← Chapters

အခန်း (၃၀၈-၃၁၀)

Vol. 10 Ch. 308-310

အခန်း (၃၀၈-၃၁၀)

Vol. 10 Ch. 308-310

### အခန်း (၃၀၈)၊

---

ရင်းနှီးသောအသံကိုကြားသောအခါ လင်မြောင်ရွှယ် သည် မော့ကြည့်လိုက်သည်။ လေထဲတွင် ဝဲနေသော အနက်ရောင်ဝတ်ရုံ နှင့် သပ်ရပ်ခန့်ညားလှသော ယဲ့ယွီ ကို သူမ မြင်လိုက်သည်နှင့် သူမ၏ နီစွေးသော နှုတ်ခမ်းများတွင် ချက်ချင်းပင် လပြည့်ဝန်းသဖွယ်လှပသော အပြုံးတစ်ခု ပေါ်လာသည်။

ယဲ့ယွီ ၏ ရောက်ရှိလာမှုက သူမကို မင်းးပြလို့မရတဲ့ အကြောင်းပြချက်များဖြင့် နှင်းစက်အေးများဖြန်းပက်ခံရသလို ကြီးမားသော ငြိမ်းချမ်းမှုခံစားချက် ကို ယူဆောင်လာခဲ့သည်။

တစ်ဖက်တွင် ယဲ့ကျိုဟာအို ၏ မျက်နှာအမူအရာက ငရဲမင်းကို တွေ့လိုက်ရသလို ဖျော့တော့ သွားပြီး သူ့မျက်လုံးများက ကောင်းကင်ယံရှိ ပုံရိပ်ပေါ်တွင် တည်ရှိနေသည်။ သူက ဒါကို မယုံနိုင်ပေ—သူ၏ သား ယဲ့ရှောက်ကျယ် ကို သတ်ခဲ့သူက ဒီကို လာဖို့ ရဲရဲဝံ့ဝံ့ ရှိခဲ့ပြီး အဲဒီလောက် လျင်မြန်စွာ ရောက်လာခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ။

လုံးဝ မူမမှန်ဘူး။

ပိတ်ပင်ထားသော ယင်မြစ် ၏ ယဲ့မိသားစု သည် ရာစုနှစ်များစွာ ပုန်းအောင်းနေခဲ့သည်။ ကျင့်ကြံမှုလောကတွင် ငယ်ရွယ်သော မျိုးဆက်အများစုသည် ယဲ့မိသားစု အကြောင်းကိုပင် ဘယ်တော့မှ မကြားဖူးခဲ့၊ သူတို့၏ လျှို့ဝှက်နေရာ အကြောင်းတော့ ပြောနေစရာပင် မလိုတော့ပေ။

ဒီတော့ ယဲ့ယွီ က သူတို့ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ?

သူ ပိုပြီး စဉ်းစားလေလေ၊ ယဲ့ယွီ ၏ ရောက်ရှိလာမှုက မတော်တဆ မဟုတ်ကြောင်း ယဲ့ကျိုဟာအို က ပိုပြီး ယုံကြည်လေလေဖြစ်သည်။

ဒီလူက ယဲ့မိသားစု ကို တမင် ပစ်မှတ်ထား ခဲ့တာ သေချာတယ်။

သူ၏ အသံက နိမ့်ကျပြီး ခြိမ်းခြောက်မှုများကို ဖော်ပြရန်ကြိုးစားနေသည်၊ "မင်း ဘယ်သူလဲ? မင်း ဘာလို့ ငါ့ရဲ့ သားကို သတ်ခဲ့တာလဲ? ပြီးတော့ မင်း ယဲ့မိသားစု ရဲ့ လျှို့ဝှက်နယ်ပယ် ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ?" ဟု မေးလိုက်သည်။

ယဲ့ယွီ ၏ လေသံက တည်ငြိမ်ပြီး ဂရုမစိုက်သလိုမထီတရီ ရှိနေသည်၊ "ခင်ဗျားရဲ့ သားက သူ့ကိုသတ်ဖို့ တောင်းဆိုခဲ့လို့ ကျုပ် သတ်ခဲ့တာ။ သူ ငါ့ရဲ့ ပစ္စည်းများ ကို ခိုးဖို့ ကြိုးစားခဲ့ပြီး ငါ့ရဲ့ ဇနီးကို တာအို အဖော် အဖြစ် သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒီလိုလူမျိုးက သေခြင်းထက် နည်းသော အရာ ကို မခံထိုက်ဘူး။ ကျုပ် ဒီနေရာကို ဘယ်လို ရှာတွေ့ခဲ့လဲဆိုတာက ရိုးမင်းးပါတယ်— ဝိညာဉ် ရှာဖွေမှု ဆိုတာကြားဖူးလား။"

ဝိညာဉ် ရှာဖွေမှု ကို ပေါ့ပေါ့ပါးပါး ဖော်ပြလိုက်ခြင်းက ကြည့်နေသူများကို အံ့အားသင့် စေသည်။

ယဲ့ယွီ က ယဲ့မိသားစု ၏ တိုက်ရိုက် မျိုးနွယ်ဖြစ်သော ယဲ့ရှောက်ကျင်း အပေါ်တွင် သူ အသုံးပြုခဲ့သည့် ဝိညာဉ် ရှာဖွေရေးနည်းစနစ် ကို ရည်ညွှန်းနေသည်။ ၎င်းမှတဆင့် သူသည် နှစ်ပေါင်း သုံးသောင်း အကြာက ဖြစ်ရပ်များအကြောင်းကိုသာမက ယဲ့မိသားစု ၏ နေရာနှင့် အတွင်းပိုင်းတွင် ဖြစ်ပျက်ခဲ့သော ရယ်စရာကောင်းသော အရှုပ်တော်ပုံများ အကြောင်းကိုပါ သိရှိခဲ့သည်။

ဒါကို ပြောရမည်— ယဲ့မိသားစု ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများက မမျှော်လင့်ဘဲ… ကုလားကားတစ်ကားကိုကြည့်နေရသည်ထက်ပင် အရောင်အသွေးစုံလင်လှ သည်။

သို့သော် ယဲ့ကျိုဟာအို က ဒီစကားတွေကို နားထောင်နိုင်ခြင်းမရှိတော့ပေ။ သူ၏ စိတ်က အကြောင်းရာတစ်ခုတည်းကိုပဲ ရောက်သွားသည်- ယဲ့ယွီ သည် ယဲ့ရှောက်ကျယ် ကို သတ်ခဲ့ရုံသာမက သူ့သားအပေါ်တွင် ဝိညာဉ်ရှာဖွေရေး နည်းစနစ် ကို အသုံးပြုခဲ့သည်၊ ဒါက ၎င်း၏ ရက်စက်မှု ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော နည်းလမ်းဖြစ်ပြီး နတ်ဆိုး ကျင့်ကြံသူများ သာ အသုံးပြုလေ့ရှိသည်။ ဒီလုပ်ငန်းစဉ်က ပြင်းထန်သော နာကျင်မှု ကို ဖြစ်စေပြီး သားကောင်၏ ဝိညာဉ် က များသောအားဖြင့် နောက်ပိုင်းတွင် ကွဲကြေ သွားသည်။

သူ့သား၏ ဝိညာဉ် သည် ထိုကဲ့သို့သော နှိပ်စက်ညှင်းပန်းမှု ကို ခံစားခဲ့ရကြောင်း သိရှိခြင်းက ယဲ့ကျိုဟာအို ကို နတ်ဆိုးတစ်ထောင်ပူးကပ်ခံရသည့်နှယ် အကြမ်းပတမ်းတိုက်ခိုက်လိုမှု၏အစွန်းဖက် သို့ တွန်းပို့ခဲ့သည်။

သူ၏ တည်ငြိမ်မှု ပျက်စီးသွားပြီး ယဲ့ယွီ ဆီသို့ ကြားရသူများ နှလုံးသွေးခြောက်ခမ်းစေသော ဟိန်းဟောက်သံကြီးဖြင့်"မင်းရဲ့ အသက်ကို ငါ ယူမယ်!" ဟု အော်လိုက်သည်။

အမျက်ဒေါသ ၏ အော်ဟစ်သံက ကောင်းကင်ယံတစ်လျှောက် ပဲ့တင်ထပ်သွားပြီး နတ်ဘုံတက်လှမ်းခြင်းအဆင့် လယ်ပိုင်း ကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပေါက်ကွဲ ထွက်လာသည်။ အဆင့်မြင့် ဝိညာဉ်ဓား ခြောက်လက် သည် ယဲ့ကျိုဟာအို ရှေ့တွင် ပေါ်လာပြီး မရှုံးနိမ့်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်သည်။

ဒါကို မြင်သော လင်မြောင်ရွှယ် က ယဲ့ယွီ ကို တိုက်ခိုက်မှုမှ ကာကွယ်ရန် ရည်ရွယ်ရင်း လေထဲသို့ ခုန်တက်သွားသည်။

