လီဇီ၏ စိတ်ဝင်စားချက်
Vol. 6 Ch. 80
ဖန့်ရန် မြစ်ရိုးတစ်လျှောက် သွားနေသည်။
ခဏအကြာတွင် သူ၏ အစာအိမ်သည် အက်စစ်ဓာတ်အမြောက်အများထုတ်ကာ ကျားနှစ်ကောင်ကို အစာခြေပြီးသွားသည်။
ယခုဆို စနစ်အမှတ်က လိုအပ်သည့် ပမာဏ (၁၅၀၀၀၀) ပင် ပိုကာ (၁၅၅၂၆ဝ) သို့ရောက်ရှိ သွားသည်။
သို့သော် ဖန့်ရန်က ဆင့်ကဲပြောင်းလဲရန် မရွေးချယ်သေးဘဲ ဆင့်ကဲဖြစ်စဉ် စတင်နေစဥ် လုံခြုံနိုင်သည့် နေရာကို ရှာဖွေနေဆဲပင်။
လဝက်ခန့်အကြာတွင် သူသည် ယူဂန်ဒါ (ဆာဗားနား) နှင့် သမုဒ္ဒရာဆီသို့ ဖြစ်သည့် လမ်းဆုံ၊ လမ်းခွသို့ ရောက်ရှိသွားခဲ့သည်။
ဖန့်ရန်က သူ့မှတ်ဉာဏ်ထဲ မှတ်သားသော လမ်းကြောင်းအရ ညာဘက်သို့ ဦးတည်သွားလိုက်သည်။
ယင်းညာဘက်ခြမ်းမှ မြစ်သည် သေးငယ်သော်လည်း၊ ဖုန်းပေါ်ရှိ ပထဝီမြေပုံအရဆို ၎င်းသည် နောက်ဆုံးတွင် အခြားမြစ်ငယ်များနှင့် ပေါင်းဆုံကာ မြစ်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ဖန့်ရန်သည် ထိုနေရာသို့ (၃) ရက်ခန့် သွားခဲ့ရသည်။
ထိုမြစ်သည် မီတာ (၅၀) ကျော် ကျယ်ဝန်းပြီး ဆယ်မီတာခန့် နက်သောကြောင့် ၎င်းသည် သူမြင်ဖူးသမျှ မြစ်ထဲ၌ အကြီးမားဆုံး မြစ်တစ်စင်း ဖြစ်သည်။
ဖန့်ရန်သည် လျှို့ဝှက်ဂူတစ်ခုကို ရှာမတွေ့မီ အထိ မြစ်ထဲတွင် တစ်ရက်ခန့် ရေကူးခဲ့ရသည်။
ယင်းနေရာသည် ရေမျက်နှာပြင်မှ (၁၅) မီတာ အနက်၌ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ရေအောက် လှိုဏ်ဂူတစ်ခု ဖြစ်သည်။
ဖန့်ရန်က လှိုဏ်ဂူထဲ လှဲလျောင်းနေရင်း သူ့စိတ်ထဲတွင် စနစ်ကို ပြောလိုက်သည်။
“စနစ်! ဆင့်ကဲဖြစ်စဉ်ကို စတင်တော့”
နွေးထွေးသော ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် အရေခွံများ ကွာကျလာကာ ဆင့်ကဲဖြစ်စဉ် ပြီးဆုံးသွားခဲ့သည်။
...
ထိုအချိန် ထန်ရွှဲသည် တက္ကသိုလ်သို့ ပြန်ရောက်သွားကာ ထိုခရီးစဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရသည့် အရာများကို ပြောပြရန် ရိုးရှင်းသော သတင်းစာရှင်းလင်းပွဲတစ်ခု စီစဉ်ခဲ့သည်။
...
