← Chapters

ပထမဆုံး ပြိုင်ပွဲဝင် ထွက်!

Vol. 6 Ch. 85

ပထမဆုံး ပြိုင်ပွဲဝင် ထွက်!

Vol. 6 Ch. 85

မြစ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမ မိကျောင်းတစ်ကောင်သည် ဖြည်းညှင်းစွာ ကိုယ်ဖော့ ကူးခတ်နေလေသည်။ ၎င်းနှင့် အတော်လေး ဝေးသောနေရာတွင် မိကျောင်းများ ရှိနေပေ၏။

ထိုဧရာမမိကျောင်း၏ အနားသို့ အခြား မိကျောင်းများ မသွားရဲကြချေ။

သားကောင်ရောက်လာတာကို စိတ်ရှည်စွာ စောင့်မျှော်ရင်း ယင်းသည် ရေမျက်နှာပြင်မှာ သစ်တုံးပမာ လွင့်မျောနေပေသည်။

တစ်ဒါဇင်ကျော် အကွာက ကမ်းစပ်တွင် ကျောက်တုံးသဏ္ဍာန် ဖုံးကွယ်ထားသော ကင်မရာသုံးလုံး ရှိနေသည်။ ၎င်းကင်မရာများသည် ထိုမိကျောင်းကို ချိန်ရွယ်ထားပြီး သူ၏ လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်နေသည်။

မိကျောင်းဘုရင် ရွမ်း။

ထိုဧရာမမိကျောင်းကို ရှာဖွေတွေ့ရှိပြီးနောက် ယူဂန်ဒါ မြက်ခင်းပြင်ဒေသသို့ ရောက်ရှိလာသော သုတေသီများအားလုံးသည် ၎င်းကို သွားရောက်ကြည့်ရှုရန် မမေ့ခဲ့ချေ။

အခုတလော ယင်းမိကျောင်းသည် တိရစ္ဆာန်ချစ်မြတ်နိုးသူ အသိုင်းအဝိုင်းတွင် အလွန်နာမည်ကြီးနေခဲ့သည်။

ကိုယ်ထည်အရှည် ခုနစ်မီတာကျော်ရှိသဖြင့် ၎င်းကို ထိပ်တန်းသားရဲ များထဲတွင် ဧရာမဟု ယူဆနိုင်လေသည်။

၎င်းမိကျောင်းက ဆင်ငယ်တစ်ကောင်ကို ဖမ်းစားနေတာကို မြင်တယ်လို့ လူတချို့က ပြောထားသော မှတ်တမ်းမှတ်ရာလည်း ရှိပေသည်။

ခြင်္သေ့ကို အမဲလိုက်တဲ့ မှတ်တမ်းတွေလည်း ရှိ၏။

၎င်းမိကျောင်း၏ လှုပ်ရှားမှုအားလုံးကို ဂရုတစိုက်ကြည့်ရှုနိုင်ရန် ဂျွန်နီ၏ ပံ့ပိုးကူညီမှုအဖွဲ့မှ ကွဲပြားသော လမ်းကြောင်းများမှ ရိုက်ကူးရန် ကင်မရာသုံးလုံးကို အထူးစီစဉ်ထားသည်။

ရုတ်တရက် ဂေါ်ရယ်တစ်ယောက် ရေသောက်ချင်ပုံပေါ်တဲ့ အနားကို လျှောက်လာသည်။

ယင်းကိုမြင်လိုက်သည့် မိကျောင်းရွမ်းသည် ရေအောက်မှာ ညင်သာစွာ နစ်မြုပ်သွားပြီး ထိုဂေါ်ရယ်ကို အမဲလိုက်ဖို့ ပြင်ဆင်နေချိန်တွင် မည်သူမျှ မျှော်လင့်မထားသော အရာတစ်ခု ဖြစ်လာခဲ့သည်။

ဘုန်း!

