← Chapters

သုံးယောက် တစ်ယောက်

Vol. 5 Ch. 414

သုံးယောက် တစ်ယောက်

Vol. 5 Ch. 414

"ဘန်း ...”

ချန်းဖန်၏ လက်သီးများက ကိုးကြိမ်တိုင်တိုင် ပြောင်းလဲကာ ဇူးရပ်အား တိုက်ခိုက်လိုက်သည်။ ဇူးရပ်က ခုခံရန် ကြိုးစားသည့်တိုင် ချန်းဖန်၏ လက်သီးက ဇူးရပ်၏ လက်မောင်းများ ဖြတ်ကျော်ကာ ရင်ဘတ်သို့ တည့်တည့်ကျသည်။

ဇူးရပ်က နောက်သို့ ဆုတ်ရင်း ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်

"ဘယ်လို သိုင်းပညာမျိုး လဲဟ ..."

'မိုးကြိုးနတ်ဘုရား အသွင်' နည်းစနစ်ကို သုံးပြီးနောက် သူ့ထက် မြန်နိုင်သူ ဤကမ္ဘာ၌ ရှိတော့မည် မဟုတ်ဟု သူထင်မှတ် ထားခဲ့သည်။ သို့သော်လည်း ချန်းဖန်က သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်း နိုင်ခဲ့သည့် အပြင် တန်ပြန်ပင် တိုက်ခိုက် လိုက်သေးသည်။

ချန်းဖန်က ဇူးရပ်အား အနားယူရန် အချိန် မပေးချေ။   ဒုတိယ လက်သီးချက် တစ်ခုကို ထပ်မံ ပစ်လွှတ်လိုက်သည်။ ထိုလက်သီးက တောင်ကြီးတစ်တောင် ကဲ့သို့ အားအင်ကို သယ်ဆောင်ကာ ဇူးရပ်ထံ တိုးဝင် သွားတော့၏။ ထိုတိုက်ခိုက်မှုအား ခုခံရန် ဇူးရပ်တွင် ယုံကြည်ချက် မရှိတော့ချေ။ သူက အရှုံးပေးရန် ဟန်ပြင် လိုက်စဉ်မှာပင် နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ကိုယ့်ကိုယ်ကိုယ် ကာကွယ် ...”

အသံနှင့် အတူ လေကြမ်း တစ်ခုက ဇူးရပ်၏ အနားသို့ ဖြတ်သန်း တိုက်ခိုက်သွား၏။ ထိုလေကြမ်းက ဇူးရပ်၏ ရှေ့သို့ ရောက်သည်နှင့် စွမ်းအား တစ်ခု အသွင် ပြောင်းလဲကာ ချန်းဖန်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

ချန်းဖန်၏ တိုက်ခိုက်မှုက ထိုစွမ်းအားကို ဖောက်ထွင်းကာ ဇူးရပ်ထံသို့ တိုးဝင်လာသည်။ သို့သော်လည်း ထိုအတော အတွင်းမှာပင်

ဇူးရပ်က 'မိုးကြိုး နတ်ဘုရား အသွင်' နည်းစနစ်ကို အသက်သွင်းကာ နောက်သို့ မီတာများစွာ ဆုတ်လိုက်၏။

"နောက်တစ်ယောက်လား ..."

ချန်းဖန်က အရူးထံသို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။ ရင်ဆိုင်ရမည့် ပညာရှင် အရေအတွက် တိုးလာသော်လည်း ချန်းဖန်၏ အမူအရာက ပြောင်းလဲခြင်း မရှိချေ။

"ဟမ့် ..."

ချန်းဖန်က နှာခေါင်းရှုံ့ရင်း မြေပြင်အား ဖနောင့်ဖြင့် ပေါက်လိုက်သည်။ မြေပြင်ရှိ နှင်းများက လေထဲသို့ ကြွတက်လာကာ တဖြည်းဖြည်း ပေါင်းစည်းသွားသည်။ ခဏ အတွင်းမှာပင် နှင်းများကား အပြာရောင် ဆောက်တစ်ခု အသွင် ဖြစ်တည်လာ၏။

ထိုဆောက်က မီတာဝက်ခန့် ရှည်လျားကာ ခရိုင်စတယ် အလား ကြည်လင်နေ၏။ ဆောက်၏ အဖျားပိုင်းမှာမူ အလွန် ထက်မြက် စူးရှနေပြီး အလင်းရောင် တောက်ပနေသည်။

အရူးက ထိုမြင်ကွင်းအား ကြည့်ရင်း လက်ထဲမှ မှော်တုတ်တံကို ဝှေ့ယမ်းလိုက်၏။

"ထစမ်း ...”

