← Chapters

Chapter 44

Vol. 4 Ch. 44

Chapter 44

Vol. 4 Ch. 44

တချို့အရာများက မေ့ထားလိုက်လျှင်အကောင်းဆုံးဖြစ်သော်လည်း တစ်ခါမှတ်မိသွားပြီဆိုရင်တော့ အမြဲမပြတ်ခြောက်လှန့်နေတော့မည်ဖြစ်သည်။

လင်းချောင်က ကျိသော်ကို အသက်မွေးဝမ်းကြောင်းကို ဦးစားပေးသူတစ်ဦးဟု အမြဲထင်ခဲ့မိသည်။ ရွှီလီပြောပုံအရဆိုလျှင် သူက တစ်ခါတလေ ဆယ်ရက်မှ တစ်လလောက်အထိ အိမ်ပြန်မလာနိုင်လောက်အောင် အလုပ်များတတ်သည်။

စာအုပ်ထဲမှာဆိုလျှင်တော့ သူက နှစ်ပေါင်းများစွာ ကုမ္ပဏီမှာသာ နေခဲ့ပြီး မူရင်းခန္ဓာကိုယ်ပိုင်ရှင်ကို အိမ်ထဲ၌ တစ်ယောက်တည်း ထားခဲ့သည်။ သို့သော် တာဝန်မှလွဲ၍ သူက နေ့တိုင်းပြန်လာတတ်ပြီး အသင်းကို သူ့အိမ်ဟု သဘောမထားသလို သူ့အလုပ်ကိုလည်း ဇနီးကဲ့သို့ သဘောမထားခဲ့ပေ။

ဒီလိုဆိုလျှင် သူ့အတွက် စီးပွားရေးလုပ်ဖို့ ပြင်ဆင်ရန် အချိန်မရှိသင့်ဘူး မလား။

မဟုတ်ဘူး၊ ဒီလူက ဒီအကြောင်းပြချက်ကြောင့်သာ သူမကို လက်ထပ်ခဲ့ခြင်း မဟုတ်ဘူးလား။

အခုတော့ ဘာလို့ အလျင်မလိုတော့သည်လဲ။

လုပ်ငန်းဆောင်တာများကို တစ်ခုခုက နှောင့်နှေးစေလို့လား၊ ဒါမှမဟုတ် သူက ကောင်းကောင်းဖုံးကွယ်ထားနိုင်လို့ သူမကပဲ သတိမထားမိခြင်းလား။

လင်းချောင်တစ်ယောက် ယခင်က သိပ်ဂရုမစိုက်မိခဲ့သည်ကို နောင်တရနေမိသည်။ မူရင်းစာအုပ်ကိုသာ ဖတ်ခဲ့လျှင် သူမ ဒီလောက်အထိ မသိနားမလည် ဖြစ်နေမည်မဟုတ်။ ယခုတော့ သူမက အရာရာကို ခန့်မှန်းနေရသည်။

ဒါကြောင့် ညနေခင်း ကျိသော် အိမ်ပြန်ရောက်လာချိန်တွင် လင်းချောင် ဆိုဖာပေါ်၌ အတွေးလွန်နေရင်း ထိုင်နေသည်ကို တွေ့လိုက်ရ၏။

သူပြန်လာသည်ကို မြင်တော့ သူမက ခေါင်းလှည့်ပြီး သူ့ကို ခေါင်းမှ ခြေဖျားအထိ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်နှင့် ရှုပ်ထွေးမှုများ ပြည့်နေခဲ့၏။

သူ ခဏတာရပ်သွားသော်လည်း သူ့စစ်ဦးထုပ်ကို တံခါးဘေးမှ အင်္ကျီချိတ်တွင် ပုံမှန်အတိုင်း ချိတ်လိုက်သည်။

"ဘာဖြစ်လို့လဲ။"

"ဘာမှမဟုတ်ပါဘူး။"

လင်းချောင် ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးများကတော့ သူ့အပေါ်မှာရှိနေဆဲပင်။

"ရှင် ကျွန်မကို ပြောစရာ တစ်ခုခု မရှိဘူးလား။"

