မြက်ခင်းပြင်ရဲ့ ဘုရင်
Vol. 6 Ch. 84
"အားလုံးပဲ မင်္ဂလာပါ၊ ငါကတော့ မင်းတို့ရဲ့သူငယ်ချင်း ဂျွန်နီပါ"
ဆံပင်ဘေးတိုက် ခွဲထားသော အမျိုးသားတစ်ယောက်က ကင်မရာရှေ့မှာ ရပ်ပြီး သူ့ကိုယ်သူ ပရိသတ်ကို မိတ်ဆက်နေသည်။
"လွန်ခဲ့တဲ့တစ်လက တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ဖို့ ယူဂန်ဒါ မြက်ခင်းပြင်ဒေသကို လာခဲ့မယ်လို့ လူတိုင်းကို ပြောခဲ့တယ်နော်"
ထိုလူက ပြုံးပြီး စကားဆက်သည်။
"ဒါပေမယ့် အားလုံးက အဲဒီတုန်းက ငါ့ကို မယုံကြဘူးလေ... ဒါကြောင့် သက်သေပြဖို့ ငါအခု ဒီကို ရောက်နေပြီမှတ်လား..."
"အော် ဒါနဲ့ ... ဒီစတူဒီယိုက နည်းနည်းထူးခြားတာကို မင်းတို့ သတိထားမိကောင်း၊ ထားမိမှာပေါ့"
ဂျွန်နီလို့ အမည်ရသည့် အမျိုးသားက စတူဒီယိုပုံစံကို ပြဖို့ ကင်မရာမင်းကို နေရာ ရွေ့ခိုင်းသည်။
"ပြောရရင် ကျွန်တော် အခု ရောက်နေတဲ့ စတူဒီယိုက အလျား ဆယ်မီတာနဲ့ အကျယ် နှစ်ဒဿမ ငါးမီတာရှိတဲ့ ထရပ်ကားကြီး တစ်စင်းထဲမှာပါ"
"ယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသက သားရဲ တိရိစ္ဆာန်တွေရဲ့ အကောင်းဆုံးနဲ့ အစစ်မှန်ဆုံး ဖြစ်တည်မှုကို ပရိသတ်တွေကို တင်ဆက်ဖို့ ကျွန်တော့်တို့ အဖွဲ့သားတွေ အားလုံး ဒီမှာပဲ ရှိနေမှာပါ"
"ပြီးတော့ အခု မြင်နေရတာတွေက ကြိုတင်မှတ်တမ်းတင်ထားတာ မဟုတ်ဘူး ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်"
"ဒီအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် ပြင်ဆင်နေတာ တစ်နှစ်ခွဲလောက် ရှိခဲ့ပြီ၊ အင်တာနက်မှာ အသိပေးစာ တင်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုဟာ ပြီးလုနီးပါး ဖြစ်နေခဲ့ပြီလို့ ဆိုနိုင်ပါတယ်"
"ဒါ့အပြင်၊ စစ်မှန်တဲ့ ဓာတ်ပုံတွေကို အပြည့်အ၀ ဖမ်းယူနိုင်ဖို့အတွက် ဖုံးကွယ် လုပ်ဆောင်ချက်တွေပါတဲ့ ကင်မရာအလုံး ငါးဆယ်ကို ပြင်ဆင်ထားပါတယ်။ အရင်က ထားခဲ့တဲ့ ကင်မရာတွေနဲ့ ဆို၊ ကင်မရာ စုစုပေါင်း အလုံး တစ်ရာငါးဆယ် ရှိတယ်"
"ယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသရဲ့ အစစ်အမှန် မျက်နှာကို မြင်နိုင်ဖို့ ဒီကင်မရာ အလုံး တစ်ရာငါးဆယ်ကို အသုံးပြုပါမယ်"
"ဒီအစီအစဉ်ရဲ့ နာမည်ကို လူတိုင်းက သိလောက်မှာပါ.... အစီအစဥ်ရဲ့ နာမည်က"
"မြက်ခင်းပြင်ရဲ့ ဘုရင်!"