လီဇီသည် ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာ ဘာသာရပ်နှင့် ဒုတိယနှစ် ကျောင်းသားတစ်ယောက် ဖြစ်နေသော်လည်း သူသည် အမှန်တကယ်အားဖြင့် ဇီဝဗေဒပညာရပ်ကို ပိုနှစ်သက်လေသည်။
အထူးသဖြင့် သူသည် တိရစ္ဆာန်မျိုးစုံကို လေ့လာခြင်းရခြင်းအား ပိုနှစ်သက်သည်။
မကြာသေးမီက ဖုန်ကျဲ၏ ဧရာမ စပါးအုံးမြွေကြီးနှင့် တွေ့သည့် သတင်းကို မြင်ပြီးနောက် ၎င်း၏ အရွယ်အစားကြောင့် သူ ထိတ်လန့်ခဲ့ရသည်။
ထိုဧရာမစပါးအုံးမြွေကြီး အကြောင်းပိုမို သိနိုင်ရန်၊ လီဇီနှင့် သူ့အခန်းဖော် တို့သည်။ ဖုန်ကျဲ ရိုက်ကူးထားသော ဧရာမမြွေ အန္တရာယ် အမည်ရှိသော ရုပ်ရှင်ကို သွားကြည့်ခဲ့ကြသည်။
ရုပ်ရှင်တစ်ခုလုံးကို ကြည့်ပြီးနောက် ၎င်း၌ ထိုဧရာမစပါးအုံးမြွေကြီးနှင့် ပတ်သက်၍ ဘာမှမပါတာကို စိတ်ပျက်စရာကောင်းစွာ သူ သိလိုက်ရသည်။
ယင်းနေ့မှစကာ သူသည် စပါးအုံးမြွေနဲ့ ပတ်သက်သည့် သတင်းတွေကို အမြဲအာရုံစိုက်ခဲ့သည်။ ထိုမျှကြီးမားသော စပါးအုံးမြွေကြီးသည် ဇီဝဗေဒပညာရှင်များ၏ အာရုံကို သေချာပေါက်ဆွဲဆောင်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။
သိပ်မကြာခင်မှာပဲ ဒေါင်းလင် တက္ကသိုလ်က ပါမောက္ခ ထန်ရွှဲသည် ထိုဧရာမစပါးအုံးမြွေကြီးကို ရှာဖွေဖို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်မယ်လို့ ကြေညာခဲ့သည်။
ပါမောက္ခထန်သည် ယခုဆို ကျီမည်းတောင်တန်းမှ ထွက်လာပြီ ဖြစ်ကြောင်းကို သက်ဆိုင်ရာသတင်းမှ သူမြင်ထားသည်။
သူတို့၏ တွေ့ရှိချက်တွေကိုတော့ တက္ကသိုလ်ရဲ့တရားဝင်ပေ့လ် ဝဘ်ဆိုဒ်မှာ မျှဝေပေးမှာဖြစ်သည်။
လီဇီက သူ့ကွန်ပြူတာရှေ့မှာထိုင်ရင်း ဒေါင်းလင် တက္ကသိုလ်ရဲ့ တရားဝင်ပေ့လ် ဝဘ်ဆိုဒ်လင့်ခ်ကို ဖွင့်လိုက်သည်။
"စာနယ်ဇင်း ဆောင်းပါး မကြာခင် ထွက်သင့်တယ်"
လီဇီ မျှော်လင့်ချက် အနည်းငယ်ဖြင့် ရေရွတ်သည်။
ဒေါင်းလင် တက္ကသိုလ်၏ တရားဝင်ပေ့လ် ဝဘ်ဆိုဒ်သို့ ဝင်ရောက်ပြီးနောက် သတင်းကဏ္ဍသို့ ချက်ချင်းသွားခဲ့သည်။
"ထွက်လာပြီ!"
ရုတ်တရက် လီဇီက စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး ဆောင်းပါးကို ဖွင့်လိုက်သည်။
*ကျီမည်းတောင်တန်း ခရီးစဉ်အကျဉ်းချုပ်*
ထိုဆောင်းပါးကိုဖွင့်ပြီးနောက် လီဇီသည် နိဒါန်းအကြောင်းအရာကို တိုက်ရိုက်ကျော်သွားကာ အဓိကအကြောင်းအရာကို တိုက်ရိုက်ဖတ်ရှုလိုက်သည်။
ဆောင်းပါးက အလွန်ရိုးရှင်း၏။ ၎င်းကို ရိုးရှင်းသော စာကြောင်းအနည်းငယ်ဖြင့် အဆုံးသတ်ထားသည်။