ဒါကို ဘယ်သူမှ မခံနိုင်ပေ။ ဘယ်ယောက်ျားမဆို သူဘာလုပ်ခဲ့မိလဲဆိုသည်ကို စဉ်းစားမိလိမ့်မည်။

ယောက်ျားတစ်ယောက်ဖြစ်သည့် ကျိသော်က ခဏစဉ်းစားပြီး တစ်ခုနှစ်ခုလောက် မှတ်မိနိုင်ခဲ့သည်။

ပထမတစ်ခုက စီစဉ်ထားသည့် လက်ထပ်မည့်သူကို ပြောင်းလဲလိုက်သည့်ကိစ္စပင်။ သို့သော် လင်းချောင်သာ ဒီအကြောင်း သိသွားလျှင်တော့ သူမက ဒီလောက်အထိအေးအေးဆေးဆေး တုံ့ပြန်နေမည် မဟုတ်။ ဒါကြောင့် ဓာတ်ပုံများအကြောင်းသာ ဖြစ်ရမည်။

မနက်က သူမ ရှောင်ဇယ်ဆီ ပစ္စည်းများ ပို့တုန်းက သူက အနည်းငယ်နောက်ကျပြီးမှ ထွက်သွားခဲ့သည်။ ပြီးနောက် ဓာတ်ပုံများကို သူမ ပစ္စည်းများ ထုပ်ပိုးရန်သုံးသည့် သတင်းစာထဲသို့ လျှိုထည့်လိုက်၏။ ရှောင်ဇယ်ကိုလည်း လုံခြုံအောင်ထားရန်နှင့် သူမ လုံးဝ မမြင်စေရန် မှတ်စုလေးပါ ရေးပေးခဲ့သေးသည်။ ဘာပဲဖြစ်ဖြစ် တစ်လကျော်နေပြီဖြစ်ပြီး ဓာတ်ပုံများကိုသိမ်းထားပြီးကတည်းက သူမက ဓာတ်ပုံအယ်လ်ဘမ်ကို မကိုင်တော့ပေ။

ဘာလို့ သူဓာတ်ပုံများကို ယူသွားသည့်နေ့မှာမှ ဓာတ်ပုံအယ်လ်ဘမ်ကို ချက်ချင်းစစ်ဆေးမိရသည်လဲ။

သူမ တစ်ခုခု တွေ့သွားသည်လား၊ ဒါမှမဟုတ် သူမက စေ့စပ်ဓာတ်ပုံများ ပျောက်နေသည်ဟု ထင်ပြီး သူနှင့် ပတ်သက်နေသည်ဟု ထင်နေခဲ့သည်လား။

ကျိသော်က ဆိုဖာပေါ်တွင် ထိုင်ပြီး တည်ငြိမ်စွာဖြင့် ရေတစ်ငုံ သောက်လိုက်သည်။ သူက အလွန်တည်ငြိမ်နေပြီး သူ့မျက်နှာတွင်လည်း ဘယ်လို ထူးခြားသည့် အမူအရာမှ မရှိနေပေ။ ဒီလိုဖြစ်နေသည့်အတွက် လင်းချောင်က သူထံမှ အချက်အလက် တစ်ခုခု ရနိုင်မလားဆိုသည့် မျှော်လင့်ချက်နှင့် တိုက်ရိုက် အရိပ်အမြွက်တစ်ခုခု ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သူတို့က ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးတစ်ခု ဖြစ်သည့်တိုင် အိပ်ခန်းထဲအထိ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ပြီးနှင့်နေခဲ့ပြီ။ သူတို့နှစ်ဦးစလုံးနှင့် သက်ဆိုင်သည့် အစီအစဉ်များရှိနေလျှင် သူက သူမကို အရိပ်အမြွက် ပေးသင့်သည် မဟုတ်လား။

ဒါကြောင့် ထိုလူ စကားမပြောလာတော့ သူမလည်း စကားပြောရန် မလောတော့ဘဲ သူမ၏ ဖီးနစ်မျက်လုံးများနှင့်သာ သူ့ကို ကြည့်နေခဲ့သည်။

