဝေလို့ရမလား"
"ဟား.. ဟား.. ဟား.."
ဖုန်ကျဲက ရီမောလိုက်၏။ ထိုနောက် သူက စတင်ပြောသည်။
"ဒီလိုမေးလာတာ ဝမ်းသာမိတယ်။ အင်း.. တောရိုင်းထဲမှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အရာ တစ်ခုကို မကြာခင်က ကျုပ်တို့ တွေ့မြင်ခဲ့ရတယ်"
ဖုန်ကျဲက သူ့ကိုယ်ဟန်အနေအထားကို ပြင်ကာ ဆက်ပြောသည်။
“အဲဒီ အချိန်တုန်းက ကျနော်တို့တွေ တရုတ်နိုင်ငံ ကျီးမဲတောင်ရဲ့ သစ်တောထဲက အလွန်နက်ရှိုင်းတဲ့ နေရာကို ရောက်နေချိန်မှာပေါ့... အဲ့ဒီအချိန်မှာ အလွန်ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တစ်ယောက် ပေါ်လာခဲ့တယ်။”
"ဘာတိရစ္ဆာန်များလဲ တောဝက်လား၊ ဝံပုလွေလား၊ ဒါမှမဟုတ် ကျားသစ်များလား" ဟန်နာက အလိုလိုကြားဖြတ် မေးမိသည်။
ဖုန်ကျဲက ပြုံးပြီး ခေါင်းယမ်း၏။ ထို့နောက် ဟန်နာကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"အင်း... အစီစဉ်တင်ဆက်သူ ဟန်နာက အတော်လေး သိချင်နေတာပဲ၊ အရမ်းသိချင်နေရင်း မကြာခင်က ကျွန်တော်ပေးခဲ့တဲ့ USB ကို ဖွင့်လိုက်ပါ..”
ဤစကားကိုကြားတော့ ဟန်နာရဲ့ မျက်လုံးတွေ တောက်ပလာပြီး အဓီကဖန်သားပြင်ကို မျှော်လင့်ချက်တွေနဲ့ ကြည့်လိုက်၏။ အစီစဉ်ရှိုးကို ကြည့်နေကြသည့် ပရိသတ်တွေပင် သူမ၏ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံကို မြင်တွေ့နေရသည်။
မကြာမီ ထိုစိတ်ခံစားချက်တွေ ကူးစက်သွားကာ တီဗီကြည့်နေသော ရှောင်လျို့ကိုပင် ပြသလာမည့်အရာကို စောင့်မျှော်နေမိစေသည်။
ရုတ်တရက် အဓီကဖန်သားပြင်ကြီးသည် တောက်ပလာပြီး၊ ၎င်း၌ ရုပ်သံတစ်ခု ပေါ်လာသည်။
ရုပ်သံထဲ၌ သစ်ပင်ကြီးတွေ နေရာတိုင်းမှာရှိနေ၏။ ၎င်းရုပ်သံကို တစ်ချက်ကြည့်ရုံဖြင့် သစ်ပင်ကြီးများကို သိသာရှင်းလင်းစွာ မြင်ရပေမည်။
ရုတ်တရက် မြင်ကွင်းထောင့်သည် အောက်ပိုင်းသို့ အကျယ်ချဲ့ရင်း ရွေ့သွားသဖြင့် စခရင်ပေါ်ရှိ ရုပ်သံလည်း မှုန်ဝါးသွား၏။ တစ်ချိန်တည်းမှာပင် တီဗီမျက်နှာပြင်ပေါ်တွင် အရိပ်ကြီးတစ်ခု ပေါ်လာသည်။
သိပ်မကြာခင်မှာပဲ ၎င်းက တဖြည်းဖြည်း ရှင်းလင်းလာပြီး၊ အရိပ်ကြီး၏ ပုံရိပ်အမှန်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။
ဧရာမစပါးအုံးမြွေ။
"ဘုရားရေ"
အာမေဋိတ်သံများသည် အစီစဉ်ရှိုး၏ နေရာတိုင်းတွင် ထွက်ပေါ်လာသည်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ အားလုံးက တုန်လှုပ်သွားခဲ့သည်။
စပါးအုံးမြွေက အကြီးကြီးဖြစ်သည်။ ရုပ်သံထဲတွင် သစ်ပင်ကြီးတွေ ရှိနေသောကြောင့် သူတို့သည် ထိုစပါးအုံးမြွေ၏ အရွယ်အစားကို အကြမ်းဖျင်း ခန့်မှန်းနိုင်ကြသည်။
