ဆန်းကြယ်သော ပျက်စီးမှုများ
Vol. 7 Ch. 87
ဂျွန်နီနှင့် သူ့အဖွဲ့သည် ရွမ်းကို ဘယ်သတ္တဝါက သတ်ခဲ့တာလည်းဆိုတာ သိဖို့ လျို့ဝှက်ကင်မရာများမှတဆင့် ရှာဖွေဖော်ထုတ်လိုခဲ့ကြသည်။ သို့သော် ရလဒ်မှာ အလွန်စိတ်ပျက်ဖွယ် ကောင်း၏။
ဖန့်ရန်သည် မိကျောင်းအုပ်စု၏ ဘေးတွင် ဖုံးကွယ်ထားသော ကင်မရာများ ရှိနေသည်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်လေသည်။
ဧရာမမိကျောင်းကို မျိုချပြီးနောက်တွင် ၎င်းတို့ကို မည်ကဲ့သို့ ဖျက်ဆီးရမည်ကို အချိန်အတော်ကြာအောင် သူ စဉ်းစားခဲ့သည်။
အမဲလိုက်နေစဉ် ၎င်းကင်မရာများကို သူ တွေ့ခဲ့ခြင်း ဖြစ်သည်။
ထို့အတွက်ကြောင့် ဖန့်ရန်သည် ဧရာမမိကျောင်းကို မြေပြင်ပေါ်တွင် အမဲမလိုက်ဘဲ ရေအောက်တွင်သာ အမဲလိုက်ရန် ရွေးချယ်ခဲ့သည်။
အနီးနားက မိကျောင်းအုပ်စုကိုပင် တစ်စုံတစ်ယောက်က စောင့်ကြည့်နေတယ်လို့ သူ သံသယရှိနေသည်။
ယခုအချိန်တွင် သူ့ကိုသာ တွေ့သွားခဲ့ပါက လူအများအပြားသည် တုန်လှုပ်သွားကာ သုတေသီများစွာကပင် သူ့ကို လိုက်လံရှာဖွေ လေ့လာကြပေမည်။
ဒီလိုသာ ဖြစ်ပျက်လာခဲ့လျှင် သေချာပေါက် သူထွက်သွားရလိမ့်မည်။
သူ့တွင် လက်နက်ကိုင် လူသားများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းအားမရှိသေးချေ။
သူသည် သေနတ်ငယ်များကိုသာ အများဆုံး ခုခံနိုင်သေးသည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ပျက်လာခဲ့ပါလျှင် ၎င်းတို့ ကိုင်ဆောင်လာမည့် သေနတ်များသည် သူ့ အကြေးခွံများကို ထိုးဖောက်ဝင်ရောက်နိုင်သော အရာများထက်ပင် ပိုနိုင်လေသည်။
သူသာ ဒီနေရာမှာ ဆက်နေချင်သေးသ၍ သေချာပေါက် ဖော်ထုတ်ခံလို့ မရသေးပေ။
ဤဒေသရှိ သားကောင်အရေအတွက်က အလွန်များသည်။ ဤနေရာသည် ရေအရင်းအမြစ်နှင့် နီးသောကြောင့် သားကောင်တို့ သားရဲတို့က ရေသောက်မကြာခဏ ဆင်းလာလေ့ရှိသည်။
ဤနေရာတွင် ရာသီများကို ခြောက်သွေ့ရာသီနှင့် မိုးရာသီဟူ၍ ပိုင်းခြားထားသည်။
မိုးရာသီတွင် အမြဲမိုးရွာနေသလို ခြောက်သွေ့ရာသီတွင် အလွန်ပူပြင်း၏။
ဤမြက်ခင်းပြင်ဒေသ အစွန်အဖျားကို သူ ရောက်ချိန်ကနေ ယခုချိန်ထိတိုင် အလွန်ပူပြင်းနေသည်။ ဆိုလိုသည်က ယခု အချိန်သည် ခြောက်သွေ့ရာသီ ဖြစ်၏။
အချိန်အတန်ကြာပြီးနောက် ဤမြက်ခင်းပြင်ဒေသရှိ မြက်ပင်အများစုသည် အဝါရောင်ပြောင်းလာကာ ရေကန်ငယ်များ ခန်းခြောက်သွားသည်နှင့် အမျှ တိရိစ္ဆာန် အမျိုးအစားအားလုံးသည် ဤနေရာသို့ ပြောင်းရွှေ့လာကြပေလိမ့်မည်။ ထိုအချိန်တွင် သားကောင် အလွန်ပေါများလာပေမည်။