သူ၏ လက်ထဲရှိ မှော်တုတ်တံက တဖြည်းဖြည်း ရှည်လျားလာကာ နွယ်ပင်တစ်ပင် အလား ဖြစ်တည်လာပြီး ရေခဲ ဆောက်အား ခုခံရန် ပြင်သည်။

ရေခဲဆောက်က အဆုံးမရှိသော ထက်ရှမှုကို သယ်ဆောင်ကာ နွယ်ပင်အား ဖြတ်တောက်သည်။ မှော်တုတ်တံကလည်း ရပ်တန့်မည့်ဟန် မရသော နွယ်ပင်များကို ထပ်မံ ထုတ်လွှတ်ကာ ပြတ်သွားသော နွယ်ပင်များ နေရာသို့ အစားထိုးသည်။ သို့သော်လည်း ရေခဲဆောက်၏ ထက်မြက်မှုများ အောက်၌ နွယ်ပင်များကား အသုံးမဝင်ချေ။

"အိုးမိုင်ဂေါ့ ...”

အရူး၏ နောက်ကျော တစ်ခုလုံးကား ချွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။ သူ၏ နွယ်ပင်များမှာ ပျော့ပျောင်းဟန် ရသည့်တိုင် စတီးကဲ့သို့ မာကျောသော အရာများ ဖြစ်သည်။ သို့သော်လည်း ရေခဲဆောက် အတွက်မူ ဖယောင်းနှင့် ခြားနားပုံ မရချေ။

"ရှေ့ဟောင်း ဒူးရစ်ဂိုဏ်းရဲ့ သစ်ပင်ထိန်းချုပ် ပညာ ... အရူးရဲ့ မှော်တုတ်တံက ရှေ့ဟောင်း ဒူးရစ်ဂိုဏ်းရဲ့ ဝက်သစ်ခြကိုင်း ဖြစ်နေလိမ့်မယ်လို့ မထင်မိဘူး ...”

ကက်သရင်းက ထိုမြင်ကွင်းအား ကြည့်ရင်း ရေရွတ်လိုက်၏။

သူမ ရေရွတ်နေစဉ်မှာပင် ဝက်သစ်ခြ ကိုင်းများမှ လူခေါင်းခန့် ရှိသော အသီးများ တဖြည်းဖြည်း ကြီးထွားလာ၏။ အကိုင်းများက လှုပ်ရှား သွားသည်နှင့် အသီးများက အညှာများ ပြုတ်ထွက်ကာ ချန်းဖန်ထံ တစ်ဟုန်တည်း ပြေးဝင်သွားသည်။

ထိုအသီးများမှာ အလွန် လျင်မြန်သော နှုန်းကို သယ်ဆောင်ကာ ချန်းဖန်ထံ ဘက်ပေါင်းစုံမှ ဝင်ရောက် တိုက်ခိုက်လိုက်သည်။ အကယ်၍ ထိုအသီးနှင့်သာ ထိတွေ့ပါက ကျောက်တုန်းပင် အပေါက် ဖြစ်သွားနိုင်သည်။

"အရူးက တကယ်ပဲ ဂုဏ်သတင်းနဲ့ လိုက်ဖက်တယ်။ ဒီလို တိုက်ခိုက်မှုမျိုးကို သူက လွဲပြီး ဘယ်သူမှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ..."

လူများစွာက တွေးရင်းဖြင့် ချန်းဖန်အား ကြည့်လိုက်ကြသည်။

ထိုတိုက်ခိုက်မှုအား ချန်းပေ့ရွှမ်း မည်သို့ တားဆီးမည်နည်း။

သို့သော်လည်း ချန်းဖန်ကမူ တစ်ဇွတ်ထိုး ဝင်လာသော အရာများအား ဂရုစိုက်ဟန် မရချေ။ သူက ခန္ဓာကိုယ် တစ်ဝိုက်၌ အဇူရာ အလင်းများအား ဖော်ထုတ်ကာ ထိုအရာများအား တားဆီးလိုက်၏။

"မင်းက ရေခဲဆောက်ကို တားထားနိုင်တာပဲ။ ရေခဲဆောက် ဆယ်ခုကို မင်းတားနိုင်မလား ကြည့်ရ သေးတာပေါ့ ...”

