← Chapters

အခန်း (၂၈၁-၂၈၃)

Vol. 10 Ch. 281-283

အခန်း (၂၈၁-၂၈၃)

Vol. 10 Ch. 281-283

## အခန်း (၂၈၁)၊

---

[အသက် ၈၀ တွင် ယဲ့ယွီ သည် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ် အဆင့်၏ အစောပိုင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။]

[ဒီ ဆယ်စုနှစ်များ အတွင်း…]

[ ယဲ့ယွီ သည် ပိုင်မိသားစု တွင် ကိုးကွယ်ခံ အကြီးအကဲ အဖြစ် ဆောင်ရွက်နေခဲ့သည်။]

[သူသည် ပိုင်မိသားစု ၏ ထွန်းကားလာခြင်း ကို မြင်တွေ့ခဲ့ရသည်…]

[သူတို့၏ အနီးနားရှိ ကျင့်ကြံသူမိသားစု များအားလုံးကို လွှမ်းမိုးချုပ်ကိုင်ခြင်းကိုလည်း မြင်တွေ့ခဲ့ရသည်]။

[သူ၏ ကိုးကွယ်ခံ အကြီးအကဲ ရာထူးရှိသော်လည်း ယဲ့ယွီ သည် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်း ဘယ်တော့မှ မလုပ်ခဲ့ပါ။]

[ဒါက ယဲ့ယွီ က အကူအညီမပေးချင်တာ မဟုတ်ပါဘူး…]

[ဒါပေမဲ့ ပိုင်မိသားစုခေါင်းဆောင် ပိုင်ယွီဗန် က “ ကံကောင်းခြင်း ဆွဲဆောင်မှု ” အဖြစ် ယဲ့ယွီ ရှိနေရုံနဲ့တင် လေးစားမှု ကို ရရှိနိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဘာလို့ ကိုယ့်ဘာသာကိုယ် ဝင်ရောက်စွက်ဖက်နေရမှာလဲ?]

[ထို့အပြင် ပိုင်မိသားစု ၏ အောင်ပွဲတစ်ခုစီအပြီးတွင်…]

[ ပိုင်ယွီဗန် သည် ယဲ့ယွီ ထံ စိတ်အားထက်သန်စွာ လာပြီး သူတို့၏ အောင်မြင်မှုအားလုံးကို ကံကောင်းခြင်း ဆွဲဆောင်မှု ဖြစ်သော သူ့ကို ဂုဏ်တင်ခဲ့သည်။]

[ချော့မော့ပြောဆိုမှုများက မရပ်မနား ပေါ်ပေါက်လာခဲ့သည်။]

[စိတ်ခံစားမှုဆိုင်ရာတန်ဖိုးက အကြီးအကျယ် မြင့်မား နေသည်။]

[ ယဲ့ယွီ သည် တစ်နည်းနည်းဖြင့် အားမလိုအားမရ ဖြစ်နေခဲ့သည်။]

[“ ကံကောင်းခြင်း ဆွဲဆောင်မှု ” ဆိုတဲ့ ခေါင်းစဉ်က သူ့အပေါ် ကပ်နေပုံရသည်။]

[ဒါပေမဲ့ ဒါက သိပ်မဆိုးပါဘူး— အလုပ်နည်း ပြီး အကျိုးကျေးဇူး ကောင်းသည်။]

[အရေးအကြီးဆုံးကတော့ ပိုင်မိသားစု မှာ တားမြစ်နည်းပညာ များစွာ စုဆောင်းထားသည်။]

[ဒါက ယဲ့ယွီ ရှိနေခဲ့ရတဲ့ အကြောင်းရင်းပဲ။]

[ ပိုင်မြောင်လန် က သိလိုစိတ်ပြင်းပြတဲ့ ကလေး တစ်ယောက်လို…]

[ နည်းပညာအသစ် များ ဖန်တီးမှု ဘယ်လို ဖြစ်နေလဲဆိုတာကို မေးရန် ယဲ့ယွီ ဘေးမှာ မကြာခဏ ပေါ်လာသည်။]

[အကြိမ်တိုင်း ယဲ့ယွီ က စိတ်ကူး မပေါ်သေးဘူးလို့ ပြန်ဖြေတယ်။ တားမြစ်နည်းပညာ အချို့ကို နောက်ထပ် လေ့လာပြီးနောက် ဖန်တီးမှုအသစ်ထုတ်ဖော်ရန်နည်းလမ်း တွေ့နိုင်မယ်လို့ ပြောသည်။]

[အဲဒီအချိန်မှာ ပိုင်မြောင်လန် က ရုန်းကန်ဟန်ဆောင် ပြီး သူ့ကို လေ့လာဖို့ နောက်ထပ် ရှာပေးဖို့ ကြိုးစားမယ်လို့ ပြောသည်။]

[ ဆယ်စုနှစ်များစွာ ကာလအတွင်း…]

[ ယဲ့ယွီ သည် ပိုင်မြောင်လန် ထံမှ တားမြစ်နည်းပညာ အခု နှစ်ဆယ်ကျော် ကို ရရှိခဲ့သည်။]

[ဒီလို အလွန်များပြားတဲ့ အရေအတွက် …]

[ဒါက လုံးဝကို မယုံနိုင်စရာ ပဲ။]

[ကျင့်ကြံသူမိသားစု တစ်ခုတည်းက တားမြစ်နည်းပညာ ဒီလောက်များများ ပိုင်ဆိုင်နိုင်တယ်ဆိုတာကို နားလည်ဖို့ ခက်ခဲသည်။]

[ဒါပေမဲ့ ယဲ့ယွီ က အဲဒါကို သိပ်နက်နက်နဲနဲ မစဉ်းစားခဲ့ဘူး။]

[ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူလောက က ကျယ်ပြော ပြီး အံ့ဖွယ်ရာ တွေနဲ့ ပြည့်နေတယ်။]

[ ပိုင်မိသားစု မှာ ထူးထူးခြားခြား ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ အမွေအနှစ် ရှိကောင်းရှိနိုင်သည်!]

[ ယဲ့ယွီ အတွက် တားမြစ်နည်းပညာ များသည် အလွန်အစွမ်းထက်တဲ့ စွမ်းအား နှင့် ကြီးမားသော ပေးဆပ်မှု ကို ကိုယ်စားပြုသည်။]

[ဒီ ရှုထောင့် တွေကပဲ သူ့ကို ဆွဲဆောင်သည်။]

[သူ့ရဲ့ ရန်သူ တွေရဲ့ အသက် ကို စတေးပြီး သူတို့ကို ဖျက်ဆီးပစ်ခြင်း…]

[ ပြည့်စုံစွာ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းနိုင် သည်။]

[သို့သော် နှစ်များစွာ အတွင်း…]

[ ယဲ့ယွီ သည် သတိထားနေခဲ့သည်။ တားမြစ်နည်းပညာ တစ်ခုခုကို ကျင့်သုံးခြင်းမပြုမီ…]

[သူသည် “ လျှို့ဝှက်ကျင့်ကြံမှု ” အတွက် ခရီးခနထွက်ဖို့ အကြောင်းပြချက် တစ်ခု အမြဲပေးခဲ့သည်။]

[တကယ်တော့ သူသည် ပိုင်မိသားစု ၏ နယ်မြေမှ ဝေးရာသို့ သွားပြီး ကံမကောင်းတဲ့ ဝိညာဉ် တစ်ခု(ရန်သူတစ်ယောက်)ကို သူ့အတွက်ပေးဆပ်ပေးမည့်သူ အဖြစ် ရှာခဲ့သည်။]

[ဒီ ရွှေရောင်အရည်အချင်း ကပ်ဆိုးပြောင်းပြန်လှန်ခြင်း သည် အခြားသူများကို သိစေရန်အတွက် အလွန်အစွမ်းထက် သည်။]

[အထူးသဖြင့် ပိုင်မိသားစု !]

