Chapter 38
Vol. 4 Ch. 38
သူတို့ အိပ်တော့မည့်အချိန်အထိ ထိူလူက ပုံမှန်အတိုင်း ပြုမူခဲ့ပြီး၊ အရင်ညကလို အကြမ်းပတမ်း အမူအရာမရှိနေသည့်အပြင် လင်းချောင်ကို တစ်ချက်မှ မကြည့်ခဲ့ပေ။ လင်းချောင်က သူ ကွန်ဒုံးရရန် လက်လျှော့လိုက်ပြီဟု ထင်ခဲ့သော်လည် သူတို့ အိပ်ရာဝင်လိုက်သည်နှင့် မီးဖွင့်ထားသေးချိန်မှာပဲ ချုံခိုနေသည့် ကျားသစ်က သားကောင်ပေါ် ခုန်အုပ်လိုက်၏။
ဒီတစ်ခါတော့ လင်းချောင်က မြန်မြန် တုံ့ပြန်ခဲ့၏။ အမျိုးသားက ကိုင်းလိုက်ရုံရှိသေးတယ်၊ သူမ၏ ဆန္ဒကိုတောက်လောက်လာအောင် မလုပ်နိုင်ခင်မှာပဲ သူ့လက်ကို အရင် ဖိချလိုက်ပြီးမေးလိုက်၏။
"ရှင် ကွန်ဒုံးရလာပြီလား။"
ကျိသော်က ဘာမှ မပြောခဲ့။ သူကဘောင်းဘီအိတ်ကပ်ထဲမှ အထုပ်တစ်ထုပ်ကို ထုတ်ပြီး သူမဘေးတွင် ပစ်ချလိုက်ကာ သူမကို နမ်းရန် ငုံ့လိုက်၏။ "ဒါဆိုရင် လုံလောက်ပြီလား?" ဟုပင် မမေးခဲ့ပေ။
သူက စကားနည်းပြီး အလုပ်နှင့်သာ သက်သေပြတတ်သူဖြစ်သည်။
လင်းချောင်က သူ့ကို ဆက်မတွန်းတော့။ သူမ၏ ခန္ဓာကိုယ် အားပျော့မသွားခင်မှာပဲ အခန်းထဲမှ မီးများကို ပိတ်လိုက်သည်။
အမှောင်ထုထဲတွင် ထိုလူ၏ ချောမောသည့်မျက်နှာနှင့်ခန္ဓာကိုယ်ကို သေချာမမြင်နိုင်တော့ပေမဲ့ သူမ၏ လက်အောက်မှ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက အလိုဆန္ဒဖြင့် တင်းမာနေခဲ့သည်။
အခွင့်ကောင်းကိုအရယူပြီး လင်းချောင်က သူ့ကို အကြိမ်အနည်းငယ် ထိတွေ့ခဲ့ကာ ထိုလူ၏ ကျယ်ပြန့်သည့် ကျောပြင်မှတစ်ဆင့် သူ့၏ ကြွက်သားများရှိသည့် ခါးအထိ လိုက်စမ်းကြည့်လိုက်ပြီး သူမ၏ လက်ဖဝါးအောက်မှနေ၍ သူ၏ပူနွေးပြီး ချွေးထွက်နေသည့် အသားအရေကို လျှင်မြန်စွာ ခံစားနိုင်ခဲ့သည်။
အမှောင်ထဲတွင် တစ်စုံတစ်ယောက် ရုန်းကန်နေသည့် အသံတစ်သံကို ကြားလိုက်ရသည်။ လင်းချောင်က မျက်လုံးဖွင့်ကြည့်လိုက်သည်။ မှိန်နေသည့် အလင်းရောင်အောက်တွင် ထိုလူက သူ့မေးစေ့ကို မော့ကာ အထုပ်ကို လျှင်မြန်စွာ ကိုက်ဖွင့်လိုက်သည်ကို မထင်မရှား မြင်လိုက်ရ၏။ သူမ မျက်လုံးများကို ပြန်ပိတ်လိုက်သော်လည်း တွေးထားသလို မုန်တိုင်းထန်မလာခဲ့ပေ။
သူက ပထမဆုံးအကြိမ် သုံးခြင်းဖြစ်ပြီး အတွေ့အကြုံမရှိပေ။ ဘယ်လို ဝတ်ရမှန်းတောင် မသိခြင်းဖြစ်၏။ မစခင်မှာ ဆုံးသွားသည်တော့ မဖြစ်နိုင်ဘူးမလား?
