← Chapters

သေလမ်းရှာကြသူများ

Vol. 6 Ch. 74

သေလမ်းရှာကြသူများ

Vol. 6 Ch. 74

ထိုလူထွားကြီး၏ စကားကို ကြားသောအခါ မုဆိုးများသည် တဖြည်းဖြည်း ငြိမ်သက်သွားကြ၏။ ထိုအတွေးတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သူတို့ သိလိုက်ကြသည်။

မုဆိုးအားလုံး၏ စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားပြီး သူတို့သည် ရှိုက်ကြီးတငင်သာ ပြုံးနိုင်ခဲ့၏။

အဝေးကနေ မုဆိုးတွေကို စောင့်ကြည့်နေသော ဖန့်ရန်သည် ထိုစကားပြောသံများကို ကြားပြီးနောက် သူသည် လုံးဝ ကြောက်ရွံ့သွားခြင်း မရှိပေ။

ယင်းလူတွေက အရှည် (၉) မီတာရှိသော စပါးအုံးမြွေကို ရှာနေကြ၏။ အခုချိန်သာ သူ့ကို တွေ့သွားခဲ့ရင် သူတို့ ရူးသွတ်သွားကြပေမည်။

သူတို့၏ လုပ်ရပ်တွေက သူနဲ့ ဘာမှမဆိုင်ချေ။ ယခု သူလုပ်ရမည်က ဒီနေရာ ကနေ ထွက်သွားပြီး ညအိပ်ဖို့ တခြားနေရာကို ရှာဖို့ ပင်။

ဂျွတ်!

ဖန့်ရန်က ဖြည်းညှင်းစွာ နောက်လှည့်၍ ထွက်သွားဖို့ လုပ်လိုက်စဉ် သစ်ရွက်ခြောက်များကို နင်းမိလိုက်ရာ အသံထွက်သွားသည်။

ထိုအသံသည် စပါးအုံးမြွေနှစ်ကောင်၏ အသားအကျွင်းအကျန်များကို စားနေသော ခွေးသုံးကောင်၏ အာရုံကို စွဲဆောင်သွားသည်။

ခွေးများ၏ အကြားအာရုံမှာ အလွန်ကောင်း၏။

"ဆိုးလိုက်တာ!"

သူ့အခြေအနေ မကောင်းမှန်း ဖန့်ရန် ခံစားလိုက်ရသည်။

ခွေးသုံးကောင်သည် သူ့ဦးတည်ရာကို နှစ်စက္ကန့်ကြာအောင် စိုက်ကြည့်ပြီးနောက် ချက်ချင်းပင် ဟောင်လာသည်။

"ဝုတ်! ... ဝုတ်! ... ဝုတ်! ... "

"ဘာဖြစ်တာလဲ?"

ခွေးတွေဘေးမှ လူထွားကြီးက ဦးစွာတုံ့ပြန်သည်။ သူက ချက်ချင်းမတ်တပ် ထရပ်လိုက်ပြီး ခွေးဟောင်သံ၏ ဦးတည်ရာကို ဂရုတစိုက် လှမ်းကြည့်လိုက်သည်။

အခြားသူများသည်လည်း ပန်းကန်များကိုချကာ လက်နက်များကို ကောက်ကိုင်ပြီ အမြန်မတ်တပ် ထရပ်လိုက်သည်။ သူတို့အားလုံး အမှောင်ထဲကို စိုက်ကြည့်နေကြသည်။

"အဝါလေး၊ အနက်လေးနဲ့ အဖြူလေး ဟိုမှာ ဘာရှိလဲ သွားကြည့်ကြစမ်း!"

လူထွားကြီးသည် ဖန့်ရန်၏ ဦးတည်ရာကို ညွှန်ပြကာ ပြောပြီးနောက် သူ၏ ခါးပတ်မှ ဓာတ်မီးကို ထုတ်ကာ ဖွင့်လိုက်သည်။

ရုတ်တရက် ဖန့်ရန်ရှိရာ ချုံနွယ်များဆီသို့ အလင်းရောင်တစ်ခု ကျရောက် လင်းလက်လာသည်။

"ကြည့်ရတာ ငါ ဖုံးကွယ်လို့ မရတော့ဘူးထင်တယ်"

ပြေးလွှားလာနေသည့် အမဲလိုက်ခွေးသုံးကောင်ကို ကြည့်ရင်း ဖန့်ရန်သည် သူ၏ ဆက်လက်ပုန်းအောင်းရန် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး သစ်ပင်နောက်ချုံနွယ်များထဲမှ အပြင်ထွက်လိုက်သည်။