ဂျွန်နီ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အရောင်များ ပေါ်လာသည်။
"တိရိစ္ဆာန်ရုပ်ရှင်တွေက စိတ်လှုပ်ရှားစရာကောင်းပေမယ့် တိရစ္ဆာန်တွေကြားက တိုက်ပွဲကို အတုယူဖို့ ကွန်ပျူတာသုံးပြီး ဖန်တီးထားတာတွေပါ။ နောက်ဆုံးတော့ အဲဒါက အတု ဖြစ်နေတုန်းပဲ"
"ကဲ မကြာခင်မှာ ယှဉ်ပြိုင်မယ့် တိရစ္ဆာန်မျိုးစုံရဲ့ စစ်မှန်တဲ့ တိုက်ပွဲတွေကို ဒီရုပ်ဖျက်ကင်မရာများမှတဆင့် သင့်ကို ပြသပေးသွားမှာပါ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ တိရစ္ဆာန်တွေကြား တိုက်ပွဲကို သင့်ကိုယ်တိုင်း မြက်မြင်ကိုယ်တွေ့ ကြုံရဖို့ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့"
"ဒီတိရိစ္ဆာန်တွေရဲ့ နေ့စဉ်အမဲလိုက်မှုတွေကို အခြေခံပြီး ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်မှုကိုလည်း လုပ်ဆောင်သွားမှာပါ။ အကဲဖြတ်မှုမှာ အမဲလိုက်ခြင်းရဲ့ ရည်ရွယ်ချက်၊ အမဲလိုက်အရေအတွက်...စသည်တို့ ပါဝင်ထည့်သွင်း သွားမှာပါ"
"ဟားဟားဟား..၊ အခု မင်း စိတ်လှုပ်ရှားနေလားတော့ မသိဘူး၊ ပုဂ္ဂိုလ်ရေးအရတော့ ဒီတိရိစ္ဆာန်တွေရဲ့ စွမ်းဆောင်ရည်ကို မြင်ရဖို့ ငါ မစောင့်နိုင်တော့ဘူး!"
"အင်း.. ငါလည်း မိုက်မဲမှုတွေကို ရပ်လိုက်တော့မယ်။ ယခုကျွန်ုပ်တို့ရဲ့ ပထမဆုံးပြိုင်ပွဲဝင် ဟိုင်းအီးနားတွေနဲ့ တွေ့ကြရအောင်"
...
ရှိန်းသည် ဒုတိယနှစ်ကျောင်းသားဖြစ်၏။ ပုံမှန် တနင်္ဂနွေပိတ်ရက်မှာ ဆိုရင် သူသည် သူ့ကောင်မလေးနဲ့ သွားချိန်းတွေ့မှာ သေချာသည်။
သို့ပေမယ့် ဒီနေ့မှာတော့ သူ့ကောင်မလေးကို သူအအေးမိပြီ ဖျားနေလို့ အနားယူမယ်လို့ လိမ်ညာပြောခဲ့သည်။
ယခုတော့ သူ့ကောင်မလေးကို သူပြောခဲ့သည့်စကားနှင့် မတူဘဲ သူသည် ကွန်ပြူတာရှေ့ထိုင်ကာ အခန်းဖော်သုံးယောက်နှင့် တိုက်ရိုက်ထုတ်လွှင့် တစ်ခုကိုကြည့်နေပြီး အလွန်သွက်လက်နေပုံရသည်။
၎င်းတို့ ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ မြင်ကွင်းသည် မြက်ခင်းပြင်ရဲ့ ဘုရင် အစီအစဉ်ကို မိတ်ဆက်ပေးနေသည့် ဂျွန်နီ၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သည်။
ဂျွန်နီသည် နာမည်ကျော်ကြားသော အင်တာနက်ကြယ်ပွင့်တစ်ဦး ဖြစ်သည်။
အရိုင်းဆန်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုများကို မကြာခဏ ပြုလုပ်တတ်တာကြောင့် သဘာဝတရားကို သိချင်တဲ့သူတွေကြားမှာ ဂျွန်နီက အလွန်ရေပန်းစားသည်။
ရှိန်းသည် ဂျွန်နီ၏ ပရိသတ်တစ်ဦး ဖြစ်သည်။ သူသာ မကပေ။ သူ့အခန်းဖော်တွေအားလုံးလည်း ဂျွန်နီရဲ့ ပရိသတ်တွေဖြစ်သည်။
အထူးအစီအစဉ်များအပြင် ဂျွန်နီ၏ ရှိုးအများစုသည် တိုက်ရိုက်ထုတ်လွှင့်မှုများဖြစ်သည်။ ဒါက သူ့ကို လူကြိုက်များစေခဲ့သော အင်္ဂါရပ်တွေထဲက တစ်ခုပင်။
"မြက်ခင်းပြင်ရဲ့ဘုရင်!"
