အခန်း (၃၀၅-၃၀၇)
Vol. 10 Ch. 305-307
### အခန်း (၃၀၅)၊
---
ယဲ့မိသားစု ၏ အမွေခံဖြစ်သော ယဲ့ရှောက်ကျယ် ၏ ဘဝက ချောမွေ့ခဲ့သည်။
သူ၏ မွေးရာပါ စွမ်းရည် က ထိပ်တန်းအဆင့်တွင် မရှိသော်လည်း၊
ယဲ့မိသားစု ၏ ပင်လယ်ရေသောက်မကုန်သလို များပြားလှသော အရင်းအမြစ်များ—ရှားပါးသော ရတနာများ၊ နတ်ဘုရားဆန်သော ဆေးပင်များ၊နှင့် အစွမ်းထက်သော ဆေးဖက်ဝင်အရည်များ—က သူ့ကို အစောပိုင်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် သို့ ရောက်အောင် တွန်းပို့ခဲ့သည်။
မိသားစု၏ တိကျသေသပ်စွာ ချမှတ်ထားသော မူလ အစီအစဉ်က ယဲ့ရှောက်ကျယ် အတွက် လင်မြောင်ရွှယ် ထံမှ စွန်းထင်းမှုကင်းသော ဓားနှလုံးသား ကို ရယူရန်ဖြစ်သည်။
သူတို့သည် သူတို့၏ ကြာရှည်စွာ ကတိပေးထားမှု ကို ဖြည့်ဆည်းရန် နှစ်ပေါင်း ရာချီအတွင်း လင်မြောင်ရွှယ် ကို နတ်ဆိုး ဖိနှိပ်ရေး တောင် မှ တိတ်တဆိတ် ခေါ်ယူရန် ရည်ရွယ်ခဲ့သည်။
သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ လင်မြောင်ရွှယ် သည် နတ်ဆိုး ဖိနှိပ်ရေးတောင်မှ သူ့ဟာသူ ထွက်ခွာသွားခဲ့ပြီး သူတို့ကို အလုပ်ရှုပ် သက်သာစေခဲ့သည်။
လက်ရှိတွင် ယဲ့မိသားစု သည် လင်မြောင်ရွှယ် ကို ရှာဖွေပြီး ပြန်ခေါ်လာရန်အတွက် အဆင့်မြင့် အဖွဲ့ အယောက်နှစ်ဆယ်နီးပါး ကို စေလွှတ်ခဲ့သည်။
အတည်ပြုပြီးပါက သူမ၏ စွန်းထင်းမှုကင်းသော ဓားနှလုံးသား ကို အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးက ထုတ်ယူ လိမ့်မည်။
တစ်ချိန်တည်းတွင် ယဲ့ရှောက်ကျယ် သည် ယဲ့မိသားစု ၏ တစပြင်ပမာ ခြောက်ကပ် တိတ်ဆိတ်သော ဘဝကို ငြီးငွေ့လာပြီး၊
စွန်းထင်းမှုကင်းသော ဓားနှလုံးသား ကို ရှာဖွေနေဟန်ဆောင်ကာ အလယ်တိုက်ကြီး တွင် လှည့်လည်သွားလာရန် အခွင့်အရေးကို ဖမ်းဆုပ် ခဲ့သည်။
သူ၏ ခရီးတွင် ယဲ့မိသားစု ၏ သစ္စာရှိအစေခံဖြစ်သော နောက်ပိုင်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် အကြီးအကဲ လီကွမ်းနင်း နှင့် သူ့၏ ညီအစ်ကိုဝမ်းကွဲ ယဲ့ရှောက်ကျင်း တို့က သူ့ကို လိုက်ပါလာသည်။
သူတို့ ခရီးသွားလာခဲ့သည့် ရက်အနည်းငယ် အတွင်း၊
သူတို့သည် ဝိညာဉ်တစ်သောင်း ခန်းမ အပေါ်တွင် ကောင်းကင်ယံဖြစ်ရပ်တစ်ခု— အဆင့်မြင့် ဝိညာဉ်ပစ္စည်း တစ်ခု၏ မွေးဖွားခြင်းကို အချက်ပြသည့် ပုံမှန်မဟုတ်သော အရာ ကို သတိပြုမိခဲ့သည်။
လီကွမ်းနင်း သည် အတွေ့ကြုံများပြားသူဖြစ်သည့်အတွက် ချက်ချင်း သိလိုက်သည်။
ယဲ့ရှောက်ကျယ်လဲ စိတ်ဝင်စားမှု အလွန်များလာခဲ့သည်။
ယဲ့မိသားစု က ရှေးကျပြီး အစွမ်းထက်သော်လည်း အဆင့်မြင့် ဝိညာဉ်ပစ္စည်းများ က အလွန်ရှားပါးနေဆဲဖြစ်သည်။
သူသည် သူ့အဖွဲ့ကို ဝိညာဉ်တစ်သောင်း ခန်းမ သို့ သွားရန် အမိန့်ပေးခဲ့သည်။
သို့သော် ပုံမှန်မဟုတ်သော အရာ၏ စွမ်းအင်က မကြာမီ မှေးမှိန် သွားပြီး၊
ပစ္စည်း ကို တစုံတဉီးက သိမ်းပိုက်ပြီးသား ဖြစ်ကြောင်း ညွှန်ပြနေသည်။
၎င်းက မသိမ်းပိုက်ရသေးပါက ပုံမှန်မဟုတ်သော အရာ က စွမ်းအားထုတ်လွှတ်မှု ပိုပြီး ကြာရှည်လိမ့်မည်။
သူတို့၏ အရှိန်နှုန်း ကို တိုးမြှင့်ပြီး၊
သူတို့သည် မကြာမီ ဝိညာဉ်တစ်သောင်း ခန်းမ မှ ထွက်လာသော ကျူဒီဂျန် ကို တွေ့ခဲ့သည်။
သူမထံမှ ပြင်းပြသော ဓားရည်ရွယ်ချက် ကို ခံစားလိုက်ရသောအခါ၊
လီကွမ်းနင်း သည် ဝိညာဉ်ပစ္စည်း က သူမ၏ လက်ဝယ်တွင် ဖြစ်နိုင်ကြောင်း တွေးလိုက်သည်။
ယဲ့ရှောက်ကျယ် သည် သူမထံမှ ပစ္စည်း ကို ရယူရန် ကြိုးစားခဲ့သည်။
ကျူဒီဂျန် ၏ တုနှိုင်းမမှီသော အလှ ကို မြင်သောအခါ သူသည် အခြားသော အတွေးများ ရှိလာသည်—သူသည် သူမကို သူ့၏ တာအို အဖော် အဖြစ် ယူချင်ခဲ့သည်။
သူမက သူ့ကို ငြင်းပယ်လိုက်သောအခါ ယဲ့ရှောက်ကျယ် က လက်မလျှော့ ခဲ့ပေ။
သူ့၏ ဘဝတွင် သူလိုချင်သော်လည်း မရနိုင်သော အရာမျိုး ဘယ်တော့မှ မရှိခဲ့ပေ။
သူမက မပေးလျှင် သူသည် အင်အားသုံး၍ ယူလိမ့်မည်။
သူတို့ သုံးဦးသည် ကျူဒီဂျန် ကို တိုက်ခိုက်ခဲ့သော်လည်း၊
သူမ၏ အရှိန်နှုန်း နှင့် စိတ်ခြောက်ခြားဖွယ်ရာ နည်းစနစ်များ တွင် ကျွမ်းကျင်မှုက ယဲ့ရှောက်ကျယ်တို့ကို သိသိသာသာ နှေးကွေးစေခဲ့သည်။
လီကွမ်းနင်း က ကျူဒီဂျန် ကို ချက်ချင်း သတ်ဖို့ အကြံပြုခဲ့သော်လည်း၊
ယဲ့ရှောက်ကျယ် က ငြင်းဆိုခဲ့သည်။
သူမကို အသက်ရှင်လျက် ဖမ်းရမည်။
ဒါက လိုက်လံမှုကို ရက်ပေါင်းများစွာ ကြာစေခဲ့သည်။
ဒါမဟုတ်ရင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦး လိုက်လံနေတာကြောင့် ကျူဒီဂျန် က လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
တစ်ရက်ခွဲ အတွင်း သူမ၏ ဝိညာဉ်စွမ်းအင် ကို ကုန်ဆုံးစေလိမ့်မည်ဟု သူတို့က ခန့်မှန်းခဲ့ကြသည်။
ထိုအချိန်တွင် သူမသည် သူတို့၏ ချုပ်နှောင်မှုအောက်သို့ ရောက်လာလိမ့်မည်။
မမျှော်လင့်ဘဲ ကျူဒီဂျန် ရပ်လိုက်သည်။
သူမ၏ ရှေ့တွင် ခန့်ညားသော မျက်နှာ နှင့် အမျိုးသားတစ်ဦး ရပ်နေသည်။
သူ၏ ဝိညာဉ်စွမ်းအင် ကို ကြည့်ခြင်းအားဖြင့် သူသည် ရွှေအူတိုင်အဆင့် တွင် ရှိပုံရသည်။
ယဲ့ရှောက်ကျယ် က ခဏရပ်လိုက်ပြီး ယဲ့ရှောက်ကျင်း ကို မျက်စပစ်ကာ အချက်ပြလိုက်သည်။
သူ၏ အမြဲတမ်း နာခံတတ်သော သစ္စာရှိ တစ်ဦးအနေဖြင့် ယဲ့ရှောက်ကျင်း သည် ရှေ့သို့ တက်လာပြီး အေးစက်စွာ အော်လိုက်သည်၊
"လမ်းကနေ ဖယ်၊ ဒါမဟုတ်ရင်—" ဟု ပြောလိုက်သည်။
သူ စကားမဆုံးမီ၊
သူ၏ သွေး နှင့် အရိုးများ သည် တရှဲရှဲမြည်သံပေးကာ သူ့ဘာသာသူ မီးလောင် လာသည်။
သူ၏ ခြေဖဝါးအောက်တွင် တောက်ပသော ဖွဲ့စည်းမှု တစ်ခု ပေါ်လာပြီး၊
၎င်း၏ အနက်ရောင်မီးလျှံများ က သူ့ကို လုံးဝ လျင်မြန်စွာ စားသုံး လိုက်သည်။
ဒီမီးလျှံများအကြောင်း ထူးဆန်းတဲ့အရာကတော့ သူတို့က ပူလောင်သောအရှိန်ကို မပေးဘဲ အရိုးထဲစိမ့်ဝင်သော ဝန်ရိုးစွန်းမှ အအေးဓာတ် ကိုသာ ထုတ်လွှတ်သည်။
လီကွမ်းနင်း သည် ချက်ချင်း ရှေ့သို့ တက်လာပြီး သူ့နောက်တွင် ယဲ့ရှောက်ကျယ် ကို ကာကွယ်လိုက်သည်။
သူ၏ မျက်နှာအမူအရာက ကြောက်စရာကောင်း လာပြီး သူသည် ယဲ့ယွီ ကို စိုက်ကြည့်နေသည်။
ယဲ့ရှောက်ကျင်း ၏ ကိုယ်ခန္ဓာ ခဏတာ အတွင်း ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ခဏလေးအတွင်း ဖယ်ရှားလိုက်တာ—ဒါက ရွှေအူတိုင်အဆင့် ရှိသူတစ်ဦးရဲ့ လက်ချက်က ဘယ်လို ဖြစ်နိုင်မှာလဲ?