*ကျီမည်းတောင်တန်းထဲသို့ ဝင်ရောက်ပြီးနောက် တိရိစ္ဆာန်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရပြီး မျိုးစိတ်များလည်း ပိုမိုများပြားလာကြောင်း တွေ့ရှိခဲ့ရသည်။*
လီဇီက ယင်းစာကိုဖတ်ပြီးနောက် မထိန်းနိုင်ဘဲ ညည်းညူးသည်။
“အနှစ်ချုပ်က ဒီလောက်တော့ မကသင့်ဘူး မဟုတ်လား”
ထိုသို့ ညည်းရင် ကျန်အကြောင်းအရာများကို လီဇီက ဆက်ဖတ်သည်။ မကြာမီ သူ့မျက်လုံးများက အရောက်တောက်လာသည်။
ဧရာမစပါးအုံးမြွေကြီး၏ အကြောင်းက နောက်ဆုံးတွင် ပါလာသည်။
*ထိုအချိန်တွင် ကျွန်ုပ်တို့ တာရမ်မြစ်ကို ဖြတ်ကူးနေခဲ့သည်။ တာရမ်မြစ်၏ ရေမျက်နှာပြင်သည် အလွန်တိမ်ကာ ဒူးလောက်တောင် မနက်ပေ။ ထိုအတိုင်း မြစ်နားမှာ ရှာဖွေစဉ် အလွန်ကျိုးကျေပျက်စီးနေသည့် ချုံပုတ်တစ်ခုကို သတိပြုမိခဲ့သည်။ ဒါက ဧရာမစပါးအုံးမြွေကြီး ချန်ထားတယ်ဆိုတာ သိသာ ထင်ရှားသည်။*
ယင်းစာပိုဒ်၏ အောက်တွင်၊ အလွန်အမင်း ကျိုးကျေပျက်စီးနေပုံရသည့် ချုံပုတ်တစ်ခုကို ရိုက်ထားသည့် ပုံတစ်ပုံရှိသည်။
"သတင်းစကားတွေက မှန်နေတာလား"
လီဇီက ၎င်းစောင်းပါးကို ဖတ်မိသည်နှင့် စိတ်လှုပ်ရှားသွားပြီး အောက်သို့ ဆက်လက်ဖတ်ရူနေစဥ် အောက်ဆုံး၌ ရေးသားထားသည့် စာပိုဒ်ကြောင့် သူ အံ့အားသင့်သွားခဲ့သည်။
ယင်းစာပိုဒ်တွင် ထန်ရွှဲသည် ဧရာမစပါးအုံးမြွေနှင့် ကျားဖြူကြီးတစ်ကောင်၏ တိုက်ပွဲကို ဖော်ပြထားသည်။
"ဒါက အမှန်ရော ဟုတ်ရဲ့လား?"
အလွန်အမင် စိတ်အားထက်သန်နေသည့် လီဇီ သံသယဖြစ်သွားသည်။ ထိုအောက်ခြေက ဗီဒီယိုတစ်ခုကို သူမြင်လိုက်သည်။
လီဇီက ၎င်းကို အမြန်နှိပ်လိုက်သောအခါ ဗီဒီယိုသည် ဖြည်းညှင်းစွာ ပွင့်လာသည်။
ဗီဒီယိုထဲ၌ ဧရာမစပါးအုံးမြွေကြီးသည် ကျားဖြူကြီးတစ်ကောင်ကို ရစ်ပတ်ကာ ချုပ်နှောင်ထားသည်။
"ဟစ်!"
ဗီဒီယိုသည် တိုတောင်းကာ (၅) စက္ကန့်မျှသာ ရှိသော်လည်း အသက်ရှုကြပ်ရပ်မတက် တုန်လှုပ်သွားစေရန် လုံလောက်သည်။
"လီဇီ မင်းဘာတွေ ကြည့်နေတာလဲ"
ရုတ်တရက် သူ့နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဗီဒီယို ကြည့်နေသည့် လီဇီက လှည့်ကြည့်လိုက်ရာ သူ့အခန်းဖော် စာအုပ်တစ်အုပ်ကို လက်ထဲမှာ ကိုင်ထားပြီး အခန်းတံခါးပိတ်နေတာ ဖြစ်ကြောင်းတွေ့လိုက်ရသည်။
"အာ...၊ အစ်ကိုလွိုင် မင်းသတင်းတွေ ကြည့်ပြီးပြီလား။ ပါမောက္ခထန်က ဧရာမစပါးအုံးမြွေကြီးကို တကယ်တွေ့ခဲ့တာတဲ့!”
လီဇီက လွိုင်ဟွမ်ကိုတွေ့လိုက်သည်နှင့် ယင်းသတင်းကို ချက်ချင်းဝေမျှသည်။
မမျှော်လင့်စွာဘဲ တံခါးဘေးမှာ ရပ်နေသည့် လွိုင်ဟွမ်က ပြုံးလိုက်ပြီး ...
"ငါသိတာကြာပေါ့၊ ဒီသတင်းက အင်တာနက်တစ်ခုလုံးကို ပျံနှံ့နေပြီလေ"
"ဘာ?"
