← Chapters

အသား

Vol. 6 Ch. 73

အသား

Vol. 6 Ch. 73

ဖန့်ရန်က သူ၏ အရောင်ပြောင်း ဖုံးကွယ်ခြင်း စွမ်းရည်ကို အသက်သွင်းပြီး အသံအရင်းအမြစ်ဆီသို့ ချည်းကပ်သွားခဲ့သည်။

အသံ၏ အရင်းမြစ်သည် သူနှင့် အလွန်တော့မဝေးပေ။ မကြာမီ ဖန့်ရန့်သည် လူသံများနှင့် မဝေးလှသော နေရာကို ရောက်သွားကာ ချုံပုတ်များနောက်ကွယ်မှ လှမ်းကြည့်လိုက်သည်။

သူနှင့် သိပ်မဝေးလှသော နေရာမှာ လူခုနစ်ယောက်ပါရှိသည့် အဖွဲ့တစ်ဖွဲ့ရှိနေသည်။

ထိုအဖွဲ့မှာ ခွေးတွေပါရှိတာကြောင့် သူလည်း ချည်းကပ်သွားဖို့ မကြိုးစားဘဲ အဝေးကနေ စစ်ဆေးခဲ့သည်။

လူခုနစ်ယောက်လုံးသည် ယောကျ်ားများသာဖြစ်၏။ မိန်းကလေး တစ်ယောက်မှ မပါခဲ့ပေ။

ထို့အပြင် ခွေးသုံးကောင်နှင့် မြင်းနှစ်ကောင်တို့လည်း ရှိနေခဲ့လေသည်။

မြင်းများထဲမှ တစ်ကောင်ပေါ်တွင် ကိရိယာတန်ဆာပလာများ ပြည့်နှက်နေသော ကျောပိုးအိတ်ကြီးတစ်လုံးကို တင်ဆောင်ထားသည်။

အခြားမြင်းတစ်ကောင် ပေါ်တွင်လည်း ကျောပိုးအိတ်တင်ဆောင်ထားသော်လည်း၊ ၎င်းတွင် အခွံခွာထားသည့် ကျားသစ်အရေခွံတစ်ခုက အပိုပါလေသည်။

မုဆိုး။

ဖန့်ရန်သည် ထိုလူခုနစ်ဦးကိုမြင်ချိန်တွင် အတွေးတစ်ခုက ချက်ချင်းပေါ်လာခဲ့သည်။

စက္ကန့်အနည်းငယ်အတွင်း ဖန့်ရန်သည် သူ၏ ထင်မြင်ယူဆချက်ကို ထိုလူခုနှစ်ဦး၏ စကားများမှတဆင့် ထပ်လောင်းအတည်ပြုနိုင်ခဲ့သည်။

ထိုသူတို့၏ ပါးစပ်မှ "ကောင်းမွန်သော ရိတ်သိမ်းခြင်း" နှင့် "ဈေးကောင်းရလိမ့်မည်" ဟူသော စသည့် စကားလုံးများကို မကြာခဏ သူကြားနေရသည်။

ထိုလူခုနစ်ယောက်က သူနှင့် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ဖန့်ရန် ကြည့်နေခဲ့သည်။

ယင်းမုဆိုးတွေ သူမကြိုက်ပေမယ့် သတ်ပစ်ဖို့တော့ မစီစဉ်ထားပေ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အမဲလိုက်မှုဟာ သူ့ကို လုံးဝ မထိခိုက်စေလို့ပါပဲ..။

နောက်ဆုံးတော့ သူက ဒီနေရာမှာ အကြာကြီးနေမှာ မဟုတ်ပေ။

သူ့ကိုသာ လာမနှောင့်ယှက်သရွေ့တော့ သူတို့ဘာလုပ်လုပ် သူ ဂရုမစိုက်မည် မဟုတ်ပေ။

ဤသည်ကိုတွေးတောရင်း စပါးအုံးမြွေတစ်ကောင်ဖြစ်လာပြီးနောက် သူ့ရဲ့ စိတ်နေစိတ်ထားဟာ တဖြည်းဖြည်း ပြောင်းလဲလာတယ်လို့ ပထမဆုံးအကြိမ် သူ ခံစားလိုက်ရသည်။

အကယ်၍ သူသာ လူသားတစ်ဦးဖြစ်ခဲ့ပါက ဤအခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ဒေါသထွက် ရွံရှာမည်မှာ သေချာပေသည်။

...

