ထောင်ချောက်
Vol. 5 Ch. 70
မြစ်တစ်ဖက်ကမ်းရှိ တောထဲကနေ ဝက်ဝံ အကောင်ကြီးတစ်ကောင်နှင့် ဝက်ဝံပေါက်လေးနှစ်ကောင် ထွက်လာသည်။
သူတို့သည် မြစ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကြ၏။ ၎င်းတို့၏ အထူးခြားဆုံးသော အင်္ဂါရပ်မှာ အညိုရောင် အမွေးများဖြစ်သည်။
ဝက်ဝံညို။
ယခုအချိန်တွင် ဖန့်ရန်နှင့် သိပ်မဝေးလှသည့် နေရာမှ ဝက်ဝံညို သုံးကောင်သည် မြစ်ဆီသို့ အတူတူ လမ်းလျှောက်လာနေသည်။
အညိုရောင်ဝက်ဝံကြီးသည် မိခင်ဖြစ်ပြီး ကျန်နှစ်ကောင်မှာ သူ့ကလေးများဖြစ်ကြောင်း ထင်ရှားသည်။
[ပစ်မှတ် - ဝက်ဝံညို၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၄၅၀၀ မှတ်ကို ရရှိနိုင်သည်]
ဖန့်ရန်က ဝက်ဝံညိုသုံးကောင်ကို စိုက်ကြည့်နေစဉ်၊ စနစ်၏ အချက်ပေးသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသဖြင့် သူသည် ဝက်ဝံညိုကြီးအား သေချာပြန်ကြည့်လိုက်သည်။
၎င်းဝက်ဝံညိုသည် နှစ်မီတာရှည်လျားပြီး အမြင့် တစ်မီတာကျော်ရှိကာ ကိုယ်ဟန်က ကြည့်ကောင်း၏။
“ဒီဝက်ဝံကို ငါမျိုနိုင်ရမယ်... အင်း… ဖြစ်နိုင်တယ်”
ဖန့်ရန်၏ အကြည့်က အနည်းငယ် ပူလောင်လာသည်။
ဤသည်မှာ စနစ်အမှတ် (၄၅၀၀) ဖြစ်သည်။ လက်ရှိ သူ့အတွက် များပြားသည်ဟု မဆိုနိုင်သော်လည်း လိုအပ်နေသေးသည်။
ဖန့်ရန်က သူလုပ်နိုင်သည်ဟု ခံစားရသည်။
ဤအရွယ်ရောက်ဝက်ဝံကို မျိုချရန်က အနည်းငယ် ခက်ခဲနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ သူမျိုချနိုင်သည်ဟု ယုံကြည်သည်။
“ဟောက်”
ဖန့်ရန်၏ အကြည့်ကို ခံစားလိုက်ရသည့် ဝက်ဝံမသည် ချက်ချင်းပင် ဟိန်းဟောက်ကာ သတိထား စိုက်ကြည့်လာလေသည်။
ဖန့်ရန်သည် ဝက်ဝံဘာသာစကားကို နားမလည်သော်လည်း သူမ၏ အပြုအမူများ၏ အဓိပ္ပါယ်ကို ခန့်မှန်းနိုင်သေးသည်။ သူမနှင့်သူမ၏ ကလေးများနှင့် ဝေးဝေးနေရန် သူ့ကိုသတိပေးနေခြင်း ဖြစ်သည်။
ဖန့်ရန်က ခေါင်းကို လှည့်ကာ ငါးဖမ်းခြင်းကို ဆက်လက်လုပ်ဆောင်သည်။
ဤဝက်ဝံများကို သားကောင်အဖြစ် သူမှတ်ယူထားသော်လည်း၊ သူတို့ကို ဖမ်းဆီးရမည့် အချိန်မဟုတ်သေးပေ။
ယခုအချိန်မှာ ဆော်လမွန်ငါးတွေကို တက်နိုင်သမျှ ဖမ်းနေဖို့က ပိုအရေးကြီးသည်။
...
