← Chapters

ငါးစာအဖြစ်

Vol. 6 Ch. 75

ငါးစာအဖြစ်

Vol. 6 Ch. 75

"ဆူး၊ ဒီစပါးအုံးမြွေရဲ့ မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေတယ်လို့ ငါဘာလို့ ခံစားမိနေတာလဲ?"

လူထွားကြီးက သူ၏ ကြွက်သားများကို တင်းကျပ်ကာ မည်သည့် အချိန်တွင်မဆို တုံ့ပြန်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

လူပုလေး၏ စကားကို ကြားတော့ သူက ပြုံးပြီး ပြောသည်။

"သားရဲတစ်ကောင်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်တွေ ရှိမနေရင် သားရဲလို့ ဘယ်လိုခေါ်မှာတုန်း"

"အင်း၊ မင်းပြောတာ မှန်တယ်လို့ ငါလည်းထင်တယ်"

လူပုလေးက ခေါင်းညိတ်ပြလိုက်သော်လည်း သူ့စိတ်ထဲတွင် သံသယအချို့ ရှိနေသေးသည်။

ထိုစပါးအုံးမြွေ၏ မျက်လုံးများသည် အခြားသားရဲများနှင့် အနည်းငယ်ကွဲပြားသည်ဟု သူ ခံစားမိသော်လည်း ဘာကွာခြားမှန်း သူ အတိအကျ မပြောနိုင်ပေ။

"အင်း... ဒီမှာပဲ ရပ်လိုက်ရအောင်။ လဲ့ဇီ၊ စပါးအုံးမြွေကို ဆွဲဆောင်ဖို့၊ မင်း အခုပဲ သွားရမယ်"

လဲ့ဇီအမည်ရှိ လူသည် ခေါင်းညိတ်ပြလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"စိတ်မပူပါနဲ့ ငါတို့တွေ ရှိနေတယ် "

လူထွားကြီးက သူ့ကို နှစ်သိမ့်ပေးပြီးနောက် တစ်နေရာတည်းတွင် ရပ်ကာ သူ့လက်ထဲက ဓာတ်မီးကို ဧရာမစပါးအုံးမြွေဆီ တည့်တည့်ထိုးပြလိုက်သည်။

လဲ့ဇီသည် ဧရာမ စပါးအုံးမြွေကြီးဆီသို့ ဆက်လျှောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ဘေးနားရှိ လူပုလေးဆီသို့ လှည့်၍ ပြောလိုက်သည်။

"ဟဲဘိုင်၊ မင်း အနားကပ်မှပဲ ပစ်သင့်တယ်၊ အခုနေပစ်မယ်ဆို၊ ဒါက ဧရာမ စပါးအုံးမြွေကြီးကို စိတ်တိုစေလိမ့်မယ်"

သူက ထိုဧရာမ စပါးအုံးမြွေကြီးထံ တတ်နိုင်သမျှ နီးကပ်အောင် လုပ်ပြီး ၎င်း၏ အာရုံကို ဆွဲဆောင်ရပေမည်။ ထိုမှသာ လူပုလေးက မေ့ဆေးသေနတ်နှင့် ပစ်နိုင်လိမ့်မည်။

အမှတ်မထင် ဧရာမ စပါးအုံးမြွေကြီးသာ လူပုလေးကို မိသွားခဲ့လျှင် မေ့ဆေးပေးရန် သူတို့တွင် အခွင့်အရေး ထက်မရှိန်ိုင်တော့ချေ။

"တကယ်လို့၊ ငါ့ကို ဧရာမ စပါးအုံးဖမ်းမိသွားခဲ့ရင်၊ ငါ့ကို အမြန်ဆုံး ကယ်ဖို့လုပ်ရမယ်နော်!"

လဲ့ဇီက စိုးရိမ်ပူပန်စွာနဲ့ သတိပေးလိုက်သည်။

သားကောင်ကို ဖမ်းမိပါက စပါးအုံးမြွေများသည် လျင်မြန်စွာ ရစ်ပတ်တတ်ပြီး ၎င်း၏ အရိုးများနှင့် အတွင်းအင်္ဂါများကို ကြေမွသွားစေရန် အားထုတ်တတ်သည်။

အကယ်၍ ဤဧရာမ စပါးအုံးမြွေကြီးသည် သူ့အား ရစ်ပတ်မိခဲ့လျှင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စက္ကန့်ပိုင်းအတွင်း ကြေမွသွားနိုင်သည်။