ဒီလို အပြုအမူက သူမ တစ်ခုခုကို တွေ့ရှိထားပြီဆိုသည့် ကျိသော်၏ သံသယကို ပိုပြီးခိုင်မာလာစေသည်။ သို့သော်လည်း သူမ သိပ်တော့မသ်ိနိုင်။ သူက အကြောင်းပြချက်တစ်ခုကို အလျင်အမြန် စဉ်းစားလိုက်၏။

"မင်း နေ့လည်က အလုပ်များနေလို့ ကိုယ်ပြောဖို့ မေ့သွားတယ်။"

ကိစ္စတစ်ခုခု တကယ်ရှိနေတာလား။ လင်းချောင် မတ်မတ်ထိုင်လိုက်၏။

ကျိသော်က အခြားသူများ အသာစီးရနေသည်ကို မကြိုက်ပေ။ သူမ မေးရန်မစောင့်တော့ဘဲ သူဆက်ပြောလိုက်တော့၏။

"ကိုယ် ဓာတ်ပုံတွေကို ရုံးကို ယူသွားတာ။"

အိမ်တွင် ပျောက်သွားသည်ဟု ပြောလို့ မဖြစ်ပေ။ သူတို့အိမ်သို့လည်း ဘယ်သူမှ မလာကြသည့်အတွက် ပြောရခက်၏။

လင်းချောင် ခဏလောက် မှင်တက်သွား၏။

"ဘယ်ဓာတ်ပုံတွေလဲ။"

သူမ၏ တုံ့ပြန်ပုံကြောင့် ကျိသော်လည်း အံ့သြသွား၏။ ထို့နောက် သူမနှင့် သူ ပြောနေသည့်အကြောင်းအရာချင်း မတူသည်ကို ချက်ချင်း နားလည်သွားခဲ့တော့သည်။

ဒါဆို လင်းချောင်က ဘာမှ မသိသေးဘဲ သူက သူ့ဘာသာ ဝန်ခံမိခြင်းဖြစ်သွားသည်မလား။

သူမ၏ အမူအရာများအရလည်း သူမက ဓာတ်ပုံများကို သိပ်ဂရုစိုက်ပုံမရဘဲ ဘယ်တစ်ခုကို ယူထားသည်လဲဆိုသည်က်ိုပင် ချက်ချင်းမေးလိုက်သေးသည်။

ကျိသော်က ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသော်လည်း သူ့မျက်နှာတွင် ဘာအမူအရာမှ မပြဘဲ အလျင်အမြန် စိတ်ထိန်းချုပ်နိုင်ခဲ့သည်။

"ဓာတ်ပုံတွေနဲ့ မဆိုင်ဘူးဆိုရင် မင်း ဘာတွေမေးနေတာလဲ။"

လင်းချောင် ခဏတာ မှင်တက်သွားခဲ့သည်။ သူမက "ရှင် စီးပွားရေးလုပ်ဖို့ စီစဉ်နေမှန်း ကျွန်မသိလိုက်ပြီ" ဟုလည်း တိတိကျကျ ပြောလိုက်လို့မရပေ။

သူမ ကူးပြောင်းလာသည်က သူမ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်ပြီး ရှင်းပြလို့မရသည့် ကိစ္စလည်းဖြစ်နေသည်။ သို့သော်လည်း သူမက မေးခွန်းတစ်ခုတည်းနှင့် အလွယ်တကူ အကျပ်ရိုက် သွားမည့်သူ မဟုတ်ခဲ့ပေ။ ချက်ချင်းပဲ သူမက ပြန်မေးလိုက်၏။

"အစ်မယန် ပို့လိုက်တဲ့ သေတ္တာလေးအကြောင်း မေးချင်တာ။ ကျွန်မ ပစ္စည်းသိမ်းရင်း ရှာမတွေ့တော့လို့။"

ဒီတစ်ခါတော့ ကျိသော်က ဘာပြောရမှန်းမသိဖြစ်သွားခဲ့လေပြီ။ သူက ရေခွက်ကိုချရင်း ခဏရပ်သွား၏။