[မဟုတ်ရင် ပြင်းထန်တဲ့ ပြဿနာ တွေ ဖြစ်လာလိမ့်မယ်။]

[ကံကောင်းစွာနဲ့ ဒီနှစ်တွေအားလုံး ပြဿနာမရှိ ဘဲ ငြိမ်းချမ်းစွာ ကုန်ဆုံးခဲ့သည်။]

[ဒါက ယဲ့ယွီ ကို တော်တော်လေး သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။]

[ တက်လှမ်းခြင်း အထိ ပိုင်မိသားစု နဲ့ အတူနေတာက မဆိုးတဲ့ အတွေးဖြစ်နိုင်သည်။]

---

[အသက် ၈၂ နှစ်တွင် ယဲ့ယွီ ကျင့်ကြံနေစဉ် ပိုင်မြောင်လန် သူ့ထံ လာခဲ့သည်။]

[ ယဲ့ယွီ က သူမ တားမြစ်နည်းပညာအသစ် တစ်ခု ရှာတွေ့ခဲ့ပြီလို့ ယူဆခဲ့သည်။]

[သူသည် ထိုအတွေးကို ကျေနပ်နေခဲ့သည်။]

[သို့သော် မမျှော်လင့်ဘဲ ပိုင်မြောင်လန် က သူ့ရှေ့တွင် ထိုင်နေပြီး စိတ်ပူပန်နေသော ပုံစံ ဖြင့် ကြည့်နေခဲ့သည်။]

[ ယဲ့ယွီ သည် ဤအရာကြောင့် စိတ်ရှုပ်ထွေးသွားသည်။]

[သူသည် ပိုင်မြောင်လန် ကို နှစ်ခြောက်ဆယ် သိခဲ့ပြီး…]

[သူတို့ တွေ့ဆုံတိုင်း သူမသည် အမြဲတမ်း ပြုံးနေတတ် သည်။]

[ဒီနေ့ ဘာလို့ ဒီလောက် မပျော်မရွှင် ဖြစ်နေတာလဲ?]

[ ယဲ့ယွီ က ညင်သာစွာ မေးလိုက်သည်၊ "တစ်ခုခု မှားနေလား?"]

[ ပိုင်မြောင်လန် က တိုက်ရိုက် မဖြေဘဲ “ရှင် ပိုင်မိသားစု နဲ့ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ။ တကယ်ပဲ တခြား အတွေး တွေ မရှိဘူးလား?" လို့ ပြန်မေးခဲ့သည်။]

[ ယဲ့ယွီ က ရယ်လိုက်သည်၊ "ကျွန်တော်က ကိုးကွယ်ခံ အကြီးအကဲ တစ်ယောက်ပဲ။ ဘယ်လို အတွေး တွေ ရှိနိုင်မှာလဲ?"]

["ဘာလဲ၊ သခင်မလေး အစ်ကိုကို ဖြုတ်ချ ပြီး ပိုင်မိသားစု ကို သခင်မလေးအတွက် သိမ်းပိုက်ပေးရမှာလား?"]

[ဒါက ပေါ့ပေါ့ပါးပါး ပြောတဲ့ စကား တစ်ခုဖြစ်ပေမဲ့ ပိုင်မြောင်လန် က နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားသည်။ ထို့နောက် အလွန်လေးနက်စွာ သူမ ပြောလိုက်သည်၊ "အဲဒါကို လုပ်မယ်လို့စဉ်းစားနေတာ။"]

[ ယဲ့ယွီ သည် တစ်ခဏမျှ ကြောင်အ သွားသည်။]

[သူသည် သူမ၏ နဖူးကို ညင်သာစွာ ခေါက်လိုက်သည်။]

"မင်း ရူး နေလား? ကိုယ့်အစ်ကို ကို ပြင်ပလူ တစ်ယောက်နဲ့ ပူးပေါင်းကြံစည် ချင်တာလား?"

[ ပိုင်မြောင်လန် သည် စိတ်ဓာတ်ကျနေပုံရသည်။]

[ နူးညံ့သောအသံ ဖြင့် သူမ ပြောလိုက်သည်၊ "ကျွန်မ အစ်ကို ရူး နေပြီ။ သူ ကျွန်မကို တခြား ကျင့်ကြံသူမိသားစု တစ်ခုနဲ့ လက်ထပ်ပေး ချင်တယ်။"]

"ကျွန်မ အဲဒါကို မလိုချင်ဘူး။"

"ဒါကြောင့် ကျွန်မ မေးချင်တာက… ရှင် ကျွန်မအပေါ် ဘယ်လို ခံစားချက် မှ မရှိဘူးလား? ဘာလို့ ကျွန်မကို တာအိုအဖော် အဖြစ် မယူချင်တာလဲ? ကျွန်မ မလှတာကြောင့်လား?"

[ဒါကို ပြောပြီး ပိုင်မြောင်လန် က အနည်းငယ် မော့ကြည့်လိုက်သည်၊ သူမ၏ မျက်လုံးများက မကျေနပ်မှု ဖြင့် နီရဲနေပြီး ယဲ့ယွီ ကို ကြည့်လိုက်သောအခါ သနားစဖွယ် မျက်နှာထားဖြင့် မည်သူ့ရင်ကိုမဆို နာကျင်စေနိုင် သည်။]

[တစ်ခဏတာ ယဲ့ယွီ စိတ်ရှုပ်ထွေးသွားသည်။]

[ ပိုင်မိသားစု နှင့် ပူးပေါင်းပြီးကတည်းက…]

[ ပိုင်ယွီဗန် အပြင် သူ့ကို အားကောင်းတဲ့ စိတ်ခံစားချက် ပေးခဲ့တဲ့ ပထမဆုံးလူက ပိုင်မြောင်လန် ပဲ။]

[ နှစ်များစွာ အတွင်း…]

[ ယဲ့ယွီ သည် တာအိုဉာဏ်အလင်း နန်းတော် ကို အကြိမ်တိုင်း လာလည်တိုင်း…]

[သူ့ဘေးမှာ ဝိညာဉ်လက်ဖက်ရည် နဲ့ အသီးအနှံ တွေ အမြဲရှိနေသည်။]

[ပြီးတော့ ရေတွက်မရတဲ့ တားမြစ်နည်းပညာ တွေ အားလုံးကို ပိုင်မြောင်လန် က သူ့ကို ကိုယ်တိုင် လက်ဆင့်ကမ်းပေးခဲ့သည်။]

[တဖြည်းဖြည်းနဲ့ ယဲ့ယွီ သည် ဒီဘဝကို အကျင့်ဖြစ် နေခဲ့သည်။]

[ထို့ထက်ပို၍ ပိုင်မြောင်လန် ကို သူ့ဘေးမှာ ရှိနေခြင်းကို အကျင့်ဖြစ် နေခဲ့သည်။]

[တစ်ခါတလေ တစ်ခုခုကို ဆုံးရှုံး တော့မှသာလျှင် ၎င်း၏ အစစ်အမှန်အရေးပါမှု ကို သင် သိရှိလာသည်။]

[ ယဲ့ယွီ ၏ အကြည့်သည် ပြတ်သား လာသည်။]

[သူ မတ်တပ်ရပ်ပြီး ပိုင်မြောင်လန် ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်၊ "အခုကစပြီး မင်းက ကျွန်တော့်ရဲ့ တာအိုအဖော် ဖြစ်လိမ့်မယ်။ ငါ မင်းနဲ့အတူ မင်းအစ်ကို ကို ပြောဖို့ သွားမယ်။ သူ မသဘောတူရင် ငါတို့ ခိုးရာလိုက်ပြေး မယ်!"]

