များပြားလာသော စနစ်အမှတ်
Vol. 5 Ch. 59
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၁၄
စနစ်အမှတ် : ၄၀/၁၅၀၀၀၀
ကျွမ်းကျင်မှုရမှတ် : ၉
ကိုယ်ထည်အရှည် : ၁၃ မီတာ
အချင်း : ၄၀ စင်တီမီတာ
ခွန်အား : ၁၂၀
ခုခံနိုင်စွမ်း : ၁၆၀
အမြန်နှုန်း : ၄၂
တက်ကြွမှု : ၄၅
စိတ်ဝိညာဉ် : ၄၇
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၄၀
စွမ်းရည် : .............................................
.................... သံမဏိကိုယ်ထည် (၁/၅)]
ဖန့်ရန်သည် ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို သေချာစေရန် အပေါ်အောက် အထပ်ထပ်အခါခါ ဖတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်အလျားသည် (၁၃) မီတာနှင့် အချင်း (၄၀) စင်တီမီတာသို့ ကြီးထွားရောက်ရှိခဲ့ပေသည်။
သူ၏ လက်ရှိအရွယ်အစားအရ နောက်ဆုံးတွင် ကျား၊ ခြင်္သေ့နှင့် အခြားသားရဲကြီးများကို မျိုနိုင်ပြီ ဖြစ်သည်။
သူ့အား အနည်းငယ် စိတ်ဓာတ်ကျစေသည့် တစ်ခုတည်းသော အရာမှာ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သည့် စနစ်အမှတ် (၁၅၀၀၀၀) ဖြစ်သည်။
ဖန့်ရန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး လျင်မြန်စွာ အားတင်းလိုက်သည်။
"အမဲလိုက်ဖို့အချိန်ရောက်ပြီ"
ဖန့်ရန်သည် အတွေးများနှင့် လှည့်ထွက်သွားသည်။
သူသည် ခါတိုင်းကဲ့သို့ပင် ဆော်လမွန်ငါးများ ထပ်မံပေါ်လာခြင်းရှိမရှိကို ကြည့်ရန် ထုံးစံအတိုင်း မြစ်ထဲသို့ ဆင်းသည်။
ဖန့်ရန်သည် ဂရုတစိုက်ကြည့်သော်လည်း ဆော်လမွန်ငါးများကို မတွေ့ခဲ့ရပေ။
"သူတို့ မရောက်သေးဘူးလား"
သူ အနည်းငယ် တုံ့ဆိုင်းသွားသည်။
"အင်းး၊ ဒီနေ့တော့ တောထဲကိုသွားရမယ် ထင်တယ်"
ဖန့်ရန်သည် ညည်းတွားရင်း လှည့်ထွက်သွားတော့မည်လုပ်၏။ သို့သော်လည်း ရုတ်တရက် သူ့ခန္ဓာကိုယ်ဟာ အေးခဲသွားသည်။
ဗွက်.. ဗွက်..