ထို့နောက် သူက တကယ်ကို မြန်မြန်ဆန်ဆန်၊ အာ..
လင်းချောင်က သူမရှာတွေ့ထားသူက ပုံပန်းသဏ္ဍာန်သာ ကောင်းပြီး အနှစ်သာရမရှိသူဟု မယုံချင်ပေ။ သူမက မျက်လုံးများကို ညင်သာစွာ ဖွင့်ပြီးမေးလိုက်၏။
"ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ဘူး၊ နည်းနည်း ကျပ်နေလို့။"
နည်းနည်း ကျပ်နေလို့?
"နည်းနည်း ကျပ်နေလို့" ဆိုတာ ဘာကိုဆိုလိုတာလဲ?!
လင်းချောင်က ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး ခုနကမှ နိုးကြားနေခဲ့သည့် စိတ်လှုပ်ရှားမှုက ပြန်အေးသွားလုနီးပါး ဖြစ်သွားခဲ့သည်။
ကံကောင်းစွာနဲ့ပဲ အမျိုးသား၏ အကြမ်းပတမ်းချဉ်းကပ်မှုက ဖြည်းဖြည်းချင်း သွားရမည့်အချိန်တွက် အလွန်အကျွံ မဖြစ်ခဲ့ပေ။ သူက ပုံမှန်အားဖြင့် တည်ငြိမ်ပြီး၊ သူ၏ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုကလည်း ရယ်စရာတော့မဟုတ်။
လင်းချောင်က နာကျင်မှုကို သိပ်မခံစားရပေ။ သို့သော် မနက်အိပ်ရာထချိန်မှာတော့ သူမက ထရန်ပင် မတတ်နိုင်လုနီးပါး ဖြစ်ခဲ့၏။ သူမ အိပ်ရာဘေးတွင် မှီပြီး အမှိုက်ပုံးထဲ ပစ်ထည့်ထားသည့် အရာများကို ရေတွက်လိုက်သည်။ သိပ်မများပါဘူး - သုံးခုတည်း - ဒါပေမဲ့ ခုနစ်ခုလောက် သုံးခဲ့သလို ဘာလို့ ခံစားရတာလဲ။
အိမ်တွင် ရေပိုက်များ တပ်ဆင်ရန် လိုသေးသည့်ကိစ္စမရှိလျှင် ဒီနေ့ အိမ်ဟောင်းကိုမပြန်သူက တခြားတစ်ခုခု ကြံစည်နေပြီဟု သူမ သံသယဝင်မိမည်ဖြစ်သည်။
ကံကောင်းစွာနဲ့ပဲ ကုတင်ပေါ်တွင် ခဏထိုင်ပြီးသည့်နောက် သူမ ပိုပြီးနေလို့ကောင်းလာခဲ့သည်။ ဒီနေ့ အိမ်မှာ လုပ်စရာများ ရှိသေးသဖြင့် လင်းချောင် ကုတင်ပေါ်တွင် လှဲနေ၍မရပေ။ သူမက အမြန်ပြင်ဆင်လိုက်ပြီး အကူအညီပေးရန် ထွက်သွားလိုက်၏။ သူမက ပင်ပင်ပန်းပန်း လုပ်စရာမလိုပေ။ ဖရဲသီးခွဲပေးခြင်း၊ ပဲရေ ကျိုပေးခြင်းနှင့် ရေခဲမုန့်ဝယ်ပေးခြင်းသာလုပ်ခဲ့၏။
အိမ်တွင် ရေခဲသေတ္တာရှိသည့်အတွက် အအေးခံပြီးမှ ထိုအရာများကို ထုတ်ခဲ့သည်။ နေ့လည်စာလည်း ချက်စရာမလိုပေ။ အိမ်နီးချင်း ဗိုလ်မှုးကြီးလျန်၏ဇနီးက ချက်ပေးခဲ့သည်။
မွန်းလွဲပိုင်းမှာတော့ အိမ်နှစ်လုံးအတွက် ရေပိုက်များ တပ်ဆင်ပြီးသွားပြီဖြစ်ပြီး ဘေစင်များကိုလည်း ဘိလပ်မြေနှင့် ဆောက်ပြီးသွားခဲ့လေပြီ။ ရက်အနည်းငယ်ကြာအောင် အခြောက်ခံပြီးသည်နှင့် အသုံးပြုနိုင်ပြီဖြစ်၏။ ဗိုလ်မှူးကြီးလျန်က ခြံထဲတွင် ထမင်းဝိုင်း စီစဉ်ပေးပြီး လင်းချောင်နှင့် ကျိသော်တို့ နှစ်ယောက်စလုံးကို ဖိတ်ကြားခဲ့သည်။ ကျိသော်က အရက်ပင် သောက်ခဲ့သေးပြီး အိမ်ပြန်ရောက်သည်နှင့် လင်ချောင်းကို "နောက်ထပ် နှစ်ခု" ထပ်သုံးရန် ဆွဲခေါ်သွားခဲ့တော့သည်။
