← Chapters

အငယ်ပြီးတော့ အကြီးလာသည်

Vol. 6 Ch. 77

အငယ်ပြီးတော့ အကြီးလာသည်

Vol. 6 Ch. 77

ဖန်ရန်က မြေပြင်ပေါ်ရှိ လူထွားကြီး၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

၎င်း၏ ပခုံးရိုးတစ်ဝက်ခန့်သည် ပြတ်ထွက်လုနီးပါး ဖြစ်နေကာ မျက်လုံးများသည် မသေမီတွင် အလွန်ကြောက်စရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသလိုမျိုး ထိတ်လန့်မှု၊ နာကျင်မှုတို့နှင့် ရောနှော ပြူးကျယ်နေခဲ့သည်။

သံမဏိကိုယ်ထည် စွမ်းရည်ကို ရယူပြီးနောက်၊ ဖန့်ရန်၏ ခုခံအားသည် တိုးလာရုံသာမက သွားတွေ၏ ချွန်ထက် မာကျောမှုလည်း တိုးလာခဲ့သည်။ ထက်မြလွန်းသောကြောင့် ၎င်းသည် ရန်သူကို အပိုင်းပိုင်းပြတ်တောက်သွားစေနိုင်သည်။

ပထမအကြိမ် လူကိုသတ်သည်နှင့် နှိုင်းယျှဉ်လျှင် မုဆိုးများကို သတ်ပြီးနောက် သူသည် များစွာ ပြောင်းလဲသွားခဲ့၏။

"အသက်ရှင်ပြီး အိမ်ပြန်နိုင်ရမယ်"

ဖန့်ရန်သည် ခေါင်းထဲက ထိုအတွေးကို ဖယ်ထုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ အရာလေးကို တစ်ချက်ငုံ့ကြည့်လိုက်သည်။

မိုဘိုင်းဖုန်းတစ်လုံး။

အကျွမ်းတဝင်ရှိသည့် အရာကို မြင်လိုက်ချိန် သူ့စိတ်ထဲမှာ အတွေးတစ်ခုက ပေါ်လာခဲ့သည်။

ဤကမ္ဘာ၏ ပထဝီဝင်ကို မသိသောကြောင့် ခရီးသွားရသည်မှာ အဆင်မပြေသလို သူအမြဲခံစားခဲ့ရသည်။

သို့သော် ဤကမ္ဘာ၏ ပထဝီအနေအထားကို သိနိုင်သည့် အခွင့်အရေးသည် သူ့ရှေ့တွင် ရှိနေသည်။

ယင်းဖုန်းကို လက်ဗွေစနစ်နှင့် သော့ခတ်ထားသော်လည်း၊ ဒါက ပြဿနာတော့ မဟုတ်ချေ။

ဖန့်ရန်သည် အပူချိန်အနည်းငယ် ကျန်ရှိနေသေးသည့် လူထွားကြီး၏ လက်ကို သူ့အမြီးကို အသုံးပြု၍ ဆွဲယူကာ ထိုလက်ချောင်းများဖြင့် ဖုန်းကို သော့ဖွင့်လိုက်သည်။

ထိုနောက် သူသည် လူထွားကြီး၏ လက်ကို ဆက်လက်အသုံးပြု၍ ဘရောက်ဆာကိုဖွင့်ကာ ဤအပြာရောင်ဂြိုလ်၏ ပထဝီမြေပုံကို ရှာကာ စစ်ဆေးသည်။

သမုဒ္ဒရာအပြင် သူနေထိုင်ဖို့ သင့်တော်တဲ့ နေရာတစ်ခု ဤကမ္ဘာမှာ ရှိ၊ မရှိကို သူသိချင်သည်။

...

နာရီဝက်လောက်ကြာပြီးနောက် ဖန့်ရန်သည် ရေကန်ဆီ ပြန်လာ၏။

ရေကန်သို့ ပြန်ရောက်သောအခါ၊ မုဆိုးများ၏။ အလောင်းကို ဝံပုလွေတွေက ဆုတ်ဖြဲ စားသောက်နေတာကို သူသတိထားမိသည်။

ဧရာမ စပါးအုံးမြွေကြီး ရောက်လာတာကို တွေ့လိုက်တဲ့အခါ ဝံပုလွေတွေက ဆုတ်ဖြဲစားသောက်နေတာကို ရပ်လိုက်ပြီး ၎င်းကို သတိနဲ့ ကြည့်လိုက်ကြသည်။