လင်းချောင်က သူ စာကို ဆုတ်ဖြဲလိုက်ပြီဟု ထင်လိုက်ပြီး သူ့မျက်နှာအမူအရာကလည်း မကောင်းဖြစ်နေခဲ့သည်။ တကယ်ကို တစ်ခုခုတော့ ဖြစ်နေလေပြီ။ ကံမကောင်းစွာနှင့် ပစ္စည်းက သူမထံတွင် မရှိနေပေ။ သူမလည်း အရင်က တစ်ချက်ကြည့်လိုက်သည်နှင့် သေချာနားမလည်နိုင်ခဲ့။

သူမက ဘာမှမဟုတ်သလို ဟန်ဆောင်ပြီးပြောလိုက်၏။

"ဘာတွေပါတာလဲ။ ဆေးသေတ္တာနဲ့တူတယ်။"

ဒီလူတွင် ဖုံးကွယ်ထားသည့် ရောဂါတစ်ခုခု ရှိနေနိုင်သည်လား။

ဒီလိုတော့လည်း မဟုတ်နိုင်။ သူမ ကိုယ်တိုင် သူ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးခဲ့သည်ဆိုတော့ သူမ ပြောနိုင်၏။

သူ့နှုတ်ခမ်းများက ကမာခွံကဲ့သို့ ပိတ်နေသည့်အတွက် သူ့ထံမှ ဘာကိုမှသိရမည်မဟုတ်ပေ။ လင်းချောင်က အောင်မြင်စွာ ပြန်ပြီး အသာစီးရခဲ့သည့်အတွက် ဒီတစ်ခါတော့ လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။

"ညစာစားကြရအောင်။ နောက်ကျသွားရင် စားစရာ ကျန်တော့မှာမဟုတ်ဘူး။"

သူက တကယ်ကို စစ်တပ်တွင် ဆက်နေရန် အစီအစဉ်မရှိဘူးဆိုလျှင် သူမကို နောက်ဆုံးမှာတော့ ပြောပြရလိမ့်မည်။ ခန့်မှန်းနေမည့်အစား ဆပ်ပြာရည် နောက်တစ်သုတ် ထပ်လုပ်သင့်သလားဟု စဉ်းစားနေသည်က ပိုကောင်း၏။ ပထမတန်းမှ အမျိုးသမီးဆရာမများက မနက်ပိုင်းတွင် လာဝယ်ကြသော်လည်း နေ့လယ်ပိုင်းမှာတော့ လာမှာသည့်သူ နည်းသည်။ နောက်ပိုင်းတွင် ဘယ်လောက်ရောင်းရမလဲဆိုသည်က််ို သူမ သေချာိသိပေ။

သူမ ထရပ်လိုက်တော့ သူမဘေးနားမှ အမျိုးသား၏ အသံကိုကြားလိုက်ရ၏။

"တကယ်သိချင်တာလား။"

ကျိသော်က ခွက်ကို ကော်ဖီစားပွဲပေါ် ပြန်တင်လိုက်ပြီး သူမကို ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာက တည်ငြိမ်သော်လည်း ဖိအားတစ်ခု ရှိနေခဲ့၏။

လင်းချောင်က ရုတ်တရက်ဆိုသလို မနေ့ညက အိမ်ဟောင်းတွင် သူက သူမကို စာရေးစားပွဲပေါ် ဖိထားခဲ့သည့်ကိစ္စကို သတိရသွားလိုက်၏။ သူက တည်ငြိမ်သော်လည်း အန္တရာယ်ရှိသူဖြစ်ပြီး သူ့သဘောထားနှင့် အပြုအမူကလည်း ချောမွေ့စွာ ပြောင်းလဲသွားတတ်သည်။

"ဟင့်အင်း၊ မသိချင်ပါဘူး။"

