စွမ်းရည် အသစ်များ
Vol. 5 Ch. 68
ဖန့်ရန်၏ မျက်လုံးအိမ်များ ကျဉ်မြောင်သွားသည်။ သူသည် ရှေ့တည့်တည့် တစ်နေရာကို စိုက်ကြည့်ပြီးနောက် ထိုနေရာသို့ လျင်မြန်စွာ သွားလိုက်သည်။
သစ်ပင်တစ်ပင်ရဲ့ဘေး၌ XX Compressed Biscuits ဆိုသည့် စာလုံးများ ရိုက်နှိပ်ထားသော အဖြူရောင်ထုပ်ပိုး စက္ကူတစ်ရွက်ကို သူတွေ့မြင်နေရသည်။
ဤထုပ်ပိုးစက္ကူအမျိုးအစားသည် လေထုညစ်ညမ်းမှုမရှိဘဲ လျင်မြန်၊ ဘေးကင်းစွာ ပျက်စီးသွားနိုင်သည့် eco-friendly paper ဟု ခေါ်သည့် အမျိုးအစားဖြစ်သည်။
သူ့ကို အံ့အားသင့်စေတဲ့အရာကတော့ မြေကြီးထဲမှာ တစ်ဝက်လောက်သာ ပျော်ဝင်သေးခြင်းဖြစ်သည်။
"တစ်စုံတစ်ယောက်တော့ ဒီကိုရောက်နေပြီ။"
ဤစာရွက်ကိုမြင်ပြီးနောက် ဖန့်ရန်သည် ချက်ခြင်းပင် အတွေးများသွားသည်။
ဒီလို နက်ရှိုင်းသည့် တောနက်ထဲကို လာရောက်နိုင်သည့် လူသည် ဘယ်လိုလူလဲဟု သူ မတွေးတောဘဲ မနေနိုင်ပေ။
သူတွေ့ဖူးတဲ့ အရင်လူတွေက ရုပ်ရှင်အဖွဲ့သားတွေဖြစ်၍ ဤတောနက်ထဲကို ရုပ်ရှင်လာရိုက်ခြင်းက မဆန်းပေ။
ဒီတစ်ခါတော့ ဘယ်သူလဲ?
ဤနက်နဲသောတောနက်ထဲသို့ လာနိုင်သူများသည် များသောအားဖြင့် လေ့လာရေးအဖွဲ့များ သို့မဟုတ် မုဆိုးများ ဖြစ်သည်။
ဖန့်ရန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြန်သည်။
သူတို့က ဘယ်သူတွေဖြစ်ဖြစ် သူနှင့်မဆိုင်ပေ။ လောလောဆယ်တော့ သူ့ခရီးကို ရပ်ဆိုင်ထားရပေမည်။ သူ လူတွေနှင့် မတွေ့ဆုံချင်သေးပေ။
ဖန့်ရန်သည် ခေါင်းကို လှည့်ကာ သူလာရာလမ်းကို ပြန်လှည့်လိုက်သည်။
....
ညနေစောင်းချိန်တွင်...
ဖန့်ရန်သည် မြစ်ထဲသို့ ကြည့်လိုက်သော်လည်း၊ ဆော်လမွန်ငါးတစ်ကောင်မျှ မတွေ့ခဲ့ရပေ။ သူသည် အနည်းငယ်စိတ်ပျက်မိသော်လည်း ဤနေရာတွင် ခဏတော့ နေရပေမည်။
...
တစ်ညတာကုန်ဆုံးပြီးနောက် ဖန့်ရန်သည် အမဲလိုက်ဖို့ စီစဉ်နေစဉ်... မိုးက သည်းထန်စွာရွာသွန်းလာသည်။
မိုးက အရမ်းသည်းခြင်းကြောင့် ဖန့်ရန်လည်း အမဲလိုက်ဖို့ အစီအစဉ်ကို ရပ်တန့်ကာ၊ သစ်ပင်ကြီးပေါ်မှာသာ အနားယူနေလိုက်တော့သည်။
...
ညနေချိန်၌ မိုးက စဲသွားခဲ့သည်။
ဖန့်ရန်သည် မြစ်ထဲသို့ ဆင်းသွားကာ ကြည့်လိုက်သည်။
မြစ်ရေက တက်နေချေသည်။
သူသည် ရေအောက်၌ ကူးခတ်နေသော ဆော်လမွန်ငါးအုပ်စုကို တွေ့ရှိလိုက်ရ၏။
ဆော်လမွန်ငါးများကို တွေ့လိုက်သည်နှင့် ဖန့်ရန်သည် မြစ်ထဲသို့ ဆင်းကာ ဆော်လမွန်ငါးများကို ဖမ်းဆီးအမဲလိုက်တော့သည်။
နာရီပေါင်းများစွာ အမဲလိုက်ပြီးနောက် ဆောလမွန်ငါး အကောင် (၆၀) မှ (၇၀) ခန့်ကို သူ မျိုချခဲ့ပြီး စနစ်အမှတ် (၅၀၀၀) ကျော်ကို ရရှိခဲ့သည်။
သူသည် နောက်ဆုံးတွင် လိုအပ်ချက်များနှင့် ပြည့်မီသွားခဲ့၏။ အခုတော့ (၁၃) ကြိမ်မြောက် ဆင့်ကဲဖြစ်စဉ်စတင်ရန် အချိန်ဖြစ်သည်။
"ဆင့်ကဲဖြစ်စဉ်ကို စတင်ပါ!"