ဒီလူသည် သူ၏ စစ်မှန်သော စွမ်းအား ကို ဖုံးကွယ် ထားတာ ရှင်းရှင်းလင်းလင်းပဲ။
ယဲ့ရှောက်ကျယ် ကတော့ ပြုံးလိုက်သည်။
"မင်း ဘယ်သူကို သတ်လိုက်လဲဆိုတာ မင်း သိလား?
"ဒါက ငါ့ရဲ့ ညီအစ်ကိုဝမ်းကွဲ၊ လျို့ဝှက် ယင်မြစ် ရဲ့ ယဲ့မိသားစု ဝင်တစ်ဦး ဖြစ်တယ်။" ဟု ပြောလိုက်သည်။
ယဲ့ယွီ ၏ မျက်နှာအမူအရာက သတိမမူ ဘဲ ဖြစ်နေဆဲ။
"ငါ့ရဲ့ ဇနီးကို သူ့၏ တာအို အဖော် အဖြစ် လိုချင်တယ်လို့ ပြောတဲ့သူက ဘယ်သူလဲ?" ဟု ပြောလိုက်သည်။
ယဲ့ရှောက်ကျယ် ၏ အပြုံးက နှုတ်ခမ်းထောင့်တွင် ရှိနေဆဲ။
သူ မဖြေရသေးမီ၊
လီကွမ်းနင်း က ကြားဖြတ်ပြောသည်၊
"ဒါက နားလည်မှုလွဲခြင်း တစ်ခုပါပဲ၊ တာအိုမိတ်ဆွေလေး ။
"ခင်ဗျားတို့ကို ရန်စခဲ့တဲ့သူက ခုသေဆုံးသွားတဲ့သူပါပဲ။
"ဒီနေရာမှာပဲ ဖြစ်ခဲ့သမျှကို မေ့လိုက်ကြရအောင်။" ဟု ပြောလိုက်သည်။
ယဲ့မိသားစု ၏ သက်တမ်းရင့်တိုက်ပွဲများစွာဆင်နွှဲဖူးသော အတွေ့ကြုံများရှိသော အကြီးအကဲ တစ်ဦးအနေဖြင့် လီကွမ်းနင်း က မိုက်မဲသူမဟုတ်ပေ။
ယဲ့ယွီ သည် သူတို့ကို စောင့်နေဖို့ သူ့ကိုယ်သူယုံကြည်မှု မြင့်မားနေခဲ့ပြီး ယဲ့ရှောက်ကျင်း ကို ဒီလောက် အလွယ်တကူ ဖယ်ရှားနိုင်ခဲ့တာက သူသည် သူတို့နှင့် တိုက်ခိုက်နိုင်စွမ်းရှိသည်ကို ယုံကြည်မှုရှိကြောင်း အကြံပြုနေသည်။
လီကွမ်းနင်း တစ်ယောက်တည်းဆိုရင် သူသည် တိုက်ပွဲတစ်ခုကို စွန့်စားတိုက်ခိုက်ပြီး မနိုင်ဘူးထင်လျှင် ဆုတ်ခွာနိုင်ခဲ့ပေမည်။
ဒါပေမဲ့ ယဲ့ရှောက်ကျယ် ရှိနေတာကြောင့် အန္တရာယ် က အရမ်းမြင့်မားသည်။
ယဲ့ရှောက်ကျယ် ကို တစ်ခုခု ဖြစ်ခဲ့ပါက၊
လီကွမ်းနင်း ၏ ကံကြမ္မာ ကို ဆုံးဖြတ် လိမ့်မည်။
လီကွမ်းနင်း သည် ယဲ့ရှောက်ကျယ် ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းတစ်ခု ပေးပို့ခဲ့သည်- " သခင်လေး ၊ ကျွန်တော်တို့ အခုအတွက်တော့ ဆုတ်ခွာ သင့်တယ်။ ကျွန်တော် သူ့ကို နောက်မှကိုင်တွယ်ဖို့ အကူအညီ ခေါ်လိုက်ပါ့မယ်။"
ယဲ့ရှောက်ကျယ် က အလွန်အကြူးဒေါသထွက်သော လေသံဖြင့် ပြန်ဖြေသည်၊
" အကူအညီ တွေ ဘာလို့ လိုအပ်တာလဲ?
"ခင်ဗျားရဲ့ အကြီးမြတ်ဆုံး အောင်မြင်မှုက ကောင်းကင်ဘုံတက်လှမ်းခြင်း ကျင့်ကြံသူတစ်ဦးကို အနိုင်ယူခဲ့တာလို့ ငါ ကြားခဲ့တယ်။
"ဘာလို့ ခင်ဗျားရဲ့ စွမ်းရည် ကို ဒီနေ့ မပြသတာလဲ?
