လေ့လာရေးခရီးစဉ်
Vol. 5 Ch. 65
ရှဥ့်လေး၏ အော်ဟစ်သံကိုကြားတော့ ရှောင်လျို့က ငုံ့ကြည့်လိုက် သူမ၏ လက်ကို ဆန့်တန်းကာ ရှဉ့်လေးကို ပွတ်သပ်လိုက်သည်။
တီဗွီကို စိုက်ကြည့်နေသော ရှဥ့်လေးအား ကြည့်ရင်း ရှောင်လျို့က တိုးတိုးလေးပြောသည်။
“အဲဒါ မင်းရဲ့ သူငယ်ချင်းလေး မဟုတ်ဘူး”
ဒီစကားကိုပြောပြီးတဲ့နောက်မှာတော့ သူမဟာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် ထင်းရှူးပင်ရှိ မြွေနှင့် ရှဉ့်လေးတို့ကို သွားရောက်ကြည့်ရှုရန် နတ်သမီးတောင်သို့ တစ်ဖန်သွားရောက်ခဲ့ကြသည်။ သို့သော် သူတို့သည် တစ်ကိုင်းတစ်ခုပေါ်တွင် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရသည့် ရှဉ့်လေးကိုသာ တွေ့ခဲ့ရ၏။
သူ့သူငယ်ချင်းတွေနဲ့ ဆွေးနွေးပြီး နောက်ဆုံးမှာတော့ ရှဉ့်လေးကို ခေါ်လာဖို့ ဆုံးဖြတ်လိုက်ကြသည်။
အရင်က ဆုံခဲ့ကြလို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှဉ့်လေးက သူတို့ကို မကြောက်တာကြောင့် ဘေးကင်းစွာ ခေါ်လာနိုင်ခဲ့သည်။
သို့ပေမယ့် အစပိုင်းမှာ သူတို့ဘာပဲလုပ်လုပ်၊ ရှဉ့်လေးကို စိတ်လှုပ်ရှားသွားအောင် မလုပ်နိုင်ခဲ့ပေ။ သို့ပေမယ့် သူတို့ မဂ္ဂဇင်းကို ဖွင့်ပြီးတာနဲ့ သူ့ပုံကို ပြလိုက်သည်နှင့် ချက်ခြင်းပင် သူသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်ကာ အားအင်များ ပြည့်ဝလာသလိုပင်။
အဲဒီမှသာ သူတို့ ဖြစ်ပျက်ခဲ့တာကို နားလည်သွားကြ၏။
ရှဉ့်လေး အလွန်စိတ်ဓာတ်ကျကာ အားအင်တွေ ချို့တဲ့နေရသော အကြောင်းရင်းက သူ့သူငယ်ချင်းလေးကို ဆုံးရှုံးလိုက်ရလို့ပင်။
ရှောင်လျို့နဲ့ သူ့သူငယ်ချင်းမတွေက အကြောင်းရင်းကို မသိပေမယ့် အဲဒီမြွေဟာ သေနိုင်ချေရှိတယ်လို့ ခန့်မှန်းမိကြသည်။ ထိုကဲ့သို့သောအရာများသည် တောရိုင်းများတွင် အလွန်အဖြစ်များလေ့ရှိသည်။
သူမတို့ ရှဉ့်လေးကို တွေ့ခဲ့စဉ်က သူသည် သစ်ကိုင်းပေါ်တွင် ရပ်နေကာ သူ၏ သူငယ်ချင်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေပုံရသည်။ သို့ပေမယ့် ဘယ်လောက်ပဲ စောင့်ဆိုင်းနေပါစေ သူ့သူငယ်ချင်း ပြန်မလာဘူးဆိုတာ ထင်ရှားပါသည်။
ရှောင်လျို့ ပြောသည်ကို ကြားလိုက်ရသည့် ရှဉ့်လေးသည် တီဗီ အနီးကပ်၍ ဧရာမ စပါးအုံးမြွေကို ကြည့်လိုက်၏။ မကြာမီ သူက စိတ်ဓာတ်ကျသွားသည်။ ဤစပါးအုံးမြွေသည် သူ့သူငယ်ချင်းနှင့် ခပ်ဆင်ဆင်တူသော်လည်း သူမဟုတ်နိုင်ပေ။ ရှဉ့်လေးဟာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းငုံ့၍ စားပွဲထက်မှ ခုန်ချလိုက်သည်။
...