ချက်ချင်းပင် ခေါင်းကိုလှည့်ကာ အသံကြားရာဆီသို့ ဖန့်ရန်.. လှမ်းကြည့်လိုက်သည်။
မြစ်အောက်ပိုင်းမှ အနက်ရောင် ဆောလမွန်ငါးများသည်။ ရေစုန်ကို ဆန့်တန်း၍ အစွမ်းကုန် ကူးခတ်လာသည်ကို သူ မြင်တွေ့လိုက်လေသည်။
ဖန့်ရန် လက်ရှိရောက်နေတဲ့ နေရာသည်။ ဤမြစ်ငယ်ကို ရေတံခွန် သဏ္ဍာန်ရှိသည့် အမြင့် ၂ မီတာကျော်ရှိသော နေရာမှာ ဖြစ်သည်။
ဆော်လမွန်ငါးများသည် မြစ်အထက်ပိုင်းသို့ တက်လိုလျှင် ဤနေရာမှ မဖြစ်မနေ ခုန်ပျံ ဖြတ်သန်းရပေမည်။
အပြာရောင်နှင့် အနက်ရောင် ရောနှောနေသည့် ဆော်လမွန်ငါးများသည်။ ဤနေရာသို့ ရောက်ပြီးနောက် အစွမ်းကုန် ခုန်လိုက်ကြသည်။
ဆော်လမွန်ငါးတစ်ကောင်သည် အမြင့် (၂) မီတာကျော်ကို ခုန်ပျံဖြတ်ကျော်ပြီနောက် ရေထဲပြန်ဆင်းခါနီးအချိန်မှာပင်။
ရုတ်တရက် ဖန့်ရန်သည် ခေါင်းကို မြှောက်လိုက်ပြီး လှမ်းကိုက်လိုက်သည်။ သူ၏ ချွန်ထက်သော သွားများသည် ဆော်လမွန်၏ အသွေးအသားထဲသို့ ချက်ချင်းပင် ထိုးစိုက်သွားသည်။
"အင်း၊ ငါ့သွားတွေတောင် ပိုပြီထက်ရှလာပြီပဲ"
ဖန့်ရန်သည် သူ ဖမ်းမိလိုက်သည့် ဆော်လမွန်ငါးကို မျိုချပြီးနောက် အောက်ကို အာရုံပြန်စိုက်လိုက်သည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်… ဆယ်စက္ကန့်နီးပါးကြာပြီးနောက် မြစ်ထဲတွင် လှုပ်ရှားမှုများပိုမို ထွက်ပေါ်လာသည်။
ရေအောက်မှ ဆော်လမွန်ငါးအုပ်စုကြီး ကူးခတ်လာနေသည်ကို သူမြင်တွေ့နေရသည်။
ခုနှစ်က ဆူညံသံများသည်။ ဤဆော်လမွန်ငါးအုပ်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
"နောက်ဆုံးတော့...မင်းတို့ရောက်လာပြီ"
ဖန့်ရန်၏ နှလုံးသားထဲက ကျောက်တုံးကြီး ပြုတ်ကျသွားသည်။ ပထမတော့ အရင် ဆော်လမွန်ငါးအုပ်က နောက်ဆုံးဖြစ်မှာကို သူကြောက်နေမိခဲ့သည်။ ယခုတော့ သူ့အထင်က မှန်ကန်နေလေ၏။
မကြာမီတွင် ပထမအသုတ် ဆော်လမွန်ငါးများသည် သူရှိနေသည့် ရေတံခွန်သဖွယ် ဖြစ်နေသည့် နေရာသို့ ရောက်ရှိလာသည်။
ဗွက်... !
ဆော်လမွန်ငါးများသည် ရေထဲကနေ ခုန်လိုက်၏။ ကြည်လင်သည့် ရေစက်လေးများသည်။ သူတို့ ခန္ဓာကိုယ်ထက်ကနေ လွင့်စင်သွားသည်။
ဗွမ်း
ကံမကောင်းစွာပင် ဤဆော်လမွန်ငါးများသည်။ အမြင့် (၂) မီတာကျော်ရှိသည့် ရေတံခွန်ငယ်လေးကို မကျော်လွှားနိုင်ခဲ့ပေ။
ထိုကြောင့် ရေထဲသို့ ပြန်ကျသွားခဲ့ကြသည်။