သတိအနေအထားနှင့် လဲ့ဇီသည် ဧရာမ စပါးအုံးမြွေဆီသို့ တဖြည်းဖြည်း ချည်းကပ်သွားသည်။

လဲ့ဇီသည် ဧရာမ စပါးအုံးမြွေကြီးနှင့် မီတာ (၂၀) ခန့်အကွာသို့ ရောက်သွားသည်နှင့် ဧရာမ စပါးအုံးမြွေကြီး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် ကြိုးစားရင်း သူ့လက်ထဲမှ ဝါးလုံးကို ဝှေ့ယမ်းသည်။

ဤအကွာအဝေးသည် အလွန်ဝေးကွာ သော်လည်း လဲ့ဇီသည် တုန်လှုပ်နေဆဲဖြစ်၏။

သူ၏ နှုတ်ခမ်းမှာ ခြောက်သွေ့နေကာ မျက်နှာတစ်ခုလုံးလည်း ချွေးစေးများဖြင့် ပြည့်နှက်နေသည်။

လဲ့ဇီက ဧရာမ စပါးအုံးမြွေကြီး၏ အာရုံကို ဆွဲဆောင်နေချိန်တွင်၊ လူပုလေးလည်း ဧရာမ စပါးအုံးဆီ ပုန်းလျှို့ပုန်းကွယ် လျှောက်သွားရင်း သူ့ကိုယ်သူ တတ်နိုင်သမျှ မပေါ်လွင်အောင် ကြိုးစားနေလေသည်။

"ဟေ့ ... တိရစ္ဆာန်ကောင်၊ ငါ့ကို လာကိုက်စမ်း!"

လဲ့ဇီက သတ္တိမွေးပြီး ကြိုးစား အော်ဟစ်လိုက်သည်။

ထိုနောက် သူ့လက်ထဲမှ ဝါးလုံးကို ဆန့်ကျင်ဘက်က ဧရာမ စပါးအုံးမြွေကြီးကို ချိန်ရွယ်ပစ် ပေါက်လိုက်၏။

အမဲလိုက်ခွေးသုံးကောင်သည် သူတို့ သခင်၏ လုပ်ရပ်ကို မြင်လိုက်သည်နှင့် ဟောင်စပြုလာကာ ၎င်းတို့သည် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ရှိနေသည့်ပုံပေါ်လာသည်။

"ဟေး.. သားရဲကောင် သတ္တိရှိရင်၊ ငါ့ကို လာကိုက်လေ!"

လဲ့ဇီက ထပ်မံ အော်ပြောလိုက်သည်။

ငြမ်သပ်စွာ ရပ်နေဆဲဖြစ်သည့် ဧရာမ စပါးအုံးမြွေကြီးသည် ခေါင်းကို ညင်သာစွာ စောင်း၍ ပျံသန်းလာနေသော ဝါးလုံးကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

ထို့နောက် မီတာ (၂၀) အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်ပြီး လူငယ်လေးရှေ့သို့ ရောက်ရှိသွားသည်။

ယင်းနောက် သွေးထွက်သံယို ပါးစပ်ကြီးကို ဖွင့်ကာ မှင်တက်အံသြနေသည့် လူငယ်၏ လက်မောင်းကို ကိုက်ချလိုက်သည်။

သူ၏ ကြီးမားသော ပါးစပ်ကြီးကို ပိတ်ချလိုက်ရာ၊ သံမဏိနှင့် မခြားနားသော အစွယ်များသည် လူငယ်၏ လက်မောင်းပေါ် ထိုးစိုက်သွားသည်။

"အီး!"

လဲ့ဇီသည် နာကျင်စွာ ညည်းညူးရင်း၊ ရင်တထိတ်ထိတ်ဖြင့် ရှိသမျှ အင်အားလက်ကျန်ကို စုဆောင်းပြီး အော်လိုက်သည်။

"ငါ့ကို ကယ်ပါအုံး!"