ဒီဘဝရော အရင်ဘဝမှာရော လင်းချောင်က ဒီလောက် အစားအသောက်ကောင်းကောင်း မစားဖူးသဖြင့် အနည်းငယ်ပင် ဗိုက်ပြည့်သလို ခံစားရသည်။
နောက်တစ်နေ့တွင်တော့ ကျိသော်က ကျန်နေသေးသည့် အရာများကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်ကို သူမ တွေ့လိုက်ရ၏။
ထိုအခါမှ လင်းချောင်က ဒီအရာများသည် ရောင်းရန်မရှိဘဲ မိသားစုစီမံကိန်းဌာနကနေသာ ယူလို့ရသည်ကိုသတိရမိသွားသည်။
တစ်လကို ဆယ်ခုက မများသော်လည်း သိပ်နည်းနေသည်တော့ မဟုတ်။ ရိုးရိုးသားသားပြောရရင် ကျန်းမာရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများနှင့် ကောင်းကောင်းကိုက်ညီနေသည်။
နောက်လအထိ စောင့်လို့ရသည်ဟု သူမ ပြောရန်ပြင်လိုက်ချိန်တွင် ထိုလူက သူမကို မော့ကြည့်ပြီးပြောလိုက်၏။
"ဒါက တစ်နှစ်စာ။"
လင်းချောင် အံ့အားသင့်သွားသည်။
"ကိုယ်က နောက်ကျမှ လက်ထပ်ခဲ့လို့ နည်းနည်းပိုပေးလိုက်တာ။"
ထိုအချိန်က သူက အနည်းငယ်နည်းနေသည်ဟု ထင်ခဲ့သော်လည်း သူက အလိုဆန္ဒကြီးသူတစ်ယောက် မဟုတ်သည့်အတွက် ဘာမှမပြောခဲ့ခြင်းသာဖြစ်၏။
.......
တနင်္လာနေ့၊ လင်းချောင်ရုံးခန်းထဲဝင်သွားသည်နှင့် အဖွဲ့ခေါင်းဆောင်ကော၏ စားပွဲပေါ်တွင် ဓာတုဗေဒစာအုပ်အသစ်အများကြီးကို သတိထားမိလိုက်သည်။
လင်းချောင်မမေးရသေးခင်မှာပဲ အဖွဲ့ခေါင်းဆောင်ကောကပြောလိုက်သည်။
“ငါအသစ်တွေ မြန်မြန်မလေ့လာရင် အတန်း ၁ နဲ့ အတန်း ၂ နောက်ကျကျန်ခဲ့လိမ့်မယ်။”
“ဒါတော့ မဖြစ်နိုင်ပါဘူး။ ရှင့်ရဲ့အတန်းနှစ်တန်းက တော်တော်လေး ကောင်းနေတာပဲကို။”
လင်းချောင်က ပြုံး၍ပြောလိုက်ရင်း ထိုင်ရန် ကုလားထိုင်ဆွဲထုတ်လိုက်သည်။
“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ။
“လောင်ချီက လွန်ခဲ့တဲ့ရက်ပိုင်းက ပြောသွားတယ်။ ဒီနှစ်ဒုတိယနှစ်ဝက်မှာ တက္ကသိုလ်ကျောင်းဆင်းလူငယ်လေးတွေ ထပ်ခေါ်ဖို့ စီစဉ်နေတယ်တဲ့။ သူတို့ရူပဗေဒပါ သင်ယူနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။”
ဓာတုဗေဒ စမ်းသပ်မှုများနှင့်ယှဉ်လျှင် ရူပဗေဒက ပစ္စည်းကိရိယာ ပိုလိုအပ်သောကြောင့် ကျောင်းသားအားလုံး ပါဝင်နိုင်ရန် ပိုခက်ခဲသည်။