ဖန့်ရန်၏ ကြီးမားသော ခန္ဓာကိုယ် အရွယ်အစားသည် သူ့ဆီသို့ ပြင်းထန်စွာပြေးနေသော အမဲလိုက်ခွေးသုံးကောင်ကို ကြောက်လန့်တကြား ရပ်တန့်သွားစေသည်။

“အီး ... အီး ... အီး ... "

အမဲလိုက်ခွေးသုံးကောင်သည် ကြောက်လန့်တကြား နောက်ဆုတ်ရင်း သစ်ပင်နောက်ကွယ်မှ ထွက်လာသော ဖန့်ရန်ကို အလွတ်မပေးဘဲ စိုက်ကြည့်နေကြသည်။

"ကြည့်စမ်း၊ ဟိုမှာ ဘာကောင်ကြီးလဲ မသိဘူ?"

မုဆိုးများထဲမှ တစ်ယောက်က၊ လူတိုင်းအား အမှောင်ထဲမှ ဖန့်ရန်ကို ညွှန်ပြပြီး ပြောလိုက်သည်။

အမှောင်ထဲမှ ရှည်လျားသော အရိပ်တစ်ခုသည်ကို လူတိုင်းအား ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

...

ဤအချိန်တွင် လူထွားကြီးက သူ့လက်ထဲရှိ ဓာတ်မီးနဲ့ ထိုမုဆိုးညွှန်ပြသည့် နေရာကို ထိုးလိုက်သည်။ ရုတ်တရက် ဆိုသလိုပဲ စပါးအုံးမြွေကြီး တစ်ကောင်က သူတို့ရှေ့မှာ ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

ဧရာမ စပါးအုံးမြွေကြီးကို မြင်တော့ မုဆိုးခုနစ်ယောက်လည်း စကားပင် မပြောနိုင်တော့ဘဲ တုန်လှုပ်သွားခဲ့၏။

အရှေ့မလှမ်းမကမ်းက ဧရာမ စပါးအုံးမြွေကြီးကို မျက်လုံးပြူးကျယ်စွာနဲ့ သူတို့အားလုံး စိုက်ကြည့်နေမိသည်။

“ဂလု”

တံတွေးမျိုချသံ တစ်ခု ရုတ်တရက် ပေါ်လာသည်။

"ဒါ ... ဒါက စပါးအုံးမြွေ၊ စပါးအုံးမြွေ အကြီးစားပဲ!"

လူတစ်ယောက်က ကယောင်ကတမ်း ရေရွတ်လိုက်သည်။

(၁၃) မီတာ အရှည်သည့် ဧရာမစပါးအုံးမြွေကြီးနှင့် ရုတ်တရက်တွေ့လိုက်ရခြင်းက လူတိုင်းကို အလွန်ပြင်းထန်သော တုံပြန်မှုကို ဖြစ်စေသည်။

လူတိုင်း၏ ထိတ်လန့်ကြောက်ရွံ့မှုကို နားလည်ရန် မခက်ပေ။

“ဟူးး....”

လူပုလေးသည် ရုတ်တရက် အသက်ပြင်းပြင်းရှူကာ အော်လိုက်သည်။

"ဆူး! ဒီစပါးအုံးမြွေကြီးက အရှည် ကိုးမီတာထက်ကျော်တယ်လို့ မင်းထင်လား?"

"ကိုးမီတာလား? ဟင့်အင်း.. မဟုတ်ဘူး၊ အနည်းဆုံး ဆယ်နှစ်မီတာလောက် ရှိတယ်!”

လူထွားကြီးက အဲဒါကိုပြောပြီးတာနဲ့ ချက်ချင်းသဘောပေါက်သွားသည်။

အခြားသူများလည်း ရုတ်တရက် မျက်လုံးများ လင်းလက်သွားကာ တစ်ခုခုကို တွေးတောမိလိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လောဘနှင့် စိတ်လှုပ်ရှားမှုများက အစားထိုးသွားသည်။

လူထွားကြီးလည်း တဖြည်းဖြည်း စိတ်လှုပ်ရှားလာပြီး သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာနဲ့ သပ်လိုက်သည်။

“ကိုးမီတာရှည်တဲ့ ဧရာမ စပါးအုံးမြွေတစ်ကောင်က ငါးသန်းတန်တယ်။ ဆယ်တစ် မီတာက ဆယ်သန်း၊ ဆယ်သုံးမီတာဆို သန်းသုံးဆယ် .... ”