သို့သော်လည်း ထိုညတွင် မီးပိတ်ပြီးနောက် ကျိသော်က သူမကို ဆွဲပြီး မနေ့ညက မြင်ကွင်းကို ပြန်ခံစားစေခဲ့သည်။ သူ၏အသက်ရှူသံက ပူနွေးပြီး သူ့လက်များကလည်း သူမ၏ ခါးကို အချိန်တိုင်း ဖမ်းဆုပ်ထား၏။

ဘာကြောင့်မှန်းမသိ သူမ၏ ခြေကျင်းဝတ်ကိုပါ ညှစ်လိုက်သေးသည်။ သူ၏ လက်ဖဝါးများက အလွန်ပူနေပြီး သေနတ်ကိုင်ထားသောကြောင့် ရလာသော အသားမာများက သူမ၏ အရေပြားကို ပွတ်တိုက်မိနေ၏။

သူက သူမ၏ တင်းမာနေသည့် ခြေချောင်းများကို ဆုပ်ကိုင်လိုက်ချိန်မှာတော့ အကြိမ်အနည်းငယ် လုပ်လိုက်သည့်အတွက် သူမ၏ ခွန်အားများ အားလုံး ပျောက်သွားခဲ့လေပြီ။

နောက်ပိုင်းတွင် သူက သူမကို အိပ်ရာပေါ်သို့ ပြန်ချီသွားပြီး ရေသွားယူကာ ခန္ဓာကိုယ်ကို သန့်ရှင်းပေးလိုက်သည်။ ရေစိုနေသေးသည့် စာရေးစားပွဲကိုမှီရင်း ဆေးလိပ်ပြာများကို ပြာခွက်ထဲ ခါထည့်ကာ ပြောလိုက်၏။

"မင်း အခုရော သိချင်သေးလား။"

သူမက မသိချင်ဘူးဟု ပြောခဲ့သော်လည်း သူက သူမကို ဒီလိုကိစ္စထဲ ဆွဲခေါ်သွားခဲ့သည်။

လင်းချောင်က "သိချင်ရင်ရော ဘယ်လိုလုပ်မလဲ" ဟု ပြောရန်ပြင်နေတုန်း သူ၏မျက်လုံးက သူမ၏ အတွင်းခံများ ထားသည့် ဗီရိုအောက်မှ အံဆွဲထံ ရောက်သွားသည်ကို သတိထားမိလိုက်သည်။

သူမ ရပ်တန့်သွားတော့သည်။ ဒီလူ၏ စိတ်ဓာတ်ကို သူမ ဘာလို့များ အရင်က သတိမထားမိခဲ့သည်လဲ။

ပြီးတော့ အသက်ကြီးတဲ့ အရာရှိများ အားလုံးက ဒီလိုမျိုးပဲလား။ စာရေးစားပွဲသော့ကို ဖွင့်လိုက်သည်ကလည်း သူမနောက်ကွယ်တွင် တစ်ခုခုကို ခိုးဖတ်ထားသလိုပင်။

လင်းချောင်က မျက်နှာသုတ်ပဝါကို ရေဇလုံထဲ ပစ်ထည့်လိုက်ပြီး မျက်လုံးမှိတ်လိုက်၏။

"အိပ်တော့။ ကျွန်မ မနက်ဖြန် ဆပ်ပြာရည် ထလုပ်ရဦးမယ်။"

ထိုလူက ခဏရပ်နေပြီးမှ စီးကရက်ကို ငြှိမ်းသတ်ကာ ခန္ဓာကိုယ် သန့်စင်ရန်လာခဲ့၏။ သူ၏မျက်နှာအမူအရာတွင်လည်း နောင်တရနေပုံ မပေါ်ပေ။

သူတို့ သောကြာနေ့ကမှ ပြန်သွားတော့ရွှီလီက လူငယ်များကို အသွားအပြန် ထပ်မလုပ်စေချင်တော့သဖြင့် တနင်္ဂနွေတစ်ရက်လုံး လင်းချောင် အားလပ်နေခဲ့သည်။

