← Chapters

တိုက်ခိုက်ခြင်း

Vol. 5 Ch. 413

တိုက်ခိုက်ခြင်း

Vol. 5 Ch. 413

"သူတို့ ဒီကို ဘယ်လို ရောက်လာတာလဲ ...”

ရန်ချင်က ခြောက်ကပ်နေသော လည်ချောင်းအတွင်းသို့ တံတွေး မျိုချလိုက်၏။

ထိုအမှောင်ကမ္ဘာ၏ သခင်ကြီး သုံးယောက်မှာ မြေအောက် လောကကို နှစ်ပေါင်းများစွာ အုပ်စိုးနိုင်ခဲ့ သူများ ဖြစ်ကြသည်။ သူတို့၏ နာမည် ဂုဏ်သတင်းများကား ကမ္ဘာ တစ်ဝန်းလုံးထိပင် ဖြန့်ကြက်ထား နိုင်ကြ၏။

ဧဒင် …

အရူး …

မိုးကြိုးသခင် ဇူးရပ် …

ရန်ချင်ဟူ၏ စိတ်နှလုံးကား မထိန်းချုပ် နိုင်အောင် တုန်လှုပ် နေတော့၏။ ထိုကဲ့သို့သော အင်အားစုက တန်ခိုးရှင် အဆင့်ကိုပင် ခေါင်းကိုက်စေ နိုင်လောက်သည်။

"ဆရာကြီးချန်း အဆင်ပြေပါ့ မလား"

ရန်ချင်ဟူက ချန်းဖန်အား စိုးရိမ်စွာ လှမ်းကြည့် လိုက်မိသည်။ ချန်းဖန်မှာ အလွန် အစွမ်း ထက်သည့်တိုင် အမှောင်ကမ္ဘာ ထိပ်သီး ပုဂ္ဂိုလ်ကြီး သုံးဦးမှာလည်း အားမနည်းချေ။ ထိုသုံးယောက် အပြင် အခြား အထွတ်အထိပ် ပညာရှင် များစွာမှာလည်း ရှိသေးသည်။

"ချန်းပေ့ရွှမ်း ... အသက်ဓာတ် ကောင်းကင်ရေ အတွက် ကျုပ်တို့ မင်းနဲ့ မတိုက်ခိုက်ချင်ဘူး။ မင်းက ဒီနေရာမှာ အစွမ်း အထက်ဆုံး ဆိုတော့ ကျုပ်တို့က မင်းကို ဝေစု အများဆုံး ပေးမယ် ...”

အရူးက ရှေ့သို့ အနည်းငယ် တိုးလာရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

"စည်းကို မကျော်နဲ့ ... ကျော်တဲ့သူ သေရမယ် ...”

ချန်းဖန်က မျက်လုံးများအား နောက်တစ်ကြိမ် ဖွင့်ရင်း ပြောလိုက်၏။

"ချန်းပေ့ရွှမ်း ... မင်းက အရှုံး သေချာနေတဲ့ တိုက်ပွဲကို တိုက်ချင်နေတာပဲ ... ငါတို့ကို အနိုင်ယူဖို့ မျှော်လင့် နေတာလား"

ဇူးရပ်၏ အသံက ပေါက်ကွဲသံ ကဲ့သို့ ဟိန်း၍ ထွက်ပေါ်လာသည်။

"အချိန်ဖြုန်း မနေနဲ့ ... သူ့ကို သတ်ပစ်လိုက်ကွာ ...”

ဧဒင်၏ မျက်နှာက ခက်ထန်လာပြီး မျက်လုံးများက ရွှေရောင်တောက်ပ လာသည်။

"ကောင်းပြီ ... ဒီနေ့ ကျုပ်တို့ သုံးယောက်က တန်ခိုးရှင် အဆင့်ကို ဘယ်လို သတ်ရမလဲ ဆိုတာ သင်ပြပေး ပါမယ် ...”