အခြားသော မုဆိုးများသည် ထိုမြင်ကွင်းကို မြင်ပြီးနောက်တွင် အံ့သြထိတ်လန့်သွားကြသည်။

ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့အားလုံး မမျှော်လင့်ထားခဲ့ကြပေ။

ယခင်က ဟောင်စပြုလာသည့် ခွေးများသည် ယခုအခါတွင် ကြောက်ရွံ့တုန်ရီနေကြသည်။

ထိုလူငယ် ရုတ်တရက် တိုက်ခိုက်ခံရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

သို့သော်လည်း မုဆိုးများသည် လျင်မြန်စွာ သတိဝင်လာကာ မသိစိတ်ဖြင့် သူတို့လက်ထဲရှိ သေနတ်နဲ့ ဧရာမ စပါးအုံးမြွေကြီးကို ချိန်ရွယ် ပစ်ခတ်လိုက်ကြသည်။

ဒိုင်း! ဒိုင်း! ဒိုင်း!

ဒိုင်း! ဒိုင်း!

ကျယ်လောင်သော သေနတ်သံများ ထွက်ပေါ်လာသည်။

ဖန့်ရန် ခန္ဓာကိုယ်ပေါ်သို့ ကျည်ဆန်များစွာ ကျရောက်လာခဲ့၏။ သူ့တစ်ကိုယ်လုံး နာကျင်နေသည်။

နာကျင်မှုက သူ့ကို အပြင်းအထန် ဒေါသထွက်လာစေသည်။

ဖန့်ရန်၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူက ခေါင်းကို မော့ကာ လူငယ်အား ပစ်ချလိုက်သည်။

လူငယ်ကို ကြည့်ဖို့ သူ့တွင် စိတ်ကူးမရှိတော့ပေ။ သူသည် မလှမ်းမကမ်းမှ လူပုလေးဆီ ပြေးသွားလိုက်သည်။

ဒုန်း

လူငယ်သည် သစ်ပင်တစ်ပင်နှင့် ပြင်းထန်စွာ တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ့အရိုးများ ကျိုးကျေသွားလေပြီ။

လဲ့ဇီသည် နာကျင်မှုကြောင့် အကြိမ်အနည်းငယ်ခန့် လူးလှိမ့်လိုက်ပြီး သွေးအန်လိုက်ရသည်။

သူ့လက်မောင်းသည် အပေါက်ပေါက်ဖြစ်နေ၏။ နက်ရှိုင်းစွာ အကိုက်ခံထားရသော လက်မှာ အရိုးများပင် ပေါ်နေချေပြီ။

ထိုလူငယ်သည် မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင်၊ ဖန့်ရန်သည် သူနှင့် အနီးဆုံးလူဖြစ်သည့် လူပုလေးထံသို့ ရောက်ရှိနေပြီဖြစ်သည်။

သူသည် သေနတ်ဖြင့် ပတ်ခတ်နေသည့် လူပုလေး အနီးသို့ ချက်ခြင်းဆိုသလို ရောက်သွားပြီ လူပုလေးကို တုံ့ပြန်ချိန်ပင် မပေးဘဲ လျင်မြန် တင်းကြပ်စွာ ရစ်ပတ်လိုက်သည်။

"အား!"

လူပုလေးသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ကြီးမားသော ဖိအားကို ခံစားလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်လေသည်။

ခရက်!

အရိုးကျိုးသံများ ထွက်ပေါ်လာသည်။

ဂျွတ်!

လူပုလေး၏ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သူ၏ အတွင်းအင်္ဂါများ ကြေမွသွား၏။

ဤလုပ်ငန်းစဉ်သည် ဖော်ပြရန် နှေးကွေးသော်လည်း စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုနောက် ဧရာမ စပါးအုံးမြွေကြီးသည် သေသွားသည့် လူပုလေးကို လွှတ်ချ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အမှောင်ထဲ တိုးဝင်သွားခဲ့သည်။

"လီဇီ!... ချန်ဂူ"

လူထွားကြီးသည် ထိုမြင်ကွင်းကိုမြင်ပြီး အံ့သြတုန်လှုပ်သွားပြီး ချက်ချင်းပင် အော်လိုက်သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စပါးအုံးမြွေတွေက ပိုကြီးလေ နှေးလေ မဟုတ်ဘူးလား။ ဒီဧရာမ စပါးအုံးမြွေက ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ။

ယင်းထက် အရေးကြီးသည်က သူတို့ရဲ့ ကျည်ဆန်တွေက ထိုဧရာမ စပါးအုံးမြွေကြီးကို ဒဏ်ရာတောင် မရစေပေ။

"ခေါင်းဆောင်?"