ထိုနေရာမှ ထွက်လာကာ ဖန့်ရန်သည် စနစ်အမှတ်များကို ဆက်လက်စုဆောင်းသည်။

နှစ်နာရီကြာပြီးနောက် ကောင်းကင်သည် မှောင်စပြုလာခဲ့၏။

ထိုအချိန်တွင် သူက သေးငယ်သော တိရိစ္ဆာန်များစွာကို အမဲလိုက်ခဲ့ခြင်းကြောင့် သူ၏ စနစ်အမှတ်များသည် (၁၄၈၅၀၀) သို့ပင် ရောက်ရှိသွားခဲ့သည်။

ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ် အနည်းငယ်သာ လိုအပ်တော့သည်။

ယင်းနောက် ဖန့်ရန်သည် ရေကန်ဆီသို့ ပြန်သွားခဲ့လေသည်။

ရေကန်ထဲမှ တိရစ္ဆာန်အချို့ကို ဖမ်းဆီးခြင်းဖြင့် သူ၏ ဆင့်ကဲဖြစ်စဉ်ကို စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

...

ဖန့်ရန်သည် ရေကန်နားကို ရောက်ခါနီးမှာ ရုတ်တရက် ရပ်လိုက်ပြီး သူ့မျက်လုံးတွေက သူနဲ့ သိပ်မဝေးတဲ့ နေရာတစ်ခုကို အံ့သြစွာ စိုက်ကြည့်လိုက်မိသည်။

ကန်စပ်နှင့် မဝေးလှသော နေရာတစ်ခုတွင် မုဆိုးခုနစ်ယောက်သည် ထိုင်ကာ သံအိုးတစ်လုံးနှင့် တစ်ခုခု ချက်ပြုတ်နေလေသည်။ ထိုနေရာမှ မီးခိုးများကိုပင် မြင်နိုင်လေသည်။

ယင်းက သူ မြင်ခဲ့ရသည့် မုဆိုးခုနစ်ယောက်သာ ဖြစ်သည်။

သူတို့သည် အသီးသီးသော လမ်းကြောင်းများမှ သွားခဲ့ကြသော်ငြားလည်း ဤနေရာတွင် ပြန်တွေ့နေဆဲ ဖြစ်သည်။

ဒီတစ်ခါတော့ သူတို့ကို ဖန့်ရန်က စေ့စပ် သေချာစွာ စစ်ဆေးလိုက်သည်။

ညအချိန်ရောက်နေပြီ ဖြစ်သဖြင့် မုဆိုးခုနစ်ယောက်သည် မီးဒုတ်များကို ထွန်းညှိလိုက်ကြသည်။

မီးဒုတ်သည် ပြင်းထန်စွာ လောင်ကျွမ်းသွား ပြီး ထိုလူခုနစ်ဦး၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်ရစေသည်။

မုဆိုးတွေရဲ့ ညာဘက်ခြမ်းမှာတော့ မြင်းတွေက အနားယူနေသည်။

ခွေးသုံးကောင်ကတော့ ခေါင်းငိုက်စိုက်၍ တစ်ခုခုကို စားနေလေသည်။

ဖန့်ရန်သည် ခွေးသုံးကောင်ကို သိချင်စိတ်ဖြင့် သေချာကြည့်လိုက်ရာ ခွေးသုံးကောင်သည် စပါးအုံးမြွေနှစ်ကောင်၏ အပိုင်းပိုင်းဖြစ်နေသော ရုပ်အလောင်းကို စားနေမှန်း သူသိလိုက်သည်။

"အရင်က စပါးအုံးမြွေနှစ်ကောင်လား"

ဖန့်ရန် အံ့အားသင့်နေချိန်တွင် သံအိုးဘေးပတ်လည်ရှိ မုဆိုးများသည် စတင် စကားစပြောလာကြသည်။

"မြွေသားဟင်း အဆင်သင့်ဖြစ်ပြီလား"

ဗိုက်ဆာနေပုံရသော လူတစ်ယောက်က မေးသည်။

သူပြောသည်နှင့် လူပုလေးတစ်ယောက်က ချက်ချင်း မတ်တပ်ထရပ်ပြီး သံအိုးအဖုံးကို ဖွင့်ကြည့်လိုက်သည်။

အိုးအတွင်းမှ ဟင်းရည်များမှာ ပွက်ပွက်ဆူနေပြီး အိုးထဲမှ အငွေ့များ လျှံထွက်လာသည်။ အဖြူရောင် အသားအပိုင်းအစများက ဘောလောပေါ်နေ၏။

အသားတစ်တုံးစီမှာ လက်ချောင်းအရွယ်ခန့် အညီအမျှပင်။

အရပ်ပုသော သူ၏ ဘေးတွင် လူထွားကြီး တစ်ယောက်သည် ဇွန်းကိုင်ကာ ဟင်းချိုကို ရံဖန်ရံခါ မွှေနေလေသည်။

ထိုလူ၏ စကားကိုကြားတော့ လူထွားကြီးက ပြုံးပြီးပြောသည်။

“ရပြီ၊ အားလုံးအသင့်ဖြစ်ပြီ။ ကိုယ့်ခွက်ကို ယူလာခဲ့ကြ.."