မိကျောင်းရွမ်း ရှိခဲ့သော နေရာမှ စ၍ လှိုင်ဂရက်များ ထလာကာ ရေပြင်မှာ မတည်ငြမ်တော့ပေ။

ရေသောက်ရန် ရောက်လာသော ဂေါ်ရယ်မသည် မြစ်လယ်မှ ကြီးမားသော ရေတိုင်းလုံးကြီးများ ထလာသည်ကို မြင်၍ ကြောက်လှန့်တကြားနှင့် ချက်ခြင်းပင် အဝေးသို့ ထွက်ပြေးသွား၏။

အခြားသော မိကျောင်းများသည်လည်း ရုတ်တရက်ပေါ်လာသည့် ကျယ်လောင်သော ဆူညံသံကြောင့် ထိတ်လန့်တကြား အဝေးတစ်နေရာသို့ ကူးခတ်သွားကြသည်။

ဂျွန်နီနှင့် အထူးဧည့်သည်တော် ဘဲလ်တို့သည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်ရှုနေကြသည်။

မိကျောင်းရွမ်းသည် ရေအောက်တွင်နစ်မြုပ်သွားသည့်အခိုက်တွင် ရေပြင်က လှိုင်းဂရက်များ ထလာကာ ရေတိုင်းလုံးကြီးများ ပေါ်လာခြင်းသည် ရေအောက်၌ တိုက်ပွဲတစ်ခု ဖြစ်နေကြောင်း ဖော်ညွှန်နေသည်။

"ရွမ်းကို တိုက်ခိုက်ရဲတဲ့ တိရစ္ဆာန် ရှိနေတာလား"

ဂျွန်နီက ခေတ္တခဏ ငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်။

ဤကဲ့သို့ အင်အားကြီးမားသော သတ္တဝါကို တိုက်ခိုက်ရန် မည်သည့် တိရစ္ဆာန်က သတ္တိရှိနေပါသနည်း။

"ကြည့်ရတာ ရွမ်းတော့ မကြာခင် နေ့လည်စာ စားရတော့မယ်ထင်တယ်"

ပါမောက္ခဘဲလ်သည် တဖြည်းဖြည်း တည်ငြမ်သွားကာ ရယ်မောလိုက်၏။

ဂျော်နီလည်း ပြုံးလိုက်သည်။

ရွမ်း၏ အခြေအနေကို သူတို့နှစ်ယောက်လုံး စိတ်မပူချေ။ ခုနှစ်မီတာကျော် အရှည် ရှိသည့် ဧရာမမိကျောင်းရွမ်းကို ရေအောက်၌ ဘယ်လိုအရာက ခြိမ်းခြောက်နိုင်မှာလဲ။

ဤသို့ တိုက်ခိုက်ရဲသည့် တိရိစ္ဆာန်သည် အလွန်မိုက်မဲကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

အကယ်၍ ဒီလိုတိုက်ပွဲသာ ဖြစ်လာမယ်မှန်း သိခဲ့လျှင် ရေအောက်၌ ကင်မရာတစ်လုံးကို စီစဉ်ခဲ့ပေမည်။ ယခုတော့ သူတို့ နောင်တရနေချေပြီ။

...

ရေအောက်၌ ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားနေခဲ့သည်။

ဤသည်မှာ ဧရာမမိကျောင်းနှင့် ဧရာမစပါးအုံးမြွေကြီးတို့ကြားက တိုက်ပွဲဖြစ်သည်။

ဧရာမစပါးအုံးမြွေကြီးသည် သူ၏ တုန်လှုပ်ဖွယ် ခန္ဓာကိုယ်ကို အသုံးပြုကာ ဧရာမ မိကျောင်းကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ လည်ပင်းကို မလွတ်တမ်းကိုက်ခဲထားလေသည်။

သို့သော် ဧရာမမိကျောင်းသည် အရှုံးမပေးချေ။ ယင်းသည် ရေထဲတွင် အရူးအမူး လူးလွန့်ကာ ဧရာမစပါးအုံးမြွေကြီး၏ ရစ်ပတ်မှုကို ဖယ်ရှားရန် ကြိုးစားလျက်ရှိသည်။

သူ၏ ချွန်ထက်သောသွားများသည် ဤအချိန်တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ၎င်းတို့သည် ဧရာမမိကျောင်းကြီး၏ လည်ပင်းကို နက်ရှိုင်းစွာ ကုတ်တွယ်ထားမှုကြောင့် သူ၏ ကြီးမားသောခန္ဓာကိုယ်နှင့် ဧရာမမိကျောင်းကြီး၏ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ရစ်ပတ်ထားနိုင်စေသည်။

ဖန့်ရန်သည် ဧရာမမိကျောင်းကြီး၏ လည်ပင်းမှ အသားအပိုင်းအစကို ကိုက်ဖြတ်ရန် ကြိုးစားနေသည်။

