← Chapters

ဆွဲဆောင်နေသော မွှေးရနံ့

Vol. 5 Ch. 72

ဆွဲဆောင်နေသော မွှေးရနံ့

Vol. 5 Ch. 72

တောနက်ကြီးထဲ၌ ရေကန်ကြီးတစ်ခုရှိပြီး ရေများသည် အလွန်ကြည်လင်သည့်အပြင် အရောင်အသွေးစုံလင်သော ငါးများလည်းရှိကာ အလွန်သာယာလှပသည်။

ရေကန်၏ ကမ်းစပ် နေရာတိုင်းကို စိမ်းလန်းစိုပြေသည့် မြက်ခင်းပြင်တွေနဲ့ သစ်ပင်ကြီးတွေက အခြံအရံသဖွယ် အဘက်ဘက်မှ ကာရံထားလေသည်။

ရုတ်တရက် ညောင်ပင်ကြီးတစ်ပင်၏ နောက်ကွယ်မှ သတ္တဝါတစ်ကောင်၏ ဦးခေါင်း ထွက်ပေါ်လာခဲ့သည်။

ဖန့်ရန်သည် ညောင်ပင်ကြီးနောက်ကွယ်မှ ထွက်လာကာ ရေကန်အစပ်မှာ ရပ်တန့်လိုက်သည်။ ထိုနောက် ရေပြင်၌ ထင်ဟပ်နေသည့် သာယာလှသော သဘာဝရှုခင်းများကို ကြည့်ရင်း လတ်ဆတ်သည့် သဘာဝလေအေးများကို အသက်ပြင်းပြင်းနှင့် ရူရှိုက်လိုက်လေသည်။

သူ၏ မျက်နှာထက်မှာ ကျေနပ်သည့် အမူအရာအပြည့် ရှိနေသည်။

ရေကန်သည် အလွန်ကျယ်ဝန်းသောကြောင့် တစ်ဖက်ကမ်းစပ်ကိုပင် မမြင်နိုင်ချေ။

ဖန့်ရန်က သူ့တည်နေရာနှင့် မဝေးလှသော နေရာမှ မိကျောင်းပေါင်းများစွာကို မြင်တွေ့နေရသည်။ မိကျောင်း အချို့က ရေထဲမှာ ရှိနေကာ အချို့က ကမ်းစပ်မြက်ခင်းပြင်ပေါ်မှာ ရှိနေကြသည်။

ထို့အပြင် ရေကန်ထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသော ဘဲများနှင့် ငန်းအချို့လည်း ရှိသည်။

ဤဒေသရှိ သားကောင်များသည် အလွန်ပေါများ၍ ရေအရင်းအမြစ်လည်းပေါများလေသည်။

သူသည် ခရီးသွားနေစဥ် လမ်းခရီးမှာ ဝံပုလွေများ၊ တောဝက်များ၊ ဒရယ်များနှင့် ကျားများအပါအဝင် တောရိုင်းတိရိစ္ဆာန် အများအပြားကိုလည်း တွေ့မြင်ခဲ့ရလေသည်။

တစ်ခါတွင် အလျား (၃) မီတာရှိသော ဆိုက်ဘေးရီးယားကျားတစ်ကောင်ကို တွေ့မြင်ခဲ့ရသေးသည်။ သူသည် ထိုကျားကိုတွေ့စဉ်အခါက အလွန် ထိတ်လန့်သွားခဲ့ရလေသည်။ ၎င်းကျားသည် ယခုအချိန်အထိ သူကြုံတွေ့ဖူးသော သားရဲ အားလုံးထဲမှာ အကြီးမားဆုံး ဖြစ်သည်။

သို့သော် လက်တွေ့ဘဝသို့ ပြန်ရောက်သွားသောအခါ ထိုအတွေးကို ချက်ချင်းပင် ခေါင်းထဲမှ ထုတ်ပစ်ခဲ့သည်။

သူသည် (၁၃) မီတာ အရှည်ရှိသော ဧရာမစပါးအုံးမြွေကြီးဖြစ်သည်။ တိုက်တန်နစ်မြွေများနှင့်ပင် ယှဉ်ပြိုင်နိုင်လေသည်။ သူသာ ဤကျားနှင့် တိုက်ခိုက်လျှင် နောက်ဆုံးမှာ သူသာ နိုင်ပေမည်။