"သူ့ကို သတ်နိုင်ခဲ့ရင် ကျုပ် ခင်ဗျားလိုချင်တဲ့ ဘာမဆို ဆုချ ပေးမယ်။
"ဒါပေမဲ့ မအောင်မြင် ခဲ့ရင်၊
"ခင်ဗျားဟာ ယဲ့မိသားစု ရဲ့ အကြီးအကဲ မဟုတ်တော့ဘူး။" ဟု ပြောလိုက်သည်။
လီကွမ်းနင်း သည် သူ၏ ဒေါသကို ထိန်းချုပ် ရင်း သူ့၏ သွားများကို ကြိတ်လိုက်သည်။
ဒီ သခင်လေး က တော်တော် စိတ်မရှည်စရာကောင်းသည်၊ မိန်းမစိတ်ဓာတ်နဲ့ကောင်မျိုး
တခြားသူများကို သူ့၏ ရမက်ဆန္ဒများအတွက် အသေခံစွန့်စား စေသည်။
သို့တိုင် သူသည် သူ၏ မကျေနပ်ချက်များကို ပြောရဲခြင်းမရှိဘဲ တွန့်ဆုတ်စွာ သဘောတူခဲ့သည်။
သူ၏ မိုးသားတိမ်ပမာ အပြာရောင်တဖိတ်ဖိတ်တောက်နေသော ဓားပျံ ကို ခေါ်ယူပြီး၊
လီကွမ်းနင်း သည် သူ၏ ဓားဆန္ဒ ကိုစတင်ထုတ်ဖော်လိုက်သည်။
မရေမတွက်နိုင်သော ထက်ရှလွန်းသည့် ဓားများ သည် သူ့နောက်တွင် တရှီးရှီးမြည်သံပေးကာ ပေါ်လာပြီး၊
၎င်းတို့၏ ချွန်ထက်သော ဓားများ အားလုံးက ယဲ့ယွီ ကို ပစ်မှတ်ထား ချိန်ရွယ်လိုက် သည်။
ဒါကို မြင်သော ယဲ့ရှောက်ကျယ် က နှစ်လှမ်း နောက်သို့ ဆုတ်ပြီး၊
ပြုံးရယ် ရင်း စောင့်ကြည့်နေသည်။
လူတွေက ဖိအား အောက်တွင် အမြဲတမ်း အကောင်းဆုံး လုပ်ဆောင်ကြသည်။
ဒီလို နှောင့်ယှက်မှု မရှိဘဲ လီကွမ်းနင်း က သူ့ရဲ့ အစွမ်းအစ အားလုံးကို ထုတ်ပြမည်မဟုတ်ပေ။
ဟုတ်ပါတယ်၊ လီကွမ်းနင်း သည် ယဲ့ယွီ ကို သတ်နိုင်ခဲ့ပါက ပိုကောင်းသည်။
မအောင်မြင်ခဲ့ရင်တောင် ယဲ့ရှောက်ကျယ် မှာ သူ့ကိုယ်သူ လုံခြုံမှု ကို သေချာစေရန် ကာကွယ်သော ရတနာများ ရှိသည်။
ဓားစွမ်းအင် ၏ ပိုပြီးကြီးမားသော မုန်တိုင်းတစ်ခု၏ အလယ်တွင်၊
ယဲ့ယွီ သည် ဖြည်းဖြည်းချင်း လေကို မှုတ်ထုတ်လိုက်သည်။
သူ့ဘေးတွင် ကျူဒီဂျန် က ဓားတစ်ချောင်းကို သူ့ကို ပေးလိုက်သည်။
၎င်း၏ ဓားသွားက အနက်ရောင် ဖြစ်နေသည်။
"ဒါက ကျွန်မ ရှင့်အတွက် ပြုလုပ် ထားတဲ့ ဝိညာဉ်ဓား ပဲ။
"အသုံးပြုကြည့်လိုက်ပါ။" ဟု ပြောလိုက်သည်။
သူမ၏ အသံက နူးညံ့သော်လည်း ပြတ်သား သည်။
သူမသည် ပိတ်ပင်ထားသော ယင်မြစ် ၏ ယဲ့မိသားစု က အလွန်ကြီးမားသော မွန်းစတားမိသားစုကြီးဖြစ်ပြီး၊ အံတုဖက်ပြိုင်ရန် လက်လှမ်းမမီနိုင်သော အရာတစ်ခုဖြစ်ကြောင်း သိသည်။
ဒါပေမဲ့ ယဲ့ယွီ သည် သူ၏ ဆုံးဖြတ်ချက်ကို ချပြီးသောကြောင့်၊
ရလဒ်က ဘာပဲဖြစ်ဖြစ် သူမသည် သူ့ကို လမ်းတွင် မရပ်တန့်စေရ။
သူမ၏ တာဝန်က တိုက်ပွဲ တွင် သူမ၏ ခင်ပွန်း ကို ထောက်ပံ့ ဖို့ဖြစ်သည်။ ဒါက သူမ၏ အသက်ကို စွန့် ရလျှင်တောင်မှပဲ။
ယဲ့ယွီ သည် ဓားကို ကိုင်လိုက်ပြီး၊
ခဏတာ အတွင်း ကြီးမားသော ဓားဆန္ဒ က ၎င်းမှ ပေါက်ကွဲ လာသည်။
ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင် အားလုံးကို ဖျက်ဆီး ပစ်လိုက်သည်။
လီကွမ်းနင်း ၏ စိတ်ရှည်စွာ စုဆောင်းထားသော ဓားရည်ရွယ်ချက် က တစ်ချက်တည်း ဖြင့် ပျက်စီး သွားခဲ့သည်။
မတိုက်ခိုက်ရသေးဘဲနှင့်ပင်၊
စွမ်းအား ၏ ကွာခြားမှုက သိသာထင်ရှား နေသည်။
လီကွမ်းနင်း သည် ကြောက်ရွံ့စွာ အော်လိုက်သည်၊
" သခင်လေး ၊ ထွက်ပြေး!" ဟု ပြောလိုက်သည်။
သို့သော် အရမ်း နောက်ကျနေခဲ့ပြီ။
ယဲ့ယွီ သည် ခဏတာ သူ့၏ မျက်လုံးများကို ပိတ်လိုက်ပြီး ဓားနှင့် သူ့၏ ဝိညာဉ် တို့၏ စည်းဝါ်းနရီကိုက်မှု ဓားနှလုံးသား သည် သူ၏ နှလုံးခုန်သံတို့ အသံတူညီမှု ကို ခံစားနေသည်။
ထိုအခိုက်အတန့်တွင် အတွေးတစ်ခုက သူ့၏ စိတ်ထဲတွင် ပေါ်လာသည်- သူသည်တခါမှ တစ်ချက်တည်းဖြင့် သူ၏ စွမ်းအားအပြည့်အဝ ကို ထုတ်ဖော်ခဲ့ခြင်း မရှိဖူးသေးပေ။
ဘာလို့ ဒီအခွင့်အရေးကို အသုံးပြုပြီး မိမိ၏ စွမ်းပကား ကို စမ်းသပ်ဖို့ မလုပ်တာလဲ?
ထို့ကြောင့် ယဲ့ယွီ သည် သူ၏ ဝိညာဉ်စွမ်းအင် အားလုံးကို ဓားသွားထဲသို့ ထည့်သွင်းပြီး ခုတ်ပိုင်း လိုက်သည်။
ခဏတာ အတွင်း မိုးကောင်းကင်ကို မျက်စိကျိန်းလိုက်အောင်လင်းလက်လှသော ရွှေရောင်လျှပ်စီး က ဖုံးလွှမ်းသွားသည်။
၎င်း၏ အလင်းရောင်အောက်တွင် ခိုင်မတ်စွာရပ်နေသော ခံ့ညားလွန်းလှသည့်
ယဲ့ယွီ သည် သာမန်လူ့ဘုံ သို့ ဆင်းသက်လာသော နတ်ဘုရားတပါးလို ဖြစ်နေသည်။
306 ၃၀၆ ဆက်ရန်
### အခန်း ၃၀၆
---
ယခင်က ကြည်လင်နေသော ကောင်းကင်သည် မိုးခြိမ်းသံနှင့် လျှပ်စီးလက်မှုများဖြင့် ရုတ်တရက် ပြည့်နှက်သွားသည်။
ဝိညာဉ်တစ်သောင်း ခန်းမ မှ မိုင်တစ်ထောင် အကွာ၊ တောင်တန်းတစ်ခုပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးလက်မှုများသည် အပြာရောင် နဂါးတစ်ကောင်အဖြစ်သို့ စုစည်းကာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည်။
ထိုပေါက်ကွဲမှုသည် မိုင်တစ်ရာ ပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ကြီးမားနက်ရှိုင်းသော ချောက်နက် တစ်ခုကို ချန်ရစ်ခဲ့သည်။
မိုးကြိုးမုန်တိုင်းသည် နာရီဝက် အပြည့် တိုက်ခတ်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ကမ္ဘာပျက်မလို ဖြစ်စေခဲ့သည်။
မြင်ကွင်းမှ မိုင်တစ်ထောင် အတွင်းရှိ လူများသည် ထိတ်လန့်တကြား ကြည့်နေကြပြီး၊ သူတို့သည် နတ်ဘုရားများ၏ အမျက်ကို မြင်တွေ့ခဲ့သည်ဟု ယုံကြည်ကြသည်။ တုန်ယင်စွာဖြင့် သူတို့သည် ဒူးထောက်ကာ မိုးခြိမ်းသံလာရာသို့ အကြိမ်ကြိမ် ဦးညွှတ်ခဲ့ကြသည်။
နောက်ဆုံးတွင် မုန်တိုင်း ရပ်တန့်သွားပြီး မိုးတိမ်များ ပျောက်ကွယ်သွားသည်။
လီကွမ်းနင်း နှင့် ယဲ့ရှောက်ကျယ် တို့သည် ပြာ အဖြစ်သို့ ပြောင်းလဲသွားသည်။ ယဲ့ရှောက်ကျယ် ၏ ခန္ဓာကိုယ်ပေါ်ရှိ ရတနာများပင်လျှင် အလွန်အစွမ်းထက်သော တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပေ။
ကျူဒီဂျန် ပင်လျှင် မြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်ခဲ့သည်။
ဓားတစ်လက်တည်း၏ စွမ်းအားသည် ဤမျှလောက် ပျက်စီးစေနိုင်သည်ဟု သူမ ဘယ်တော့မှ မတွေးခဲ့ပေ။ ဤအဆင့်၏ ဖျက်ဆီးမှုမျိုးကို နတ်ဘုရားတပါးကသာ စွမ်းဆောင်နိုင်ပေလိမ့်မည်။
သို့သော် သူမတစ်ဦးတည်းသာ မဟုတ်ခဲ့ပေ။
ယဲ့ယွီ ကိုယ်တိုင်ပင် အံ့ဩခဲ့သည်။
"ဒါက ဓားတစ်လက်ကို အပြည့်အဝ စွမ်းအားဖြင့် ထုတ်ဖော်လိုက်သောအခါ ဖြစ်လာတဲ့ အရာပဲ။ တကယ်တမ်းကို ဘယ်အရာကမှ မရပ်တန့်နိုင် တဲ့ မုန်တိုင်းလိုပဲ ၊တယ်တော်တဲ့ငါပါလား !"