ဂျွန်နီ၏ ရှိုးနာမည်ကို သူတို့ကြားတဲ့အခါ ရှိန်းက မနေနိုင်တော့ဘဲ...
“ဒီရှိုးကို ငါကြိုက်တယ်” ... လို့ အော်လိုက်သည်။
သူ့အခန်းဖော် သုံးယောက်ကလည်း စိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် ဖန်သားပြင်ကို ကြည့်နေကြသည်။
သို့သော်၊ ဖန်သားပြင်ပေါ်ရှိ ဂျွန်နီက
"ပထမဆုံးပြိုင်ပွဲဝင် - ယူဂန်ဒါ.မြက်ခင်းပြင်ဒေသရဲ့ ဟိုင်းအီးနား"
ဟု ပြောလိုက်သောအခါတွင် လူလေးယောက်၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။
"ဟိုင်းအီးနားတွေလည်း မြက်ခင်းပြင်ရဲ့ ဘုရင်ဘွဲ့ အတွက် ရွေးချယ်မှုမှာ ပါဝင်နေတာလား"
အခန်းဖော်တစ်ယောက်က ရေရွတ်လိုက်သည်။
ရှိန်းလည်း မသက်သာဟန်ဖြင့် ပြောသည်။
"ဟိုင်းအီးနားတွေက မြက်ခင်းပြင်ရဲ့ ဘုရင် ဘွဲ့အတွက် ယှဉ်ပြိုင်ဖို့ တကယ် မသင့်တော်ဘူး။ သူတို့ တကယ် ပြိုင်သင့်တာက အရှက်ကင်းမဲ့တဲ့ ဘုရင်ဘွဲ့ပဲ ဖြစ်သင့်တယ်”
ကျန်တဲ့ အခန်းဖော် သုံးယောက်လည်း ခေါင်းညိတ် သဘောတူသည်။
ဟိုင်းအီးနားများသည် မြက်ခင်းပြင်ရဲ့ ဘုရင်ဖြစ်လိုလျှင် ၎င်းတို့၏ ဆိုးရွားသော အပြုအမူများကို ဦးစွာဖယ်ရှားသင့်သည်ဟု သူတို့ ထင်မိသည်။
ဂျွန်နီက တခြားပြိုင်ပွဲဝင်တွေကို စခရင်မှာ ဆက်ပြီး မိတ်ဆက်ပေးသည်။
"မင်းတို့ ဟိုင်းအီးနားတွေကို မကြိုက်တာဖြစ်နိုင်ပင်မယ့်၊ သူတို့က အအောင်မြင်ဆုံး သားရဲတွေ ဖြစ်နေတာက ငြင်းလို့မရဘူး၊ ဒါကြောင့် ပြိုင်ပွဲမှာ ပါဝင်ရတာက သဘာဝကျပါတယ်"
"အကယ်၍ မင်းသူတို့ကို မထောက်ခံချင်ဘူးဆိုရင်တောင်၊ နောက်တစ်ခုက မင်းထောက်ခံချင်စိတ်ကို ပေါ်စေလိမ့်မယ်"
"ကဲ၊ ဒုတိယပြိုင်ပွဲဝင် ကျားသစ်တွေဆီ ရွှေ့လိုက်ရအောင်"
ဂျွန်နီ၏ အသံကျသွားပြီးနောက် ရှိန်း၏ ကွန်ပြူတာဖန်သားပြင် မြင်ကွင်းသည် အပိုင်း နှစ်ပိုင်းကွဲသွား၏။ တစ်ခုက စတူဒီယိုအတွက်ဖြစ်ပြီး နောက်တစ်ခုက ကျားသစ်တွေအတွက် ဖြစ်သည်။
ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းတွင် ကျားသစ်ငါးကောင်ရှိနေပေသည်။ ၎င်းတို့သည် မြေပြင်ပေါ်တွင် အေးအေးလူလူ လဲလျောင်းနေပြီး ဘယ်၊ ညာ ကြည့်နေပေ၏။
