← Chapters

ဒီစည်းကိုကျော်ရင် သေရမယ်

Vol. 5 Ch. 412

ဒီစည်းကိုကျော်ရင် သေရမယ်

Vol. 5 Ch. 412

အနက်ရောင် စုန်းမမှာ မြောက်အာဖရိကမှ အရှင်သခင် တစ်ယောက် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးအား မြွေအကြေးခွံ ကဲ့သို့ ထူးဆန်းသော အမှတ်များက ဖုံးလွှမ်းထားသည်။ သူမ၏ မျက်နှာ တစ်ခုလုံးကိုမူ ချောက်ချားဖွယ် တက်တူးများ ရေထိုးထား၏။ နှစ်ခွ ဖြစ်နေသော လျှာပါ ထည့်ပေါင်း လိုက်ပါက သူမကား မြွေတစ်ကောင်နှင့်ပင် တူနေသေးသည်။

သူမ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ဆွဲဆောင် နိုင်သည့်တိုင် သူမအား ထိရဲသူ မရှိချေ။

ကောလာဟလများ အရ အာဖရိက စုန်းဆရာ တစ်ယောက်မှာ မရေမတွက်နိုင်သော အဆိပ် သတ္တဝါများ၏ ဝိညာဉ်များကို ထုတ်ယူပြီး သူမအား အထူး စွမ်းရည်များ ပိုင်ဆိုင် လာစေရန် ပြောင်းလဲ ပေးခဲ့ခြင်းဟု ဆိုကြသည်။ သူမ၏ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်ကဲ့သို့ ပြောင်းလွယ်၊ ပြင်လွယ်ရှိပြီး နံရံနှင့် သစ်ပင်များကို ပင့်ကူတစ်ကောင် အလား တွယ်တက်နိုင်သည်။ သူ၏ နှုတ်ခမ်းများ၊ သွားများတွင်လည်း အဆိပ်များဖြင့် ပြည့်နေတတ်သည်။ ထို့ကြောင့်ပင် သူမအား 'အနက်ရောင် စုန်းမ' ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

အနက်ရောင် အလှအပ ကလေးမှာ ချန်းဖန်ထံသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူမ၏ တင်ပါး နှစ်ခုကမူ ကပြ ဖြေဖျော်နေသလို ဘယ်ညာ ယိမ်းနွဲ့နေ၏။ သူမ၏ အစိမ်းရောင် မျက်လုံးများကမူ သွေးအေးသော သားရဲတစ်ကောင် အလား ချန်းဖန်ကို စိုက်ကြည့်နေ၏။

ချန်းဖန်မှာ ရိုးရိုး ချန်းဖန် ပုံစံနှင့် ဖြစ်သည်။ အစိုးရ၏ အာရုံစိုက်မှုကို ရှောင်လွှဲရန် ချန်းပေ့ရွှမ်း ပုံစံအား သုံးမထားချေ။ ထို့အပြင် ထူထပ် သိပ်သည်းစွာ ကျနေသော နှင်များကလည်း သူ၏ ရုပ်ရည်ကို ဖုံးကွယ် ထားသေးသည်။ ထို့ကြောင့်ပင် ထို ငယ်ရွယ်သော ဆယ်ကျော်သက် တရုတ် ကောင်လေးမှာ ချန်းပေ့ရွှမ်း ဖြစ်လိမ့်မည်ဟု အနက်ရောင် စုန်းမ မျှော်လင့် မထားခဲ့ချေ။

"ကောင်လေး ... ဒီကိုလာ ... ဒီကိုလာ ... မင်းကို ငါပြုစုပေးမယ်လေ ...”