နှစ်ရက်ကြာပြီးနောက်... ဆော်လမွန်ငါးတွေ၏ အရေအတွက်သည် လျော့နည်းလာ၏။
သူသည် စနစ်အမှတ် (၈၀၀၀၀) ကျော်ကို ဤရက်အတွင်း စုဆောင်းနိုင်ခဲ့သည်။ ယခုဆို နောက်ထက် ဆင့်ကဲဖြစ်စဉ်က သိပ်မကြာတော့ပေ။
အခုအခါမှာ ဆော်လမွန်ငါးများသည် အလွန်နည်းပါးလာခြင်းကြောင့် ဖန့်ရန်သည် ဝက်ဝံညိုများကို ယခုချက်ချင်း ဖမ်းစားသင့်သလား၊ နောက်မှစားသင့်လားဟု တွေးနေမိသည်။
သို့ပေမယ့် အဲဒါကို တွေးနေရင်းနဲ့ ဝက်ဝံညိုက တိုက်ခိုက်ဖို့ အစပြုလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
“ဟောက်”
ထိုနေ့၌ ဖန့်ရန်က ခါတိုင်းလိုပဲ ရေတံခွန်ငယ်ထက်မှာ ငါးဖမ်းနေခဲ့သည်။ ရုတ်တရက် ဝက်ဝံမက သူ့ကို ဟိန်ဟောက်ပြီး ခြိမ်းခြောက်တဲ့ အမူအရာနဲ့ ပြေးဝင်လာခဲ့သည်။
ဝက်ဝံမသည် အလွန်ဒေါသထွက်ကာ သူ့ဆီသို့ ပြေးလာစဉ်ပင် စူးစူးရဲရဲ ကြည့်နေသေးသည်။
သူ့အကြည့်က သူ့ကို တိုက်ခိုက်မည့်အစား သူ့ကို မောင်းထုတ်ဖို့ ကြိုးစားနေကြောင်း ညွှန်ပြနေသည်။
ဖန့်ရန်က အနည်းငယ် အံ့သြသွားပြီး ရုတ်တရက် သဘောပေါက်သွားသည်။
ဤမြစ်ထဲက ဆော်လမွန်ငါးတွေ လျော့နည်းလာသည်။ သူသည် အလွန်ကြီးမားသော ဧရိယာကို သိမ်းပိုက်ထားသောကြောင့် ဆော်လမွန်ငါး အများစုကို ရရှိလေသည်။
ဖမ်းနေကျ သားကောင်များ တဖြည်းဖြည်းလျော့နည်းတာကြောင့် ဝက်ဝံမ ဒေါသထွက်ခြင်းသည် ဖြစ်သင့်၏။
"ဟောက်!!"
ဝက်ဝံမသည် ခေါင်းငုံ့ကာ၊ ဖန့်ရန်ကို စိုက်ကြည့်နေသည်။ တစ်ချက်တစ်ချက် သူ့ကို ကြည့်ကာ ဟိန်းဟောက်သည်။
သာမန်လူ တစ်ယောက်သည် ဝက်ဝံတစ်ကောင်က သူတို့ကို အဆက်မပြတ်ခြိမ်းခြောက်ပြီး တိုက်ခိုက်မည့် အမူအရာလုပ်ပြတာကို မြင်လျှင် ဧကန်မုချ ကြောက်လန့်၍ ပြေးကြပေလိမ့်မည်။
သို့သော် ယင်းက ဖန့်ရန်ကတော့ ဘာမှ မခံစားရချေ။
ယခု သူသည် အထွတ်အထိပ်သို့ ရောက်နေ့သည့် သတ္တဝါ ဖြစ်သည်။ မည်သည့် ကုန်းနေသတ္တဝါကမျှ သူ့ကို မခြိမ်းခြောက်နိုင်ပေ။ (လူသားမှလွဲ၍)
“ရွှီးးး”
ဖန့်ရန်က လျှာကို လေထဲထုတ်လိုက်သည်။ သူက ခေါင်းကို ဖြည်းညှင်းစွာ ထောင်လိုက်ပြီး ဝက်ဝံမကို အပေါ်စီးမှ ကြည့်လိုက်သည်။
ဤသို့ မြင်လိုက်သည့်အခါ ဝက်ဝံမ၏ မျက်လုံးတွေတဲမှာ တုံ့ဆိုင်းမှုများပေါ်လာသည်။
ဖန့်ရန်ရဲ့ ခန္ဓာကိုယ် အရွယ်အစားက အရမ်းကို ကြီးလွန်သည်။
သူမသည် ဤသစ်တော၏ ဘုရင်အဖြစ် အများအားဖြင့် ပြုမူလေ့ရှိသော်လည်း၊ ဖန့်ရန်၏ ရှေ့တွင်တော့ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဝံ့ခြင်းမရှိပေ။
“ဟောက်!”