ဒီတစ်ပတ် “ဖျော်ဖြေရေးကမ္ဘာ” အစီအစဉ်ကို တင်ဆက်ပြီးနောက်မှာ ချက်ချင်းဆိုသလို အင်တာနက်ကို ပေါက်ကွဲစေခဲ့၏။ လူတိုင်းက ဖုန်ကျဲရဲ့ အတွေ့အကြုံကို အထူးစိတ်ဝင်စားခဲ့ကြသည်။
၎င်းဓာတ်ပုံသည် သာမန်လူများကို ဆူစေရုံသာမက သိပ္ပံပညာအသိုင်းအဝိုင်းကိုပါ ထိတ်လန့်စေသည်။
ဖုန်ကျဲဆီက ထွက်လာတဲ့ ရုပ်သံဖိုင်ကို လူတိုင်း လေ့လာပြီးတဲ့အခါ သူတို့က တကယ်။ စစ်မှန်ကြောင်း သဘောတူလိုက်ကြသည်။
အချိန်အတော်ကြာအောင် မီဒီယာခေါင်းကြီးပိုင်း အများစုသည် ထိုစပါးအုံးမြွေအကြောင်း သူတို့၏ ထင်မြင်ယူဆချက်ကို ထုတ်ဝေ ရေးသားဖော်ပြကြသည်။
အချို့သော ရုပ်မြင်သံကြားဌာနများပင်လျှင် ဧရာမစပါးအုံးမြွေကြီးအကြောင်း သတင်းများကို ထုတ်လွှင့်ခဲ့သည်။ ဒီအချိန်မှာတော့ ဒီစပါးအုံးနဲ့ပတ်သက်တဲ့ သတင်းအချို့က နိုင်ငံခြားမှာတောင် ရောက်နေပါပြီ။
"ပါမောက္ခ ထန်၊ ငါတို့ ဒါရိုက်တာဖုန်ကျဲနဲ့ ဆက်သွယ်ပြီးပါပြီ"
စာအုပ်တွေနဲ့ ပြည့်နေတဲ့ ရုံးခန်းထဲမှာ လူနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
လူနှစ်ယောက်အနက် တစ်ယောက်က အသက် (၆၀) ဝန်းကျင်လောက်ရှိပြီး နောက်တစ်ယောက်က လူငယ်တစ်ယောက် ဖြစ်၏။
"ဘယ်နေရာလို့ ပြောလိုက်လဲ..."
ထန်ရွှဲက မျက်မှန်ကို ချွတ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
သူက နာမည်ကြီး ဇီဝဗေဒ ပါမောက္ခဖြစ်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူသည် အစပိုင်းတွင် သူ မယုံကြည်ခဲ့သည့် ဧရာမစပါးအုံးမြွေကြီးအကြောင်းကို အဆက်မပြတ်ကြားနေခဲ့သော်လည်း ကျွမ်းကျင်ပညာရှင်များက အဆိုပါဓာတ်ပုံ၏ စစ်မှန်ကြောင်း အတည်ပြုပြီးနောက်.. သူအမှန်တကယ် စိတ်လှုပ်ရှားခဲ့ရသည်။
၎င်းသည် ဧရာမစပါးအုံးမြွေကြီးဖြစ်၏။ ကျွမ်းကျင်သူ၏ ကောက်ချက်ချချက်မှုအရဆို အရှည် (၁၁) မီတာ ဝန်းကျင် ရှိပေသည်။
သဘောတရားက ဤစပါးအုံးသည် လက်ရှိ ကမ္ဘာပေါ်တွင် အရှည်ဆုံးစပါးအုံးဖြစ်နိုင်သည်ဟု ဆိုလိုနေသည်။
လွန်ခဲ့သော ဆယ့်သုံးနှစ်က အနောက်ပိုင်း သဲကန္တာရတွင် ဆယ်မီတာကျော်ရှည်သော စပါးအုံးမြွေတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း လွန်ခဲ့သော ခုနစ်နှစ်က သေဆုံးသွားခဲ့ပြီးဖြစ်၏။ အဆိုပါစပါးအုံးမှာ အရှည် (၁၀.၅) မီတာသာ ရှိသည်။
လက်ရှိ ရှာဖွေတွေ့ရှိသမျှထဲမှ အသက်ရှင်ဆဲ စပါးအုံးမြွေ အကြီးဆုံးက (၉) မီတာ ဖြစ်၏။
...
