← Chapters

သတိပေးချက်

Vol. 6 Ch. 79

သတိပေးချက်

Vol. 6 Ch. 79

"မကောင်းတော့ဘူး"

ထန်ရွှဲသည် အခြေအနေ မကောင်းဘူးလို့ ခံစားမိပြီး ထတော့မယ်အလုပ် မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို အေးခဲသွားစေသည်။

သူ တင်မကပေ။ ဟန်ချိုနဲ့ အခြားအဖွဲ့သားတွေ အတွက်လည်း အလားတူပင်။

“ဝေါင်း”

ကျားဖြူကြီးသည် ဧရာမ စပါးအုံးမြွေကြီးဆီကို ပြင်းထန်စွာ ဟိန်းဟောင်ကာ ပြေးသွားသည်။ ၎င်း၏ ခြေလှမ်းများဆီမှ ထွက်လာသည့် တဘုတ်ဘုတ်အသံများကိုပင် ရှင်းလင်းစွာ ကြားနိုင်၏။

၎င်းကိုရင်ဆိုင်နေသည့် ဧရာမ စပါးအုံးမြွေကြီးသည်လည်း တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဟုန်ဖြင့် ကျားဖြူကြီးဆီသို့ ပြေးသွားသည်။ ၎င်း၏ နောက်၌ ဖုန်တလိမ့်လိမ့်နှင့် စွတ်ကျောင်းရာကြီးက ထင်ကျန်ခဲ့သည်။

၎င်းတို့နှစ်ဦး ထိတ်တိုက်တွေ့ခါနီး အချိန်တွင် ကျားဖြူကြီးသည် ဧရာမ စပါးအုံးမြွေကြီးဆီသို့ အားနှင့်မာန်နှင့် ခုန်ကာ ၎င်း၏ လက်သည်းများနှင့် တိုက်ခိုက်လိုက်သည်။

ယင်းမြင်ကွင်းက လူတိုင်းကို ရင်တဒုန်းဒုန်းခုန်သွားစေသည်။ မထင်ထားသည်က နောက်မြင်ကွင်းက လူတိုင်းကို ပိုထိတ်လန့်စေသည်။

ဧရာမ စပါးအုံးမြွေကြီးသည် ကျားဖြူကြီး၏ တိုက်ခိုက်မှုကို ၎င်း၏ ဦးခေါင်း ဘေးဘက်သို့စောင်းကာ ရှောင်တိမ်းသည်။

ကျားဖြူကြီးက မြေပြင်ပေါ်သို့ ပြန်လည်းဆင်းသက်သွားချိန်တွင် ဧရာမ စပါးအုံးမြွေကြီးသည် လှည့်၍ ၎င်း၏ လည်ပင်းဘက်သို့ လှမ်းကိုက်လိုက်ပြီ ဖြစ်သည်။

သို့သော် ကျားဖြူကြီးသည်လည်း သာမန်တော့ မဟုတ်ချေ။ ၎င်းသည် သူ၏ ခြေထောက်နှင့် မြေပြင်ကို ပျော့ပြောင်းစွာ ထောက်၍ လေပေါ်ခုန်တက်ကာ ဧရာမ စပါးအုံးမြွေကြီး၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်တိမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏လက်သည်းများသည် ဧရာမ စပါးအုံးမြွေကြီး၏ အကြေးခွံများနှင့် တိုက်မိသွားသည်။

ဂျစ်!

သတ္တုခြစ်သံ တစ်ခု ထွက်ပေါ်လာသည်။

ကျားဖြူကြီး၏ ချွန်ထက်သော လက်သည်းများသည် ဧရာမ စပါးအုံးမြွေကြီး၏ အကာအကွယ်ကို မထိုးဖောက်နိုင်ချေ။

ကျားဖြူကြီးသည် သူ၏ ခြေသည်းများက ဧရာမ စပါးအုံးမြွေကြီးကို မထိခိုက်စေနိုင်သဖြင့် ထိတ်လန့်သွားပြီး ၎င်း၏ တိုက်ခိုက်မှုက ရပ်တန့်သွားခဲ့သည်။

ဧရာမ စပါးအုံးမြွေကြီးသည် ၎င်းအခွင့်အရေးကို လက်လွတ်မခံဘဲ ခေါင်းကိုလှည့်ကာ ကျားဖြူကြီး၏ လည်ပင်းကို ကိုက်လိုက်သည်။

“ဝေါင်း!”

