← Chapters

အခန်း (၂၉၃-၂၉၅)

Vol. 10 Ch. 293-295

အခန်း (၂၉၃-၂၉၅)

Vol. 10 Ch. 293-295

အခန်း (၂၉၃)၊

အသက် ၁၈၀ မှာ ယဲ့ယွီသည် ကောင်းကင်ဘုံ ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်အဆင့်၏ အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။]

[နှစ်များစွာအတွင်း သူသည် ပိုင်မြောင်လန်နှင့်အတူ ပိုင်မိသားစုတွင် နေထိုင်ခဲ့ပြီး အတူတူ ပျော်ရွှင်သော ဘဝကို ခံစားခဲ့သည်။ ရှီတူရှုဖင် သေဆုံးပြီးကတည်းက ပိုင်မြောင်လန်သည် လူ့ကမ္ဘာကို သိမ်းပိုက်ရန် သူမ၏ အစီအစဉ်များကို ဘယ်တော့မှ ထပ်မပြောခဲ့ဘဲ ယဲ့ယွီကိုသာ ဟင်္သါမောင်နှံသဖွယ် အပြည့်အဝ ချစ်ရည်လူးခြင်းဖြင့်သာ အချိန်ကိုကုန်ဆုံးစေခဲ့ပြီး သူမ၏ ကတိကို အပြည့်အဝ ဖြည့်ဆည်းခဲ့သည်။

သူမသည် ဆန္ဒအလျောက် သူ၏ "လှောင်အိမ်ထဲက ငှက်လေး " အဖြစ်သာ နေခဲ့ပြီး သူမ၏ ကတိစကားကို လိုက်နာခဲ့သည်။]

[မိစ္ဆာရတနာဖြစ်သည့် နိဗ္ဗာန်ရောင်ပြန် ဝတ်ရုံကို ယဲ့ယွီကိုယ်ပေါ်တွင်သာ ဆက်လက် ဝတ်ဆင်ထားစေခဲ့သည်။ သူက ၎င်းကို ပြန်ပေးရန် မကြိုးစားခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပိုင်မြောင်လန်က ၎င်းကို ပြန်ယူဖို့ ရိုးရိုးလေးပဲ ငြင်းဆန်ခဲ့သည်။]

[သူမ၏ ကိုယ်ပိုင်စကားများအရ "လှောင်အိမ်ထဲက ငှက်က ရတနာကို ဘာအတွက် လိုအပ်လို့လဲ? ဒါ့အပြင်၊ တကယ်လို့ အန္တရာယ်တစ်ခု ရောက်လာရင် ကျွန်မ တစ်ယောက်တည်း ရင်ဆိုင်တာထက် ရှင်က ကျွန်မကို ကယ်တင်ဖို့ ကျွန်မရဲ့သူရဲကောင်းကြီးကို ပိုပြီး အားကိုးချင်ပါတယ်" ဟု ပြောလိုက်သည်။]

သူမ၏ စကားများက ယဲ့ယွီကို ကြည်နူးမှူအပြည့်ဖြင့် မငြင်းဆန်နိုင်အောင်

ဖြစ်သွားစေသည်။

တစ်ချိန်က ရူးသွပ်ခဲ့သော ပိုင်မြောင်လန်သည် အခုလို နူးညံ့သူတစ်ယောက် ဖြစ်သွားခဲ့သည်။ သူ တခြားမိန်းမတွေကို ချစ်စခန်းဖွင့်ရန် အပြင်လောကတွင် မရှာဖွေသရွေ့ သူမသည် ဒီအတိုင်းပဲ ဆက်ရှိနေလိမ့်မည်ဟု ထင်ရသည်။]

[သို့သော် ဒါက ယဲ့ယွီကို ခေါင်းကိုက်မှုအချို့ ဖြစ်စေခဲ့သည်။ တစ်ခါတစ်ရံတွင် သူသည် လက်တွေ့ဘဝသို့ ပြန်သွားသောအခါ ဘာလုပ်ရမလဲဟု တွေးမိခဲ့သည်။ သူသိသလောက်တော့ လီရူဝမ်သည် ယဲ့ယွီ၏ တခြားဇနီးများကို စတင်လက်ခံနေပြီဖြစ်သည်။ ဒါပေမဲ့ ပိုင်မြောင်လန်ကရော?

[ဒီအတွေးက သူ့ကို အချိန်အကြာကြီး စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါဘူး။ အနာဂတ်အတွက် ပူပန်နေခြင်းသည် သူ့ရဲ့ပုံစံမဟုတ်ပါ။ သူသာ လီရူဝမ်၏ စိတ်နေသဘောထားကို ထိန်းချုပ်နိုင်ခဲ့ရင် ပိုင်မြောင်လန်နှင့်လည်း နည်းလမ်းတစ်ခု ရှာနိုင်မှာ သေချာသည်။ သူတို့ လက်တွေ့ဘဝမှာ ပြန်ဆုံစည်းတဲ့အခါမှ စဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။]

[ဒီအတောအတွင်း သူသည် ဝါးရွက်စမ်းဘုန်းကြီးကျောင်းကို မကြာခဏ သွားရောက်လည်ပတ်ခဲ့ပြီး ရှုပ်ထွေးချိုင့်ဝှမ်းကို သိမ်းပိုက်ပြီး သူ့ဆရာသခင် ရှောင်ယင်ကျန့်ကို လက်ဆောင်ပေးဖို့တောင် စဉ်းစားခဲ့သည်။ မြောက်ပိုင်းတောနက် ကုန်းမြေ၏ မြင့်မြတ်သော နယ်မြေများထဲမှ တစ်ခုအနေဖြင့် ဒါဟာ ဂုဏ်သိက္ခာရှိတဲ့ လက်ဆောင်တစ်ခု ဖြစ်လိမ့်မည်။ ရှောင်ယင်ကျန့် ဆန္ဒရှိပါက သူသည် ၎င်းကို ဝါးရောင်နီချိုင့်ဝှမ်းဟုပင် အမည်ပြောင်းနိုင်သည်။]

[သို့သော် ရှောင်ယင်ကျန့်က ငြင်းပယ်ခဲ့ပြီး မိတ်ဆွေရင်းဖြစ်သူ မားကျင့်ထျန်း သေဆုံးပြီးကတည်းက သူ့တွင် ရည်မှန်းချက်အားလုံး ပျောက်ဆုံးသွားပြီဖြစ်ကြောင်း ယဲ့ယွီကို ပြောပြခဲ့သည်။ ကုန်းမြေတိုက်ကြီးပေါတွင် နေလိုလလို ကျော်ကြားမှုကိုရရန် သူ့ကို စိတ်မဝင်စားတော့ပေ။ သူသည် ဝါးရွက်စမ်းဘုန်းကြီးကျောင်းကို နယ်စပ်ဒေသများတွင် တိတ်ဆိတ်စွာ စီမံခန့်ခွဲရန်သာ ဆန္ဒရှိပြီး သူငယ်ချင်းဟောင်းများကို မြင်တွေ့ရခြင်းဖြင့် ကျေနပ်နေသည်။]

