← Chapters

နေရာတစ်ခုသို့ အခြေချမည်

Vol. 6 Ch. 83

နေရာတစ်ခုသို့ အခြေချမည်

Vol. 6 Ch. 83

ဖန့်ရန်သည် တစ်နေ့လျှင် ကီလိုမီတာ တစ်ရာကျော် အမြန်နှုန်းနှင့် သွားနေခဲ့၏။

တစ်ပတ်လောက်ကြာတော့ သူ့ပတ်ဝန်းကျင် ကန္တာရာမြေပြင်သည် မြက်ခင်းပြင်ကျယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လေတိုက်ခတ်လာသောအခါ မြက်ပင်လယ်မှာ လေယူရာ ယိမ်းနွဲ့နေခဲ့သည်။ မြက်အများစုသည် အဝါရောင်ဖြစ်၏။

ဤအပတ်အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့ကြောင်းကို သူမှတ်သားမိသည်။

ဤခြောက်သွေ့ရာသီက ဘယ်တော့များ ပြီးမလဲ ဆိုတာတော့ သူတကယ် မသိချေ။

သူသည် လမ်းတစ်လျှောက်၌ တောင်ဆိတ်များ၊ မြင်းကျားများ၊ ကျားသစ်နှင့် များစွာသော တိရိစ္ဆာန်တွေကို ဖမ်းဆီး စားသောက်ခဲ့သည်။

တစ်ချိန်တွင် သူသည် အလွန်အဆိပ်ပြင်းကာ လျင်မြန်သည့် အနက်ရောင် Mamba တစ်ကောင်ကိုပင် တွေ့ဆုံခဲ့သည်။

လူတော်တော်များများက အသေအပျောက်အများဆုံး လုပ်နိုင်သူမှာ အနက်ရောင် Mamba မြွေလို့ ထင်ကြသည်။

(၄) မီတာ ရှည်လျားသည့် ခန္ဓာကိုယ်နှင့် ၎င်း၏ အဆိပ်နှင့်ဆို Mamba သည် ဤ မြက်ခင်းပြင်ဒေသ၏ ဘုရင်အဖြစ် သတ်မှတ်ခံရနိုင်ခြေများတာက အမှန်ပင်။

သာမန်စပါးအုံးမြွေလေးသာ ဤအနက်ရောင် Mamba နဲ့တွေ့ရင် သူရဲ့အသက်ဟာ ဆုံးခန်းတိုင်သွားပေမည်။

မည်သို့ပင် ဆိုစေကာမူ ဖန့်ရန်သည် ယင်းကို မကြောက်သည့်အပြင်၊ မည်သည့် အားထုတ်မှုမှ မရှိဘဲ အနက်ရောင် Mamba ကို အလွယ်တကူ သတ်ပစ်ခဲ့၏။

အဆုံးတွင်၊ အနက်ရောင် Mamba သည် သူ၏ သရေစာအဖြစ်သာ စားသုံးခံလိုက်ရပြီး စနစ်အမှတ် (၁ဝဝဝ) အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အနက်ရောင် Mamba အပြင်၊ ဖန့်ရန်သည် နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသော တိရစ္ဆာန်တစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုအချိန်တွင်၊ ဖန့်ရန်သည် မြစ်ရိုးတစ်လျှောက် သွားနေခဲ့၏။

သူသည် သစ်ပင်တစ်ပင်၏။ နံဘေးမှ ဖြတ်သွားချိန်တွင် ယင်းသစ်ပင်ထက်ကနေ ပိတုတ်ငှက်တစ်ကောင် ပျံဝဲလိုက်ပါလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ဖန့်ရန် အံ့သြသွားခဲ့သည်။

သူ၏ အရွယ်အစားနှင့် နှိုင်းယှဉ်ပါက ပျားပိတုတ်မှာ အလွန်သေးငယ်လှ၏။

လမ်းခရီးတစ်လျှောက်တွင်၊ ပျားပိတုတ်၏ လျင်မြန်သော တောင်ပံခတ်သံများက သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။

ထိုကြောင့် ဖန့်ရန်သည် ၎င်း၏ အလစ်ကို ဆုံးဖြတ်ကာ ဖမ်းဆီး မျိုချလိုက်တော့သည်။

သူ၏ စနစ်အမှတ်သည် ယခုတိုင် (၈၂၅ဝဝ) သာ ရောက်သေးသည်။ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ် (၂ဝဝဝဝဝ) မှ အလှမ်းဝေးနေပေသည်။

နောက်ထပ်ငါးရက်ကြာ ခရီးထွက်ပြီးနောက် ဖန့်ရန်သည် သူ၏ ပန်းတိုင်ဖြစ်နိုင်သော နေရာကို ရောက်သွားခဲ့သည်။

