နတ်ဆိုးလေလား
Vol. 6 Ch. 86
ဖန့်ရန်သည် ဧရာမမိကျောင်းကို အဝေးသို့ ဆွဲယူပြီး သူနေသော ကမ်းစပ် တစ်နေရာသို့ တက်သွားခဲ့သည်။
သူ့အတွက် စိတ်လှုပ်ရှားစရာကောင်းသည်မှာ စနစ်၏ အသိပေးချက်အရ ဤမိကျောင်းက သူ့ကို စနစ်အမှတ် (၆ဝဝဝ) ကို ပေးစွမ်းနိုင်ပေသည်။
“ဒီလို ဧရာမိကျောင်းမျိုးနဲ့ ကြုံရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ ကံဆိုးတာက ဒီလို မိကျောင်းက တစ်ကောင်တည်း ရှိတာ”
ဖန့်ရန်က စိတ်မကောင်းစွာ တွေးလိုက်မိသည်။
သူ့ ပါးစပ်ကိုဟပြီး ဧရာမမိကျောင်းကို ၎င်း၏ ခေါင်းမှ စ၍ ဖြည်းညှင်းစွာ မျိုချလိုက်သည်။
အရှည် (၁၅) မီတာရှိသည့် သူ့ခန္ဓာကိုယ်နှင့် ၎င်းမိကျောင်းကို မျိုချခြင်းက ပြဿနာတော့ မဟုတ်ပေ။
ဆယ်မိနစ်လောက်ကြာပြီးနောက် ဖန့်ရန်၏ ဝမ်းဗိုက်က ဖောင်းကားလာပြီး ဧရာမမိကျောင်းကို မျိုချခြင်း လုပ်ငန်းစဥ်က ပြီးဆုံးသွားသည်။
...
ဧရာမမိကျောင်းကို မျိုချနေချိန်တွင် သူ့ရဲ့ယခင်လုပ်ရပ်က ဂျွန်နီနဲ့ ပါမောက္ခဘဲလ်တို့ကို အကြီးအကျယ် ထိတ်လန့်စေခဲ့တာကိုတော့ ဖန့်ရန် မသိခဲ့ချေ။
ဂျွန်နီနှင့် ဘဲလ်တို့သာမက "မြက်ခင်းပြင်ရဲ့ ဘုရင်" ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်အားလုံး အံ့အားသင့်နေကြသည်။
ယင်းတို့သည် ဖန့်ရန်၏ ဧရာမမိကျောင်းကို ဆွဲယူသွားသည့် ရေလမ်းကြောင်း ပုံစံကို တည်းဖြတ်ပြီး အင်တာနက်ပေါ်မှာ အမြန်ဆုံး တင်ခဲ့လေသည်။
ထိုဗီယိုတိုကြောင့် သူတို့သည် နာရီအနည်းငယ်အတွင်းမှာပဲ ကြည့်ရှုသူ သန်းပေါင်းများစွာ ရရှိခဲ့သည်။
မိကျောင်းဘုရင် ရွမ်းသည်၊ လူ့အသိုင်းအဝိုင်းမှာ အလွန်နာမည် မကြီးသော်လည်း၊ တိရိစ္ဆာန်တိုက်ပွဲ ဗီဒီယိုတွေကို ကြိုက်နှစ်သက်သူတွေ ကြားတွင် ရေပန်းစားလေသည်။
သို့ပေမယ့် ယင်းဗီဒီယိုတို၏ အစမှ၊ အဆုံးထိတိုင်း တရားခံ၏ အရိပ်အရောင်ကိုပင် မမြင်ခဲ့ရပေ။
မိကျောင်းဘုရင် ရွမ်းကို ဘယ်သူသတ်တာလဲ။
ဒါက လူတိုင်းရဲ့ နှလုံးသားထဲက မေးခွန်းတစ်ခု ဖြစ်သည်။
...