[ယဲ့ယွီသည် ဒီအဖြေကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း နားလည်နိုင်ခဲ့သည်။ ကျင့်ကြံမှုလမ်း၏ အဆုံးမရှိသော မုန်တိုင်းသဖွယ်တိုက်ပွဲများသည် ခေါင်းမာသော နှလုံးသားများကိုပင် ပင်ပန်းနွမ်းနယ်စေနိုင်သည်။

ထို့ကြောင့် သူသည် ရှောင်ယင်ကျန့်နှင့် မိဘများအတွက် ရှားပါးသော ဆေးဖက်ဝင်အပင်များနှင့် ဆေးရည်များကို သူတို့ကို ကျန်းမာစေရန်အတွက် ပုံမှန် ပို့ပေးခဲ့သည်။]

[သူ၏ အိပ်မက်ကမ္ဘာမှ မိဘများကတော့ ခံနိုင်ရည်ရှိသော စိတ်ဓာတ်ကို ပြသခဲ့သည်။ သူတို့သည် နေ့စဉ်နှင့်အမျှ အလုပ်ဆက်လုပ်ခဲ့ကြပြီး လက်ဆောင်များကြောင့် ကျန်းမာရေး ပိုမိုကောင်းမွန်လာသဖြင့် ယဲ့ယွီ၏ စိတ်သက်သာရာရမှုကို သိသိသာသာ တိုးမြှင့်ပေးခဲ့သည်။]

[အချိန်ကုန်လွန်လာသည်နှင့်အမျှ ယဲ့ယွီသည် ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်၏ ဘလက်ဟိုးကြီးတခုသဖွယ်ပြင်းထန်လှသော ဆွဲငင်အားကို ပို၍ ပို၍ ခံစားလာရသည်။ သူသည် နောက်ဆုံးတွင် ပိုင်မြောင်လန်နှင့်အတူ ဒီအကြောင်းကို ပြောပြသောအခါ သူမသည် သူ့ကို တင်းကြပ်စွာအရူးအမူး ဖက်တွယ်လိုက်သည်၊၊ သူမ၏ မျက်နှာအမူအရာတွင် ခါးသီးမှုအချို့ ပါရှိသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။]

[တစ်ခုခု မှားယွင်းနေသည်ကို သိလိုက်သော ယဲ့ယွီသည် ပဟေဠိဖြစ်သွားသည်။ ပိုင်မြောင်လန်သည် ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်အဆင့်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေပြီးဖြစ်သည်။ ယဲ့ယွီကကျင့်ကြံမှုကို ထိန်းထားပြီး သူမ ပိုကြိုးစားခဲ့ပါက သူတို့သည် ကောင်းကင်ဘုံသို့ အတူတူ တက်လှမ်းနိုင်လိမ့်မည်။ ဘာကြောင့် သူမ ဒီလောက် ဝမ်းနည်းနေရတာလဲ?]

[နောက်ထပ် မေးခွန်းထုတ်ပြီးနောက် ပိုင်မြောင်လန်က ဖြည်းဖြည်းချင်း ဖော်ထုတ်ခဲ့သည်၊ "ကျွန်မက ကောင်းကင်ဘုံကို တက်လှမ်းလို့ မရဘူး။ မိစ္ဆာမျိုးနွယ်ဖြစ်တဲ့အတွက် ကျွန်မ ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရင် ကျွန်မလည်း တက်လှမ်းလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်ဘုံကို မဟုတ်ဘူး—ကျွန်မရဲ့ သွားရာလမ်းက မိစ္ဆာဘုံပဲ" ဟု သူမက ပြောလိုက်သည်။]

[အဲဒီအခါမှ ယဲ့ယွီ နားလည်သွားခဲ့သည်။ သူတို့၏ ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်လမ်းကြောင်းများသည် မျိုးနွယ်က သတ်မှတ်ထားသည့်အတိုင်း လုံးဝကွဲပြားခြားနားသည်။ သူ ဘာလုပ်ရမလဲ?]

[ရုတ်တရက် ခွဲခွာရတော့မည်ဟူသော အလားအလာကြောင့် မျက်မှောင်ကြုတ်မိသော ယဲ့ယွီသည် အံ့ဩသွားသည်။ ပိုင်မြောင်လန်က လပြည့်ဝန်းသဖွယ်နူးညံ့သောမျက်နှာဖြင့် "ကျွန်မ ဒါကို အချိန်အကြာကြီး စဉ်းစားခဲ့ပါတယ်၊ ဒါကြောင့် ကျွန်မက ကောင်းကင်ဘုံထဲကို ဝင်ရောက်ဖို့ နည်းလမ်းတစ်ခုကို ရှာနေခဲ့တာ။ ကျွန်မ အချို့သော သဲလွန်စတွေကို ရှာတွေ့ခဲ့ပြီ၊ ပြီးတော့ မကြာခင်မှာပဲ ကျွန်မမှာ ဖြေရှင်းချက်တစ်ခု ရှိနိုင်မယ်လို့ ယုံကြည်တယ်" ဟု ညင်သာစွာ ပြောလိုက်သည်။]

[ယဲ့ယွီ ခေါင်းညိတ်လိုက်ပြီး ပိုင်မြောင်လန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ မိစ္ဆာတစ်ဦး ကောင်းကင်ဘုံထဲသို့ ဝင်ရောက်ခြင်းပြဿနာသည် ဤ အိပ်မက်ဘုံတွင်သာ ကန့်သတ်ထားသည်မဟုတ်—၎င်းသည် လက်တွေ့ဘဝတွင်ပင် သူတို့ကို လိုက်ပါလာမည့် ကိစ္စဖြစ်သည်။]

[လက်တွေ့ကမ္ဘာတွင် ယဲ့ယွီသည် ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်အဆင့်နှင့် နီးကပ်သော လွန်မြောက်ခြင်းအဆင့်တွင် ရှိနေပြီးဖြစ်သည်။ သူသည် မလွဲမသွေ ထိုနေရာသို့ ရောက်သောအခါ သူသည်လည်း ကောင်းကင်ဘုံသို့ တက်လှမ်းလိမ့်မည်။ ဒါပေမဲ့ ပိုင်မြောင်လန်ကရော? သူတို့သည် တစ်ဦးက မိစ္ဆာဘုံတွင်၊ ကျန်တစ်ဦးက ကောင်းကင်ဘုံတွင် ခွဲခွာနေရမည်လား?]

