← Chapters

ရုရှားသို့

Vol. 5 Ch. 408

ရုရှားသို့

Vol. 5 Ch. 408

"ကျွန်တော်တို့ မမြင်ရဘူး"

ဝမ်ပို့ကူက ဖြူရော်စွာ ပြုံးလိုက်သည်။

"နှင်းမုန်တိုင်းက ကျွန်တော်တို့ရဲ့ မြင်ကွင်းကို ပိတ်ဆို့ထားတယ်။ ညရောက်တဲ့ အခါမှာ အရိပ်တွေ ရွေ့လျားနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ အဲဒီအရိပ် ကျွန်တော်တို့ အဖွဲ့ဘေးက တစ်ခါ ဖြတ်သွားတိုင်း အဖွဲ့သား တစ်ယောက် လဲကျသေဆုံး သွားတယ်။ လက်ထောက် ကပ္ပတိန်ရဲ့ ကြောင့်သာ မဟုတ်ရင် ကျွန်တော် ခုလို လွတ်လာမှာ မဟုတ်ဘူး"

ဝမ်ပို့ကူ၏ မျက်နှာတွင် အတိတ်၏ နာကျင်မှုများက အထင်းသား ပေါ်လွင်နေခဲ့သည်။ သူက နောင်တ ရမှုများဖြင့် လက်သီးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

"ကျွန်တော်က လူကြောက် တစ်ယောက်ပါ။ ဇန်က အိတ်ဆောင်ဓားကို ထုတ်ပြီး မကောင်းဆိုးဝါးလို သတ္တဝါ ဆန်းကြီးတွေနဲ့ ရင်ဆိုင်နေတဲ့ အချိန်မှာ ကျွန်တော်ကတော့ အမြီးကုပ်ပြီး ထွက်ပြေးခဲ့တယ်။ အဲဒီကို ကျွန်တော် ... ကျွန်တော် ပြန်မလိုက် နိုင်တော့ဘူး။ တောင်ပန်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်"

ဝမ်ပို့ကူ၏ ပါးပြင်၌ စီးကျနေသော မျက်ရည်များအား ကြည့်ရင်း ချန်းဖန်က ခေါင်းခါ လိုက်မိသည်။

"ဆရာကြီးချန်း ... ကျွန်တော် သတ္တဝါဆန်းကြီးတွေ ဆိုတဲ့အကြောင်း သူ့ကို အသေးစိတ် မေးပြီးပြီ။ သူပြောပုံ အရဆို အဲဒီ သတ္တဝါဆန်းကြီးတွေက အရမ်း မြန်တယ်တဲ့။ နောက်ပြီး သူတို့က ဝံပုလွေလို အူနိုင်သလို မျောက်တွေလို နောက်ခြေထောက်နဲ့ လမ်းလျှောက် နိုင်တယ်တဲ့။ နောက်ပြီး သူတို့ရဲ့ မျက်လုံးတွေက သွေးရောင် လွှမ်းနေတယ်တဲ့"

ရန်ချင်ဟူက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မြန်တယ် ... ဝံပုလွေလို အူတယ် ... မျောက်ပုံစံ ရှိတယ် ... နောက်ပြီး သွေးမျက်လုံးတွေနဲ့ ဆိုတော့ ...”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

ချန်းဖန် ဝိညာဉ်သားရဲ များစွာအား မြင်ဖူးသည့်တိုင် ထိုသတ္တဝါ ဆန်းမျိုးကိုမူ စဉ်းစားမရပေ။ ဝိညာဉ်ချီ ရှားပါးမှုကြောင့် ကမ္ဘာပေါ်၌ ဝိညာဉ် သားရဲများအား မတွေ့ရတတ်ပေ။ ဝမ်ပို့ကူ ပြောသည့် သတ္တဝါဆန်းများ ဆိုသည်က ဝိညာဉ်ချီ ခန်းခြောက်နေသည့် ကမ္ဘာ၌ အသက်ရှင် ကျန်ရစ်သည့် ဝိညာဉ်သားရဲ အချို့ ဖြစ်နိုင်သည်။

"အချက်အလက်တွေက မလုံလောက်သေးဘူး။ ဒါပေမဲ့ ပြဿနာ မရှိဘူး။ သူတို့ကို ငါသတ်နိုင်တယ်"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ကျွန်တော် အဲဒီစကားကို စောင့်နေတာပါ"

ရန်ချင်ဟူက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။ သူသည် သိုင်းသမား တစ်ယောက် ဖြစ်သော်လည်း သာမန် လူသားများ ကဲ့သို့ အကောင်အထည် မဖော်နိုင်သော အရာများအား ကြောက်လန့် တတ်သေးသည်။ သို့သော်လည်း ချန်းဖန်မှာမူ လုံးဝ ကွဲပြားသော လူတစ်ယောက် ဖြစ်သည်။ ဤကမ္ဘာပေါ်၌ သူကြောက်ရသော အရာ မရှိချေ။