စတူဒီယိုအတွင်း...။
ပါမောက္ခဘဲလ် သူ့ရှေ့က ဖန်သားပြင်ကို တည်ငြမ်စွာနဲ့ ကြည့်နေသည်။
အစပိုင်းမှာတော့ မိကျောင်းအုပ်စုက ပြိုင်ပွဲမှာ အနိုင်ရဖို့ ဖြစ်နိုင်ခြေအရှိဆုံးလို့ သူခန့်မှန်းခဲ့သည်။
ယခုတော့ မိကျောင်းအုပ်စုထဲက အသန်မာဆုံး မိကျောင်းကို အမည်မသိ တည်ရှိမှုက သတ်လိုက်တဲ့အတွက် ချန်ပီယံဆုကို ရယူနိုင်ဖို့က သူတို့အတွက် အလွန်ခက်ခဲနိုင်ပေသည်။
"ပါမောက္ခဘဲလ်၊ ရွမ်း ကိုသတ်တာ ... ဘယ်လို သတ္တဝါမျိုးလို့ မင်းထင်လဲ"
ဂျွန်နီက ဘဲလ်ကို သူအလွန် သိချင်နေသည့် မေးခွန်ကို မနေနိုင်ဘဲ မေးလိုက်သည်။
ဤသည်မှာ သူသာ မက ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများ၏ စိတ်ထဲက မေးခွန်းတစ်ခုလည်း ဖြစ်သည်။
“ရှိပြီးသား အချက်အလက်တွေကို အခြေခံပြီး ခန့်မှန်းရရင် အတော်လေးခက်တယ်”
ပါမောက္ခဘဲလ်က ပြုံးပြီး ခေါင်းခါပြသော်လည်း သူက မေးခွန်းကို ဖြေနေဆဲဖြစ်သည်။
"ကျုပ်အထင်တော့ အဲဒါက တခြားမိကျောင်းပဲ ဖြစ်ရမယ်၊ သူက ရွမ်း ထက်တောင် ပိုကြီးနိုင်တယ်"
“ဒီမြက်ခင်းပြင်ဒေသလို၊ ရေထဲမှာ အသက်ရှင်နိုင်တဲ့ ထိပ်တန်း အသားစားသတ္တဝါတွေက မိကျောင်းနဲ့ စပါးအုံးမြွေတွေပဲ ရှိတယ်”
“အရင်က တိုက်ပွဲအရဆို... ရွမ်း ရဲ့ ခန္ဓာကိုယ်က အတော်လေး ဒဏ်ရာရ သွားလိမ့်မယ်၊ မဟုတ်ရင် သွေးတွေ အများကြီး ထွက်နေမှာ မဟုတ်ဘူး၊ အဲဒါကို အခြေခံပြီး စပါးအုံးမြွေကို သံသယ စာရင်းထဲက ဖယ်ရှားပစ်နိုင်တယ်”
ဘဲလ်၏ ရှင်းပြချက်ကို နားထောင်ရင်း ဂျွန်နီက ခေါင်းညိတ်သည်။
“ရွမ်း ရဲ့ သေဆုံးမှုက မရည်ရွယ်ဘဲ ရုတ်တရပ် ဖြစ်သွားပုံရတယ်။ ဒါနဲ့ အမည်မသိ ဧရာမ သတ္တဝါကြီးကို ငါတို့ ရှာတွေ့နိုင်မလား?”
"ကျွန်တော်တို့အဖွဲ့က လျှို့ဝှက်ကင်မရာတွေကို အသုံးပြုပြီး ဒီဧရာမသတ္တဝါကြီးရဲ့ ဓာတ်ပုံတွေကို ရယူဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ ... ဖြစ်နိုင်ရင် ရွမ်းထက် ပိုကြီးတဲ့ မိကျောင်းတစ်ကောင်ကို တွေ့နိုင်မှာပါ"
ဂျွန်နီက ကင်မရာဘက် လှည့်ကာ ပြောကြားသည်။
...