သို့သော် ဒုကျောင်းအုပ်ချီက ပြောရုံသက်သက် မဟုတ်ပေ။ ကျောင်းအပေါ် သွေးသစ်လောင်းခြင်း၏ သက်ရောက်မှုက လင်းချောင်ကိုကြည့်လိုက်လျှင် သိသာသည်။ အတန်းတစ်တန်းက ၂.၁ မှတ် တိုးလာသည်။ နောက်အတန်းတစ်တန်းက ၄.၃ မှတ်တိုးလာသည်။ ဒါတွေအားလုံးက တစ်လခွဲအတွင်းမှာ ဖြစ်ခဲ့ခြင်းပင်။ အရင်ကဆိုလျှင် စိတ်ကူးတောင်မယဉ်နိုင်ခဲ့သည့်အရာများ ဖြစ်သည်။
“မင်းတို့လူငယ်တွေ ကြီးပြင်းလာရင် ငါတို့အသက်ကြီးတဲ့သူတွေက အနားယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။” အသက်လေးဆယ်ပင် မပြည့်သေးသော အဖွဲ့ခေါင်းဆောင်ကောက သက်ပြင်းချလိုက်သည်။
“အတန်းချိန်ရောက်ပြီ။ ဟောပြောခန်းငယ် ရမရ သွားစစ်ရဦးမယ်။”
စနေနေ့ညနေ လင်းချောင် အတန်းနှစ်တန်းကို စမ်းသပ်မှုများလုပ်ခိုင်းစဉ်က သူလျှောက်လွှာတင်ရန် နောက်ကျသွားခဲ့သည်။ သို့သော် သူက အလျင်မလိုပေ။ လင်းချောင်ပြီးသွားသည်နှင့် တခြားအတန်းများက ဘယ်လိုလုပ်ရမည်ဆိုသည်ကို သိသွားလိမ့်မည်။ သူက သူ့ကျောင်းသားများကို ကိုယ်တိုင်စမ်းကြည့်စေချင်ရုံသာဖြစ်သည်။
သူထရပ်လိုက်သည်နှင့် လောင်ရွှီ ဝင်လာပြီးပြောလိုက်သည်။
“ရှောင်ကော၊ ဟောပြောခန်းငယ် မအားဘူး၊ လောင်ကျန်းက ငါ့ကို ပြောခိုင်းလိုက်တယ်။”
“မအားဘူးလား။”
လင်းချောင်လည်း အံ့အားသင့်သွားခဲ့သည်။ သူမလျှောက်လွှာက လွန်ခဲ့သည့် တနင်္လာနေ့က အတည်ပြုခဲ့၍ဖြစ်သည်။
အဖွဲ့ခေါင်းဆောင်ကောက မျက်ခုံးပင့်လိုက်၏။
“ဘာလို့လဲ။”
လောင်ရွှီက ပြောလိုက်သည်။
“လောင်ကျန်းက ဘာမှ မပြောလိုက်ဘူး။ ထပ်မေးကြည့်လိုက်ရမလား။”
“ရပါတယ်၊ ကျွန်တော် ကိုယ်တိုင်ပဲ မေးလိုက်မယ်။” အဖွဲ့ခေါင်းဆောင်ကောက ပြောရင်း ထွက်သွားလိုက်သည်။
လောင်ရွှီက လင်းချောင်ဘက်လှည့်ပြီးပြောလိိုက်သည်။
“လောင်ကျန်းက မင်းကို သူ့ရုံးခန်းမှာ လာတွေ့ပါတဲ့။”
ဒါက အဖွဲ့ခေါင်းဆောင်ကော၏ လျှောက်လွှာကို ပယ်ချလိုက်ပြီးသည်နှင့် လင်းချောင်ကို ခေါ်လိုက်ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
“ကျွန်မ အရင်သွားလိုက်မယ်။”
လင်းချောင်က ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် လောင်ကျန်းက သူမကို အရင်ခေါ်ထားသည်ဖြစ်၍ သူတို့နှစ်ယောက်လုံးအတူသွားလျှင်လည်း မကောင်းပေ။
အဖွဲ့ခေါင်းဆောင်ကောက ကန့်ကွက်စရာမရှိဘဲ ပြန်ထိုင်လိုက်၏။
