← Chapters

ကျားဖြူကြီး

Vol. 6 Ch. 78

ကျားဖြူကြီး

Vol. 6 Ch. 78

"ပါမောက္ခထန်၊ ခန့်မှန်းထားတဲ့အတိုင်းပဲ စပါးအုံးမြွေကြီးက ဒီဘက်ကို သွားနေတယ်"

ဟန်ချိုသည် ချုံပုတ်တစ်ခု၏ နံဘေးတွင် ငုတ်တုတ်ထိုင်နေပြီး၊ သူ့ရှေ့က စွတ်ကျောင်းလမ်းကို ကြည့်နေရင်း စိတ်လှုပ်ရှားစွာပြောသည်။

သူ့အနားရှိ ထန်ရွှဲလည်း ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရသွားသည်။

လွန်ခဲ့သည့် နှစ်ရက်က သူတို့သည် ဧရာမ စပါးအုံးမြွေ၏ နေထိုင်ရာနေရာကို တွေ့ခဲ့လေသည်။

ထိုနေရာတွင် နှစ်ရက်ကြာ နေထိုင်ပြီးသော်လည်း၊ ၎င်း၏ အရိပ်ကိုပင် မမြင်ရခဲ့ပေ။

ထိုကြောင့် ထန်ရွှဲသည် ဧရာမစပါးအုံးမြွေကြီး၏ သွားနိုင်သည့် လမ်းအတိုင်း လိုက်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ထိုလမ်းကြောင်းသည် အလွန်ရှုတ်ထွေးကာ ၎င်း၏ ဦးတည်ရာသည် ပုံသေခန့်မှန်းမရချေ။

တစ်ခါတရံတွင် ဘယ်ဘက်ကို ဦးတည်သွားသလို၊ တစ်ခါတစ်လေကျ ညာဘက်သို့ ဦးတည်နေလေသည်။ ထိုသို့ဖြင့် ဝိုင်းဝိုင်းလည်နေကာ ၎င်းဧရာမစပါးအုံးမြွေကြီး၏ သွားရာလမ်းကြောင်းကို သူတို့ မဆုံးဖြတ်နိုင်တော့ပေ။

ယင်းကြောင့် ထန်ရွှဲသည် မြစ်ရိုးတစ်လျှောက်သွားရန် ပြတ်သားစွာ ဆုံးဖြတ်ခဲ့လေသည်။

သူတို့ မထင်ထားခဲ့သည်က မြစ်ရိုးတစ်လျှောက်သွားရန် ဆုံးဖြတ်ချက်က မှန်ကန်နေလိမ့်မည်ဟုပင်။

ထိုသို့ဖြင့် ၎င်းတို့သည် ဧရာမစပါးအုံးမြွေကြီး၏ စွတ်ကျောင်းရာကို တွေ့ခဲ့ပေသည်။

"လူတိုင်း သတိထားရမယ်"

ထန်ရွှဲက နောက်လှည့်၍ အဖွဲ့သားများအား ပြောလိုက်သည်။

“မြေကြီးနဲ့ သစ်ပင်ထူထပ်တာကို အထူးဂရုပြုကြပါ။ စပါးအုံးမြွေတွေရဲ့ အရွယ်အစားက ပိုကြီးလေ၊ ရွေ့လျားနိုင်မှု ပိုဆိုးလေပဲ၊ စပါးအုံးမြွေအများစုက ချုံပုတ်တွေနဲ့ သစ်ပင်တွေထက်မှာ ပုန်းခိုနေတတ်တယ်"

"နားလည်ပါပြီ ပါမောက္ခ"

အဖွဲ့သားအားလုံး အော်ဟစ်ပြီး လှည့်ပတ်ကြည့်ကြသည်။

"ဒါက ဘာလဲ .."

ဟန်ချိုသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး ပါမောက္ခအား တစ်ခုခုပြောရန်ပြင်လိုက်စဥ် သူသည် သစ်ပင်တစ်ပင်ပေါ်ရှိ ကုတ်ခြစ်ရာ တစ်ခုကို တွေ့လိုက်ပြီးနောက် အော်လိုက်မိသည်။

"ဘာဖြစ်နေတာလဲ ဟန်ချို"

ဟန်ချိုရဲ့ အာမေဋိတ်သံကိုကြားလိုက်သည့် ထန်ရွှဲက သိချင်စိတ်ဖြင့် လှည့်မေးလိုက်စဥ် ၎င်းကြည့်နေတဲ့ သစ်ပင်ကို မြင်လိုက်ရတော့ သူ အံ့သြသွားသည်။

"ဒီတောထဲမှာ ကျားတစ်ကောင်ရှိနေတာလား"

ထန်ရွှဲ အနည်းငယ် ထိတ်လန့်သွားသည်။

"ပရော်ဖက်ဆာထန်၊ ဒီမှာ ကျားရှိလားလို့ ဘာလို့ပြောတာလဲ?"

