← Chapters

ခြင်္သေ့ ၁

Vol. 7 Ch. 88

ခြင်္သေ့ ၁

Vol. 7 Ch. 88

"ဆင့်ကဲဖြစ်စဥ် စတင်မယ်"

ဖန့်ရန်သည် ရေအောက်သို့ ဆင်းသွားခဲ့၏။ သူသည် ရေအောက်ရှိ ကျောက်တုံးများကို သူ့ခန္ဓာကိုယ်နှင့် ညင်သာစွာ ပွတ်တိုက်ကာ လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေသည်။

ဆယ်မိနစ်အကြာနောက် ဆင့်ကဲဖြစ်စဥ် ပြီးဆုံးသွားခဲ့သည်။

သူသည် စနစ်ဇယားကို ခေါ်ကာ သူ၏ ခန္ဓာကိုယ် အရှည်ကို အသေးစိတ် စစ်ဆေးသည်။

စနစ်ဇယားရှိ အချက်အလက်များ အရ သူ၏ အရွယ်အစားသည် ကြောက်မက်ဖွယ်ကောင်းစွာနှင့် အလျား (၁၈) မီတာအထိ တိုးမြှင့်သွားကာ အချင်းသည် (၆ဝ) စင်တီမီတာသို့ပင် ရောက်ရှိသွားခဲ့သည်။

အချက်အလက်များက သူ့ လက်ရှိအရွယ်အစားမှာ (ညံ့) ကို လုံးဝကျော်လွန်၍ သမိုင်းတစ်လျှောက် အကြီးမားဆုံးမြွေဖြစ်လာကြောင်း ပြသနေသည်။

ထို့အပြင် တိုက်ခိုက်ရေး ခွန်အားအရ သူသည် (ညံ့) ကို လုံးဝချေမှုန်းပြီး မြေပြင်ပေါ်တွင် နင်းခြေထားနိုင်သည်။

သူအရင် ဘဝက အသိဉာဏ်များအရ (ညံ) သည် အလွန်ခွန်အားကြီးသော်လည်း ၎င်း၏ ခန္ဓာကိုယ်ကြီးသည် ရွေ့လျားရန် အလွန်ခက်ခဲသောကြောင့် ရေထဲတွင်သာ နေနိုင်ပေသည်။ ကုန်းပေါ်သို့ ရောက်သည်နှင့် ၎င်းသည် အားနည်းသွားလေ့ ရှိသည်။

ဆင့်ကဲဖြစ်စဉ် ပြီးဆုံးပြီနောက်၊ ရရှိလာသည့် ကျွမ်းကျင်မှုရမှတ်ကို လျင်မြန်သော ကုသမှုကို အဆင့်မြှင့်တင်ခြင်းတွင် အသုံးပြုရန် ဖန့်ရန် မတွန့်ဆုတ်ခဲ့ပေ။

ထိုသို့လုပ်ဆောင်ပြီးနောက် ဖန့်ရန်သည် ကမ်းစပ်သို့ ကူးခတ်သွားပြီး၊ မဝေးလှသောတောင်ကုန်းဆီသို့ တက်လာခဲ့သည်။

သိပ်မကြာခင်မှာပဲ ဖန့်ရန်သည် တောင်ကုန်းပေါ်ရောက်သွားပြီး ပတ်ဝန်ကျင်း ရူခင်းကို အပေါ်စီးကနေ လှမ်းကြည့်လိုက်သည်။

ဤတောင်ကုန်းသည် အနီးတစ်ဝိုက်တွင် အမြင့်ဆုံးနေရာ ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှုခင်းများကို အလွယ်တကူ ရှူမြင်နိုင်သည်။

ဤမြက်ခင်းပြင်ဒေသတွင် နေ့တိုင်းလိုလို စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ ဖြစ်ပျက်နေလေ့ရှိသည်။