"မင်းတို့ မြင်ကြတဲ့အတိုင်း ဒီကျားသစ်အုပ်စုမှာ စုစုပေါင်း ကျားသစ်ငါးကောင်ရှိတယ်။ ဒါက ဟိုင်းအီးနား အုပ်စုလိုပဲ၊ ဒီကျားသစ်အုပ်စုက လက်ရှိအချိန်ထိ ငါတို့တွေ့ခဲ့ရတဲ့ အကြီးဆုံးနဲ့ အမြန်ဆုံးကျားသစ်တွေပဲ"
"သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံဖို့ အနီးတစ်ဝိုက်မှာ ကင်မရာ အလုံးသုံးဆယ်ကိုလည်း ဖြန့်ကျက်ထားတယ်"
"ကောင်းပြီ။ အခု ကျားသစ် အုပ်စုကို မိတ်ဆက်ပြီးပြီ၊ ဆိုတော့ တတိယပြိုင်ပွဲဝင် မိကျောင်းအုပ်စုဆီ ရွှေ့ကြရအောင်"
ဂျွန်နီက ဆက်ပြောနေကာ ကွန်ပြူတာရှေ့မှ လူလေးယောက်သည် ယင်းကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြသည်။
မကြာမီတွင် ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် မိကျောင်းကြီးတစ်ကောင်ပုံ ပေါ်လာခဲ့သည်။
"ဒီမိကျောင်းအုပ်စုထဲမှာ အကြီးဆုံး မိကျောင်းတစ်ကောင် ပါဝင်တယ်၊ သူက ခုနစ်မီတာကျော်ရှည်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးမိကျောင်းလို့ သတ်မှတ်ခံရတဲ့ ရွမ်း"
"ရွမ်းက အသက် ရှစ်နှစ်ပဲရှိသေးတာဆိုပင်မဲ့၊ သူက ထိပ်တန်း သားရဲတွေထဲ ပါဝင်တယ်။ ကျုပ်အထင်တော့ သူက မြက်ခင်းပြင်ရဲ့ ဘုရင်ဘွဲ့ကို ယူနိုင်ချေများတယ်”
ရွမ်း ဟုခေါ်သော မိကျောင်းကို ပရိသတ်အား သေချာမြင်စေရန် ကင်မရာမင်းက ကင်မရာမြင်ကွင်းအား ရုတ်တရက် ချဲ့ပြသည်။
ချွန်ထက်သောသွားများနှင့် အေးစက်သည့် မျက်လုံးများကို မြင်တွေ့ရန် ကင်မရာမြင်ကွင်းကို အနီးကပ် ချဲ့ထွင်ထားသောကြောင့်၊ ယင်းသည် လူအများကို အလွန်ကြောက်စရာကောင်းသည့် ခံစားချက်ကို ခံစားရစေသည်။
ကွန်ပြူတာစခရင်ရှေ့မှာ လူလေးယောက်သည် ယင်းမိကျောင်းကိုမြင်ပြီးနောက် မထိန်းနိုင်ဘဲ အော်ညည်းလိုက်ကြသည်။
"ဘုရားရေ၊ ကြောက်စရာကောင်းလိုက်တာ ငါသာ ခရီးသွားနေတုန်း တောထဲမှာ ဒီလိုမိကျောင်းမျိုးတွေ့ရင် တိုက်ရိုက် မူးမေ့သွားမှာ အသေချာပဲ"
ရှန်း အံ့သြသွားသည်။
ဖန်သားပြင်ပေါ်တွင် မိကျောင်းကို မိတ်ဆက်ပေးပြီးနောက် ဂျွန်နီသည် ခေတ္တရပ်ကာ ရုတ်တရက် ပြုံးလိုက်သည်။
"ကဲ... ငါတို့ရဲ့ နောက်ဆုံး ပြိုင်ပွဲဝင်ပဲ"
" ခြင်္သေ့ဘုရင်!"
