အခွင့်အရေးမရှိ
Vol. 6 Ch. 76
မုဆိုးများသည် သတိကြီးကြီးထားကာ မှောင်မဲနေသည့် အနီးပတ်ဝန်ကျင်းကို ကြည့်ရင်း ရေကန်ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံးနှုန်းနှင့် သွားနေသည်။
ဂျွတ်
သစ်ကိုင်းခြောက် ကျိုးသံတစ်ခု အမှောင်ထဲမှ ထွက်လာသည်။
လူတိုင်း၏ ခန္ဓာကိုယ်သည် အေးခဲတောင့်တင်းသွားပြီ နဖူးပြင်၌ ချွေးစေးများ ထွက်လာသည်။
သူတို့သည် အသံရင်းမြစ်ဆီသို့ ဖြည်းညှင်းစွာလှည့်ကာ လက်ထဲရှိ သေနတ်နှင့် ချိန်ရွယ်လိုက်ကြသည်။
"ညောင်"
ရုတ်တရက် သစ်ပင်အနောက်ကနေ တောကြောင်တစ်ကောင် ထွက်လာသည်။
တောကြောင်ကို မြင်လိုက်မှ အဖွဲ့ ခေါင်းဆောင် လူထွားကြီးနှင့် ကျန်မုဆိုးများ သက်ပြင်းချလိုက်နိုင်သည်။
တင်းမာမှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် လူတိုင်း၏ ခန္ဓာကိုယ်သည် ပြိုကျလုမတတ် ခံစားနေရသည်။
"ဒါက ကြောင်ရိုင်းတစ်ကောင်ပဲ"
လူထွားကြီးသည် စိတ်သက်သာရာ ရလိုငြား တီးတိုးရေရွတ်လိုက်သည်။
ထိုဧရာမ စပါးအုံးမြွေကြီးက သူ့ကို သေလုမတက် ကြောက်လန့်စေသည်။ ဤကဲ့သို့သော သတ္တဝါမျိုးကို သူ့တစ်သက်တွင် တစ်ခါမျှ မကြုံဖူးပေ။
"သွားကြရအောင်"
ပိန်ပါးသော မုဆိုးက အခြားမုဆိုးတွေကို သတိပေး နှိုးဆော်သည်။
...
ရေကန်ဆီသို့ ပြေးသွားရင်း တစ်ချက်၊ တစ်ချက်၊ နောက်လှည့်ကြည့်ဖို့ လူတိုင်း မမေ့ကြပေ။
ဒုတ်!
ရုတ်တရက် မုဆိုးများတွေထဲက လူတစ်ယောက် ခြေချော်ကာ မြေပေါ် လဲကျသွားသည်။
အခြား မုဆိုးလေးယောက်သည် ထိုအသံကြောင့် ထိတ်လန့်သွားလေသည်။ လဲကျနေသည့် လူကိုမြင်မှသာ သက်ပြင်းကိုယ်စီချပြီး ဆက်ပြေးသည်။ ကူညီဖို့ရန် ဘယ်သူမှာမှ စိတ်ကူးမရှိပေ။
“ငါ……”
မြေပေါ်လဲကျသွားသော အမျိုးသားသည် သူ့အဖော်တွေက သူ့ကိုမစောင့်ဘဲ ဆက်ပြေးနေတာကို တွေ့လိုက်သည်။ သူက အထိတ်တကြားနဲ့ ကျယ်လောင်စွာ အော်၏။
"ဟေ့ .... ငါ့ကိုစောင့်ကြအုံး!"
သူ၏ ကြင်နာတတ်သော ညီအစ်ကိုများသည် သူ့ကို လုံးဝဂရုမစိုက်ကြပေ။ သူတို့သည် ကူညီရန်ပင် မဆိုထားနှင့် နောက်ပင် လှည့်မကြည့်ဘဲ အမြန်သွားနေကြသည်။
သူသည် မြေပြင်ပေါ်မှ အမြန်ထကာ သူ့အဖော်ဆီ အမြန်ပြေးလိုက်... လို၏။
ရုတ်တရက် သူ့နောက်ကျောကနေ အေးစက်တဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
သူက တစ်ခုခုကို တွေးလိုက်မိပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ဝိညာဉ်သည် ခန္ဓာကိုယ်ထဲကနေ လွင့်ထွက်လုနီးပါး ဖြစ်သွား၏။
သူ့နောက်၌ ဧရာမ စပါးအုံးမြွေကြီးသည် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ယင်းကို သူသိလိုက်သည်နှင့် တပြိုက်နက် ဧရာမ စပါးအုံးမြွေကြီးသည် ၎င်း၏ တွင်းနက်သဖွယ် မှောက်မိုက်သည့် ပါးစပ်ကြီးနှင့် ကိုက်ချလိုက်သည်။
"အား!!"