ရေတံခွန်ငယ်လေး၏ အပေါ်၌ ပါးစပ်ဖွင့်ကာ အသင့်စောင့်နေသော၊ ဖန့်ရန်သည် အတော်လေး စိတ်ပျက်သွား၏။
သို့သော် မကြာမီတွင်..ဆော်လမွန်ငါးတစ်ကောင်သည် ရေထဲမှ ခုန်လိုက်သည်။ ဤတစ်ကောင်သည် ရေတံခွန်ငယ်၏ အမြင့် (၂) မီတာကျော်ကို ကျော်တက်သွားခဲ့သည်။
သို့သော် ယင်းဆော်လမွန်ငါးသည် ရေထဲသို့ ပြန်မကျမီ၊ ဖန့်ရန်၏ ဖမ်းယူစားသောက်ခြင်းကို ခံလိုက်ရသည်။
ဖန့်ရန် ဤနေရာတွင် ရှိနေခြင်းက ဆော်လမွန်များကို မကြောက်ရွံစေခဲ့ပေ။
သူတို့အားလုံးသည် ကြောက်ရွံ့ခြင်းမရှိဘဲ
ဖန့်ရန်ရှိနေသည့် ရေတံခွန်ငယ်ဆီသို့ ဆက်လက်ခုန်တက်ခဲ့ကြသည်။
ရေတံခွန်ငယ်ပေါ်တွင်... ဖန့်ရန်သည် သူ့ပါးစပ်ထဲမှာ ငါးများ ခုန်ပေါက်နေသည့် ခံစားချက်ကို ခံစားနေလေသည်။
သူ၏ စနစ်အမှတ်သည် လျင်မြန်စွာ တိုးပွားလာသည်။
အချိန်ကြာလာသည်နှင့်အမျှ ဖန့်ရန်သည် သူဘယ်လောက်စားခဲ့ ပြီးသည်ကိုပင် မမှတ်မိတော့ပေ။ စနစ်အမှတ် (၁၇၀၀၀) ရောက်နေပြီဆိုတာသာ သူသိတော့သည်။
ဆော်လမွန်ငါးများသည် နေ့ရောညပင် ရွှေ့ပြောင်းနေခြင်းကြောင့်၊ ဖန့်ရန်သည် ညအချိန်တွင်ပင် အနားယူနိုင်ခြင်း မရှိတော့ပေ။
သူသိသည်က ဆော်လမွန်ငါးများကို အတတ်နိုင်ဆုံး ဖမ်းယူစားသောက်ဖို့ပင်။
ရက်အနည်းငယ် ကြာပြီနောက်...ဖန့်ရန်သည် ညအချိန်တွင် အမဲလိုက်ခြင်းသည်။ အလွန်နည်းပါးမှန်း သိလာခဲ့၏။
ထို့ကြောင့် နောက်ဆုံးတွင်...ဖန့်ရန်သည် နေ့ဘက်တွင် အမဲလိုက်ရန်သာ ရွေးချယ်လိုက်၏။ သူသည် ညနေပိုင်းတွင် အနားယူသည်။
"ဆော်လမွန်ငါးတွေ ဒီကနေ ထပ်ပြီး ဖြတ်သွားအုံးမလား မသိဘူး..."
ဖန့်ရန်တစ်ယောက် မြစ်ထဲမှ ခုန်တက်လာနေသည့် ဆော်လမွန်ငါးများကို ကြည့်ရင်း တွေးနေမိသည်။ အကယ်၍ ဆော်လမွန်ငါးများသာ ဤနေရာမှ မကြာခဏ ဖြတ်သွားမည်ဆိုပါက၊ မကြာမီ သူသည် ဤကမ္ဘာပေါ်တွင် အင်းအား အကြီးမားဆုံးသော သတ္တဝါဖြစ်လာမည်ဖြစ်သည်။
"အင်း၊ ကံမကောင်းစွာပဲ...ဒီလို အခွင့်အလမ်းတွေက အများကြီးမရှိဘူး.."
ဖန့်ရန်သည် ခေါင်းယမ်းကာ အမဲလိုက်ခြင်းကို ပြန်အာရုံစိုက်လိုက်၏။
...
လေးရက်ကြာ... အမဲလိုက်ပြီးနောက်တွင် ဆော်လမွန်ငါးများ၏ အရေအတွက်သည် လျော့နည်းလာ၏။
သို့သော်လည်း သူသည် ယခုအချိန်တွင် စနစ်အမှတ် (၇၀၀၀၀) ကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယင်းသည် ယခင်က သူ့အတွက် အလွန်ကြောက်စရာကောင်းသည့် ပမာဏ ဖြစ်ခဲ့ပေသည်။
ဗွက်..!
