ကိုမိုဒိုနဂါး
Vol. 6 Ch. 82
သူသည် သမင် တစ်ကောင်၏ အသွေးအသားကို အစွယ်နဲ့ စတင်ထိုးဖောက်သည့် အချိန်ကို မမေ့နိုင်သေးပေ။
ထိုသမင်၏ အရေပြားသည် ယခင် သူစတင်ကူးပြောင်းလာခဲ့သော တောင်ပေါ်၌ သူသတ်ခဲ့ဖူးသည့် ဆိတ်နှင့် ဂေါလ်ကဲ့သို့သော တိရစ္ဆာန်များထက် ပို၍ ကြမ်းတမ်းသည်။
"ဒီမြက်ခင်းပြင်ဒေသမှာရှိတဲ့ တိရစ္ဆာန်တွေက တခြားနေရာက တိရစ္ဆာန်တွေထက် ပိုကြမ်းတမ်းပြီ အစွမ်းထက်ပုံရတယ်"
သမင်ကို အဆုံးသတ်ပြီးနောက် ဖန့်ရန်သည် တွေးတောရင်း ၎င်းကို မျိုချရန် ပြင်ဆင်သည်။
သို့သော် ရုတ်တရက် သူရပ်လိုက်ပြီး လှည့်ကြည့်လိုက်၏။
မည်သည့်အချိန်က ပေါ်လာမှန်းမသိရသည့် ပုတက်နှင့် သဏ္ဍာန်တူသော အကောင်ကြီးနှစ်ကောင်က သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေတာကို ဖန့်ရန် မြင်လိုက်ရသည်။
ထိုသတ္တဝါနှစ်ကောင်သည် မိကျောင်းကဲ့သို့ ခြေတို၊ လက်တိုနှင့် နဂါးပုံသဏ္ဍာန် ဦးခေါင်းရှိကာ၊ အလျား (၃) မီတာခန့်ရှိနိုင်သည့် အညိုရင့်ရောင် ခန္ဓာကိုယ် ပိုင်ဆိုင်လေသည်။ ၎င်းတို့သည် သူ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေကြသည်။
"ကိုမိုဒိုနဂါးလား?"
၎င်းသတ္တဝါနှစ်ကောင်၏ အသွင်အပြင်ကို မြင်ပြီးနောက် ဖန့်ရန်က အံ့သြသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။
[ပစ်မှတ် - ကိုမိုဒိုနဂါး၊ အသားစားသတ္တဝါ၊ စနစ်အမှတ် ၂ဝဝဝ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသည်နှင့် ဖန့်ရန်လည်း သူ့အထင် မှန်ကန်ကြောင်း သိလိုက်သည်။
သူ၏ ယခင်ကမ္ဘာတွင် ကိုမိုဒိုနဂါးများကို အချို့ကျွန်းများတွင်သာ တွေ့နိုင်သောကြောင့်၊ ယခုလို ဤနေရာမှာ ၎င်းတို့တွေ့ရခြင်းက သူ့ကို အံ့အားသင့်စေသည်။
ဤကဲ့သို့ အခြားကမ္ဘာတွင် ၎င်းတို့ ရှိခြင်းက သိပ်တော့ မဆန်းချေ။ သို့သော်လည်း ကမ္ဘာနှစ်ခုလုံးသည် အလွန်တူနေသောကြောင့် ၎င်းသည် သူ့အား အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။
'ဒီနှစ်ကောင် ငါ့သားကောင်ကို လုယူဖို့ ကြိုးစားနေတာလား'
"ရွှီး"
ချဉ်းကပ်လာနေသော ကိုမိုဒိုနဂါးများကို ကြည့်ရင်း၊ ဖန့်ရန်သည် ၎င်းတို့ကို မောင်းထုတ်ရန် သတိပေး အော်ဟစ်လိုက်သည်။
တစ်ဆက်တည်းပင် ထိုကိုမိုဒိုနဂါးနှစ်ကောင်၏ သတ္တိကို သူ အံ့သြမိသည်။
သူ၏ လက်ရှိအရှည်ဟာ (၁၅) မီတာ ကျော်သည့်အပြင် အချင်းသည်လည်း ပုံးတစ်ခုထက် ပိုကြီးသည်။
ယင်းက တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်သော်လည်း ဤကိုမိုဒိုနဂါးနှစ်ကောင်က သူ့ဆီမှ သားကောင်ကို လုယူဖို့ ကြံစည်နေသည်။
ကိုမိုဒိုနဂါးနှစ်ကောင်သည် ဖန့်ရန်၏ ခြိမ်းခြောက်မှု ခံလိုက်ရသော်လည်း ၎င်းတို့သည် တိုက်ခိုက်ဖို့ အစပျိုး မလာသလို ထွက်လည်း မသွားခဲ့ပေ။ ရစ်သီရစ်သီ လုပ်နေ၏။
ကိုမိုဒိုနဂါးနှစ်ကောင် ဖန့်ရန်ကို မကြောက်တာကလည်း အကြောင်းရင်း တစ်ခုရှိပေသည်။
ဤဧရိယာသည် ၎င်းတို့၏ နယ်မြေဟုဆိုနိုင်သည်။ ၎င်းတို့ ကြုံခဲ့ဖူးသမျှ သားရဲတို့ သားကောင်တို့သည် ၎င်းတို့ကို မြင်သည်နှင့် အဝေးသို့ ထွက်ပြေးသွားလေ့ရှိသည်။