ကြောက်ရွံ့ထိတ်လန့်နေသည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။
အမြန်ဆုံးနှုန်းနှင့် သွားနေကြသည့် မုဆိုးလေးယောက်သည် ထိုအော်သံကို ကြားလိုက်ချိန်တွင် ပြန်လှည့်ကြည့်မိလိုက်ကြသည်။
မြင်လိုက်ရသည့် မြင်ကွင်းက သူတို့အား ဒေါသထွက်သွားစေသည်။
ယခင်က ကျန်ရစ်ခဲ့သော သူ့တို့အဖော် မုဆိုးအား ဧရာမ စပါးအုံးမြွေကြီးသည် ၎င်း၏ ပခုံးကို ကိုက်ဆွဲလျက် လေပေါ်မြှောက်ထားလေသည်။
၎င်းမြွေကြီးသည် အလျားအားဖြင့် (၁၃) မီတာရှိသောကြောင့် ပါးပြင်းထောင်လိုက်ချိန်တွင်၊ တိုက်ပုလေး တစ်လုံး၏ အမြင့်ထက်ပင် ကျော်လေသည်။
ဧရာမ စပါးအုံးမြွေကြီးသည် ၎င်းမုဆိုးကို ကိုက်ခဲထားခြင်းမှ လွှတ်ချလိုက်သည်။
မုဆိုးသည် မြေပြင်ပေါ် ဇောက်ထိုးကျသွားကာ ၎င်း၏ လည်ပင်းရိုးသည် ကျိုးသွားခဲ့သည်။
ထိုမုဆိုး၏ မျက်နှာသည် နာကျင်မှုကြောင့် ရူံတွနေသည်။ သူသည် ဘာကြောင့် ထိုဧရာမ စပါးအုံးမြွေကြီးကို အမဲလိုက်ဖို့ ကြိုးစားမိခဲ့တာကို သေဆုံးချိန်အထိပင် နားမလည်နိုင်ခဲ့ပေ။
သူ့မျက်လုံးတွေသည် သေဆုံးချိန်၌ပင် မုဆိုးလေးယောက်ကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။ ၎င်းမျက်လုံးများသည် သူ့ကို စွန့်ပစ်ထားခဲ့တာကို အပြစ်တင်နေသလိုပင်။
“ဂလု!”
မုဆိုးလေးယောက်လုံး တံတွေးမျိုချလိုက်သည်။
အလွန် ရက်စက်သည်။
အထူးသဖြင့် သူတို့အထဲမှ ပိန်ပါးသော မုဆိုးသည် အလွန် ကြောက်လန့်တုန်လှုပ်နေသည်။
ထိုဧရာမ စပါးအုံးမြွေကြီးသည် ၎င်းတို့အား အနှောက်အယှက်မပေးဘဲ ထွက်သွားလိမ့်မည်ဟု လူတိုင်းက မျှော်လင့်ထားခဲ့သည်။
သို့သော် ထိုဧရာမ စပါးအုံးမြွေကြီးသည် မထွက်သွားရုံသာမက သူတို့နောက်က လိုက်လာဖို့ မျှော်လင့်ထားခြင်းမရှိပေ။
သူသည် ဤအဖွဲ့ထဲတွင် အားနည်းအနည်းဆုံးသာမက အနှေးဆုံးလည်း ဖြစ်သည်။
မကြာခင် အသတ်ခံရတော့မည့် သူက သူဖြစ်နိုင်လေသည်။
"အားလုံးပဲ လူခွဲပြေးကြ! "
ရုတ်တရက် လူထွားကြီးက အော်ဟစ်သတိပေးလိုက်ပြီး ချက်ချင်းပင် ဦးတည်ရာ တစ်ခုကို ရွေးချယ်ကာ ပြေးသွားလေသည်။
အဖွဲ့ခေါင်းဆောင် လူထွားကြီး၏ စကားကိုကြားပြီးနောက်၊ ကျန်နှစ်ယောက်သည်လည်း ချက်ခြင်းပင် နောက်လှည့်မကြည့်ဘဲ အရပ်မျက်နှာအသီးသီးသို့ လူခွဲပြေးသွားကြသည်။
ပိန်ပါးသည့် မုဆိုးက အံ့ကို တင်းတင်းကြိတ်ပြီ လမ်းတစ်ခုကို ရွေးချယ်ကာ ပြေးသွားခဲ့သည်။
သူ့စိတ်ထဲတွင် အလွန်သွေးပျက်နေခဲ့သည်။ အခြားသူများနှင့် ယှဉ်လျှင် သူ့အတွက် အသက်ရှင်ဖို့ အခွင့်အရေးက မရှိသလောက်ပင်။
ဧရာမ စပါးအုံးမြွေကြီး၏ ကျားသစ်တစ်ကောင်ထက် ပိုမြန်သည့် အမြန်နှုန်းနှင့်ဆို အဖမ်းခံရနိုင်ဆုံးသူမှာ သူဖြစ်နိုင်သည်။
အဖွဲ့ခေါင်းဆောင် လူထွားကြီး၏ စကားသည် သူ့အား သေဒဏ်စီရင်လိုက်တာနှင့် တူလေသည်။
ပြေးနေရင်းနဲ့ ပိန်ပါးသောလူသည် ၎င်း၏ စိတ်ထဲမှာ ဆုတောင်းနေခဲ့သည်။
'ငါ့နောက် မလိုက်နဲ့၊ ငါ့နောက် မလိုက်လာပါစေနဲ့...'