ဤစပါးအုံးမြွေ၏ အရှည်သည် (၁၁) မီတာကျော် ရှည်လျားပြီး ၎င်းသည် သက်ရှိထင်ရှား အရှည်ဆုံးစပါးအုံးမြွေအဖြစ်သာမက သူတို့ တွေ့ဖူးသမျှထဲမှာ အရှည်ဆုံးစပါးအုံးမြွေလည်း ဖြစ်သည်။ ပိုအရေးကြီးသည်က ဤတရုတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်၏။ ၎င်းက ဇီဝဗေဒပညာရှင်ဟောင်းဖြစ်သည့် သူ့ကို စိတ်လှုပ်ရှားစေသည်။
"ပါမောက္ခ၊ ဒါရိုက်တာဖုန်ကျဲရဲ့ စကားအရဆို ကျီးမည်တောင်ရဲ့ အနက်ပိုင်းက စိမ့်အိုင်တစ်ခုမှာပါ.."
ဤသည်ကို ကြားတော့ ထန်ရွှဲက အတွေးနက်သွားသည်။ သိပ်မကြာခင်မှာပဲ သူ့မျက်လုံးတွေ တောက်ပလာ၏။
"ငါသိပြီ"
လူငယ်က ဆက်ပြောသည်။
"ဒါရိုက်တာဖုန်ကျဲ ရဲ့ အဆိုအရတော့ သူတို့က အဲဒီမှာ မိကျောင်းတစ်ကောင်ကိုမှ ရှာမတွေ့ခဲ့ဘူးတဲ့.... မိကျောင်းတွေက အဲဒီစပါးအုံးမြွေအစားခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြတယ်"
“ဒါပေမယ့် ကျွန်တော့် အထင်တော့ အဲဒီစပါးအုံးမြွေကြီးက အရမ်းကြီးပေမယ့် မိကျောင်းတွေကို အကုန်လုံးကို စားလိုက်တာ မဖြစ်နိုင်ဘူး။ ဒီထက် ဖြစ်နိုင်ခြေပိုများတာက သူတို့ကို စိမ့်ကနေ မောင်းထုတ်လိုက်တာပဲ”
ထန်ရွှဲက ခေါင်းညိတ်ပြီး ပြန်ပြော၏။
"မင်းပြောတာမှန်တယ်။ ဒီဧရာမ စပါးအုံးမြွေက မိကျောင်းအများကြီးမစားနိုင်ဘူး"
ဒီလိုပြောနေရင်း သူက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး လူငယ်ကို မေးလိုက်သည်။
"သေချာ အတည်ပြုပြီးပြီလား။ ဒီစပါးအုံးက မီးခိုးရောင်စပါးအုံး မျိုးစိတ်သေချာလား"
“ဟုတ်ကဲ့.. မှန်ပါတယ်”
ဟန်ချိုက ပြုံးပြီး ခေါင်းညိတ်သည်။
“ဟားဟားဟား”
ထန်ရွှဲက ရယ်ပြီး ပြောသည်။
“ဒီလို ဧရာမမီးခိုးရောင် စပါးအုံးမြွေမျိုးစိတ် အရင်က တစ်ခါမှ ပေါ်မလာဖူးဘူး။ ဒီကောင်ကြီး ဒီအရွယ်ရောက်အောင် ဘာတွေစားနေလဲ ငါတကယ်မသိဘူး"
"ဟန်ချို၊ ဝန်ထမ်းတွေကို ချက်ချင်းစီစဉ်ပါ။ ဖုန်ကျဲ ဧရာမစပါးအုံးမြွေကြီးကို တွေ့ခဲ့တဲ့နေရာကို သွားကြမယ်"