အရူးကလည်း ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။

ဤနေရာတွင် ရှိနေသော အသက်ဓာတ် ကောင်းကင် ရေများကား ဆယ်တန်ခန့် အထိပင် ရှိရာ အရှင်သခင် စစ်တပ်ကြီး တစ်ခုကိုပင် ဖန်တီးရန် လုံလောက်သည်။ ထို့ကြောင့် သူတို့ လွယ်ကူစွာ လက်မလျှော့နိုင်ချေ။ အတားအဆီး မှန်သမျှကို ချိုးဖျက် ပစ်ရမည် ဖြစ်သည်။

တိုက်ခိုက်တော့မည့် အမှောင်ကမ္ဘာ၏ သခင်ကြီး သုံးယောက်ကို ကြည့်ရင်း ကားလ်နှင့် အခြား လူများ၏ မျက်နှာများကား ပြုံးရွှင်လာ ကြတော့သည်။ ထိုသခင်ကြီး သုံးယောက်သာ ပူးပေါင်း တိုက်ခိုက်ပါက ချန်းပေ့ရွှမ်း မည်သို့မျှ ခုခံနိုင်မည် မဟုတ်ချေ။

"ချန်းပေ့ရွှမ်းက အရူးပဲ ... စစ်တပ်ကို အနိုင်ယူနိုင် တာနဲ့ပဲ အမှောင်ကမ္ဘာ တစ်ခုလုံးကို စိန်ခေါ်နိုင်မယ်လို့ သူထင်နေတာလား မသိဘူး ... ဟမ့်…. ငါတို့ အားလုံးသာ ပေါင်းလိုက်ရင် ဂျပန် စစ်တပ်တစ်ခု မပြောနဲ့ ... အမေရိကန် စစ်တပ်ရင်း တစ်ခုကိုတောင် အနိုင်ယူနိုင်တယ် ...”

အမှောင်တိုက်တန်က နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်သည်။

အခြားသော ပညာရှင်များမှာလည်း ချန်းဖန်အား ကြည့်ရင်း ခေါင်းကိုသာ ခါယမ်း နေမိသည်။ တန်ခိုးရှင် အဆင့် တစ်ယောက်ပင် ဤအခြေအနေမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

"ငါ သူ့ကို အရင် စမ်းသပ်ကြည့်မယ် ...”

ဇူးရပ်က လျှပ်စီးကြောင်း တစ်ခု အသွင် ပြောင်းလဲကာ ချန်းဖန်ထံသို့ တိုးဝင်လာသည်။

ချန်းဖန်က ထိုင်ရာမှ ဖြည်းညင်းစွာ ထလိုက်၏။ ထိုသုံးယောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင် လှိုင်းများအရ ထိုပုဂ္ဂိုလ်များမှာ မည်သူဖြစ်ကြောင်း ချန်းဖန် ခန့်မှန်းမိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူ၏ နောက်ကျောတွင် သန္ဓေ အမြုတေ သစ်သီး ရှိနေရာ ချန်းဖန် နောက်မဆုတ်နိုင်ချေ။

ဇူးရပ်က ချန်းဖန် တားထားသော စည်းအား မမြင်တွေ့သည့် အလား ဖြတ်ကျော် လာခဲ့သည်။ ချန်းဖန်နှင့် ဆယ်မီတာခန့် အကွာသို့ ရောက်သည်နှင့် သူက လျှပ်စီးတန်း တစ်ခုကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ ထိုလျှပ်စီးက တဖြည်းဖြည်း ရှည်လျားလာကာ လှံတံ တစ်ခု အသွင် ဖြစ်တည်လာသည်။ ဇူးရပ်က လှံတံကို ကိုင်တွယ်ရင်း ချန်းဖန်ထံ ထိုးချိန်လိုက်သည်။ သူ၏ အသွင်အပြင်ကား ပန်းချီကားထဲမှ မိုးကြိုး နတ်ဘုရား တစ်ဦးလိုပင်။

လျှပ်စီးလှံ လက်နက်က အာကာသ ဆယ်နေရာသို့ တစ်ခဏ အတွင်း ပြည့်သိပ်သွားကာ မိုးကြိုးများကို ဖန်ဆင်းသည်။ ထိုမိုးကြိုးများက နေရာ ပေါင်းစုံမှနေ၍ ချန်းဖန်ထံ လျင်မြန်စွာ တိုးဝင် သွားတော့၏။

"အထင်ကြီးလောက် စရာပဲ ... မိုးကြိုးသခင် ဆိုတဲ့ နာမည်နဲ့ လိုက်ဖက် ပါပေတယ် ...”