အနက်ရောင် စုန်းမက နှစ်ခွလျှာကို ပြူတစ်၊ ပြူတစ် လုပ်ရင်း ပြုံးလိုက်သည်။

ချန်းဖန်က ထက်မြက်သော ဓားချီလှိုင်း တစ်ခုဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ အနက်ရောင် စုန်းမက နောက်သို့ မီတာဒါဇင်များစွာ ဆုတ်၍ ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုက သူမအား ရည်ရွယ်ခြင်း မဟုတ်ကြောင်း သူမ ချက်ချင်းပင် သဘောပေါက် သွား၏။

ချန်းဖန် ပစ်လွှတ်လိုက်သော ဓားချီက မြေပြင်ပေါ်သို့ ကျကာ စည်းတစ်ခု အသွင် ဖြစ်သွားသည်။ ထိုစည်းက သစ်ပင်ငယ် အပါအဝင် စမ်းအိုင်နှင့် အမှောင်ကမ္ဘာမှ ပညာရှင်များကို ခြားနားထားသည်။

"ဒါက ဘယ်လို အဓိပ္ပာယ် ပါလိမ့်"

လူတိုင်းက ထူးဆန်းသော လူငယ်လေးအား တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ မိသည်။ ထိုလူငယ်လေး၏ ခွန်အားက အနည်းဆုံး အထွတ်အထိပ် တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ရမည်။

"ဒီစည်းကို မဖြတ်နဲ့ ... ဖြတ်တဲ့သူ သေရမယ် ...”

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောရင်း ပြန်ထိုင်၍ နောက်တစ်ဖန် ကျင့်ကြံလိုက်သည်။ သူ၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ ရှိမနေပဲ ရုပ်တု တစ်ခုအလား တည်ငြိမ်နေ၏။

ပညာရှင်များစွာက အနက်ရောင် စုန်းမအား လှမ်းကြည့်လိုက်သည်။ အမှောင် ကမ္ဘာကား အင်အား ကြီးသူသာ စိုးမိုးနိုင်သည့် လောကမျိုး ဖြစ်သည်။ ဤကမ္ဘာ၌ မိမိ၏ အားနည်းမှုကို ထုတ်ဖော် ပြသ၍ မရပေ။ အကယ်၍ အနက်ရောင် စုန်းမသာ ထိုဆယ်ကျော်သက် လူငယ်လေးအား ကြောက်လန့် နေပါက အသက်ဓာတ် ကောင်းကင်ရေ ဝေစု ရတော့မည် မဟုတ်ချေ။

"ကောင်စုတ်လေး ... နင်က ငါ့ကို ခြောက်ရဲတယ်ပေါ့။ ငါ နင့်ရဲ့ လည်ချောင်းသွေးကို သောက်ပြီးတဲ့ အချိန်ကျ ခုလို မောက်မာနိုင်ဦး မလား ကြည့်ရသေးတာပေါ့"

အနက်ရောင် စုန်းမက ဒေါသတကြီး ပြောဆိုရင်း မြေပြင်ပေါ်မှ စည်းထံသို့ လျှောက်လာခဲ့သည်။

တစ်လှမ်း …

နှစ်လှမ်း …

သုံးလှမ်း …

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် အနက်ရောင် စုန်းမက စည်းကို ဖြတ်ကျော် လာခဲ့၏။ သူမက ဂရုမစိုက်စွာ ပြုံးလိုက် စဉ်မှာပင် ချန်းဖန်က သူမထံသို့ လက်ညှိုးအား ဆန့်ထုတ်လိုက်၏။

"ဘန်း ...”

ကျယ်လောင်သော လေဟာနယ် ပေါက်ကွဲသံနှင့် အတူ ချန်းဖန်၏ လက်ညှိုးမှ ချီစွမ်းအား တစ်ခု ပေါ်ထွက်လာသည်။ ထိုချီစွမ်းအားများက ဆယ်မီတာခန့် ကွာဝေးသော အနက်ရောင် စုန်းမထံသို့ ခဏချင်းပင် ရောက်သွားကာ ဝါးမျိုလိုက်သည်။

"အား ...”