"ကောင်းပါပြီ... ပါမောက္ခ"
ဟန်ချိုက စိတ်လှုပ်ရှားစွာနှင့် ပြန်ဖြေသည်။
ဒီလို စပါးအုံးမြွေကြီးကို သူ့မျက်လုံးနဲ့လည်း
ကိုယ်တိုင်း မြင်ချင်ပါသေးသည်။
ထန်ရွှဲ ရုံးခန်းမှ ထွက်လာပြီးနောက်၊ ပါမောက္ခ ထန်ရွှဲ၏ ပြောကြားချက်အတိုင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ချက်ချင်း စတင် စုစည်းခဲ့သည်။
ဧရာမစပါးအုံးမြွေကို ရှာဖွေတွေ့ရှိမှုကြောင့် ပြင်ပကမ္ဘာကြီး ဆူပွက်နေသကဲ့သို့ပင်။ ဖန့်ရန်သည် ကျီးမည်တောင်၏ မြေပြင်ပေါ်တွင် သွားနေသည်။
သူ ဒီတောင်ပေါ်မှာ ခရီးထွက်နေတာ တစ်လကျော်ခဲ့ချေပြီ။
သို့သော် သူသည် အလျင်စလိုမဟုတ်သောကြောင့် အမြန်မသွားနေခဲ့ပေ။ ဖန့်ရန်သည် သူ၏ အချိန်အများစုကို အမဲလိုက်ရင်း မကြာခဏဆိုသလို အနီးဝန်ကျင်းကို စူးစမ်းလေ့လာခြင်းဖြင့် ကုန်ဆုံးသည်။
ယခုတစ်ကြိမ်တွင် သူတိုးတက်ပြောင်းလဲရန်အတွက် စနစ်အမှတ် (၆၅၀၀၀) လိုအပ်သည်။
သူသည် ဆင့်ကဲဖြစ်စဉ် စတင်ရန် မဝေးလှသော အချိန်က စနစ်အမှတ် (၄၃၆၂၀) ကို စုဆောင်းထားသည်။
တောတွင်း အပူချိန်က တော်တော်မြင့်သည်။ ရာသီက နွေလယ်လောက်ဖြစ်နိုင်၏။
အချိန်တွေ ဘယ်လောက်မြန်မြန်ကုန်သွားလဲဆိုတာကို တွေးရင်း ဖန့်ရန် သက်ပြင်းချလိုက်သည်။
သူသည် မြွေအဖြစ် ကူးပြောင်းပြီးနောက်... အချိန်က တစ်နှစ်ကျော်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
[ဒင်]
[လက်ခံသူသည် ဂုဏ်သတင်းရမှတ် ၁ သန်းကို အောင်မြင်စွာရရှိထားကြောင်း ထောက်လှမ်းမိသည်။ လက်ခံသူသည် ကျွမ်းကျင်မှုရမှတ် ၇ မှတ်အား ဆုလာဘ်အဖြစ် ရရှိသည် ]
ရုတ်တရက် ဖန့်ရန်၏ စိတ်ထဲတွင် စနစ်၏ စက်ပိုင်းဆိုင်ရာ အသံက ထွက်ပေါ်လာသည်။
"ငါ့ရဲ့ နာမည်ဂုဏ်သတင်းရမှတ်က တစ်သန်းတောင် ကျော်လွန်သွားပြီလား..."
"စနစ်၊ ကိုယ်ရေးအချက်အလက်ဇယားကို အသေးစိတ်ပြပါ"
.....