လူပုလေးက သူ့တံတွေးကို မျိုချပြီး ပြောလိုက်သည်။

ထိုသို့သောစပါးအုံးမြွေသည် အခြေခံအားဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးစပါးအုံးဖြစ်သည်။

“ဟား ... ဟား ... ဟား ... ”

“ညီအစ်ကိုတို့၊ ငါတို့ဘက်မှာ ကံကောင်းခြင်းတွေ ရှိနေပုံပေါ်တယ်"

လူထွားကြီးက သေနတ်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အခြားသော မုဆိုးများသည်လည်း အဖွဲ့ခေါင်းဆောင် လူထွားကြီး၏ စကားကိုကြားပြီးနောက် အလွန်စိတ်လှုပ်ရှားသွားကြသည်။

(၁၃) မီတာ ရှည်သော ဧရာမစပါးအုံးမြွေကြီးသည် အလွန်ကြောက်စရာကောင်းသော်လည်း နောက်ဆုံးမှာတော့ ထွက်ပြေးရုံသာ တတ်နိုင်မှာပင်။

သူတို့တွင် သေနတ်ကိုင်ဆောင်ထားသည့် လူခုနစ်ယောက်နှင့် ခွေးသုံးကောင်ရှိသည်။

အကယ်၍ သူတို့သာ ထိုဧရာမ စပါးအုံးမြွေကြီးကို အမဲလိုက်ချင်ပါက၊ မတော်တဆမှုများနှင့် သေဆုံမှုတွေ လုံးဝဖြစ်လာစရာ အကြောင်း မရှိပေ။

စပါးအုံးမြွေတစ်ကောင်သည် သတ်မှတ်ထားသောအဆင့်အထိ ကြီးထွားလာပြီးနောက် ခန္ဓာကိုယ် လုပ်ဆောင်ချက်အားလုံး ကျဆင်းလာပေမည်။

ဤစပါးအုံးမြွေသည် ကြောက်စရာကောင်းပုံပေါ်သော်လည်း ၎င်းသည် အလှပြပန်းအိုထက်မပိုပေ။

မုဆိုးခုနှစ်ယောက်သည် ဧရာမ စပါးအုံးမြွေကြီးထံသို့ ချက်ချင်းပင် ဂရုတစိုက်ချဉ်းကပ်လိုက်ကြသည်။ လူအချို့၏ လောဘနှင့် ကြောင့်ရွံ့မှုတို့ ဒွန်တွဲနေသော မျက်နှာထက်တွင် ချွေးစေးများ ထွက်နေလေသည်။

စပါးအုံးမြွေများ၏ အမြင်အာရုံသည် ချို့တဲ့မှန်း သူတို့သိသော်လည်း၊ သက်ရောက်မှုအချို့တော့ ရှိဆဲပင်။

လူတိုင်း၏ နှလုံးသားသည် အဆက်မပြတ် တုန်ခါနေခဲ့သည်။

အဖွဲ့၏ခေါင်းဆောင် လူထွားကြီး၏ နှာဖူးပြင်တွင် ချွေးစေးများ အဆက်မပြတ် ထွက်နေသည်။ သူက လက်ထဲမှ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ့မျက်ဆံများက ကျဥ်းမြောင်နေသည်။

သူတို့ရှေ့က စပါးအုံးမြွေက အနည်းငယ် လှုပ်သွားသည်။

လူပုလေးက ရုတ်တရက် သူ့လက်ထဲက သေနတ်နဲ့ ဧရာမ စပါးအုံးမြွေကြီးကို ချိန်ရွယ်လိုက်သည်။

"ရပ်လိုက်!"

ခပ်တိုးတိုး အသံတစ်ခု ပေါ်လာသည်။

"ဒီစပါးအုံးမြွေကြီးကို အရှင်လတ်လတ် ဖမ်းရမယ်။ ဒီမြွေသာ သေသွားခဲ့ရင် သတ်တဲ့ကောင် သယ်ရမယ်မှတ်"

လူထွားကြီးက လေသံဖျော့ဖျော့နှင့် ပြစ်တင်ကြိမ်မောင်းသည်။

"အရူးကောင် မင်း သေနတ်ကို ချထားလိုက်စမ်း။ မင်း လုပ်ရပ်က ငါတို့ကို သန်းပေါင်းများစွာ ဆုံးရှုံးစေနိုင်တယ်။ မေ့ဆေးသေနတ်ကိုပဲ သုံးရမယ်"

ဤသည်ကို ကြားတော့ လူပုလေးဟာ အံကြိတ်လိုက်ပြီး သေနတ်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် သေနတ်ငယ်တစ်လက်ကို ထုတ်ယူလိုက်လေသည်။