ကျယ်ပြောလှသော နေရာတိုင်းရှိ လေထုကို မြင့်မားပူပြင်းလွန်းသည့် အပူရှိန်က ပုံပျက်ပန်းပျက် ဖြစ်နေစေသည်။
ရုတ်တရက် ခြင်္သေ့တစ်ကောင်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး ရှေ့သို့ အေးအေးလူလူ လျှောက်လှမ်းလာသည်။
ကင်မရာမြင်ကွင်းကို အကျယ်ချဲ့ပြီးနောက်၊ ယင်းခြင်္သေ့၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။
၎င်းတွင် အစွမ်းထက်သော ခြေသည်း လက်သည်းများနှင့် သာယာလှပသည့် လည်ဆံမွေး၊ အေးစက်သော မျက်လုံးများနှင့် ရံဖန်ရံခါ မြင်တွေ့နိုင်သော ချွန်ထက်သည့် အစွယ်များ ရှိပေသည်။
ကြီးကျယ်ခမ်းနားသော ဤသားရဲ၏ အသွင်အပြင်ကိုမြင်ပြီးနောက် ကွန်ပြူတာစခရင်ရှေ့မှ လူလေးယောက် အံ့အားသင့်သွားကြသည်။
နောက်အခိုက်အတန့်မှာတော့ လူလေးယောက်စလုံး၏ မျက်နှာသည် စိတ်လှုပ်တရှားမှုကြောင့် နီးမြန်လာတော့သည်။
“ကြောက်စရာကောင်းလွန်းတယ်။ ငါကို ဘာက သူ့ကို ကိုးကွယ်ဖို့ တိုက်တွန်းနေတာလဲ”
"ဒါက မြက်ခင်းပြင်ရဲ့ ဘုရင် အစစ်အမှန်ပဲ၊ ဘယ်လို ဟိုင်းအီးနားက၊ ဒီလို ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်တဲ့ ခြင်္သေ့နဲ့ နှိုင်းယှဥ်နိုင်မှာလဲ.... သူတို့က အဖျက်ကောင်း သာသာပဲ"
"ဟုတ်တယ်! ဒီခြင်္သေ့က နောက်ဆုံးမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်သူဖြစ်ရမယ်”
လူလေးယောက်က စိတ်အားထက်သန်စွာ ပြောဆိုနေကြ၏။ သူတို့ကြည့်ရတာ အလွန်စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
ရုတ်တရက် စခရင်ပေါ်ရှိ မြင်ကွင်းသည် စတူဒီယိုဆီသို့ ပြန်လှည့်သွားသည်။
ဂျွန်နီက ပြောသည်။
“ဒီခြင်္သေ့အဖွဲ့မှာ သူ့အပြင် ခြင်္သေ့ငါးကောင်ရှိတယ်။ ဒါက ကြီးမားတဲ့ ခြင်္သေ့အုပ်စု မဟုတ်ပင်မယ့်၊ ပြိုင်ပွဲအတွက် ကျွန်တော်တို့ ရွေးချယ်တဲ့ အကြောင်းတစ်ခု ရှိတယ်”
"ဒီခြင်္သေ့က ကျွန်တော်တို့ တွေ့ဖူးသမျှထဲက အသန်မာဆုံးတစ်ကောင်ပဲ"
“သူ့ ခန္ဓာကိုယ်က အရှည် သုံးမီတာကျော်ရှိပြီး ပခုံးအမြင့်က တစ်ဒဿမနှစ်မီတာ ရှိတယ်။ ဒါက ဧရာမ ပဲလို့ ဆိုနိုင်တယ်။ အော်.... ဟုတ်သား၊ မိကျောင်းဘုရင်လိုပဲ သူ့မှာ နာမည်ရှိတယ်...... နာမည်က လေဘိုပဲ”
ဂျွန်နီက ဆက်ပြောနေသည်။ သူ့မျက်နှာမှာ ခံစားချက်တွေ ပြည့်နှက်နေ၏။
သူသည် တိရိစ္ဆာန် ချစ်မြတ်နိုးသူဖြစ်သည်။ အထူးသဖြင့် တောရိုင်း တိရိစ္ဆာန်များကို စွဲလမ်းသူဖြစ်သောကြောင့် အနုပညာ နယ်ပယ်တွင် အစီအစဉ်များစွာကို သူ လုပ်ဆောင်ခဲ့သည်။