အကယ်၍ သူသာ ထွက်သွားခဲ့ရမည် ဆိုပါက စနစ်အမှတ် အများအပြားကို လွဲချော်ရလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤယူကန်ဒါ မြက်ခင်းပြင်ဒေသသို့ လာရောက်သော ခရီးစဉ်သည် အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်သွားပေမည်။
ထိုအကြောင်းရင်းကြောင့် ဖန့်ရန်သည် ရေအောက်မှာ ပုန်းဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာနှင့် ရင်းနှီးအောင် သူလုပ်ပြီးသည်နှင့် ၎င်းကင်မရာတွေကို ဖျက်ဆီးပစ်ရပေမည်။ ဖြစ်လာနိုင်သည့် ပြဿနာကိုတော့ နောက်မှ ရှင်းမည်။
ကမ်းစပ်ရှိ နေရာအမျိုးမျိုး၌ ဖုံးကွယ်ထားသော ကင်မရာအလုံးသုံးဆယ်ရှိသည်။
၎င်းကင်မရာများသည် မိကျောင်းအုပ်စုတစ်စုလုံးကို အဓိကထား စောင့်ကြည့်နေသောကြောင့် ကျန်နေရာများတွင် အသုံးမဝင်ပေ။
တစ်ခါတစ်ရံတွင် ထိုကင်မရာများသည် မိကျောင်းများကို ချိန်ရွယ်ကာ ညင်သာစွာ ရွေ့လျားနေလိမ့်မည်။
နောက်ရက်အနည်းငယ်တွင် ဖန့်ရန်သည် ယင်းကင်မရာများကို ဖျက်ဆီးရန် အလုပ်များနေသည်။
မကြာမီတွင် သူသည် ကင်မရာ (၁၄) လုံးကို ဖျက်ဆီးခဲ့ပြီး ကျန်တစ်လုံးကို ရွှေ့ပြောင်းနေထိုင်သော နွားရိုင်းအုပ်စုကို ခြောက်လှန့်ကာ ယင်းမှတဆင့် ဖျက်ဆီးနိုင်ခဲ့သည်။
သူ့တွင် နွားရိုင်းတွေကို စားနိုင်သော ခန္ဓာကိုယ် မရှိသေးချေ။
ယခု ဤနေရာရှိ ကင်မရာများ အားလုံး ပျက်စီးသွားသဖြင့် ဤနေရာသည် သူ၏ သုခဘုံ ဖြစ်လာခဲ့သည်။
ဖန့်ရန်သည် သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကို တခါတရံ ရေပေါ်တွင်၊ တစ်ခါတစ်ရံ ကမ်းစပ်၌ ထုတ်ဖော်ပြသခဲ့သည်။ သူ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို မြင်ပြီးနောက်တွင် မည်သည့်တိရစ္ဆာန်မျှ သူ့ထံသို့ ချဉ်းကပ်လာဝံ့ခြင်း မရှိခဲ့ပေ။
သူသည် ဤမြက်ခင်းပြင်၏ စစ်မှန်သော ဘုရင် ဖြစ်သည်။
ဖန့်ရန်သည် ဖြည်းညှင်းစွာနှင့် မဝေးသော တောင်ကုန်းတစ်ခုဆီသို့ ဦးတည်သွားနေသည်။
ယင်းတောင်ကုန်းသည် မီတာတစ်ရာနီးပါးမြင့်၏။ ဤမြေပြန့် မြက်ခင်းပြင်ဒေသတွင် ၎င်းသည် ရှားပါးသော ကုန်းမြင့်တစ်ခုဖြစ်သည်။
ဖန့်ရန်သည် အနီးပတ်ဝန်းကျင်ရှိ အခြေအနေများကို စူးစမ်းလေ့လာရန် တောင်ကုန်းပေါ်သို့ တက်လာခဲ့သည်။
တောင်ကုန်းပေါ်တက်ပြီးနောက် အထက်ဆီမှ ဘေးပတ်ပတ်လယ်ကို ကြည့်လိုက်ချိန်တွင် ညာဘက်ခြမ်းမှ ထူးဆန်းတဲ့ အရာတစ်ခုကို သူ ချက်ချင်း သတိထားမိလိုက်သည်။
သူ၏ အမြင်အာရုံသည် အလွန်ကောင်းမွန်သောကြောင့် ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ယင်းသည် အတော်လေးကြီးသည့် ထရပ်ကားတစ်စင်း ဖြစ်သည်။
"ထရပ်ကားတစ်စင်း...? ဒါ သူတို့ပဲ”