လေသခင် ဟူကျောင်းရှို့က ဇူးရပ်အား ကြည့်ရင်း မှတ်ချက်ချ လိုက်သည်။ သူက သက်ပြင်း တစ်ချက်ချရင်း ချန်းဖန်၏ တုံ့ပြန်ပုံကို စောင့်ကြည့်လိုက်သည်။

ချန်းဖန်ကမူ ထိုတိုက်ခိုက်မှုအား ဂရုစိုက်ပုံ မရချေ။ မိုးကြိုးများ မရောက်လာ ခင်မှာပင် သူက လက်သီးတစ်ချက် ထိုးလိုက်သည်။ ခဏ အတွင်းမှာပင် အဇူရာလက်သီး အလင်းတစ်ခု သူ့လက်မှ ပေါ်ထွက်လာကာ မိုးကြိုးများကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

"ဘန်း ...” အဇူရာ လက်သီး အလင်းနှင့် မိုးကြိုးများ ထိပ်တိုက်တွေ့ရာ ကျယ်လောင်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ထိုပေါက်ကွဲမှုက ပတ်ဝန်းကျင် ဆယ်မီတာခန့်ကို ပြင်းထန်စွာ ရိုက်ခန်သည်။

"သူက အရမ်း အစွမ်းထက်တာပဲ ...”

နှင်းမုန်တိုင်း ခေါင်းဆောင် ကက်သရင်းက ထိုမြင်ကွင်းအား ကြည့်ရင်း ရေရွတ်လိုက်သည်။

သူမ၏ အကြည့်များ အောက်တွင်မူ မိုးကြိုးဘုရင် ဇူးရပ်က လှံတံများကို ထပ်မံ ဖန်ဆင်းရင်း ချန်းဖန်ထံ ပစ်လွှတ် လိုက်ပြန်သည်။

"ဟမ့် ...”

ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ၏ အမူအရာမှာမူ မိုးကြိုး လှံတံများ၏ အားနည်းမှုကြောင့် ပျင်းရိနေပုံပင် ရသည်။

သူက မိုးကြိုး ထိန်းချုပ်ခြင်း နည်းစနစ်ကို လက်နှစ်ဖက်ဖြင့် ပုံဖော်လိုက်သည်။ ချန်းဖန်၏ တစ်ဖက် တစ်ချက်၌ လေပွေဝဲ နှစ်ခု ပေါ်လာကာ အဇူရာရောင် နဂါး နှစ်ကောင် ထွက်ပေါ်လာသည်။

ခဏအတွင်းပင် အဇူရာ နဂါး နှစ်ကောင်က တစ်ခုတည်းသို့ ပေါင်းစည်းကာ မိုးကြိုးလက်နက် အသွင်သို့ ဆောင်သည်။ ထို မိုးကြိုး လက်နက်က ဇူးရပ်၏ လှံများထက် ပိုမို သိပ်သည်း၊ သန့်စင်ပုံရကာ နတ်ဘုရား၏ အစစ်အမှန် လက်နက် အလား ထင်ရစေသည်။

ချန်းဖန်က လက်ကို ဆန့်ထုတ်၍ မိုးကြိုးလက်နက်ကို ကိုင်လိုက်သည်။ မိုးကြိုး လက်နက်ထဲမှ အတိုင်းမရှိ များပြားသော လျှပ်စီး စွမ်းအားများက သူ၏ လက်များမှ တစ်ဆင့် ခန္ဓာကိုယ်နှင့် ပေါင်းစည်းနေရာ ချန်းဖန်၏ ပုံစံမှာလည်း နတ်ဘုရား တစ်ပါးအသွင် ပြောင်းလဲလာ၏။

ချန်းဖန်က သူ၏ ခန္ဓာကိုယ်ကို နောက်သို့ ကွေးညွတ်လိုက်သည်။ သူ၏ ကျောရိုးက လေးကိုင်း သဖွယ် ကိုင်းညွတ်သွားကာ လက်များက လေးကြိုးများ အသွင်ဖြင့် မိုကြိုးလက်ကို ကိုင်ဆောင်ထားသည်။

"ဘုန်း ...”

ချန်းဖန်က သူ၏ ခန္ဓာကိုယ်အား ဖြေလျှော့ရင်း မိုးကြိုး လက်နက်ကို ပစ်လွှတ်လိုက်၏။

မိုးကြိုးက အလွန်အမင်း သန့်စင်သော လျှပ်စီး စွမ်းအားကို သယ်ဆောင်ရင်း လေထုအား အသံထက် နှစ်ဆမြန်သော နှုန်းဖြင့် ဖြတ်သန်းသွားသည်။

ထိုတိုက်ခိုက်မှုကို တွေ့သည်နှင့် ဇူးရပ်က နောက်သို့ အလျင်အမြန် ဆုတ်သည်။ ထိုတိုက်ခိုက်မှုက ထိုက်တိုက် ရင်ဆိုင်နိုင်သော အရာ မဟုတ်ချေ။

"ဘုန်း ...”