ချန်းဖန်က ရယ်မောရင်း မြေပြင်အား ဆောင့်နင်း လိုက်ပြန်သည်။

"နိုးထ ...”

သူက လက်နှစ်ဖက် စလုံးအား ဆန့်တန်းကာ လက်ချောင်းများကို ပွင့်အာနေသော ကြာပန်းအသွင် ဖြန့်ကြက်လိုက်၏။ လက်ဆယ်ချောင်းလုံးမှ အဆုံး မရှိသော စွမ်းအားများစွာ ပေါက်ကွဲ ထွက်လာပြီး နှင်းများနှင့် ပေါင်းစည်းကာ ရေခဲဆောက် ဖြစ်တည်လာသည်။ ထိုရေခဲဆောက်များက အရှိန်ပြင်းစွာ လည်ပတ်ရင်း အရူးထံ ဘက်ပေါင်းစုံမှ တိုးဝင်သွားသည်။

"အိုးမိုင်ဂေါ့ ... သူ အစီအရင် ခင်းတာ မြန်လိုက်တာ ...”

အရူး၏ မျက်နှာက မည်းမှောင်သွားသည်။

"ဒါက တန်ခိုးရှင် အဆင့် တစ်ယောက်ရဲ့ စွမ်းအားလား ...”

သို့သော်လည်း သူ့တွင် အဖြေရှာရန် အချိန် မရှိပေ။ အရူးက သင်္ကေတ တစ်ခုကို ရေးဆွဲရင်း လျှို့ဝှက် ပညာရပ် တစ်ခုကို ဖော်ထုတ်သည်။ ရုတ်တရက် မြေကမ္ဘာ နံရံများ ပေါ်ထွက်လာကာ ရေခဲဆူးချွန်များ၏ လမ်းကို ပိတ်ပင် တားဆီးသည်။

ပထမ နံရံ …

ဒုတိယ နံရံ …

တတိယ နံရံ …

***

သတ္တမ နံရံ

သို့သော်လည်း ရေခဲဆောက်များက နံရံ ခုနစ်ခု စလုံးအား ဖောက်ထွင်းကာ နွယ်ပင်များထံ တိုးဝင် ခုတ်ဖြတ်သည်။ နံရံ ခုနစ်ခုအား ဖြတ်သန်း ပြီးချိန်၌  ရေခဲဆောက် သုံးခုသာ ကျန်တော့သည့်တိုင် သူတို့၏ ထက်မြက်မှုများက အားလျော့သွားခြင်း မရှိသေးချေ။

ရေခဲဆောက်များက နွယ်ပင်များအား ဖြတ်ပိုင်းပြီး အရူးထံသို့ ဘက်ပေါင်းစုံမှ တိုးဝင်လာသည်။ ထိုအချိန်မှာပင် အရူး၏ လည်ပင်းမှ ဆွဲထားသော လည်ဆွဲက အပြာရောင်များ တောက်ပလာကာ အရူးအား ကာကွယ်သည်။ ရေခဲဆောက်များကား အပြာရောင် အလင်းနှင့် ထိုတွေ့သည်နှင့် အပိုင်းပိုင်း အစစ ပေါက်ကွဲကာ နှင်းမြူများ အဖြစ် ပြန်လည် ပြောင်းလဲ သွားတော့၏။ တစ်ချိန်တည်းမှာပင် အရူး၏ လည်ဆွဲမှုလည်း ပေါက်ကွဲကာ ပျက်စီးသွားသည်။

"ဒီလည်ဆွဲက ငါ့အသက်ကို ရင်းပြီးမှ ရလာတဲ့ ပစ္စည်းပဲ ... လည်ဆွဲထဲမှာ ပါတဲ့ အစီအရင်က အမြောက်နဲ့တောင် တိုက်ရိုက် ရင်ဆိုင်နိုင်တယ် ... ဒါပေမဲ့ ချန်းပေ့ရွှမ်းက တိုက်ကွက် တစ်ခုနဲ့တင် လည်ဆွဲကို ဖျက်ဆီး လိုက်နိုင်တယ် ... သူက ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ ...”