သို့သော် ထိုကျားသည် အလွန်သတိကြီးလွန်၏။ သူနှင့် ထိပ်တိုက်တွေ့ပြီးနောက် ချက်ချင်းပင် လှည့်ပြေးသွားခဲ့သည်။

ဤအရာက ဖန့်ရန်ကို အနည်းငယ် ရင်နာသွားစေခဲ့သည်။ စနစ်၏ အသိပေးချက်အရဆို ထိုကျားသည် သူ့အား စနစ်အမှတ် (၅၀၀၀) ပေးစွမ်းနိုင်လေသည်။

ယခုအချိန်တွင် သူ၏ စနစ်အမှတ်သည် (၁၁၀၀၀၀) ပင် ကျော်သွားခဲ့ပြီ ဖြစ်သည်။

ယခု သူသည် သားကောင် ပေါများသည့် ဤနေရာကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် သူ့ဆင့်ကဲဖြစ်စဉ် စတင်ဖို့ အချိန်သိပ်ကြာတော့မည် မဟုတ်ပေ။

...

ရေထဲသို့ငုပ်ရင်း ဖန့်ရန်သည် ရေကန်ထဲတွင် လှည့်လည်သွားလာကာ၊ ဤနေရာရှိ သားကောင်အရေအတွက်ကို တိတ်တဆိတ် တွက်ချက်နေသည်။

စုစုပေါင်း မိကျောင်း (၁၈) ကောင်ကို တွေ့ခဲ့ရသော်လည်း အများစုမှာ (၂) မီတာ ဝန်းကျင်သာ ရှိပေသည်။ ထိုအရွယ်အစားရှိသည့် မိကျောင်းတွေသည် သူ့ကို စနစ်အမှတ် (၁၂၀၀) သာ ပေးစွမ်းနိုင်လေသည်။

သူသည် ကာပီဘား (၁၃) ကောင်ကိုလည်း တွေ့ခဲ့ရသည်။

(ကာပီဘာ..ဖျံနှင့်တူပြီး ဘဲလို နှုတ်ခမ်းပြား ရှိသည့် သတ္တဝါ)

ဖန့်ရန်က စိတ်ထဲကနေ ရေတွက်လိုက်မိသည်။

သူသည် မိကျောင်းများနှင့် ကာပီဘားများကို မျိုချလိုက်ပါက စုစုပေါင်း စနစ်အမှတ် (၃၀၀၀၀) ရရှိမည် ဖြစ်သည်။

အကယ်၍ သူသာ တိရစ္ဆာန်ငယ်လေးများကို စားသောက်နေသမျှ ကာလပတ်လုံး ဆင့်ကဲဖြစ်စဉ်က သိပ်မဝေးတော့ပေ။

...

သုံးရက်ခန့်အကြာ...

ဆူညံသည့် လှိုင်းဂရပ်တွေကြားမှာ ဖန့်ရန်တစ်ယောက် မိကျောင်းများနှင့် ကာပီဘားများကို အမြန်ဆုံး ဖမ်းယူစားသောက်နေလေသည်။

သုံးရက်အတွင်း သူ၏ စနစ်အမှတ်သည် (၁၄၅၅၈၀) သို့ပင် ရောက်ရှိလာခဲ့သည်။

ဗွက်

ငြိမ်သက်နေသော ရေကန်၏ မျက်နှာပြင်တွင် ပူဖောင်းများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မျက်နှာပြင်ပေါ်သို့ အရိပ်မဲကြီးတစ်ခု တဖြည်းဖြည်း မြင့်တက်လာသည်။

ဖန့်ရန် ကမ်းစပ်ဘက်သို့ လှမ်းကြည့်လိုက်ရာ ဒရယ်တစ်ကောင်က ရေကို အေးအေးဆေးဆေးပင် သောက်နေသည်ကို မြင်လိုက်ရသည်။

ဒရယ်ကို ခဏလောက် ငေးစိုက်ကြည့်ရင်း

ဖန့်ရန်သည် ရေအောက်ကို တဖြည်းဖြည်း ပြန်လည်နစ်မြုပ်သွားခဲ့သည်။

သူသည် ဒရယ်ဆီသို့ ဖြည်းညှင်းစွာ ကူးခတ်သွား၏။ သိပ်မကြာခင်မှာပဲ ရေသောက်နေတဲ့ သမင်ဒရယ်နားကို ရေအောက်ကနေ သူရောက်သွားခဲ့သည်။