ကျားဖြူကြီးသည် ဧရာမစပါးအုံးမြွေကြီး၏ အစွယ်ကို ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ၎င်း၏ ခွန်အားသည် ဧရာမစပါးအုံးမြွေကြီးကို မယှဉ်နိုင်ခဲ့ချေ။

အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် ကျားဖြူကြီး၏ ခွန်အားများ ကုန်ဆုံးသွားခဲ့သည်။ ၎င်းသည် ဧရာမစပါးအုံးမြွေကြီးက ရစ်ပတ်နေတာကိုသာ စောင့်ကြည့်နေနိုင်ခဲ့သည်။

“ဒါ……”

ချုံပုတ်တွေ နောက်ကွယ်မှာ ပုန်းနေသည့် ထန်ရွှဲသည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။

အံ့သြစရာကောင်းလွန်းသည်။

ထိုတိုက်ပွဲက သူ့အသိဥာဏ်ကို ဖျက်စီးပစ်လိုက်သလိုပင်။

ဧရာမ စပါးအုံးမြွေကြီးသည် အလွန်ကြီးမားရုံသာမက ကျားဖြူကြီးထက်သာလွန်သော အရှိန်နှင့် သွက်လက်မှုလည်း ရှိနေသည်။

ဤမြင်ကွင်းကိုသာ ကိုယ်တိုင်မတွေ့လိုက်ရလျှင် ယင်းကို သူလုံးဝ ယုံကြည်မိမှာ မဟုတ်ချေ။

“အာ! ဟန်ချို၊ သူတို့ တိုက်ခိုက်ခန်းကို ဗီဒီယို ရိုက်ထားသေးလား"

သတိဝင်လာပြီးနောက် ထန်ရွှဲသည် သူ၏ လက်ထောက် ဟန်ချိုကို ချက်ချင်းမေးလိုက်သည်။

ယင်းက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော မြင်ကွင်းတစ်ခု ဖြစ်နိုင်သည်။

ထန်ရွှဲ၏ မေးခွန်းကိုကြားတော့ ဟန်ချိုက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောသည်။

"ပါမောက္ခထန်၊ ကျွန်တော် အခုမှရိုက်မိတယ်။ အစောပိုင်းက တုန်လှုပ်နေမိတာနဲ့ ဗီဒီယိုရိုက်ဖို့မေ့သွားတာ..."

သူ အနည်းငယ် ဝမ်းနည်းမိနေသည်။

ကျားဖြူကြီးနှင့် ဧရာမ စပါးအုံးမြွေတို့၏ တိုက်ပွဲကို မရိုက်ကူးမိခြင်းသည် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လေသည်။

"ငါလည်း မင်းကို အပြစ်မတင်ပါဘူးကွာ။ ငါလည်း တုန်လှုပ်နေခဲ့တာပဲလေ"

ထန်ရွှဲသည် ဝမ်းနည်းသလို ခံစားမိပေမယ့် နောက်ဆုံးမှာတော့ သူ့လက်ထောက်ကို အပြစ်မတင်နိုင်ခဲ့ပေ။

သူသည် ဟန်ချို ကင်မရာနှင့် ရိုက်ကူးနေသည့် မြင်ကွင်းကို ကြည့်ရှုခဲ့သည်။ ယင်းတွင် ဧရာမစပါးအုံးမြွေကြီးက ကျားဖြူကြီးတစ်ကောင်ကို ရစ်ပတ်နေလေသည်။

"အင်း၊ ဒီဗီဒီယိုတိုက လုံလောက်တာထက် ပိုတယ်"

ထန်ရွှဲက ခေါင်းညိတ်ပြနေရင်း သူ့မျက်နှာက ရုတ်တရက် တင်းမာသွားသည်။

"ပါမောက္ခ"

ဟန်ချို တုန်လှုပ်နေသည်။

ရှင်းလင်းသည့် မြေပြင်၌ ကျားဖြူကြီးကို ရစ်ပတ်နေသော ဧရာမစပါးအုံးမြွေကြီးသည် ၎င်းတို့ဘက် လှည့်ကာ စိုက်ကြည့်နေလေသည်။

"သူ ငါတို့ကိုတွေ့သွားပြီ"

ဓားကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးမှာ ကြောက်လန့်တကြား တုန်လှုပ်နေပြီး သူ့ခန္ဓာကိုယ်မှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။

“ရွှတ်”

ဧရာမစပါးအုံးမြွေကြီးသည် ၎င်းတို့ကို ကြည့်နေကာ နီမြန်းသည့် ၎င်း၏ လျှာကို တစ်လစ်တစ်လစ် လုပ်နေသည်။

ထိုမြင်ကွင်းက လူတိုင်းရင်ထဲ၌ ကြောက်စရာ ကောင်းနေသည်။

“ဂလု”

ထန်ရွှဲ သူ့တံတွေးကို မျိုချလိုက်သည်။

သူ့နှလုံးသားက မယုံနိုင်စရာ အရှိန်ဖြင့် ခုန်နေသည်။

သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုနဲ့ စူးစမ်းချင်စိတ်တွေ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ့တစ်သက်မှာ ဒီလို ကြောက်ရွံ့မှုမျိုးကို မခံစားဖူးပေ။

သာမာန် ဧရာမစပါးအုံးမြွေကြီးဖြစ်ခဲ့လျှင် သူလုံးဝစိတ်မပူပေ။ သို့သော် ဤမြွေကြီးက ထူးဆန်းလွန်းလှသည်။

၎င်း၏ အမြန်နှုန်းနှင့် သွက်လက်မှုသည် ကျားတစ်ကောင်ထက်ပင် သာလွန်လေသည်။

ထို့အပြင် ၎င်းတို့ တိုက်ခိုက်စဥ်က ကျားဖြူကြီး၏ လက်သည်းတွေပင် ထိုဧရာမစပါးအုံးမြွေကြီးရဲ့ အကြေးခွံတွေကို မကုတ်နိုင်တဲ့ မြင်ကွင်းကို သူမြင်ခဲ့ရသည်။

သေနတ်တွေက ယင်းဧရာမစပါးအုံးမြွေကြီးကို သေစေနိုင်ပါ့မလား။

အကယ်၍ ထိုဧရာမစပါးအုံးကြီးသာ သူတို့ကို တိုက်ခိုက်ခဲ့ရင် လူဘယ်နှစ်ယောက်က အသက်ရှင်ကျန်မလဲ...။

အတွေးပေါင်းများစွာနှင့်အတူ ထန်ရွှဲသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"လူတိုင်း ဖြည်းဖြည်းချင်းဆုတ်၊ သေနတ်နဲ့ မပစ်နဲ့၊ မပစ်နဲ့နော်!!"

“ဒီကနေ ထွက်သွားဖို့ ငါတို့ကို သတိပေးထားတယ်။ သူ ကျားဖြူကြီးကို စားတော့မယ်၊ သူတို့တွေ စားသောက်တဲ့အချိန်က၊ အထိမခိုက်နိုင်ဆုံး အချိန်ပဲ”

ထန်ရွှဲ ပြောသည့်အတိုင်း သူတို့အားလုံး ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်နေကြသည်။ ၎င်းတို့၏ မျက်လုံးတွေကတော့ ဧရာမစပါးအုံးမြွေကို ကြည့်နေဆဲပင်။

လေထုသည် တင်းမာလွန်းသဖြင့် မည်သူမျှ ကျယ်လောင်စွာ အသက်မရှူဝံ့ပေ။ အဝေးသို့ ဆုတ်သွားပြီး ဧရာမစပါးအုံးမြွေကြီးကို မတွေ့ရတော့မှသာ စိတ်သက်သာရာ ရသွားကြသည်။

"ကောင်းပြီ။ အခု ငါတို့ လုံခြုံသွားပြီ"

ထန်ရွှဲက သက်ပြင်းတစ်ချက်ချကာ ပြောရင်း ထက်ပြောသည်။

"ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ် ... ဒီဧရိယာက ဧရာမစပါးအုံးမြွေကြီးရဲ့ နယ်မြေ ဖြစ်နေပြီ၊ ငါတို့ ဒီမှာ ကြာကြာနေလို့ မရဘူး"

ထန်ရွှဲ၏ စကားကိုကြားပြီးနောက် အားလုံးက သဘောတူ ခေါင်းညိတ်လိုက်ကြသည်။

သူတို့လည်း ဤနေရာမှာ ဆက်မနေချင်တော့ပေ။

ထိုဧရာ မစပါးအုံးမြွေကြီးကပေးသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က ကြီးမားလွန်သည်။

