← Chapters

ရောက်လာခဲ့ခြင်း

Vol. 5 Ch. 71

ရောက်လာခဲ့ခြင်း

Vol. 5 Ch. 71

“ရှီးးးးး...”

ဖန့်ရန်က ထိုစပါးအုံးမြွေကြီးပေါ် ခုန်ချလိုက်ကာ မတုံ့ပြန်နိုင်မီ အရှိန်ပြင်းပြင်းဖြင့် ခေါင်းကို ကိုက်လိုက်သည်။

ဦးခေါင်းမှ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည့် အနက်ရောင် စပါးအုံးသည် နာကျင်စွာ ရုန်းကန်ကာ ဖန့်ရန်ကို ရစ်ပတ် ချုပ်နှောင်ဖို့ လုပ်သည်။

သို့သော် ဖန့်ရန်က ၎င်းကို ဦးစွာ ရစ်ပတ်လိုက်ပြီ ဖြစ်သည်။ ရုတ်ချည်းပင် သူသည် အနက်ရောင် စပါးအုံးမြွေကို၏ တစ်ကိုယ်လုံးရှိ အရိုးနုများကို စက္ကန့်ပိုင်းအတွင်း ကျိုးကျေစေကာ သေဆုံးစေလိုက်သည်။

ဤစပါးအုံးမြွေကို သတ်ပြီးနောက် ဖန့်ရန်သည် ၎င်းကို လျင်မြန်စွာ မျိုချလိုက်ကာ သစ်ပင်ပေါ်ပြန်တက်၍ သူ၏ နောက်ထပ်သားကောင်ကို စောင့်မျှော်နေလိုက်သည်။

[စနစ်အမှတ် ၁၂၀၀ မှတ်ကို ရရှိသည်]

...

ကျန်နေ့များတွင်လည်း ဖန့်ရန်သည် ထိုအတိုင်း အမဲလိုက်နေခဲ့လေသည်။

သူသည် ထိုရက်ပိုင်းအတွင်း ခွေးအ နှစ်ကောင်၊ တောခွေးလေးငါးကောင်၊ တောဝက်နှစ်ကောင်နှင့် ဝက်ဝံကြီးတစ်ကောင်ကို ဖမ်းဆီးမိခဲ့သည်။

ယခုအချိန်တွင် သူ၏ စုစုပေါင်း စနစ်အမှတ်သည် (၉၇၂၀၀) သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်မှာ သိပ်မလိုတော့ပေ။

ဤရက်ပိုင်းအတွင်း သူသည် မြစ်ထဲကို သွားကြည့်ခဲ့သော်လည်း ဆော်လမွန်ငါးများ လုံးဝ မရှိတော့သည်ကိုသာ တွေ့ရှိခဲ့ရသည်။

သူသည် မြစ်ကမ်းဘေးတွင် သုံးရက်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ဆော်လမွန်တစ်ကောင်မျှ မတွေ့ခဲ့ရပေ။

သူရဲ့ အရူးအမူး အမဲလိုက်မှုတွေကြောင့် ဤဒေသမှာ သားကောင်အရေအတွက် အများကြီး လျော့နည်းလာခဲ့၏။ ထိုကြောင့် ဤနေရာမှ ထွက်ခွာရန် အချိန်တန်ပြီဟု သူခံစားမိသည်။

...

နောက်တစ်နေ့တွင် ဖန့်ရန်သည် မြစ်ကမ်းတစ်လျှောက် ခရီးထွက်လာခဲ့သည်။

သူသည် ယခုချိန်တွင် သမုဒ္ဒရာထဲ ဝင်ဖို့တော့ မစီစဉ်ရသေးပေ။ ပြင်ဆင်မှုများ သေချာလုပ်မှ ရပေမည်။

ကျယ်ပြောလှသော သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံး နေရာတွင် လူသားများ ရှာဖွေမတွေ့ရှိသေးသည့် တိရိစ္ဆာန်များစွာ ရှိနေသေးသည်။