သစ်ပင်ကြီးအောက်တွင်...
ဖန့်ရန် သူ့စိတ်ထဲမှာ ပြောလိုက်သည်။ ပူပြင်းသော ခံစားချက်နှင့်အတူ နာကျင်မှု အနည်းငယ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။
ဖန့်ရန်က သူ့ကြွက်သားများကို မသိစိတ်ဖြင့် တင်းကျပ်လိုက်မိသည်။
ဆယ်မိနစ်လောက်ကြာတော့ သူ့ခန္ဓာကိုယ်၏ ကြီးထွားမှုက ရပ်တန့်သွားခဲ့သည်။
ဖန့်ရန် သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲက တွေးနေမိသည်။
'ဒီတစ်ခါတော့ စွမ်းရည်အသစ်တွေ ပေါ်လာဖို့ တစ်ကယ်ကို မျှော်လင့်ရမှာပဲ'
ဖန့်ရန်သည် စိုးရွံ့မှုနှင့် မျှော်လင့်ချက် အနည်းငယ်ဖြင့် စိတ်ထဲတွင် ပြောလိုက်သည်။
"စနစ်၊ ကိုယ်ရေးအကျဉ်ဇယားကို ပြပေးပါ"
စခရင်ကို ဖွင့်လိုက်သည်နှင့် စနစ်ဘောင်ပေါ်တွင် စာနှစ်စောင်ပေါ်လာသည်။
[လက်ခံသူသည် ၁၃ ကြိမ်မြောက် ဆင့်ကဲဖြစ်စဉ်ကို အောင်မြင်ခဲ့ပါသည်။ ကျွမ်းကျင်မှုရမှတ် ၁၃ မှတ်ကို ဆုလာဘ်အဖြစ် ရရှိသည်]
[ကျွမ်းကျင်မှုရမှတ် ၂၄ မှတ် ပြည့်သွားကြောင်း ထောက်လှမ်းသိရှိမှုကြောင့်၊ စွမ်းရည်အသစ်များကို ပြန်လည်ဆန်းသစ်ထားပါသည်။ ၎င်းတို့ကို ကြည့်ရှုလိုပါသလား ]
စနစ်ဘောင်ပေါ်က မက်ဆေ့ချ်နှစ်ခုကို မြင်လိုက်ရသည့် ဖန့်ရန်သည် အံ့အားသင့်သွားသည်၊
'နောက်ဆုံးတော့ စွမ်းရည်အသစ်တွေ ရှိနေပြီပေါ့'
ဖန့်ရန်သည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသော အသံဖြင့် သူ့စိတ်ထဲမှ ပြောလိုက်သည်။
"စွမ်းရည်အသစ်တွေကို ကြည့်မယ်"
သူ့စိတ်ထဲတွင် အလင်းတန်းများ လင်းလက်သွားပြီးနောက် အခြားစာသားအဖြစ် သို့ ပြောင်းလဲသွားသည်။
သူချက်ချင်းပဲ ၎င်းတို့ကို စတင်ဖတ်ရူလိုက်သည်။
[လျင်မြန်သော ကုသမှု : လက်ခံသူ ဒဏ်ရာရသွားသည်နှင့် ဒဏ်ရာရနေသော အစိတ်အပိုင်းများကို လျင်မြန်စွာ ကုသပေးမည်ဖြစ်သည်။
ဤစွမ်းရည်သည် အလိုအလျောက် အသက်ဝင်မည်ဖြစ်သည်။
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မှုရမှတ် ၁၅ မှတ်
လက်ရှိအဆင့် (၀/၅)]
[သံမဏိကိုယ်ထည် : ဤစွမ်းရည်သည် လက်ခံသူ၏ အကြေးခွံများနှင့် အရိုးများကို အားကောင်းစေပြီး ခုခံအားကို ပိုမိုကောင်းမွန်စေကာ တစ်ချိန်တည်းတွင် အပူနှင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မှုရမှတ် ၁၅ မှတ်
လက်ရှိအဆင့် (၀/၅)]
[ သွေ့ရိ - ဤစွမ်ရည်သည် ပိုင်ရှင်၏ သွက်လက်မှုနှင့် အမြန်နှုန်းကို ခေတ္တခဏန တိုးလာစေသည်။
ဆိုးကျိုးသည် အသုံးပြုပြီနောက် ပြင်းထန်သည့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရမည် ဖြစ်သည်။