ထန်ရွှဲကို လူငယ်တစ်ယောက်က မေးလိုက်သည်။ ၎င်း၏ လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားလေသည်။ သူက လမ်းပြတစ်ဦး ဖြစ်လေသည်။

အခြားလမ်းပြတွေ အားလုံးကလည်း ဒေသခံတွေသာ ဖြစ်သည်။ ၎င်းတို့အား လမ်းပြရန်အတွက် ထန်ရွှဲမှ ငှားရမ်းခဲ့ခြင်းပင်။

ထန်ရွှဲသည် ပါမောက္ခတစ်ဦးဖြစ်ကာ ဟန်ချိုက ပါရဂူကျောင်းသား ဖြစ်သည်။ ၎င်းတို့နှစ်ယောက်စလုံးသည် ဤလမ်းခရီး၌ အဓီက အရေးပါသူများ ဖြစ်ကြသည်။

အချိန်တွေကြာလာတာနဲ့အမျှ အရာအားလုံးက လိုက်လျောညီထွေဖြစ်လာကာ သံသယများနိုင်သည့် အခြေအနေလည်း မရှိတော့ပေ။

ယင်းကို ကြားတော့ ထန်ရွှဲက ပြုံးပြီး လူငယ်ကို ရှင်းပြ၏။

“သေချာကြည့်၊ ဒီသစ်ပင်ရဲ့ ပင်စည်းမှာ ကုတ်ခြစ်ရာတွေ ရှိနေတယ်။ ဒါက ကြောင်တွေ သူတို့ နယ်မြေကို အမှတ်အသားပြုလေ့ရှိတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ ... ပုံပန်းသဏ္ဍာန်နဲ့ အရွယ်အစားကို ကြည့်ရင် ကျားတစ်ကောင်က ချန်ထားမှန်း အလွယ်တကူ သိနိုင်တယ်"

“ပါမောက္ခထန်၊ ဒီနေရာမှာ စပါးအုံးမြွေပါရှိနေတဲ့အတွက် ပဋိပက္ခတွေ ဖြစ်မလာနိုင်ဘူးလား"

ရုတ်တရက် တစ်ဖက်ရှိ ဟန်ချိုက သူ့မျက်ခုံးကို ပင့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

ယင်းစပါးအုံးမြွေသာ ရေထဲမှာ ဆိုလျှင် အဆင်ပြေနိုင်သော်လည်း၊ ယခုက ကုန်းပေါ်မှာ ဖြစ်သည်။

ကျားတစ်ကောင်၏ သွက်လက်ချက်ချာမှုနဲ့ဆို ၎င်းသာ ထိတ်တိုက်တွေ့ခဲ့လျှင် သေဖို့ အလားအလာ ရှိနေသည်။

နောက်ဆုံးတွင်၊ ထိုစပါးအုံးမြွေကြီးသည် အလွန်ကြီးပြီး ကျားတစ်ကောင်ကို ခိုးဝင်တိုက်ခိုက်ဖို့ဆိုတာ အလုပ်မဖြစ်နိုင်ချေ။

"ငါတို့ အဲ့စပါးအုံးမြွေကို အမြန်ဆုံးရှာရမယ်။ ဒီအရွယ်ရောက်နေတဲ့ စပါးအုံးမြွေတစ်ကောင်သာ အသတ်ခံရရင် ဆုံးရှုံးမှုပဲ..”

ထန်ရွှဲသည် ယင်းစပါးအုံးမြွေကို ကာကွယ်ရန် စီစဉ်ထားသည်။

ထိုကဲ့သို့ စပါးအုံးမြွေကြီးသည် အလွန်ထူးခြားပြီး သိပ္ပံပညာအတွက် အလွန်အထောက်အကူ ပြုနိုင်လေသည်။

"ဟူး၊ သွားရအောင်"

ထန်ရွှဲသည် လှည့်ပတ်ကြည့်ကာ ထိုစပါးအုံးကို ဆက်လက်ရှာဖွေရန် စီစဉ်သည်။

...

ထိုအချိန်တွင် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောင်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ဝေါင်း!!"