အရူးက စိတ်ထဲ ကျိတ်၍ တွေးလိုက်သည်။

ထိုစဉ်မှာပင် ဇူးရပ်က ချန်းဖန်ထံသို့ တိုးဝင်ကာ တိုက်ခိုက်ပြန်သည်။ အရူးမှာလည်း သူ၏ စိတ်များအား စုစည်းကာ ဇူးရပ်နှင့် ပူးပေါင်းလိုက်သည်။

ချန်းဖန်၏ လက်သီးချက်တိုင်းက ဇူးရပ်အား ဘောလုံး တစ်လုံးနှယ် လွင့်စဉ် သွားစေသည်။ အခြား တစ်ဖက်တွင်လည်း ရေခဲဆောက်များ၊ မီးများ၊ ချီဓားများကို ဖော်ထုတ်ကာ အရူးအား အရပ်မျက်နှာ ပေါင်းစုံမှ တိုက်ခိုက်သည်။

အရူး၏ ရှေ့မှ ကာကွယ်ပေးနေသော ဝက်သစ်ခြ နွယ်ပင်များမှာမူ အပေါက်များဖြင့် ပြည့်နေပြီး ပင်စည်မှာလည်း တစ်ဝက်ပင် ပြတ်တော့မည် ဖြစ်သည်။ အရူးက ခံစစ်ကိုသာ ဦးစားပေး၍ ချန်းဖန်၏ တိုက်ခိုက်မှုများအား ခုခံနေသည့်တိုင် ချွေးအလိမ်းလိမ်း ထွက်နေတော့၏။

အဆိုးဆုံး အရာကား ချန်းပေ့ရွှမ်းမှာ သူ၏ နာမည်ကျော် 'အသံထက် မြန်သော လက်သီး' ကို မဖော်ထုတ် ရသေးခြင်းပင်။

"နှစ်ယောက် တစ်ယောက် တိုက်ခိုက် နေတာတောင် အထက်စီးက နေနိုင်သေးတာပဲ။ သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက် နေရတာလဲ"

ဟူကျောင်းရှို့နှင့် အခြား လူများကား မယုံကြည်နိုင်အောင် ဖြစ်နေကြတော့၏။

"ဖောင်း ...”

ထိုအချိန်မှာပင် ချန်းဖန်၏ ကန်ချက်က ဇူးရပ်အား နောက်တစ်ကြိမ် ထိမိ သွားပြန်သည်။ ဇူးရပ်ကား မီတာငါးဆယ်ခန့် အထိ လွင့်စဉ် သွားပြီးမှသာ အရှိန်ထိန်းနိုင် လိုက်သည်။ သူက လဲကျနေရာမှ ကုန်းရုန်းထကာ အော်ဟစ်လိုက်၏။

"ဧဒင် ... လာကူပါဦးဟ ... မင်းက ငါတို့ သေတာကို မြင်ချင်နေ တာလား ...”

ဇူးရပ်၏ စကားအား ကြားသည်နှင့် ဧဒင်က ရှေ့သို့ ထွက်လိုက်သည်။ လူတိုင်းက သူ့အား စိတ်ဝင်တစား ကြည့်မိကြသည်။ အမှောင်ကမ္ဘာ၏ စွမ်းအား အကြီးဆုံး ဘုရားသားတော် ဧဒင် တိုက်ခိုက်ပေ တော့မည်။

"ဝှစ် ...”

ဧဒင်၏ နောက်ကျော၌ သန့်စင်သော ချီစွမ်းအင်ဖြင့် ဖန်ဆင်းထားသော အတောင်ပံ နှစ်ခု ပေါ်ထွက်လာသည်။ အတောင်ပံ တစ်ခုချင်းစီက ခြောက်ပေခန့် ရှည်လျားကာ ထက်ရှ ကြမ်းတမ်းသော အမွေးများဖြင့် ဖုံးအုပ်ထားသည်။

သူက အတောင်ပံများကို ဖြန့်ကြက်ရင်း ကောင်းကင်သို့ မီတာ နှစ်ဆယ်ခန့် အထိ ပျံတက်လိုက်သည်။ သူ၏ အသွင်ကား သမ္မာကျမ်းစာများ ထဲမှ နတ်ဘုရား တစ်ပါး အလား ထည်ဝါလှ၏။ ဧဒင်က ကောင်းကင်မှ နေ၍ မြေပြင်သို့ ငုံ့ကြည့်လိုက်သည်။

"သုံးယောက် တစ်ယောက် ... ဟဟ ... ရပါတယ် ...”

ချန်းဖန်က ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများကမူ တောက်ပ လင်းလက်နေကာ ပြင်းထန်သော တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေပုံ ရသည်။

***

All Chapters