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မှုရမှတ် ၁၅ မှတ်
လက်ရှိအဆင့် (၀/၅) ]
စွမ်းရည်ဆိုင်ရာ အချက်အလက်များကို ဖတ်ပြီးနောက်၊ ဖန့်ရန်၏ နှလုံးသားလေးသည် ရွှင်မြူးသွား၏။
သို့သော် ထုံးစံအတိုင်း သူသည် မည်သည့် စွမ်းရည်ကို ရွေးချယ်ရမည်ကို မသိဘဲ တွေဝေမိသွားသည်။
သူ့တွင် ကျွမ်းကျင်မှုရမှတ်တွေ ရှိသည်မှာ မှန်သော်လည်း၊ ၎င်းက စွမ်းရည်တစ်မျိုးကို ရွေးချယ်ဖို့သာ လုံလောက်သည်။
စွမ်းရည်သုံးမျိုးတွင် သူသည် လျင်မြန်သော ကုသမှုနှင့် သံမဏိကိုယ်ထည်ကို အတော်လေး သဘောကျသည်။ တစ်ခုက သူရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းကို မြှင့်တင်ပေးပြီး နောက်တစ်ခုက သူ့ရဲ့ ခုခံအားကို မြှင့်တင်ပေးနိုင်သည်။
သွေ့ရိ စွမ်းရည်ကိုလည်း သူကြိုက်မိသည်။ ၎င်းက သွက်လက်မှုနှင့် အရှိန်အဟုန်ကို အာရုံစိုက်သော စွမ်းရည်တစ်မျိုး ဖြစ်သည်။ သို့သော် သူ့အရှိန်က လုံလောက်သည်ဟု သူထင်သည်။
သူ၏ အမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ (၆၀) ဝန်းကျင်ဖြစ်သည်။
သားကောင်အများစုသည် ဤအမြန်နှုန်း အဆင့်ဝန်းကျင်တွင်သာ ရှိပေသည်။
ထို့အပြင် သူ၏ လက်ရှိအသွင်အပြင်၊ သွက်လက်မှုနှင့် ခွန်အားသည်။ ဤကမ္ဘာရှိသတ္တဝါအများစုကို ချေမှုန်းနိုင်စွမ်းရှိသည်။ ထိုကြောင့် ယခုတော့ ပိုမိုမြင့်မားသည့် အမြန်နှုန်းကို သူမလိုအပ်သေးပေ။
ပို၍ အရေးကြီးသည်မှာ ဤစွမ်းရည်ကို အသက်သွင်းပြီးနောက် ပင်ပန်းနွမ်းနယ်မှုက သူ့ကို ကြီးစိုးသွားစေနိုင်သည်။
ခဏလောက်စဉ်းစားပြီးမှ နောက်ဆုံးမှာတော့ သူသည် သံမဏိကိုယ်ထည်ကို ရွေးချယ်လိုက်သည်။
ထိုစွမ်းရည်ကို အသက်သွင်းပြီးနောက် ဖန့်ရန်သည် သူ့ခန္ဓာကိုယ်ထဲက တစ်ခုခုပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် ထက်မံ တောက်ပြောင်လာခြင်း မရှိသော်လည်း ပိုမိုကြမ်းတမ်းလာသည်ကို သူသတိပြုမိသည်။
သူ့အရိုးတွေ ပြောင်းလဲနေတာကိုလည်း ခံစားနေမိသည်။ အစွယ်များသည်ပင် ပြောင်းလဲနေ၏။
စပါးအုံးမြွေအချို့သည် အမဲလိုက်စဉ် သွားများကျိုးသွားကြသော်လည်း၊ ထိုကိစ္စကို သူ့အနေနှင့် စိုးရိမ်စရာမလိုတော့ပေ။
ဆင့်ကဲဖြစ်စဉ် ပြီဆုံးပြီနောက်တွင်.. ဖန်ရန်က သူ့ကိုယ်သူ အကျေနပ်ကြီးကျေနပ်နေလေသည်။
ဖန့်ရန်သည် သူ့စိတ်ထဲတွင် စနစ်ကို ခေါ်ကာ သူ၏ အပြောင်းအလဲများကို ကြည့်ရှုရန် ပြင်ဆင်လိုက်၏။
သူ့စိတ်ထဲတွင် စနစ်ကို ခေါ်ပြီးနောက် ရင်းနှီးနေသော အလင်းတန်းသည် သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
.....