ဖန့်ရန်သည် သူ့အတိတ်ဘဝက တိရိစ္ဆာန် ရုပ်ရှင်များကို ကြည့်ရတာ နှစ်သက်ခဲ့သည်။ ယခုတော့ သူ့ရှေ့တွင် ထိုအဖြစ်အပျက်များ ဖြစ်ပွားနေသောကြောင့် သဘာဝအတိုင်းပင် သူ စိတ်ဝင်စားနေခဲ့သည်။

တောင်ကုန်းပေါ်တက်သွားပြီး မကြာခင်မှာပဲ တိရိစ္ဆာန်တိုက်ပွဲတစ်ခုကို ဖန့်ရန် တွေ့လိုက်ရသည်။

ဖန့်ရန် ကြည့်နေသည့် နေရာ၌ သမင်အုပ်စုကြီးတစ်ခု ရှိနေသည်။

ယင်းအုပ်စုတွင် ခန့်မှန်းခြေအားဖြင့် စုစုပေါင်း သမင်အကောင်ပေါင်း (၅၀) ခန့် ပါဝင်သည်။ အလယ်တွင်မူ ကြီးကျယ်ခမ်းနားသည့် ရှည်လျားသော ဦးချိုရှိသည့် သမင်ဖို တစ်ကောင်ရှိနေသည်။ ယင်းက သိသာထင်ရှားစွာပင် အုပ်စု ခေါင်းဆောင်ဖြစ်နိုင်သည်။

သမင်အုပ်စုတွင် အများအားဖြင့် အကောင်ရေ ရာနှင့်ချီ၍ ပါဝင်ပေသည်။ မိုးရာသီတွင် အုပ်စုငယ်များစွာ ၎င်းတို့သည် ကွဲသွားလေ့ရှိ၏။ ယင်းအုပ်စုငယ်တိုင်းကို ဦးဆောင်သော သမင်များလည်း ရှိသည်။

ခြောက်သွေ့ရာသီတွင် ၎င်းတို့သည် စုပေါင်းကာ ထောင်ပေါင်းများစွာသော အုပ်စုများဖွဲ့၍ ပြောင်းရွှေ့နေထိုင်ကြပြန်သည်။

အဝါရောင်မြက်ခင်းထဲ၌ ပုန်းအာင်းနေသော ခြင်္သေ့အချို့ ရှိနေသည်။

သူတို့၏ ရွှေဝါရောင်အမွေးများကို အဝါရောင် မြက်ခင်းပြင်၌ ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်။ သေချာမကြည့်ခဲ့လျှင် ယင်းတို့ကို တွေ့မြင်ရန် ခက်ပေသည်။

ဖန့်ရန်သည် တောင်ကုန်းပေါ်တွင် အေးဆေးဆေးနှင့် လှဲလျောင်းနေပြီး မဝေးလှသော နေရာမှ ခြင်္သေ့များကို ကြည့်နေသည်။

၎င်းတို့သည် အမဲလိုက်ရန် အဆင်သင့်ဖြစ်နေကြောင်း သူ သိနေသည်။

ရိုးရိုးသားသားပြောရလျှင် ဤရှိုးကို ကြည့်ဖို့ ကိုလာနဲ့ ပေါက်ပေါက်တချို့ကို သူ တကယ်လိုချင်မိသည်။

ထရပ်ကားထဲမှ လူများ သူ့ကို ရှာတွေ့မည်ကို သူ မကြောက်ပေ။

သူတို့နှင့် သူသည် ကီလိုမီတာပေါင်းများစွာ ဝေးကွာနေသောကြောင့် ၎င်းတို့၏ အနေနှင့် သူ့ကို တွေ့ဖို့က မဖြစ်နိုင်သလောက်ပင်။

ဖန့်ရန်က ခြင်္သေ့များကို စောင့်ကြည့်နေချိန်၌...