သို့သော် သူမ နီးကပ်လာနိုင်ခြင်းမရှိမီ ဓားရည်ရွယ်ချက်နှင်ဓားဆန္ဒများပေါင်းစပ်ခြင်း ၏ တောက်ပပြင်းထန်ထက်ရှလှသော ဒီရေလှိုင်းလုံးကြီး တစ်ခုက ယဲ့ယွီ ထံမှ ထိုးထွက် လာသည်၊ ကောင်းကင်ယံ မြစ် တစ်ခုလို ရေဟိန်းသံပေးရင်း တသွင်သွင် ဆင်းသက်လာပြီး သူ့ကို လုံးဝ ဖုံးအုပ်လိုက်သည်။

၎င်း၏ အင်အားသက်သက်ကပင် အလွန်အမင်း ထင်ရှားသည်၊ ဓားစွမ်းအင် သီးသန့်ကပင် အတားအဆီး တစ်ခုကို အားကောင်းလေးနက်လွန်းသော အစီရင်တစ်ခုသဖွယ် ဖွဲ့စည်းပြီး လင်မြောင်ရွှယ် ကို နောက်သို့ ဆုတ်ခွာစေခဲ့သည်။

သူမ၏ ဝိုင်းစက်လှပသော မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။

ဒီလို ပြင်းထန်သော ဓားရည်ရွယ်ချက် … သူမက ဒါမျိုးကို ဘယ်တော့မှ မကြုံခဲ့ဖူးဘူး။

ယဲ့ယွီ က စွန်းထင်းမှုကင်းသော ဓားနှလုံးသား ကို စိတ်ဝင်စားမှုမရှိတာ အံ့ဩစရာမရှိဘူး။ ဒီ ဓားကျွမ်းကျင်မှုအဆင့် တစ်ခုတည်းကပင် ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို လွှမ်းမိုး ဖို့ လုံလောက်သည်။ ဒါက အလွန်အမင်း အစွမ်းထက် သည်။

ယဲ့ယွီ သည် သူ၏ လက်ညာဘက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး ယွီဒီ ၊ သူ၏ အဆင့်မြင့် ဝိညာဉ်ဓား က လေထဲမှ ပေါ်လာသည်။ ပင်ပန်းမှုမရှိသော လှုပ်ရှားမှုတစ်ခုဖြင့် သူသည် တစ်ချက်တည်း တိုက်ခိုက် လိုက်သည်။

ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင် က တုံ့ပြန်ပုံရသည်၊ မိုးခြိမ်းသံများ လို ရှေ့သို့ ထိုးထွက်လာပြီး ယဲ့ကျိုဟာအို ကို တိုက်ရိုက် ရည်ရွယ်သည်။

ထိုအခိုက်အတန့်တွင် ဓားစွမ်းအင် က အနက်ရောင် ဓားများ ၊ ယွီဒီ နှင့် တူညီသော ထင်ရှားသော ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ အသွားများက မဖြစ်နိုင်လောက်အောင်ထက်ရှပြီး ဓားဉီးချွန်က လောကတစ်ခုလုံးကို ထိုးဖောက််တော့မလားထင်ရအောင် ချွန်ထက် သည်။

ဒါက ဟောင်ရန် စိတ်ဓား ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးသော အင်အားက ယဲ့ကျိုဟာအို ၏ ဝိညာဉ်ဓားခြောက်လက် ကို ရေထဲကျသွားသော စက္ကူများလို ပျော့ဖတ်သွားစေကာ တစစီ ဖျက်ဆီးပစ်လိုက်သည်။ စွမ်းအင်က မပျောက်ပျက်ဘဲ ၎င်း၏ လမ်းကြောင်းကို ဆက်သွားသည်။

ယဲ့ကျိုဟာအို ၏ ခန္ဓာကိုယ်သည် လေထဲတွင် အေးခဲ သွားသည်။

နှလုံးခုန်သံတခု အကြာတွင် ၎င်းက သွေးမှုန် များအဖြစ်သို့ ပေါက်ကွဲသွားသည်။

ဒါက အသက်ရှူချိန်တစ်ခုအတွင်း ဖြစ်ပျက်သွားသည်။

ရှိနေသူတိုင်း တုန်လှုပ် သွားပြီး ထိုနေရာတွင် အေးခဲ သွားကြသည်။

သူတို့သည် သူတို့၏ မျက်လုံးများကို မယုံနိုင်ကြပေ။

ပိတ်ပင်ထားသော ယင်မြစ် ၏ ယဲ့မိသားစု ၏ အကြီးအကဲ ၊ နတ်ဘုံတက်လှမ်းခြင်းအဆင့် လယ်ပိုင်း ကျင့်ကြံသူတစ်ဦးသည် တစ်ချက်တည်း တိုက်ခိုက်ခြင်း တွင် သေဆုံးခဲ့သည်။

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?

ဒါက သူတို့ ကမ္ဘာအကြောင်း နားလည်ထားတဲ့ အရာအားလုံးကို ဆန့်ကျင်နေသည်။

ယဲ့ယွီ သည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင် ကို ပျောက်ပျက်သွားဖို့ အမိန့်ပေးလိုက်သည်။

သွေးမှုန် အတွင်းတွင် ယဲ့ကျိုဟာအို ၏ ဝိညာဉ်က ဓားစွမ်းအင် ကြောင့် ဖျက်ဆီးခံရခြင်းကို သီသီလေး ရှောင်ခဲ့သည်။

ယဲ့ယွီ က အကြီးအကျယ် လွဲချော်မှု တစ်ခု လုပ်ခဲ့သည်ဟု ယုံကြည်ရင်း သူသည် ထွက်ပြေးရန် ကြိုးစားသည်။

သို့သော် သူ ရွေ့လျားနိုင်ခြင်းမရှိမီ ကြီးမားသော စုပ်ယူမှု အင်အား တစ်ခုက သူ့ကို ရပ်တန့်စေသည်။

သူ၏ ဝိညာဉ်က ဝမ်းနည်းဖွယ် အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်ပြီး ယဲ့ယွီ ၏ လက်ဖဝါးထဲသို့ ဆွဲသွင်းခံလိုက်ရသည်၊ ထိုနေရာတွင် ၎င်းက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တစ်ခုဖြင့် အကျဉ်းချ ခံလိုက်ရသည်။

အမှန်တရားကို နောက်ကျပြီးမှ သိလိုက်သောအခါ ယဲ့ကျိုဟာအို သည် ထိတ်လန့်မှုဖြင့် တုန်ယင် သွားသည်။

ဒါက ပေါ့ဆမှု မဟုတ်ဘူး။ ယဲ့ယွီ သည် သူ၏ ဝိညာဉ်ကို တမင်တကာ ချန်ထားခဲ့တာ။

ကြောက်လန့်မှု က မည်သည့် မာနခံစားချက် ကိုမဆို ဖုံးလွှမ်းသွားပြီး ယဲ့ကျိုဟာအို က အော်ဟစ်စပြုသည်၊ " ယဲ့မိသားစု ! မင်းတို့အားလုံး သေနေကြပြီလား? ငါ့ကို အခု ကယ်ကြ!" ဟု အော်လိုက်သည်။

သူ၏ ငိုယိုမှုများကို ထူးဆန်းသော အပြာရောင်မီးလျှံ တစ်ခုက ရပ်တန့်စေသည်၊ ၎င်းက သူ၏ ဝိညာဉ်ပေါ်တွင် လောင်ကျွမ်းသွားပြီး ၎င်း၏ ပူလောင်သော နာကျင်မှု က သူ၏ အူအတွင်းပိုင်းသို့ ထိုးဖောက်သွားသည်။

ထို ကြီးမားသော ဝေဒနာ က သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကို ပျက်စီးခြင်း အစွန်းသို့ ရောက်စေသည်။

ယဲ့မိသားစုဝင်များ က မသက်မသာ အကြည့်များ လဲလှယ်ကြသည်၊ အချို့က နောက်သို့ တစ်လှမ်း ပင် ဆုတ်လိုက်သည်။

ဘယ်လောက် ဟာသ ဆန်လိုက်သလဲ—သူတို့၏ အကြီးအကဲ ၊ သူတို့ထဲတွင် အစွမ်းအထက်ဆုံးက ဒီလောက် အလွယ်တကူ ရှုံးနိမ့်သွားပါက သူတို့က ဒီလူကို ဘယ်လို ရင်ဆိုင်နိုင်မှာလဲ?