[ယဲ့ယွီသည် ပိုင်မြောင်လန်ကို သူ့နှလုံးသားထဲတွင် လက်ခံထားခဲ့ပြီးဖြစ်၍ ခွဲခွာရန် ဆန္ဒမရှိခဲ့ပေ။ နောက် ဆယ်စုနှစ်များစွာအတွက် သူသည် သူ့၏ ကျင့်ကြံမှုကို ထိန်းထားနိုင်သမျှ အကုန်လုပ်ခဲ့ပြီး သူမနှင့်အတူ ကောင်းကင်ဘုံသို့ တက်လှမ်းရန် နည်းလမ်းကို မရပ်မနား ရှာဖွေခဲ့သည်။ ဝမ်းနည်းစရာမှာ သူတို့သည် ဖြေရှင်းချက်တစ်ခုကို ရှာမတွေ့ခဲ့ပေ။]

[အသက် ၂၃၃ နှစ်အရွယ်တွင် ယဲ့ယွီသည် နောက်ဆုံးတွင် ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်၏ အဆင့်အမြင့်ဆုံးနယ်ပယ် အခိုက်အတန့်သို့ ရောက်ရှိခဲ့သည်။ သူတို့သည် ခွဲခွာရန် ဝန်လေးခဲ့သော်လည်း ရွေးချယ်စရာမရှိခဲ့ပေ။]

[သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ ဖြည်းဖြည်းချင်း တက်သွားသောအခါ ပိုင်မြောင်လန်သည် သူမ၏ ဝမ်းနည်းမှုကို မြိုချပြီး နှုတ်ဆက်လိုက်သည်၊ "ကျွန်မရဲ့ အချစ်ရဆုံး၊ ကျွန်မကို ကောင်းကင်ဘုံမှာ စောင့်နေပါဦး။ ကျွန်မ ရှင့်ဆီရောက်အောင် နည်းလမ်းတစ်ခု ရှာမှာပါ—ကျွန်မ ကတိပေးပါတယ်!" ဟု ပြောလိုက်သည်။]

[ယဲ့ယွီသည် ကောင်းမွန်စွာ ပြုလုပ်ထားသော အနီရောင်သစ်ဖြင့်ပြုလုပ်ထားသော သစ်သားပုံးတစ်ခုကို ထုတ်ပြီး သူမထံသို့ ပစ်ချလိုက်သည်။ "ကိုက ဒါကို ကိုယ်တိုင် လုပ်ထားတာ။ နောက်တစ်ခု ပြီးအောင်လုပ်ပြီးမှ မင်းကို ပေးဖို့ ရည်ရွယ်ခဲ့တာ၊ ဒါပေမဲ့ အချိန်မရှိတော့ဘူး။ ဒါက ကြမ်းတမ်းတဲ့ လက်ရာပဲ၊ ဒါပေမဲ့မင်းစိတ်မကွက်ဘူးလို့ မျှော်လင့်ပါတယ်။ ဒါက အမှတ်တရပစ္စည်းတစ်ခုပဲ၊ အချစ်ကို့ဆီရောက်လာတဲ့အခါ ကို မင်းအတွက် နောက်တစ်ခု ထပ်လုပ်ပေးမယ်" ဟု ပြောလိုက်သည်။]

[သေတ္တာကို ဖမ်းမိလိုက်သော ပိုင်မြောင်လန်သည် ဒါက ဘာလဲဟု မေးတော့မည့်အချိန်တွင် ယဲ့ယွီ၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်—သူ တက်လှမ်းသွားခဲ့ပြီ။]

[သူမ၏ နှလုံးသားတစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားသလို ခံစားလိုက်ရသော သူမသည် သေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အတွင်းထဲတွင် ဖျော့တော့သော အဝါရောင် ဆံထိုးတစ်ချောင်း ထွက်ပေါ်လာပြီး ၎င်းဘေးတွင် တွဲဖက်တစ်စုံအတွက် နေရာလွတ်တစ်ခု ရှိနေသည်။ လက်မှုပညာက တကယ်ကို ကြမ်းတမ်းပြီး အနည်းငယ်အပျော်တမ်းလက်ရာဆန်သော်လည်း ဒါက သူမ၏ မျက်လုံးများတွင် ပြိုတော့မည့်မိုးသဖွယ် မျက်ရည်များရစ်သီလာစေသည်။]

[ခဏအကြာတွင် သူမသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန်အာရုံစုစည်းလိုက်ပြီး ဆံထိုးကို သူမ၏ ဆံပင်တွင် ထိုးလိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။]

[သူမသည် ကောင်းကင်ဘုံသို့ အမြန်ဆုံး တက်လှမ်းရန်အတွက် တိတ်ဆိတ်စွာ ကတိသစ္စာပြုခဲ့သည်။ လူ့ကမ္ဘာတွင် လူတိုင်း၏ အသက်များကို စွန့်လွှတ်ရမည်ဆိုရင်တောင် သူမ လုပ်လိမ့်မည်—ယဲ့ယွီနှင့် ထာဝရ အတူရှိရန် မည်သည့်အရာမဆို လုပ်လိမ့်မည်။]

၂၉၄ ဆက်ရန်

(ဖက်တီးမကြီးကောင်းကင်ဘုံမှာစောင့်နေသေးလားမသိ မောင်ယဲ့ယွီကတော့ တက်သွားပြန်ပြီ)

အခန်း (၂၉၄)၊ ကောင်းကင်ဘုံတွင်။]

ယဲ့ယွီသည် သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ကျန်ရှိနေသည့် လူသားလောကမှလေကို အဆုတ်ထဲမှရှင်းလင်းလိုက်သည်။ ဒါက သူ့ရဲ့ တတိယအကြိမ်မြောက် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းဖြစ်သည်။ အရင် နှစ်ကြိမ်နှင့်မတူဘဲ အန္တရာယ်များနှင့် ဓားစွမ်းအင်များ ပြည့်နှက်နေသည့် ဤ ကောင်းကင်ဘုံသည် ထူးခြားစွာ တည်ငြိမ်နေသည်။ ခြိမ်းခြောက်မှုမရှိ၊ အန္တရာယ်မရှိ—ရိုးရှင်းသော တည်ငြိမ်စွာ ရောက်ရှိခြင်းပင်။]