[ဒါကို ကြားတော့…]

[ ပိုင်မြောင်လန် သည် အလွန်ဝမ်းသာသွားပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် လှပသော အပြုံး တစ်ခု ပေါ်လာသည်။]

---

[ ပိုင်မိသားစု ၏ အဓိက ခန်းမ တွင်…]

[ ပိုင်ယွီဗန် သည် မြောက်ပိုင်းခြောက်သွေ့ကုန်းမြေ မှ ထောက်လှမ်းရေးအစီရင်ခံစာ များကို ဖတ်နေခဲ့သည်။]

[ ယဲ့ယွီ ရုတ်တရက် ဝင်လာပြီး ပိုင်မြောင်လန် ကို ဆွဲခေါ်လာခဲ့သည်။]

[သူတို့ နှစ်ယောက်၏ မျက်နှာအမူအရာက—တစ်ယောက်က တင်းမာ နေပြီး တစ်ယောက်က စိတ်လှုပ်ရှား နေသည်။]

[ ပိုင်ယွီဗန် သည် စိတ်ရှုပ်ထွေးသွားသည်။]

[သူ စကားပြောတော့မယ့်အချိန်မှာ…]

[ ယဲ့ယွီ က အဓိကအချက်ကို တိုက်ရိုက် ပြောလိုက်သည်၊ "တခြားမိသားစုတွေနဲ့ လက်ထပ်မင်္ဂလာ မဟာမိတ် ကို ဖျက်သိမ်း လိုက်ပါ။ ကျွန်တော် ပိုင်မြောင်လန် ကို ကျွန်တော့်ရဲ့ တာအိုအဖော် အဖြစ် ယူမယ်။"]

"ခင်ဗျား သဘောတူလား?"

[ ပိုင်ယွီဗန် သည် လုံးဝ ကြောင်အ သွားသည်။]

[ လက်ထပ်မင်္ဂလာ မဟာမိတ် ? ဘယ်လို မဟာမိတ် လဲ? ဘယ်က လာတာလဲ?]

[သူသည် ပိုင်မြောင်လန် ကို ရှင်းပြနိုင်ဖို့ မျှော်လင့်ပြီး ဗီဇ အတိုင်း ကြည့်လိုက်သည်။]

[ဒါပေမဲ့ သူမ စိတ်ချင်းဆက်သွယ်ပီး ပြောလိုက်တာက စကားသုံးလုံး ပဲ…]

"သဘောတူလိုက်!"

[သူ့ သခင်မ ရဲ့ အမိန့်နဲ့ဆိုရင် ငြင်းပယ်စရာ အကြောင်းမရှိဘူး။]

[ ပိုင်ယွီဗန် က ချက်ချင်း ပြန်ဖြေသည်၊ "ကျွန်တော် သဘောတူနိုင်ပါတယ်။ ကျွန်တော် လက်ထပ်မင်္ဂလာ မဟာမိတ် ကို ချက်ချင်း သွားဖျက်သိမ်းပါ့မယ်!""]

[ဒီလို အလျင်အမြန် လက်ခံခြင်း ကြောင့် ယဲ့ယွီ မျက်ခုံးပင့်သွားသည်။]

[ဒါက အရမ်း လွယ်ကူလွန်း နေတာလား? တစ်ခုခု ထောင်ချောက်ရှိလား?]

[ ပိုင်ယွီဗန် က ပိုင်မြောင်လန် ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ငြင်းဆိုလိုက်သည်၊ "ဘယ်လို လှည့်ကွက် မှ မရှိပါဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ ကံကောင်းခြင်း ဆွဲဆောင်မှု ပဲ။ ကျနော့် မိသားစုနဲ့ ပူးပေါင်းတဲ့အတွက် ကျွန်တော် အရမ်း ပျော်ရွှင်တာပေါ့။"

"ဒါ့အပြင် နှစ်ယောက် အတူတူ ဒီကို လာခဲ့တာမို့…"

"ဒါက နှစ်ဦးသဘောတူ တယ်ဆိုတာ သက်သေပြတယ်။"

"ဘာလို့ ကျွန်တော်က မြန်မာကားထဲကလို လူကြမ်း လုပ်ရမှာလဲ?"

[ဒီ ရှင်းပြချက် ကို ကြားတော့ ယဲ့ယွီ ခေါင်းညိတ်လိုက်သည်။]

[ဒါက အဓိပ္ပာယ်ရှိတယ်။]

[ ပိုင်မြောင်လန် သည် အလွန်ဝမ်းသာသွားပြီး ပိုင်ယွီဗန် ကို အကြိမ်ကြိမ် ကျေးဇူးတင်ခဲ့သည်။]

[ထို့နောက် သူမက ပြောလိုက်သည်၊ " နှောင့်နှေးမှု တွေ မဖြစ်အောင်၊ ကျမတို့ မင်္ဂလာပွဲ ကို ဒီညပဲ ဘာလို့ မလုပ်လိုက်တာလဲ?"]

[ ယဲ့ယွီ သည် အံ့အားသင့်သွားသည်။ ဒါက နည်းနည်း… မြန်လွန်း နေတာလား?]

"ညီမလေး၊ ဒါက နည်းနည်း အလျင်စလို မဖြစ်လွန်းဘူးလား?"

[ ပိုင်ယွီဗန် လည်း ဒါက ရုတ်တရက်ဖြစ်တယ်လို့ ခံစားခဲ့ရသည်။]

[သူ ငြင်းတော့မယ့်အချိန်မှာ ပိုင်မြောင်လန် ရဲ့ အကြည့်ထဲက ရုတ်တရက် အေးစက်မှု ကို မြင်တော့…]

[သူသည် သူ့ရဲ့ စကားလုံး ကို ချက်ချင်း ပြောင်းလိုက်သည်။]

"ဒီညပဲ လုပ်မယ်! ပိုင်မိသားစု အတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲ တစ်ခု ဖြစ်စေရမယ်!"

၂၈၂ ဆက်ရန်

## အခန်း (၂၈၂)၊

---

[ညရောက်တော့…]

[ ပိုင်မိသားစု အိမ်ခြံမြေ သည် လင်းထိန်နေသည်။ မိသားစုခေါင်းဆောင် ၏ ညီမ၏ လက်ထပ်ပွဲ သည် အမြင့်ဆုံး ဦးစားပေး ဖြစ်သည်။]

[လူတိုင်း အလုပ်ရှုပ်နေ သည်။]

[သူမ၏ မင်္ဂလာခန်း ထဲတွင် ပိုင်မြောင်လန် သည် ဝတ်စားဆင်ယင်မှု ပြီးစီးနေပြီ။]

[သူမသည် မှန် ထဲတွင် သူမ၏ ရောင်ပြန်ဟပ်ခြင်း ကို ကြည့်ပြီး ကျေနပ်သော အပြုံး တစ်ခု နှုတ်ခမ်းတွင် ရှိနေသည်။]

[ အလင်းရောင် တစ်ခု ပေါ်လာပြီး…]

[ ပိုင်ယွီဗန် ၏ ပုံရိပ်သည် သူမ၏နောက်တွင် ပေါ်လာသည်။]

["သခင်မ၊ တကယ်ပဲ အဲဒီလူကို လက်ထပ်တော့မှာလား?"]

[ ပိုင်မြောင်လန် က မလှည့်ဘဲ မှန်ထဲမှာ သူမကိုယ်သူမ ဆက်လက် ကြည့်နေခဲ့သည်။]

["ဘာလို့ မလုပ်ရမှာလဲ?"]