လီဇီ အံ့သြသွားပြီး သတင်းပလက်ဖောင်းကိုဖွင့်လိုက်ရာ ဧရာမစပါးအုံးမြွေကြီးအကြောင်း သတင်းများသည်၊ နေရာတိုင်းတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ကဏ္ဍတစ်ခုကို ဖွင့်ပြီးနောက် ဧရာမစပါးအုံးမြွေအကြောင်း ပြောနေသည့် ပို့စ်များစွာကို သူ တွေ့လိုက်သည်။
*အထူးသတင်း - ဆယ်နှစ်မီတာ အရှည်ရှိတဲ့ ဧရာမစပါးအုံးမြွေတစ်ကောင်က တောဘုရင်ကို သတ်စားလိုက်ပြီ၊ တောကျတဲ့ ကျေးရွာဘက်က လူအားလုံး သတိထားကြပါ*
*စပါးအုံးမြွေဆိုတာ ကြောင်ကြီးတွေအတွက် အစာပါ။ သတင်းတုတွေကို မယုံကြနဲ့*
*သမိုင်းမတင်မီ ခေတ်က မြွေနဂါးတစ်ကောင် ကျီမည်းတောင်မှာ နေထိုင်နေပါတယ်။ အခုလို ကျီမည်းတောင်ရဲ့ ဂေဟစနစ်ကို ဂရုတစိုက် ကာကွယ်ထားတဲ့ ပြည်သူတွေကို ချီးကျူးဂုဏ်ပြု ကြရအောင်*
*ကျီမည်းတောင်တန်းမှာ နဂါးတစ်ကောင်တွေ့တယ်လို့ မျက်မြင်သက်သေ အချို့က ဆိုထားပါတယ်။ အချို့ အဆိုအရ ....*
ထိုရယ်စရာကောင်းသော ပို့စ်တွေကို ကြည့်ရင်း လီဇီက ပြုံးလိုက်မိသည်။ ထိုနောက် သူသည် ပို့စ်တစ်ခုကိုဖွင့်ပြီး မှတ်ချက်တွေကို စဖတ်လိုက်သည်။
သူသည် လူအမျိုးမျိုး၏ တုံ့ပြန်မှုကို အဓိကမြင်ချင်သည်။
မှတ်ချက် ကဏ္ဍ၌ လူတော်တော်များများက သူတို့ရဲ့ တုန်လှုပ်ခြောက်ခြားမှုကို ဖော်ပြနေကြသည်။
~" စပါးအုံးမြွေက ကြီးကြီးပဲ၊ ကျားတစ်ကောင်ကိုတောင် အစာအဖြစ် ဖမ်းယူနိုင်တယ်"~
~"အရမ်းကြောက်ဖို့ကောင်းလိုက်တာ ... မားမား...၊ သားဒီနေ့က စပြီး တောထဲမသွားရဲတော့ဘူး"
~"အဲ့လို စပါးအုံးမြွေကြီးနဲ့သာ ထိပ်တိုက်တွေ့ရင်၊ နှလုံးသွေးရပ်ပြီ ငါသေသွားလိမ့်မယ်"~
~"ကျနော်က အခု ကျီမည်းတောင်ခြေမှာပါ၊ အခုလေးတင် လက်နက်ကိုင် အတော်များများ တောင်ပေါ်တက်သွားတာ မြင်လိုက်ရတယ်"~
~" မုဆိုးတိုင်းက ဧရာမစပါးအုံးမြွေကြီးကို ဖမ်းချင်နေကြတယ်။ အင်းလေ သူက အင်းအားကြီးပြီး အရမ်းထူးခြားသလို၊ ငပျင်းကျလွန်တဲ့ ငပေါပန်ဒါတွေထက် အများကြီး ပိုအဖိုးတန်တာကို"~
~" ဟေး၊ ဘာလို့အသတ်လွတ်ကြီး စော်ကားနေတာလဲကွ"~
~" ဟီးဟီး၊ စော်ကားတော့ ဘာဖြစ်လဲ ဖုန်းထဲကနေတဆင့် လှမ်းရိုက်နိုင်မှာ မှတ်လို့လား"~
~"ဟေး၊ အပေါ်ကလူတွေ စိတ်ကူးယဉ်နေတာ ရပ်လိုက်ကြစမ်း"~
လီဇီသည် ပေါက်ကရ မှတ်ချက်ပေါင်းမျောက်များစွာနှင့် စာမျက်နှာပေါင်းများစွာဖြင့် လိုက်ကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် သူ၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့ကာ နောင်မှာ ထိုဧရာမစပါးအုံးမြွေကြီးကို တိရစ္ဆာန်ရုံထဲ ဖမ်းထည့်ခဲ့ရင် သေချာပေါက် သွားကြည့်မယ်လို့ ဆုံးဖြတ်ခဲ့သည်။
.....