သူတွေးနေစဉ်ပင် ဆော်လမွန်ငါးတစ်ကောင် ခုန်လာသည်။ ၎င်းကိုမြင်လိုက်သည့်...ဖန့်ရန်သည် လည်ပင်းကို ဆန့်တန်းပြီး ပေါ့ပေါ့ပါးပါးနှင့် ဖမ်းလိုက်၏။
သေးငယ်သော အမှားတစ်ခုသည်။ အရာရာတိုင်းကို ထင်မှတ်ထားသည်နှင့် လွဲချော်စေ၏။ ထို့အတူ သူ၏ အမှားတစ်ခုသည် ယင်းဆော်လမွန်ငါးကို ဖမ်းယူခြင်းတွင် လွဲချော်သွားစေခဲ့သည်။
ဖန့်ရန်ဆီမှ လွတ်မြောက်သွားသည့် ဆော်လမွန်ငါးသည် မြစ်ထဲသို့ အောင်မြင်စွာ ဆင်းသက်ကာ မြစ်အထက်ပိုင်းသို့ ကူးခတ်သွား၏။
ဖန့်ရန်သည် ထိုကံကောင်းသော ဆော်လမွန်ငါးကို ဂရုမစိုက်ဘဲ ထက်မံခုန်တက်လာတော့မည့် အခြားငါးများကိုသာ ဆက်လက် အာရုံစိုက်နေလိုက်သည်။
ဗွက်..!
နောက်ထက် ဆော်လမွန်ငါးတစ်ကောင်သည် ခုန်တက်လာခဲ့ပြန်၏။ သူသည် သူ၏ အဖော်လောက် ကံကောင်းမကောင်းခဲ့ပေ။ ဖန့်ရန်၏ အကိုက်ခံလိုက်ရပြီး မျိုချခြင်းကို ခံခဲ့ရသည်။
"နောက်ဆုံး အသုတ် ဆယ်လမွန်ငါးတွေပြီးရင်၊ စနစ်အမှတ်က တစ်သိန်းများ ပြည့်သွားမလား မသိဘူး.."
ဖန့်ရန်သည် ထက်ပြီး စဉ်းစားနေမိသည်။
ဆော်လမွန်ငါးများ၏ အရေအတွက်သည် မည်မျှ ရှိသည်ကို သူမသိသော်လည်း ၎င်းတို့၏ အရေအတွက်သည် တဖြည်းဖြည်း လျော့နည်းလာခြင်းကို သူ မြင်နိုင်လေသည်။
သူသည် အမြန်ဆုံး ဆင့်ကဲဖြစ်စဉ်ကို စတင်လိုသည်။ အဘယ်ကြောင့်ဆိုသော် ဤဆင့်ကဲဖြစ်စဉ်ပြီးနောက် ရရှိလာမည့် ကျွမ်းကျင်မှုရမှတ်နှင့် သူသည် လျင်မြန်သော ကုသမှုကို အသက်သွင်းလိုခြင်းကြောင့် ဖြစ်သည်။
မာကျောသည့် သူ၏ အကြေးခွံများနှင့် လျင်မြန်သော ကုသမှု ပေါင်းစပ်လိုက်ပါက သာမန်သားရဲတိစ္ဆာန်များအဖို့ သူ့ကို သတ်နိုင်ချေ မရှိတော့ပေ။
...
"ဟောက်"
ဖန့်ရန်သည် အမဲလိုက်နေစဉ်... မြစ်တစ်ဖက်ကမ်းရှိ တောထဲမှ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကို ရုတ်တရက်ကြားလိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။
သူလုပ်နေတာတွေကို ရပ်လိုက်ပြီး ထိုအသံကြားရတဲ့ နေရာကို ကြည့်လိုက်သည်။ သိပ်မကြာခင်မှာပဲ တောထဲကနေ သားရဲသုံးကောင်ထွက်လာသည်။
.....