[ ပိုင်ယွီဗန် က သူ့ခေါင်းကို အနည်းငယ် မြှောက်လိုက်ပြီး စိတ်ရှုပ်ထွေးမှု ခံစားခဲ့ရသည်။]

[ နှစ်ခြောက်ဆယ် ကတည်းက သူ ယဲ့ယွီ ကို ပထမဆုံး တွေ့တုန်းက ပိုင်မြောင်လန် လည်း အဲဒီမှာ ရှိနေခဲ့သည်။]

[တိတိကျကျ ပြောရရင်…]

[ ပိုင်မြောင်လန် ၏ အမိန့်မရှိခဲ့ရင်…]

[ ပိုင်ယွီဗန် သည် ကျောင်မန်ဒါအို ယဲ့ယွီ ကို သတ်တဲ့အထိ စောင့်ပြီးမှ ဝင်ရောက်စွက်ဖက်မှာ ဖြစ်သည်။]

[" မထင်မှတ်ဘဲ ဖမ်းမိခြင်း " နှင့် " ကံကောင်းခြင်း ဆွဲဆောင်မှု " အကြောင်း ပြောဆိုမှုများ အားလုံးသည် အကြောင်းပြချက် များသာ ဖြစ်သည်။]

[ ယဲ့ယွီ ကို ပိုင်မိသားစု နှင့် ပူးပေါင်းရန် ဖိတ်ကြားခြင်းပင်လျှင်…]

[ ပိုင်မြောင်လန် ၏ တောင်းဆိုချက်အရ ဖြစ်သည်။]

[ ပိုင်ယွီဗန် သည် ဒီအရာအားလုံးကို အဆုံးမဲ့ စဉ်းစားခဲ့သည်။]

[သူသည် ပိုင်မြောင်လန် ဘာလို့ ယဲ့ယွီ အပေါ် ဒီလောက် စိတ်ဝင်စားနေရတာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။]

[သူမ၏ ရုတ်တရက် သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်ချက်ကြောင့် ပိုပြီး စိတ်ရှုပ်ထွေးနေသည်။]

[ဒီမနက်ကပဲ ပိုင်ယွီဗန် ဘာမှ မသိခဲ့ဘူး။]

[တခြားမိသားစုနဲ့ လက်ထပ်မင်္ဂလာ မဟာမိတ် ဆိုတာ သူ့ကို လုံးဝ အံ့အားသင့် စေခဲ့သည်။]

[ပြန်စဉ်းစားကြည့်တော့…]

[ဒါက သူ့ သခင်မ က ဖန်တီးထားတဲ့ ဇာတ်လမ်း ဖြစ်နိုင်ချေရှိသည်။]

["ဒါပေမဲ့၊ သခင်မ၊ ဒါကသခင်မရဲ့ အကျင့်စရိုက် ဝိသေသလက္ခဏာ နဲ့ တကယ်ပဲ သင့်လျော်ရဲ့လား?"]

[ခဏတာ တွန့်ဆုတ်ပြီးနောက် ပိုင်ယွီဗန် က အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်၊ "ဘာလို့လဲဆိုတာ မေးခွင့်ပြုပါ?""]

[ ပိုင်မြောင်လန် ၏ လက်သည် သူမ၏ ဆံပင်များကို ဖြီးနေစဉ် ရပ်တန့်သွားသည်။]

[နောက်တစ်ခဏတွင်…]

[ မှောင်မိုက်ပြီး ထူးဆန်းသော စွမ်းအင် တစ်ခု ပိုင်ယွီဗန် ၏ ခန္ဓာကိုယ်ကို ဖြတ်၍ ဝင်ရောက်သွားသည်။]

[သူသည် သွေးတစ်လုတ်အန်ပြီး နာကျင်စွာဖြင့် မြေပြင်ပေါ် လဲကျသွားသည်။]

[ ပိုင်မြောင်လန် ၏ လေသံက အေးစက်နေသည်၊ "မင်းက ငါ့ကို မေးခွန်းထုတ်ဖို့ ဘယ်တုန်းကစပြီး သတ္တိကောင်းသွားတာလဲ? မှတ်ထား၊ မင်းက ငါ မွေးထားတဲ့ ခွေး တစ်ကောင်ထက် မပိုဘူး။"]

"ပြီးတော့ ခွေး တစ်ကောင်က ဘာလို့လဲဆိုတာ မမေးဘူး။ နားလည်လား?"

[ ပိုင်ယွီဗန် က သူ့ကိုယ်သူ ရုန်းကန်ပြီး မတ်တပ်ရပ်ကာ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။]

[ ပိုင်မြောင်လန် က ရုတ်တရက် ပြုံးလိုက်သည်။]

"ပျော်ပျော်နေစမ်းပါ။ အဲဒီလို စိတ်ပျက်နေတဲ့ ပုံစံ မျိုး မပြပါနဲ့။ မင်းတို့ရဲ့ လူ့ဓလေ့ထုံးတမ်းအရ၊ ဒီနေ့က ငါ့ရဲ့ မင်္ဂလာပွဲနေ့ လေ။"

"ငါ့ရဲ့ အစ်ကို အနေနဲ့ ရှင်က ငါ့အတွက် ပျော်ရွှင်ရမယ်။"

[ ပိုင်ယွီဗန် သည် သူ့ပါးစပ်ထောင့်မှ သွေး ကို သုတ်လိုက်ပြီး အတင်းအဓမ္မ ပြုံးလိုက်သည်။]

---

နာရီဝက်အကြာ တွင်…

မင်္ဂလာပွဲ စတင်သည်။

ပိုင်မိသားစု တစ်ခုလုံး၏ ရှေ့မှောက်တွင် ယဲ့ယွီ နှင့် ပိုင်မြောင်လန် တို့သည် မင်္ဂလာအခမ်းအနား ကို ပြီးစီးခဲ့သည်။

နောက်ပိုင်းတွင် သူတို့ကို မင်္ဂလာခန်း သို့ ခေါ်ဆောင်သွားသည်။

ယဲ့ယွီ သည် ပိုင်မြောင်လန် ၏ မျက်နှာဖုံး ကို ဖွင့်လိုက်ရာ သူမသည် ပို၍ပင် လှပကာရမက်ကြွစရာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒီ အိပ်မက် က ဘယ်လောက် ချောမွေ့ နေလဲဆိုတာကို သူ စိတ်ထဲတွင် အံ့ဩ မနေနိုင်တော့ဘူး။

အမှန်တကယ် အခက်အခဲ တစ်ခုတည်းမှ မရှိခဲ့ဘူး…

ဒါက ယဲ့ယွီ ကို အနည်းငယ် အကျင့်မဖြစ် စေခဲ့ဘူး။

ဒါပေမဲ့ အဲဒါတွေ ဘာမှ အရေးမကြီးပါဘူး။

ဘာလို့လဲဆိုတော့ သူ လုပ်ရမယ့် ပိုအရေးကြီးတဲ့ အရာ တွေ ရှိနေလို့ပဲ!

---

အဲဒီညမှာ…

ကုတင်ပေါ်က တိုက်ပွဲ က ပြင်းထန်သည်။ ညှို့ငင်အားပြင်းထန်လွန်းသော ပိုင်မြောင်လန် ၏ ကိုယ်လုံးလေးမှာ ယဲ့ယွီ၏အောက်တွင် ဖိထားခြင်းခံရသည်။

ပြင်းပြသောအသက်ရှူသံရမက်သံများ ဆူညံနေခဲ့သည်။

ပိုင်မြောင်လန်သည် အသားရည်ချောမွေ့လွန်းသည်။ ဖြူစင်လှသော အသားရည်က ဘယ်နားထိထိအိစက်နေခဲ့သည်။

အထူးသဖြင့်တောင့်တင်းလှသော တင်သားများနှင့် ဖြူဝင်းလှသော ရင်သားများမှာ ကြည့်မဝထိမဝဖြစ်နေခဲ့ရသည်။

ယဲ့ယွီ၏ပွတ်သပ်ဆုပ်နယ်မှုများကြောင့် သူမ၏ ကိုယ်တွင် နီရဲနေတာမျိုးဖြစ်ပေါ်ခဲ့သည်။

အနမ်းခြင်းကြာရှည်စွာဖလယ်ကာ အချိန်ကြာမြင့်စွာချစ်တင်းနှောခဲ့ကြသည်၊

အသက် ၈၅ နှစ်မှာ ယဲ့ယွီ သည် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ် အဆင့်၏ အလယ်အလတ်အဆင့် သို့ မရောက်သေးပေမဲ့ ရောက်ခါနီးပြီ။ မကြာခင် ရောက်တော့မယ်လို့ သူ ယုံကြည်သည်။

မကြာသေးမီနှစ်များ အတွင်း…

ယဲ့ယွီ နှင့် ပိုင်မြောင်လန် သည် ခွဲလို့မရအောင် ဖြစ်ခဲ့ပြီး သူတို့၏ ချစ်ခြင်းမေတ္တာ ပိုမိုပွင့်လန်းလာသည်။