ဤမိကျောင်းကိုက်သောအခါတွင် အဆိပ်ကိုသူ မသုံးခဲ့ပေ။

ဤမိကျောင်းက အတော်ကြီးသည်။ သူသာ အဆိပ်ကို အသုံးပြုနေစဥ် ယင်းသည် အရူးအမှုး ရုန်းကန်လိုက်ပါက သူ့ သွားစွယ်တွေ ပျက်စီးသွားဖို့ သေချာနေသည်။

ဖန့်ရန်၏ ကြွက်သားများသည် ပို၍ပို၍ အားအင်များ ပြင်းထန်လာကာ မိကျောင်းသည် တဖြည်းဖြည်း ပိုအားနည်းလာသည်။

ဧရာမမိကျောင်း၏ ကိုယ်ထည်အရှည်သည် ခုနစ်မီတာသာ ရှိသော်လည်း ဖန့်ရန်၏ ကိုယ်အထူနှင့် သိပ်တော့ မကွာခြားပေ။

ဤသည်မှာ ရှေးခေတ်က မုဆိုးများ ကြားတွင်းပင် ဘုရင်တစ်ပါးဟု ခေါ်နိုင်သော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

"ဂလု"

ဖန့်ရန်သည် ဧရာမမိကျောင်း၏ လည်ပင်းမှ အသားအပိုင်းအစကြီးကို ကိုက်ဖြတ်လိုက်ပြီး ယင်းကို ပျော်ရွှင်စွာ မျိုချလိုက်သည်။

ဧရာမမိကျောင်း၏ လည်ပင်းမှ သွေးများစွာ ပန်း ထွက်လာသည်။

ကြည်လင်သော မြစ်ရေသည် တဖြည်းဖြည်း နီရဲလာ၏။

ဧရာမမိကျောင်း၏ ရုန်းကန်လှုပ်ရှားမှုများသည် တဖြည်းဖြည်း အားနည်းလာကာ မကြာမီတွင် လှုပ်ရှားရပ်တန့်သွားခဲ့သည်။

ဖန့်ရန်သည် ဧရာမမိကျောင်းကို ချုပ်နှောင်ထားခြင်းကို လွှတ်လိုက်ပြီး သူ နေရာယူ ထားသော ကမ်းစပ်ဆီသို့ ဆွဲခေါ်သွားသည်။

...

စတူဒီယိုတွင်၊ ဂျွန်နီနှင့် ပါမောက္ခဘဲလ်တို့သည် ဖန်သားပြင်မှ အကြည့်မလွှဲသေးချေ။

အချိန်အတော်ကြာပြီးနောက် လှိုင်းထန်နေသော ရေပြင်သည် တဖြည်းဖြည်း တည်ငြိမ်လာသည်ကို သူတို့တွေ့လိုက်ရသည်။

သိပ်မကြာခင်မှာပင် ရေအောက်ကနေ အနီရောင် အကွက်တွေ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

တိုက်ပွဲပြီးပြီ။

ရွမ်း နေ့လည်စာ ရသွားပြီ။

"နောက်ဆုံးတော့ ရွမ်းပဲ နိုင်သွားပုံရတယ်။ ကဲ ... ရွမ်းနဲ့ ရင်ဆိုင်ရဲတာ ဘယ်သတ္တဝါလဲဆိုတာ ... ငါတို့ကြည့်ရအောင်"

ဂျွန်နီက ပြုံးပြီး ကင်မရာဘက် လှည့်ကာ

"အဲဒါက အတော်ကြီးတဲ့ ငါးတစ်ကောင် ဖြစ်နိုင်တယ်၊ ဒီတစ်ကြိမ် ရွမ်းက အမှတ်အများကြီးရလိမ့်မယ်”

"ရွမ်းက. အကောင်းဆုံး မြက်ခင်းပြင် ဘုရင်ဘွဲ့ကို ရနိုင်ခြေအရှိဆုံးလို့ ငါထင်မိတယ်"

ဂျွန်နီက ကင်မရာနဲ့ စကားပြောနေချိန်မှာပင် အားလုံးက တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယခုတိုင်း မိကျောင်းဘုရင် ရွမ်းသည် ရေအောက်မှ ရေပေါ် တက်မလာခြင်းကြောင့် ဖြစ်သည်။