စပါးအုံးမြွေ၏ ကိုယ်ထည်အရှည်သည် အနည်းဆုံး (၁၀) မီတာရှိပြီး ၎င်း၏အချင်းသည် (၃၀) စင်တီမီတာထက် ပိုနေနိုင်သည်။
"ဒါရိုက်တာဖုန်"
အစီစဉ်တင်ဆက်သူ ဟန်နာက ဝုန်းခနဲထရပ်ကာ ဖုန်ကျဲကို ချက်ချင်းမေးလိုက်သည်။
“ဒါရိုက်တာဖုန်၊ ဒီရုပ်သံထဲက စပါးအုံးမြွေကြီးက အမှန်ပဲလား”
"အမှန်ပါပဲ၊ ဒီစပါးအုံးမြွေကြီးက အနည်းဆုံး ဆယ်မီတာလောက် အရှည်ရှိတယ်၊ ဒါက တရုတ်ပြည်ကို ဘယ်လိုရောက်လာမှန်း မသိပေမယ့်... ဒီရုပ်သံက စစ်မှန်တယ်လို့ ကျွန်တော် အာမခံနိုင်တယ်။ သံသယရှိတဲ့လူတွေကတော့ ကျွမ်းကျင်ပညာရှင်ထံ မေးမြန်းနိုင်ပါတယ် "
ဆိုဖာပေါ်က ရှောင်လျို့သည် ဧရာမစပါးအုံးမြွေကြီးကို မြင်ပြီးနောက် ထိတ်လန့်သွားသည်။
ထိုအချိန်တွင် ကင်မရာသမားသည် နံရံတွင်ချိတ်ထားသော ဖန်သားပြင်ရှိ ရုပ်သံကို ရုတ်တရက် အကျယ်ချဲ့၍ ပရိတ်သတ် အားလုံးကို ၎င်းရှိ ဧရာမစပါးအုံးမြွေကြီးကို အသေးစိတ်မြင်တွေ့နိုင်စေသည်။
ရှောင်လျို့သည် စပါးအုံးမြွေ၏ ခန္ဓာကိုယ်ရှိ မျဉ်းကြောင်းများနှင့် အကြေးခွံများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
“ဒါက...”
ရှောင်လျို့ အသံပင် မထွက်နိုင်ပေ။ ဓာတ်ပုံကို အကျယ်ချဲ့ပြီးနောက် မြေပြင်ပေါ်တွင် တွားသွားနေသည့် ဧရာမစပါးအုံးမြွေကြီးသည် သူမရှေ့တွင် ပေါ်လာသလိုမျိုး သူမကို တုနှိုင်းမရတဲ့ ထိတ်လန့်မှုတစ်ခု ခံစားရစေသည်။
"ဒီမြွေက အကြီးကြီးပဲ..."
ရှောင်လျို့က ထိတ်လန့်စွာရေရွတ်လိုက်သည်။ မကြာမီ သူမ၏ စိတ်တည်ငြိမ်သွားပြီးနောက် သူမသည် ထိုစိတ်ဝင်စားစရာကောင်းသောအရာကို ဝေမျှရန် သူမ၏ သူငယ်ချင်းများကို ချက်ချင်းဖုန်းခေါ်ပြီး ပြောပြလိုက်သည်။
ရုတ်တရက် လိမ္မော်ရောင် အမွှေးများနှင့် ရှဉ့်တစ်ကောင်သည်။ ဆိုဖာပေါ်ခုန်တက်လာကာ တဆက်တည်း စားပွဲပေါ်ကို ခုန်တက်သွားသည်။
ထို့နောက် စားပွဲတစ်ဖက်သို့ ပြေးသွားကာ ရပ်လိုက်သည်။ ထိုနေရာတွင် ဖွင့်လှစ်ထားသည့် မဂ္ဂဇင်းစာအုပ်တစ်အုပ် ရှိနေသည်။ ဖွင့်လှစ်ထားသည့် စာမျက်နှာပေါ်တွင် ပုံတစ်ပုံပါရှိ၏။
၎င်းပုံမှာ သစ်ပင်တစ်ပင်၏ ပင်စည်အခေါင်းပေါက်ဝတွင် မြွေတစ်ကောင်၏ ခေါင်းကို ရှဉ့်လေးတစ်ကောင်မှ ဖက်ထားသည့် ပုံဖြစ်သည်။
ရှဉ့်လေးဟာ မဂ္ဂဇင်းထဲက ၎င်းပုံကို ခဏကြာ စိုက်ကြည့်နေ၏။ ထိုနောက် ရှဉ့်လေးက ခေါင်းလှည့်လိုက်စဉ် ရှောင်လျို့က တီဗီကြည့်နေတာကို မြင်လိုက်ရတော့ သူ့ဘေးနားက တီဗီကို လှမ်းကြည့်လိုက်သည်နှင့် တပြိုင်နက် တီဗီမှ မြွေကြီးတစ်ကောင်ကို ချက်ချင်း သတိထားမိသည်။
"ဟစ်အော်"
ရှဉ့်လေးက ထအော်သည်။
.....