ဘဝက ပြောရရင် ပျော်စရာကောင်း သည်။

တစ်ခုတည်းသော အနည်းငယ် စိတ်ပျက်စရာ ကတော့ ပိုင်မိသားစု မှာ ယဲ့ယွီ လေ့လာဖို့အတွက် တားမြစ်နည်းပညာအသစ် များ မရှိတော့ခြင်း ဖြစ်သည်။

တားမြစ်နည်းပညာ အခု နှစ်ဆယ်ကျော် ရရှိထားသော်လည်း…

သူတို့ပြောသလိုပဲ " အစွမ်းအစများ က ဘယ်တော့မှ မများနိုင်ဘူး"။

ဘေးထွက်ဆိုးကျိုး ပိုပြင်းလေလေ၊ ပိုကောင်းလေလေပဲ။

ဘာပဲဖြစ်ဖြစ် နတ်ဘုံ က အလွန်အမင်း အန္တရာယ်များတဲ့ နေရာ တစ်ခုပဲ။

ယဲ့ယွီ က အရင်တုန်းကလို အလောတကြီး " ထွက်သွား " ချင်တာ မဟုတ်ဘူး။

ဒီတစ်ကြိမ်မှာ သူသည် ဖြစ်နိုင်ရင် ရာစုနှစ်များစွာ အဲဒီမှာ နေချင်သည်။

ဒါကြောင့် ယဲ့ယွီ က ပိုင်မြောင်လန် ကို ပိုင်မိသားစု မှာ တကယ်ပဲ တားမြစ်နည်းပညာ ထပ်မရှိတော့ဘူးလားလို့ မေးခဲ့သည်။

သူမက ခေါင်းခါလိုက်သည်။

ရိုးသားစွာ သူမ ရှင်းပြသည်မှာ တားမြစ်နည်းပညာ များသည် အလွန်ရှားပါး ပြီး အများစုသည် အချိန်ကာလ ၏ မြစ်ထဲတွင် ပျောက်ဆုံးသွားပြီ။

အခုနှစ်ဆယ်ကျော် ကို ရှာတွေ့ခဲ့တာကတောင် ထူးခြား နေပြီ။

ဒါပေမဲ့ သူမရဲ့ ယောကျာ်းရေ က ဆက်ပြီး ရှာဖွေချင်တယ်ဆိုရင် နည်းလမ်း တစ်ခုတော့ ရှိနေသေးသည်။

ယဲ့ယွီ က ပိုင်မြောင်လန် ကို ပြောပြဖို့ တိုက်တွန်းခဲ့သည်။

ဒါပေမဲ့ သူမက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

"သန်းခေါင်ယံမှာ ဝိညာဉ်ပိတ်ဆို့မြစ် မှာ ကျွန်မနဲ့ တွေ့ပါ၊ အဲဒီအခါ ရှင့်ကို ပြောပြမယ်။"

ယဲ့ယွီ သည် ဒီအရာကို ကြားတော့ ရယ်မနေနိုင်တော့ဘူး။

သူတို့ တာအိုအဖော် တွေ ဖြစ်နေတာ သုံးနှစ် ရှိပြီ— ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့မရတဲ့ အရာ တကယ် ရှိသေးတာလား?

ဘာလို့ ညသန်းခေါင်မှာ မြစ်ဘေးမှာ တွေ့ ရမှာလဲ?

"ချစ်ချစ်ဇနီးလေးလေး မင်းမှာ အချစ်ရေး ကို တကယ် နားလည်တဲ့ အာရုံရှိတယ်။"

---

ဝိညာဉ်ပိတ်ဆို့မြစ် သည် ပိုင်မိသားစု အိမ်ခြံမြေ မှ မိုင်တစ်ရာ လောက်ဝေးသည်။

လျှို့ဝှက် ပြီး တိတ်ဆိတ်တဲ့ နေရာ ဖြစ်ပြီး ချိန်းတွေ့ဖို့ အသင့်တော်ဆုံးပဲ။

အဲဒီညနေမှာ ယဲ့ယွီ သည် ကတိအတိုင်း ရောက်ရှိလာသည်။

သူသည် ပိုင်မြောင်လန် မြစ်ဘေးမှာ အသင့်စောင့်နေတာကို တွေ့လိုက်ရသည်။

လရောင် က သူမအပေါ် ညင်သာစွာ ကျရောက်နေပြီး သူမကို ငွေရောင်မျက်နှာဖုံး နဲ့ ဖုံးအုပ်ထားသလိုပဲ။

သူမအပေါ် နူးညံ့ပြီး နတ်ဆန်တဲ့ အရည်အချင်း တစ်ခု ရှိနေသည်။

ယဲ့ယွီ သည် သူမဘေးတွင် ထိုင်လိုက်ပြီး ညင်သာစွာ ရယ်လိုက်သည်၊ "ချစ်ဇနီးလေး၊ ဒီည မင်း အရမ်းလှတယ်။"

ပိုင်မြောင်လန် က သူမလက်ကို မြှောက်လိုက်ပြီး အကာအကွယ်အလွှာများ စွာကို တည်ဆောက်လိုက်သည်။

ပြီးတော့ သူမသည် အလွန်လေးနက်စွာ မေးလိုက်သည်၊ "ယောကျာ်းရေ၊ ပိုင်မိသားစု ရဲ့ အနာဂတ် ကို ရှင် စဉ်းစားဖူးလား?"

အမ်၊ ဒါက ဒီညအတွက် အရမ်းလေးနက်လွန်း နေတာ မဟုတ်ဘူးလား?

သူတို့ တားမြစ်နည်းပညာ တွေအကြောင်း ဆွေးနွေးဖို့ မဟုတ်ဘူးလား?

ဘာလို့ ရုတ်တရက် အနာဂတ် အကြောင်း ပြောနေတာလဲ?

သို့သော်လည်း ပိုင်မြောင်လန် က မေးချင်နေတာမို့…

ယဲ့ယွီ က သူမကို ပယ်ချ မှာ မဟုတ်ဘူး။

သူသည် ပိုင်မိသားစု ၏ လက်ရှိအခြေအနေက ကောင်းမွန်နေပြီဖြစ်ကြောင်း ပြန်ဖြေသည်။

သူတို့သည် မိုင်ပေါင်းများစွာ အကွာအဝေးရှိ ပတ်ဝန်းကျင် နယ်မြေ များကို လွှမ်းမိုးထားသည်။

သူတို့၏ ကျော်ကြားမှု က ကောင်းမွန်စွာ တည်ထောင် ထားပြီးသားပဲ!

ထာဝရသာယာဝပြောမှု သည် လက်လှမ်းမီနေသည်။

ပိုင်မြောင်လန် သည် သူမ၏ ခေါင်းကို ယဲ့ယွီ ၏ ပခုံးပေါ်တွင် မှီလိုက်သည်။

ညင်သာသောအသံ ဖြင့် သူမ ပြောလိုက်သည်၊ "ယောကျာ်းရေ၊ ဒေသတစ်ခုတည်း ကို လွှမ်းမိုးတာက အရမ်း သေးငယ်လွန်း တယ်။ ကျမတို့ မြောက်ဘက်မန် ကုန်းမြေတစ်ခုလုံး ကို သိမ်းပိုက် လိုက်ရင် ဘယ်လိုလဲ?"

"ရှင် လေ့လာဖို့အတွက် ရှိသမျှ တားမြစ်နည်းပညာ တွေ အားလုံးကိုအဲ့လိုနည်းနဲ့ရနိုင်တယ်လေ?"

ယဲ့ယွီ က ပိုင်မြောင်လန် ကို တစ်ချက်ကြည့်လိုက်သည်။ ဟုတ်တယ်၊ ဒါက ဒီ အိပ်မက် ထဲက သူ့ရဲ့ ချစ်ဇနီးလေး တကယ်ပဲ…

ဒါပေမဲ့ ဘာလို့ ဟွမ်ဖူဘိုင်ကျီ ပြောမယ့် စကားနဲ့ ပိုတူနေရတာလဲ?