လင်းချောင် ကျောင်းသို့ရောက်သည်မှာ တစ်လရှိပြီ။ အမြဲတမ်း ဒုကျောင်းအုပ်ချီနှင့်သာ ဆက်ဆံခဲ့ရပြီး လောင်ကျန်းကိုတော့ မတွေ့ဖူးသေးပေ။ သူ့အကြောင်းတော့ ကြားဖူး၏။ လောင်ကျန်းက ဝက်မွေးမြူရေးခြံသို့ ပို့ခံရပြီး ကျောင်းအုပ်ရာထူးဆုံးရှုံးခဲ့ရကာ လွန်ခဲ့သည့်နှစ်နှစ်အကြာကမှ ပြန်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုခေတ်က အထူးသဖြင့် ကျောင်းများတွင် ဒီလိုအခြေအနေမျိုးက အဆန်းမဟုတ်ပေ။ သို့သော် မကြာသေးခင်က ပြုပြင်ပြောင်းလဲမှုများကြောင့် အာဏာသိမ်းခဲ့သူများကို ဖယ်ရှားပြီး အရင်ကလူများ ပြန်လာခဲ့ကြသည်။ ဝက်မွေးခဲ့သည်မှာ ဆယ်နှစ်ကြာခဲ့ပြီဖြစ်သည့်အတွက် လောင်ကျန်းက ကျောင်းနေဘဝနှင့် သိပ်လိုက်လျောညီထွေ မရှိတော့ပေ။ သူ၏အသက်နဲ့ ထိုနှစ်များ၏ အကျိုးသက်ရောက်မှုက သိသာခဲ့သောကြောင့် ကျောင်းကိစ္စအများစုကို ဒုကျောင်းအုပ်ချီက စီမံခန့်ခွဲပြီး လောင်ကျန်းကတော့ အရေးကြီးသည့်ဆုံးဖြတ်ချက်များကိုသာ ချခဲ့သည်။
လောင်ကျန်းကိုတွေ့တော့ လင်းချောင်က သူသည် ရှိရင်စွဲအသက်ငါးဆယ်ကျော်ထက် ပိုအိုနေသည်ကို သတိထားမိလိုက်သည်။ သူက လုပ်ငန်းကြမ်းများလုပ်ခဲ့၍ လက်များကြမ်းတမ်းနေပြီး အရေးအကြီးဆုံးကတော့ သူ၏မျက်လုံးများ မှိုင်းညို့နေကာ ပညာရေးအတွက် စိတ်အားထက်သန်မှု ကင်းမဲ့နေသည်။
လင်းချောင်၏ ရင်ထဲ စိတ်မကောင်းဖြစ်သွား၏။ ထင်သည့်အတိုင်းပဲ လောင်ကျန်းက ပြောလိုက်သည်။
“မင်းက စာသင်ကြားရေးအတွက် အသုံးမဝင်တဲ့ စမ်းသပ်မှုတွေလုပ်ဖို့ ဟောခန်းငယ်နဲ့ ကျောင်းက သင်ထောက်ကူတွေကို အကြိမ်ပေါင်းများစွာ အသုံးပြုတယ်ဆိုတဲ့ တိုင်ကြားမှုတွေ ငါကြားရတယ်။”
အကြိမ်ပေါင်းများစွာ... ကျောင်းရဲ့သင်ထောက်ကူပစ္စည်း တွေကိုသုံးပြီး... စာသင်ယူမှုအတွက် အသုံးမဝင်ဘူး။
တိုင်တန်းသူတွင် မကောင်းသည့် ရည်ရွယ်ချက်မရှိဘူးဟုဆိုလျှင် လင်းချောင် ယုံမည်မဟုတ်ပေ။ သူမ စကားမပြောဘဲ စောင့်နေခဲ့ပြီး သူစကားဆုံးတော့မှ ပြောလိုက်သည်။
"အဲ့ဒီဆယ်နှစ် ကုန်ဆုံးသွားပြီလို့ ကျွန်မထင်ခဲ့တာ။"
သူမရဲ့စကားက အနာကိုထိသွားပြီး လောင်ကျန်းက အံ့အားသင့်သွားသည်။
လင်းချောင်က သူမနှင့်သူ့ကို တူညီသည့် အနေအထားအဖြစ် သဘောထားပြီးပြောလိုက်သည်။
"ကျွန်မက စောင့်ကြည့်ခံရပြီး စကားမပြောရဲတဲ့ခေတ်တွေ ကုန်သွားပြီလို့ ထင်ခဲ့တာ။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုတွေရှိပေမယ့် အခုထိ အဲ့လိုမောက်မာတဲ့လှည့်ကွက်တွေ သုံးနေကြတုန်းပဲလို့ မမျှော်လင့်ထားခဲ့ဘူး။"