ဖန့်ရန်က ထိုထရပ်ကားကို လေးလေးနက်နက်ကြည့်ကာ သူ့အကြည့်ကို ရွှေ့၍ အခြားနေရာကို ကြည့်လိုက်သည်။
အလွန်ကြီးမား၍ သန်မာသော ခြင်္သေ့တစ်ကောင်သည် ဘုရင်တစ်ပါးကဲ့သို့ သူ့နယ်မြေကို လှည့်ပတ်နေတာကို သူမြင်သည်။
ထို့အပြင် အစက်အပြောက်များ ပါရှိသည့် ဟိုင်းအီးနားအုပ်စု၊ ကျားသစ် အနည်းငယ်နှင့် ဝံပုလွေတွေကိုလည်း တွေ့နေရသည်။
မြင်းကျား၊ နွားရိုင်းနှင့် ဂေါ်ရယ် ကဲ့သို့သောသတ္တဝါ အများအပြားလည်း ရှိသေးသည်။
အနီးနားရှိ တိရစ္ဆာန်များကို အကြမ်းဖျင်းနားလည်ပြီးနောက် ဖန့်ရန်လည်း တောင်ကုန်းပေါ်မှ ဆင်းလာခဲ့၏။
မြစ်နားရောက်ခါနီးတွင် ဖန့်ရန်သည် လျှို့ဝှက်ကင်မရာ (၃) လုံးကို သတိပြုမိလိုက်သည်။
မဆိုင်းမတွပင် သူသည် သူ၏ အရောင်ပြောင်း ဖုံးကွယ်ခြင်း စွမ်းရည်ကို အသုံးပြုကာ ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်သည်။
လျှို့ဝှက်ကင်မရာကို တွေ့တာနဲ့ အမြန်ဆုံး ဖျက်စီးဖို့ သူ မတွန့်ဆုတ်ခဲ့ချေ။
...
ဂျွန်နီနှင့် သူ့အဖွဲ့သည် အလွန်ပင် စိတ်ဓာတ်ကျနေကြ၏။
ဘာကြောင့်မှန်းမသိဘဲ... မိကျောင်းအုပ်စုအနီးရှိ ကင်မရာများအားလုံးကို ဖျက်ဆီးခံ ခဲ့ရသည်။
အစပိုင်းတွင်တော့ တစ်ခုတလေ ဖြစ်သော်လည်း၊ တစ်ခါတွင် နွားရိုင်းအုပ်စုကြီး ဖြတ်ပြေးသွားပြီးနောက် ယင်းနေရာမှ လျို့ဝှက်ကင်မရာက ဖျက်ဆီးခံလိုက်ရတာကို တွေ့လိုက်ရသည်။
ပထမတော့ ယင်းသည် မတော်တဆ ဖျက်ဆီးခံရခြင်း ဖြစ်မည်ဟု ထင်မြင်ခဲ့ကြသည်။
သို့သော်လည်း ဖျက်စီးခံရသည်က တစ်ခုတစ်လေ မဟုတ်ပေ။ များမကြာမီ အခြားနေရာများမှ လျို့ဝှက်ကင်မရာတွေလည်း တစ်ခုပြီး တစ်ခု၊ တစ္ဆေလိုလိုအရာ တစ်ခုကြောင့် ပျက်စီးသွားကြရသည်။
ဤကိစ္စသည် ရုတ်တရက် အလွန်လျှို့ဝှက်ဆန်းကြယ်လာသည်။
ဂျွန်နီနှင့် သူ့အဖွဲ့သည် ထိုနေရာသို့သွားရန် မစောင့်နိုင်တော့ပေ။ ၎င်းတို့၏ ကင်မရာများကို ဖျက်ဆီးနေသည့်အရာကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းရှာဖွေလိုသည်။
သို့သော် နောက်ဆုံးတွင်တော့ ယင်းက မဖြစ်နိုင်သေးပေ။ ထိုနေရာသို့ သွားမည်ဆိုပါက ကားပေါ်က ဆင်းရချေမည်။
မိကျောင်းများသည် ပြိုင်ပွဲမှ နုတ်ထွက်ပြီးနောက် အစက်အပြောင်များ ပါရှိသော ဟိုင်းအီးနား၊ ကျားသစ်နှင့် ခြင်္သေ့အုပ်စုတို့သာ ကျန်ပေတော့သည်။
အနှောက်အယှက်တွေကို ဖယ်ရှားပြီးနောက် ဖန့်ရန်၏ နေ့စဥ်ဘဝက ပို၍ အဆင်ပြေလာခဲ့သည်။ သူသည် နေ့တိုင်း မိကျောင်းခြောက်ကောင် သို့မဟုတ် ခုနစ်ကောင်ကို အမဲလိုက်ကာ ရေသောက်ဆင်းလာသည့် တိရစ္ဆာန်များကို အမဲလိုက်ခြင်းဖြင့် ပျော်ရွှင်စွာ အချိန်ဖြုန်းနေခဲ့သည်။
...