အနက်ရောင် စုန်းမက နာကျင်စွာ အော်ဟစ်ရင်း မြွေကြီးတစ်ကောင်၊ မျက်လုံးခြောက်ခု ပင့်ကူနှင့် ကင်းမြီးကောက် တစ်ကောင်အသွင် ပြောင်းလဲရန် ကြိုးစားသည်။ သို့သော်လည်း အဖြူရောင် ချီစွမ်းအင်က မည်သည်ကိုမျှ ဂရုစိုက်ဟန် မရဘဲ ထိုးဖောက်သည်။ ခဏအတွင်း မှာပင် အနက်ရောင် စုန်းမ၏ ဦးခေါင်းခွံမှ သွေးများ စီးကျလာကာ သေဆုံး သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ချိုင့်ဝှမ်း တစ်ခုလုံး ငြိမ်ကျ သွားတော့သည်။ တိုက်ဆင် ဒမွန်နှင့် ရန်ချင်သူတို့ပင် တိုက်ခိုက်ရာမှ ရပ်လိုက်ကြသည်။ တိုက်ဆင် ဒမွန်က ရန်ချင်ဟူအား လျစ်လျူရှု လိုက်ကာ အခြား အပေါင်းအဖော်များထံ သွားပေါင်း လိုက်ကြသည်။ အမှောင် ကမ္ဘာ၏ ပညာရှင်များက ချန်းဖန်အား စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

အနက်ရောင် စုန်းမမှာ အမှောင်ကမ္ဘာ၏ ပညာရှင်များ အကြား၌ အားအနည်းဆုံး ဖြစ်သည်။ သို့သော်လည်း သူမအား တစ်ကွက်အတွင်း သတ်ဖြတ်ရန်မှာမူ မလွယ်ကူလှချေ။

"မင်းက ဘယ်သူလဲ ... ဟွာရန်ဖန်းလား ... လင်းမိသားစု ကလား ... ရဲ့နန်ထင်းလား ... ဒါမှမဟုတ် အထူးဌာန ကလား ...”

ကားလ်က မျက်လုံးများအား ကျဉ်းမြောင်းရင်း မေးလိုက်၏။

ချန်းဖန်က ပြန်မဖြေဘဲ မျက်လုံးများကို ဖြည်းညင်းစွာ ပြန်လည် မှိတ်လိုက်သည်။ ထို့နောက် ကျင့်ကြံခြင်းကိုသာ အာရုံစိုက် လိုက်ပြန်သည်။

အမှောင် ကမ္ဘာမှ များစွာသော ပညာရှင်များမှာ စည်း၏ နောက်တွင်သာ ရပ်ရင်း ချန်းဖန်အား ကြည့်လိုက်ကြသည်။ သူတို့ အားလုံးသာ ပေါင်းတိုက်လျှင် ထိုလူငယ်အား လွယ်ကူစွာ အနိုင်ယူနိုင်ကြောင်း သိသော်လည်း မည်သူကမျှ အလျင်စလို မလှုပ်ရှားကြချေ။

ခဏမျှ အကြာ၌ ဆင်မိစ္ဆာက ရှေ့သို့ တိုးလာကာ ချန်းဖန်အား ဂရုမစိုက်ဟန် ကြည့်လိုက်သည်။

"မင်း ဘယ်သူလဲ ဆိုတာ ငါစောက်ဂရု မစိုက်ဘူးကွာ။ ဒါပေမဲ့ ငါ့ကို တားရင်တော့ မင်းသေရမယ်"

ဆင်မိစ္ဆာက ပြောရင်း စည်းကို ဖြတ်ကျော်လာသည်။ သူကား နှစ်မီတာခန့် ရှည်ကာ ဘရာဟမ် မိသားစု၏ မျိုးဆက် ဖြစ်သည်။ သူက ဘရာဟမ် မိသားစုများ ကျင့်ကြံသည့် ရှေးဟောင်း လျှို့ဝှက် ကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် ဆင်နတ်ဘုရား တစ်ပါး အလား သန်မာလာသည်။ သူသည် ဒိုင်ယာဘလို ကြေးစား အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ အမှောင် သတ်မှတ်ချက်တွင် နံပါတ် ဆယ့်ငါး ချိတ်သည်။

"ဘုန်း ... ဘုန်း ...”