သူမရဲ့ ပြတ်သားသည့်အကြည့်က မေးခွန်းထုတ်သလိုပုံစံနှင့် ဒေါသထွက်နေခြင်းပင်။
လောင်ကျန်း၏ မေးခွန်းထုတ်မှုများ ရပ်တန့်သွားပြီး သူ၏ကိုယ်ပိုင် အတိတ်မှ ရုန်းကန်ခဲ့ရမှုများကို ပြန်သတိရမိနေသည်။
လင်းချောင်က ထပ်ပြီးဖိအားမပေးတော့ဘဲ သူ၏ တိတ်ဆိတ်မှုကို မြင်တော့ ဆက်ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်မက အကြောင်းမရှိဘဲ ထောင်ချောက်လို့ မခေါ်ပါဘူး။ ဆရာကျောက် ဒဏ်ရာရပြီးနောက်မှာ ကျွန်မက အစားထိုးသင်ကြားပေးနေတာကို ဆရာလည်းသိမှာပါ။"
လောင်ကျန်းက ခေါင်းညိတ်လိုက်သည်။ ဒီအကြောင်းကို သူသိထားသည်။ ဒီလိုမဟုတ်လျှင် သူမ၏ တိုင်တန်းမှုများက ကလေးဆန်သည်ဟု သူထင်မိမည်မဟုတ်ပေ။
"ဆရာ ကျွန်မသင်တဲ့ အတန်းနှစ်ခုရဲ့ ဓာတုဗေဒရမှတ်တွေကို သိလား။"
လင်းချောင်က မေးလိုက်သည်။
လောင်ကျန်းက မသေချာပေ၊ ဒါက လစဉ်စစ်သည့် စာမေးပွဲလေးဖြစ်ပြီး အဓိကစာမေးပွဲမဟုတ်သလို သူကလည်း အတန်းများကို စာမသင်ခဲ့ပေ။
"ဆရာသာသိရင် ဒီလိုပြောမှာမဟုတ်ဘူး။ အတန်းသုံးက ပျမ်းမျှရမှတ် ၂.၁ မှတ် တိုးလာပြီး အတန်းလေးက ၄.၃ မှတ် တိုးလာတယ်။"
လောင်ကျန်းက အံ့အားသင့်သွားခဲ့သည်။ ဆရာကျောင်း သင်လျှင်တောင် ဒီလိုတိုးတက်မှုမျိုးက ရှားပါးသည်။
"ဒါကြောင့် ကျွန်မက ထောင်ချောက်လို့ ပြောတာပါ။"
လင်းချောင်က သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်၏။
"ကျွန်မက ဒီစမ်းသပ်မှုတွေကို ကျောင်းသားတွေ ပိုပြီးစာကြိုးစားသင်ယူလာအောင် လှုံ့ဆော်ဖို့ ရည်ရွယ်ပြီး စီစဉ်ခဲ့တာပါ"
သူမက အစားထိုး ဆရာမတစ်ယောက် ဖြစ်ပြီးတော့ သူမ၏ အလုပ်တွင် ကြီးကြီးမားမား ပြဿနာမရှိဘဲ လုပ်နေသရွေ့ ဘယ်သူမှ သူမကို ဝေဖန်မှာမဟုတ်၊ သူမသင်သည့် အတန်းနှစ်ခု၏ ရမှတ်များ နည်းနည်းကျသွားရင်တောင် ဝေဖန်မည့်သူရှိမည်မဟုတ်ပေ။ အထူးသဖြင့် အတန်းလေးဆိုလျှင် ပိုဆိုး၏။
ဘာလို့လဲဆိုတော့ သူမက အလယ်မှ ဝင်ရောက်သင်ကြားခဲ့ရခြင်း ဖြစ်ပြီး သူမ၏ အသက်အရွယ်အရ အတန်းများကို လုံးဝမပြိုကွဲအောင် ထိန်းနိုင်သည်ကပင် ချီးကျူးစရာဖြစ်နေလေပြီ။ သို့သော် သူမက ထိုသို့မဖြစ်စေခဲ့ပေ။ သူမ၏ ကြိုးစားအားထုတ်မှုကြောင့် အဖွဲ့ခေါင်းဆောင်ကောနှင့် ဒုကျောင်းအုပ်ချီတို့က သူမကို အမြဲလေးစားခဲ့ကြသည်။
ကျောင်းအုပ်ကျန်းသာ အသက်နှစ်ဆယ်လောက်ငယ်လျှင် သို့မဟုတ် အဲ့ဒီဆယ်နှစ်ကိုသာ မဖြတ်သန်းခဲ့ရလျှင် ဒီလိုလူငယ်တစ်ယောက်ကို သူလည်း တန်ဖိုးထားမိလိမ့်မည်၊ ဒါပေမဲ့...