ဝက်ဝံမက ဖန့်ရန်ကို ခြိမ်းခြောက်ရန် ကြိုးစားနေရင်း တဖြည်းဖြည်း သူ့အသံမှာ နိမ့်ကျသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် မသိစိတ်ဖြင့် နောက်ပြန်ဆုတ်သွားသည်။
ဝူး!
ရုတ်တရက် ဖန့်ရန်သည် (၁၀) မီတာကျော် အကွာအဝေးကို စက္ကန့်ပိုင်းအတွင်းမှာပင် ဖြတ်ကျော်ကာ ဝက်ဝံမ ရှေ့သို့ ရောက်သွားပြီး ချက်ချင်းပင် ဝက်ဝံမ ခေါင်းကို ကိုက်ချလိုက်သည်။
သံမဏိလက်သည်းများကဲ့သို့ ချွန်ထက်သော သူ၏ သွားများသည် ဝက်ဝံမ၏ ဦးခေါင်းခွံကို ထိုးစိုက်သွားသည်။
ဝက်ဝံမ၏ ဦးခေါင်းခွံကို ကိုက်ပြီးနောက် သူသည် အလျင်အမြန် ဖိချလိုက်ရင်း ချက်ချင်းပင် ဝက်ဝံမကို ရစ်ပတ်ကာ တင်းတင်းကျပ်ကျပ် ညှစ်ပစ်လိုက်သည်။
“ဟောက်…”
ဝက်ဝံမကြီး၏ ပါးစပ်မှ ညည်းတွားသံ အနည်းငယ် ထွက်ပေါ်လာ၏။ သူမသည် အလွန်အမင် နာကျင်နေပုံပေါ်သည်။
ဖန့်ရန်က မတုန်မလှုပ်ပင်။ သူသည် သူ၏ သန်မာသည့် ကြွက်သားများကို အသုံးပြုကာ ဝက်ဝံမ၏ အရိုးများကို ကျိုကျေစေမည် ဖြစ်သည်။
“ဟောက်”
ရုတ်တရက် မြစ်ထဲမှာ ငါးဖမ်းနေတဲ့ ဝက်ဝံပေါက်ကလေး နှစ်ကောင်က သူတို့အမေ ဝက်ဝံမရဲ့ ငိုကြွေးသံကို ကြားလိုက်ရသည်။
ဝက်ဝံပေါက်လေးနှစ်ကောင်သည် သူတို့အမေကို ချုပ်နှောင်ထားတဲ့ ဖန့်ရန်ကို ကြည့်လိုက်ရင်း သူတို့ စိတ်ရှုပ်သွားကြသည်။
ဝက်ဝံပေါက်လေး နှစ်ကောင်သည် မရပ်တန့်ခင် ခြေလှမ်းအနည်းငယ် လှမ်းလာခဲ့၏။
ဝက်ဝံမကို ချုပ်နှောင်ထားသည့် ဖန့်ရန်က ဝက်ဝံပေါက်လေး နှစ်ကောင်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ဖန့်ရန်၏ အကြည်က ကြောက်စရာကောင်းလွန်တာကြောင့် ဝက်ဝံပေါက်လေး နှစ်ကောင်ဟာ ကြောက်လန့်တုန်ရီကာ အေးခဲသွားသည်။
သုံးမိနစ်ကြာပြီးနောက် ဝက်ဝံမသည် တဖြည်းဖြည်း အသက်ရှူရပ်သွား၏။ ဝက်ဝံမပါးစပ်မှ သွေးများ စီးကျနေသည်။ အတွင်း အင်္ဂါတွေနှင့် အရိုးများ ကြေမွသွားခဲ့ခြင်း ကြောင့်ဖြစ်သည်။