နောက်အခိုက်အတန့်တွင် သူ့ခြေထောက်များ ပျော့သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ ဧရာမ စပါးအုံးမြွေကြီး သူ့ဆီသို့ ပြေးလာနေသည်ကို သူမြင်နေသည်။
"မင်း ... ဘာလို့၊ ငါ့နောက် လိုက်နေတာလဲ!"
ပိန်ပါးသော လူ၏ ညာဘက်ခြေထောက်သည် ရုတ်တရက် ကျောက်ခဲနှင့် တိုက်မိပြီး သူ့ခန္ဓာကိုယ်က အရှိန်ဖြင့် အကြိမ်အနည်းငယ် လှိမ့်သွားခဲ့သည်။
ရပ်တန့်သွားချိန်တွင် ဧရာမ စပါးအုံးမြွေကြီးက သူ့ကို အပေါ်စီးမှ ကြည့်နေချေပြီ။
၎င်း၏ ဦးခေါင်းကြီးက နီးကပ်လာလေပြီ။
"မလုပ်နဲ့!"
ပိန်ပါးသော လူ၏ ပါးစပ်မှ သွေးသံတရဲရဲ အော်သံ ထွက်ပေါ်လာသော်လည်း မကြာမီ ရပ်တန့်သွားသည်။
လူခွဲပြေးနေကြသည့် မုဆိုးသုံးယောက်သည် ထိုအော်သံကိုကြားပြီးနောက် တုန်လှုပ်သွားကာ သူတို့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားတစ်စပင် မကျန် အားကုန်ထုတ်၍ လျင်မြန်စွာ ပြေးကြသည်။
"မင်းတို့ မလွတ်နိုင်ပါဘူး"
ဖန့်ရန်၏ မျက်လုံးအိမ်အတွင်း ရက်စက်ကြမ်းကျုပ်သည့် အလင်းရောင်တစ်ခု တောက်ပသွားခဲ့သည်။
ထိုနောက် သူသည် အခြားလူတစ်ယောက်နောက်ကို လိုက်သွားခဲ့သည်။
...
ဧရာမ စပါးအုံးမြွေကြီးက သူ့နောက်ကို လိုက်လာတာကို လှမ်းမြင်လိုက်ပြီးနောက် ယင်းမုဆိုးသည် တုန်လှုပ်သွား၏။ သူ့ခြေထောက်များ ပျော့၍ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ကယ်ကြပါအုံး"
ထိုမုဆိုးသည် ကြောက်လန့်တကြားအော်ကာ လှည့်ကြည့်လိုက်လေသည်။ ဧရာမ စပါးအုံးမြွေကြီးက သူနှင့် ပို၍နီးကပ်လာနေတာကို မြင်လိုက်ရချိန်တွင် သူ့စိတ်ထဲ၌ အကြောက်တရားများ လွန်ကဲလာခဲ့သည်။
ဤကြောက်ရွံ့ထိတ်လန့်မှုအားလုံးက သူ့ကို ရူးသွားစေခဲ့သည်။ သူ့မျက်လုံးများက နီရဲနေခဲ့၏။
"ငိုးမ ငါသေရင်တောင် မင်းကို ငါနဲ့အပါခေါ်သွားမယ်ကွ"
ထိုမုဆိုးက ရူးသွပ်စွာ အော်လိုက်ပြီး သူ့လက်ထဲက သေနတ်ခလုတ်ကို နှိပ်ချလိုက်သည်။
ဒိုင်း! ဒိုင်း! ဒိုင်း!