သူ့ကို ကယ်တင်ရမှာလား? အခွင့်အရေး မရှိဘူး။

ဟုတ်ပါတယ်၊ သစ္စာရှိသူ အနည်းငယ်က လုပ်ဆောင်ရန် ဆုံးဖြတ်နေဆဲ။ သူတို့၏ အကြီးအကဲ ကို ဒီလို ဆိုးရွားသော အခြေအနေ တွင် မြင်တော့ သူတို့သည် ဝင်ရောက်စွက်ဖက် ရန် ပြင်ဆင်ကြသည်။

သို့သော် သူတို့သည် အရေးကြီးသော အသေးစိတ်အချက်တစ်ခုကို မေ့နေခဲ့ကြသည်။

ယဲ့ယွီ က ရှိနေသော ရန်သူ တစ်ဦးတည်းမဟုတ်ပေ။

မလှမ်းမကမ်းတွင် လင်မြောင်ရွှယ် ရပ်နေသည်၊ နှစ်ပေါင်း သုံးသောင်း အကြာက အကြောက်ဆုံး မိစ္ဆာသခင် ဖြစ်သည်။

အနီရောင် ဓားအလင်း တစ်ခု ပေါ်လာသည်နှင့် မီးလျှံ ၏ ကြီးမားသော နဂါးတစ်ကောင် ပေါ်လာပြီး ယဲ့မိသားစုဝင် ခြောက်ဦး ကို ခဏတာ အတွင်း မီးရှို့ ပစ်လိုက်သည်။

မီးတောက်နေသော နဂါးက ဟိန်းသံ ပေးပြီး ဧရိယာတစ်ခုလုံးကို ဝိုင်းရံကာ လူတိုင်းကို နောက်သို့ လေပြင်းတိုက်ခတ်ခံရသော သစ်ရွက်ခြောက်များသဖွယ် တွန်းပို့ ပီးလွင့်စင်သွားစေသည်။

လင်မြောင်ရွှယ် ၏ လွှမ်းမိုးမှု က သူမနှင့် ယဲ့ယွီ အတွက် ကျယ်ပြန့်သော နေရာ တစ်ခုကို ဖော်ဆောင်လိုက်သည်။

"ရှေ့ကို တစ်လှမ်း တိုးကြည့်လိုက်စမ်း မင်းတို့ ချက်ချင်းသေစေရမယ် " ဟု သူမက အေးစက်စွာ ကြေညာသည်။

သူမ၏ စကားကို သက်သေပြရန်အတွက် မီးလောင်ထားသော အလောင်း ခြောက်ခုက ကောင်းကင်မှ ပြုတ်ကျလာသည်။

ထိုအခိုက်အတန့်တွင် လင်မြောင်ရွှယ် ၏ အပြည့်အဝအရှိန်ဝါက ပေါက်ကွဲထွက်လာသည်၊ နတ်ဘုံတက်လှမ်းခြင်းနဂါး က ရိုးရိုး ပုရွက်ဆိတ် များကို ကြည့်နေသလိုမျိုးဖြစ်သည်။

လူတိုင်း အေးခဲ သွားပြီး တစ်လှမ်း ပင် တိုးဖို့ မရဲကြပေ။

ယဲ့ယွီ သည် မြင်ကွင်းကို ကြည့်ရှုပြီး သူ၏ နှုတ်ခမ်းများက ဖျော့တော့သော အပြုံး တစ်ခုကို ဆွဲဆောင်မှုရှိစွာပြုံးလိုက်သည်။ လင်မြောင်ရွှယ် အပေါ် သူ၏ ခံစားချက် ပိုပြီး မြင့်တက်လာသည်။ ဒီနတ်ဆိုးမလဲ ခန္ဓာကိုယ်ကတော်တော်လှတာပဲ။

ပြတ်သားပြီး ကရုဏာမဲ့ ၊ တွန့်ဆုတ်ဖို့ နေရာမရှိ။

သူမသည် အစွမ်းအထက်ဆုံး နတ်ဆိုးသခင် ဟူသော ဘွဲ့ကို ရရှိတာ အံ့ဩစရာမရှိပေ။

တစ်ချိန်တည်းတွင် ယဲ့ကျိုဟာအို ၏ ဝိညာဉ်သည် ဝေဒနာ ဖြင့် တွန့်လိမ်နေပြီး ပျက်စီးခြင်း အစွန်းသို့ ရောက်လုနီးနီး ဖြစ်နေသည်။

ယဲ့ယွီ သည် သူ၏ လက်ချောင်းများကို ဆတ်ခနဲ မြည်လိုက်ပြီး အပြာရောင်မီးလျှံများ ငြိမ်းသတ် သွားသည်။

နောက်ဆုံးတွင် အသက်ရှူနိုင်တော့သဖြင့် သက်သာရာရသွားသော ယဲ့ကျိုဟာအို သည် ယဲ့ယွီ ၏ လှောင်ပြောင်သော လေသံ ကို ကြားလိုက်သည်၊

" လင်ဖုန်ယွမ် က နှစ်ပေါင်း သုံးသောင်း အကြာက ဘယ်လို သေဆုံးခဲ့လဲဆိုတာ ပြောပြ။ အမှန်တရား ကို ပြော—ဒါမဟုတ်ရင် ငါ မင်းရဲ့ ဝိညာဉ်ထဲကနေ သူ့ကို ထုတ်ယူ လိုက်မယ်။" ဟု ပြောလိုက်သည်။

ယဲ့ကျိုဟာအို ၏ ဝိညာဉ်က တုန်ယင် သွားသည်။

ယဲ့မိသားစု ၏ အိမ်ဂေဟာ မြောက်ဘက် သို့ အလိုလို ကြည့်လိုက်ပြီး လှုပ်ရှားမှုမရှိသည်ကို မြင်သောအခါ သူသည် ခါးသက်သော ရယ်မောသံ တစ်ခုကို ထုတ်လွှတ်ပြီး အတိတ်က ဖြစ်ရပ်များကို ပြန်ပြောပြစတင်လိုက်သည်။

ယဲ့ကျိုဟာအို ၏ စကားများသည် ယဲ့ယွီ က သူမကို ပြောခဲ့သော အရာများနှင့် ကိုက်ညီသောအခါ လင်မြောင်ရွှယ် ၏ မျက်ရည်များက မထိန်းချုပ်နိုင်ဘဲ စီးကျလာသည်။

သူမ၏ အစ်ကို … သူမကြောင့် တကယ် သေဆုံးခဲ့သည်။

စွန်းထင်းမှုကင်းသော ဓားနှလုံးသား ကို၎င်း၏ တန်ဖိုး အတွက် လိုချင်ခဲ့တာမဟုတ်ဘဲ ၎င်းကို ပိုင်ဆိုင်ထားခြင်းက တစ်ဦးကို ပစ်မှတ် တစ်ခု ဖြစ်စေသောကြောင့် ဖြစ်သည်။

သူတို့မသိသေးသည့်အချက်မှာ ယဲ့မိသားစု ခြံဝန်း၏အနောက်ဘက် တောင်များအတွင်းမှ ထက်ရှသောမျက်လုံးတစ်စုံသည် ယဲ့ယွီ နှင့် လင်မြောင်ရွှယ် ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

၃၀၉ ဆက်ရန်

### အခန်း ၃၀၉

---

ထိုနေ့တွင် ပိတ်ပင်ထားသော ယင်မြစ် ၏ ယဲ့မိသားစု သည် လုံးဝ ဖျက်ဆီးခံလိုက်ရသည်။

၎င်း၏ အဖွဲ့ဝင်အားလုံးသည် သုတ်သင် ခံလိုက်ရသည်။ ဓားစွမ်းအင် ၏ မရပ်မနား တိုက်ခိုက်ခြင်း အောက်တွင် မိသားစု၏ နှစ်ပေါင်းနှစ်သောင်းကျော် ကြာခန်းနားသော ရာဇဝင်ရှိခဲ့သော မျိုးရိုးတခုလုံးသည် တခါမှမရှိခဲ့ဖူးသလို အပျက်အစီးများ အဖြစ်သို့ လျှော့ချခံလိုက်ရသည်။

ယဲ့ယွီ နှင့် လင်မြောင်ရွှယ် ထွက်ခွာသွားသောအခါ အပျက်အစီးများ နှင့် ဓားစွမ်းအင် ကြောင့် ချောက်နက်များသဖွယ် နက်ရှိုင်းသော ကျင်းများ မှလွဲ၍ ဘာမှ မကျန်ခဲ့ပေ။

အဖြစ်အပျက်တစ်ခုလုံးကို သူတို့မသိဘဲ ခရမ်းရောင်ဝတ်ရုံ နှင့် အကြီးအကဲတစ်ဦးသည် အနောက်ဘက်တောင်၏ မတ်စောက်သော ကျောက်ဆောင် အတွင်း၌ တိတ်ဆိတ်စွာ ရပ်နေပြီး အရာအားလုံးကို ဖြစ်ပျက်သည်ကို စောင့်ကြည့်နေသည်။

သူသည် ဝင်ရောက်စွက်ဖက်ရန် တစ်ချက်မှ မလှုပ်ရှား ခဲ့ပေ။

ဒီလူက ယဲ့မိသားစု ၏ အကြီးအကဲ နှင့် အမြင့်ဆုံး ကာကွယ်သူ ဖြစ်သော ယဲ့ရွှမ်ဂျီ ဖြစ်သည်— နတ်ဘုံတက်လှမ်းခြင်းအဆင့် နောက်ပိုင်း ကျင့်ကြံသူနှင့် မိသားစု၏ အုပ်ထိန်းသော နတ်ဘုရား ဖြစ်သည်။ သူသည် နှစ်ပေါင်း နှစ်သောင်းကျော် ကြာအောင် နောက်ဘက်တောင်များအတွင်း ပုန်းအောင်းနေခဲ့သည်။