ဝက်ဝံမကို သတ်ပြီးနောက် ဖန့်ရန်က ဝက်ဝံသေကို ရစ်ပတ်ကာ မြစ်မှဆွဲထုတ်လိုက်လေသည်။
ထိုသို့လုပ်ဆောင်ပြီးနောက်... ဖန့်ရန်၏ မျက်လုံး အကြည့်သည် အေးခဲတောင့်တင်းနေသော ဝက်ဝံပေါက်လေးနှစ်ကောင်အပေါ်သို့ ကျရောက်သွားခဲ့သည်။
ဝက်ဝံပေါက်လေးနှစ်ကောင်သည် ၎င်းတို့၏ နေရာတွင်ပင် ကြောက်လန့် အေးခဲနေသေးသည်။
ဝက်ဝံကလေးနှစ်ကောင်က သူ့ကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေသေးသည်ကို မြင်လိုက်ရသဖြင့် ဖန့်ရန်က အံ့သြသွားသည်။
ယင်းဝက်ဝံပေါက်ကလေးနှစ်ကောင်က တောထဲကို ဘာကြောင့် မထွက်ပြေးသွားတာလဲလို့ သူက တွေးမိသည်။
ဝက်ဝံပေါက်လေးများသာ ထွက်ပြေးလွတ်မြောက်သွားခဲ့ရင် သူတို့နောက်ကို လိုက်ဖို့ သူ့အချိန်တွေ ဖြုန်းမည်မဟုတ်ပေ။
ယခုတော့ သူ့ရှေ့မှာ ရှိနေတဲ့ စနစ်အမှတ်တွေကို သဘာဝအတိုင်း ဖြုန်းတီးပစ်မှာ မဟုတ်ပေ။
ဝက်ဝံပေါက်လေး နှစ်ကောင်ကို ဖမ်းယူ မျိုချပြီးနောက် စနစ်အမှတ် (၁၆၀၀) ကို ရရှိသည်။ ထိုနောက် ဖန့်ရန်သည် သေဆုံးနေသည့် ဝက်ဝံမရဲ့ ခန္ဓာကိုယ်ဆီကို ပြန်လှည့်သွားခဲ့သည်။
သူ့ရှေ့က ဝက်ဝံမရဲ့ ခန္ဓာကိုယ်ကို ဖန့်ရန်က သေချာကြည့်နေသည်။
ဤဝက်ဝံမ ကိုယ်လုံးကိုယ်ထည်က သူနှင့် နှိုင်းယှဉ်နိုင်လေသည်။
ဤမျှကြီးမားသော သားရဲကို မျိုချရန် သူ အချိန်များစွာ ယူရပေလိမ့်မည်။
ခဏလောက်စဉ်းစားပြီးနောက် ဖန့်ရန်သည် သူအရင်ကလုပ်ခဲ့သော အရာတစ်ခုကို သတိရမိသွားသည်။
နတ်သမီး တောင်ထိပ်မှာ ထောင်ချောက်တစ်ခုသုံးခဲ့တာကို သူ မှတ်မိသည်။
ထိုအချိန်တွင် သူက ပျားရည်များစွာပါသော ပျားအုံကို မတော်တဆ ရရှိခဲ့သည်။ ယင်းကို ထိုအချိန်က သူသည် တိရစ္ဆာန်များစွာကို အမဲလိုက်ရန်အတွက် ထောင်ချောက် အဖြစ် အသုံးပြုခဲ့သည်။