သူက သူမကို စိတ်တည်ငြိမ်သွားစေရန် လက်မြှောက်ပြလိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့။ ငါ မင်းကို ဒီကိုခေါ်လိုက်တာက အခြေအနေကို နားလည်ဖို့ပဲ၊ ဝေဖန်ဖို့မဟုတ်ဘူး။"
လင်းချောင်က စိတ်မလှုပ်ရှားပေ။ သူမက ဦးဆောင်မှုကို ရယူရန် ကြိုးစားနေခြင်းပင်။ သို့သော် ဒီတစ်ခါတော့ သူက သူမကို စကားပြောဖို့ အခွင့်အရေးမပေးဘဲ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ စာသင်ခန်းမငယ်အကြောင်း၊ မင်းက ခွင့်ပြုချက်တောင်းခဲ့တာ မှန်တယ်၊ ပြီးတော့ စာသင်ဖို့အတွက် ရည်ရွယ်တဲ့ မြေဖြူတွေကို မြေဖြူဗုံးတွေလုပ်ဖို့ သုံးခဲ့တယ်ဆိုတာ မှန်တယ်မလား။"
လင်းချောင်က ငြင်းလို့မရပေ။
ကျောင်းအုပ်ကျန်းက သက်ပြင်းချလိုက်သည်။
"လူငယ်တွေအနေနဲ့ ကျောင်းသားတွေ ပိုပြီးသင်ယူစေချင်တာ ကောင်းပါတယ်။ ဒါပေမဲ့ တခြားရှုထောင့်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ ဥပမာ၊ ဘတ်ဂျက်- မြေဖြူနဲ့ ဓာတုပစ္စည်းတွေ အများကြီးသုံးတာက အလွယ်တကူ ဝေဖန်ခံရနိုင်တယ်။ ဒါ့အပြင် မင်းရဲ့ စမ်းသပ်မှုက သိပ်မလုံခြုံဘူးလို့လည်း ကြားမိတယ်။"
သူက အသေးအဖွဲ့ ကိစ္စလေးများကိုတောင် ကြီးမားသည့်ပြဿနာအဖြစ် ပြောင်းလဲနိုင်ခဲ့သည့် ခေတ်မှ လာခဲ့သူဖြစ်လို့ လူငယ်များကို ပိုသတိထားစေချင်လိုသည်။
"တစ်စုံတစ်ယောက်က ဒီအကြောင်းကို တိုင်တန်းထားပြီဖြစ်လို့ နောက်ဆို ပိုသတိထားရမယ်။"
သူမက ကျောင်းသားများနှင့် စမ်းသပ်မှုများ မလုပ်သင့်ဘူးဟု ဆိုလိုခြင်းဖြစ်သည်။ လင်းချောင်က တစ်ခုခုပြောဖို့ ပြင်ဆင်နေချိန်မှာပဲ အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး တစ်ခုခုဖြစ်နေသလိုမျိုးပင်။
ကျောင်းအုပ်ကျန်းက ထွက်ကြည့်လိုက်ရာ အလယ်တန်းကျောင်းသားလေးအချို့ ဆေးခန်းဘက်ကို ပြေးနေသည်ကို တွေ့လိုက်ရ၏။
"ရိုးရိုးလေးပဲ မဟုတ်ဘူးလား။ အထက်တန်းကျောင်းသားတွေ အများကြီး လုပ်တာ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဆရာမကျန်းက Petri ပန်းကန်ကို ဘယ်လိုလုပ် ပေါက်ကွဲအောင်လုပ်လိုက်တာလဲ။"
"အသံတိုးတိုးပြော၊ သူများမကြားအောင် သတိထား။"
"ကြားပါစေ။ သူကိုယ်တိုင်လုပ်တုန်းက ထိခိုက်မိပြီး ကျောင်းသားတွေနဲ့တောင် မလိုက်နိုင်ဘူး။ ဘယ်လိုလုပ်လဲဆိုတာ မြင်ချင်သေးတယ်။"