အန္တရာယ်အမျိုးမျိုးကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ကာ ဤယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ကို ရောက်လာနိုင်တာကလည်း သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပင်။
“ဟူး……”
အသက်ပြင်းပြင်းရှူရင်း သူ့မျက်နှာမှာ အပြုံးတစ်ခုနဲ့ ဂျွန်နီက ဆက်ပြောပြန်သည်။
“အခု ပြိုင်ပွဲဝင်တွေကို မိတ်ဆက်ပေးပြီးပြီဆိုတော့.... အနိုင်ရနိုင်ခြေအရှိဆုံး ပြိုင်ပွဲဝင်ကို ခန့်မှန်းပေးဖို့ အထူးဧည့်သည်တော် ပါမောက္ခဘဲလ်ကို မေးမြန်လိုက်ရအောင်"
ကင်မရာက ဂျွန်နီ၏ ညာဘက်ခြမ်းကို လှည့်သွားသည်။ ကင်မရာ မြင်ကွင်းတွင် ကုလားထိုင်တွင် အေးအေးဆေးဆေး ထိုင်နေသည့် အမျိုးသားတစ်ဦး ပေါ်လာသည်။
ယင်းအမျိုးသားက အနည်းငယ်ပြုံးပြီး ကင်မရာဆီသို့ လက်ပြသည်။
"ပါမောက္ခဘဲလ်က ဇီဝဗေဒနဲ့ ထင်ရှားတဲ့ ပါမောက္ခတစ်ဦးပါ.... ကဲ ကျွန်တော်တို့ အနိုင်ရနိုင်ခြေအရှိဆုံး ပြိုင်ပွဲဝင်ကို ပါမောက္ခဘဲလ်ကို မေးကြည့်ကြရအောင်"
ဂျွန်နီက ၎င်းသို့ ပရိတ်သတ်ကို ပြောပြပြီးနောက်၊ ပါမောက္ခဘဲလ်ဆီ လှည့်ကာ မေးမြန်းသည်။
“ပါမောက္ခဘဲလ် အနေနဲ့ ဘယ်ပြိုင်ပွဲဝင်အဖွဲ့က အနိုင်ရနိုင်ခြေ အရှိဆုံးလို့ ထင်လဲဗျ”
ထိုသို့ပြောပြီးနောက် ဂျွန်နီက ပါမောက္ခဘဲလ်ကို တည့်တည့်ကြည့်ကာ နားစွင့်နေသည်။
ဂျွန်နီ၏ အမေးကို ကြားပြီးနောက်၊ ပရော်ဖက်ဆာဘဲလ်က ပြုံးပြီး ဖြေသည်။
“ငါ့အထင် မိကျောင်းအုပ်စုဖြစ်မယ်ထင်တယ်”
ပရော်ဖက်ဆာဘဲလ်က ထိုသို့ပြောပြီးနောက်၊ ကင်မရာမြင်ကွင်းသည် နှစ်ပိုင်းကွဲသွားကာ၊ တစ်ခုက မိကျောင်းအမျိုးမျိုးကို အနီးကပ် ပြသသည်။
"ဘာလို့ ခြင်္သေ့မဟုတ်ရတာလဲ"
ဂျွန်နီသည် စခရင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ သူ့ဘေးနားရှိ ပါမောက္ခဘဲလ်ကို ချက်ချင်းမေးလိုက်သည်။
ယင်းကိုကြားတော့ ပရော်ဖက်ဆာဘဲလ်က ဖြေသည်။
"ခြင်္သေ့အုပ်စု ဝင်တွေက အရမ်းနည်းတဲ့အတွက် တစ်လကို တစ်ကြိမ်တောင် သူတို့ဘာသာသူတို့ အမဲလိုက်ခဲတယ်”
“ဒါ……”
ဂျွန်နီ မျက်နှာက တင်းမာသွားပြီး ရှိုက်ကြီးတငင် ပြုံးသည်။
“ဟုတ်တယ်၊ ဒါက မှန်ပင်မယ့် ဒီခြင်္သေ့အထီးက အရမ်းကြီးပြီး ခံ့ညားလွန်းတဲ့အတွက် သူ့ကို ဒီပြိုင်ပွဲအတွက် စံပြအကောင်လို့ သတ်မှတ်လိုက်တာ”
ထိုသို့ပြောပြီးနောက် သူသည် ကင်မရာဘက်သို့ ပြန်လှည့်လိုက်သည်။
“မိကျောင်းအုပ်စုက 'မြက်ခင်းပြင်ရဲ့ ဘုရင်' ဘွဲ့ကို ဆွတ်ခူးနိုင်ခြေအရှိဆုံးလို့ ပါမောက္ခဘဲလ်က ပြောတယ်... ကဲ ... ဆက်ကြည့်ကြရအောင်…”
.....