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ယဲ့ယွီ ၏ မျက်လုံးများက မီးလောင်နေသော မြေကြီးကိုသာ မြင်သည်။ တောင်တန်းကို ချောက်နက် တစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့သည်။
အင်အားသက်သက်ဖြင့် မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲပစ်ခြင်း— မည်မျှ ကြောက်မက်ဖွယ်ကောင်း သနည်း။
ထို့ထက်ပို၍ ယဲ့ယွီ သည် သူ့လက်ထဲမှ ဝိညာဉ်ဓား နှင့် ထူးခြားသော စည်းဝါးကိုက်ကာ နှလုံးခုန်သံတူညီမှု ကို ခံစားခဲ့ရသည်၊ သူတို့၏ နှလုံးသားများ က တစ်ခုတည်းဖြစ်နေသလိုမျိုးပင်။ နောက်ထပ် ပြုပြင်မွမ်းမံမှုအနည်းငယ်ဖြင့် ဒါက သူနှင့် အသက်ဝိညာဉ်ချင်း-ချည်နှောင်ထားသော ဓားပျံ ဖြစ်လာနိုင်ကြောင်း သူ သေချာပြောနိုင်သည်။
ယဲ့ယွီ က ညင်သာစွာ မေးသည်၊ "ဒီဓားရဲ့ နာမည်က ဘာလဲ?"
ကျူဒီဂျန် က သူမ၏ မျက်လုံးများတွင် ချစ်ခင်မှုများ ပြည့်နှက်နေရင်း ပြန်ဖြေသည်၊ "ဒါက ကျွန်မရဲ့ ခင်ပွန်းရဲ့ ဓားဖြစ်တဲ့အတွက် ရှင်ကိုယ်တိုင် နာမည်ပေးသင့်ပါတယ်" ဟု ပြန်ဖြေသည်။
ခဏတာ တွေးတောပြီးနောက် ယဲ့ယွီ က ပြောသည်၊ " ယွီဒီ လို့ ခေါ်ကြရအောင်" ဟု ပြောလိုက်သည်။
ကျူဒီဂျန် ၏ ပျော်ရွှင်မှုက အတိုင်းအဆမရှိပေ။
ဓားကို သူတို့ နှစ်ဦး၏ နာမည်ဖြင့် ပေးခြင်း—ဒါက ယဲ့ယွီ ၎င်းကို ကိုင်ဆောင်တိုင်း သူမအကြောင်း တွေးလိမ့်မည်ဟု ဆိုလိုသည်။ သူမသည် အလွန်ဝမ်းမြောက်ခဲ့ပြီး ကြီးမားသော အောင်ပွဲ ကို ရရှိခဲ့သလို ခံစားရသည်။
ယဲ့ယွီ ၏ ပခုံးပေါ်တွင် ညင်သာစွာ မှီလိုက်ပြီး ကျူဒီဂျန် သည် ငြိမ်းချမ်းသော အခိုက်အတန့်လေးကို မြည်းစမ်းခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် အောက်ဘက်ရှိ မီးလောင်နေသော မြေကြီးမှ ပုတီး တစ်ခုက ကောင်းကင်ပေါ်သို့ ရုတ်တရက် တက်လာခဲ့သည်။
၎င်းသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် အားလုံးကို စုပ်ယူပြီး မျက်စိကျိန်းစရာ အလင်းကို ထုတ်လွှတ်သည်။
မကြာမီ ကြီးမားသော မျက်လုံးတစ်စုံ ပေါ်လာသည်။
"မင်း ငါ့ရဲ့ သားကို သတ်ရဲတယ်? မင်း ဘယ်သူဖြစ်ပါစေ၊ ဘယ်ကို ထွက်ပြေးပါစေ၊ ပိတ်ပင်ထားသော လျို့ဝှက်ယင်မြစ် ရဲ့ ယဲ့မိသားစု က မင်းသေဆုံးသည်အထိ ဘယ်တော့မှ အနားယူမှာ မဟုတ်ဘူး!" ဟု ပြောလိုက်သည်။
မိုးခြိမ်းသံ က နေရာတိုင်းမှ ပဲ့တင်ထပ်လာသည်!
အသံပိုင်ရှင်က ယဲ့မိသားစု ၏ လက်ရှိ ခေါင်းဆောင် ယဲ့ကျိုဟာအို မှလွဲ၍ တခြားသူမဟုတ်ပေ။
ထိုအခိုက်အတန့်တွင် မိုင်ထောင်ပေါင်းများစွာ အကွာရှိ တိတ်ဆိတ်သော ချိုင့်ဝှမ်းတစ်ခုတွင် ယဲ့ကျိုဟာအို ၏ သွေးရောင်မျက်လုံး များသည် ထင်သာမြင်သာရှိလောက်အောင် ပြင်းထန်သော သတ်ဖြတ်ရန် ရည်ရွယ်ချက် ကို ထုတ်လွှတ်နေသည်။ သူ့မျက်နှာသည် ဒေါသဖြင့် တွန့်လိမ်နေပြီး သူ့ရှေ့တွင်ရှိသော ဝိညာဉ်မှန် ကို ကြည့်နေသည်။
မှန်ထဲတွင် ပေါ်နေသော ပုံက ယဲ့ယွီ နှင့် ကျူဒီဂျန် မှလွဲ၍ တခြားသူမဟုတ်ပေ။
ယဲ့မိသားစု တွင် အစဉ်အလာတစ်ခု ရှိသည်- မျိုးရိုးစဉ်ဆက်တိုင်းသည် စိတ်နှလုံး ပုလဲ တစ်ခုကို သယ်ဆောင်ထားပြီး၊ ၎င်းကို တည်ငြိမ်အေးချမ်းမှု ခန်းမ တွင် သိမ်းဆည်းထားသည်။ မျိုးဆက်တစ်ဦး သေဆုံးသောအခါ သူတို့၏ စိတ်နှလုံး ပုလဲ က ကွဲသွားလိမ့်မည်။ ထိုရတနာက မိသားစုခေါင်းဆောင်များက သူတို့ မျိုးနွယ်များ၏ လုံခြုံရေး ကို စောင့်ကြည့်နိုင်စေသည်။
အကြီးအကဲ ၏ သားနှင့် အမွေခံ ဖြစ်သော ယဲ့ရှောက်ကျယ် ၏ စိတ်နှလုံး ပုလဲ ကို ငယ်ရွယ်သော မျိုးဆက်များထဲတွင် အထင်ရှားဆုံး နေရာတွင် ပြသထားသည်။
ထိုအချိန်မတိုင်ခင်က ယဲ့ကျိုဟာအို သည် ပြင်းထန်သော ကျင့်ကြံမှုတွင် နစ်မြုပ်နေသည်။စိတ်နှလုံး ပုလဲ ကွဲကြေမှုကြောင့် ပြင်းစွာသောတုန်ခါမှုကိုခံစားရချိန်တွင် သူရုတ်တရက် ပြင်းစွာစိတ်ပူပန်သွားသဖြင့် စစ်ဆေးရန် တည်ငြိမ်အေးချမ်းမှု ခန်းမ သို့ လေအလျှင်ဖြင့် အပြေးသွားသောအခါ သူသည် ယဲ့ရှောက်ကျယ် ၏ စိတ်နှလုံး ပုလဲ ကို ဖုန်မှုန့် အဖြစ် ကွဲသွားသည်ကို မြင်တော့ အံ့အားသင့်ခဲ့သည်—ဒါက သေဆုံးခြင်းကိုသာမက လုံးဝ ဖျက်ဆီးခံရခြင်း ကိုပါ ဖော်ပြသည်။
ထိုရိုက်ချက်က မိုးကြိုးပေါင်းတရာခသလို သူ့ဘဝသူ့အသက်ကိုတိုက်ရိုက် ထိခိုက်မှု အလွန်အမင်းဖြစ်စေ ခဲ့သည်။ ဆံပင်ဖြူ နေသော ဖခင်တစ်ဦးက သူ၏ ဆံပင်နက် နေသော သားအတွက် ဝမ်းနည်းပူဆွေးနေရပြီဖြစ်သည်။ ယဲ့ကျိုဟာအို သည် ဒေါသထွက်လွန်းလှသဖြင့် သွေးအန် လိုက်သည်။
ယဲ့ရှောက်ကျယ် သေဆုံးသွားပြီ? ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?
သူသည် များပြားလှသော ရတနာများဖြင့် ကာကွယ်ထားပြီး အကြီးအကဲ လီကွမ်းနင်း က လိုက်ပါလာသည်။ နတ်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်တောင် သူတို့သည် ဒုက္ခပေးသော အချက်ပြမှု ကို ပို့ရန် အချိန်ကို ရရှိနိုင်ခဲ့သည်။
အကူအညီတောင်းရန် အခွင့်အရေးပင် မရှိဘဲနဲ့ ဒါတွေအားလုံး ဘယ်လို အဆုံးသတ်သွားရတာလဲ?