ဂျွန်နီနှင့် သူ၏ အဖွဲ့သားများသည် ထရပ်ကားထဲတွင် သားရဲများ၏ အမဲလိုက်ခြင်းကို ဖုံးကွယ်ထားသော ကင်မရာများဖြင့် ရိုက်ကူးနေခဲ့သည်။

တီဗီ ဖန်သားပြင် မြင်ကွင်း၌ ခြင်္သေ့တစ်ကောင်ကို ပြနေခဲ့သည်။

"ကြည့်စမ်း၊ ဒီခြင်္သေ့က သူလိုက်ဖမ်းမယ့် သားကောင်ကို ဆုံးဖြတ်ဖို့ သေချာကြည့်နေပုံရတယ်"

ပါမောက္ခဘဲလ်က ပြုံးပြီးပြောသည်။

“အခုမှ မွေးလာတဲ့ သမင်လေးလို့ ကျွန်တော် ထင်တယ်”

သူပြောနေတဲ့ အခိုက်အတန့်တွင် ကင်မရာ မြင်ကွင်းက ချဲ့သွားပြီး သူ ရည်ညွန်းသည့် သမင်လေးကို ပြသလိုက်သည်။

သမင်လေးက တုန်လှုပ်နေပုံရသည်။

တောရိုင်းတိရိစ္ဆာန်များသည် မွေးပြီး ဆယ်မိနစ်တွင် မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်၏။

၎င်းအချိန်သည် သူတို့၏ အထိခိုက်လွယ်ဆုံးအချိန်ဖြစ်သည်။ ထိုအချိန်၌ အုပ်စုအတွင်းရှိ အရွယ်ရောက်ပြီးသော တောရိုင်းတိရစ္ဆာန်များသည် ၎င်းတို့အား အလယ်တွင် ထား၍ ကာကွယ်ပေးလိမ့်မည်။

သမင်လေးသည် သူ့မိခင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်မသွားမီ မတ်တပ်ရပ်ရန် အတော်လေး ရုန်းကန်ခဲ့ရသည်။

ရုတ်တရက်ဆိုသလိုပင် စခရင်ပေါ်တွင် ပြသခဲ့သည့် ခြင်္သေ့သည် သမင်လေးဆီသို့ တည့်တည့်ပြေးသွားကာ တိုက်ခိုက်မှုတစ်ခု စတင်ခဲ့သည်။

မတော်တဆမှုတစ်ခုမှမရှိဘဲ သမင်အုပ်စု အတွင်းမှ အခမ်းနားဆုံး သမင်ဖိုသည် ထိုခြင်္သေ့ဆီသို့ အမြန်ပြေးသွားပြီး သူ၏ ဦးချိုနှင့် တိုက်ခိုက်သည်။

ယင်းသမင်၏ ဦးချိုသည် အလွန်ကြီးမား၏။ ခြင်္သေ့သာ ၎င်းကို ထိမိခဲ့လျှင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

ဆက်တိုက်ပြေးလာတာနဲ့အမျှ သူတို့ကြားက အကွာအဝေးက နီးကပ်လာသည်။

(၁ဝ) မီတာခန့် အကွာရောက်ချိန်တွင် ယင်းခြင်္သေ့သည် သမင်ဖို၏ ဦးချိုများကို ရှောင်နိုင်ရန် ဘေးဘက်သို့ ခုန်ရှောင်လိုက်သည်။

သမင်အုပ်စု ခေါင်းဆောင်သည် ထိုခြင်္သေ့ကို ဖြတ်ကျော်ပြေးပြီး နောက်ဆုံးတွင် မရပ်တန့်နိုင်မီ... မီတာ (၃၀) မှ (၄၀) ခန့် အရှိန်နှင့် ဆက်ပြေးသွားခဲ့ရသည်။

ရုတ်တရက် မြက်ပင်များကြားမှ ခြင်္သေ့များစွာ ပြေးထွက်လာပြီး သမင်အုပ်စုကို ခြိမ်းခြောက် တိုက်ခိုက်တော့သည်။