ဖန့်ရန် က ယင်းကျည်ဆန်တွေကို ရှောင်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း အများစုမှာ သူ့ခန္ဓာကိုယ်ကို ထိမိပြီး တထန်ထန် အသံများ ထွက်လာခဲ့သည်။
ကျဥ်ဆန်တွေက ပေးသည့် နာကျင်မှုဟာ သူ့ကို ဒေါသတွေ ပိုထွက်စေသည်။
စက္ကန့်အနည်းငယ်အတွင်း သူသည် ထိုမုဆိုးအား ဖမ်းကာ ဒေါသတကြီးနှင့် အရိုးများကို တစစီချိုးပစ်လိုက်ပြီး အလောင်းကောင်အဖြစ် ပြောင်းလဲလိုက်သည်။
ထိုမုဆိုးကိုသတ်ပြီးနောက် ဖန့်ရန်၏ အကြည့်သည် အခြားဘက်သို့ရောက်သွားခဲ့သည်။
မုဆိုးတစ်ယောက်က အဲဒီနေရာကို ပြေးသွားတာကို သူ သတိထားမိသည်။
သူသည် ထိုဘက်သို့ အမြန်လိုက်သွားခဲ့၏။ နှစ်မိနစ်မျှအကြာ၌ ယင်းမုဆိုးကိုဖမ်းမိပြီး သတ်ပစ်လိုက်သည်။
"တစ်ယောက်ပဲ ကျန်တော့တယ်"
မြေပြင်ပေါ်တွင် ရှိနေသည့် ပုံပျက်ပန်ပျက် ခန္ဓာကိုယ်ကို ကြည့်နေရာမှ ဖန့်ရန်၏ အကြည့်သည် အခြား တစ်ဖက်သို့ ရွေ့လျားသွားခဲ့သည်။
သူသည် ထိုနေရာသို့ လျင်မြန်စွာ သွားလိုက်သည်။
" ဟောဟဲ …ဟောဟဲ…”
လူထွားကြီးတစ်ယောက်သည် အသက်ရူရပ်မတက် အမြန်နှုန်းနှင့် ပြေးနေသည်။ သူ့လည်ချောင်းတွေ ပူလောင်နေပြီး အဆုတ်တွေက ပေါက်ကွဲတော့မယ်လို့ ခံစားနေရသော်လည်း ပြေးနေဆဲပင်။
“ဟိုကောင်တွေ အသက်ရှင်သေးရဲ့လား မသိဘူး”
လူထွားကြီးသည် အံ့ကိုတင်းတင်းကြိတ်ကာ တွေးနေမိသည်။ ယင်းထဲမှ တစ်ကောင်ကောင်သာ အသက်ရှိနေပါက သူ့အတွက် အချိန်ပိုရပေမည်။ ဤနည်းဖြင့်ဆို သူလွတ်မြောက်ဖို့ အခွင့်အရေး ပိုရှိနိုင်သည်။
"ဒီဧရာမ စပါးအုံးမြွေကြီး ... ငါ့ကို လိုက်မမီနိုင်ဘူးလို့ မျှော်လင့်မိတယ်"
သူ့စိတ်ထဲ၌ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေ၏။ သူ့မျက်လုံးတွေက အန္တရာယ်ကြီးစွာ တောက်ပနေသည်။
"သားရဲကောင်၊ ငါအပြင်မထွက်ခင်အထိစောင့်၊ ငါသေချာပေါက်..."
“မင်းမှာ ဒီအခွင့်အရေး ရှိမှာ မဟုတ်ဘူး”
ရုတ်တရက် သူ့နောက်မှာ ဧရာမ စပါးအုံးမြွေကြီး ပေါ်လာကာ ပြောလိုက်သည်။
၎င်းက ဧရာမ စပါးအုံးမြွေကြီး၏ ပါးစပ်က ထွက်လာတဲ့ အသံတော့ မဟုတ်ပေ။ ၎င်း၏ စိတ်ထဲတွင် ရေရွတ်လိုက်သည့် တီးတိုးသံတစ်ခုသာ ဖြစ်သည်။
လူထွားကြီးသည် သူ့နောက်ကျောတွင် တစ်ခုခုပေါ်လာကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး မသိစိတ်က လှည့်ကြည့်လိုက်လေသည်။
"ရှီး... "
.....