ဤအခိုက်အတန့်တွင် ဖန့်ရန်က သားရဲများစွာကို ဆွဲဆောင်ရန် ဤဝက်ဝံမ၏ ခန္ဓာကိုယ်ကို အသုံးပြုဖို့ စဉ်းစားနေမိသည်။
ဆုံးဖြတ်ပြီးနောက် ဖန့်ရန်ဟာ ဝက်ဝံမအသေကို ဆွဲယူပြီး တောထဲကို ဝင်သွားလိုက်သည်။
သူသည် ဆော်လမွန်ငါးတွေ အမဲလိုက်ခြင်းကို သူ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
သူ၏ ခန့်မှန်းချက်အရ.. ဆော်လမွန်ငါးတွေဖမ်းဖို့ မြစ်ထဲမှာ တစ်နေကုန်နေရင်တောင်... နည်းပါးလာသည့် ဆော်လမွန်ငါးအရေအတွက်ကြောင့်.. တစ်နေလျှင် စနစ်အမှတ် (၅၀၀၀) သာ အများဆုံးရနိုင်ပေတော့မည်။
သူ့အနေနှင့် ဤဝက်ဝံမကို အသုံးပြုကာ ထောင်ချောက်ဆင် အမဲလိုက်တာက ပိုထိရောက်မည်ဟု ထင်သည်။
ဖန့်ရန်က ဝက်ဝံမကို တောထဲက သစ်ပင်တစ်ပင်၏ အောက်တွင်ထားကာ သူက သစ်ပင်ပေါ်တက်ပြီး တိတ်ဆိတ်စွာဖြင့် နေလိုက်သည်။
အချိန်တွေက တဖြည်းဖြည်း ကုန်လွန်လာသည်။ တစ်နာရီခန့်အကြာတွင် ဝက်ဝံမ၏ ခန္ဓာကိုယ်နှင့် မဝေးသော ချုံပုတ်များအတွင်းမှ အသံအချို့ထွက်ပေါ်လာသည်။
အနက်ရောင်စပါးအုံးမြွေ တစ်ကောင်သည် ချုံပုတ်များထဲမှ ရုတ်တရက် တွားသွားထွက်လာသည်။
"အိုး?"
တွားသွားထွက်လာသည့် ထိုအနက်ရောင်စပါးအုံးမြွေကို ကြည့်လိုက်သည့် ဖန့်ရန်က အနည်းငယ် အံ့သြသွားသည်။ သူ့ထောင်ချောက်ကို ပထမဆုံး လာဟပ်တဲ့ သားကောင်က စပါးအုံးမြွေတစ်ကောင် ဖြစ်နေဖို့ သူ မမျှော်လင့်ထားခဲ့ပေ။
ဖန့်ရန်က ထိုစပါးအုံးမြွေကို သေချာစစ်ဆေးလိုက်၏။
အနက်ရောင် စပါးအုံးမြွေသည် အရှည် (၅) မီတာခန့်ရှိပြီး အချင်းက အနည်းငယ် ထူသည်။
အနက်ရောင်စပါးအုံးမြွေက သေနေသည့် ဝက်ဝံမထံ တွားသွားပြီးနောက် ဝက်ဝံမကို သေချာ လှည့်ပတ်ကြည့်ပြီ တိုင်းတာကာ ၎င်းကို ချက်ချင်း ရစ်ပတ်ခဲ့သည်။
ဤအချိန်မှာ ရုတ်တရက် ဖန့်ရန်သည် သစ်ပင်ပေါ်ကနေ ခုန်ဆင်းလိုက်သည်။
.....