[ပတ်ဝန်းကျင်ရှိ ရှုခင်းသည် ငြိမ်းချမ်းပြီး အေးဆေးလွန်းနေကာ ယဲ့ယွီကို ကောင်းကင်ဘုံမဟုတ်သည့် အခြားနေရာသို့ရောက်နေသလို ခံစားရစေသည်။]

[ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ကောင်းကင်ဘုံတက်လှမ်းခြင်းအကြိမ်တိုင်းသည် သူ့ကိုကောင်းကင်ဘုံ၏ မတူညီသော နေရာအမျိုးမျိုးသို့ ရောက်ရှိစေသည်ကို သူ သတိထားမိသည်။ သူသည် ဤနေရာသို့ အရင်က မရောက်ဖူးကြောင်း သေချာခဲ့သော်လည်း ဒါက အရေးမကြီးပါ။ ဒီတစ်ကြိမ်တွင် ယဲ့ယွီသည် စိတ်ရှုပ်ထွေးခြင်းမရှိခဲ့ပါဘူး၊ သူ ပြင်ဆင်မှုတွေ လုပ်ခဲ့သည်။]

[သူသည် ဒီတစ်ကြိမ်မှာ ကောင်းကင်ဘုံတွင် သူ့ရဲ့ အချိန်ကို အကောင်းဆုံး အသုံးချဖို့ စီစဉ်ထားသည်။ နတ်ဂိုဏ်းတစ်ခုတွင် ဝင်ရောက်ခြင်းသည် အဆင်ပြေဆုံး ပထမအဆင့်ဖြစ်သည်—ကောင်းကင်နည်းပညာများကို တတ်မြောက်ရန် မဟုတ်ဘဲ၊ နိုင်ငံရေး အခြေအနေ၊ အဓိက အဖွဲ့အစည်းများနှင့် ကောင်းကင်ဘုံအပေါ် လွှမ်းမိုးနေသော လျှို့ဝှက်ဆန်းကြယ်သော ဘေးအန္တရာယ်အကြောင်းကို လေ့လာရန်ဖြစ်သည်။ ပြီးတော့ မိစ္ဆာတစ်ဦး ဒီနေရာကို တက်လှမ်းနိုင်မယ့် နည်းလမ်းကို သူ ရှာဖွေတွေ့ရှိနိုင်မယ်ဆိုရင် ဒါက အကောင်းဆုံးပဲ၊ ဒါပေမဲ့ ဒါက အခွင့်အရေးနည်းကြောင်း သူသိသည်။]

[ခေါင်းခါလိုက်ပြီး ယဲ့ယွီသည် အရှေ့ဘက်သို့ ထွက်ခွာခဲ့သည်။]

[နာရီအတော်ကြာ ပျံသန်းပြီးနောက် သူသည် ကောင်းကင်နတ်သားတစ်ဦးကိုပင် မတွေ့ခဲ့ရပေ။ ကောင်းကင်ဘေးအန္တရာယ်အကြောင်း သူ့တွင် အသိပညာမရှိခဲ့ပါက သူသည် စိုးရိမ်ပူပန်မိနိုင်သော်လည်း အခုတော့ သူသည် တည်ငြိမ်နေဆဲဖြစ်သည်။]

[နောက်ဆုံးတွင် အချိန်အကြာကြီးအကြာတွင် သူသည် အဆုံးမရှိ စီးဆင်းနေသည့် ရွှေရောင်မြစ်ကို ဖြတ်၍ ကြီးမားသော တံတားအဝင်ပြသာဒ်စံနန်း တစ်ခုကို တွေ့လိုက်ရသည်။ ဒါက ဒဏ္ဍာရီလာ နတ်မြစ်လား?]

[ပိုမိုနီးကပ်စွာ ကြည့်ရှုရန် ချဉ်းကပ်လိုက်သောအခါ သူသည် စံနန်းမှ မီတာတစ်ရာအကွာတွင် မမြင်ရသော အတားအဆီးတစ်ခုကြောင့် ရပ်တန့်သွားသည်။လက်ကိုဆန့်ကာ အနည်းငယ်ရိုက်ကြည့်လိုက်သောအခါ လှိုင်းဂယက်များ အတားဆီး၏ မျက်နှာပြင်အနှံ့အပြား ပျံ့နှံ့သွားသည်ကို သူကြည့်နေခဲ့သည်၊ စိတ်ဝင်တစားနှင့် ကြည့်နေရင်း ယဲ့ယွီစိတ်များ သပွတ်အူသဖွယ် ရှုပ်ထွေးနေသည်။ ကောင်းကင်နတ်သားများ မရှိသည့် နေရာတွင် ဘာကြောင့် ဒီလို အတားအဆီးတစ်ခု ရှိနေရတာလဲ?]

[သူ့လက်များကို ပေါင်းစပ်လိုက်ပြီး ဟန်းဆိုင်းတခုထုတ်ဖော်ကာ ယဲ့ယွီသည် အတားအဆီးကို ဖောက်ထွင်းရန် ကြိုးစားဖို့ ပြင်ဆင်လိုက်သည်။ သို့သော် သူ မလုပ်ဆောင်နိုင်မီတွင် ပုံရိပ်တစ်ခု ပေါ်လာသည်—ပိန်ပိန်ပါးပါး၊ နှာခေါင်းနီနီရှိသော အဘိုးအိုတစ်ဦးသည် သူ့ခါးတွင် ပလတ်စတစ်တောင်းတစ်ခုကို ပတ်ထားပြီး သူ့နောက်ကျောတွင် ငါးဖမ်းလှံတံတစ်ခုကို ချိတ်ထားသည်။ သူသာ လူ့လောကမှာသာရှိနေသေးပါက ယဲ့ယွီက သူ့ကို တောင်ပေါ်မှ ငါးဖမ်းသမားဟု ထင်ခဲ့မိနိုင်သည်။]

[ဒီအဘိုးအိုနာမည်မှာ ချန်ကျိခဲဖြစ်ပြီး အထွတ်အထိပ် နက်နဲသော ကောင်းကင်နတ်သား ကျင့်ကြံသူတစ်ဦးဖြစ်သည်။]

[(ကောင်းကင်ဘုံတွင် အဆင့်များသည် အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ စစ်မှန်သော ကောင်းကင်နတ်သား၊ နက်နဲသော ကောင်းကင်နတ်သား၊ မြေကြီး ကောင်းကင်နတ်သား၊ ကောင်းကင်ဘုံ ကောင်းကင်နတ်သား၊ ရွှေရောင် ကောင်းကင်နတ်သား၊ ကောင်းကင်သခင်၊ ကောင်းကင်ဘုရင်နှင့် ကောင်းကင်ဧကရာဇ်တို့ ဖြစ်သည်!) ]