သူ၏ ဝမ်းနည်းမှုကို ဖိနှိပ်ရင်း ယဲ့ကျိုဟာအို သည် ယဲ့ရှောက်ကျယ် သယ်ဆောင်ထားသော ထူးခြားသည့် အကြွေး စုဆောင်းမှု ပုလဲ ကို နှိုးဆွရန်အတွက် လျှို့ဝှက်နည်းပညာတစ်ခုကို ချက်ချင်း အသုံးပြုခဲ့သည်။
ပဲစေ့ တစ်စေ့အရွယ်နှင့် မပျက်စီးနိုင်သော ဒီ ရွှေပုတီး သည် နှစ်သောင်းကျော် ကြာအောင် ကြီးမားသော ကျင့်ကြံမှု မိသားစုများ၏ သားများအတွက် အဓိက အရာတစ်ခု ဖြစ်ခဲ့သည်။ သူတို့ သေဆုံးသောအခါ ပုလဲကို အဝေးမှ နှိုးဆွ နိုင်ပြီး သူတို့၏ သေဆုံးမှု အခြေအနေများကို ဖော်ပြနိုင်သည်။ မကျေနပ်မှုတစ်ခုမှာ ရင်းမြစ် တစ်ခု ရှိရမည်၊ အကြွေး တစ်ခုမှာ အကြွေးတင်သူ တစ်ဦး ရှိရမည်—ဒါကြောင့် ၎င်း၏ နာမည်ကို ပေးခဲ့ခြင်းဖြစ်သည်။
သဘာဝအတိုင်း မိသားစု၏ ရင်နှစ်သည်းခြာရတနာဖြစ်သော ယဲ့ရှောက်ကျယ် သည် သူ၏ ခရီးစဉ်အတွင်းအကြွေး စုဆောင်းမှု ပုလဲ တစ်ခုကိုပါ သယ်ဆောင်ထားသည်။
တောင်တန်းပေါ်တွင် ကျူဒီဂျန် က ယဲ့ယွီ ကို သူမကြားဖူးသော အကြွေးတောင်း ပုလဲ၏ လုပ်ဆောင်ချက်ကို ရှင်းပြလိုက်သည်။ ယဲ့ယွီ ကြားလိုက်သောအခါ ကောင်းကင်ယံရှိ ကြီးမားသော မျက်လုံးများကို ကြည့်ကာ အေးစက်စွာ တခွန်းခြင်းပြောလိုက်သည်၊ " မင်းလာစရာမလိုဘူး ၊ ငါ့ကို စောင့်နေ—ငါ မင်းကို လာရှာမယ်" ဟု ကြေညာသည်။
ထို့နောက် သူသည် ဓားချီတစ်စကို ပုလဲထဲသို့ ပိုင်းဖြတ်ကာသွင်းလိုက်ရာ အကြွေး စုဆောင်းမှု ပုလဲသည် တစစီကျိုးပဲ့သွားတော့သည်။ ကြီးမားသော မျက်လုံးများသည် ပေါ်လာသလို ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကျူဒီဂျန် ၏ မျက်နှာအမူအရာက လေးနက် လာခဲ့သည်။ သူမသည် ခြေရာခံအားလုံးကို ဖျက်ဆီးလိုက်ခြင်းက အဖြစ်အပျက်ကို သက်သေတစ်ဦးမှ မထားခဲ့ဟု မျှော်လင့်ခဲ့သည်။ ယဲ့ရှောက်ကျယ် သည် ထိုကဲ့သို့သော ပစ္စည်း မျိုးကို သယ်ဆောင်ထားမည်ဟု သူမ ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။ သူမ သိခဲ့ပါက သူမသည်၎င်းနေရာမှ ချက်ချင်း ထွက်ခွာခဲ့ပေမည်။
ယဲ့ယွီ က တည်ငြိမ်စွာ ပြောသည်၊ "မင်း ဝိညာဉ်တစ်သောင်း ခန်းမ ကို ပြန်သွားပြီး ငါ့ကို စောင့်နေသင့်တယ်" ဟု ပြောလိုက်သည်။
ကျူဒီဂျန် သည် ချက်ချင်း နားလည်သွားသည်— ယဲ့ယွီ သည် ပိတ်ပင်ထားသော ယင်မြစ် ၏ ယဲ့မိသားစု ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ရည်ရွယ်ထားသည်။ သူ၏ လက်အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်ရင်း သူမသည် ခိုင်မာစွာ ပြောသည်၊ "ကျွန်မ ရှင့်နဲ့အတူ လိုက်ပါ့မယ်။ ဒါက ကျွန်မရဲ့ အမှားပါ—ကျွန်မ ဘေးထွက်ပြီး ပုန်းအောင်းမနေနိုင်ဘူး" ဟု ပြောလိုက်သည်။
ယဲ့ယွီ က သူမ၏ နှာခေါင်းကို ညင်သာစွာ ညှစ်လိုက်သည်။(တခုမဟုတ်တခုတော့ ညှစ်နေရမှ) "ငတုံးမလေး ၊ 'မင်းရဲ့ အမှား' ဆိုတာ ဘာကိုဆိုလိုတာလဲ? ဒါက သူတို့ဘာသာသူတို့ လုပ်လိုက်တာ။ မင်းသာ လိုက်လာခဲ့ရင် ငါ့ရဲ့ အာရုံတွေ လွဲသွားလိမ့်မယ်။ ကောင်းကောင်းနေပြီး ဝိညာဉ်တစ်သောင်း ခန်းမ မှာ ငါ့ကို စောင့်နေပါ။"
ကျူဒီဂျန် ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ ယဲ့ယွီ ၏ စကားများသည် သူမ၏ မာန ကို ကာကွယ်ပေးဖို့ ရည်ရွယ်ထားကြောင်း သိသည်။ ဝိညာဉ်တစ်သောင်း ခန်းမ ၏ ဆရာမနှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် လယ်ပိုင်း ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမသည် မည်သည့်စံနှုန်းဖြင့်မဆို အစွမ်းထက်သူ ဖြစ်သည်။ သို့သော် ယဲ့မိသားစု ၊ အထူးသဖြင့် သူတို့၏ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် နောက်ပိုင်း အထက်တန်းကျင့်ကြံသူများနှင့် ရင်ဆိုင်ရသောအခါ သူမသည် ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်။
ဒီအသိက နာကျင်စေသည်။ သူမသည် သူမ၏ လက်ကို စိတ်မပါဘဲ လွှတ်လိုက်ပြီး ယဲ့ယွီ ၏ ရင်းနှီးသော မျက်နှာကို ကြည့်နေသည်။
ပြတ်သားမှု ဖြင့် ပြည့်နှက်နေသော အသံဖြင့် သူမက ပြောသည်၊ "ကျွန်မကို ပြန်လာမယ် လို့ ကတိပေးပါ။ ရှင်သာ သေသွားခဲ့ရင် ကျွန်မလည်း အသက်ရှင်နေမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"သေဆုံးခြင်းအကြောင်း မပြောပါနဲ့။ ကိုတို့ ထာဝရ အတူတူ ရှိနေမယ်။ မင်းနဲ့အတူညတွေများစွာ မွေ့ယာပေါ်မှာဖြတ်သန်းချင်သေးတယ်"
ယဲ့ယွီ သည် ကျူဒီဂျန် ကို ပွေ့ဖက်ပြီး ညင်သာစွာ တီးတိုးပြောပြီး ထွက်ခွာသွားသည်။
ထွက်ခွာသွားသော သူ့၏ ပုံရိပ်ကို ကြည့်ရင်း ကျူဒီဂျန် သည် သူမ၏ လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်လုံးများက နီရဲ လာသည်။
ဒီမြင်ကွင်းက နာကျင်ဖွယ်ရာ ရင်းနှီးနေသည်။ သူမ၏ အိပ်မက်များတွင် ယဲ့ယွီ သည် တစ်ချိန်က ဖြောင့်မတ်သော ဂိုဏ်းများ ကို တစ်ယောက်တည်း ရင်ဆိုင်ရန်အတွက် သူမကို တံဆိပ်ခတ် ခဲ့ပြီး နောက်ဆုံးတွင် သူ့၏ အသက်ကို စွန့်လွှတ် ခဲ့သည်။ သူမ နိုးလာသောအခါ ဘာကိုမှ ပြောင်းလဲရန် နောက်ကျနေခဲ့ပြီ။ ထိုအချိန်ကတည်းက သူမသည် နောင်တ ဖြင့် နေထိုင်ခဲ့ရသည်။
အခု နောက်တစ်ကြိမ် ယဲ့ယွီ သည် အန္တရာယ်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ထွက်ခွာနေပြီး သူမကို ဝန်ထုပ်ဝန်ပိုး အဖြစ် ချန်ထားခဲ့သည်။
သူမသည် သူမကိုယ်သူမ မုန်းတီးသည်— နတ်ဘုံတက်လှမ်းခြင်းအဆင့်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်တာကို မုန်းတီးသည်၊ သူ့၏ ပြဿနာအားလုံးကို ဖြေရှင်းနိုင်စွမ်းမရှိတာကို မုန်းတီးသည်၊ သူမ လုပ်နိုင်တာက သူ့နောက်မှာ ရပ်နေဖို့ပဲ ဖြစ်သည်။