တနင်္လာနေ့တွင် သူမက အခြားသူများမှာထားသော ဆပ်ပြာရည်များကိုယူကာ ကျောင်းသို့သွားခဲ့သည်။ စုစုပေါင်း နှစ်ပေါင်သာဖြစ်ပြီး တစ်ပေါင်ကလည်း လူနှစ်ယောက် ခွဲယူကြခြင်းဖြစ်သောကြောင့် ပစ္စည်းကောင်းမကောင်း မသေချာပေ။

စျေးကွက်ထဲ ထုတ်ကုန်အသစ်များ စတင်မိတ်ဆက်လာသောအခါ ဝယ်သူများက သတိထားစောင့်ကြည့်တတ်ကြသည်။ ဒီလိုအခြေအနေမျိုးတွင် စီးပွားရေးလုပ်ငန်းများက အမြတ်အစွန်းအနည်းငယ်သာ ရနေလျှင်တောင် စမ်းသပ်သုံးစွဲခွင့်၊ ကြီးမားသည့်လျှော့စျေးများပေးကာ သူတို့၏ ဝယ်သူများကို ဆွဲဆောင်ပြီး ရေရှည်ဖောက်သည်များ ရလာရန် ကြိုးစားတတ်ကြသည်။

လင်းချောင်ကတော့ ဒီလိုလျှော့စျေးပေးမည့် အစီအစဉ်မရှိခဲ့။ သူမတွင် ကုန်ကြမ်းများက ကန့်သတ်ချက်ရှိနေပြီး လုပ်ငန်းချဲ့ထွင်ရန်မှာလည်း အဆင်သင့်မဖြစ်သေးပေ။ ကျောင်းမှ ဝန်ထမ်းများနှင့်သာ သူမ၏လုပ်ငန်းကို ချဲ့ထွင်ရန်ဆိုလျှင်လည်း မလုံလောက်ပေ။

မထင်မှတ်ဘဲ မနက်ပိုင်းမကုန်ခင် နောက်ထပ်အမှာများ ရောက်လာ၏။ ပြီးခဲ့သည့်အပတ်က စုံစမ်းရုံသာစုံစမ်းပြီး မဝယ်ဖြစ်သူအတော်များများကလည်း တစ်ပေါင်စီ မှာယူကြသည်။ မေးမြန်းပြီး မဝယ်ဖြစ်သူများသည် များသောအားဖြင့် ကုန်ပစ္စည်းကို မတန်ဘူးဟု ထင်ခြင်း ဒါမှမဟုတ် မလိုအပ်ဘူးဟု ယူဆခြင်းမျိုးဖြစ်ပြီး ရုတ်တရက် စိတ်ပြောင်းသွားသည်ဆိုလျှင်တော့ တစ်ခုခုအကြောင်းပြချက်ရှိရလိမ့်မည်။

လင်းချောင် သိလိုက်ရသည်ကတော့ တနင်္ဂနွေနေ့က သူမထံမှ ဆပ်ပြာရည်ကို တစ်ယောက်က ခေါင်းလျှော်ရန် သုံးခဲ့သည်ဟူ၍ပင်။ ဆံပင်ရှည်သည့် အမျိုးသမီးများသည် ဆပ်ပြာတုံးနှင့် ခေါင်းလျှော်လျှင် အမြှုပ်ထွက်အောင် အချိန်ကြာကြာ ပွတ်ရပြီး အဝတ်လျှော်ဆပ်ပြာကလည်း သိပ်အာနိသင်မကောင်းပေ။

သို့သော် လင်းချောင်၏ ဆပ်ပြာရည်တွင် ဆီပါဝင်သည့်အတွက် အချိန်ကုန်သည်မှာ အနည်းဆုံး သုံးပုံတစ်ပုံလောက် သက်သာသွား၏။ ဆံပင်သည်လည်း အဝတ်လျှော်ဆပ်ပြာနှင့် လျှော်သလို ခြောက်ကပ်၍မကျန်နေတော့ပေ။

တစ်ခုခုတွင် တခြားထုတ်ကုန်များ အစားမထိုးနိုင်သည့် ထူးခြားသောအင်္ဂါရပ်တစ်ခုရှိပြီဆိုလျှင် လူအများ ပိုဝယ်ချင်လာကြသည်။ နေ့လယ်ခင်းမရောက်ခင်မှာ လင်းချောင် ဆပ်ပြာ ၇ ပေါင် ထပ်ရောင်းလိုက်ရ၏။