ဤသည်က သူ သမုဒ္ဒရာသို့ ယခုတိုင်း မသွားရသေးသည့် ခိုင်မာသော အကြောင်းပြချက် ဖြစ်သည်။

အပြာရောင် ဝေလငါးများသည် ပြောစရာပင် မလိုအောင် နူးညံ့သိမ်မွေ့သည်။

သို့သော် ဝေလငါးတိုင်းက နူးညံ့သိမ်မွေ့မှု ရှိသည်ဟု မဆိုလိုပေ။

Sperm ဝေလငါး။

ပျမ်းမျှအားဖြင့် Sperm ဝေလငါးတစ်ကောင်၏ အရွယ်အစားသည် ပျမ်းမျှအားဖြင့် မီတာ (၂၀) ကျော်အထိ ကြီးထွားနိုင်သည်။

ယင်းကြောင့် ဖန့်ရန်သည် ယခုအချိန်တွင် သုက်ပိုးဝေလငါးနှင့် တိုက်ပွဲဖြစ်ခဲ့လျှင် ရှင်သန်နိုင်ပါ့မလား မသေချာပေ။

Sperm ဝေလငါးအပြင် သူ့ကို ခြိမ်းခြောက်နိုင်သည့် သတ္တဝါအများအပြား သမုဒ္ဒရာထဲမှာ အများကြီးရှိသည်။ ၎င်းက လူသတ်ဝေလငါး၊ ပြည်ကြီးငါးကြီးများ၊ ရေဘဝဲနှင့် ငါးမန်းကြီးများ၊ စသည်ဖြင့်....

ထို့ကြောင့် သမုဒ္ဒရာထဲတွင် ဂုဏ်ယူဝံကြွားစွာ မရပ်တည်နိုင်သေးခင် အထိ သူသည်

မြစ်ကြောင်းတလျှောက် ဖြည်းညှင်းစွာ ရွေ့လျားရန်သာ စီစဉ်ထားသည်။

...

မြစ်ကမ်းတစ်လျှောက် နှစ်ရက်ကြာခရီးထွက်နေရင်း သင့်တော်သည့် နေရာတစ်ခုကို ရှာဖွေနေသော်လည်း ဖန့်ရန်သည် ယခုထိတိုင် နေထိုင်ရန် သင့်တော်သည့် နေရာကို ရှာမတွေ့သေးပေ။

ဤနှစ်ရက်အတွင်း သူ၏ စနစ်အမှတ်သည် (၁၀၀၀၀၀) ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤအရာက သူ့ကို အားတက်စေသည်။ ဆင့်ကဲဖြစ်စဉ်သည် သူနှင့် အလှမ်းမဝေးတော့ပေ။

နောက်ဆုံးမှာ ဖန့်ရန်သည် သုံးရက်မြောက်သောနေ့၌ သူနေထိုင်ရန် သင့်တော်သောနေရာကို ရှာတွေ့ခဲ့၏။

...

ဖန့်ရန် မသိခဲ့သည်က သူ အခြေချနေထိုင်ရန် နေရာကို ရှာတွေ့သည့်နေ့တွင် လူတစ်စုသည် ယခင်က သူနေထိုင်ခဲ့သည့် အရပ်သို့ ရောက်လာခြင်းပင်။

ဤအဖွဲ့တွင် အဘိုးကြီးတစ်ဦးနှင့် ကင်မရာကိုင်ဆောင်ထားသော လူငယ်တစ်ဦးအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ဆယ်ဦးရှိသည်။

အဘိုးကြီးမှလွဲ၍ ကျန်လူများမှာ လူငယ်များဖြစ်၏။ လူငယ်များသည် ကျောပိုးအိတ် တစ်လုံးစီ ကိုယ်ဆီကိုယ်ငှာ လွယ်ထားကြသည်။

ထို့အပြင် ၎င်းတို့ထဲမှ လူငယ်ငါးယောက်က လက်ထဲတွင် ဓားရှည်တစ်လက် ကိုင်ဆောင်ထားကြသည်။

နောက်ဆုံး သုံးယောက်ကတော့ လက်ထဲမှာ သေနတ်ကိုင်ဆောင်ထားလေသည်။

“ပါမောက္ခထန်၊ ကျွန်တော်တို့ ဒီနေရာကို မရောက်တာတောင် ကြာပြီနော်... ဒီသစ်တောကတော့ လွန်ခဲ့တဲ့ ငါးနှစ်က အတိုင်းပဲ”