ဖန့်ရန်သည် ထိုဝံပုလွေတွေကို အနှောက်အယှက်မပေးဘဲ ညောင်ပင်ကြီးပေါ်သို့ တက်သွားကာ အကိုင်းအခက်များထက်၌ အနားယူလိုက်သည်။

အနားယူနေစဉ်၊ ဖန့်ရန်သည် သူ့ခန္ဓာကိုယ်ကို စစ်ဆေးရန် လရောင်ကို အသုံးပြုလိုက်၏။ သူ၏ ခံစစ်က အံ့မခန်းဖြစ်သော်လည်း ဒဏ်ရာအချို့တော့ ရနေသေးသည်။

အချို့နေရာတွေ၌ အကြေးခွံတချို့မှာ ပြုတ်ထွက်လုနီးဖြစ်နေကာ သွေးအနည်းငယ်တောင် စိမ့်ထွက်နေခဲ့သည်။

မူလက သူသည် လုံလောက်သော စနစ်အမှတ်ကို စုဆောင်းပြီး ဆင့်ကဲပြောင်းလဲရန် စီစဉ်နေသော်လည်း ယင်းကို ရွှေ့ဆိုင်းလိုက်ရုံသာ တတ်နိုင်သည်။

ဒဏ်ရာက အရမ်းမကြီးမားသော်လည်း ယင်းဒဏ်ရာက သက်သာဖို့ ငါးရက်ခန့်ကြာနိုင်လေသည်။

ငါးရက်ဆိုတာ အရမ်းမြန်နေပြီလို့ ယူဆနိုင်သည်။ အကယ်၍ သူသာ သာမန် စပါးအုံးမြွေ ဖြစ်နေခဲ့လျှင် သက်သာပျောက်ကင်းရန် အချိန်ပိုကြာပေလိမ့်မည်။

သူ့အတွေးများကို စစ်ထုတ်လိုက်စဉ် ဖန့်ရန်သည် လူထွားကြီး ... ဖုန်းထဲက သူမြင်ခဲ့ရတဲ့ အချက်အလက်တွေအကြောင်း စပြီး တွေးတောမိခဲ့တော့သည်။

"မထင်ထားခဲ့ဘူး၊ ဒီကမ္ဘာကြီးမှာ ဆာဗားနားဒေသတောင် ရှိနေလိမ့်မယ်လို့”

ဖန့်ရန်က ... ကောင်းကင်တွင် တွဲလောင်းကျနေသည့် အဖြူရောင် လကို ငေးကြည့်ပြီး လေးလေးနက်နက် တွေးနေမိသည်။

သူ၏ ယခင်ကမ္ဘာက ဆာဗားနားကို ဤကမ္ဘာတွင်လည်း ဆာဗားနားလို့ပင် ခေါ်လေသည်။

သူ၏ ယခင်ကမ္ဘာနှင့်မတူသည်က၊ ဤကမ္ဘာပေါ်က ဆာဗားနား၊ အနီးတွင် မည်သည့်နိုင်ငံမှ မရှိချေ။ ယင်းက တိရိစ္ဆာန်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုက်ကြီးတစ်ခုသာ ဖြစ်သည်။

ယင်းက ဤကမ္ဘာကြီးပေါ်မှ ဆာဗားနားဒေသသည် လူသားများ နေထိုင်ရန် မသင့်တော်သောကြောင့် ဖြစ်သည်။

အရေးကြီးသည့် အခါမှသာ လေ့လာရေး အဖွဲ့သည် တိရစ္ဆာန်များကို စစ်ဆေးရန် မြက်ခင်းပြင်အတွင်းသို့ သွားရောက်ကြသည်။ လုံလောက်သော ကြိုတင်ပြင်ဆင်မှုများဖြင့်ပင် အသက်အန္တရာယ်ရှိသော မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထိုလေ့လာရေးခရီး သွားဖို့ ရွေးချယ်သူတွေ အားလုံးက သေဖို့ ပြင်ဆင်နေပြီကြပြီလို့ ဆိုနိုင်သည်။

ထိုယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသ၏ ပတ်ဝန်းကျင်သည် လူသားများအတွက် အလွန်သဟဇာတမဖြစ်သော်လည်း သူ့အတွက် ထိုနေရာက အလွန်သင့်လျော်သည်ဟု ဖန့်ရန် ခံစားမိနေသည်။