ယင်းဟိန်းဟောင်သံကိုကြားပြီးနောက် ထန်ရွှဲနှင့် ကျန်သူများ၏ မျက်နှာမှာ အရောင်ပြောင်းသွားသည်။

“ဒါ… ကျားဟိန်းသံပဲ”

ထန်ရွဲက အသက်ပြင်းပြင်းရှူလိုက်၏။ သူ့မျက်နှာထက်၌ လေးနက်မှုတစ်ခု ရှိနေသည်။

အခြားလူများ၏ အမှုအရာကလည်း လေးနက်နေသည်။

ကျားဆိုတာ တောတစ်ခု၏ ဘုရင်ဖြစ်သည်။

သူတို့တွင် လူအင်အားများစွာရှိပြီး လက်နက်ခဲယမ်းများ ကိုင်ဆောင်ထားသော်လည်း ကျားတစ်ကောင်၏ ဂုဏ်သတင်းမှာ ကြီးမားလွန်းသည်။

အဆိုပါ ဟိန်းဟောင်သံကြောင့် အဖွဲ့တွင်းရှိ ဒေသခံ အများအပြား အံ့အားသင့်နေကြသည်။

သူတို့သည် ဤအနီးဝန်ကျင်း၌ နေထိုင်ကြသော်လည်း ယခုကဲ့သို့ ကျားဟိန်းသံကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

"ပါမောက္ခထန်၊ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"

ဟန်ချိုက ထန်ရွှဲကို မေးသည်။

ထန်ရွှဲသည် ခဏကြာ စဉ်းစားပြီးနောက် ပြောသည်။

"ငါတို့ သွားကြည့်ကြမယ်၊ ဒီကျားဟောင်သံနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေတယ်"

သူ အရင်က ကျားတွေအကြောင်း သုတေသနလုပ်ဖူးသည်။ ကျားဟောင်ခြင်းသည် အလွန်အဖြစ်များသော်လည်း ဤဟောင်ခြင်းသည် ပုံမှန်နှင့် ကွာခြားနေလေသည်။

“လူတိုင်း မကြောက်ကြနဲ့... ကျားတွေက ကြောက်စရာကောင်းတာ မှန်ပေမယ့် ငါတို့မှာ လူအများကြီးနဲ့ သေနတ်တွေ ရှိတယ်။ ဒီထက် ပိုအရေးကြီးတာက ငါတို့ဒီတကြိမ် လုံခြုံရေးအတွက် တပ်မတော်က အထူးတပ်ဖွဲ့ဝင်တချို့ ပါလာတာပဲ.."

ထန်ရွှဲက စိုးထိတ်နေကြသည့် ဒေသခံမုဆိုးတွေကို နှစ်သိမ့်ပေးလိုက်သည်။

ဒါကိုကြားတော့ ဒေသခံမုဆိုးလူငယ်များ၏ စိုးရိမ်မှုက လျော့ကျသွားကာ သေနတ်ကိုင်ဆောင်ထားသည့် သူတွေကို ကြည့်လိုက်သည်။

ထိုသို့ ကြားလိုက်သည့် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားများသည်လည်း ကျောကို တည့်တည့်မတ်မတ်ထားပြီး ထန်ရွှဲအား ကိုစီကိုငှာ ခေါင်းညိတ်ပြလိုက်ကြသည်။

ထိုနောက် ထန်ရွှဲက ဦးဆောင်ပြီး ကျားဟိန်းသံရဲ့ ဦးတည်ရာကို သတိထားသွားသည်။

မီတာသုံးရာခန့် လျှောက်လှမ်းပြီးနောက် ထန်ရွှဲက ရုတ်တရက် သူလက်ကို မြှောက်ပြီး အားလုံးကို ရပ်ခိုင်းလိုက်သည်။

မနီးမဝေးက ပွင့်လင်းတဲ့ နေရာကို ကြည့်ရင်း ထန်ရွှဲ ... ညင်သာစွာ ထိုင်ချလိုက်၏။

ထိုအတိုင်း အခြားသူတွေကလည်း သူ့ကို နမှုနာယူကာ ယင်းအတိုင်း လိုက်လုပ်ကြပြီး သူကြည့်နေတဲ့ နေရာကို လှမ်းကြည့်လိုက်ကြသည်။

အားလုံး တုန်လှုပ်သွားသည်။

ထိုနေရာ၏ အလယ်တွင် အလွန်အင်အားကြီးပုံရသော အဖြူရောင်ပေါ် အစင်းကြောင်းများပါသည့် ကျားဖြူကြီးတစ်ကောင် ရှိနေလေသည်။