ထိုနောက် လူထွားကြီးသည် တယောက်ပြီးတယောက်၏ ခွက်များကိုဖြည့်ပေး၏။ တယောက်လျှင် တစ်ခွက်စီ ရကြသည်။

“အနံ့က ကောင်းတယ်”

လူပုလေးသည် သူ့ပန်းကန်ထဲက ဟင်းရည်ကို အနံ့ခံပြီး ပြောသည်။

ထို့နောက် သူ၏ လက်ချောင်းများကို ရွှေ့ကာ အသားတစ်ပိုင်းကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

ရုတ်ချည်းပင် သူ့မျက်လုံးများ ကြည်လင်လာသည်။ သူ့ပါးစပ်ထဲက မြွေအသားသည် အလွန် ချောမွေ့ပြီး နူးညံ့ကာ အရသာလည်း အရမ်းရှိလေသည်။

"ဆူး၊ မင်းရဲ့ လက်ရာက ပိုကောင်းလာတယ်"

လူပုလေးက လူထွားကြီးကို လက်မထောင်ပြသည်။

"ဒါက ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေကြောင့်ပဲ၊ ဒါ့အပြင် ဒီစပါးအုံးမြွေတွေရဲ့ အသားက အရည်အသွေးကောင်းတယ် ဆိုတော့ အရသာရှိတာ အမှန်ပဲ"

လူထွားကြီးက ပြုံးပြီး အသားတစ်ပိုင်းကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ယစ်မူးနေသော အမူအရာက သူ့မျက်နှာထက်မှာ ပေါ်လာသည်။

"နှက်မျောစရာတစ်ခုက ဒီစပါးအုံးမြွေတွေရဲ့ ဦးခေါင်းနဲ့ အရေခွံက အလေးချိန်များတော့ စွန့်ပစ်ဖို့ပဲ တက်နိုင်တယ် "

မုဆိုးများထဲမှ တစ်ယောက်က ခွေးများစားနေသည့် စပါးအုံးမြွေနှစ်ကောင်၏ အလောင်း အကြွင်းအကျန်များကို ကြည့်ကာ ဝမ်းနည်းစွာ ပြောလိုက်သည်။

“နည်းလမ်း မရှိဘူးလေ၊ အလေးချိန်များလွန်းလို့ အကန့်အသတ်ရှိတဲ့ အသားကိုပဲ ငါတို့သယ်ယူနိုင်တယ်။ ခတ်တာက ဒီစပါးအုံးမြွေ နှစ်ကောင်က နည်းနည်း သေးနေတယ်။ တကယ်လို့ ကိုးမီတာသာ ရှိခဲ့မယ်ဆိုရင် သူဌေးရဲ့တောင်းဆိုမှုကို ငါတို့ လိုက်လျောနိုင်မှာ”

မုဆိုးများထဲမှ တစ်ယောက်က သူ့ပန်းကန်ထဲက မြွေသားကို စားရင်းပြောသည်။

“မေ့လိုက်တော့။ သိပ်စဉ်းစားနေဖို့မလိုဘူး၊ ဒီရေတိမ်ထဲမှာ စပါးအုံးမြွေနှစ်ကောင် မိတ်လိုက်ရတုန်း သတ်စားနိုင်တာကပဲ ကံကောင်းနေပြီ”

"ငါတို့သာ အဲ့မြွေနှစ်ကောင်ကို ရှာမတွေ့ရင် မင်းလက်ထဲမှာ မြွေစွပ်ပြုတ်တောင် ရှိလာမှာ မဟုတ်ဘူး"

ထိုစကားကိုကြားတော့ မုဆိုးအားလုံးက ရယ်လိုက်ကြ၏။ သူတို့ အလွန်ပျော်ရွှင်နေမှန်း သိသာသည်။

ခဏကြာတော့ ချန်ဂူလို့ ခေါ်တဲ့ မုဆိုးတစ်ယောက်က ထပြီး သူတို့ရဲ့ ခရီးဆောင်အိတ်ဆီ လျှောက်သွားကာ အော်ဟစ်ပြီး ဝိုင်ပုလင်းကို ထုတ်ယူသည်။