နာမည်ဆိုးဖြင့်ကျော်ကြားသည့် ၎င်းတို့တွင် ရန်ဘက် အနည်းငယ်သာရှိသည်။
ဖန့်ရန်က ဤကိုမိုဒိုနဂါးနှစ်ကောင်ကို တွေ့လိုက်စဥ် တိုက်ခိုက်ရန် အလျင်စလိုမလုပ်ရခြင်းမှာ ၎င်းတို့အား ရွံရှာလွန်းသောကြောင့်ဟု ဆိုနိုင်သည်။
၎င်းတို့၏ ပါးစပ်မှ တံတွေးများ အဆက်မပြက် စီးကျနေပြီး အနံ့အသတ်က ဆိုးရွားလွန်လှသည်။
အထူးသဖြင့် ၎င်းတို့၏ နှုတ်ခမ်းကို လျှာဖြင့် လျက်နေသည့် မြင်ကွင်းဖြစ်သည်။
လျှာနှင့် နှုတ်ခမ်းသားများကို ပွတ်တိုက်လိုက်သည်နှင့် တံတွေးများနှင့် ရောယှက်ကာချွဲသလိပ်များ စီးကျလာသည့် မြင်ကွင်းက ရွံရှာဖွယ်ကောင်းလှသည်။
“ရွှီး”
နောက်ဆုံးတွင် ဖန့်ရန်သည် သီးမခံနိုင်တော့ချေ။
သူသည် ကိုက်ခဲထားဆဲဖြစ်သည့် သမင်ကို လွှတ်ချလိုက်ကာ မတ်မတ်ရပ်လိုက်သည်။
နှစ်ထပ်တိုက်သဖွယ် မြင့်မားသည့် ဧရာမ စပါးအုံးမြွေကြီး၏ ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရသည့် ကိုမီဒိုနဂါးနှစ်ကောင်သည် ဖြည်းညှင်းစွာ ပြန်ဆုတ်သွားပြီးနောက် ထွက်ခွာသွားခဲ့သည်။
ကိုမိုဒိုနဂါးနှစ်ကောင် ဝေးသွားကြောင်း အတည်ပြုပြီးမှသာ ဖန့်ရန်လည်း သမင်ကို မျိုချလိုက်သည်။
သူ့ခန္ဓာကိုယ်သည် အလွန်ကြီးမားသောကြောင့် ၎င်းကိုမျိုချရန် အချိန်အကြာကြီး မပေးခဲ့ရချေ။
ယူကန်ဒါ မြက်ခင်းပြင်၏ အစွန်အဖျားတွင် ကိုမိုဒိုနဂါးများကဲ့သို့ သားရဲနှင့် တွေ့ဆုံမိခြင်းက ဖန့်ရန်ကို ထက်မံတွေ့ဆုံလာမည့် သားရဲများကို ပိုမိုမျှော်လင့်လာမိစေခဲ့သည်။
ဖန့်ရန်သည် မြစ်ကမ်းတစ်လျှောက် ဆက်သွားနေခဲ့သည်။ သို့သော် မြစ်ထဲမှ မဟုတ်ဘဲ ကမ်းပေါ်မှ ဖြစ်သည်။
သူ၏ ဦးတည်ရာမှာ ဤယူကန်ဒါ မြက်ခင်းပြင်ဒေသ၏ အစွန်းအဖျား မဟုတ်ချေ။ သူရည်ရွယ်ချက်မှာ သားကောင်အပေါများဆုံးဖြစ်သော မြက်ခင်းပြင်ဒေသ၏ အနက်ရှိုင်းဆုံး ဖြစ်သည်။
သူ့နောက်တွင် စွတ်ကျောင်းရာများ ထင်ကျန်နေခဲ့သည်။ လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။
...
ပူပြင်းသော နေရောင်ကြောင့် ခြောက်သွေ့သော ယူဂန်ဒါ မြက်ခင်းပြင် တစ်လျှောက် အပူလှိုင်းများ ထကြွနေသလို၊ တံလျှင်များလည်း ထနေခဲ့သည်။
နေရာဌာန အသီးသီးကို ရာသီလေးမျိုးနှင့် ခွဲခြားထားသော်လည်း ဤနေရာတွင် နွေရာသီနှင့် မိုးရာသီ နှစ်မျိုးပင်ရှိ၏။
အပူချိန်သည် အလွန်မြင့်မားသော်လည်း ယင်းအပူချိန်သည်ပင် ဖန့်ရန် အပေါ်တစ်စက်ကလေးမျှပင် သက်ရောက်မှုမရှိပေ။
...
တဖြည်းဖြည်းနှင့် ညရောက်လာခဲ့သည်။
ပြင်းထန်သည့် အပူချိန်ကျဆင်းသွားကာ အေးမြသော လေညှင်းများ တိုက်ခတ်လာသည်။
"ကြည့်ရတာ တိရိစ္ဆာန်တွေ ပိုတက်ကြွလာပုံရတယ်"
ရံဖန်ရံခါ၊ ဖန့်ရန်သည် အဝေးမှ တိရိစ္ဆာန်များကို တွေ့ခဲ့ရသည်။ အများစုမှာ ဒရယ်နှင့် မြင်းကျားများသာ ဖြစ်သည်။
အပူချိန်ကျဆင်းသွားပြီးနောက်၊ မြက်ခင်းပြင်ဒေသရှိ အမျိုးအစား စုံလင်သည့် တိရစ္ဆာန်များ အပြင်ထွက် လှုပ်ရှားလာကြသည်။
ဖန့်ရန် မြစ်ကမ်းတစ်လျှောက် အေးအေးလူလူ သွားနေသည်။ သူသည် မြင်မြင်သမျှ အရာရာတိုင်းကို စိတ်ဝင်စားစွာ ကြည့်ရှုသည်။
.....