မူလက အစုလိုက်၊ အပြုံလိုက် ရှိနေခဲ့သည့် သမင်များသည် တုန်လှုပ်ခြောက်ခြားစွာနှင့် ၎င်းတို့၏ အသက်အတွက် စတင် ထွက်ပြေးခဲ့ကြသည်။

သမင်အုပ်စု ခေါင်းဆောင် သမင်ဖိုသည် ဘာမှ မလုပ်နိုင်ခဲ့ပေ။ ၎င်းသည် အဝေးမှပင် စောင့်ကြည့်နေနိုင်ခဲ့သည်။

၎င်းသမင်များကို ခြိမ်းခြောက်ပြီးသောအခါ၊ ခြင်္သေ့ငါးကောင်သည် တောရိုင်းတိရစ္ဆာန်များ၏ မိခင်နှင့်ကလေးထံသို့ အောင်မြင်စွာရောက်ရှိသွားခဲ့သည်။

ခြင်္သေ့သုံးကောင်သည် သမင်မနှင့် ဆိတ်အုပ်စုကြားတွင် ရပ်ကာ ၎င်းတို့ ပေါင်းစည်းသွားခြင်းမှ ကာကွယ်ရန် ရှိနေကြသည်။

ကျန်ခြင်္သေ့နှစ်ကောင်သည် သမင်သားအမိထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။

သမင်မသည် ခြင်္သေ့တစ်ကောင်က ချဉ်းကပ်လာသည်ကို မြင်သောကြောင့် သူ၏ ဦးချိုတိုနှင့် အလျင်အမြန် တိုက်ခိုက်လေသည်။

ခြင်္သေ့မက သူမနှင့် ထိတိတိုက်ရင်မဆိုင်ခဲ့ဘဲ သူမ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ ကလေးရှိရာသို့ ဆက်ပြေးသွားခဲ့သည်။

တစ်ဖက်မှ ခြင်္သေ့တွေကလည်း သမင်ငယ်လေးကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

ဒါကိုမြင်လိုက်ရသည့် မိခင် သမင်မသည်လည်း သူမ ရင်သွေးလေးဆီသို့ တုန်လှုပ်ချောက်ချားစွာနှင့် အမြန်ပြန်ပြေးသွားခဲ့သည်။

ခြင်္သေ့နှစ်ကောင်သည် မိခင် သမင်မ၏ အရူးသဖွယ် တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ဆိတ်ငယ်လေးကို တိုက်ခိုက်ရန် ကြိုးစားနေသည်။

“ဝေါင်း…ဝေါင်း…”

ထိုကဲ့သို့ လွန်ဆွဲပွဲသည် ခြင်္သေ့များ အလွန်ပင် ပင်ပန်းစေနိုင်သည်။

သမင်မ၏ ဘယ်ဘက်ခြမ်းရှိ ခြင်္သေ့မသည် အမဲလိုက်ရန် ထပ်မံကြိုးစားခဲ့သည်။

သမင်မသည် သူ့ကလေးကို ကာကွယ်နိုင်ရန်အလိုငှား ခြင်္သေ့မသည အစွမ်းကုန် ဝှေ့လိုက်သည်။

ဘုန်း

လျင်မြန်သော အရှိန်အဟုန်နှင့် ပေါက်ကွဲအားကြောင့် ချက်ချင်းပင် အရိုက်ခံရမည်ဟု ခြင်္သေ့မက မမျှော်လင့်ထားပေ။

ဤတိုက်ခိုက်မှုက မိခင် သမင်မ၏ ဆိုးရွားလွန်းတဲ့ အမှားတစ်ခုပင်။ အခြားခြင်္သေ့တစ်ကောင်သည် ထိုအခွင့်အရေးကို မဖြုန်းတီးဘဲ သမင်လေးဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

မိခင် သမင်မတွင် သူမ ကလေးကို ကယ်ဆယ် ကာကွယ်ရန် အချိန်မရှိတော့ပေ။ သမင်လေးသည် ခြင်္သေ့မတစ်ကောင်က သူ့ဆီ ပြေးလာနေခြင်းကို ကူကယ်ရာမဲ့စွာ ကြည့်နေရင်း ကြောက်လန့် တုန်လှုပ်နေခဲ့သည်။

"ကတ်...."