"လာ၊ တစ်ခွက်လောက် သောက်ကြရအောင်"

ထိုစကားကိုပြောပြီးတာနဲ့ သူက ဦးဆောင်သောက်ပြီး သက်တောင့်သက်သာ ညည်းညူရင်း ပုလင်းကို သူ့ဘေးနားက လူပုလေးဆီ ကမ်းပေးလိုက်သည်။

လူပုလေးက ပုလင်းကိုယူ၍ တစ်ငုံသောက်ပြီးနောက် ပြုံးကာ ပြောသည်။

"ဆူး၊ ဒီသူဌေးကြီးတွေရဲ့ ဝါသနာက တကယ်ထူးခြားတယ်လို့ မင်းထင်နေတာလား?"

“ကြံ့ဦးချိုနဲ့ အခုလို ဧရာမ စပါးအုံးမြွေကြီးလိုမျိုး ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေကို သူက စိတ်ဝင်စားတယ်လေ”

“အများကြီး တွေးနေဖို့ မလိုဘူး။ ဒီသူဌေးကြီးတွေသာ ဒီလို ထူးထူးခြားခြား ဝါသနာမပါရင် ငါတို့ အလုပ်တွေ ဆုံးရှုံးမှာ မဟုတ်ဘူးလား”

ထိုသူပြောသည်ကို ကြားသည်နှင့် လူထွားကြီးက လှည့်ကြည့်၍ ပြစ်တင်ကြိမ်းမောင်းသည်။

သူတို့သည် ဤတောင်ပေါ်မတက်ခင်မှာ အနည်းဆုံး (၉) မီတာလောက် အရှည်ရှိသော စပါးအုံးမြွေကြီးကို လိုချင်သည့် သူဌေးကြီးတစ်ယောက်ရှိကြောင်း လူအချို့ဆီက သိခဲ့ရသည်။

ထိုသူဌေးသည် မြေအောက်လောကတွင် လူသိများသော တိရစ္ဆာန်ဝါသနာအိုး တစ်ဦးဖြစ်သည်။

သူ့မှာ ရှိနေသည့် ရှားပါးတိရိစ္ဆာန်တွေ အမြောက်အမြားသည် အသက်ရှင်လျက်နဲ့ သေဆုံးနေသလို ခံစားရပေမည်။ သေဆုံးသော တိရစ္ဆာန်များကိုတော့ သူက သင့်လျော်သော သိုလှောင်ခန်းတွင် ထားရှိလေ့ရှိသည်။

အချို့သော ကောလဟာလများအရဆို ၎င်း၏ သိုလှောင်ခန်းတွင် ဒိုင်နိုဆော ရုပ်ကြွင်းများပင် ရှိနေနိုင်သည်။

“ဒီတစ်ကြိမ်မှာ အသက်ရှင်လျက်နဲ့ ကိုးမီတာအရှည်ရှိတဲ့ ဧရာမ စပါးအုံးမြွေတစ်ကောင်ကို ဖမ်းမိခဲ့ရင်... ငါတို့တွေ ငါးသန်းလောက် ရလိမ့်မယ်။ သတ်မိခဲ့ရင်တော့ တစ်သန်းပဲ ရလိမ့်မယ်”

သူတို့ဘေးမှ လူငယ်တစ်ယောက်က သက်ပြင်းမချခင် ဝင်ပြောလိုက်သည်။

ထိုလူငယ်၏ စကားကို ကြားပြီးနောက် ကျန်သော မုဆိုးများသည်လည်း၊ ထိုအကြောင်းကို စိတ်ဝင်တစား ပြောဆိုလာကြသည်။

ဒီတောထဲကို မဝင်ခင်မှာ လူတိုင်းဆီမှာ မျှော်လင့်ချက်တွေကို အနည်းနဲ့အများ ထားခဲ့ကြသည်ဟု ဆိုနိုင်သည်။

"အဲဒါကို တွေးပူနေစရာ မလိုဘူး၊ တစ်ကမ္ဘာလုံးမှာတောင် ဧရာမ စပါးအုံးမြွေတွေ သိပ်မရှိတာ၊ ငါတို့တွေ ဧရာမ စပါးအုံးတစ်ကောင်နဲ့တွေ့ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လူထွားကြီးက ခေါင်းခါပြီး ပြောလိုက်သည်။ မုဆိုးအားလုံးထဲတွင် သူက အတည်ငြိမ်ဆုံးဟု ဆိုနိုင်လေသည်။

.....

All Chapters