သူ၏ ခြေလှမ်းများက ကမ္ဘာကိုပင် တုန်ဟည်းစေသော စွမ်းအားများကို သယ်ဆောင်ကာ စည်းကို ဖြတ်ကျော်လိုက်သည်။

ထိုစဉ်မှာပင် ချန်းဖန်က မျက်လုံး အစုံကို ဖွင့်လိုက်ကာ ချောမွေ့ ကြည်လင်သော လက်ဝါးကို ဆန့်ထုတ်လိုက်၏။ သူ၏ လက်ချောင်းများက ရှည်လျား ပိန်သွယ်နေရာ မိန်းကလေး လက်ချောင်း များနှင့်ပင် တူညီနေခဲ့သည်။

"ဘုန်း ...”

ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ လေးမီတာခန့် ကြီးမားသော အဇူရာ လက်ဝါးကြီး တစ်ခု ပေါ်ထွက်လာသည်။ ထိုလက်ဝါးကြီးက ကောင်းကင်သို့ ပျံတက်ကာ ဆင်မိစ္ဆာ အပေါ် အုပ်မိုးကျ လာခဲ့သည်။

"ပျက်စီးစမ်းကွာ ...”

ဆင်မိစ္ဆာက အော်ဟစ်ရင်း ထိုလက်ဝါးကို လက်သီးဖြင့် ထိုးခွဲလိုက်သည်။ သို့သော်လည်း ဆင်မိစ္ဆာ၏ လက်သီးကား လက်ဝါးနှင့် မယှဉ်ပါနိုင် လောက်အောင် သေးငယ်သည်။

ဆင်မိစ္ဆာက မြေပြင်အား ခြေထောက်ဖြင့် ကန်ကျောက်ရင်း လေများအား ရှူသွင်းလိုက်သည်။ သူ၏ ကြွက်သားများက ရုန်းကြွ တက်လာကာ ခန္ဓာကိုယ်မှာလည်း ပိုမို ကြီးထွားလာသည်။ ခဏအတွင်းပင် သူကား သုံးမီတာခန့် ရှည်လျားသော လူ့မိစ္ဆာကြီး ဖြစ်လာကာ ကောင်းကင်မှ လက်ဝါးအား တားဆီးသည်။

သို့သော်လည်း လက်ဝါးက အရှိန်လျော့ကျ သွားမည့်ဟန် မရဘဲ ဆင်မိစ္ဆာအား အပေါ်မှ ဖိခြေသည်။ ခဏအတွင်း မှာပင် အရိုး ကျိုးကြေသံများနှင့် အတူ ဆင်မိစ္ဆာ၏ ခန္ဓာကိုယ်ကား မြေပြင်ပေါ်သို့ ပြားကပ် သွားခဲ့တော့သည်။

ထိုမြင်ကွင်းအား ကြည့်ရင်း များစွာသော လူများမှာ ဆွံ့အကုန် ကြတော့၏။ ကားလ်၏ မျက်နှာမှာမူ စက္ကူ တစ်ချပ် အလား ဖြူရော် နေခဲ့တော့သည်။

"သူ ... သူက ... ချန်းပေ့ရွှမ်းပဲ"

တစ်စုံတစ်ယောက်က ကြောက်ရွံ့စွာဖြင့် ချန်းဖန်အား လက်ညှိုးထိုးရင်း အော်ဟစ်လိုက်သည်။

ထိုအချိန်၌ လူတိုင်းမှာလည်း ဆယ်ကျော်သက် ကောင်းလေးမှာ မည်သူဖြစ်ကြောင်း ရိပ်မိနေပြီ ဖြစ်သည်။ ရဲ့နန်ထင်းနှင့် အဇူရာ နဂါးတို့ပင် ဆင်မိစ္ဆာကို ယခုကဲ့သို့ လွယ်လွယ်ကူကူ သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ လုပ်နိုင်သူ ဆို၍ တစ်ယောက်သာ ရှိသည်။ ထိုတစ်ယောက်ကား ချန်းပေ့ရွှမ်းပင်။

