← Chapters

တောဝက်

Vol. 5 Ch. 67

တောဝက်

Vol. 5 Ch. 67

ဆော်လမွန်ငါးများသည် မျိုးပွားရန်အတွက် သမုဒ္ဒရာမှ ရေချိုရှိရာ ဒေသသို့ ပြောင်းရွှေ့လေ့ရှိကြသည်။ ဤဆော်လမွန်ငါးများသည်လည်း သမုဒ္ဒရာမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

သူသည် ဤမြစ်ကို ဖြတ်ကူးလျှင် မကြာမီ သမုဒ္ဒရာသို့ ရောက်ပေမည်။

ယခင်က သူသည် အာဖရိက ဆာဗားနား သို့မဟုတ် အမေဇုန်မိုးသစ်တောကဲ့သို့ သားကောင်ပေါများသော နေရာများသို့ သွားချင်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူသည် ဤကမ္ဘာကြီး၏ ပထဝီဝင်မြေပုံကို မသိချေ။

အကယ်၍ သူသာ ဆာဗားနား၊ ဒါမှမဟုတ် မိုးသစ်တောကိုသာ ရှာမတွေ့ပါက သမုဒ္ဒရာသို့ သွားခြင်းသည်လည်း မကောင်းသော ရွေးချယ်မှုတော့ မဟုတ်ပေ။

သမုဒ္ဒရာသည် ကျယ်ပြောလှသည်သာမက သတ္တဝါများစွာလည်း ရှိသည့်အတွက် ၎င်းသည် သူ့အတွက် မကုန်ဆုံးနိုင်သော အရင်းအမြစ်များရှိသည့် နေရာဖြစ်သည်။

သိုသော် သူ့မှာ လုံလောက်သည့် ခွန်အားရှိနေဖို့တော့ လိုပေသည်။

ခဏလောက် စဉ်းစားပြီးနောက်... အတွေးတစ်ခုက ဖန့်ရန် ခေါင်းထဲ ပေါ်လာခဲ့သည်။

ဆော်လမွန်ငါးများ၏ ရွှေ့ပြောင်းရာသီကုန်ဆုံးပြီးနောက်၊ သူသည် မြစ်ရိုးတစ်လျှောက်မှ သမုဒ္ဒရာထဲသို့ သွားရပေမည်။

အဲဒီမတိုင်ခင်မှာ တတ်နိုင်သမျှ သူ့ခွန်အားတွေ တိုးပွားလာအောင် ကြိုးစားရမည် ဖြစ်သည်။

သမုဒ္ဒရာထဲက သတ္တဝါတွေဟာ ကုန်းနေသတ္တဝါတွေထက် အဆပေါင်းများစွာအစွမ်းထက်၏။

သမုဒ္ဒရာထဲမှာ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် သားရဲသတ္တဝါများစွာ ရှိပေသည်။

ဖန့်ရန်သည် အတွေးများကို ရှင်းလိုက်ပြီး မျက်လုံးမှိတ်ပြီး အိပ်စက်လိုက်သည်။

...

နောက်နေ့မနက်...

ဖန့်ရန်သည် ယနေ့မနက်ခင်း၏ အမဲလိုက်ခြင်းကို စတင်ရန် သစ်ပင်ပေါ်မှ တဆင့် မြစ်ထဲသို့ ဦးစွာလှမ်းကြည့်လိုက်၏။ သူသည် မြစ်ထဲတွင် ဆော်လမွန်ငါးများကို မတွေ့ရသော်လည်း စိတ်မပူပေ။

ထိုနောက် သူသည် သစ်ပင်ပေါ်မှ ဆင်းကာ တောထဲသို့ဝင်၍ အမဲလိုက်ခြင်းကို အေးစက်နေသည့် လေထုနှင့်အတူ စတင်လိုက်သည်။

...