သေနတ်ထိပ်မှာ လေးမြှောင့်သဏ္ဍာန် အပ်ရှည်တစ်ချောင်း ပါလေသည်။

“ငါနဲ့ လဲ့ဇီက ရှေ့ကနေ ဧရာမ စပါးအုံးမြွေကြီးကို အာရုံကို ဆွဲဆောင်မယ်။ မင်းက မေ့ဆေးနဲ့ ပစ်ဖို့အသင့် ပြင်ထား၊ တခြားသူတွေက လူခွဲသွားမယ် ... ဘယ်လို အခြေအနေမျိုးမှာမဆို အချိန်မှီ တုံ့ပြန်ဖို့ သတိကြီးကြီးထားကြဖို့ မှတ်ထားပါ"

လူထွားကြီးသည် သူ၏ တိုက်ပွဲအစီအစဉ်ကို ပြောပြီးနောက်။ သူ၊ လဲ့ဇီနှင့် လူပုလေးတို့သည် ဧရာမ စပါးအုံးမြွေကြီးဆီသို့ သတိထားပြီ ချည်းကပ်သွားလိုက်သည်။

အခြားသူများသည်လည်း ဖြန့်ကျက်လိုက်ကြသည်။ လူတိုင်းသည် မတော်တဆမှု တစ်ခုခု ဖြစ်လာခဲ့ပါက တုံ့ပြန်ရန် အသင့်ရှိနေကြ၏။

လူတိုင်း၏ လက်ထဲတွင် သေနတ်တစ်လက်စီ အသင့်ကိုင်ဆောင်ထားကြသည်။

ဧရာမစပါးအုံးမြွေကြီးကို သူတို့၏ မျက်မြင်မှ လွတ်မသွားစေဘဲ အားလုံးသည် သတိကြီးကြီးထားပြီး လုပ်ဆောင်ခဲ့ကြလေသည်။

လူပုလေးသည် လက်ထဲတွင် ထုံဆေးသေနတ်ကို ကိုင်ထားရင်း စပါးအုံးမြွေကြီး၏ ညာဘက်ခြမ်းသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ဧရာမစပါးအုံးမြွေကြီးနှင့် ၎င်းတို့၏ ကြားအကွာအဝေးမှာ မီတာ (၁၀၀) ခန့်ရှိလေသည်။

ဒီအကွာအဝေးက ပစ်ခတ်ဖို့ရန် အဆင်မပြေပေ။ မီတာ (၂၀) အကွာအဝေးမှာ ပစ်ခတ်ရန် အကောင်းဆုံး ဖြစ်သည်။

မုဆိုးများသည် ဧရာမစပါးအုံးမြွေကြီးဆီ တဖြည်းဖြည်း ချည်းကပ်သွားကြသည်။

လူတိုင်း၏ စိတ်ထဲ၌ ဤမီတာ (၁၀၀) အကွာအဝေးကို ဖြတ်ကျော်နေချိန်တွင် ထာဝရကြာနေသလို ခံစားနေရသည်။

လူတိုင်း စိတ်လှုပ်ရှားနေသည်။

သူတို့ရှေ့မှ ထိုမြွေသည် အနည်းဆုံး သန်း (၃၀) တန်လေသည်။

"သူတို့ ငါ့ကို ဖမ်းချင်နေတာလား"

သူ့အနီးသို့ ဖြည်းညှင်းစွာ ဝိုင်းရံလာသော မုဆိုးခုနစ်ယောက်ကို ကြည့်ရင်း၊ ဖန့်ရန်၏ ဒေါင်လိုက်မျက်လုံးများထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

သူသည် တိတ်ဆိတ်စွာ နေထိုင်ပြီး ကြီးထွားချင်သောကြောင့်၊ ဤမုဆိုးများကို တွေ့သောအခါ တိတ်တဆိတ် ပြန်ဆုတ်ရန် စီစဥ်ခဲ့သည်။

ရလဒ်အနေနှင့် သူ့ကို တွေ့သွားခဲ့၏။ ဒီလူခုနစ်ယောက်သည်၊ ဘယ်နေရာမှ ရမှန်းမသိသည့် ယုံကြည်မှုတွေနှင့် သူ့ကို ဖမ်းပြီး ရောင်းစားဖို့ ကြံစည်နေကြသည်။

ကြည့်ရတာ သူတို့ကို သတ်ပစ်ရတော့မည့် ပုံပေါ်သည်။

.....

All Chapters