ဤနေရာရှိ မြစ်၏ ရေတိမ်သည် တစ်မီတာခန့်ရှိကာ ရေနက်ပိုင်းသည် အချိုးအစား မညီမျှပေ။

ဤမြစ်ငယ်သည် အလွန်ကြီးမားသော ဧရိယာကို လွှမ်းခြုံထားပေသည်။

ဖန့်ရန်သည် ရုတ်တရက် သွားနေတာကို ရပ်လိုက်ပြီး၊ အရှေ့ကို မျှော်ကြည့်လိုက်၏။

သူ၏ လက်ဝဲဘက်အစွန်ဆုံးတွင် မိကျောင်းအုပ်စုကြီးတစ်ခုသည် စုရုံးနေကာ ယင်းနံဘေးတွင်၊ သိုးတွေ၊ နွားတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ရေတွက်ခြင်းမပြုလျှင်ပင် အကောင် (၃ဝ) ကျော် နိုင်သည်။

"ဝှီးးး ဝှီးးး "

တဝှီးဝှီးအသံများ ထွက်ပေါ်လာသည်။

ယင်းသည် ဖန့်ရန်၏ နှလုံးခုန်သံကို မြန်ဆန်လာစေသည်။

အင်တာနက်မှ အချက်အလက်များအရ ယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသရှိ ခြင်များသည် ရောဂါများစွာကို သယ်ဆောင်ထား၏။ ထိုကြောင့် ဒဏ်ရာခဲ့လျှင် ၎င်းမှ ရောဂါမကူးစက်ရန် ခတ်ပေမည်။

လျင်မြန်သော ကုသမှု စွမ်းရည်ကို တစ်ကြိမ် အဆင့်မြှင့်တင်ပြီးသော်လည်း သူ့ဘဝနှင့် ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် ဖန့်ရန်သည် နည်းနည်းတော့ စိတ်လှုပ်ရှားနေပေသည်။

ထို့ကြောင့် သူ ဂရုစိုက်ရမည့် ပထမဆုံးအရာမှာ ထိခိုက်ဒဏ်ရာမရရှိရန် ဖြစ်သည်။

ထို့အပြင် တတ်နိုင်သမျှ အမြန်ဆုံး ဆင့်ကဲဖြစ်စဥ် စတင်ရန် လိုပေသည်။

နောက်ထပ်ဆင့်ကဲဖြစ်စဉ်ပြီးနောက် ကျွမ်းကျင်မှုရမှတ် (၁၅) မှတ် ရပေမည်။ ၎င်းသည် လျင်မြန်သော ကုသမှု စွမ်းရည်ကို တစ်ကြိမ်အဆင့်မြှင့်တင်နိုင်ဖို့ လုံလောက်ပေသည်။

ယင်းသာ အဆင့်မြှင့်တင် ပြီးသွားလျှင် ဒဏ်ရာများအတွက် သိပ်စိုးရိမ်စရာ မလိုတော့ချေ။

သူ့စိတ်ထဲတွင် တွေးတောပြီးနောက်၊ ဖန့်ရန်သည် ခြင်တွေကို မစိုးရိမ်တော့ပေ။ သူသည် ရေအတိမ်အနက်ကို ကြည့်နေမိသည်။

ဤနေရာရှိ ရေသည် နက်ရှိုင်းပြီး သူ့အတွက် ပိုသင့်တော်၏။ သူသည် ထိုနေရာတွင်နေနိုင်ပြီး ရေသောက်လာသော သားရဲများကို ချောင်းမြောင်းနိုင်ပေသည်။

ထို့အပြင် ယင်းမိကျောင်းအုပ်စုကို သူ၏ အစာအဖြစ် အသုံးပြုနိုင်သည်။ ၎င်းက သူနေထိုင်ခဲ့သော စိမ့်ရေအိုင်ကို အမှတ်ရစေသည်။

မိကျောင်းများကို ကြည့်ကာ အတွေးများနေသော ဖန့်ရန်နှင့် ငါးကီလိုမီတာအကွာရှိ နေရာတွင် တိတ်တဆိတ် ဆိုက်ကပ်ထားသော ပြုပြင်မွမ်းမံထားသည့် ထရပ်ကားကြီးတစ်စင်း ရှိနေပေသည်။

ဤထရပ်ကားအား သံမဏိအကန့်များဖြင့် ပိတ်ဆို့ထားလေသည်။ တချို့နေရာ၌ မှန်များတပ်ဆင်ထားကာ ၎င်းနောက်၌ စတီးတိုင်များကို ဝရိန်ဆော် စိုက်ထူထားသည်။

တာယာများ၏ အပြင်ဘက်ခြမ်းတွင်ပါမချန် စတီးအကာ ရှိပေသည်။

ထရပ်ကား၏ ထိပ်တွင်မှု ရှည်လျားသော အင်တာနာများစွာပါရှိသော အချက်ပြ ကိရိယာတစ်ခု ပါရှိသည်။

.....

All Chapters