အိပ်ခန်းထဲတွင် လီဇီနှင့် လွိုင်ဟွမ်တို့သည် ဘေးချင်းကပ်ထိုင်ကာ ကွန်ပျူတာစခရင်က ထုတ်လွှင့်မှု တစ်ခုကို ကြည့်နေကြသည်။
သူတို့ကြည့်နေကြသည့် တိုက်ရိုက်ထုတ်လွှင့် မှုမှာ ဂျွန်နီက စီစဉ်တင်ဆက်သည့် “မြက်ခင်းပြင်ရဲ့ ဘုရင်” အစီအစဉ်ရှိုး ဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံးသည် တိရိစ္ဆာန်ချစ်သူများဖြစ်သောကြောင့် တောရိုင်းတိရစ္ဆာန်များကို တိုက်ရိုက်ထုတ်လွှင့်သည့် ဤကဲ့သို့ ရှားပါးသော အစီအစဉ်ရှိုးကို သဘာဝအတိုင်း လက်လွတ်မခံနိုင်ချေ။
ဂျွန်နီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် နိုင်ငံခြား အစီအစဉ်တစ်ခုဖြစ်သောကြောင့် ပြည်တွင်း ရုပ်သံလိုင်းများက ပိတ်ဆို့ထားလေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် ၎င်းတို့ကို ဖြတ်ကျော်ကြည့်ရူရန် နည်းလမ်းရှိနေသည်။
ပွဲအစတွင် ဂျွန်နီက ပြိုင်ပွဲဝင်တွေကို မိတ်ဆက်ပေးတာကိုတွေ့တော့ သူတို့ အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။
ဂျွန်နီ၏ ဟိုင်းအီးနားအုပ်စုကို မိတ်ဆက်ပေးခြင်းတွင် စိတ်ပျက်ခဲ့ရသော်လည်း ထိုသို့သော ပြိုင်ပွဲတွင် ဟိုင်းအီးနားများသည် သဘာဝအတိုင်း ပါဝင်မည်ကို သူတို့ နားလည်ခဲ့ကြသည်။
၎င်းတို့ကို အရှက်မရှိသည့် မုဆိုးများဟု လူသိများကြသော်လည်း၊ ယင်းတို့သည် ထိတ်တန်း သားရဲများထဲတွင် ပါဝင် လူသိများလေသည်။
သို့ပင်မဲ့ ဒါက ဤအရှက်မရှိတဲ့ အကောင်တွေကို ပြိုင်ဆိုင်မှုမှာ မြင်ချင်တယ်လို့ မဆိုလိုပေ။
သူတို့၏ အဓိက အာရုံစူးစိုက်မှု အစစ်အမှန်မှာ အခြားပြိုင်ပွဲဝင်နှစ်ဦးဖြစ်သည်။
မိကျောင်းဘုရင် ရွမ်း။
ခြင်္သေ့ဘုရင် လေဘို။
ဒီပြိုင်ပွဲဝင်နှစ်ယောက်က သူတို့အနှစ်သက်ဆုံးပင်။
၎င်းတို့ နှစ်ဦးစလုံးသည် နိုင်နိုင်ခြေအမြင့်ဆုံးဖြစ်သည်။ ဤပြိုင်ပွဲတွင် သူတို့နှစ်ဦးကြား တိုက်ပွဲဖြစ်မှာ သေချာသည်။
လီဇီ အားပေးနေသည့် ပြိုင်ပွဲဝင်မှာ လေဘို ဖြစ်သည်။ လေဘိုက ချန်ပီယံဆုရနိုင်ခြေ အရှိဆုံးဟု သူထင်သည်။
အခြားအကြောင်းကြောင့်မဟုတ်ချေ၊ ခြင်္သေ့ဘုရင်သည် ကြီးစိုးလွန်းသည်ဟု သူစိတ်ထဲတွင် ထင်မိနေသည်။
သို့သော်ငှားလည်း ပါမောက္ခဘဲလ်က မိကျောင်းဘုရင် ရွမ်းက ပြိုင်ပွဲတွင် အနိုင်ရနိုင်ခြေအရှိဆုံးဖြစ်ကြောင်း ပြောကြားပြီးနောက်တွင် သူ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
ပါမောက္ခဘဲလ်၏ စကားများကို ခွန့်တုံ့ပြန် ချေပရန် သူ မတွေးနိုင်ပေ။
"ခြင်္သေ့ဘုရင်နဲ့ မိကျောင်းဘုရင်တို့ တိုက်ပွဲဖြစ်ရင် သိပ်ကောင်းမှာပဲ"
ဤအကောင်ကြီးနှစ်ကောင် အချင်းချင်းတိုက်ခိုက်လျှင် မြက်ခင်းပြင်၏ ဘုရင်ကို ခွဲခြားရလွယ်ကူမယ်လို့ လီဇီ ထင်နေသည်။
သို့ပေမယ့် ယင်းက မဖြစ်နိုင်သလောက်ပင်။ ဂျွန်နီက ပြိုင်ပွဲကို အရမ်းရှုပ်ထွေးအောင် လုပ်မှာမဟုတ်ဘူးဆိုတာကို သူသိနေသည်။