သူ၏ ရှိနေခြင်းကို သိသူအရေအတွက်ကို လက်တစ်ဖက်ဖြင့် ရေတွက်နိုင်သည်။

ယဲ့ကျိုဟာအို ပင်လျှင် သူ၏ နောက်ဆုံးအခိုက်အတန့်များ တွင် သူ၏ အကြည့်ကို မြောက်ဘက် သို့ ဟန်ဆောင်ကာမျှော်ကြည့်ပြခဲ့ပြီး ဒီ အုပ်ထိန်းသူ က တစ်ကြိမ်တည်း ဝင်ရောက်စွက်ဖက်ရန် တိတ်တဆိတ် တောင်းဆိုနေခဲ့သည်။

သို့သော် ရှင်းရှင်းလင်းလင်းပဲ အကူအညီ မလာခဲ့ပေ။

ယဲ့ကျိုဟာအို က သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ယဲ့ရွှမ်ဂျီ သည် သူ့ရှေ့တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို သတိမထားမိဟု မယုံနိုင်ခဲ့ပေ။

သူ၏ တုံ့ပြန်မှုမရှိခြင်း က အရာများစွာကို ပြောနေသည်။

သူ၏ ဆွေမျိုးများ အသတ်ခံရသည်ကို သူ စောင့်ကြည့်နေသော်လည်း ယဲ့ရွှမ်ဂျီ က လှုပ်ရှားခြင်းမရှိဘဲ ဒါက သူ့နှင့် မသက်ဆိုင်သလိုမျိုးပင်။ သူသည် ခေတ္တခဏ လှည့်လည်သွားလာနေသူများကို လေ့လာနေသော ပြင်ပလူ တစ်ဦးနှင့် ပိုတူသည်။

တည်ငြိမ်သည်။ သီးခြားစီဖြစ်သည်။

ယဲ့ရွှမ်ဂျီ သည် ခဏတာ ရပ်နေသည်၊ သူ၏ မျက်နှာအမူအရာက အေးစက်လွန်းနေသောရေခဲတုံးသဖွယ် ဘာကိုတွေးနေသည်ကို မသိနိုင်ပေ၊ ထို့နောက် တစ္ဆေတကောင်လို သူ၏ ပုံရိပ် ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသောအခါ သူသည် နောက်ဘက်တောင်အတွင်းရှိ ကျယ်ပြန့်ပြီး အေးစက်သော ခန်းမ တစ်ခုအတွင်းသို့ ရောက်နေသည်။

ခန်းမသည် သီးသန့် ပြီး မှောင်မိုက် သည်၊ ၎င်း၏ အလယ်ဗဟိုတွင် တစ်ခုတည်းသော သွေးရောင် ရေကန် မှလွဲ၍ ဖြစ်သည်။

ရေကန်ကို ချဉ်းကပ်ရင်း ယဲ့ရွှမ်ဂျီ က တည်ငြိမ်သော လေသံ ဖြင့် ပြောသည်၊ " ယဲ့မိသားစု က ပျက်စီးသွားပြီ။ ဒါကို လုပ်ခဲ့တာ လင်မြောင်ရွှယ် နှင့် အမျိုးသား ကျင့်ကြံသူ တစ်ဦး ဖြစ်တယ်။ အဲဒီလူက… ထူးဆန်းတယ်။ သူ့ရဲ့ ကံကြမ္မာ ကို ငါ ဖတ်လို့မရဘူး။" ဟု ပြောလိုက်သည်။

သွေးကန်သည် ပွက်ပွက်ဆူစပြုပြီး နောက်ဆုံးတွင် လူပုံသဏ္ဌာန် တစ်ခုကို ဖွဲ့စည်းပြီး ၎င်း၏ အသွင်အပြင်များ က ရှင်းလင်းလာသည်။

လင်မြောင်ရွှယ် သာ ရှိနေခဲ့ပါက သူမသည် ထိုလူကို ချက်ချင်း မှတ်မိလိမ့်မည်— နှစ်ပေါင်း သုံးသောင်း အကြာက ယဲ့မိသားစု အကြီးအကဲ၊ သူမ ရှာဖွေနေခဲ့သည့်သူ ယဲ့ဂျီယုနန် ဖြစ်သည်။

"အာ၊ ကမ္ဘာက ကျယ်ပြန့်တယ်၊ မရေမတွက်နိုင်သော လျှို့ဝှက်ချက်တွေပြည့်နှက်နေတယ်။ ဖတ်လို့မရတဲ့ ကံကြမ္မာ တစ်ခုက ဒီလောက် မရှားပါဘူး" ဟု ယဲ့ဂျီယုနန် က မှတ်ချက်ချသည်။ " ယဲ့မိသားစု က မျိုးဆက်ပေါင်းများစွာ ဆုတ်ယုတ်နေတာ။ သူတို့ရဲ့ ယောင့်ရဲလွန်းပြီး အသာခိုနေတဲ့ အကျင့်တွေ၊ အပျင်းခိုနေတဲ့ဘဝ များက သူတို့ကို အတွင်းပိုင်း အထိ ညံ့ဖျင်းပုပ်သိုးစေခဲ့တယ်။ လူဆိုတာအမြဲတမ်းတိုးတက်နေရတယ်၊ "

"ဒါပေမဲ့ ဒါက လုံးဝ မပြီးဆုံးသေးဘူး။ လင်မြောင်ရွှယ် ကို ရှာနေဆဲ ယဲ့မိသားစုဝင် သုံးဆယ်ကျော် ရှိနေသေးတယ်။ သူတို့ ရှင်သန်နေသရွေ့ မိသားစု မျိုးနွယ်ကလည်း ရှင်သန်နေတယ်။ မုန်းတီးမှု က သူတို့ကို ပိုပြီး အစွမ်းထက်စေလိမ့်မယ်။

"ဒီအပြင် ငါ့ရဲ့ နည်းစနစ်ကို ပြီးဆုံးအောင် လုပ်ပြီးတာနဲ့ မင်းနဲ့ ငါ ပူးပေါင်းမယ်။ ငါတို့ ဘယ်ကိုပဲ သွားသွား ယဲ့မိသားစု ကို အသစ် ပြန်တည်ဆောက်နိုင်တယ်။" ဟု ပြောလိုက်သည်။

ယဲ့ရွှမ်ဂျီ ၏ နှုတ်ခမ်းများက ဟလိုက်ပြီး တစ်ခုခု ပြောလိုသော်လည်း စကားလုံးများ မပြောရသေးမီပြန်လည်ကာမျိုချလိုက်သည်။ သူသည် ဆောင်းညသဖွယ် အလွန်ရှည်လျားသော သက်ပြင်းချပြီး ခန်းမမှ ထွက်ခွာသွားသည်။

အေးစက်ပြီး မှောင်မိုက်သော အခန်းထဲသို့ လမ်းလျှောက်ဝင်သောအခါ သူသည် သည်းမခံနိုင်သော အေးစိမ့်မှု ကို သူ၏ ဝိညာဉ်ထဲသို့ စိမ့်ဝင်သည်ကို ခံစားရသည်။

ယဲ့ရွှမ်ဂျီ သည် စိတ်နှလုံးကင်းမဲ့သော သူ မဟုတ်ပေ။

အတိတ်တွင် သူ ပိုပြီး ရက်စက် ခဲ့ပါက သူသည် သူ၏ ဆွေမျိုးများ အစုလိုက်အပြုံလိုက် အသတ်ခံရသည်ကို ကြည့်နေရမည့်အစား နတ်ဘုံတက်လှမ်းခြင်း သို့ တက်နိုင်ခဲ့ပေမည်။

ရိုးရိုးသားသားပြောရရင် ယဲ့ကျိုဟာအို အသတ်ခံရသည်ကို သူ မြင်သောအခါ သူသည် ဝင်ရောက်တိုက်ခိုက်ချင်စိတ်ကို အတော်ထိန်းသိမ်းခဲ့ရသည်။

ယဲ့ဂျီယုနန် ၏ ဝိညာဉ်အသံ က သူ့ကို ရပ်တန့်စေပြီး သူ့၏ တာဝန် ကို သတိပေးခဲ့သည်။

တာဝန် ။

ဟုတ်တယ်၊ သူ၏ တာဝန်မစ်ရှင်က သွေးကန်နှင့် ၎င်းအတွင်းရှိ ယဲ့ဂျီယုနန် ကို ကာကွယ်ဖို့ဖြစ်သည်။

သူသည် ဒီတာဝန်ကို နှစ်ပေါင်း နှစ်သောင်းကျော် ကြာအောင် တစ်ရက် ပင် မတွန့်ဆုတ်ဘဲ ထမ်းဆောင်ခဲ့သည်။

သို့တိုင် နောက်ဆုံးတွင် ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကိုသာ ယူဆောင်လာခဲ့သည်။