ကင်မရာကိုင်ထားသည့် လူငယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူသည် ဤလမ်းတစ်လျှောက်တွင် တောရိုင်းတိရိစ္ဆာန်များစွာကို ဓာတ်ပုံရိုက်ခဲ့သည်။

ဇီဝဗေဒပညာရပ်ကို လေ့လာနေသော ကျောင်းသားတစ်ယောက်အနေဖြင့် ဤစိမ်းလန်းသည့် ပတ်ဝန်ကျင်းနှင့် တောရိုင်းတိရစ္ဆာန်များကို စိတ်ဝင်စားခြင်းက သဘာဝပင် ဖြစ်သည်။

ဤလမ်းခရီးတစ်လျှောက်မှာ ဒုက္ခအတော်များများရောက်ခဲ့သော်လည်း သူ၏ စိတ်ဝင်စားမှုများက လျော့ပါးမသွားပေ။

"အမှန်ပဲ.. ဟန်ချို"

ထန်ရွှဲက ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် ဒါရိုက်တာဖုန် ရုပ်ရှင်ရိုက်ကူးတုန်းက တွေ့ခဲ့တဲ့ ဧရာမစပါးအုံးမြွေကြီးကို မတွေ့တာက ခေါင်းကိုက်စရာပဲ"

ထန်ရွှဲ၏ အနည်းငယ် ဝမ်းနည်းနေသည့် အကြည့်ကို မြင်လိုက်ရတော့ ဟန်ချိုက ပြုံးပြီး ပြောသည်။

“ပါမောက္ခ ... စိတ်မပူပါနဲ့ ကျွန်တော်တို့မှာ အချိန်တွေ ရှိပါသေးတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ အဲဒီစပါးအုံးမြွေကြီးကို ငါတို့တွေ့နိုင်မှာပါ"

"ပစ္စည်းတွေ အများကြီးကျန်သေးတယ်။ ငါတို့ ဆက်ရှာလို့ရသေးတယ်"

သူတို့သည် ဤတောထဲကို မဝင်ခင်တွင် အစာခြောက်များသာမက အိုးကဲ့သို့သော အသုံးအဆောင်အမျိုးမျိုးကိုပါ ယူဆောင်လာသောကြောင့် မည်သည့်နေရာတွင် မဆို ချက်ပြုတ်နိုင်လေသည်။

"ဟားး ဟား... ၊ ငါအဘိုးကြီးရဲ့ သည်းခံနိုင်မှုက မင်းလောက်တောင် မရှိတော့ဘူးပဲကွ.. ဟူးးး... ငါတကယ်အသက်ကြီးလာခဲ့ပြီပဲ"

ဟန်ချို၏ နှစ်သိမ့်စကားကို ကြားပြီးနောက်.. ထန်ရွှဲက ရယ်မောကာ ပြောခဲ့သည်။

ထိုစဉ် တောင်စောင်းထိပ်သို့ လျှောက်သွားသော လူငယ်လေးသည် ရုတ်တရက် ခေါင်းလှည့်၍ ထန်ရွှဲကို လှမ်းအော်ပြောလာသည်။

"ပါမောက္ခထန်၊ ဒီမှာတစ်ခုခုတွေ့ပြီ"

"အိုး?"

ထိုစကားသည် ထန်ရွှဲ၏ စိတ်ဝင်စားမှုကို ယူဆောင်သွားသည်။

ထန်ရွှဲက လူငယ်လေး၏ တည်နေရာဆီသို့ လျှောက်သွားကာ သူညွှန်ရာနေရာကို လှမ်းကြည့်လိုက်သည်။

ယင်းက ချုံပုတ်တစ်ခု ဖြစ်သည်။

ထိုချုံပုတ်သည် တစ်စုံတစ်ခု၏ ကြိတ်ချေခြင်းခံထားရသလို အလယ်မှ သိသိသာသာပင် ကြေမွနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ထန်ရွှဲ၏ မျက်လုံးထဲတွင် အံ့သြသွားသည့် အရိပ်အရောင်တစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်းပင် ပျော်ရွှင်မှုများက သူ့မျက်နှာ ထက်၌ ပေါ်လာလေသည်။

ရှပ်..ရှပ်..ရှပ်

ခြေသံများနှင့်အတူ ဟန်ချိုလည်း ထိုနေရာသို့ လျှောက်လာခဲ့သည်။ ထိုအခြေအနေကို မြင်လိုက်ရချိန် သူ့မျက်လုံးတွေလည်း တောက်ပလာ၏။

"ပါမောက္ခ၊ ဒါ..."