လီဇီက သူ့အတွေးထဲတွင် လွင့်မျောသွားချိန်တွင် ရုတ်တရက် သူနှင့် လွိုင်ဟွမ်တို့သည် ရွမ်းက အမည်မသိ သတ္တဝါကြီး တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သေဆုံသွားသည်ကို မြင်လိုက်ရ၏။
နောက်ပိုင်းတွင် ရွမ်း၏ ခန္ဓာကိုယ်ကို ယင်းသည် ဆွဲယူကာ နောက်ဆုံးတွင် သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသောအချိန်ထိ သူတို့သည် ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိခဲ့ကြသည်။
"ရွမ်းကို ဘယ်ကောင်သတ်လိုက်တာလဲ"
လီဇီနှင့် လွိုင်ဟွမ်တို့သည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
ယခင်အချိန်က ပါမောက္ခဘဲလ်၏ ခန့်မှန်းချက်နှင့် ပတ်သက်၍ တုန်လှုပ်သွားခြင်းက ရယ်စရာတော့ မဟုတ်ချေ။
မိကျောင်းဘုရင် ရွမ်းသည် အစာကွင်းဆက်၏ ထိပ်ဆုံးရှိ တိရိစ္ဆာန်ဖြစ်သည်။ မည်သည့်တိရစ္ဆာန်က သူ့ကို သတ်နိုင်ရသနည်း။
ထို့အပြင် ယင်းတိုက်ပွဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် ထိုသတ္တဝါတွေ၏ ပုံစံကို အစမှ အဆုံးထိတိုင်း မမြင်ခဲ့ရပေ။
လွိုင်ဟွမ်က လီဇီ ဘက်လှည့်ကာ 'ငါမသိဘူး' ဆိုသည့် ဒီဇိုင်းနှင့် ပခုံးတွန့်ပြကာ ကွန်ပြူတာဖန်သားပြင်ဘက်သို့ ပြန်လှည့်လိုက်သည်။
ရုတ်တရက် ပါမောက္ခဘဲလ်၏ ခန့်မှန်းချက်ကို ကြားလိုက်ရသည်။
နောက်ထပ် ဧရာမမိကျောင်းလား။
ရွမ်းကို ဖမ်းစားနိုင်စေရန်၊ မည်မျှ အထိကြီးမားရ မည်နည်း။
ဆယ်မီတာလား။
ရွမ်းကို သတ်ပစ်နိုင်သည့် အရာများကို လီဇီနှင့် လွိုင်ဟွမ်တို့သည် အတော်ကြာ ဆွေးနွေးငြင်းခုံပြီးနောက် ၎င်းတို့သည် ဝဘ်ဆိုက် တစ်ခု၏ “တိရစ္ဆာန်ဘား” သို့ပြောင်းကာ လူအမျိုးမျိုးကြား ဆွေးနွေးမှုများကို ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။
ယခုအချိန်တွင် "တိရစ္ဆာန်ဘား" သည် အလွန်အသက်ဝင်နေပြီဖြစ်၏။ ဝဘ်ဆိုက် စာမျက်နှာပေါ်ရှိ ပို့စ်များကို ကြည့်လိုက်သည်နှင့် အများစုမှာ ဧရာမစပါးအုံးမြွေနှင့် ဆက်စပ်နေကြောင်းကို မြင်တွေ့နိုင်သည်။
ယခုတော့ သတင်းသစ်တစ်ခုက ကြီးစိုးနေသည်။
*အစာကွင်းဆက်ရဲ ထိပ်ဆုံးမှာ ရပ်နေတဲ့ မိကျောင်းဘုရင်က အသတ်ခံလိုက်ပြီ!*
~“အားလုံးပဲ ဆွေးနွေးဖို့ ဒီကို လာကြ! ရွမ်း .. ကို သတ်တဲ့အကောင်က ပါမောက္ခဘဲလ်ပြောတဲ့အတိုင်း မိကျောင်းဆိုတာ တကယ်ပဲလား"~
.....
.....
*"သမိုင်းမတင်မီခေတ်က မိကျောင်းကြီး ပြန်ပေါ်လာခြင်း .... မိကျောင်းဘုရင် ရွမ်း၏ ထူးဆန်းသော အသတ်ခံရမှု!"*
*“မိကျောင်းဘုရင် ရွမ်းကို သတ်ခဲ့တဲ့ အမည်မသိ ထူးဆန်းတဲ့ သတ္တဝါက၊ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ရမယ်”*
လူအများစု၏ ပို့စ်အများစုသည် ပါမောက္ခဘဲလ်၏ မှန်းဆချက်အပေါ် သဘောတူကြပြီး အချို့က ၎င်းတို့၏ ကိုယ်ပိုင်သီအိုရီများကို ပင် ထုတ်ထားကြသည်။
လီဇီနဲ့ လွိုင်ဟွမ်တို့သည် ရယ်ရမလား ငိုရမလား မသိတော့ချေ။ ယင်းသည် မဖြစ်နိုင်တာတော့ မဖြစ်သင့်ပေ။
နတ်ဆိုးဆိုတာ တကယ် ရှိနေတာလား။
.....