ကျန်လေးယောက်က လူထွားကြီးဆီသို့ အမြန်ဆုံး ပြေးလာသည်။

လူတိုင်း၏ မျက်နှာက ဖြူဖျော့နေပြီး နှလုံးသားထဲ၌ ကြောက်ရွံ့မှုတွေ ပြည့်နေသည်။

သူတို့ပစ်ခတ်လိုက်သော သေနတ် ကျည်ဆန်များသည် ထိုဧရာမ စပါးအုံးမြွေကြီးကို ထိမိသွားသည်နှင့် သံမဏိကိုတိုက်မိသွားသလို မီးပွားများသာ ဖြစ်ပေါ်လာသည်ကို တွေ့ခဲ့ရသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထိုဧရာမ စပါးအုံးမြွေကြီး၏ အကြေးခွံများသည် သံမဏိနှင့်ပင် ယှဉ်နိုင်လေသလား။

ယခင်က ထိုဧရာမ စပါးအုံးမြွေကြီးသည် ၎င်း၏ လှုပ်ရှားသွားလာမူ အဆင်မပြေသောကြောင့် ဤနေရာတွင် ရှိနေသည်ဟု လူတိုင်းက ထင်မြင်ခဲ့ကြသည်။

သို့သော် ၎င်း၏ အရှိန်အဟုန်ကို မြင်တွေ့ရချိန်တွင်၊ လူတိုင်းသည် သူတို့အထင် လုံးဝမှားယွင်းသွားကြောင်း နားလည်လိုက်ကြသည်။

လူငါးယောက်သည် အတူတကွစုရုံ၍၊ တစ်ယောက်ကို တစ်ယောက်.ကျောပေးကာ သေနတ်များကို အမှောင်ထုဆီသို့ ချိန်ရွယ်ထားလိုက်ကြသည်။

ယခုချိန်တွင် သူတို့၏ လက်ထဲတွင်ရှိသော သေနတ်များသည် ဘေးကင်းလုံခြုံသည့် ခံစားချက်ကို မပေးစွမ်းနိုင်တော့ပေ။

လူအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။

"သွားကြရအောင်"

လူထွားကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ပြီ ပြောလိုက်သည်။

ထိုနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လီဇီနှင့် ဟဲဘိုင်တို့ကို တစ်ချက်ကြည့်လိုက်သည်။

လီဇီက မသေသေးပေ။ သူသည် သူတို့အား သနားစဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

သူ့ကို ခေါ်သွားစေချင်ပုံပေါ်သည်။

ရုန်းကန်မှုတို့သည် လူထွားကြီး၏ မျက်လုံးအိမ်ထဲတွင် ပေါ်လာခဲ့သော်လည်း နောက်အခိုက်အတန့်တွင် သူ့မျက်လုံးများသည် ချက်ချင်းပင် ပြတ်သားသွားခဲ့သည်။

မြေပြင်သည် ရှင်းလင်း၍ ပုန်းအောင်းစရာ နေရာသိပ်မရှိသောကြောင့် လူတိုင်းသည် ယခင်ပုံစံကို မပျက်စီးစေဘဲ ရေကန်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားသွားလိုက်ကြသည်။

လီဇီကို မည်သူမှ တစ်ချက်ကလေးပင် လှည့်မကြည့်ကြတော့ပေ။ ၎င်းတို့ထဲ၌ ခေါင်းဆောင် လူထွားကြီးပင် ပါလေသည်။

ထိုစပါးအုံးမြွေကြီးသည် အလွန်ကြောက်စရာကောင်း၏။ ၎င်းသည် အမှောင်ထဲတိုးဝင် ပျောက်ကွယ်သွားသော်လည်း ပြန်လှည့်လာ နိုင်လေသည်။

လက်ရှိတွင် လီဇီသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်သည်။

လီဇီ၏ ဒဏ်ရာများက အလွန်ပြင်းထန်သောကြောင့် အသက်ရှင်ဖို့ မဖြစ်နိုင်တော့ပေ။

လူသေအတွက် စွန့်စားရန် မလိုအပ်ပေ။

ထို့အပြင် သေခါနီး ဖြစ်နေသည့် လီဇီနှင့် လူပုလေး၏ အလောင်းများသည် ဧရာမ စပါးအုံးမြွေကြီးကို ဆွဲဆောင်ရန် ငါးစာအဖြစ် အသုံးပြုနိုင်သည်။

၎င်းက လွတ်မြောက်ရန် အခွင့်အရေးတစ်ခုပင် ဖြစ်နိုင်၏။

.....

All Chapters