မနေ့က ဆပ်ပြာအသစ် ထပ်လုပ်ခဲ့သည်မှာ မှန်သွားပြီဟု သူမထင်ခဲ့မိသည်။ ဆပ်ပြာရည်မှ ဆပ်ပြာဖြစ်လာရန် နှစ်ပတ်လောက် ကြာတတ်သည်။ ဒါမှ အရင်က လုပ်ထားသည့်အသုတ် ကုန်ချိန်တွင် အသစ်လုပ်ထားသည်များက အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။

"မင်းဆပ်ပြာ လုပ်ရတာက သိပ်ကုန်ကျစရိတ်မများဘူး မဟုတ်လား။"

လွန်ခဲ့သည့်ရက်က သူမထံ ဈေးဆစ်ရန် ကြိုးစားခဲ့သူ ပြန်ရောက်လာပြန်၏။

"ဓာတုပစ္စည်းတွေက အတော်လေး အမြတ်အစွန်းများတယ်လို့ ကြားတယ်။"

ယောက်ျားလေးဖြစ်ပေမဲ့ ဒီဆရာပိုင်က မိန်းမများထက်ပင် ပို၍ အတင်းအဖျင်းပြော၊ ပွစိပွစိ လုပ်တတ်သောကြောင့် သူ့ကို "အဘွားကြီး" ဟု နာမည်ပြောင်ပေးထားကြသည်။

တစ်ခါတုန်းက လင်းချောင် ဆိုင်တွင် အသီးအနှံသွားဝယ်ချိန်တွင် သူ့က စျေးရောင်းသူကို ဈေးဆစ်နေသည်ကို တွေ့ခဲ့ဖူး၏။ ခရမ်းသီးနှစ်လုံးကို ဈေးလျှော့ပေးရန် အတင်းတောင်းဆိုပြီး သခွားသီးတစ်လုံးကိုပါ လက်ဆောင်ထည့်ပေးရန် ပြောသေးသည်။ စျေးရောင်းသူကလည်း သူ့ကို စိတ်တိုလာပုံရပြီး လျစ်လျူရှုထားလိုက်၏။ အကြာကြီး ဈေးဆစ်ပြီးနောက် ခရမ်းသီးများကိုသာ ယူပြီး ပြန်သွားလိုက်သည်။

ဒီလိုလူမျိုးများကို ဘာမှပြောလို့မရပေ။ လင်းချောင်က ပစ္စည်းများကို သိမ်းပြီး ပြန်ရန် ပြင်ဆင်လိုက်သည်။

"ကျွန်မ ဘယ်လိုလုပ် သိမှာလဲ။ ကျွန်မသူငယ်ချင်းက အဲဒါတွေကို ဘယ်တုန်းကမှ ထုတ်မပြောဘူးလေ။"

ဆိုလိုသည်မှာ သူက သူငယ်ချင်းကို ဆပ်ပြာရောင်းရန် ကူညီပေးရုံသာဖြစ်ပြီး သူ့သူငယ်ချင်းကလည်း ကုန်ကျစရိတ်ကိုပင် မပြောပြပေ။ ဒါဆို သူက ဘာလို့ လိုက်စုံစမ်းနေသည်လဲ။

အတန်းသုံး၏ အတန်းပိုင်ဆရာက နားလည်သွားပြီး ရယ်မောလိုက်၏။

ဆရာပိုင်ကတော့ စိတ်မချမ်းမသာဖြစ်ပြီး မျက်နှာပျက်နေခဲ့သည်။ တစ်ခုခုပြောရန် ပြင်နေချိန်မှာပဲ တစ်ယောက်ရောက်လာပြီးပြောလိုက်၏။

"ဆရာမလင်၊ ဆရာမရဲ့ ကျောင်းသားတွေ ရန်ဖြစ်နေပါတယ်။"