ထန်ရွှဲ သူ့အထင် မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ဟန်ချို.... ငါတို့ ရှာနေတာ တွေ့တော့မယ် ထင်တယ်"

"ပါမောက္ခ၊ ဒီမှာလည်း တစ်ခုရှိတယ်!"

ရုတ်တရက် မဝေးတော့သော နေရာမှ လူငယ်တစ်ယောက်က ထန်ရွှဲအား စိတ်လှုပ်ရှားစွာ ပြောလာလေသည်။

ဟန်ချိုနှင့် ထန်ရွှဲသည် ထိုလူငယ်ညွှန်ပြသည့်နေရာကို ချက်ချင်းပင် အပြေးအလွှားသွားလိုက်ကြသည်။ ထိုနေရာသို့ သူတို့ရောက်၍ လူငယ်ပြသည့် အရာကို မြင်လိုက်သည်နှင့် မိုးကြိုးပစ် ခံလိုက်ရသလို သူတို့သည် နေရာမှာ အေးခဲသွားသည်။

"ဂလု"

ထန်ရွှဲသည် မျက်လုံးများ ပြူးကျယ်နေသည့် အနေအထားနှင့် သူ့တံတွေးကို မျိုချလိုက်သည်။

"ဒါ၊ ဒါ...."

သူ့ပါးစပ်မှ ဗလုံးဗထွေးအသံများ ထွက်ပေါ်လာသည်။

သူတို့ရှေ့၌ အရှည် (၁၀) မီတာရှည်နိုင်သည့် မြွေအရေခွံတစ်ခု ရှိနေသည်။

"ဒီနေရာက ဧရာမစပါးအုံးမြွေကြီး နေသွားခဲ့တဲ့ နေရာပဲ..."

ထန်ရွှဲက ချက်ချင်းပင် ထိုင်ချလိုက်ပြီ ဧရာမ စပါးအုံးမြွေကြီး၏ အရေခွံကို ဂရုတစိုက် ပွတ်သပ်ရင်း အသက်ရှုသံတွေ မြန်လာသည်။

"ဒါက ကြီးမားတဲ့ရှာဖွေတွေ့ရှိမှုပဲ၊ ကြီးမားတဲ့ရှာဖွေတွေ့ရှိမှု!"

ထန်ရွှဲသည် စိတ်လှုပ်ရှားစွာနှင့် ဧရာမ စပါးအုံးမြွေ၏ အရေခွံကို ညင်သာစွာ ပွတ်သပ်နေလိုက်သည်။

ဧရာမစပါးအုံးမြွေ၏ အရေခွံကို ကြည့်နေသည့် သူ့အကြည့်၌ ဝမ်းနည်းမှုနှင့် ဝမ်းသာမှုများ ရှိနေပုံပေါ်သည်။

ရုတ်တရက် ထန်ရွှဲက သူ့ဘေးနားရှိ ဟန်ချိုကို ပြောလိုက်သည်။

“ဒီမြွေခွံကို သေချာသိမ်းလိုက်... စခန်းချဖို့ နေရာရှာရမယ်။ ပြီတော့ ဒီဧရိယာတစ်ဝိုက်မှာ ကင်မရာတွေ တပ်ထားဖို့ မမေ့နဲ့အုံး”

"ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အတတ်နိုင်ဆုံး ရှင်းအောင်ရိုက်ရမယ်။ နားလည်လား"

"နားလည်းပါတယ်။ ပါမောက္ခ"

ဟန်ချိုသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြပြီးနောက် အုပ်စုလိုက်စုပြီး စခန်းချရန် သင့်တော်သည့် နေရာကို ရှာဖွေကြတော့သည်။

.....

All Chapters