တောတွင်းရှိ လေထုသည် အုံမှိုင်း၍ စိုစွတ်ကာ ထိုင်းမှိုင်းနေသည်။

ထိုသို့သော ပတ်ဝန်းကျင်တွင် အသက်ရှူခြင်းသည် လူတိုင်းကို အသက်ရှူကျပ်သည့် ခံစားချက်ကို မပေးစွမ်းနိုင်သော်လည်း၊ ဖန့်ရန်ကိုမှု စိတ်ဓာတ်ကျသွားအောင်တော့ စွမ်းဆောင်နိုင်လေသည်။

ဤစိုစွတ်သောလေထုသည် သားကောင်များ၏ အနံ့ကိုရှာဖွေရန် သူ့ကို ပို၍ခက်ခဲသွားစေသည်။

သူသည် ကြွက်နှင့် ပုတ်သင်ကဲ့သို့သော တိရစ္ဆာန်ငယ်များစွာကို ကျော်ဖြတ်ခဲ့၏။ သူ၏ လက်ရှိအရွယ်အစားနှင့် စွမ်းရည်ကြောင့် ၎င်းတို့ကို အမဲလိုက်ခြင်းသည် အားထုတ်ရကျိုးနပ်မည် မဟုတ်ပေ။

ဖန့်ရန်သည် သွားနေရင်းနဲ့ သူ့အတွက် သားကောင်ဖြစ်နိုင်တဲ့ သတ္တဝါကို ဆက်ရှာသည်။

ရုတ်တရက်.. အဝေးမှ လှုပ်ရှားသံအချို့ကို ကြားလိုက်ရခြင်းကြောင့် ဖန့်ရန်က လျှာကိုထုတ်ကာ လေထုထဲမှာ ထူးခြားမှု ရှိ၊ မရှိ စစ်ဆေးလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသောအနံ့ကို တစ်ခုကို ရလိုက်၏။

သူသည် ဦးတည်ရာတစ်ခုဆီသို့ လှမ်းကြည့်ပြီးနောက်.. ချက်ချင်းပင် ထိုနေရာသို့ တွားသွားကာ ချုံပုတ်များကြားတွင် ရပ်လိုက်သည်။

...

ဖန့်ရန်က သူ့နေရာနှင့် မနီးမဝေးလှသော နေရာတွင် ရပ်နေသည့် ဆိတ်နှစ်ကောင်ကို ခြုံပုတ်များအတွင်းမှ လှမ်းကြည့်လိုက်သည်။

ဆိတ်နှစ်ကောင်သည်တော့ အန္တရာယ်ကို သတိမမှုမိဘဲ မြက်များကိုသာ စားနေခဲ့၏။

ဖန့်ရန်သည် ဆိတ်များကို စိုက်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲတွင် ပေါ်လာ၏။

.....

တစ်ကောင်လျှင် စနစ်အမှတ် (၅၀၀) ကိုသာ ပေးစွမ်းနိုင်သော်လည်း မည်မျှပင် နည်းပါးနေပါစေ။ စနစ်အမှတ် အများအပြား သူလိုအပ်နေသည်။

"မဆိုးပါဘူး၊ အစောကြီး ရှိသေးတယ်။ စနစ်အမှတ် တစ်ထောင်ရနေပြီ"

သူ စိတ်ကျေနပ်သွားသည်။

ဤနောက် ဖန့်ရန်သည် သူ့ကြွက်သားတွေကို တင်းကျပ်လိုက်ပြီး၊ ကြီးမားသည့် သူ့ ခန္ဓာကိုယ်နှင့် မလိုက်ဖက်သည့် အရှိန်အဟုန်ဖြင့် ဆိတ်တွေဆီ ခုန်ပျံသွားလိုက်သည်။

ဘုန်း...

သူ၏ကြီးမားသော ခန္ဓာကိုယ်သည် မြေပြင်နှင့် တိုက်မိကာ ငလျင်အသေးစားသဖွယ် မြေပြင်မှာ တုန်ဟီးသွားသည်။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ဆိတ်တစ်ကောင်ကို ချက်ချင်းကိုက်ပြီး သူ၏ အဆိပ်ကို ၎င်း၏ သွေးကြောထဲသို့ ထိုးသွင်းလိုက်၏။

ဤအဖြစ်အပျက်တွေကို ဖော်ပြဖို့ အချိန်အနည်းငယ်ယူခဲ့ရသော်လည်း အမှန်တကယ်တွင် ၎င်းက မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှပင် တခြားဆိတ်က သတိဝင်သွားကာ ၎င်း၏အမြန်ဆုံးအရှိန်ဖြင့် ချက်ချင်းလှည့်ပြေး၏။

ဒါကိုမြင်တော့ ဖန့်ရန်လည်း ထိုဆိတ်နောက် အမြန် လိုက်တော့သည်။

ဆိတ်က အစွမ်းကုန် ကြိုးစားပြီး ဖြစ်နိုင်သမျှ အရှိန်နဲ့ ပြေးသော်လည်း၊ ဖန့်ရန်အတွက် ထိုဆိတ်ကို ဖမ်းမိရန် တစ်မိနစ်တောင် မကြာလိုက်ပေ။ ဆိတ်ကို မိသည်နှင့် သူက ချုပ်နှောင်၍ အရိုးများကို ကျိုးကျေစေပြီး အဆိပ်ထိုးသွင်းလိုက်သည်။