ထိုကဲ့သို့ ကြောက်စရာကောင်းလွန်းသည့် သားရဲနှင့် တွေ့ဆုံကာ ခြစ်ရာပင် မထင်ဘဲ ထွက်လာနိုင်ခြင်းက ကံကောင်းလွန်နေလေပြီ။

နောက်တစ်ကြိမ်သာ ထိုဧရာမ စပါးအုံးမြွေကြီးနှင့် တွေ့ပြီး ၎င်း၏ တိုက်ခိုက်ခံရပါက အသက်ရှင်နိုင်မှာလားဆိုတာ ပြောရခက်ပေသည်။

အားလုံးသေချာအောင် လုပ်ပြီးနောက် ပါမောက္ခ ထန်ရွှဲ ဦးဆောင်သည့် အဖွဲ့သည် တောထဲမှ ထွက်လာခဲ့သည်။

...

ဖန့်ရန်က ကျားဖြူကြီးကို ချုပ်နှောင်ထားသည်။ ကျားငယ်ကိုစားပြီးနောက် ကျားကြီးက လက်စားချေပေးဖို့ ရောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။

ယင်းသည် ရှန်ရှဝတ္ထုအများစုထဲက ဇာတ်ကွက်နှင့်ပင် တူနေလေသည်။

သူ မမျှော်လင့်ထားသည့် ကိစ္စတစ်ခုမှာ လူသားအုပ်စုတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူတို့၏ အသွင်အပြင်အရဆို သုတေသနအဖွဲ့တစ်ခု ဖြစ်နိုင်လေသည်။

ထိပ်ဆုံးမှအဖိုးကြီးသည် ပါမောက္ခ သို့မဟုတ် သုတေသီတစ်ဦး ဖြစ်နိုင်သည်။

သူ့ဘေးက လူငယ်လေးကလည်း ကင်မရာ တစ်လုံးကို ကိုင်ဆောင်ထားသည်။

၎င်းတို့ ကိုယ်၌ တိရစ္ဆာန်အသေကောင်များ သယ်ဆောင်ထားခြင်း မရှိသလို သွေးနံ့များ မရှိသဖြင့် သူသည် ၎င်းတို့ကို မောင်းသာ ထုတ်ခဲ့သည်။

သူ့တွင် လူအများ၏ ရှေ့၌ စားသောက်ရန် အစီအစဉ်မရှိပေ။

ယင်းကျားဖြူကြီးက အတော်လေးကြီးသောကြောင့် လက်ရှိ သူ့အတွက် မျိုချရန် လွယ်ကူသော ကိစ္စတော့ မဟုတ်ချေ။

သူသည် စားသောက်နေစဉ်အတွင် အလွန်အားနည်းနေပေလိမ့်မည်။ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရှေ့တွင် ထိုသို့ပြုလုပ်ခြင်းသည် မိုက်မဲရုံမျှမက၊ ၎င်းသည် ကိုယ့်အသက်ကို ပေးလှူနေသလိုပင်။

ထို့ကြောင့် သူသည် ၎င်းတို့ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ သတိပေးခဲ့သည်။

ကံကောင်းသည်မှာ ထိုအဖိုးကြီးသည် သူ့ရည်ရွယ်ချက်ကို နားလည်ပြီး ၎င်းတို့ အမြန်ပြန်ဆုတ်သွားသည်။

၎င်းတို့သာ မထွက်သွားဘူး ဆိုပါက အခြေအနေက တစ်မျိုးပြောင်းသွားပေမည်။

ထိုလူများ ထွက်သွားကြောင်း အတည်ပြုပြီးနောက်၊ ဖန့်ရန်သည် ကျားဖြူကြီးကို စတင်မျိုချလိုက်သည်။

...

ကျားဖြူကြီးကို မျိုချပြီးနောက်၊ ဖန့်ရန်သည် ဖြည်းဖြည်းချင်း လျှောက်သွားကာ ဆင့်ကဲဖြစ်စဉ် စတင်နေစဉ် လုံခြုံနိုင်သော နေရာတစ်ခုကို ရှာဖွေတော့သည်။

.....

All Chapters