သူမ၏ စိတ်ပျက်အားငယ်မှု ပိုပြီး ကြီးထွားလာသောအခါ ကောင်းကင်သည် တစ်ဖန် မှောင်မိုက် လာသည်။ မရေမတွက်နိုင်သော လက်စားချေလိုသော ဝိညာဉ်များ က ငိုကြွေးစပြုလာပြီး သူတို့၏ အော်ဟစ်သံများက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
ကျူဒီဂျန် ၏ ကျင့်ကြံခြင်း ချုပ်နှောင်မှုများ စတင် ကွဲအက် လာသည်။
ပိတ်ပင်ထားသော ယင်မြစ် ၏ ယဲ့မိသားစု ၏ ဘိုးဘွားစင်္ကြန်တွင်။
ယဲ့မိသားစု ၏ တပည့် ရာပေါင်းများစွာက အပြင်တွင် ဒူးထောက်နေကြသည်၊ ယဲ့ကျိုဟာအို က ရှေ့ဆုံးတွင် ရပ်နေပြီး သူ၏ မျက်နှာအမူအရာက ဒေါသဖြင့်မာကျောကာ တွန့်လိမ်နေသည်။ သူသည် အမှတ်ရမှု ကျောက်တုံး တစ်ခုကို ကိုင်ထားပြီး ယဲ့ယွီ နှင့် ကျူဒီဂျန် တို့၏ ပုံရိပ်ကို ပြန်ပြနေသည်။
"ရှာကြ! ယဲ့မိသားစုဝင် အားလုံးကို စုဆောင်းပါ။ ဘာပဲဖြစ်ပါစေ ဒီနှစ်ယောက်က ငါ့ရဲ့ သားသေဆုံးခြင်းအတွက် ပေးဆပ်ရလိမ့်မယ်!" ဟု ပြောလိုက်သည်။
တပည့်များက သူတို့၏ သဘောတူညီမှုကို သံပြိုင် အော်ဆိုပြီး လုပ်ဆောင်ရန် ပြင်ဆင်ကြသည်။
သူတို့ စတင်လှုပ်ရှားနေစဉ် ရုတ်တရက် ကြီးမားသောဖိအားများကို သယ်ဆောင်ထားသော ဓားချီများ ထိုးထွက်လာပြီး ယဲ့မိသားစု၏ ကာကွယ်သော အစီရင် ဖွဲ့စည်းမှုပေါ်ကို ထိုးကျလာသည်။
သူတို့ ရွေ့လျားစပြုနေစဉ် ရုတ်တရက် ကောင်းကင်မှ ကြီးမားသောဖိအားများကို သယ်ေ ဓားချီများ ထိုးထွက်လာပြီး ယဲ့မိသားစု ၏ ကာကွယ်သော ဖွဲ့စည်းမှု သို့ ထိုးကျသည်။
မဟာပထဝီမြေကြီးတခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
၃၀၇ ဆက်ရန်
### အခန်း (၃၀၇)၊
---
ပိတ်ပင်ထားသော ယင်မြစ် ၏ ယဲ့မိသားစု သည် နှစ်သောင်းကျော် ကြာအောင် ရှိခဲ့သည့် မျိုးရိုးဖြစ်သည်။ ၎င်းသည် တစ်ချိန်က အလယ်တိုက်ကြီး ၏ အစွမ်းအထက်ဆုံး ကျင့်ကြံမှုမိသားစုအဖြစ် သတ်မှတ်ခံရသည်။
၎င်း၏ အထွတ်အထိပ်တွင် ၎င်းက တုနှိုင်းမမှီဘဲ၊ အစွမ်းထက်သော အင်အားစု ဖြစ်သည်။
သူတို့သည် နောက်ပိုင်းတွင် လူအများရှေ့ မှ ထွက်ခွာပြီး ပုန်းအောင်းနေထိုင် ရန် ရွေးချယ်ခဲ့သော်လည်း သူတို့၏ မွေးရာပါ မာန က မတုန်မလှုပ် ရှိနေဆဲဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ က တဘဝလုံး တောင့်တရသော နည်းစနစ်များနှင့် ကောင်းကင်ဘုံမှရတနာအလားအဖိုးတန်သည့် ပစ္စည်းများကို သူတို့က သာမန် ဟု သတ်မှတ်သည်။ သူတို့၏ ရာစုနှစ်များစွာ စုဆောင်းထားသော အရင်းအမြစ်များက သူတို့၏ မျိုးရိုးစဉ်ဆက်များအတွက် စကျင်ကျောက်ခင်းထားသောလမ်းတွင်ရေညှိတက်နေသည့်သဖွယ် အလွန် ချောမွေ့သော ကျင့်ကြံမှုလမ်းကြောင်း ကို အာမခံပေးထားသည်။
ယဲ့မိသားစု တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် ရှိသည်—ဒါက လူ့ဘုံ ကျင့်ကြံမှု၏ အထွတ်အထိပ် အဖြစ် သတ်မှတ်သော အဆင့်ဖြစ်သည်။
သီအိုရီအရ ယဲ့မိသားစု က ဆန္ဒရှိပါက အလယ်တိုက်ကြီး ရှိ မည်သည့်အဖွဲ့အစည်းကိုမဆို အလွယ်တကူ လွှမ်းမိုး နိုင်သည်၊ သန့်ရှင်းသော နယ်မြေများ ဟု ခေါ်ဆိုသော အဖွဲ့များလည်း ပါဝင်သည်။
ဒီ ကြီးမားသော စွမ်းအား က သူတို့၏ မာန ၏ အခြေခံဖြစ်သည်။
သို့သော် ယဲ့မိသားစုဝင်များ ထဲမှ တစ်ဦးတစ်ယောက်ကမျှ တစ်နေ့တွင် တစ်စုံတစ်ယောက်က သူတို့၏ မိသားစု၏ ကာကွယ်သော ဖွဲ့စည်းမှု ကို တိုက်ရိုက်တိုက်ခိုက်ကာ သူတို့မာနကို ရိုက်ခတ်ရဲလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
မိသားစုဝင်များက မော့ကြည့်လိုက်ပြီး သူတို့အပေါ်က မြင်ကွင်းကို စိုက်ကြည့်နေသည်။
ပွင့်လင်းမြင်သာသော ၊ ထီးပုံစံ အပြာရောင်အရိပ်တစ်ခုသည် လေထဲတွင် ဖြည်းဖြည်းချင်း လှည့်နေသည်။
ဒါက ကောင်းကင်ခုံး ထီး ဖြစ်သည်။ ယဲ့မိသားစု ၏ ကာကွယ်ရေး ခင်းကျင်းမှု ၏ အဓိက အဖြစ် ဆောင်ရွက်သော အဆင့်မြင့် ဝိညာဉ်ပစ္စည်း ဖြစ်သည်။ ကောင်းကင်ခုံး ထီး က မပျက်မစီး ရှိနေသရွေ့ ဖွဲ့စည်းမှုက မကွဲမပြဲဘဲ ခံတပ် တစ်ခုအဖြစ် ရှိနေလိမ့်မည်။
ဒါက သူတို့ တွေးထားသလိုပဲ။
နောက်တစ်ခဏတွင် အနီရောင် ဓားအလင်း တစ်ခု ပေါ်လာသည်။
ပထမတွင် မှိန်နေသော်လည်း ၎င်းသည် လျင်မြန်စွာ မျက်စိကျိန်းစရာ တောက်ပလာပြီး ကြောက်စရာတော်လဲသံကိုထွက်ပေါ်စေလျက် ယဲ့မိသားစု ၏ ဖွဲ့စည်းမှုအပေါ်သို့ ခုတ်ချ လိုက်သည်။
ထီးပုံစံအရိပ်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး ကောင်းကင်ယံသို့ ပျံ့နှံ့သွားသော ကြယ်ရောင် အပိုင်းအစများအဖြစ်သို့ ကွဲကြေသွားခဲ့သည်။ လေများတဝေါဝေါတိုက်ခတ်လာသည်။ မြေကြီးတခုလုံးတုန်ခါသွားသည်။
နှစ်သောင်းကျော် ကြာအောင် ယဲ့မိသားစု ကို ကာကွယ်ပေးခဲ့သော ကာကွယ်ရေး ခင်းကျင်းမှု က လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
ယဲ့မိသားစုဝင်များ က မယုံကြည်နိုင်စွာဖြင့် သူတို့၏ ခေါင်းများကို မော့ကြည့်နေသည်။
ကောင်းကင်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာသော အမျိုးသမီးတစ်ဦးသည် တုနှိုင်းမမှီအောင် လှပ ပြီး သူမ၏ ရှိနေခြင်းက ကြီးမားသော အုပ်စိုးမှုအာဏာနှင့် အခွင့်အာဏာရှိသော ခံစားချက်ကို ထုတ်လွှတ်နေသည်။
သူမ၏ နောက်တွင် အနီရောင် ဝိညာဉ်ဓား တစ်ခုသည် ကြီးမားတောက်ပစွာတည်ရှိနေပြီး နေဆယ်စင်းပြိုင်ကာသာနေသလို တောက်ပသောအလင်းနှင့် ပြင်းထန်သော အပူ ကို ထုတ်လွှတ်နေသည်။