သူယခု သွားနေသည့် မြစ်က လမ်းခွဲဖြစ်နိုင်သည်။ ပင်မမြစ်ကတော့ သမုဒ္ဒရာဆီသို့ ဦးတည်သွားပေလိမ့်မည်။

ယင်းမြစ်ကြီးသည် ယူဂန်ဒါ မြက်ခင်းပြင်ဒေသကို ဖြတ်သန်းကာ သမုဒ္ဒရာထဲသို့ စီးဝင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော် သူ့တွင် ရွေးချယ်စရာ နှစ်ခုရှိလေသည်။

တစ်ခုက သမုဒ္ဒရာကို တိုက်ရိုက်သွားရမှာ ဖြစ်ပြီး၊ နောက်တစ်ခုကတော့ သမုဒ္ဒရာထဲကို မဝင်ခင် ယူဂန်ဒါ မြက်ခင်းပြင်ကို ဝင်ရောက်ကာ ၎င်းထဲကနေ ဖြတ်သွားဖို့ပင်။

အချိန်အတော်ကြာစဉ်းစားပြီးနောက် ရွေးချယ်မှုတစ်ခုသည် အခြားရွေးချယ်မှုထက် များစွာသာလွန်နေပုံရသည်။ ထို့နောက် သူသည် ဆာဗားနား(ယူဂန်ဒါ) ကို သွားဖို့ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ယခင်ကမ္ဘာ၌ တိရစ္ဆာန်ကမ္ဘာ ဆိုသည့် အစီအစဥ်ကို ကြည့်နေစဉ်တွင် တောရိုင်းတိရိစ္ဆာန်များနှင့် ပြည့်နှက်နေသည့် ထိုနေရာက သူ့ကို အလွန်ဆွဲဆောင်နိုင်ခဲ့သည်။

ထိုအခွင့်အရေးက သူ့ရှေ့တွင် ရှိနေလေပြီ။

မြက်ခင်းပြင်ဒေသကို သူရွေးချယ်ရသေည အဓိကအကြောင်းရင်းတွေထဲက တစ်ခုက သားကောင် ပေါများခြင်းကြောင့်လည်း ပါလေသည်။ ၎င်းနေရာ၌ မြင်းကျား၊ ကျားသစ်၊ နွားရိုင်း၊ မိကျောင်း၊ ခြင်္သေ့ စသည့် သားကောင်များက မရှားပါးချေ။

"ငါ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာပြီဆို၊ မြက်ခင်းပြင်ဒေသကို သွားရမယ်"

ဖန့်ရန်က .. စိတ်က စိတ်အေးလက်အေးဖြစ်သွားသည်။ ၎င်းနောက် သူသည် ခေါင်းငုံ့ကာ အိပ်လိုက်တော့သည်။

နောက်ငါးရက်တွင် ဖန့်ရန်သည် တောထဲ၌ အမဲလိုက်ခြင်းမပြုခဲ့ပေ။ ဒဏ်ရာကြောင့် သူသည် ရေကန်သို့ ရေသောက်ဆင်းလာသည့် သားရဲများကိုသာ အမဲလိုက်ခဲ့၏။

ထို့အတွက်ကြောင့် သူ၏ စနစ်အမှတ်သည် များစွာ တိုးမလာဘဲ (၁၄၉၂၀၀) သာရှိလေသည်။

ဆင့်ကဲဖြစ်စဥ်အတွက် စနစ်အမှတ် (၈၀၀) လိုအပ်နေခဲ့သည်။

...

ငါရက်မြောက်နေ့။

သေနတ်တွေကြောင့်ရသည့် ဒဏ်ရာက အခြေခံအားဖြင့် သက်သာသွားပြီ ဖြစ်သည်။ အကြေခွံများ ကွာကျခဲ့သည့် ယင်းနေရာ၌ အကြေးခွံနုများ အနည်းငယ် ပြန်ပေါက်လာပြီ ဖြစ်သည်။

ယင်းဒဏ်ရာများမှ နာကျင်မူလည်း မခံစားရတော့ပေ။

ထို့ကြောင့် ဖန့်ရန်သည် ညောင်ပင်ကြီးပေါ်မှ ဆင်းကာ ခရီးသစ်တစ်ခုကို စတင်ခဲ့သည်။

...

ရှဲ ...