ယဲ့ယွီ က အတင်းအဓမ္မ ပြုံးလိုက်သည်။ " လောက က ကျယ်ပြောတယ်၊ အစွမ်းထက်တဲ့ ကျင့်ကြံသူ တွေ ရေတွက်လို့မရအောင် များပြားတယ်။ မြောက်ဘက်တိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်တာက အလွန်အမင်း ခက်ခဲ လိမ့်မယ်။"

ဒီအဖြေက ပိုင်မြောင်လန် နဲ့ သဘောမတူဘူး။

သူမသည် လက်တစ်ဖက်ကို ယဲ့ယွီ ၏ ရင်ဘတ်ပေါ် တင်လိုက်သည်။

နူးညံ့သောအသံ ဖြင့် သူမ ပြောလိုက်သည်၊ "ယောကျာ်းရေ၊ ကျွန်မက ခက်ခဲတယ် လို့ လုံးဝ မထင်ဘူး။"

"ဒါ့အပြင် ကျွန်မရဲ့ စစ်မှန်တဲ့ ဆန္ဒ က ဒီ ကုန်းမြေ အတွက်ပဲ မဟုတ်ဘူး။ ကျွန်မ လူသားလောကတစ်ခုလုံး ကို လိုချင်တယ်။"

"ရှင် ကျွန်မကို ကူညီပေးမလား?"

ယဲ့ယွီ သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဘာလို့ ပိုင်မြောင်လန် ရဲ့ စကားတွေက ပိုပြီး မမှန်ကန် လာတာလဲ?

ကျင့်ကြံသူ အများစုသည် တာအို ကို လိုက်စားကြပြီး နတ်ဘုံ သို့ တက်လှမ်းရန် သူတို့၏ တစ်သက်တာ ရည်မှန်းချက် ဖြစ်သည်။

စစ်မှန်သော ကျင့်ကြံသူ များသည် လောကီကိစ္စများ ကို ဂရုမစိုက်ဘဲ တက်လှမ်းခြင်း ကို အောင်မြင်ရန်သာ အာရုံစိုက်သည်။

ဒါပေမဲ့ ပိုင်မြောင်လန် က မတူဘူး။

ဝိညာဉ်နည်းစနစ် ကျင့်ကြံသူ ဖြစ်သော်လည်း— အဆင့် က သိပ်မမြင့်ပေမဲ့—သူမသည် တာအို ကို ဆက်လက် လိုက်စားသင့်သည်။

သို့သော်လည်း သူမသည် လောက ကို သိမ်းပိုက်ခြင်း အကြောင်း ပြောနေသည်။

ဒါက သေချာပေါက် ပုံမှန်မဟုတ်သော ရည်မှန်းချက် တစ်ခု ဖြစ်သည်။

လူသားလောကတစ်ခုလုံး ကို သိမ်းပိုက်ခြင်း? နောက်ပိုင်းအဆင့် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ များပင်လျှင် ထိုသို့ မလုပ်ဆောင်နိုင်ပါ။

၂၈၃ ဆက်ရန်

## အခန်း (၂၈၃)၊

---

[ ယဲ့ယွီ သည် ပိုင်မြောင်လန် ကို အကြာကြီး စိုက်ကြည့်နေခဲ့သည်၊ သူမက ဟာသ လုပ်နေတာ မဟုတ်ဘူးဆိုတာ မြင်တော့ ယဲ့ယွီ က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။]

"ချစ်ဇနီးလေး၊ မင်းရဲ့ အတွေး က နည်းနည်း ရိုးအ နေတယ်။"

"ဘယ်သူမှ လူသားလောက တစ်ခုလုံးကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ မင်း အပြင်ကို သိပ်မထွက်ဖူးဘူး၊ ဒီ လောက က ဘယ်လောက် ကျယ်ပြော တယ်၊ သူ့ရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူ တွေက ဘယ်လောက် စွမ်းအားကြီး တယ်ဆိုတာ မင်း မသိဘူး!"

" ပထမ ကျင့်ကြံမှု ကိုပဲ အာရုံစိုက်ရအောင်၊ ဟုတ်ပြီလား?"

[ ယဲ့ယွီ ၏ စိတ်ထဲတွင် ပိုင်မြောင်လန် ၏ အမြဲတမ်း နေထိုင်ရာက ပိုင်မိသားစု ၏ တာအိုဉာဏ်အလင်း နန်းတော် ဖြစ်သည်။]

[သူမသည် ပိုင်မိသားစု အိမ်ခြံမြေ ကို ဘယ်တော့မှ မထွက်ခဲ့ဖူးဘူး။]

[ဒါကြောင့် သူမ၏ လက်တွေ့မဆန်သော ရည်မှန်းချက် များသည် နားလည်နိုင်စရာ ဖြစ်သည်။]

ပိုင်မြောင်လန် က ရုတ်တရက် ရယ်လိုက်သည်၊ "ယောကျာ်းရေ၊ ကျွန်မ ဟာသ လုပ်နေတယ်လို့ပဲ ခနထားလိုက်ပါတော့။"

"ဒါပေမဲ့ အဲဒီနေ့သာ တကယ်ရောက်လာရင် ရှင် ကျွန်မကို ကူညီပေးမှာလား?"

[ ယဲ့ယွီ ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားသည်။]

[ ပိုင်မြောင်လန် သည် ဒီနေ့ အရမ်းကို ကွဲပြား နေသည်။]

[သူမ၏ ပုံမှန် နူးညံ့သော အမူအရာ ပျောက်ကွယ်နေပြီး လုံးဝကို တခြားလူ တစ်ယောက်လို ဖြစ်နေသည်။]

[ဖြစ်နိုင်မလား… သူမ ပူးဝင်ခံရ တာလား?]

[ ယဲ့ယွီ သည် ပိုင်မြောင်လန် ၏ ညာဘက်လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို သေသေချာချာ ဝိညာဉ်အာရုံ ဖြင့် စစ်ဆေးကြည့်လိုက်သည်။]

[သူမ၏ ဝိညာဉ် သည် တည်ငြိမ်နေတာကို သူ တွေ့လိုက်ရသည်။]

[ ပူးဝင်မှု ၏ အရိပ်အယောင်ပင် မရှိခဲ့ပေ။]

[ဒါဆို ဘာလို့ ဒီနေ့ ဒီလို ထူးဆန်းတဲ့ စကား တွေ ပြောနေရတာလဲ?]

[ ပိုင်မြောင်လန် သည် ယဲ့ယွီ ၏ ထိတွေ့မှုကို ခုခံခြင်း မရှိခဲ့ပါ။]

[သူမ၏ အပြုံးက ပိုပြီး ပေါ်လွင်လာသည်။]

"ယောကျာ်းရေ၊ ကျွန်တော်တို့ ရိုးသားစွာ စကားပြော ရအောင်၊ ဘယ်လိုလဲ?"

" ပထမ ၊ ရှင့်အကြောင်း ပြောရအောင်။ ပြန်လည်မွေးဖွားခြင်း စတေးနည်းပညာ —ဒါက ရှင့်ရဲ့ လက်ဝယ်မှာ ရှိနေရမယ်၊ ဟုတ်တယ်မလား?"

[ဒါကို ကြားတော့…]

[ ယဲ့ယွီ ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲ သွားသည်။]

[ ပြန်လည်မွေးဖွားခြင်း စတေးနည်းပညာ သည် ယခင် ဝါးရွက်စမ်း အမြင် ၏ ဂိုဏ်းသခင် မားကျင်းထျန် က သူ့အသက်ကို စတေးပြီး ရယူခဲ့သော တားမြစ်နည်းပညာ ဖြစ်သည်။]

[ ပိုင်မြောင်လန် ဘယ်လိုလုပ် သိနေရတာလဲ?]