မိုးကြိုးက လှံတံများကို တိုက်ရိုက်ပင် ဖြတ်သန်းကာ ဇူးရပ် ရပ်တန့်ခဲ့သည့် နေရာကို ကျသည်။ မြေပြင်က ကျယ်လောင်စွာ ပေါက်ကွဲရင်း သုံးမီတာခန့် ကျယ်သော အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာကား အမြောက်ဆန် တစ်ခု ကျရောက် ပေါက်ကွဲသွားသည့် အတိုင်းပင်။

"ချီးပဲ ...”

ဇူးရပ်က မျက်နှာပေါ်သို့ လွင့်စဉ်ကျ လာသည့် ဖုန်မှုန့်များအား သပ်ချရင်း ရေရွတ်လိုက်၏။

သူကား ကမ္ဘာ တစ်ဝန်းလုံး၌ လှည့်ပတ်ကာ တိုက်ပွဲများစွာ တိုက်ခဲ့ဖူးသည်။ သို့သော်လည်း အမေရိကန် စစ်တပ်နှင့် ရင်ဆိုင်ချိန်၌ပင် ယခုလောက် အကျပ် မတွေ့ခဲ့ချေ။

ဇူးရပ်က လျှို့ဝှက် နည်းစနစ် တစ်ခုကို အသက်သွင်းကာ လျှပ်စီးများကို ဆင့်ခေါ် လိုက်ပြန်သည်။ ထိုလျှပ်စီးများက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ် ယှက်နွယ်သွားကာ ဇူးရပ်အား အစစ်အမှန် မိုးကြိုး နတ်ဘုရား အလား ဖန်ဆင်းသည်။ သူက မူလထက် ဆယ်ဆခန့် ပိုမိုသော အမြန်နှုန်းဖြင့် ချန်းဖန်ထံ ပြေးဝင်သွား၏။

"ဒါက မိုးကြိုး ဝိညာဉ် ခန္ဓာမလား ...”

ချန်းဖန်က ထိုမြင်ကွင်းအား ကြည့်ရင်း အနည်းငယ် ဆွံ့အသွားသည်။ ဤကမ္ဘာပေါ်၌ မိုးကြိုး ဝိညာဉ် ခန္ဓာကို ဖန်ဆင်းနိုင် လောက်သည် အထိ အစွမ်းထက်သူ ရှိလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ချေ။

သို့သော်လည်း ချန်းဖန်ကမူ စိုးရိမ်စိတ် မဖြစ်မိပေ။ သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာ စကြဝဠာ၏ အစွမ်းအထက်ဆုံး နတ်ဘုရား ခန္ဓာကိုယ် ဖြစ်သည်။ မိုးကြိုးဝိညာဉ် ခန္ဓာကိုယ်က မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

ချန်းဖန်က မိုးကြိုး နတ်ဘုရားအသွင် ဇူးရပ်ကို ထိပ်တိုက်ပင် ရင်ဆိုင်ရန် ပြင်လိုက်သည်။ အဇူရာ အလင်း တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာကာ မိုးကြိုး နတ်ဘုရားထံ ပြေးဝင်သွား၏။

"ဘန်း ...”

ဘေးမှ ကြည့်နေသော လူများမှာမူ အလင်း နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည် ဟုသာ မြင်တွေ့လိုက် ရသည်။ တစ်ခုက အဇူရာအလင်း ဖြစ်ကာ အခြား တစ်ခုမှာမူ လျှပ်စီးအလင်း ဖြစ်သည်။

"ဇူးရပ်က တကယ် အစွမ်းထက်တာပဲ ...”

အမှောင်ကမ္ဘာမှ ပညာရှင်များစွာက ရေရွတ်လိုက်သည်။ သို့သော်လည်း ဧဒင်နှင့် အရူးတို့၏ မျက်နှာများမှာမူ သိသိသာသာပင် ပျက်ရွင်း နေကြသည်။ ယခု တိုက်ပွဲ၌ ဇူးရပ်မှာ သူ၏ အစွမ်း အထက်ဆုံး ပညာရပ်ကို သုံး၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းအား အထက်စီး ရပုံ မပေါ်ချေ။

"ငါကူညီပေးမယ် ...”

အဇူးက အော်ဟစ်လိုက်ရင်း တိုက်ပွဲအတွင်း ပြေးဝင် သွားတော့သည်။

***

All Chapters