ယဲ့မိသားစု ၏ အကြီးအကဲ တစ်ဦးအနေဖြင့် သူသည် လုပ်ဆောင်ရန် အင်အားမရှိ ခဲ့ပေ။

ဘယ်လောက် ရက်စက်သော မရီရသည့် ဟာသ ဖြစ်သလဲ။

နှစ်ပေါင်း နှစ်သောင်းကျော် ကြာအောင် ယဲ့ရွှမ်ဂျီ သည် အနောက်ဘက်တောင်မှ ဘယ်တော့မှ မထွက်ခွာခဲ့ပေ။

သူသည် ယဲ့မိသားစု ၏ မျိုးဆက်ပေါင်းများစွာ ကို အပြစ်ကင်းသော ကလေးများ မှ စွမ်းဆောင်နိုင်သော လူကြီးများ အထိ ကြီးထွားသည်ကို စောင့်ကြည့်ခဲ့ပြီး သူတို့၏ ဘဝများကို တိတ်ဆိတ်စွာ လေ့လာခဲ့သည်။

သို့သော် အခုတော့ အရာအားလုံး ပြောင်းလဲသွားပြီ။

ခန်းမမှ ထွက်လာပြီး သူသည် နောက်ဘက်တောင်တွင် ရပ်နေသည်၊ သွေး ၏ရနံ့က လေထဲတွင် ပြင်းထန်စွာ ရှိနေသည်။

ပထမဆုံးအကြိမ်အဖြစ် ယဲ့ရွှမ်ဂျီ သည် သူ နှစ်ပေါင်းများစွာ အကြာက လုပ်ခဲ့သော ဆုံးဖြတ်ချက်သည် အမှား ဖြစ်ခဲ့သလားဟု မေးခွန်းထုတ်သည်။

ဝိညာဉ်လှေ ပေါ်တွင်။

ယဲ့ယွီ သည် ဦးပိုင်းတွင် ရပ်နေသော ပုံရိပ်ကို ကြည့်ပြီး ညင်သာသော သက်ပြင်းချသံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ယဲ့မိသားစု ကို ဖျက်ဆီးစဉ် ယဲ့ယွီ က လင်မြောင်ရွှယ် သည် သူမ၏ ကြီးမားသော မကျေနပ်မှုကို လက်စားချေရာတွင် ပျော်ရွှင်မှု ခံစားလိမ့်မည်ဟု တွေးခဲ့သည်။

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ သူမသည် သူ့ကို မေးခွန်းတစ်ခုတည်း မေးခဲ့သည်။

"ကျွန်မမှာ စွန်းထင်းမှုကင်းသော ဓားနှလုံးသား မရှိခဲ့ရင် ကျွန်မရဲ့ အစ်ကို ရှင်နေဦးမှာမလား?" ဟု မေးလိုက်သည်။

အဖြေက ရှင်းရှင်းလင်းလင်းပဲ။

စွန်းထင်းမှုကင်းသော ဓားနှလုံးသား မရှိဘဲ ယဲ့မိသားစု သည် သူမကို ဆန့်ကျင်ရန် ဘယ်တော့မှ မကြံစည် ခဲ့ပေ။ လင်ဖုန်ယွမ် သည် သူတို့၏ လက်များဖြင့် သေဆုံးခဲ့မည် မဟုတ်ပေ။

သို့သော် ဒီကမ္ဘာသည် " ဘာဖြစ်ခဲ့လျှင် " ဖြင့် လည်ပတ်ခြင်းမရှိပေ။

လင်ဖုန်ယွမ် ၏ သေဆုံးခြင်းက ကံကြမ္မာ ၏ ရလဒ်ဖြစ်သည်။ စွန်းထင်းမှုကင်းသော ဓားနှလုံးသား မရှိဘဲ သူ့၏ ကြာရှည်သော ဘဝ ကို ဘယ်သူက အာမခံနိုင်မှာလဲ?

ကျင့်ကြံမှုလောကတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် နောက်ထပ် နေထွက်ခြင်းကို မြင်ရလိမ့်မည်ဟု သေချာမှု မရှိပေ။

ဒီတော့ ဘာလို့ လင်မြောင်ရွှယ် သည် သူမကိုယ်သူမ အပြစ်ရှိတယ် လို့ ခံစားနေရတာလဲ?

ယဲ့ယွီ သည် သူမကို အချိန်အတော်ကြာ စိတ်ရှည်စွာ နှစ်သိမ့် ခဲ့သည်၊ ထို့နောက် သူမကို စိတ်အေးစေ ပြီး သူမ၏ ရှေ့ဆက်သော လမ်းကြောင်းအကြောင်း စဉ်းစားဖို့ ရက်အနည်းငယ် ပေးရန် ရည်ရွယ်ရင်း ဝိညာဉ်လှေ ကို ခေါ်ယူခဲ့သည်။

သူမသည် နှလုံးသားနတ်ဆိုး တစ်ခုကို ဖြစ်ပေါ်စေခြင်းမရှိဖို့က အရေးကြီးသည်—ဒါက ဘေးအန္တရာယ် တစ်ခု ဖြစ်လိမ့်မည်။

ဒီအကြောင်းကြောင့် ယဲ့ယွီ သည် လင်မြောင်ရွှယ် ကို ကုန်းပတ် မှ အနီးကပ် လေ့လာနေခဲ့သည်။

သူမ၏ ဝိညာဉ်စွမ်းအင် က တဖြည်းဖြည်း တည်ငြိမ်လာသည်ကို သူ မြင်သောအခါ သူသည် နောက်ဆုံးတွင် စိတ်အေး သွားခဲ့သည်။

စိတ်ကျေနပ်ပြီး သူသည် ဒီအခွင့်အရေးကို အသုံးပြုပြီး သူ၏ အခန်းသို့ ပြန်သွားကာ အိပ်မက်ကမ္ဘာ ထဲသို့ ပြန်ဝင်ဖို့ ပြင်ဆင်သည်။

လင်မြောင်ရွှယ် သို့ လှည့်ပြီး သူက ပြောသည်၊ "ကျွန်တော် နည်းနည်း ပင်ပန်း နေတယ်။ ခဏလောက် နားလိုက်ဦးမယ်။" ဟု ပြောလိုက်သည်။

ဒီစကားကို ကြားသောအခါ လင်မြောင်ရွှယ် က သူ့ကို လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

သို့သော် ယဲ့ယွီ သူ၏ အခန်းထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်လိုက်သောအခါ သူမ၏ အတွင်းတွင် ထူးခြားသော ခံစားချက် တစ်ခု လှုပ်ရှားလာသည်။

ပင်ပန်း နေတယ်? နား မယ်?

ဒီစကားလုံးများက နတ်ဘုံတက်လှမ်းခြင်းအဆင့် လယ်ပိုင်း ကျင့်ကြံသူတစ်ဦးနှင့် ဘာမှ မဆိုင်သင့်ဘူး၊ မဟုတ်လား?

ကျင့်ကြံသူများ က အိပ်စက်ဖို့ မလိုအပ်ဘူး—အထူးသဖြင့် ရွှေအူတိုင်အဆင့် သို့ ရောက်ပြီးနောက် မလိုအပ်တော့ပေ။ တရားထိုင်ခြင်း ၏ အခိုက်အတန့်အနည်းငယ်က သူတို့၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်သော အရာအားလုံးပင်။

အိပ်စက်ခြင်း က ရိုးရိုးရှင်းရှင်း အချိန်ဖြုန်းခြင်း ပဲ ဖြစ်သည်။

ပင်ပန်း နေတာနဲ့ ပတ်သက်ပြီးတော့?

ဖြစ်နိုင်ခြေ နည်းပါးသည်။

ယဲ့မိသားစု ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း လင်မြောင်ရွှယ် သည် သူမ၏ ဒေါသကို ထုတ်ဖော်ရင်း တိုက်ခိုက်မှုအများစုကို ကိုယ်တိုင် လုပ်ခဲ့သည်။ ယဲ့ယွီ သည် လက်တစ်ဆုပ်စာ မျှသာ ဝင်ရောက်စွက်ဖက်ခဲ့သည်။

သူ ဘယ်လို ပင်ပန်း နိုင်မှာလဲ?

ဒါက ဘာကို ဆိုလိုတာလဲ?