ချန်ကျိခဲသည် ယဲ့ယွီကိုခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်၊ သူ့၏ မျက်နှာအမူအရာသည် လေးနက်နေသည်။ "ကောင်းကင်တာအိုမိတ်ဆွေလေး၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?" ဟု သူ မေးလိုက်သည်။]

[သူသည် ယဲ့ယွီတွင် ကောင်းကင်စွမ်းအင်အဖြစ် အပြည့်အဝ မပြောင်းလဲသေးသော ဝိညာဉ်စွမ်းအင်၏ သဲလွန်စများ ရှိနေသေးသည်ကို လျင်မြန်စွာ ခံစားလိုက်ရသည်။ အဖြေကို မစောင့်ဘဲ သူသည် မျက်ခုံးပင့်ကာ အံ့ဩစွာဖြင့် "မင်း ဒီကို အသစ်ရောက်တာပဲလား? မင်း တက်လှမ်းတာ သုံးရက်ထက် မပိုသေးဘူးလား?" ဟု မေးလိုက်သည်။]

ယဲ့ယွီက မငြင်းခဲ့ပေ။ "အတိအကျပြောရရင် ကျနော်ရောက်လာတာ နေ့တစ်ဝက်တောင် မပြည့်သေးဘူး။" ဟု ပြန်ဖြေလိုက်သည်။]

ဒီစကားကိုကြားတော့ ချန်ကျိခဲ၏ မျက်နှာအမူအရာက ပိုပြီး ထူးဆန်းလာသည်။]

"နေ့တစ်ဝက်တောင် မပြည့်သေးဘူးလား? မင်း?"

"ပြောပါဦး၊ မင်းက လူ့ဘုံရဲ့ ဘယ်ကုန်းမြေကနေ တက်လှမ်းလာတာလဲ?" ဟု သူ မေးလိုက်သည်။]

ယဲ့ယွီက တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ချန်ကျိခဲ၏ တုံ့ပြန်မှုသည် ဖော်ရွေသော စိတ်ဝင်စားမှုနှင့် မတူပေ။ သူ့မျက်လုံးများက အံ့ဩမှုနှင့် သံသယများ ပြည့်နှက်နေပြီး အသစ်တက်လှမ်းလာသည့် ကောင်းကင်နတ်သားတစ်ဦးကို မြင်ရခြင်းသည် ရှားပါးသော အဖြစ်အပျက်တစ်ခုနှင့် တူနေသည်။]

ယဲ့ယွီက ငြိမ်သက်စွာ "ဒါက အရေးကြီးလို့လား?" ဟု ပြန်ဖြေလိုက်သည်။]

ချန်ကျိခဲသည် ခဏရပ်နားပြီးနောက် "အင်း၊ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါမေးရင် မင်း ဖြေရမယ်။ ကောင်းကင်ဘုံမှာ အဆင့်ပိုမြင့်သူတွေကို လေးစားမှုပြတာက အနိမ့်ဆုံးရှိရမဲ့ ယဉ်ကျေးမှုပဲ။ ဒါမှမဟုတ် မင်းက တက်လှမ်းပြီး တစ်ခဏအတွင်း ပြန်ကျသွားချင်တာလား?" ဟု ပြန်ဖြေသည်။]

ယဲ့ယွီ၏ မျက်နှာအမူအရာသည် ချက်ချင်း အေးစက်သွားသည်။ "ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား?" ဟု သူ မေးလိုက်သည်။]

ချန်ကျိခဲက ရယ်မောလိုက်သည်။ "ကောင်းကင်ဘုံကို ရောက်ဖို့ မင်းက လူသားတွေထဲမှာ အရည်အချင်းအရှိဆုံး၊ ခံနိုင်ရည်အရှိဆုံးနဲ့ ကျွမ်းကျင်ဆုံးထဲက တစ်ယောက် ဖြစ်ရမယ်။ ဒါပေမဲ့ ဒီမှာ မင်းက ဘာမှမသိဘူး။ ငါ အခုနားလည်ပြီ—မင်းက လူ့ဘုံမှာ အရမ်းအစွမ်းထက်လွန်းတော့ မာနကြီးသွားပြီး ဒီကိုရောက်တာနဲ့ ခေါင်းငုံ့ဖို့ လိုအပ်တယ်ဆိုတာ မေ့သွားခဲ့တာပေါ့။" ဟု ပြောလိုက်သည်။]

သူသည် တစ်လှမ်းရှေ့တိုးပြီး ယဲ့ယွီကို သင်ခန်းစာပေးရန် ကောင်းကင်နည်းစနစ်တခုကို ထုတ်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော် သူသည် မှားယွင်းသော ပစ်မှတ်ကို ရွေးချယ်မိခဲ့သည်။]

ယဲ့ယွီသည် ခွန်အားကို ခွန်အားဖြင့် ရင်ဆိုင်မည့် လူစားမျိုးဖြစ်သည်။ လေးစားမှုပြသပါက သူက အလားတူတုံ့ပြန်လိမ့်မည်၊ သို့သော် ခြိမ်းခြောက်မှုတစ်ခုကတော့ ယဲ့ယွီ၏နတ်ဆိုးသဖွယ် ရက်စက်သောတုန့်ပြန်ချက်နှင့် ရင်ဆိုင်ရလိမ့်မည်။]

စကားမပြောဘဲ ယဲ့ယွီသည် သူ့လက်ကို မြှောက်လိုက်ပြီး တားမြစ်ထားသော နည်းပညာတစ်ခုကို ထုတ်လိုက်သည်—သွေးလောင်မီးကျငရဲနည်းစနစ်!]