ကျောင်းသားများက ရှေးဦးသူနာပြုပစ္စည်းအစုံကို သွားယူတော့မည်ဆိုသည်မှာ သိသာ၏။ သို့သော် ဆရာမကျန်းကတော့ အတွေ့အကြုံမရှိဘူး။ အထူးသဖြင့် အခုလိုအချိန်တွင်ဖြစ််သည်။
လင်းချောင်၏ ရင်ထဲ စို့နစ်သွားသလို ခံစားလိုက်ရသည်။ တကယ်ပဲ ကျောင်းအုပ်ကြီးကျန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်၏။
"ဒီစမ်းသပ်မှုက အန္တရာယ်များတယ်လို့ ငါပြောထားတာပဲ။ ကိုယ်တိုင်လုပ်ဖို့ ယုံကြည်မှုရှိပြီး ဘာမှမမှားဘူးလို့ အာမခံနိုင်ရင် လုပ်လိုက်ပါ။ ကျောင်းသားတွေကိုတော့ ကြည့်ခွင့်ပေးလိုက်။ မင်း စမ်းသပ်မှုတွေမလုပ်ဘဲနဲ့ ကောင်းကောင်းမသင်ခဲ့ဘူးလား။"
သူမက ဓာတ်ခွဲခန်းအတန်းတွေ အများကြီးတက်ခဲ့ဖူးတယ်။ ဒီစမ်းသပ်မှုတွေကပဲ သူမကို ဓာတုဗေဒကို နှစ်သက်စေခဲ့ခြင်းဖြစ်သည်။
လင်းချောင် ပြန်ချေပချင်ပေမယ့် စကားများက ဒီလောက်အထိ ရောက်နေပြီဆိုတော့ ပြောလည်းအပိုသာရှိတော့မည်ဆိုသည်က်ို သိလိုက်သည်။သူမက ခေါင်းညိတ်ပြီး ရုံးခန်းကို ပြန်သွားလိုက်၏။
အဖွဲ့ခေါင်းဆောင်ကောက သူမ၏မျက်နှာကို မြင်ပြီး သတင်းက မကောင်းဘူးဆိုသည်ကို သိလိုက်ရသည်။
"ဘာဖြစ်တာလဲ။"
"တောင်းပန်ပါတယ်၊ ရှင်တို့ အတန်းနှစ်တန်းက စမ်းသပ်မှုတွေ လုပ်နိုင်တော့မှာ မဟုတ်ဘူးထင်တယ်။"
လင်းချောင်က အခြေအနေကို ရှင်းပြလိုက်သည်။
"တစ်ယောက်ယောက်က ကျွန်မကို ပစ်မှတ်ထားနေတာ၊ ရှင်တို့ အတန်းတွေပါ နစ်နာသွားရတယ်။"
အဖွဲ့ခေါင်းဆောင်ကော မျက်မှောင်ကြုတ်လိုက်၏။
"ဘယ်သူကများ ဒီလောက်စိတ်ဓာတ်မကောင်းဘဲ သူများတွေ အောင်မြင်တာကို မမြင်ချင်ရတာလဲ။"
လင်းချောင် ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်တော့ ပုံမှန်ထက် ပိုပြီး စိတ်မကောင်းဖြစ်နေသောကြောင့် သူက နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။
"မင်းအမှား မဟုတ်ပါဘူး။"
"ကျွန်မ သိပါတယ်။" လင်းချောင်က ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်တော့မည် မဟုတ်ပေမဲ့ သူမ ဒေါသထွက်နေခဲ့သည်။
ဆရာများဆိုသည်မှာ ကျောင်းသားများအတွက် အကောင်းဆုံးအရာများသာ ဖြစ်စေချင်သင့်သည်။ ပြိုင်ဆိုင်မှုရှိမည်ဆိုရင်လည်း မျှတပြီး ပွင့်လင်းရမည်။ မဟုတ်ရင် ဒီလိုဂိမ်းတွေ ကစားနေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။
နောက်ပြီး အဖွဲ့ခေါင်းဆောင်ကောကလွဲရင် ဘယ်သူကများ သူမနှင့် တိုက်ရိုက်ပြိုင်ဆိုင်နေသည်လဲ။ သူက မကျေမနပ်မပြောခဲ့လျှင် ဘာလို့ တခြားသူတွေက လာပြောနေတာလဲ။