သမင်လေးက ကြောက်လန့်တကြား ညည်းတွားသည်။

ယင်းအသံသည် မိခင် သမင်မ၏ ဒေါသကို ပေါက်ကွဲစေကာ ကယ်တင်ရန်မျှော်လင့်ချက်ဖြင့် သူမသည် ၎င်း၏ အမြင့်ဆုံးအရှိန်ဖြင့် သမင်လေးဆီသို့ ပြေးဝင်လာသည်။

ဝုန်း

ရုတ်တရက် ခြင်္သေ့ထီးတစ်ကောင် ဘေးမှ ပြေးထွက်လာပြီး မိခင် သမင်မကို မြေပြင်ပေါ်သို့ လဲကျစေကာ သူ၏ ခြေလက်များ နှင့် ဖိချလိုက်သည်။

ယင်းက ခြင်္သေ့အုပ်စုမှ ခြင်္သေ့ဘုရင်ဖြစ်သည်။

“ဒါ...”

ခြင်္သေ့ဘုရင်၏ ရုတ်တရက်ပေါ်ထွက်မှုကြောင့် စတူဒီယိုထဲရှိ ဂျော်နီနှင့် ဘဲလ်တို့ အံ့အားသင့်သွားခဲ့သည်။

သူတို့သည် ခြင်္သေ့ဘုရင်ကို မမြင်ခဲ့သောကြောင့် ၎င်းသည် ၎င်း၏ နယ်မြေကို လှည့်ပတ်နေသည်ဟု ထင်ခဲ့ကြသည်။

ဤနေရာတွင် ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ...။

တီဗီ ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းတွင် ခြင်္သေ့ဘုရင်သည် သမင်မိခင်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြီးနောက် လည်ပင်းကို ကိုက်လိုက်သည့် ပုံရိပ်ပေါ်နေခဲ့သည်။

မိခင် သမင်မသည် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သော်လည်း ခြင်္သေ့ဘုရင်၏ လက်အောက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။

အခြား ခြင်္သေ့မများကလည်း မိခင် သမင်မကို အတူတကွ သတ်ဖြတ်ရန် လာကူကြသည်။

သားကောင်ကိုသတ်ပြီးနောက် စားရမည့်အချိန်ရောက်လာသည်။

ခြင်္သေ့ဘုရင်က အစာကို ဦးစွာ စားလိမ့်မည်။ သူ စားပြီးသောအခါ၊ အခြားခြင်္သေ့တို့သည် ၎င်း၏ ကြွင်းကျန်သော အသားကို စားကြပေမည်။

"ဒီခြင်္သေ့က တခြားခြင်္သေ့တွေနဲ့ နည်းနည်းတော့ မတူဘူး"

စတူဒီယိုထဲရှိ ပါမောက္ခဘဲလ်က “သူက သူ့မိန်းမတွေကို ချစ်တတ်တဲ့ ခြင်္သေ့တစ်ကောင်ပဲ သူတို့ အမဲလိုက်ရာမှာ အမြဲတမ်း ပါဝင်ပေးလေ့ ရှိတယ်”

“ဟုတ်တယ်၊ ရက်အနည်းငယ်အတွင်းမှာပဲသူအမဲလိုက်တာကို သုံးခါလောက် တွေ့ဖူးတယ်”

တစ်ဖက်မှ ဂျွန်နီက ခေါင်းညိတ်သဘောတူပြီး ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

"လူတိုင်းပဲ... အခု ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေ အရဆို လေဘိုက ရမှတ်အများဆုံး ဖြစ်တယ်"