ထိုသတ္တဝါဆန်းများ မည်မျှပင် အစွမ်းထက် စေကာမူ တိုက်လေယာဉ်များကိုတော့ မီနိုင်မည် မထင်ချေ။

နောက်တစ်နေ့ နံနက် အရောက်၌ သူတို့၏ ခရီးစဉ်ကို စတင် လိုက်ကြသည်။ ရန်ချင်ဟူတွင် ထိုချိုင့်ဝှမ်း တည်ရှိရာ မြေပုံတစ်ခု ပါလာရာ သူတို့ နှစ်ယောက် လုံခြုံ၊ လျင်မြန်စွာ ခရီးနှင် နိုင်ခဲ့သည်။

သူတို့ နှစ်ယောက်လုံးကား အလွန် အစွမ်းထက်သော ပညာရှင်များ ဖြစ်ရာ ဒူးအထိ နစ်သော နှင်းထုပင်လျှင် သူတို့အား နှေးကွေးအောင် မလုပ်နိုင်ပေ။

"ရုရှားက ဟယ်လီကော်ပတာ တစ်စင်းကို ကျွန်တော် ဆက်သွယ်ထားတယ်။ အဲဒီ ဟယ်လီကော်ပတာက ကျွန်တော်တို့ကို လာခေါ်ပြီး ချိုင့်ဝှမ်းနဲ့ အနီးဆုံး နေရာမှာ ချပေးလိမ့်မယ်။ အဲဒီနေရာကနေ စပြီးတော့ ခြေကျင် ပြန်သွားရမယ်"

ရန်ချင်ဟူကား နယ်စပ်ဒေသ၌ လွှမ်းမိုးနိုင်စွမ်း ရှိသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ရာ နယ်စပ်အား အခက်အခဲ မရှိ ဖြတ်ကျော် လာနိုင်ခဲ့သည်။ ချန်းဖန်က သူ့နောက်မှ လိုက်လာသူ ဖြစ်ရာ အလွယ်တကူပင် ဖြတ်ကျော်ခွင့် ရခဲ့သည်။ အကယ်၍ ချန်းဖန်၏ နာမည်အား အသုံးပြုပါက ရုရှား အစိုးရက လွယ်လွယ် ဝင်ခွင့်ပြုမည် မဟုတ်ပေ။

ဟယ်လီကော်ပတာက သူတို့အား ယာခူးမြို့သို့ သယ်ဆောင် လာခဲ့သည်။

"ယာခူးမြို့"သည် ဆားဘီးယား မြောက်ပိုင်း၌ တည်ရှိပြီး ကမ္ဘာ့ အအေးဆုံး မြို့တစ်မြို့ ဖြစ်၏။ ထိုမြို့ကား ယာခူးပြည်နယ်၏ မြို့တော် ဖြစ်ပြီး လူဦးရေ နှစ်သိန်းခန့် နေထိုင်သည်။

"ဒီနေရာက ကျွန်တော်တို့ ခြေကျင် မသွားပဲ ရောက်နိုင်တဲ့ နောက်ဆုံး နေရာပဲ။ ချိုင့်ဝှမ်းကို ရောက်ဖို့ ဆိုရင်တော့ တစ်ထောင် ကီလိုမီတာလောက် သွားရဦးမယ်"

ရန်ချင်ဟူက မြေပုံပေါ်မှ အစက်အား ထောက်ပြရင်း ပြောလိုက်သည်။

ဤဒေသ၏ ရာသီဥတုက ရန်ချင်ဟူ ကဲ့သို့သော အထွတ်အထိပ် ပုဂ္ဂိုလ်ကိုပင် ခံနိုင်ရည်အား ရှိစေဟန် မတူ။ သူက ဆယ်တာများ၊ အနွေးထည်များအား အထပ်ထပ် ဝတ်ဆင်ထားသည်။

"ကီလိုမီတာ တစ်ထောင် ... ဝေးသေးတာပဲ"

ချန်းဖန်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။

"ဆရာကြီးချန်း ... ကျွန်တော်တို့ ဒေသခံ လမ်းပြ တစ်ယောက်လောက် ငှားကြမလား"

ရန်ချင်ဟူက မေးလိုက်သည်။

"ကျွန်တော်တို့မှာ မြေပုံရှိတယ် ဆိုပေမဲ့ လမ်းက နှင်းတွေနဲ့ ပိတ်နေတာ။ ဒီဒေသ အကြောင်း ကောင်းကောင်း မသိဘဲ သွားဖို့က မလွယ်ဘူး"

"ဒါဆိုလည်း ငှားလေ"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ...”