လင်မြောင်ရွှယ် ၏ မျက်ခုံးများက တွန့် သွားပြီး သဘောပေါက်မှု တစ်ခုက သူမကို ရိုက်ခတ်လိုက်သည်။

သူမ၏ ပါးပြင်များက တောက်ပသောအနီရောင် သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူမ၏တကိုယ်လုံးရှိန်းတိန်းဖိန်းတိန်းဖြစ်နေသည်။

သူမသည် ယဲ့ယွီ နှင့် ရက်အနည်းငယ် အကြာက သူမ လုပ်ခဲ့သော သဘောတူညီချက်ကို သတိရလိုက်သည်။ သူမရဲ့ကိုယ်ခန္ဓာကိုပေးဆပ်မည် ဆိုသောကတိ၊

ထိုအချိန်တုန်းက သူ ပြောခဲ့သော အရာအားလုံးက အမှန်တရားဖြစ်ပါက သူမသည် သူ့ကို တိုင်းတာ၍မရသော ကျေးဇူးတင်မှု တစ်ခု ရှိသည်—တစ်ခုက သူမ ကိုယ့်ကိုယ်ကို သူ့ကို ပေးခြင်းဖြင့်သာ ပေးဆပ်နိုင်သော အရာဖြစ်သည်။

အခု အရာအားလုံး ပြီးဆုံးသွားသောကြောင့် ထိုကတိကို ဖြည့်ဆည်းဖို့ အချိန် ရောက်ပြီဟု ထင်ရသည်။

ယဲ့ယွီ ၏ စကားများသည် အချက်ပေးမှု တစ်ခု ဖြစ်နိုင်ခဲ့သည်။

ချင်ယွမ်ဂိုဏ်း မှ မထွက်ခွာမီ လင်မြောင်ရွှယ် သည် အနာဂတ်တွင် ယဲ့ယွီ ၏ ဘေးတွင် နေဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

သို့သော် အခု အချိန် ရောက်လာသောအခါ သူမသည် အပျိုပေါက်မလေးသဖွယ် ကိုယ့်ကိုယ်ကို အလွန်ရှက်မိသွားသည်ကို တွေ့လိုက်ရသည်။

ယဲ့ယွီ ၏ တံခါးရှေ့တွင် ရပ်နေရင်း သူမသည် တွန့်ဆုတ် နေသည်။

ဒီတိုင်း ဝင်သွားခြင်းက မသင့်လျော်ဟု ခံစားရသည်။

သူမသည် ရှက်ရွံ့မှု ဖြင့် လွှမ်းမိုးခံနေရသည်။

သို့တိုင် မဝင်ဘဲလဲမနေနိုင်လောက်အောင် ရင်တွေခုန်နေမိသည် ။ သူမရဲ့နှလုံးခုန်သံက စည်းချက်ပင်မမှန်တော့သလိုပဲ။

အမှန်တရားက သူမသည် ယဲ့ယွီ ကို နက်နက်ရှိုင်းရှိုင်း ချစ်မိ သွားပြီးသားဖြစ်သည်။ သူမ ကိုယ့်ခန္ဓာကိုယ်ကို သူ့ကို ပေးခြင်းက ပြန်လည်ပေးဆပ်ခြင်းမဟုတ်ဘဲ သူမကိုယ်သူမအတွက် ဆုလာဘ် တစ်ခု ဖြစ်သည်။

တောင်ငါးလုံး တွင် လင်မြောင်ရွှယ် သည် ယွမ်ရိုမူ လို လူများ၊ ပြင်ပလူများ၊ နှင့် လီရိုဝမ် သို့မဟုတ် တူအိုဘာချီယု လို အဓိက အဖော်များကြားရှိ ကြီးမားသော ကွာခြားချက်ကို မြင်ခဲ့ရသည်။

သူမသည် ပြင်ပလူ တစ်ဦး ဖြစ်ချင်ခြင်းမရှိပေ။

ယနေ့သည် သူမ၏ အခွင့်အရေး ဖြစ်ပြီး သူမက ၎င်းကို လွတ်သွားစေလို့မရဘူး။

သတ္တိ ၏ အစွမ်းအစ အားလုံးကို စုဆောင်းရင်း လင်မြောင်ရွှယ် သည် ယဲ့ယွီ ၏ တံခါးသို့ လှမ်းသွားသည်။

နက်ရှိုင်းစွာ အသက် နှစ်ကြိမ် ရှူပြီးနောက် သူမသည် သူမ၏ လက်ကို မြှောက်လိုက်ပြီး ခေါက် ဖို့ ပြင်ဆင်သည်။

၃၁၀ ဆက်ရန်

### အခန်း ၃၁၀

ခံစားချက်များကို ဖွင့်ဟမပြောသေးသောအခါ ကိုယ်နှစ်သက်သောသူတစ်ဦး၏ရှေ့တွင် မှားယွင်းစွာ ပြုမူရန် လွယ်ကူသည်။

လူတွေက ပိုပြီး စဉ်းစားတတ်ကြလေလေ ပိုပီး တွန့်ဆုတ်နေတတ်ကြလေဖြစ်သည်။

လင်မြောင်ရွှယ် သည် ယဲ့ယွီ ၏ တံခါးဝတွင် သူမ၏ လက်ကို မြှောက်ထားပြီး ခေါက်ရန် အသင့်ပြင်ထားသည်။ သို့သော် သူမသည် ကိုယ့်ကိုယ်ကို ခေါက်ရန် မလုပ်နိုင်ခဲ့ပေ။

သူမသည် အလွန်အမင်း မိန်းမတန်မဲ့ ရှေ့တိုးခြင်းက ယဲ့ယွီ ကို သူမသည် လွယ်ကူသော အမျိုးသမီးတစ်ဦးဟု တွေးစေမည်ကို စိုးရိမ်သည်။ အခြားတစ်ဖက်တွင် သူမ အခန်းထဲသို့မဝင်သွားပါက ယဲ့ယွီ က သူမသည် ကတိကို ပယ်ဖျက်ရန် ရည်ရွယ်သည်ဟု ယူဆလိမ့်မည်ကို သူမ ကြောက်သည်။

သူမ၏ အတွေးများက အဆုံးမရှိ လှည့်ပတ်နေသည်။

အခန်းအတွင်းတွင် ယဲ့ယွီ သည် အပြင်ဘက်တွင် တစ်စုံတစ်ယောက် ရပ်နေသည်ကို ခံစားမိနှင့်ပြီးသား ဖြစ်သည်။ သူသည် တံခါးကို ဖွင့်လိုက်ပြီး လင်မြောင်ရွှယ် ကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာက ရှုပ်ထွေးနေသည်။

“မင်း ငါ့ရဲ့ တံခါးအပြင်မှာ ဘာလုပ်နေတာလဲ?”

“ကျွန်မက ဒီအတိုင်း…”

လင်မြောင်ရွှယ် ၏ စကားများက သူမ၏ လည်ချောင်းတွင် ပိတ်နေပြီး သူမ၏ နီရဲနေနှင့်ပြီးသော မျက်နှာက ပိုပြီး နီရဲလာသည်။

“ကျွန်မက ဒီအတိုင်း… တစ်ခုခု ယူဖို့ ထွက်လာတာပါ။ ကျွန်မ မကြာခင် ပြန်လာခဲ့မယ်။ ခွင့်ပြုပါဦး!”

သူမ စကားပြောပင် မပြီးခင် လင်မြောင်ရွှယ် သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့ ပျောက်ကွယ်သွားသည်။

ခဏတာအတွင်း သူမသည် မိုင်တစ်ရာအကွာတွင် သူမ၏ လက်များက သူမ၏ ရှက်သွေးများဖြာကာ ပူနေသော မျက်နှာကို ဖိထားသည်။

“နင် ဘာတွေ ပြောနေတာလဲ? ဘာလို့ ထွက်ပြေးတာလဲ? ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ!” ဟု သူမသည် ကိုယ့်ကိုယ်ကို ရေရွတ်သည်။

တစ်ချိန်တည်းတွင် ဝိညာဉ်လှေပေါ်တွင် ယဲ့ယွီ ၏ မျက်နှာက ထူးဆန်းသော အမူအရာအဖြစ် လိမ်နေသည်။

“ဒါက ဘာလဲ? တစ်ခုခု ယူဖို့? ဒီ လူသူကင်းမဲ့သော နေရာ မှာ သူမ ဘာကို ယူဖို့ လိုအပ်နိုင်မှာလဲ?”

သူသည် ခေါင်းခါပြီး ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ လူတိုင်းမှာ သူတို့၏ လျှို့ဝှက်ချက်များ ရှိကြပြီး ဒါက လုံးဝ ပုံမှန်ဖြစ်သည်။ ဒီအဖြစ်အပျက်က လင်မြောင်ရွှယ် ကို နှလုံးသားနတ်ဆိုး တစ်ခု ဖန်တီးစေခြင်းမရှိသရွေ့ ဒါက အရေးမကြီးပေ။

အချိန်ဖြုန်းဖို့ မလိုအပ်— အကြိမ်ကြိမ် ပြန်လည်စမ်းသပ်ခြင်း အပေါ် အာရုံစိုက်ခြင်းက ပိုကောင်းသည်။

ယဲ့ယွီ သည် သူ၏ အခန်းထဲသို့ ပြန်လှည့်သွားသည်။ သူ တံခါးကို ပိတ်လိုက်သည်နှင့် ရင်းနှီးသော အသံတစ်ခုက အပြင်ဘက်မှ လာသည်။

“ ယဲ့ယွီ ၊ ရှင်လား?”

အသံကိုကြားသော ယဲ့ယွီ သည် တံခါးကို နောက်တစ်ကြိမ် ဖွင့်လိုက်သည်။

မော့ကြည့်လိုက်သောအခါ သူသည် အနက်ရောင် ဝတ်ရုံ နှင့် ပုံရိပ်တစ်ခု လေထဲတွင် ဝဲနေသည်ကို တွေ့လိုက်သည်။ သူမ၏ မျက်နှာက ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

“တကယ်ပဲ ရှင်ပါပဲ!”