"မိကျောင်းအုပ်စုကတော့ သူတို့အနားမှာ ကျွန်တော်တို့ အဖွဲ တပ်ဆင်ထားတဲ့ ကင်မရာအားလုံး ပျက်စီးသွားတဲ့အတွက် မိကျောင်းတွေကို ပြိုင်ပွဲကနေ ခဏ လွှတ်ထားတယ်"

ဂျွန်နီက စကားဆက်မပြောမီ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

"ကံကောင်းထောက်မစွာ၊ ခြင်္သေ့အဖွဲ့ဟာ အံ့သြစရာကောင်းတဲ့ အမဲလိုက်မှုမြင်ကွင်းတွေကို ပေးခဲ့တယ်၊ မဟုတ်ရင် ဒီခရီးစဉ်က အလကားသက် ဖြစ်သွားလိမ့်မယ်"

"ဒါ့အပြင် ဟိုင်းအီးနား အုပ်စုကတောင်မှ အံ့သြစရာကောင်းတဲ့ အမဲလိုက်မှုမြင်ကွင်းတွေကို အများကြီးပြသခဲ့ပြီး၊ ကျားသစ်အုပ်စုကတော့ သားကောင်ပမာဏ အနည်းဆုံး အမဲလိုက်နိုင်တဲ့ အုပ်စု ဖြစ်နေခဲ့တယ်"

“မြက်ခင်းပြင်၏ ဘုရင်” ပြိုင်ပွဲ အခြေအနေကို အကျဉ်းချုပ်ပြီး ဂျွန်နီက ရှင်းပြနေခဲ့သည်။

"ကင်မရာမင်း၊ ကျေးဇူးပြုပြီး ကင်မရာကို ဟိုင်းအီးနား တွေဆီ ပြောင်းလိုက်ပါ။ ဟိုင်းအီးနားတွေ ဘာတွေလုပ်နေတယ်ဆိုတာ ကြည့်ရအောင်"

ဂျွန်နီ စကားပြောနေစဉ်တွင် ဖန်သားပြင်ပေါ်ရှိ ခြင်္သေ့များသည် အစာမစားတော့ဘဲ ရုတ်တရက် မတ်တတ်ရပ်ကာ ဦးတည်ရာတစ်ခုသို့ လှမ်းကြည့်လိုက်တာကို သူတို့မြင်လိုက်ရသည်။

သာမန် ခြင်္သေ့များသာမက ခြင်္သေ့ဘုရင် လေဘိုပင် အခြား ခြင်္သေ့များ ကြည့်နေသည့် ဦးတည်ရာကို စိုက်ကြည့်နေသည်။

"ဘာဖြစ်တာလဲ?"

ဒါကို မြင်လိုက်သည့် ဂျွန်နီက အဖွဲ့သားတစ်ဦးကို အမြန်ပြောလိုက်သည်။

"ခြင်္သေ့တွေ ကြည့်နေတဲ့ ဦးတည်ရာကို ကင်မရာမြင်ကွင်းကို ရွှေ့ပြီး ချဲ့လိုက်၊ တစ်ယောက်ယောက် လာနေတာ ဖြစ်ရမယ်"

ဂျွန်နီနှင့် သူ့ အဖွဲ့သားများသည် စတူဒီယိုမှ ထိုမြင်ကွင်းကို ကြည့်ရှုနေစဉ်၊ ဖန့်ရန်သည်လည်း ခြင်္သေ့များ ကြည့်နေသည့် ဦးတည်ရာဆီသို့ လှမ်းကြည့်နေခဲ့သည်။

ထိုလမ်းသည် ကျယ်ပြောလှသော တောကန္တာရကြီးဖြစ်သည်။

မြက်ပင်ဝါဝါများသည် နှစ်ခြမ်းကွဲသွားကာ ခြင်္သေ့ကြီးနှစ်ကောင်သည် ဖြည်းညှင်းစွာဖြင့် မမြင်ရသော အရှိန်အဝါများနှင့် အတူ လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။

.....

All Chapters