ရန်ချင်ဟူကား ဤခရီးအတွက် အစစ အရာရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက ချန်းဖန်အား ဦးဆောင်ကာ ပေါလ် ဟုခေါ်သော လူတစ်ယောက်ထံ ခေါ်လာခဲ့သည်။

ပေါလ်နေထိုင်သော အိမ်မှာ ကျောက်တုံးများဖြင့် ခုတ်ထစ် ဆောက်လုပ်ထားပြီး စိတ်ဝင်စားဖွယ် ပြင်ဆင်ထားသည်။ အိမ်အတွင်းတွင်မူ တိရစ္ဆာန် သားမွေးများဖြင့် ပြုလုပ်ထားသည့် သားရေ ဆိုဖာများ၊ ခပ်မှိန်မှိန် ပန်းချီကားများ၊ အထင်ကြီးဖွယ် ဆုဖလားများဖြင့် ခင်းကျင်း အလှဆင် ထားသည်။

"ဟေး ပေါလ် ... မိတ်ဆွေကြီး ... မတွေ့ရတာ ကြာပြီ ... ဒီလို နေရာမျိုးမှာ နေရတာ မင်းတော့ သေလောက်အောင် ပျင်းနေလောက်ပြီ ထင်တယ်"

ရန်ချင်ဟူက ပေါလ်၏ ရင်ဘတ်အား လက်သီးဖြင့် ထိုးရင်း နှုတ်ဆက်လိုက်သည်။ ချန်းဖန်ကမူ ရန်ချင်ဟူ၏ နောက်မှနေ၍ ပေါလ်ကို အကဲခတ် လိုက်သည်။

ပေါလ်မှာ ရုရှားလူမျိုး ထောင်ထောင်မောင်းမောင်း တစ်ယောက် ဖြစ်သည်။ သူ၏ ဆံပင်များ၊ မုတ်ဆိတ်များက ကြမ်းတမ်းစွာ ရှည်လျားကျနေရာ မျက်နှာ အမူအရာကိုပင် မတွေ့မြင်ရချေ။ ပေါလ်မှာ အလွန် ထွားကျိုင်းသော်လည်း အတွင်းအား ပိုင်ဆိုင်ထားခြင်း မရှိချေ။ သို့သော်လည်း သူ၏ နိုးထ သွေးကြောများ၌ စီးဆင်းနေသော စွမ်းအားတစ်ခုက သူ့အား တင့်ကား တစ်စီးကဲ့သို့ သန်မာစေပုံ ရသည်။

"ဆရာကြီးချန်း ... ပေါလ်က အမှောင်ကမ္ဘာရဲ့ ထိပ်တန်း ကြေးစား တစ်ယောက်ပဲ။ သူ့ရဲ့ နာမည်ပြောင်က 'စစ်ဝက်ဝံ' တဲ့။ သူက အမှောင် သတ်မှတ်ချက်က ပညာရှင်တွေနဲ့ တိုက်ခိုက်နိုင်တဲ့ အထိ အစွမ်းထက်တယ်။ ဒါပေမဲ့ ကြေးစား လောကကနေ အနားယူခဲ့တာ ကြာပြီ။ ကျွန်တော် ကြေးစား ဘဝတုန်းက သူနဲ့ သိခဲ့တာ"

ရန်ချင်ဟူက မိတ်ဆက်ပေး လိုက်သည်။

"သူက ဆရာကြီး ချန်းပေ့ရွှမ်းပါ ...”

"ဘီးရှန်းချုံး ... ဒီနာမည်ကို ငါတစ်ခါမှ မကြားဖူးဘူး"

ပေါလ်က ရုရှားလေသံ ရောရောဖြင့် ပြောရင်း ချန်းဖန်ကို အကဲခတ် လိုက်သည်။ ချန်းဖန်၏ ပိန်သေးသော လက်မောင်းများနှင့် ကိုယ်လုံးများအား ကြည့်ပြီးနောက် သူက ရန်ချင်ဟူအား မေးလိုက်သည်။

"ကျားရဲ ... ဒီနေရာက ဘယ်လောက် အန္တရာယ်များပြီး ခေါင်လည်းဆိုတာ မင်းလည်း သိတယ်။ ငါ အမှောင်ကမ္ဘာကနေ အနားယူပြီးတည်းက ဘာသတင်းမှ မကြားရတော့ဘူး။ မင်းက ဒီကောင်လေးရှေ့မှာ ဘာလို့ ကြက်တစ်ကောင်လို နေနေရတာလဲ။ သူက ဘာထူးခြားလို့လဲ"

"ပေါလ် ... လေးလေးစားစား ဆက်ဆံစမ်း ... မင်းရှေ့မှာ ရပ်နေတဲ့သူက အမှောင်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ချန်းပေ့ရွှမ်းကွ"

ရန်ချင်ဟူက သုန်မှုန်သော မျက်နှာဖြင့် ငေါက်လိုက်သည်။

"သူလား ... သူက အမှောင်ကမ္ဘာရဲ့ အစွမ်း အထက်ဆုံးလား ...”