ယဲ့ယွီ သည် မမျှော်လင့်သော ဧည့်သည်ကြောင့် ရှုပ်ထွေးနေပြီး မျက်ခုံးပင့်လိုက်သည်။

ဒါက ယင်ဖေးကျင်း ၊ မြေခွေးနတ်ဆိုး။ သူမ ဘာလို့ တောင်ဘက် အရိုင်းခေါင် တိုက်တွင် မရှိတာလဲ? ဘာက သူမကို အလယ်တိုက်ကြီး သို့ ခေါ်ဆောင်လာခဲ့တာလဲ?

ဝိညာဉ်လှေ၏ ကာကွယ်ရေးများကို လျှော့ချပြီးနောက် ယဲ့ယွီ က မေးသည်၊ "မင်း ကျွန်တော် ဒီမှာ ရှိနေတာကို ဘယ်လို သိတာလဲ?" ဟု မေးလိုက်သည်။

ယင်ဖေးကျင်း သည် ညင်သာစွာ ဆင်းသက်လာပြီး ညင်သာစွာ ပြောသည်၊ “ လန်နိုင်ငံ တုန်းက ကျွန်မ ဒီဝိညာဉ်လှေကို မြင်ခဲ့တယ်။ ဒါကို ပြန်မြင်တော့ ကျွန်မ အခွင့်အရေး ယူကြည့်မယ်လို့ တွေးခဲ့တယ်—ပြီးတော့ ရှင် ဒီမှာ ရှိနေတယ်။ ကျွန်မ ရှင့်ကို ပြောစရာ တစ်ခုခုလည်း ရှိတယ်။" ဟု ပြောလိုက်သည်။

သူမ၏ လေးနက်သော လေသံက ယဲ့ယွီ ၏ စူးစမ်းလိုစိတ်ကို နှိုးဆွ လိုက်သည်။

“ဘာလဲ?”

ချက်ချင်း ပြန်ဖြေခြင်းမရှိဘဲ ယင်ဖေးကျင်း သည် အနီးနားတွင် တခြားသူ မရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သတိပေးခြင်းမရှိဘဲ သူမသည် ယဲ့ယွီ ကို အခန်းထဲသို့ တွန်းပို့လိုက်ပြီး သူတို့၏ နောက်မှ တံခါးကို ကျွမ်းကျင်စွာ ပိတ်လိုက်သည်။

သူမ၏ လှုပ်ရှားမှုများက သွက်လက်ပြီး အလိုလို ဖြစ်နေသည်၊ ယဲ့ယွီ ကို သူ့အိမ်ထဲသို့ လူဆိုး တစ်ဦးက ဝင်ရောက်လာသည်ဟု ထင်မြင်စေသည်။

“ဟေး! မင်း ဘာလုပ်နေတာလဲ?”

ယင်ဖေးကျင်း က မတုံ့ပြန်ပေ။ ထိုအစား သူမသည် ယဲ့ယွီ ၏ နောက်ကျောသို့ လက်လှမ်းလိုက်သည်။

သတိထားမိသော ယဲ့ယွီ သည် သူမ၏ ဆုပ်ကိုင်မှုမှ လွတ်ထွက်ပြီး လျင်မြန်စွာ နောက်သို့ ဆုတ်လိုက်သည်။

“မင်း ဘာကို ရှာနေတာလဲ?” ဟု သူက သတိထားပြီး မေးလိုက်သည်။

“ရှင့်ရဲ့ အမြီးကို!”

"ဟင် ဘယ်အမြီး"

ယင်ဖေးကျင်း သည် သူမ၏ အနက်ရောင် ဝတ်ရုံ ကို ဖယ်ရှားလိုက်ပြီး အဖြူရောင် ဝတ်စုံ ရှည်ကို ဖော်ပြသည်။ သူမ ရှေ့သို့ လှမ်းလိုက်သောအခါ အမွေးပွပွ အမြီး တစ်ခုက သူမ၏ တင်သားကောက်ကောက်လေး နောက်တွင် လှုပ်ခါနေသည်။

ယဲ့ယွီ ၏ မျက်ခုံးများက ပြင်းထန်စွာ ကျုံ့ မိသွားသည်။

ဘာတွေ ဖြစ်နေတာလဲ?

ယင်ဖေးကျင်း က တောင်ဘက် အရိုင်းခေါင် တိုက်ရှိ အိပ်မက်ကမ္ဘာ၏ အမှတ်တရများကို ထိန်းသိမ်းထားနိုင်ခဲ့တာလား?

ဒါက မဖြစ်နိုင်ဘူး။ စည်းမျဉ်းများအရ အိပ်မက်ထဲတွင် ရှိသူများ—သူ၏ တာအို အဖော်များသာ သူတို့၏ အမှတ်တရများကို ထိန်းသိမ်းထားနိုင်လိမ့်မည်။

သူမ ဘာလို့…?

ခဏလေး။ ဒါက ပထမဆုံးသော ပုံမှန်မဟုတ်ခြင်း မဟုတ်ဘူး။ လျန်ယွီ ကလည်း သူမ၏ အိပ်မက်အမှတ်တရများကို ထိန်းသိမ်းထားခဲ့သည်။

ယဲ့ယွီ သည် အခြေအနေကို အရင်က ဆန်းစစ် ခဲ့သည်၊ လျန်ယွီ ၏ အမှတ်တရများက သူမသည် အိပ်မက်အတွင်း သူ့ကို ချစ်မိသွားသောကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။

သို့သော် ယင်ဖေးကျင်း က ဘာလဲ?

ဒါက ချစ်ခြင်းမေတ္တာတော့ မဟုတ်ဘူး။ အကယ်၍ ချစ်ခြင်းမေတ္တာဖြစ်ပါက သူမက အိပ်မက်ကမ္ဘာတွင် ဘာလို့ ဖော်ပြခြင်းမရှိတာလဲ?

ယဲ့ယွီ သည် တိတ်ဆိတ်နေစဉ် ယင်ဖေးကျင်း သည် ပိုပြီး နီးကပ်လာပြီး သူမ၏ အမြီးက သူမ၏ နောက်တွင် ညင်သာစွာ လှုပ်ခါနေသည်။

“မင်း ဘာအကြောင်း တွေးနေတာလဲ?”

ယဲ့ယွီ ၏ စိတ်က လျင်မြန်စွာ ပြေးနေသည်။ လျင်မြန်စွာ တုံ့ပြန်ရင်း သူက ပြန်ဖြေသည်၊ “မင်း ခေါင်းကို ထိခိုက်မိတာလားလို့ ငါတွေးနေတာ။ ငါ့ကို ခိုးကြောင်ခိုးဝှက် လုပ်ဖို့ ကြိုးစားပြီး အမြီးတွေအကြောင်း ပြောနေတယ်—မင်း ရူးနေတာလား?”

ယင်ဖေးကျင်း သည် သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ယဲ့ယွီ ၏ မျက်နှာအမူအရာကို အနီးကပ် လေ့လာရင်း သူ၏ ဟန်ဆောင်မှုမှ သဲလွန်စ ကို ရှာဖွေနေသည်။

သို့သော် သူမ စိတ်ပျက်ခဲ့ရသည်။

ယဲ့ယွီ ၏ ကိုယ်ခန္ဓာ နောက်ပိုင်းကို မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ပြန်လည်စမ်းသပ်ခြင်းလုပ်သော်လည်းသူမ ဘယ်အမြီးကိုမှ မတွေ့ရချေ ။

" ဒါဆို ရှေ့မှာလားမသိ ၊ "

"တော်စမ်းဟေ့ တော်တော်" သူမ၏ရွေ့လာသောလက်ကိုဖမ်းကိုင်ရင်း ယဲ့ယွီအော်လိုက်သည်။

အိပ်မက်ကမ္ဘာများတွင် အချိန်ကုန်ဆုံးခဲ့သည့် နှစ်များတစ်လျှောက် လူများနှင့် အခြေအနေများအားလုံးနှင့် တွေ့ကြုံခဲ့ရပြီး သူသည် သူ၏ မျက်နှာအမူအရာများကို ထိန်းချုပ်ခြင်းကဲ့သို့သော ကျွမ်းကျင်မှုများကို ကျွမ်းကျင်ခဲ့သည်။

သူသည် ယင်ဖေးကျင်း ကို အမှန်တရားကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူမသည် အိပ်မက်ကမ္ဘာအကြောင်း နည်းလေလေ၊ ပိုကောင်းလေလေဖြစ်သည်။

ထိုးစစ် သို့ ပြောင်းလဲရင်း ယဲ့ယွီ က လှောင်ပြောင်သည်၊ “ကဲ? တစ်ခုခု ပြောပါဦး! မင်း တကယ် စကားမပြောနိုင်တော့တာလား?”