[ ယဲ့ယွီ သည် ချက်ချင်း သိချင်စိတ်ပြင်းပြ လာသည်။]

[ထို့နောက် ပိုင်မြောင်လန် က ဒီ တားမြစ်နည်းပညာ ၏ မူလဇစ်မြစ် ကို စတင် ရှင်းပြခဲ့သည်။]

[ ပြန်လည်မွေးဖွားခြင်း စတေးနည်းပညာ ကို အသေခံ စစ်သည်တော် နည်းပညာ ဟုလည်း ခေါ်သည်…]

[ ရှီတန်ယွီ အမည်ရှိ နာမည်ကြီး တာအို ပေါင်းစည်းမှုအဆင့် ကျင့်ကြံသူ တစ်ဦးက ဖန်တီးခဲ့သည်။]

[သူ၏ ရည်ရွယ်ချက်က စွမ်းအားပြည့်ဝသော အသေခံ စစ်သည်တော် အဖွဲ့ကို လျင်မြန်စွာ ကျင့်ကြံဖို့ ဖြစ်သည်။]

[သို့သော်လည်း နည်းပညာသည် သိသိသာသာ တိုတောင်းသော သက်တမ်း နှင့် ကျား/မ ပြောင်းပြန်လှန်ခြင်း ကို ကုန်ကျခံရသည်။]

[ထို့ကြောင့် " ပြန်လည်မွေးဖွားခြင်း စတေးနည်းပညာ " ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။]

[အစပိုင်းတွင် နည်းပညာသည် ရှီတန်ယွီ ကို သန္ဓေတည်ဝိညာဉ်နယ်ပယ်အဆင့် ထိပ်ဆုံး ကျင့်ကြံသူ ရာနှင့်ချီ ကို အချိန်တိုအတွင်း ထုတ်လုပ်နိုင်ခဲ့သည်။]

[သူတို့၏ အဆင့်များ မမြင့်မားသော်လည်း သူတို့၏ အရေအတွက် တစ်ခုတည်းကပင် ကြီးမားသော စွမ်းအား တစ်ခု ဖြစ်လာသည်။]

[ဒီ အသေခံ စစ်သည်တော် များသည် ရှီတန်ယွီ အတွက် အလုပ်များစွာ ကို လုပ်ဆောင်ပေးခဲ့သည်…]

[ ရန်သူများ ကို ရေတွက်မရအောင် ချေမှုန်းခဲ့သည်။]

[သို့သော် ကောင်းမွန်သော အချိန်များက ကြာရှည်မခံခဲ့ပေ။ အသေခံ စစ်သည်တော် များသည် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ကို မခံနိုင်တော့ဘဲ အချို့ က ကိုယ့်ကိုယ်ကို သတ်သေသွားပြီး အချို့ က ထွက်ပြေးသွားကြသည်။]

[ဒီအကြောင်း သတင်းပြန့်သွားတော့…]

[လူတိုင်းက ရှီတန်ယွီ ၏ နည်းပညာကို အရမ်း ဆိုးသွမ်း တယ်လို့ သတ်မှတ်ခဲ့သည်။]

[သူသည် အများအပြားရဲ့ ရှုတ်ချမှု ကို ခံခဲ့ရသည်။]

[ မြောက်ပိုင်းတောနက် ကုန်းမြေ မှ ပညာရှိ တစ်ဦးပင်လျှင် အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ဦးကို စေလွှတ်ပြီး ရှီတန်ယွီ ကို အကျဉ်းချ ခဲ့သည်…]

[ပြီးတော့ နည်းပညာကို တားမြစ်ထားသည် ဟု ကြေညာခဲ့ပြီး ဘယ်သူမှ ကျင့်သုံးခြင်းမပြုရန် တားမြစ်ခဲ့သည်။]

[သို့သော် လူသား၏ လောဘ သည် အဆုံးမရှိပေ။]

[ သန္ဓေတည်ဝိညာဉ်နယ်ပယ်အဆင့် ထိပ်ဆုံး ကျင့်ကြံသူ အများအပြားကို ထုတ်လုပ်နိုင်တဲ့ နည်းပညာကို ဘယ်သူက လိုချင်မှာ မဟုတ်ဘူးလဲ?]

[လူများသည် ပညာရှိ ၏ အာဏာ ကို လေးစားသောကြောင့်သာ ရှောင်ကြဉ်ခဲ့ကြသည်။]

[သို့သော် မမျှော်လင့်ဘဲ…]

[ နှစ်ထောင်ပေါင်းများစွာ အကြာတွင် ပိုင်မိသားစု သည် ပြန်လည်မွေးဖွားခြင်း စတေးနည်းပညာ ကို တခြား မိသားစု တစ်ခုရဲ့ လက်ဝယ်မှာ တွေ့ရှိခဲ့သည်။]

[ ပိုင်မြောင်လန် ကိုယ်တိုင်က အဲဒီအချိန်က ဒါကို ပြန်လည်သုံးသပ်ခဲ့ပြီး သူ့ရဲ့ အလားအလာ က ကန့်သတ်ထားတာကို တွေ့ရှိခဲ့တဲ့အတွက် ကိုးကွယ်ခံ အကြီးအကဲ တစ်ဦးကို ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့သည်။]

[သို့သော် အကြီးအကဲ မှာ တခြား ရည်ရွယ်ချက်များ ရှိနေပြီး ဖျက်ဆီးမည့်အစား ဘေးကင်းလုံခြုံမှု အတွက် မြှုပ်နှံခဲ့ကာ အခြေအနေ ငြိမ်သက်သွားတဲ့အခါ အနာဂတ်အသုံးပြုမှု အတွက် ပြန်ယူဖို့ စီစဉ်ခဲ့သည်။]

[ဒီမြင်ကွင်းကို ဝါးရွက်စမ်း အမြင် ၏ ဂိုဏ်းသခင် မားကျင်းထျန် နဲ့ လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူ တစ်ဦးက မြင်တွေ့ခဲ့သည်။]

[နှစ်ဦးစလုံးက ဒါကို ရတနာ တစ်ခုလို့ မှားယွင်းစွာ ယူဆခဲ့သည်။]

[ အကြီးအကဲ ထွက်သွားပြီးနောက် သူတို့သည် ဒါကို ပြန်တူးဖော် ဖို့ အခွင့်အရေးကို ယူခဲ့ကြသည်။]

[ဒီ ပြသနာက သိသိသာသာ ကြီးမားခဲ့သည်…]

[ ပိုင်မြောင်လန် သည် ဒီအဖြစ်အပျက်ကို သတိပြုမိခဲ့သည်။]

[သူမသည် ချက်ချင်း လူများကို ခေါ်ဆောင်ပြီး အခင်းဖြစ်ပွားရာနေရာကို ရောက်လာသည်။]

[သို့သော် သူမ ရောက်လာတဲ့အချိန်မှာ မားကျင်းထျန် က သူ့ပြိုင်ဘက်ကို သတ်ပြီး တားမြစ်နည်းပညာ ကို ရယူကာ ထွက်ခွာသွားခဲ့ပြီ။]

[သူ့ကို ရှာမတွေ့နိုင်တဲ့အတွက် ပိုင်မြောင်လန် သည် ရှာဖွေမှုကို စွန့်လွှတ်ခဲ့ရသည်။]

[သို့သော် နှစ်အနည်းငယ် အကြာတွင် စိတ်ဝင်စားစရာ တစ်ခု ဖြစ်ပျက်ခဲ့သည်။]

[ ကျောက်စိမ်းလေဟာနယ် ခန်းမ ၏ ဂိုဏ်းသခင် ကျောင်မန်ဒါအို သည် ရုတ်တရက် ဂိုဏ်း မှ သူ့သားနဲ့အတူ ထွက်ခွာသွားပြီး မြောက်ပိုင်းတောနက် ကုန်းမြေ ကို နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေကာ ဂိုဏ်းကိစ္စ များကို လျစ်လျူရှုခဲ့သည်။]

[ဒီ ထူးဆန်းတဲ့ အပြုအမူ က ပိုင်မြောင်လန် ၏ အာရုံစိုက်မှု ကို ရခဲ့သည်။]

[ဒါကြောင့် သူမသည် လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးခဲ့သည်။]

[ ကျောင်မန်ဒါအို က ကျောက်စိမ်းလေဟာနယ် ခန်းမ မှာ ကျား/မ ပြောင်းလဲမှု ကို ပြောင်းပြန်လှန်ဖို့ နည်းလမ်းတွေကို မေးမြန်းခဲ့တယ်ဆိုတာ သိရှိပြီးတဲ့နောက်…]

[ပြီးတော့ ယဲ့ယွီ ကို တွေ့ရှိတဲ့အခါ သူ နဲ့ သူ့သား ကျောင်ဖေကွမ် တို့ရဲ့ မှတ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး…]

[ ယဲ့ယွီ သည် ပြန်လည်မွေးဖွားခြင်း စတေးနည်းပညာ ကို ယူခဲ့တယ်ဆိုတာ ပိုင်မြောင်လန် က သေချာနီးပါးပဲ။]

[ဒါကို ကြားပြီးနောက် ယဲ့ယွီ သည် အံ့ဩ သွားသည်။ ဒီလို ကြောက်မက်ဖွယ်ကောင်းသော တွေးခေါ်မှုအဆင့် —ဒါက သူ မှတ်မိတဲ့ ချစ်ဇနီးလေး တကယ်ပဲလား?]