ဆိတ်သေသွားသည်နှင့် ဖန့်ရန်က မည်သည့် နှောင်နှေးမှုမှမရှိဘဲ ၎င်းကို မျိုချလိုက်သည်။

ထိုနောက် ယခင်ချုံပုတ်များဆီသို့ ပြန်လှည့်လာကာ အစာကြေဖို့ မိနစ်အနည်းငယ်စောင့်ပြီး တခြားဆိတ်တစ်ကောင်ကို မျိုချလိုက်သည်။

ဆိတ်နှစ်ကောင်ကို ဆက်တိုက်စားပြီးနောက်

ဖန့်ရန်သည် တောထဲတွင် ဆက်သွားခဲ့၏။

...

အချိန်တွေကုန်လွန်လာကာ မွန်းတည့်ချိန်ရောက်လာသည်။

ထိုအချိန်တွင် ဖန့်ရန်သည် (၁၀) ကီလိုမီတာခန့် သွားခဲ့ပြီ ဖြစ်သည်။ သူသည် လမ်းခရီးတွင် တိရစ္ဆာန်နှစ်ကောင်ကိုလည်း စားခဲ့သေး၏။

ထိုတိရစ္ဆာန်နှစ်ကောင်သည် သူ့ကို စနစ်အမှတ် (၈၆၀) ပေးခဲ့၏။

"အိုး?"

ဖန့်ရန်က ရုတ်တရက် ရပ်လိုက်ပြီး ရှေ့ကိုလှမ်းကြည့်လိုက်သည်။

မဝေးလှသောနေရာတွင် တောဝက်တစ်ကောင်သည်။ ချုံပုတ်များနှင့် သစ်ရွက်ဆွေးများကို တအစ်အစ်နှင့် အနံ့ခံနေလေသည်။

[ပစ်မှတ် - တောဝက်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၈၀၀ မှတ်ကို ရရှိနိုင်သည်]

စနစ်၏ အသိပေးချက်ကို ကြားလိုက်သည်နှင့် ဖန့်ရန်သည် သူ၏ ကြွက်သားများကို တင်းကျပ်လိုက်ကာ ထိုတောဝက်ကို တစ်ချက်ထဲနှင့်သတ်ရန် ပြင်ဆင်ခဲ့သော်လည်း ရုတ်တရက် ရပ်တန့်လိုက်၏။

လေထုက တစ်ခုခု မှားနေတယ်လို့ သူ ခံစားမိသည်။ ဖန့်ရန်က ခေါင်းကိုမော့ပြီး သူနှင့် မဝေးလှသည့် နေရာမှသစ်ပင်တစ်ပင်ကို ကြည့်လိုက်သည်။

ထိုသစ်ပင်၏နောက်ကွယ်တွင် ဝပ်တွားပုန်းအောင်းနေသည့် သားရဲတစ်ကောင်ကို သူတွေ့မြင်လိုက်ရသည်။

ကျားသစ်။

ထိုသစ်ပင်၏နောက်တွင် ကျားသစ်တစ်ကောင် ပုန်းနေခဲ့သည်။

[ပစ်မှတ် - ကျားသစ်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၆၀၀ မှတ်ကို ရရှိနိုင်သည်]

ဒီကျားသစ်က သူစားခဲ့သည့် မိကျောင်းတွေထက် စနစ်အမှတ် ပိုနည်းပါးပေမယ့် နည်းသည်ဟုတော့ မဆိုနိုင်ပေ။

သူသည် မူလက တောဝက်ကို အမဲလိုက်ရန် ပြင်ဆင်နေခဲ့သော်လည်း၊ ယခု စိတ်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

ဖန့်ရန်သည် ချုံပုတ်တွေနောက်မှာ ပုန်းနေပြီး ၎င်းပွဲကို တိတ်တဆိတ် ကြည့်ဖို့ရန်သာ ကြံရွယ်လိုက်တော့သည်။

ထိုအချိန်တွင် ကျားသစ်သည် သစ်ပင်နောက်မှ ရုတ်တရက် ခုန်ထွက်လိုက်ကာ တောဝက်ဆီသို့ အမြန် ပြေးသွားခဲ့၏။