“ဝေါင်း…”

ကျားဖြူကြီးသည် ဟိန်းသံပေးကာ ဒေါသတကြီးပုံစံနဲ့ ဖြည်းညှင်းစွာ ရှေ့ကို လျှောက်သွားနေသည်။

"ကျားနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ တိရစ္ဆာန်က ဘာကောင်များလဲ "

ထန်ရွှဲ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။ သူ စကားတစ်လုံးကို ချက်ချင်းပြောလိုက်သည်။

"နေရာပြောင်းရအောင်"

ထိုစကားကို ပြောပြီးနောက် ထန်ရွှဲသည် ခြုံပုတ်များကြားမှ လျှောက်သွားသည်။

များမကြာမီ သူတို့သည် ရှင်းလင်းစွာ မြင်နိုင်သည့် နေရာကို ရောက်သွားသည်။

၎င်းကျားဖြူကြီး၏ ရန်သူကို ကြည့်လိုက်ကြသည်။

သူတို့၏ ရှုထောင့်မှကြည့်လျှင် ကျားဖြူကြီးနှင့် ၎င်း၏ ပြိုင်ဘက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သို့သော် ကျားဖြူကြီး၏ ရန်သူမှာ မည်သူဖြစ်သည်ကို တွေ့လိုက်သောအခါ အားလုံး အံ့သြသွားကြသည်။

သူတို့၏ မျက်နှာက ဖြူဖျော့သွားကာ ထိတ်လန့်တကြား အမှုအရာများ ပေါ်လာသည်။

ကျားဖြူကြီး၏ ဆန့်ကျင်ဘက်တွင်၊ ဧရာမစပါးအုံးမြွေကြီးတစ်ကောင် ရှိနေသည်။ ယင်းသည် ခေါင်းကိုထောင်ထားပြီး ကျားဖြူကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။

ထိုဧရာမစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်အရှည်သည် (၁၂) မီတာကျော်ရှိကာ အချင်းက အချင်းက ရေပုံးတစ်ပုံခန့် ရှိနိုင်လေသည်။

ယင်းသည် အလွန်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။

"ဒါ... ဒါက စပါးအုံးမြွေကြီးပဲ!"

အခြားလူများက ကြောက်ရွံတုန်လှုပ်စွာနှင့် ရေရွတ်မိလိုက် ကြသည်။

ဟန်ချိုက ပြောသည်။

"ကြည့်ရတာ ပိုကြီးလာပုံရတယ်"

“ဟုတ်တယ်”

ထန်ရွှဲ ခေါင်းညိတ်လိုက်သည်။

“တကယ်ကို ပိုကြီးလာတယ်။ သာမှန်မဟုတ်တာတော့ အမှန်ပဲ...”

တိရိစ္ဆာန်များနှင့် ဆယ်စုနှစ်များစွာ ဆက်ဆံလာခဲ့သည့် အဘိုးအိုတစ်ယောက်အနေဖြင့်ပင်။ ယခုမှသာ ထိုမျှထိတ်လန့်စရာကောင်းသော တိရစ္ဆာန်ကို ပထမဆုံးအကြိမ် ထန်ရွှဲ တွေ့ဖူးခြင်းဖြစ်သည်။

(၁၂) မီတာကျော် အရှည်ရှိသည့် ဧရာမစပါးအုံးမြွေသည် သမိုင်းမတင်မီကသာ ရှိခဲ့ဖူးပေသည်။ ယင်းသည် အနည်းငယ်ချဲကားရာ ကျသော်လည်း အမှန်ပင် ဖြစ်သည်။

“ပရော်ဖက်ဆာထန်၊ အခြေအနေကိုကြည့်အုံး ကြည့်ရတာ ကျားနဲ့စပါးအုံးတို့ သူသေကိုယ်သေ တိုက်တော့မယ့်ပုံပေါ်တယ်၊ ငါတို့ တစ်ခုခုလုပ်သင့်လား”

ဟန်ချိုက ကမန်းကတန်းပြောသည်။

ဟန်ချို၏ စကားကိုကြားတော့ ထန်ရွှဲ၏ အကြည့်က ပြောင်းလဲသွားပြီး ယင်းကျားကို မောင်းထုတ်ဖို့ ပြောဖို့ ပြင်လိုက်ချိန်တွင်...။

ကျားဖြူကြီးက ဧရာမစပါးအုံးမြွေကို ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။

.....

All Chapters