[ ပိုင်မြောင်လန် သည် သူမလက်ကို မြှောက်လိုက်ပြီး ညင်သာစွာ ရယ်လိုက်သည်၊ "ရှင်နဲ့ ပထမဆုံး တွေ့တဲ့အချိန်ကတည်းက ကျွန်မ ရှင့်ကို အရမ်း စိတ်ဝင်စား ခဲ့တယ်။ ရှင့်မှာ လျှို့ဝှက်ချက် တွေ ရှိတယ်၊ ဟုတ်တယ်မလား?""]

[ ယဲ့ယွီ သည် တိတ်ဆိတ်နေခဲ့သော်လည်း သူ့၏ မျက်နှာအမူအရာက လေးနက် သွားသည်။]

[သူ ဘေးထွက်ဆိုးကျိုး မခံစားရဘဲ တားမြစ်နည်းပညာ များကို ကျင့်သုံးနိုင်တယ်ဆိုတာ သူမ ခန့်မှန်းမိ တာလား?]

[ ပိုင်မြောင်လန် က သူ့ကို ခဏတာ ကြည့်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်၊ " တားမြစ်နည်းပညာ များမှ ဘေးထွက်ဆိုးကျိုး ကို ပျက်ပြယ်အောင် လုပ်လို့မရဘူး။"

"ဒါကို လူတိုင်း သိတယ်။"

"ဒါကြောင့် ရှင်က တားမြစ်နည်းပညာ တွေကို တကယ်တမ်း ကျင့်သုံးခဲ့တာ မဟုတ်ဘူး။"

"ရှင် နှစ်ပေါင်းများစွာ ဒါတွေကို စုဆောင်းနေတဲ့ အစစ်အမှန်အကြောင်းရင်း ကတော့ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုး ကို စုပ်ယူ နိုင်တဲ့ လျှို့ဝှက်နည်းပညာ တစ်ခု ပိုင်ဆိုင်ထားလို့ပဲ။"

"ပြီးတော့ ကျောင်မန်ဒါအို ရဲ့ သား ကျောင်ဖေကွမ် က အဲဒီ နည်းပညာ ကြောင့် အမျိုးသမီး ဖြစ်သွားတာ မဟုတ်လား?"

"ကျွန်မ မှန်တယ်မလား၊ ယောကျာ်းရေ?"

[ ယဲ့ယွီ သည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။]

[“ လျှို့ဝှက်နည်းပညာ ၊” သူ စိတ်ထဲတွင် တွေးလိုက်သည်၊ “ဒါက တကယ်ပဲ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် ပဲ။"]

[ ပိုင်မြောင်လန် ၏ အသေးစိတ်စိတ် နှင့် သူမ၏ သေချာသော တွေးခေါ်မှု ကို ထည့်သွင်းစဉ်းစားပြီး ဒါကို ထပ်ငြင်းဖို့ အဓိပ္ပာယ်မရှိတော့ဘူး။]

[သူမ မှန်တယ်လို့ ယုံကြည်ပါစေ။]

[ ယဲ့ယွီ သည် အတည်လည်း မပြုခဲ့သလို ငြင်းလည်း မငြင်းခဲ့ပါ။]

[အစား၊ သူက အေးစက်စွာ ပြန်ဖြေသည်၊ "ဒါဆို အစကတည်းက ကို ပိုင်မိသားစု နဲ့ မပူးပေါင်းခင်ကတည်းက မင်း ကကို့အကြောင်း အားလုံး ကို သိနေခဲ့တာလား?"

"ဒါမှမဟုတ် ကို့ကို ပိုင်မိသားစု နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်တာကလည်း မင်းရဲ့ အစီအစဉ် ပဲလား?"

[ ပိုင်မြောင်လန် က ရယ်လိုက်သည်၊ "ယောကျာ်းရေ၊ ရှင် အရမ်း လိမ္မာ တယ်။"

"ဒါပေမဲ့ မှတ်ထားရအောင်၊ ဒီညက ရိုးသားစွာ ပြောဆိုခြင်း ပဲ။ ရှင် ဒေါသထွက်ဖို့ ခွင့်မပြုဘူး။ ကျွန်မ ရှင့်ကို အားလုံး ပြောပြမယ်။"

"ကျွန်မ ကျိန်ဆို တယ်။"

[ ပိုင်မြောင်လန် သည် လက်သုံးချောင်းကို လေးလေးနက်နက် မြှောက်လိုက်သည်။]

[ဒါကို မြင်တော့ ယဲ့ယွီ က ထပ်ပြောသည်၊ "ကိုမေးတဲ့ မေးခွန်းကို အရင် ဖြေပါ။"]

[ ပိုင်မြောင်လန် က တိုက်ရိုက် အသိအမှတ်ပြုလိုက်သည်။]

"ဟုတ်ပါတယ်၊ မှန်ပါတယ်။ ရှင် ပိုင်မိသားစု နဲ့ ပူးပေါင်းဖို့က ကျွန်မရဲ့ စီစဉ်မှု ပါပဲ။"

"အစပိုင်းမှာတော့ ကျွန်မ ရှင့်ကို အရမ်း စိတ်ဝင်စား ရုံပဲ ရှိခဲ့တာ။"

"ဒါပေမဲ့ ဒီ နှစ်များစွာ အတူတူနေပြီးတဲ့နောက်…"

"ကျွန်မတို့ရဲ့ အချိန်တွေကို တကယ်ပဲ တန်ဖိုးထား လာခဲ့တယ်။"

"ပြီးတော့ ရှင်က အရမ်း ချော တယ်။"

"ကျွန်တော်တို့က ကောင်းကင်ကသတ်မှတ်ပေးတဲ့ စုံတွဲ ပဲ။"

"ကျွန်မ ရှင်နဲ့ ထာဝရ အတူတူ နေဖို့ပဲ ဆန္ဒရှိတယ်။"

"ယောကျာ်းရေ၊ ရှင် ရှိသမျှ တားမြစ်နည်းပညာ အားလုံးကို စုဆောင်းချင်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မ ရှင့်ရဲ့ ဒီ ဆန္ဒ ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။"

"ကျွန်မ လူသားလောကတစ်ခုလုံး ကို သိမ်းပိုက်တဲ့အခါ…"

" တားမြစ်နည်းပညာ တွေ အားလုံးက ရှင် ပျော်ရွှင်နေသရွေ့ ရှင့်အတွက်ပဲ!"

[ ယဲ့ယွီ သည် နက်နက်နဲနဲ စိတ်ရှုပ်ထွေးသွားသည်။ ဘာလို့ သူမက လူသားလောက ကို သိမ်းပိုက်ဖို့ကိုပဲ ဒီလောက် အာရုံစိုက်နေရတာလဲ?]

"မင်း တိတိကျကျ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?"

"ဘာလို့လဲဆိုတော့… ဒါက ကျွန်မရဲ့ တာဝန် ပဲ။"

[သူမ ပြောနေစဉ် ပိုင်မြောင်လန် ၏ မျက်လုံးများသည် အဆုံးမဲ့ ချောက်နက်ကြီး တစ်ခုလို အမည်းရောင် ဖြစ်သွားသည်!]

၂၈၄ ဆက်ရန်

All Chapters