မိကျောင်းများသည် ယင်းတို့၏ သားကောင်ကို ရေအောက်မှာ စားလျှင်တောင် ရေနစ်သေမှာ မဟုတ်ပေ။ သို့သော်လည်း ယင်းတို့သည် ယေဘူယျအားဖြင့် ရေမျက်နှာပြင်ပေါ်မှာ စားသောက်ရခြင်းကို နှစ်သက်ကျဆဲပင်။

"ပါမောက္ခဘဲလ်၊ ပြဿနာတစ်ခုခု ဖြစ်နေတာလား"

ဂျွန်နီသည် သူ့ဘေးနားရှိ ပါမောက္ခဘဲလ်ကို ကြည့်လိုက်သည်။

ဘဲလ်သည်လည်း ယင်းက ထူးဆန်းသည်ဟု ခံစားမိသည်။ သူသည် တစ်ခုခုကို တွေးမိလိုက်ပုံရသော်လည်း ခေါင်းကို အမြန်ခါလိုက်၏။၊ အဓိပ္ပါယ်မဲ့လွန်းလှသည်။

“ဆက်ကြည့်ရအောင်”

ယင်းကို ပြောပြီးတာနဲ့ ဘဲလ်သည် သူ့ရှေ့က ဖန်သားပြင်ကို သေချာစိုက်ကြည့်နေသည်။

ဂျွန်နီလည်း ခေါင်းကိုလှည့်ပြီး ကြည့်လိုက်သည်။

ရုတ်တရက် ရေလိုင်းတစ်ခုသည် ရေမျက်နှာပြင်ပေါ် ပေါ်လာပြီး အဝေးဆီသို့ အမြန်ရွေ့လျားသွားသည်။

ယင်းလမ်းကြောင်း တစ်လျှောက်တွင် သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး အကွာအဝေးတစ်ခုထိ ပျံ့နှံ့သွားသည်။

“ဒါ...”

စတူဒီယိုထဲရှိ ဂျွန်နီနှင့် ပါမောက္ခဘဲလ် တို့သည် ရေလိုင်းများကို မြင်ပြီးနောက်၊ သာမန်ပင် အံ့အားသင့်ခဲ့ကြသော်လည်း၊ ယခု တွေ့လိုက်ရသည့်အရာမှာ သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။

ရေပေါ်တွင် လွင့်မျောသွားသော အမြီးရှည်ကြီးကို တွေ့လိုက်ရသည်။

ဤအမြီးကို မိကျောင်းဘုရင် ရွမ်း ပိုင်ဆိုင်သည်။

ကြီးကျယ်ခမ်းနားခဲ့သော မိကျောင်းဘုရင်၏ အမြီးသည် သူ့ဘာသာသူ မလှုပ်ရှားဘဲ ရေပေါ်တွင် အရှိန်အဟုန်ဖြင့် ငြိမ်သက်စွာ မျောပါသွားသည်။

ဒါက တိရိစ္ဆာန်တစ်မျိုးမျိုး၏ ဆွဲယူသွားခြင်းကို ခံရသည်မှာ ထင်ရှားပေသည်။

“ဒါက”

ထိုမြင်ကွင်းကိုမြင်တွေ့ပြီးနောက် ဂျွန်နီနှင့် ပါမောက္ခဘဲလ်တို့သည် စကားမပြောနိုင်ကြတော့ပေ။

မိကျောင်းဘုရင် ရွမ်း အသတ်ခံလိုက်ရပြီလား?

သူတို့၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ရှိနေသည်။

ရေအောက်မှာ (၇) မီတာ အရှည်ရှိတဲ့ မိကျောင်းကို ဘယ်လိုတိရစ္ဆာန်မျိုးက သတ်နိုင်သလဲ။

လူတိုင်းတွင် သံသယနှင့် စိတ်ရှုပ်ထွေးမှုများ ကိုယ်ဆီကိုယ်ငှာ ရှိနေကြသည်။

မည်သို့ပင် မယုံနိုင်စရာကောင်းနေပါစေ မိကျောင်းရွမ်းသည် အသတ်ခံခဲ့ရတာကို အမှန် ဝန်ခံရပေမည်။

ဤအချိန်တွင်၊ အကောင်းဆုံး မြက်ခင်းပြင် ဘုရင် ပြိုင်ပွဲမှ မိကျောင်းအုပ်စု၏ ခေါင်းဆောင်.....

ထွက်!

...

All Chapters