ယဲ့မိသားစု ၏ အကြီးအကဲ ယဲ့ကျိုဟာအို သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ၏ မျက်နှာအမူအရာက လေးနက် သည်။ သူသည် ညင်သာစွာ ရေရွတ်လိုက်သည်၊ " ကောင်းကင်ကို ခွဲခြားသော အပူတပြင်း နေမင်း ဓား …မင်းက လင်မြောင်ရွှယ် ဖြစ်ရမယ်။" ဟု ပြောလိုက်သည်။
နှစ်ပေါင်း သုံးသောင်း အကြာက ယဲ့ကျိုဟာအို သည် လူငယ်လေး ဖြစ်နေဆဲ၊ လင်မြောင်ရွှယ် သည် တစ်ချိန်က ယဲ့မိသားစု ကို လာရောက်ခဲ့သည်။ သူသည် သူမကို အဝေးမှ တစ်ချက်သာ မြင်ခဲ့ရသည်။
သို့သော် ထို တစ်ချက်ကြည့်ခြင်း မှပင် သူသည် စကားမပြောနိုင်လောက်အောင် အံ့ဩခဲ့သည်။ ဤမျှ အံ့မခန်း လှပသော တစ်စုံတစ်ယောက် က လူ့ဘုံတွင် ရှိနိုင်ကြောင်းကို သူသည် မယုံနိုင်ခဲ့ပေ။
နှစ်ပေါင်း သုံးသောင်း ကြာပြီးနောက်တောင် ယဲ့ကျိုဟာအို သည် သူမကို ချက်ချင်း မှတ်မိနိုင်နေဆဲဖြစ်သည်။ သူမသည် ယခင်ကလိုပင် အသက်ရှူကြပ်စေလောက်အောင် လှပနေဆဲ။
သို့သော် ယခုအခါ သူမသည် တုနှိုင်းမမှီသော ဓား ၏ ပြတ်သားမှု ကို ထုတ်လွှတ်နေပြီး သူမ၏ တောက်ပမှု ကို တိုက်ရိုက်ကြည့်ဖို့ မဖြစ်နိုင်ပေ။
တကယ်တော့ ယနေ့ခေတ် လင်မြောင်ရွှယ် သည် လုံးဝ ကွာခြားသည်။ ယဲ့ယွီပေးသော ရေအနှစ်သာရဓာတ် ဖြင့် ပြုစုပျိုးထောင်ခံရပြီးနောက်နှင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မီးအဆိပ် ကို လုံးဝ ထုတ်ပယ်ပြီးနောက် သူမ၏ လက်ရှိ စွမ်းအားသည် သုံးထောင်နှစ် အကြာက သူမ၏ အထွတ်အထိပ်ထက်ပင် ကျော်လွန်နေသည်။ သူမသည် နတ်ဘုံတက်လှမ်းခြင်းအဆင့် နောက်ပိုင်းသို့ ရောက်ဖို့ အလွန်နီးစပ်နေပြီး ပိုပြီး ရှေ့ဆက်ဖို့က အချိန်တစ်ခုသာ လိုတော့သည်။
သူမ၏ လက်ဝယ်တွင်ရှိသော စွန်းထင်းမှုကင်းသော ဓားနှလုံးသား ဖြင့် ကမ္ဘာတွင် သူမ၏ စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိသည်။
လင်မြောင်ရွှယ် သည် သူမ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူမ၏ အကြည့်က အေးစက်ပြီး သတိမမူ ဘဲ ရှိနေသည်။ ရင်းနှီးသော မျက်နှာများကို မမြင်သောကြောင့် သူမက စကားပြောသည်၊ သူမ၏ အသံက ဝိညာဉ်စွမ်းအင် ဖြင့် လော်စပီကာသဖွယ် အသံချဲ့လိုက်ပြီး ယဲ့မိသားစု ၏ ခြံဝင်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
"အရင်က ယဲ့မိသားစု ရဲ့ အကြီးအကဲ ယဲ့ဂျီယုနန် ဘယ်မှာလဲ? သူ ကျွန်မကို လာတွေ့ဖို့ လုပ်ပေးပါ။" ဟု ပြောလိုက်သည်။
နှစ်ပေါင်း သုံးသောင်း အကြာက ယဲ့မိသားစု ၏ အကြီးအကဲ ယဲ့ဂျီယုနန် သည် မိသားစု၏ ကြီးမြတ်သော ပြန်လည်ရှင်သန်ရေးသမား အဖြစ် ရိုသေလေးစားခံရသည်။ စွန်းထင်းမှုကင်းသော ဓားနှလုံးသား ကို ခိုးယူရန် အစီအစဉ်သည် သူ့၏ ဖန်တီးမှု ဖြစ်ခဲ့သည်။
သို့သော် သူသည် အကြီးအကဲ ရာထူးမှ စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ပျောက်ကွယ်သွားခဲ့သည်။ အချို့က သူသည် နတ်ဘုံတက်လှမ်းခြင်း သို့ တက်သွားသည်ဟု ဆိုကြပြီး အချို့က သူသည် ရန်သူဟောင်းတစ်ဦး၏ လက်ထဲတွင် သေဆုံးခဲ့သည်ဟု ယုံကြည်ကြသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဦးတစ်ယောက်ကမျှ သူ၏ ကံကြမ္မာကို အတည်မပြုနိုင်ခဲ့ပေ။
ယဲ့ကျိုဟာအို သည် သူ့ရှေ့တွင်ရှိသော ရင်သပ်ရှုမောဖွယ် အမျိုးသမီးကို ကြည့်ပြီး နက်ရှိုင်းသော အသံဖြင့် ပြန်ဖြေသည်၊ " ဘိုးဘွား က ယဲ့မိသားစု နဲ့ အတူ မရှိတော့ဘူး။ ကျွန်တော် ယဲ့ကျိုဟာအို က လက်ရှိ အကြီးအကဲပါ။ ကျွန်တော်တို့နဲ့ ကိစ္စရှိရင် ကျွန်တော့်ကို ပြောလို့ရတယ်။ နှစ်ပေါင်း သုံးသောင်း အကြာက ယဲ့မိသားစု နဲ့ ခင်ဗျားရဲ့ သဘောတူညီချက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း ပါဝင်တယ်။" ဟု ပြောလိုက်သည်။
သူ ပြောနေရင်း သူ့၏ နောက်ကျောတွင် ဖုံးကွယ်ထားသော လက်ညာဘက်က သိမ်မွေ့သော အမူအရာတစ်ခု လုပ်သည်။ အနက်ရောင်ဝတ်ရုံ နှင့် ပုံရိပ်များစွာက ချက်ချင်း ရွေ့လျားစတင်ပြီး လင်မြောင်ရွှယ် ကို ဝိုင်းရံလိုက်သည်။
လင်မြောင်ရွှယ် သည် သူတို့ကို ဂရုမစိုက်ပေ။ သူမသည် သူမ၏ လက်ကို ရိုးရှင်းစွာ မြှောက်လိုက်ပြီး သူမ၏ လက်ချောင်းများကဟန်းဆိုင်းဖြင့် ဓားတံဆိပ် တစ်ခုကို ပြုလုပ်လိုက်သည်။
ခဏတာ အတွင်း သူမ၏ နောက်ကွယ်ရှိ ကောင်းကင်ကို ခွဲခြားသော အပူတပြင်း နေမင်း ဓား သည် တူညီသော ဓား ရှစ်လက် အဖြစ်သို့ ကွဲထွက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း ဓားများသည် နေရာရွေ့ပြောင်းကာ တစ္ဆေဓားများသဖွယ် ပြန်လည်ပေါ်လာပြီး တစ်ခုစီက အနက်ရောင်ဝတ်ရုံ တယောက်စီအပေါ်တွင် ချိန်ရွယ်ထားပြီး ဓားသွားများက သူတို့၏ လည်ပင်းများကို အချိန်မရွေးခုတ်ပိုင်းတော့မည့်သဖွယ် တရှိန်ရှိန်တောက်လောင်လျက် ရှိနေသည်။
လင်မြောင်ရွှယ် က အေးစက်စွာ မှတ်ချက်ချသည်၊ " နှစ်ပေါင်းများစွာ ကြာပြီးနောက် ယဲ့မိသားစု ရဲ့ အစောင့်အရှောက်များအတွက် စံနှုန်းက ဒီလောက် နိမ့်ကျသွားပြီလား? ရှင်တို့ထဲက နတ်ဘုံတက်လှမ်းခြင်းအဆင့် နောက်ပိုင်း ကျင့်ကြံသူတစ်ဦးတောင် မရှိဘူးလား?" ဟု ပြောလိုက်သည်။
သူမ၏ စကားများက စိတ်ထိခိုက်စေပြီး ယဲ့မိသားစုဝင်များ စွာကို သိသိသာသာ မသက်မသာ ဖြစ်စေသည်။
တကယ်တော့ ယဲ့ဂျီယုနန် သည် အကြီးအကဲဖြစ်စဉ်တွင် ယဲ့မိသားစု က ၎င်း၏ အထွတ်အထိပ်အနေအထားတွင် ရှိနေခဲ့သည်။