[တစ်ခဏအတွင်း ချန်ကျိခဲသည် သူ့ကို ဖုံးလွှမ်းသွားသည့် အလွန်ကြီးမားသော စွမ်းအားကို ခံစားလိုက်ရပြီး သူ့၏ သွေးသည် ထိတ်လန့်ဖွယ်နှုန်းဖြင့် မီးစတင်လောင်ကျွမ်းလာသည်။ ဘာတွေဖြစ်နေလဲဆိုတာ သူနားမလည်ခဲ့ပေမဲ့ နည်းပညာ၏ ဆိုးယုတ်သော သဘောသဘာဝကို သူခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ကာ ဝိညာဉ်ပုံစံဖြင့် ထွက်ပြေးရန် စိတ်အားထက်သန်သော ရွေးချယ်မှုကို ချက်ချင်း ပြုလုပ်ခဲ့သည်။]

[ခဏလေးအတွင်းတွင် သူ့၏ ရုပ်ခန္ဓာသည် အရေပြားမှလွဲ၍ ဘာမှမကျန်တော့ဘဲ မီးလောင်ကျွမ်းသွားပြီး မြေပြင်ပေါ်သို့ အခွံအလွတ်တစ်ခုလို ကျသွားသည်။]

[သူ့အောက်တွင် အနက်ရောင်မီးလျှံများသည် မီတာအနည်းငယ်အထိ မြင့်တက်လာပြီး ကြီးမားသော ငရဲမီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။]

[ဒီမြင်ကွင်းက ခက်ခဲကြမ်းတမ်းသော ကောင်းကင်နတ်သားတစ်ဦးကိုပင် တုန်လှုပ်စေရန် လုံလောက်သည်။ မီးသည် ပြင်းထန်သော်လည်း ဤနည်းပညာ၏ အသေအပျောက်အများဆုံး အပိုင်းက အနက်ရောင်မီးလျှံများ မဟုတ်ပါ—ဒါက ခုခံ၍မရနိုင်သော သွေးကြောများထဲတွင်လှိုက်၍ သွေးလောင်ကျွမ်းစေသော စွမ်းအားဖြစ်သည်။ ဒါဟာ သူ့ရဲ့ ကောင်းကင်တာအိုအနှစ်သာရပင် လောင်ကျွမ်း စားသုံးခံနေရသလို ဖြစ်သည်။]

[ဝိညာဉ်ပုံစံဖြစ်နေသော ချန်ကျိခဲသည် ယဲ့ယွီ၏ ခွန်အားကြောင့် ထိတ်လန့်နေသည်။ အသစ်တက်လှမ်းလာသည့် ကောင်းကင်နတ်သားတစ်ဦးက ဘယ်လိုလုပ် ဒီလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်နိုင်တာလဲ?]

[ဒေါသကြီးစွာဖြင့် သူသည် "မင်းတို့နှစ်ယောက် ဘယ်လောက်ကြာကြာ ကြည့်နေဖို့ စီစဉ်ထားတာလဲ? မင်းတို့ ကူညီပေးမှာ မဟုတ်ဘူးလား? ငါတို့သာ ဒီတစ်ယောက်ကို မချေမှုန်းနိုင်ရင် ငါတို့အားလုံး ငြိမ်းချမ်းရမှာ မဟုတ်ဘူး!" ဟု အော်ဟစ်လိုက်သည်။]

၂၉၅ ဆက်ရန်

အခန်း (၂၉၅)၊ ချန်ကျိခဲက အကူအညီတောင်းလိုက်သည်နှင့် သူ့ဘေးတွင် ပုံရိပ်နှစ်ခု ပေါ်လာသည်—မျက်နှာအေးစက်သော အသက်လတ်ပိုင်းလူတစ်ဦးနှင့် ဆယ့်သုံး၊ ဆယ့်လေးနှစ်ခန့်ရှိပုံရသော လူငယ်လေးတစ်ဦး။ ရုတ်တရက်ကြည့်လျှင် သူတို့သည် မြေးအဖိုးမိသားစုသုံးဆက်နှင့်တူသော်လည်း တကယ်တော့ အငယ်ဆုံးဖြစ်သော ကောင်လေးသည် သူတို့၏ ခေါင်းဆောင်ဖြစ်သည်။]

[ကောင်လေး၏ နာမည်က ကျန်းယွမ်၊ အလယ်ပိုင်းအဆင့် မြေကြီး ကောင်းကင်နတ်သားဖြစ်ပြီး အသက်လတ်ပိုင်းလူဖြစ်သော ချွီရှန်ကျီသည် ဒုတိယအကြီးအကဲဖြစ်သည်။ သူနှင့် ချန်ကျိခဲနှစ်ဦးစလုံးသည် အထွတ်အထိပ် နက်နဲသော ကောင်းကင်နတ်သားများ ဖြစ်ကြသည်။]

[သူတို့ သုံးဦးစလုံးကို အတူတူတွေ့ရသောအခါ ယဲ့ယွီသည် မျက်ခုံးပင့်ကာ စိတ်ဝင်တစား ဖြစ်သွားသည်။ သူတို့တွင် ထူးခြားသော ဆင်တူမှုတစ်ခုရှိသည်- တစ်ဦးစီတိုင်းက ခါးတွင် ငါးဖမ်းတောင်းကို ချည်နှောင်ကာဝတ်ဆင်ထားပြီး နောက်ကျောတွင် ငါးမျှားတံကို လွယ်ထားသဖြင့် ငါးဖမ်းဝါသနာရှင်အဖွဲ့တစ်ဖွဲ့နှင့် တူနေသည်။ ဒါက သူ့ကို ယခင် အိပ်မက်တစ်ခုမှ နတ်မြေခွေးအကြီးအကဲ၏ သတိပေးချက်ကို သတိရစေသည်၊ ထိုအကြီးအကဲက "ငါးဖမ်းသမားတွေကို တွေ့ရင်တခါတည်း သုတ်သင်ရှင်းလင်းလိုက်ပါ" ဟု သူ့ကို အကြံပေးခဲ့သည်။ ဒီလူတွေက သူ ဆိုလိုတဲ့လူတွေ ဖြစ်နိုင်မလား?]

[ဒီအတောအတွင်း ချန်ကျိခဲ၏ ဝိညာဉ်ပုံစံသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိသောကြောင့် အားနည်းနေပြီး ကျန်းယွမ်၏ နောက်တွင် လျင်မြန်စွာ ပုန်းအောင်းလိုက်သည်။]

"ခေါင်းဆောင် ကျန်း၊ ဒီကလေးက ထူးဆန်းတယ်! ကျွန်တော်ထင်တာတော့ သူက ကျနော်တို့ကို ရှာနေတာ!" ဟု ချန်ကျိခဲ ပြောလိုက်သည်။]

ကျန်းယွမ်သည် ချန်ကျိခဲကို မထီလေးစားအကြည့် ဖြင့် ကြည့်လိုက်သည်။ "ရှင်းပါတယ်၊ စစ်မှန်သော ကောင်းကင်နတ်သားရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာကို အထွတ်အထိပ် နက်နဲသော ကောင်းကင်နတ်သားတစ်ဦးကို နည်းစနစ်တစ်ခုတည်းနဲ့ သတ်နိုင်လောက်အောင်စွမ်းတယ်? ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မမြင်ခဲ့ရင် ငါ ယုံနိုင်မှာမဟုတ်ဘူး။" ]