ထိုအချိန်တွင် ဒရယ်သည် အန္တရာယ်ကို မသိဘဲ ရေကို သောက်နေဆဲ ဖြစ်သည်။ ၎င်း၏ အောက်ဘက်မှာ ဧရာမ စပါးအုံးမြွေတစ်ကောင်က သူ့ကို စိုက်ကြည့်နေတာကိုတော့ မသိခဲ့ပေ။

ဝုန်းး!

ရေကွဲသံများနှင့်အတူ အနက်ရောင်အရိပ်တစ်ခုက ရေထဲမှ ဗြုန်းခနဲ ပေါ်လာပြီး ဒရယ်ကို ကိုက်ကာ လျှပ်စီးလက်သည့် အရှိန်ဖြင့် ရေအောက်သို့ ဆွဲချလေသည်။

"ကတ်!.. ကတ်!"

ဒရယ်သည် ထိတ်လန့်တကြားအော်ဟစ်ကာ ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်ခဲ့ပေ။

စက္ကန့်အနည်းငယ်အတွင်း ဒရယ်သည် ရေထဲကို နစ်မြုပ်သွားကာ ၎င်း၏ ခန္ဓာကိုယ်ကို ဧရာမစပါးအုံးမြွေကြီးသည် ဖမ်းယူသွား၏။ သိပ်မကြာခင်မှာပဲ ကန်ရေက ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ဒရယ်ကို မျိုချပြီးနောက်၊ ဖန့်ရန်သည် ရေအောက်တွင် ပုန်းနေပြီး နောက်သားကောင်ကို စောင့်ဆိုင်းနေခဲ့သည်။

ဤရေကန်တွင် မိကျောင်းအားလုံး မရှိတော့ပေ။ လွန်ခဲ့သည့် ရက်ကပင် ၎င်းတို့အားလုံး သူဖမ်းယူမျိုချခဲ့ခြင်းကြောင့် ယခုဆို ဤကန်ထဲမှာ သူဆိုသည့် မုဆိုးတစ်ယောက်သာ ကျန်ရှိတော့သည်။

သားကောင်သည် ရေထဲမှ လျှောက်သွားနေသရွေ့ သူ့ဆီကနေ မလွတ်မြောက်နိုင်ပေ။

မူလက သူသည် စနစ်အမှတ်များ လုံလောက်စွာ စုဆောင်းပြီး ထွက်ခွာမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

သို့သော် မထင်ထားသည့် အရာနှင့် သူတွေ့လိုက်ရသည်။

ဤနေ့မနက်ခင်း သူအမဲလိုက်ဖို့ လုပ်နေချိန် ဖန့်ရန်သည် ကန်ထဲမှာ ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။

ယင်းက စပါးအုံးမြွေတစ်ကောင်ပင်။

၎င်း၏ ကိုယ်ထည်အရှည်မှာ (၇) မီတာ ဝန်းကျင်ရှိလေသည်။

၎င်းကို ဧရာမ စပါးအုံးမြွေကြီးအဖြစ် သတ်မှတ်နိုင်သော်လည်း၊ ဖန့်ရန် အတွက်တော့ ၎င်းက ဘာမှမဟုတ်ပေ။

ထူးဆန်းသည်က ထိုစပါးအုံးမြွေ၏ ရနံဖြစ်လေသည်။

ဖန့်ရန်သည် ထိုစပါးအုံးမြွေထံမှ စွဲမက်ဖွယ်ကောင်းသော ရနံ့ကို အနံ့ခံရလိုက်သည်နှင့် သူသည် နားမလည်နိုင်အောင် တုန်လှုပ်သွားလေသည်။

ထိုရနံ့သည် သူ့အတွက် ရွံရှာဖွယ်ကောင်းကြောင်း သိသာထင်ရှားသော်လည်း သူ့ခန္ဓာကနှစ်သက်နေပုံပေါ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်အတွင်း၌ ထိုစပါးအုံးမြွေထံသို့ တွားသွားရန် စိတ်အားထက်သန်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဤတွန်းအားသည် ပို၍ထင်ရှားလာသည်။