"ဟုတ်တယ် ... သူက ချန်းပေ့ရွှမ်းပဲ"

ရန်ချင်ဟူက ကြောက်ရွံ့နေသော မျက်နှာများအား အရသာခံ ကြည့်ရင်း ပြောလိုက်၏။ ထို့နောက် သူက လက်သီးလက်မောင်း တန်းရင်း …

"ဒီနေရာက ငါတို့ ပိုင်တာကွ ... ထွက်သွားကြစမ်း ...”

သူ့အား မည်သူမျှ ပြန်မပြော ရဲကြချေ။ များစွာသော အမှောင်ကမ္ဘာမှ ပညာရှင်များမှာ ရန်ချင်ဟူအား ကြောက်ရွံ့ခြင်း မရှိသည် သော်လည်း ချန်းပေ့ရွှမ်း၏ ဒေါသကိုမူ မခံယူရဲချေ။ ချန်းပေ့ရွှမ်းကား ဂျပန် စစ်တပ်ကြီး တစ်ခုလုံးကိုပင် ဖြိုခွင်းခဲ့သူ ဖြစ်သည်။

သူတြို အားလုံး ပေါင်းတိုက်လျှင်ပင် ချန်းပေ့ရွှမ်းအား အနိုင်ယူရန် မသေချာပေ။ ချန်းပေ့ရွှမ်းမှာ တန်ခိုးရှင် အဆင့်ဟုပင် ကောလာဟလ ထွက်နေသူ ဖြစ်ရာ သူ၏ အစွမ်းမှာ မခန့်မှန်း နိုင်လောက်အောင်ပင် ဖြစ်သည်။

"ငါတို့ ဘာလုပ်သင့်လဲ ...”

တစ်ယောက်က ခပ်တိုးတိုးလေး မေးလိုက်သည်။

"စိတ်မပူနဲ့ ... ငါတို့ဘက်က ပုဂ္ဂိုလ်ကြီးတွေ မရောက်သေးဘူး ...”

ကားလ်က စိတ်များကို စုစည်းရင်း ပြန်ဖြေလိုက်၏။

လူတိုင်းကလည်း သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။ မြေအောက် လောက၏ သခင်ကြီး သုံးဦးကား အမှောင်ကမ္ဘာကို ဆယ်စုနှစ်များစွာ အုပ်စိုးခဲ့သူများ ဖြစ်သည်။ အကယ်၍ ထိုပုဂ္ဂိုလ်ကြီး သုံးဦးသာ ရောက်ရှိလာပါက ချန်းပေ့ရွှမ်းအား ကြောက်စရာ မလိုတော့ချေ။

လူတိုင်းက ချိုင့်ဝှမ်း ဝင်ပေါက်ရှိရာသို့ မျှော်လင့်တကြီး ကြည့်ရင်း စောင့်နေခဲ့ ကြတော့သည်။ သိပ်မကြာခင်မှာပင် လူပုံရိပ် သုံးခုက သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လာ ကြတော့သည်။

ပထမ တစ်ယောက်က သာမန်ဆန်သော အဘိုးအို တစ်ယောက်ဖြစ်ပြီး ဒုတိယ တစ်ယောက်မှာ မှော်ဆရာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ တတိယ တစ်ယောက်မှာမူ ရွှေဝါရောင် ဆံပင်နှင့် ချောမောသော လူငယ်လေး ဖြစ်သည်။ သူတို့ သုံးယောက်ကား ဧဒင်၊ အရူးနှင့် ဇူးရပ်ပင် ဖြစ်တော့၏။

ထိုသုံးယောက် ပေါ်ထွက်လာသည်နှင့် ရန်ချင်ဟူ၏ မျက်နှာပေါ်မှ အပြုံးများ ကွယ်ပျောက် သွားတော့သည်။

"မဖြစ်နိုင်တာ…."

***

All Chapters