[ကောင်းကင်ဘုံတွင် အဆင့်တစ်ခုစီသည် ကမ္ဘာတစ်ခုနှင့်တစ်ခုပမာ ကွာခြားသည်။ စစ်မှန်သော ကောင်းကင်နတ်သား၏ အစောပိုင်းအဆင့်တွင် ရှိသူတစ်ဦးအတွက် အထွတ်အထိပ် နက်နဲသော ကောင်းကင်နတ်သားတစ်ဦးကို ခြိမ်းခြောက်ခြင်းသည် မကြားဖူးသော အရာဖြစ်သည်—ကြောက်စရာရူးသွပ်မှုကြီးပင် ဖြစ်သည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသည့် ရှင်းပြချက်မှာ သူတို့ရှေ့ရှိ ဒီလူငယ်သည် သူ၏ စစ်မှန်သော ကျင့်ကြံမှုကို ဖုံးကွယ်ထားခြင်းဖြစ်သည်။]

[ထို့နောက် ကျန်းယွမ်သည် ယဲ့ယွီ၏ အကြည့်က သူတို့နောက်ရှိ ငါးဖမ်းလှံတံနှင့် တောင်းများဆီသို့ ရောက်သွားသည်ကို သတိထားမိသည်။ သူ တစ်ခုခု သတိထားမိသွားခဲ့တာလား?]

[ဒီအထင်မြင်က ကျန်းယွမ်၏ ဆုံးဖြတ်ချက်ကို ရှင်းလင်းစေသည်- သူတို့သည် ယဲ့ယွီကို အသက်ရှင်လျက် ထွက်သွားခွင့် မပြုနိုင်ပေ။ ဒီနေရာအကြောင်းကို သတင်းတွေ ထွက်သွားပါက သူတို့အတွက် ဘေးအန္တရာယ်ဖြစ်စေလိမ့်မည်။]

ကျန်းယွမ်သည် ချန်ကျိခဲနှင့် ချွီရှန်ကျီတို့အား စိတ်ဖြင့် ဆက်သွယ်တစ်ခု ပေးပို့လိုက်သည်- သူ့ကို သတ်! သူ့ဝိညာဉ်ကို ဖျက်ဆီးပြီး သူ့ခန္ဓာကိုယ်ကို ချန်ကျိခဲအတွက် ယူကြမယ်!]

[ဒီအသံကိုကြားတော့ ချန်ကျိခဲက စိတ်အားထက်သန်စွာ သဘောတူလိုက်သည်။ ရုပ်ခန္ဓာမရှိတော့တဲ့အတွက် သူ့မှာ ခန္ဓာအသစ်တစ်ခု လိုအပ်ပြီး ဒီကောင်လေးရဲ့ ပုံပန်းသဏ္ဌာန်နှင့် အရည်အသွေးက သူ့အတွက် အလွန်သင့်လျော်သည်။]

ချွီရှန်ကျီကတော့ တွန့်ဆုတ်နေခဲ့သည်။ ချန်ကျိခဲနှင့် တူညီသော ကျင့်ကြံမှုကို ပိုင်ဆိုင်သောကြောင့် ယဲ့ယွီနှင့် ရင်ဆိုင်ရပါက အလားတူ ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရနိုင်သည်ကို သူသိသည်။ သို့သော် ကျန်းယွမ်က သူ့၏ တွန့်ဆုတ်မှုကို သတိထားမိသောအခါ သူက "တုံ့ဆိုင်းမနေနဲ့တော့။ ဒီနေရာရဲ့ လျှို့ဝှက်ချက် ဖော်ထုတ်ခံရရင် ငါတို့ ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး။ သူ့ကို သတ်တာ၊ ဒါမှမဟုတ် ငါတို့အားလုံး သေမှာ။ဒါကိုခု ငါတို့ ရွေးချယ်ရမှာပဲ" ဟု အော်လိုက်သည်။]

[ထိုသို့ပြောပြီးနောက် ကျန်းယွမ်သည် ရှေ့သို့ တိုးလာပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ တူညီသော ကလုန်း(ကိုယ်ပွား)ပေါင်း တစ်ထောင်အဖြစ် တဖြောင်းဖြောင်းမြည်သံပေးကာ ကွဲထွက်သွားပြီး ယဲ့ယွီကို ဝိုင်းရံလိုက်သည်။ကလုန်းတစ်ခုစီ ပေါ်လာသည်နှင့်အမျှ သူတို့၏ လက်များတွင် ရွှေရောင်အလင်းတစ်ခု စီ ငွေ့ရည်ဖွဲ့သလိုမျိုး ပေါ်လာသည်။]

[ဒါကိုမြင်တော့ ယဲ့ယွီသည် အချိန်မဆွဲတော့ဘဲ သူ၏ အကြည့်ကို အနီးနားရှိ ချွီရှန်ကျီပေါ်သို့ စိုက်ကြည့်လိုက်သည်။ ချွီရှန်ကျီ၏ နှလုံးသားက တဒုတ်ဒုတ်ခုန်နေသည်—ဒီကောင် ဘာလုပ်ဖို့ စီစဉ်နေတာလဲ?]

[ ချွီရှန်ကျီသည် ချန်ကျိခဲလိုဖြစ်သွားမည်ကို ကြောက်ရွံ့နေပြီး သတိအလွန်ထားနေခဲ့သည်။ ဒူးများအနည်းငယ်တုန်ယင်နေကာ ယဲ့ယွီကို တိုက်ခိုက်ခြင်ရန်တုန့်ဆိုင်းနေခဲ့သည်။ သို့သော် အခုတော့ ယဲ့ယွီက သူ့အပေါ် အာရုံစိုက်လိုက်သောအခါ သူသည် အဓိကပစ်မှတ်တစ်ခုလို ခံစားရသည်။]

[အံကြိတ်လိုက်ပြီးနောက် ချွီရှန်ကျီသည် ကျန်းယွမ်၏ကလုန်း နည်းပညာကို အတုယူရန် ကြိုးစားသော်လည်း အချိန်နောက်ကျနေပြီ။ ယဲ့ယွီသည် သူ၏ လက်ဖဝါးကို သူ့ ရင်ဘတ်ပေါ်သို့ ရိုက်ချလိုက်ပြီး အင်အားအနည်းငယ် သုံးလိုက်သည်။]

[ချွီရှန်ကျီတွင် ပြင်းထန်သော နာကျင်မှုတစ်ခု ထွက်ပေါ်လာပြီး နာကျင်မှုဖြင့် အော်ဟစ်လိုက်ကာ မျက်နှာသည် အိမ်သာသုံးစက္ကူအလား အရောင်မရှိအောင် ဖျော့သွားပြီး ဒူးထောက်သွားသည်။]

[ဒီအသံက ကျန်းယွမ်နှင့် ချန်ကျိခဲနှစ်ဦးစလုံးအံ့ဩသွားစေသည်။ ဘာဖြစ်နေတာလဲ? ယဲ့ယွီက ကျန်းယွမ်အစား ချွီရှန်ကျီကို ဘာလို့ ပစ်မှတ်ထားတာလဲ?]