ထိုစပါးအုံးမြွေ၏ ရနံ့သည် ဖန့်ရန်၏ စိတ်ကို ရှုပ်ထွေးစေပြီး သူကို ဆွဲဆောင်ခဲ့သော်လည်း မသိစိတ်မှ သူ့ကို ရွံရှာနေစေသည်။

ယင်းရနံ့သည် သူ့အပြင် ဘယ်နေရာက ရုတ်တရက် ရောက်လာမှန်း မသိရသည့် အခြားစပါးအုံးမြွေ တစ်ကောင်ကိုပါ ဆွဲဆောင်နိုင်ခဲ့လေသည်။

ထိုစပါးအုံးမြွေ၏ (၆) မီတာအရှည်က သူ၏ အဆင့်နဲ့ မနီးပေမယ့် စပါးအုံးများထဲတွင် ကြီးမားသည်ဟု ယူဆနိုင်လေသည်။

ထို့နောက် စပါးအုံးမြွေနှစ်ကောင်သည် ရေတိမ်ပိုင်းတွင် အချင်းချင်း ချဉ်းကပ်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ်ကို တညီတညွတ်တည်း လိမ်လည်၍ ရေထဲတွင် အဆက်မပြတ် လူးလိမ့်နေကြလေသည်။

ထိုသည်ကို မြင်နေရသည်နှင်အမျှ ဖန့်ရန်၏ နှလုံးသားထဲမှ တွန်းအားတွေက ပိုမိုအားကောင်းလာခဲ့သည်။

စပါးအုံးမြွေနှစ်ကောင် အနားကို ကပ်သွားမိတာနှင့် တစ်ခုခုကို စိတ်မြန်လက်မြန် လုပ်မိမည်ကို စိုးရိမ်သောကြောင့် သူသည် ကမ်းစပ်သို့ ကူးသွားကာ တောထဲသို့ အမြန်ပြေးဝင်သွားခဲ့သည်။

ယင်းစပါးအုံးမြွေနှစ်ကောင်ကို သူ မမြင်ချင်တော့ပေ။

တောထဲမှ သားကောင်အချို့ကို သတ်ဖြတ်စားသောက်ပြီးမှသာ သူ့စိတ်ထဲက ဂနာမငြိမ်မှုများလည်း ပျောက်ကွယ်သွားခဲ့သည်။

ဒီအခြေအနေအရတော့ ထိုစပါးအုံးမြွေနှစ်ကောင် မပြန်ခင်အထိ စောင့်ရပေမည်။

ဖန့်ရန်သည် တောထဲမှာ ပေါ့ပေါ့ပါးပါး လျှောက်သွားရင်း သူတွေ့တဲ့ သားကောင်အကုန် ဖမ်းယူမျိုချသည် ကြီးကြီးငယ်ငယ် ခွဲခြားမနေပေ။

ယုန်၊ ပုတက်၊ ငှက် အစရှိသော တိရစ္ဆာန်ငယ်များပင်လျှင် သူဖမ်းဆီးစားသောက်သည်။

သူဘယ်သွားသွား၊ သူ့မြင်သမျှ သက်ရှိအားလုံးကို စားသည်။

ဒီလို ရူးသွပ်တဲ့ အမဲလိုက်မှုအောက်မှာ သူ့ရဲ့ စနစ်အမှတ်က (၁၄၆၄၀၀) အထိ ခုန်ပျံကျော်လွှား များပြားလာခဲ့လေသည်။

ဖန့်ရန်သည် ယနေ့တွင် ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ်များ လုံလောက်စွာ စုဆောင်းနိုင်မလားဟု တွေးတောနေချိန်တွင် အဝေးမှ လူများ၏ စကားပြောသံကို ရုတ်တရက် ကြားလိုက်ရလေသည်။

လူတွေရဲ့ အသံ။

"ဒီတောနက်ထဲမှာ လူသားတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

ရုတ်တရက် သူသည် မကြာမီက မြင်ခဲ့ရသော ထုပ်ပိုးစက္ကူစာရွက်ကို သတိရမိလိုက်သည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်...

ဖန့်ရန်သည် အသံကြားရာဘက်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

.....

All Chapters