“ရှင်က ရူးနေတာ!” ဟု ယင်ဖေးကျင်း က ရုတ်တရက်ပြောပြီး အနီးနားရှိ ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်နေသည်။

တကယ်တော့ ယင်ဖေးကျင်း သည် ယဲ့ယွီ က အမြီးကိုးချောင်းပါ နတ်ဘုံတက်လှမ်းခြင်းမြေခွေး အဖြစ် အမှတ်တရများက ရိုးရှင်းသော အိပ်မက်များ မဟုတ်ဟု အကြာကြီးကတည်းက သံသယရှိခဲ့သည်။

သူမ ဘာလို့ သူတို့က ဒီလောက် ထင်ရှားနေတာလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ—လူတွေက ရိုးရိုးရှင်းရှင်း နတ်ဘုံတက်လှမ်းခြင်းမြေခွေးများ အဖြစ်သို့ မပြောင်းလဲနိုင်ဘူးလေ။

သို့သော် ကန်ကျီကျွေး သည် မြေခွေးတောင် တွင် သူမကို လာရောက်တွေ့ဆုံပြီးနောက် ယင်ဖေးကျင်း က အမှတ်တရများက အမှန်တကယ်ဖြစ်ကြောင်း သေချာသွားခဲ့သည်။

တကယ်တော့ ကန်ကျီကျွေး ၏ အပြုအမူက အိပ်မက်နှင့် လုံးဝ ကိုက်ညီနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ?

သူမ၏ မြေခွေးတောင် ရှိ ကိစ္စများ ပြီးစီးသောအခါ သူမသည် အလယ်တိုက်ကြီး သို့ အကြောင်းပြချက်နှစ်ခုဖြင့် လာခဲ့သည်:

ပထမ၊ ယဲ့ယွီ နှင့် သူမ၏ အမှတ်တရများအကြောင်း အမှန်တရားကို ဖော်ထုတ်ရန်။

ဒုတိယ၊ အရေးတကြီး ကိစ္စ တစ်ခုကို ကိုင်တွယ်ရန်။

သို့သော် ယဲ့ယွီ ၏ လက်ရှိ တုံ့ပြန်မှုက ရှုပ်ထွေးစေသည်။

သူသည် အိပ်မက်ကမ္ဘာအကြောင်း အမှတ်တရ လုံးဝ မရှိတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား?

သေချာစေရန် သိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ယဲ့ယွီ တွင် မြေခွေးအမြီး ရှိမရှိကို အတည်ပြုဖို့ဖြစ်သည်။

ယင်ဖေးကျင်း ၏ ဇွဲက သူမ၏ သံသယများ ပိုပြီး နက်ရှိုင်းလာသည်နှင့်အမျှ ကြီးထွားလာသည်။

ယဲ့ယွီ သာ သူမ၏ အတွေးများကို သိပါက သူသည် လုံးဝ ဒေါသထွက်လိမ့်မည်။

“တကယ်ပဲ ! မင်း ငါ့ ကိုယ်ရေးကိုယ်တာ ပရိုင်ဗေဆီ ကို လေးစားလို့မရဘူးလား? ငါ့ရဲ့ ခန္ဓာကိုယ်က ကစားစရာ တစ်ခု မဟုတ်ဘူး!”

ယင်ဖေးကျင်း ၏ မတုန်မလှုပ် အကြည့်ကြောင့် အကျပ်ရိုက်နေသည်ဟု ခံစားရပြီး ယဲ့ယွီ သည် အကြောင်းအရာ ကို ပြောင်းလဲရန် ကြိုးစားသည်။ “ဒီတစ်ခါ မင်း ဘာလို့ အလယ်တိုက်ကြီး မှာ ရှိနေတာလဲ?”

“ကျွန်မက ယုံကြည်စိတ်ချရသော သတင်းအချက်အလက် ကို ရရှိခဲ့တယ်။ ကြိုးခြောက်ချောင်း တောင်များ အနီးမှာ နဂါးတစ်ကောင်ကို မြင်ခဲ့ရတယ်တဲ့။ တကယ့် နဂါး — စပ်မျိုး မဟုတ်ဘူး!”

ယင်ဖေးကျင်း ၏ အသံက လေးနက် လာသည်။

နဂါးတစ်ကောင်!

နဂါးများသည် နှစ်သောင်းကျော် ကြာအောင် ကျင့်ကြံမှုလောကတွင် ပေါ်လာခြင်းမရှိတော့ပေ။

ယဲ့ယွီ သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ကြိုးခြောက်ချောင်း တောင်များ သည် အလယ်တိုက်ကြီး ၏ အစွန်းတွင်၊ အရှေ့ပင်လယ် တိုက်နှင့် ထိစပ်နေသည်။

နဂါးတစ်ကောင်က ဒီလိုနေရာမှာ ဘာလို့ ပေါ်လာတာလဲ?

“အတူတူ သွားကြည့်ချင်လား?” ဟု ယင်ဖေးကျင်း က မေးသည်။

ခဏတာ စဉ်းစားပြီးနောက် ယဲ့ယွီ က ခေါင်းညိတ်လိုက်သည်။ သူသည် တကယ်တမ်းကို တကယ့် နဂါးများအကြောင်း စူးစမ်းချင်သည်။

ယင်ဖေးကျင်း သည် တစ်ခုခု ပြောရန် ပေါ်လာသော်လည်း ခဏတာ ပျောက်ကွယ်သွားပြီး သူမ၏ လက်ထဲတွင် နတ်ဆိုး ဖော်ထုတ်သော ကျောက်တုံး တစ်ခုဖြင့် ပြန်ပေါ်လာသည်။

ကျောက်တုံးက ၎င်း၏ နာမည်အတိုင်း နတ်ဆိုးများကို သူတို့၏ တကယ့် ပုံစံ ကို ဖော်ထုတ်ရန် အတင်းအကျပ် လုပ်ဆောင်သည်။

သတိပေးခြင်းမရှိဘဲ ယင်ဖေးကျင်း သည် ကျောက်တုံးကို ယဲ့ယွီ ၏ နောက်ကျောနှင့် ဖိလိုက်ပြီး သူမ၏ " ရှာဖွေခြင်း " ကို ပြန်စသည်။

သူမ၏ ကျူးကျော်ဝင်ရောက်သော လုပ်ဆောင်ချက်များက နောက်ဆုံးတွင် ယဲ့ယွီ ကို စိတ်တိုသွားစေသည်။

သူမ၏ လက်မောင်းကို ဆွဲကိုင်ပြီး သူသည် သူမ၏ အိစက်သောကိုယ်လေးကို စားပွဲနှင့် ဖိထားပြီး ခါးလေးကိုကုန်းစေကာ နောက်မှနေ၍ချုပ်ထားပြီး ထိုနေရာတွင် ခိုင်မြဲစွာ ထိန်းထားသည်။

လှုပ်ရှားမှု၏ အင်အားက သူတို့၏ အဝတ်အစားများကို အနည်းငယ် ရှုပ်ပွ သွားစေသည်။

ပထမဆုံးအကြိမ်အဖြစ် ယင်ဖေးကျင်း သည် ထိုကဲ့သို့သော ရင်းနှီးပြီး ထိခိုက်လွယ်သော အနေအထား တွင် ကိုယ့်ကိုယ်ကို တွေ့လိုက်ရသည်။ ရှက်ရွံ့မှုနှင့် ဒေါသက သူမ၏ ပါးပြင်များကို နီရဲလာစေသည်။

“ကျွန်မကို လွှတ်လိုက်!”

“မင်း့ကို လွှတ်လိုက်ရမယ်? မင်းက ငါ့ကို ဒီအတိုင်း လာစမ်းပြီး ထွက်သွားနိုင်တယ်လို့ တွေးသလား? ကိုယ့်အမြီးနဲ့ ကိုယ် သွားကစား!”

ဒေါသကိုဖော်ပြရန် ယဲ့ယွီ သည် သူမ၏ အမြီးကို ဆွဲကိုင်ပြီး ပြင်းထန်စွာ ညှစ် လိုက်သည်။

ပျော့အိနေတာပဲ၊ အမွေးကပွပွလေး ကိုင်ရတာအိစက်နေပီး ဖွာနေတယ်—ဒါက အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်သည်၊ ဇိမ်ခံ ကစားစရာ တစ်ခုလိုပင်။

ယင်ဖေးကျင်း ၏ မျက်နှာက သွေးရောင် ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်က အားမရှိ ဖြစ်သွားသည်၊ သူမ၏ အသံက တိုးတိုးလေး သာ ဖြစ်နေသည်။

“မလုပ်ပါနဲ့… ကျေးဇူးပြုပြီး ရပ်ပါ…”

သူမ၏ လေသံက ကာမဂုဏ်စိတ် ဖြင့် ရောယှက်ပြီး မတွန်းလှန်နိုင်သော ဆွဲဆောင်မှု နှင့် ပြည့်နှက်နေသည်။

ထိုအခိုက်အတန့်တွင် အခန်းတံခါးက ကျယ်လောင်သော အသံ ဖြင့် ပွင့်လာခဲ့သည်။

၃၁၁ ဆက်ရန်

All Chapters