ဤကျားသစ်သည် တောဝက်ကို စောင့်ကြည့်နေတာ ကြာပြီမှန်း ၎င်းကို ကြည့်ခြင်းအားဖြင့် သိနိုင်လေသည်။

ဖန့်ရန်သည် ကျားသစ်က မပြင်ဆင်ရသေးသော တောဝက်ကို ၎င်း၏နောက်ဘက်မှ ခုန်အုပ်လိုက်ခြင်းကို စောင့်ကြည့်နေခဲ့သည်။

တောဝက်သည် ကျားသစ်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားခဲ့၏။ သူသည် ချက်ချင်းပင် ပြေးလိုက်သော်လည်း ကံမကောင်းစွာဖြင့်၊ မီတာအနည်းငယ်သာ ပြေးနိုင်ခဲ့၏။

ကျားသစ်သည် သူ၏ ခြေသည်းများနှင့် တောဝက်ကို ကုတ်တွယ်ကာ တောဝက်၏ လည်ပင်းကို ကိုက်ချလိုက်သည်။

တောဝက်သည် နာကျင်စွာဖြင့် တအစ်အစ် အော်ဟစ်နေ၏။

ကျားသစ်က သစ်ပင်နောက်ကနေ ခုန်ဆင်းပြီးမှသာ ဖန့်ရန်သည် သူ့ရဲ့ရုပ်ပုံသဏ္ဍာန် အပြည့်အစုံကို မြင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤကျားသစ်သည် သူစားခဲ့သော ကျားသစ်ထက် အနည်းငယ်သေးငယ်သော်လည်း ၎င်းသည် ထပ်တူထပ်မျှ သန်မာလေသည်။

ကျားသစ်သည် တောဝက်ကိုသတ်ပြီးနောက် စားသောက်ဖို့အတွက် ဘေးကင်းတဲ့ နေရာတစ်ခုဆီ ဆွဲယူနေစဉ်.. ဖန့်ရန်က ချုံပုတ်များမှ ရုတ်တရက် ခုန်ထွက်လိုက်သည်။

ဘုန်းးးး

၎င်းပေါက်ကွဲစွမ်းအားသည် အလွန်ပြင်းထန်သည်။ သူသည် မျက်စိတစ်မှိတ်အတွင်းပင် (၁၀) မီတာ အကွာအဝေးကို လေပေါ်မှ ဖြတ်ကျော်သွားခဲ့၏။

ဖန့်ရန်၏ ရုတ်တရက်ဆန်သည့် အခြေအနေနှင့် အသွင်အပြင်ကြောင့် ကျားသစ်သည် အသက်ထွက်မတက် ထိတ်လန့်သွား၏။

ကျားသစ်သည် တောဝက်ကို လွှတ်ချပြီး လှည့်ပြေးရန် လုပ်လိုက်သော်လည်း၊ အချိန်မမီခဲ့ပေ။

ဖန့်ရန်သည် ကျားသစ်ဘေး ရုတ်ချည်းရောက်သွားကာ ၎င်းကို ဖမ်းလိုက်ပြီး အဆိပ်ခတ်သတ်လိုက်သည်။

ကျားသစ်ကိုသတ်ပြီးနောက် ဖန့်ရန်သည် တောဝက်ကို ဦးစွာမျိုချလိုက်၏။

သူသည် တောဝက်ကို မျိုချပြီးနောက် ၎င်းကို အစာကြေစေရန် မစောင့်ဆိုင်းတော့ဘဲ ကျားသစ်ကို တခါတည်းမျိုချလိုက်သည်။

သူ့အချိန်တွေကို မဖြုန်းချင်ပေ။

သားရဲနှစ်ကောင်ကို ဆက်တိုက်စားပြီးနောက် ဗိုက်အင့်သွားသည်။

ဖန့်ရန်သည် အစာကြေညက်စေရန် မစောင့်ဆိုင်းဘဲ တောထဲတွင် ဆက်လက် ခရီးဆက်ခဲ့သည်။

သူသည် ကီလိုမီတာ (၃၀) ကျော် သွားခဲ့သော်လည်း ဘာ, သားကောင်မှ မတွေ့ပေ။

ရုတ်တရက် ဖန့်ရန်၏ လှုပ်ရှားများ ရပ်တန့်သွား၏။ သူ့မျက်လုံးတွေက ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်သည်။

.....

All Chapters