ကျန်းယွမ်သည် သိသိသာသာ စိတ်ရှုပ်ထွေးနေပြီး ချန်ကျိခဲကတော့ ထပ်မံတိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့သောကြောင့် ချက်ချင်း နောက်ဆုတ်သွားသည်။]

[ဒီအတောအတွင်း ချွီရှန်ကျီ၏ ခန္ဓာကိုယ်သည် အပေါက်ခုနစ်ပေါက်မှ သွေးများ ထွက်လာပြီး သူ့မျက်နှာက နာကျင်မှုဖြင့် ပုံပျက်နေသည်။ လေးလံသော အသံဖြင့် သူသည် လဲကျသွားပြီး သူ့ရင်ဘတ်မှ သွေးကွက်ကြီးတစ်ခုလေထဲသို့ ပျံ့နှံ့သွားသည်။ သွေးကွက်ကြီးသည် သွေးနီရောင်ဓားအဖြစ် စုစည်းသွားပြီး ဖြည်းဖြည်းချင်း မြင့်တက်လာကာ ၎င်း၏ ဓားသွားက ကျန်းယွမ်ကို တိုက်ရိုက်ဉီးတည်နေသည်။]

[ရုတ်တရက်ထိုဓားသည် လေထဲတွင် ခုတ်ချလိုက်ပြီး အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျန်းယွမ်၏ကလုန်းပေါင်းများစွာကို တစ်ခဏအတွင်း ခေါင်းဖြတ်ပစ်လိုက်သည်။ ချန်ကျိခဲ၏ ဝိညာဉ်ပုံစံပင် မလွတ်မြောက်နိုင်ခဲ့ပေ။]

[ဒါက နောက်ထပ် တားမြစ်ထားသော နည်းပညာတစ်ခုဖြစ်သည်- ကောင်းကင်ခွဲသွေးဓား။ နှလုံးမှ သွေးဖြင့် ဓားကို မွေးမြူခြင်းဖြင့် ၎င်းသည် တုနှိုင်းမရသော ဖျက်ဆီးနိုင်သော စွမ်းအားကို ထုတ်လွှတ်သည်။]

[ဒါတွေအားလုံး တစ်ခနအတွင်း ဖြစ်ပျက်ခဲ့သည်။ ခဏအကြာက ခြောက်ခြားဖွယ်ရာမာနကြီးကာဝင့်ကြွားနေသော ကောင်းကင်နတ်သားသုံးဦးသည် ယဲ့ယွီ၏ ရှေ့တွင် ရပ်နေခဲ့ပြီး အခုတော့ သူတို့သည် အရှက်တကွဲ ရှုံးနိမ့်သွားပြီဖြစ်သည်။]

[အောင်ပွဲရရှိသော်လည်း ယဲ့ယွီသည် သတိထားနေဆဲဖြစ်သည်။အကြောင်းမှာ အနီးနားတွင် ကောင်းကင်စွမ်းအင်၏ သဲလွန်စများကို အနည်းငယ် ခံစားနေရသေးသည်။ ကျန်းယွမ်သည် မသေဆုံးသေးပေ။ အားနည်းနေသော်လည်း သူ၏ တည်ရှိမှုက ဆက်လက်တည်ရှိနေသည်။]

[သွေးဓား မှေးမှိန်သွားသောအခါ ယဲ့ယွီသည် တိတ်ဆိတ်စွာ တစ်ယောက်တည်း ရပ်နေသည်။ "မင်းရဲ့ ရဲဘော်ရဲဘက် နှစ်ယောက် သေဆုံးသွားပြီ၊ ဒါတောင် မင်း ပုန်းနေသေးတယ်။ မင်း သူတို့အတွက် လက်စားချေဖို့ အစီအစဉ်မရှိဘူးလား?" ဟု သူ မေးလိုက်သည်။]

ကျန်းယွမ်၏ အသံသည် နေရာတိုင်းမှ ပဲ့တင်ထပ်လာသည်၊ "ရဲဘော်ရဲဘက် ဟုတ်လား? သူတို့က အကျိုးစီးပွားလိုလို့ ငါ့နားကပ်နေတာ ။ သူတို့ ကိုမင်းကရှင်းပေးလိုက်တော့ရတနာတွေကို ခွဲဝေဖို့ လူနည်းသွားပြီပေါ့။" ]

[အတားအဆီး၏ နောက်တွင် ပုန်းအောင်းနေသော ကျန်းယွမ်သည် တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး ယဲ့ယွီ၏ နည်းပညာများ၏ စစ်မှန်သော သဘောသဘာဝကို သိရှိခဲ့သည်—တစ်ခုစီတိုင်းသည် တားမြစ်ထားသော နည်းပညာဖြစ်ပြီး ထုတ်လွှတ်ရန်အတွက် ကြီးမားသော ပေးဆပ်မှုကို ပေးရသည်။ သို့သော် ယဲ့ယွီတွင် ထို ပေးဆပ်မှုကို တခြားသူများထံသို့ လွှဲပြောင်းနိုင်သည့် ထူးခြားသော စွမ်းရည်တစ်ခု ရှိပုံရသည်၊ ချန်ကျိခဲနှင့် ချွီရှန်ကျီတို့၏ ကံကြမ္မာတွင် မြင်တွေ့ရသည့်အတိုင်းပင်။]

[ကျန်းယွမ်သည် တားမြစ်ထားသော နည်းပညာများ၏ စွမ်းအားကြောင့် ခြိမ်းခြောက်ခံရခြင်းမရှိသော်လည်း ယဲ့ယွီ၏ နည်းစနစ်ကျွမ်းကျင်မှုများ၏ ထူးဆန်းပြီး ထိုးဖောက်ဝင်ရောက်တတ်သော သဘောသဘာဝက သူ့ကို အားနည်းစေသည်။ သူသည် ဒါကို မကာကွယ်နိုင်ခဲ့ပါ။]

၂၉၆ ဆက်ရန်

All Chapters