ထိုခေတ် ကျောင်းသားများတွင် ရန်ဖြစ်တတ်သည့် ဆိုးရွားသောအလေ့အကျင့်ရှိသည်။ သေးသေးမွှားမွှား ကိစ္စလေးတစ်ခုကိုပင် သူငယ်ချင်းများကိုခေါ်ကာ နှစ်ရက်သုံးရက်လောက်အထိ ရန်ဖြစ်တတ်ကြ၏။

အဓိကကတော့ သူတို့တွင် အားလပ်ချိန်များနေသည့်အတွက်ပင်။ ဆယ်နှစ်ဝန်းကျင်လောက်ဆိုလျှင် စွမ်းအင်များ ပြည့်နေသော်လည်း သိပ်စာမသင်ကြားရသည့်အတွက် သူတို့၏စွမ်းအင်များကို ထုတ်ဖော်ရန် နည်းလမ်းမရှိဘဲ အလွယ်တကူ စိတ်မြန်လက်မြန် ဖြစ်တတ်ကြသည်။

လင်းချောင် ဒီခေတ်သို့ ကူးပြောင်းမလာခင်တွင်တော့ ကျောင်းသားများက သူတို့၏ စာသင်ကြားမှုများနှင့် အလုပ်များနေကြသဖြင့် ရန်ဖြစ်ရမည်ကိုပင် ပင်ပန်းနေကြသည်။

လင်းချောင် ဆရာပိုင်ကို ဆက်ပြီး စိတ်မဝင်စားနိုင်တော့ဘဲ ပစ္စည်းများချကာ အမြန်ပြေးထွက်သွားလိုက်သည်။

စင်္ကြန်လမ်း၌ တကယ်ပဲ ကမောက်ကမဖြစ်နေခဲ့၏။ အတန်းလေးနှင့် အတန်းငါး၏ အရှေ့နှင့် အနောက်တံခါးများကြားတွင် လူအုပ်ကြီး စုနေပြီး အထဲမှ အော်သံများကိုလည်း ကြားနေရ၏။

လင်းချောင် အမြန်လျှောက်သွားလိုက်သည်။

"ရပ်! အားလုံး ရပ်ကြ!"

သူမက လူအုပ်ကို တိုးဝှေ့ပြီး ကြည့်လိုက်ရာ ကျွင်းဇီက တခြားအတန်းမှ ကောင်လေးတစ်ယောက်နှင့် ရန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လင်းချောင်၏ အသံကို ကြားလိုက်ရတော့ ကျွင်းဇီ တစ်ခုခု သတိရသွားပုံရပေမဲ့ အခြားကောင်လေးတစ်ယောက်က အခွင့်ကောင်းယူကာ သူ့မျက်နှာကို လက်သီးနှင့် ထိုးလိုက်သည်။

ဗိုလ်မှူးကြီးလျန်၏ အမြဲလိုက်ဖမ်းခံရပြီး အရိုက်ခံနေရသည့် ကျွင်းဇီက ဒါကို ဒီအတိုင်း လက်ခံနေမည့်သူမဟုတ်။ သူက ချက်ချင်းပဲ ကောင်လေးကို ကော်လာမှ ဆွဲကိုင်ပြီး နံရဘက်သို့ ပြင်းပြင်းထန်ထန် ပစ်ဆောင့်ချလိုက်ရာ ကျယ်လောင်သည့် အသံကြီး ထွက်လာ၏။

ရပ်ဖို့ ပြောသည်က အသုံးမဝင်သည်ကို မြင်တော့ လင်းချောင် ပတ်ပတ်လည်မှ ကြည့်နေသူများကို ကြည့်လိုက်သည်။

"ဘာလို့ မဆွဲကြတာလဲ။"

ဆရာမအနေနှင့် သူမတွင် အာဏာရှိသလို သူမ၏ ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ကလည်း သူမကို ပိုပြီး အရှိန်အဝါရှိနေစေသည်။ သူမ၏ ပြတ်သားသည့်အကြည့်ကြောင့် တစ်ယောက်ယောက်က ချက်ချင်းပဲ ဝင်ဆွဲပေးလိုက်၏။

All Chapters