သို့သော် နှစ်ထောင်ချီ ကြာလာသောအခါ အချိန်က သူတို့၏ အဆင့်များကို ပါးလွှာကျဆင်းသွားစေခဲ့သည်။ စွမ်းရည်ရှိသော ကျင့်ကြံသူများ သည်ကောင်းကင်ဘုံသို့ တက်သွားခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ခဲ့သည်။ လက်ရှိ နတ်ဘုံတက်လှမ်းခြင်းအဆင့် အစောင့်အရှောက်များသည် အားလုံး အတွေ့ကြုံနည်းကာအခြေမခိုင်လှသော လောလောလတ်လတ် အဆင့်တက်ထားသူများသာ ဖြစ်သည်။
ယဲ့မိသားစု တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျွမ်းကျင်သူများကို ကျင့်ကြံဖို့ လုံလောက်သော အရင်းအမြစ်များ ရှိသော်လည်း နတ်ဘုံတက်လှမ်းခြင်းအဆင့် သို့ ရောက်ဖို့က အရင်းအမြစ်များသာမက ကိုယ်ပိုင် ကံကြမ္မာ နှင့် အခွင့်အရေး လည်း လိုအပ်သည်။
နတ်ဘုံတက်လှမ်းခြင်းအဆင့် နောက်ပိုင်း ကျင့်ကြံသူများက ရိုးရိုးသားသား သာမန် မဟုတ်ပေ။
နတ်ဘုံတက်လှမ်းခြင်းအဆင့် အစောပိုင်း ကျွမ်းကျင်သူများပင်လျှင် လက်ရှိ ယဲ့မိသားစု အတွင်း ရှားပါးသည်။
ယဲ့ကျိုဟာအို သည် နက်ရှိုင်းစွာ လေမှုတ်ထုတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာက လမိုက်ညတွင် တိမ်ဖုန်းနေသလို မှောင်မိုက်နေသည်။ " လင်မြောင်ရွှယ် ၊ ခင်ဗျား ဘာလိုချင်တာလဲ? နှစ်ပေါင်းများစွာ အကြာကသခင်မလေးကိုကယ်တင်ခဲ့တာက ကျွန်တော့်ရဲ့ ယဲ့မိသားစု ဖြစ်တယ်ဆိုတာ မေ့သွားပြီလား? ပြီးတော့ အခု ဒီကို အနှောင့်အယှက် ပေးဖို့ လာခဲ့တာလား?" ဟု ပြောလိုက်သည်။
လင်မြောင်ရွှယ် က လှောင်ပြုံးပြုံးပြီး ခဏတာအတွင်း ယဲ့ကျိုဟာအို ရှေ့တွင် ပေါ်လာသည်။ ရုတ်တရက် လှုပ်ရှားမှုက သူ့ကို အလန့်တကြားဖြစ်သွား သော်လည်း သူသည် အဆင့်မြင့် အဆောင်လက်ဖွဲ့ ကို ကိုင်ထားပြီး ချက်ချင်း အသက်သွင်းရန် အသင့်ဖြစ်နေသည်။
သူ၏ တုံ့ပြန်မှုကို လျစ်လျူရှုရင်း လင်မြောင်ရွှယ် သည် နှစ်ပေါင်း သုံးသောင်း အကြာက ဖြစ်ရပ်များနှင့်သူတို့ယဲ့မိသားစု၏ လှည့်စားမှုများကို ထုတ်ဖော်ပြောဆိုနေသော်လည်း သူမ၏ ထိုးဖောက်သော အကြည့် က ယဲ့ကျိုဟာအို ၏ မျက်လုံးများကို စိုက်ကြည့်နေပြီး အပြစ် သို့မဟုတ် လှည့်စားမှုအားလုံးကို သိမြင်ဖို့ ကြိုးစားနေသည်။
သို့သော် လင်မြောင်ရွှယ် သည် ယဲ့ကျိုဟာအို ၏ သရုပ်ဆောင်မှု စွမ်းရည်များကို လျှော့တွက် လိုက်သည်။
သူ၏ မျက်နှာအမူအရာသည် ထိတ်လန့်ခြင်း မှ ရှုပ်ထွေးခြင်း သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အမျက်ဒေါသ သို့ ပြောင်းလဲသွားသည်။
" လင်မြောင်ရွှယ် ၊ ခင်ဗျားက ပိတ်ပင်ထားသော ယင်မြစ် ရဲ့ ယဲ့မိသားစု ကို လျှော့တွက် နေတယ်။ စွန်းထင်းမှုကင်းသော ဓားနှလုံးသား လို သေးငယ်သော အရာ တစ်ခုအတွက် ငါတို့ ဒီလောက် အပင်ပန်းခံ မယ်လို့ မင်း တွေးသလား? ငါတို့ တကယ် လိုချင်ခဲ့ရင် တိုက်ရိုက် ယူနိုင်ခဲ့တယ်။ ဘာလို့ နှစ်ငါးရာ စောင့်ရတာလဲ?" ဟု ပြောလိုက်သည်။
သူ၏ စကားများက လင်မြောင်ရွှယ် ကို ခဏတာ စကားမပြောနိုင်လောက်အောင် ဖြစ်စေခဲ့သည်။
သူတို့ပတ်လည်တွင် ယဲ့မိသားစု ၏ တပည့်များသည် သူတို့၏ ကျောများကို ဖြောင့်ဖြောင့်မတ်မတ် ထားပြီး တိုက်ပွဲဝင်စစ်သည်တော်များသဖွယ် သံပြိုင်ဆိုကြသည်။
"မှန်တယ်။ ယဲ့မိသားစု မှာ ဘာမှ မလိုအပ်ဘူး။ ဓားနှလုံးသား တစ်ခုအတွက် ကျွန်တော်တို့ ဘာလို့ ဒီလောက် နိမ့်ကျ ရမှာလဲ?"
"ဘာတွေ လာပြောနေတာလဲ!မင်းကနတ်ဆိုးပီပီတော်တော်လေး ကျေးဇူးကန်းတာပဲ!"
"ဒီလို နတ်ဆိုးမမျိုး! ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလဲ…"
လူအုပ်၏ သီချင်းလိုလို ကြွေးကျော်သံလိုလို အသံဗလံများ က ပိုပြီး ကျယ်လောင်လာပြီး ယဲ့ကျိုဟာအို ၏ နှုတ်ခမ်းများက ဖျော့တော့သော အပြုံး တစ်ခုအဖြစ် ကွေးညွတ်သွားသည်။
တကယ်တော့ အကြီးအကဲ တစ်ဦးအနေဖြင့် သူသည် အတိတ်က စစ်မှန်သော ဖြစ်ရပ်များ ကို အပြည့်အဝ သိသည်။
သို့သော် တခြားနည်းဖြင့် သက်သေပြဖို့ သက်သေအထောက်အထား မရှိဘဲ သူသည် ၎င်းကို ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ပေ။
အမှန်တရားကို သိသူ နည်းလေလေ၊ ပိုကောင်းလေလေ— အစီအစဉ် က မရိုးသား ပြီး ရှက်စရာကောင်း သည်မှာ အမှန်ပဲ။
ယဲ့ကျိုဟာအို သည် လင်မြောင်ရွှယ် က အမှန်တရားကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့သည်ကို နက်နက်ရှိုင်းရှိုင်း စပ်စုလိုက် သည်။ သို့သော် မည်သို့ပင်ဆိုစေ သူသည် အရာအားလုံးကို ငြင်းဆိုပြီး ကိုယ့်ကိုယ်ကို မှန်ကန်သူ အဖြစ် ရှိနေရန် ဆုံးဖြတ်ခဲ့သည်။
လင်မြောင်ရွှယ် ကို ကိုယ့်ကိုယ်ကို သံသယ နှင့် အပြစ်ရှိခြင်း ထဲသို့ တွန်းပို့ခြင်းဖြင့်သာ သူသည် စွန်းထင်းမှုကင်းသော ဓားနှလုံးသား ကို ပြန်လည်ရယူနိုင်လိမ့်မည်။
လင်မြောင်ရွှယ် သည် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ယဲ့ယွီ ၏ ဖြစ်ရပ်များအကြောင်းကို သံသယမရှိပေ၊ သို့သော် ယဲ့မိသားစု ၏ ရှင်းရှင်းလင်းလင်း ငြင်းဆိုမှုက ရှုပ်ထွေးစေသည် ။
အမှန်တရား က မိသားစုအတွင်း ရွေးချယ်ခံရသော အနည်းငယ် သာ သိခြင်း ဖြစ်နိုင်သလော?
လင်မြောင်ရွှယ် သည် တွေးတောနေစဉ် နွေးထွေးပြီး သာယာသော အသံတစ်ခုက သူမ၏ နားအတွင်း ပျားရည်တပုံးလုံးလောင်းချလိုက်သလို ချိုမြိန်ခန့်ညားစွာ ဝင်လာပီး ကြည်နူးစိတ်ကိုဖြစ်ပေါ်စေပြီး အတွေးများကို ဖြတ်တောက်လိုက်သည်။
"ဒီခွေးတွေ ဘာတွေ ဟောင်နေလဲ ငါ နားထောင်ကြည့်ရအောင်။"
၃၀၈ ဆက်ရန်