သစ်ပင်များထူထပ်သော တောထဲတွင် (၁၃) မီတာ အရှည်ရှိသည့် ဧရာမ စပါးအုံးမြွေကြီးသည် ဦးတည်ရာတစ်ခုသို့ သွားနေသည်။

၎င်း၏ နောက်၌မှု သိသာထင်ရှားသော လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့၏။

ရုတ်တရက် ယင်းသည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ကာ လျှာကို ထုတ်လိုက်သည်။

ယင်းနောက် လေထဲမှ အနံ့မျိုးစုံကို ထောက်လှမ်း၏။

လိုရာသွားနေရင်း၊ ဖန့်ရန်သည် လိုအပ်သည့် စနစ်အမှတ်အတွက် သားကောင်အနည်းငယ်ဖမ်းလိုခဲ့သည်။

သူ့ကံက ဆိုးနေခဲ့၏။ လမ်းခရီး၌ ငှက်တစ်ကောင်နှင့် ယုန်တစ်ကောင်ကိုသာ ဖမ်းမိခဲ့ပြီး စနစ်အမှတ် (၂၆၀) သာရရှိခဲ့သည်။

သူ့လက်ရှိ အရှိန်အရဆို မကြာမီ မြစ်ဆီကို ရောက်ပေတော့မည်။

“မြစ်ဆီကို မရောက်ခင် ဆင့်ကဲဖြစ်စဥ် စတင်ဖို့က မဖြစ်နိုင်ပုံပဲ..”

ဖန့်ရန်က သူ့ခေါင်းကို မော့လိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်၏။

သူ့ရှေ့မှာ မြစ်တစ်စင်းရှိနေသည်။

ထိုနေရာ ရောက်သည်နှင့် သူသည် မြစ်ကြောင်းတစ်လျှောက် ရေကူးပြီး ယူကန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသသို့ သွားရန်လိုအပ်သည်။

ဖန့်ရန်သည် မြစ်ဆီသို့ မရောက်မီတွင် ရုတ်တရက် ရပ်သွားခဲ့၏။ မြစ်တစ်ဖက်ကမ်းကို သူလှမ်းကြည့်လိုက်သည်။

မြစ်တစ်ဖက်ကမ်းနှင့် မီတာ (၅၀) ခန့် ဝေးသည့် တောထဲမှ ကျားတစ်ကောင်သည် ဖြည်းညှင်းစွာ လျှောက်လှမ်း ထွက်လာနေသည်။

ယင်းသည် အရွယ်တော့ မရောက်သေးပေ။

ကျားသည် တောထဲကထွက်လာပြီးနောက်... ရေသောက်ဖို့ လုပ်နေစဥ် ရုတ်တရက် အေးခဲသွားပြီး ဖန့်ရန်ကို အံ့သြစွာကြည့်လာသည်။

“ဝေါင်း!”

အလွန်ကြီးမားသည့် ဧရာမ စပါးအုံးမြွေကြီးကိုမြင်လိုက်သည့် ကျားသည် ကြောက်ရွံ့တုန်လှုပ်သွား၏။

ဖန့်ရန်က ထိုကျားကို ကြည့်နေစဉ်၊ စနစ်၏ အချက်ပေးသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ပစ်မှတ် - ကျားဖြူ၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၈၀၀ မှတ်ကို ရရှိနိုင်သည်]

စနစ် အချက်ပေးသံကို ကြားပြီးနောက် ဖန့်ရန်၏ မျက်လုံးတွေက အရောင်လက်သွားသည်။

ဆင့်ကဲဖြစ်စဉ်အတွက် အခွင့်ကောင်းက ရောက်လာလေပြီ။

ဖန့်ရန်သည် ကျားဆီသို့ မသွားမီ သူ့ကြွက်သားများကို အစွမ်းကုန် တင်းကြပ်လိုက်သည်။

ကျားသည် အလွန်ကြောက်လန့်သဖြင့် အမြန်လှည့်ကာ တောထဲသို့ ပြေး၏။

သူမည်မျှပင် မြန်ပါစေ၊ ဖန့်ရန်၏ အမြန်နှုန်းနှင့် မည်သို့ယှဉ်နိုင်မည်နည်း။

ကျားက တောထဲဝင်မပြေးနိုင်ခင် ဖန့်ရန်က ၎င်းကို အမြန်ဖမ်းကာ မျိုချလိုက်သည်။

ယင်းကျားကို မျိုချပြီးနောက် ဖန့်ရန်သည် အလွန်ကျေနပ်သွား၏။

သူသည် စနစ်သတိပေးချက်ကို စောင့်ဆိုင်းနေစဉ်။

တောထဲမှ ဒေါသတကြီးဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဝေါင်း!!"

.....

All Chapters