ဖန့်ရန်သည် ရေထဲမှ ခေါင်းထုတ်လိုက်ပြီး ကမ်းခြေကို ကြည့်လိုက်ရာ ထိုနေရာတွင် ရပ်နေသော တိရစ္ဆာန်တစ်ကောင်ကို တွေ့လိုက်ရသည်။
မြင်းကျားတစ်ကောင်။
ကူကယ်ရာမဲ့သည့် ၎င်း၏ အကြည့်များကို ကြည့်ခြင်းအားဖြင့် ယင်းသည် သူ့မိသားစုကို ဆုံးရှုံးခဲ့ရပြီး တစ်ယောက်တည်းလျှောက်သွားနေတာဖြစ်နိုင်ပေသည်။
ထိုမြင်းကျားသည် ရံဖန်ရံခါ ခေါင်းကို ငုံ့ကာ မြက်များကို စားပြီးနောက် ခေါင်းကို အမြန်မြှောက်ကာ ပတ်ပတ်လည်ကို ကြည့်လေ့ရှိသည်။
ဖန့်ရန်သည် ရေအောက်မှ ထိုမြင်းကျားဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။ သူလုံလောက်စွာ နီးကပ်သွားသည်နှင့် စနစ်၏ အချက်ပေးသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
[ပစ်မှတ် - မြင်းကျား၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၈၀၀ မှတ်ကို ရရှိနိုင်သည်]
စနစ်မှ ထိုမြင်းကျား၏ အချက်အလက်ကို လက်ခံရရှိပြီးနောက်...။ ဖန့်ရန်သည် ရေထဲမှခုန်ထွက်ပြီး မြင်းကျား၏ လည်ပင်းကို အရှိန်အဟုန်ဖြင့် ကိုက်လိုက်သည်။
ယင်းသည် ဖြစ်ပျက်သွားသည်ကိုပင် သေချာ မသိလိုက်ပေ။
နောက်ဆုံး တုံ့ပြန်မှု အနေနှင့် မြင်းကျားသည် ဖန့်ရန်၏ ရေထဲသို့ ဆွဲမချခြင်း မခံရမီတွင် အော်ဟစ်ယုံသာ တတ်နိုင်ခဲ့၏။
ဖန့်ရန်သည် ယင်းမြင်းကျားကို ရေအောက်သို့ ဆွဲချကာ လျင်မြန်စွာ စတင် ရစ်ပတ်လိုက်သည်။
ဤသို့ဖြင့် ထိုမြင်းကျားသည် တစ်မိနစ်မပြည့်မီပင် သေဆုံးသွားခဲ့သည်။
ယင်း၏ ပါးစပ်မှ၊ အသားစများ ရောနှောပါရှိသော သွေးများ ထွက်လာခြင်းဖြင့် ၎င်း၏ အတွင်းအင်္ဂါများ ကျိုးပဲ့သွားသည်မှာ သိသာထင်ရှားပေသည်။
မြင်းကျားကို ကမ်းပေါ်ဆွဲတင်ပြီး ဖန့်ရန်က ၎င်းကို အမြန်မျိုချလိုက်သည်။
“ဟူး...”
ကျေနပ်စွာ သက်ပြင်းတစ်ချက်ချရင်း ဖန့်ရန်သည် ကမ်းစပ်၌ လှဲချကာ အစာကြေစေရန် စောင့်ဆိုင်းနေခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် မြင်းကျားက လုံးဝကြေညက်သွား၏။
အမှန်အတိုင်းပြောရလျှင် သူသည် အခြားတိရစ္ဆာန်များထက် မိကျောင်းများကို အမှန်တကယ်ပင် ပိုမိုနှစ်သက်သည်။
မိကျောင်းတွေက မျိုချရ အလွန်လွယ်ကူသည်။
ကံမကောင်းစွာပင်..။ မိကျောင်းတွေက မြင်းကျားများနှင့် အခြားတိရိစ္ဆာန်များထက် များစွာနည်းပါးလေသည်။
ထိုသို့ တွေးတောနေစဥ် သူ့စိတ်ထဲ၌ စနစ်အမှတ် ၈၀၀ ကို ရရှိကြောင်း စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။
ယင်းက သူ့ကို ဝမ်းသာအားရ ဖြစ်သွားစေသည်။
နောက်ဆုံးတော့ ဆင့်ကဲဖြစ်စဥ် စတင်နိုင်ပြီ။
.....