ပေါလ်က ချန်းဖန်အား မျက်လုံးပြူးကာ ကြည့်ရင်း ရုရှား ဘာသာစကားဖြင့် ရေရွတ်လိုက်သည်။

"အဒမ်က အမှောင်ကမ္ဘာရဲ့ နံပါတ်တစ် နေရာကို ဘယ်တုန်းက ဒီကလေးဆီကို လွှဲပေးလိုက်တာလဲ"

ချန်းဖန်မှာ ရုရှားစကားကို နားလည်လိမ့်မည် မဟုတ်ဟု ရန်ချင်ဟူ ထင်ထားခဲ့သည်။ သို့သော်လည်း အံ့အားသင့်စွာပင် ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းရင်း လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။ လက်ဝါး၏ အရှိန်ဖြင့် အဇူရာ အလင်းရောင်လှိုင်း တစ်ခု ထွက်ပေါ်လာကာ ပေါလ်ထံ တိုးဝင်သွားသည်။ လက်ဝါး၏ တိုက်ခိုက်မှု အောက်၌ ပေါလ်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

"ချပ် ... ချပ် ...”

ရုရှား သက်တော်စောင့် များစွာက သေနတ်မောင်းများကို တင်လိုက်ရင်း ချန်းဖန်အား ထိုးချိန်လိုက်သည်။

"ဟမ့် ...”

ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်ညှိုးအား တစ်ချက်တောက် လိုက်သည်။ လက်ညှိုးထိပ်မှ အလင်းတန်း တစ်ခုပေါ်ထွက်လာကာ သေနတ်များအား ထက်ပိုင်းပိုင်း ပစ်လိုက်သည်။ ရုရှား သက်တော်စောင့် များစွာက ထက်ပိုင်း ပြတ်နေသော သေနတ်များအား လွှတ်ချကာ နောက်သို့ အလျင်အမြန် ဆုတ်လိုက်ကြသည်။

ထိုအလင်းက သေနတ်များကိုပင် ဖြတ်နိုင်လျှင် သူတို့၏ ခေါင်းများကိုပါ ဖြတ်နိုင်ပေလိမ့်မည်။

ထိုအတွေးဖြင့် ရုရှား သက်တော်စောင့် များစွာမှာ ချွေးများပင် ပြန်သွားတော့သည်။

"ရန်ချင်ဟူကြောင့်သာ မဟုတ်ရင် မင်းကို သတ်လိုက်ပြီ။ နားလည်လား ခွေးမသား"

ချန်းဖန်က ရုရှား ဘာသာဖြင့် ဆဲရင်း ဆိုဖာထိုင်ခုံ တစ်ခုပေါ်သို့ ထိုင်ချလိုက်သည်။

ပေါလ်က ကြမ်းပြင်ပေါ်တွင် လဲကျနေရာမှ တုန်တုန်ရီရီ ထရပ်လိုက်သည်။ သို့သော်လည်း စကား တစ်ခွန်းပင် မပြောရဲတော့ချေ။

"မင်းကို ငါသတိပေးသားပဲ။ သူက အမှောင်ကမ္ဘာရဲ့ အစွမ်း အထက်ဆုံးပါလို့"

ရန်ချင်ဟူက ပြုံးစိစိ ဝင်ပြောလိုက်သည်။

ပေါလ်က ရန်ချင်ဟူ အနားသို့ ကပ်ရင်း တီးတိုး မေးလိုက်သည်။

"သူက တကယ်ကြီးလား"

ရန်ချင်ဟူက ခေါင်းညိတ်လိုက်သည်။

"အေးဆိုကွာ ... ဆရာကြီးချန်းက တပ်ရင်းကြီး တစ်ခုလုံးနဲ့ တိုက်လေယာဉ်တွေ ကိုတောင် အနိုင်ယူ ထားနိုင်ခဲ့တာ"

ရန်ချက်ဟူ၏ စကားအား ကြားပြီးနောက် ပေါလ်ကား ပါးစပ် အဟောင်းသား ဖြစ်နေတော့သည်။

***

All Chapters