← Chapters

ခြင်္သေ့ ၂

Vol. 7 Ch. 89

ခြင်္သေ့ ၂

Vol. 7 Ch. 89

"ဒါတွေက ခြင်္သေ့တွေပဲ"

ဂျွန်နီက ဖန်သားပြင်ပေါ်တွင် ပေါ်လာသော ခြင်္သေ့နှစ်ကောင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ပါမောက္ခဘဲလ်သည်လည်း ရွှင်လန်းသောမျက်နှာဖြင့် ၎င်းခြင်္သေ့နှစ်ကောင်ကို လှမ်းကြည့်လျက်ရှိ၏။

"ဒီခြင်္သေ့နှစ်ကောင်ရဲ့ ရည်ရွယ်ချက်က လေဘိုကို စိန်ခေါ်အနိုင်ယူပြီ သူ့နယ်မြေနဲ့ သူ့ဇနီးမယားတွေကို သိမ်းပိုက်ဖို့ပဲ"

ကင်မရာဘက်သို့ ပြန်လှည့်ကာ ဂျွန်နီက စကားစလာသည်။

“သူတို့သာ နိုင်သွားခဲ့ရင် ခြင်္သေ့အုပ်စုထဲက သားပေါက်လေးတွေ အရွယ်ရောက်မှသာ... အဲ့ ခြင်္သေ့ အထီးတွေကို နှင်ထုတ်ပြီး အမတွေနဲ့ ဆက်နေနိုင်လိမ့်မယ်”

"ခြင်္သေ့အုပ်စု ကနေ နှင်ထုတ်ခံရတဲ့ ခြင်္သေ့အထီးတွေက အများအားဖြင့် နှစ်ယောက် သို့မဟုတ် သုံးယောက် အုပ်စုဖွဲ့ပြီး၊ အခြားခြင်္သေ့အုပ်စုက ခြင်္သေ့တွေကို စိန်ခေါ်ကြလေ့ ရှိတယ်။ အများစုကတော့ ရိုက်နှက်ခံရပြီး တခါတရံမှာ အသတ်တောင် ခံရတတ်တယ်"

" (၂) နှစ် (၃) နှစ်လောက် ခတ်ခတ်ခဲခဲ ရုန်းကန် ကြီးပြင်းလာတဲ့အခါ ခြင်္သေ့လေးတွေက ကိုယ့်နယ်မြေကို ရွေးကြရလိမ့်မယ်”

ဂျွန်နီက သူ့ပရိတ်သတ်ကို ရည်ရွယ် ပြုံးပြလိုက်ပြီး ဆက်ပြောသည်။

"ဒီတခါတော့ လေဘိုကို စိန်ခေါ်ဖို့ ဒီကို ခြင်္သေ့နှစ်ကောင် ရောက်လာပြီ.."

"လူတိုင်းပဲ... ဒီခြင်္သေ့နှစ်ကောင်ရဲ့ လည်ပင်းက လည်ဆံမွေးက အရမ်းလှတယ်... ဆိုလိုတာက သူတို့ရဲ့ ကာယကြံ့ခိုင်မှုနဲ့ တိုက်ပွဲစွမ်းရည်တွေက အထွတ်အထိပ်ရောက်နေပြီ"

"ဒါပေမယ့် လေဘိုကလည်း သာမန် ခြင်္သေ့တော့ မဟုတ်ဘူး”

"ဒါက အထွတ်အထိပ် ပြိုင်ဆိုင်မှု ဖြစ်လိမ့်မယ်"

"လေဘိုက သူ့မိန်းမတွေနဲ့ နယ်မြေကို စောင့်ရှောက်နိုင်မလား။ ဒါမှမဟုတ် ဒီခြင်္သေ့နှစ်ကောင်ကပဲ သူ့ကို မောင်းထုတ်မှာလား... နောက်ဆုံး ရလဒ်ကို ကြည့်ရအောင်

"လေဘိုသာ ရူံးနှိမ့်သွားခဲ့ရင်၊ ခြင်္သေ့အုပ်စုက မြက်ခင်းပြင်ရဲ့ ဘုရင်ဘွဲ့ ပြိုင်ပွဲကနေ ထွက်ရမှာဖြစ်ပေမယ့် ... တကယ်လို့ သူသာ သူတို့ကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ရင်တော့ နောက်ထပ် အမှတ်တွေ အများကြီး ရလိမ့်မယ်"

စတူဒီယိုထဲ၌ ဂျွန်နီက အခြေအနေကို ပရိသတ်ကို ပါးနပ်စွာ ရှင်းပြနေခဲ့သည်။

ခြင်္သေ့နှစ်ကောင်သည် လေဘို အနီးသို့ဆက်၍ ချဉ်းကပ်နေသည်ကို မြင်တော့ ဂျွန်နီက စကားပြောနေတာ ရပ်လိုက်သည်။ တီဗီ ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းက သူ့အာရုံကို လုံးဝစွဲဆောင်သွားသည်။

လေဘိုသည် မတ်တတ်ထရပ်ကာ ဟိန်းဟောက်ပြီး ခြင်္သေ့နှစ်ကောင်ရှိရာသို့ အပြေးအလွှား ပြေးသွားနေတာကို သူ မြင်နေရသည်။

ခြင်္သေ့နှစ်ကောင်သည်လည်း တပြိုင်နက်တည်း ဟိန်းဟောင်းကာ စိတ်အားထက်သန်စွာနှင့် လေဘို ဆီသို့ ပြေးဝင်လာခဲ့သည်။

လေဘိုသည် နှစ်ကောင်၊ တစ်ကောင် ဖြစ်နေသော်လည်း အားနည်းချက်လုံးဝမပြဘဲ... တစ်ခါတစ်ရံတွင် သူ၏ ချွန်ထက်သောခြေသည်းများဖြင့် တိုက်ခိုက်ပြီး တစ်ခါတစ်ရံတွင် ၎င်း၏ ချွန်ထက်သော သွားများဖြင့် တိုက်ခိုက်နေခဲ့သည်။

တစ်ချိန်တည်းမှာတော့ တန်ပြန်တိုက်ခိုက်ခြင်းပင် မပြုဘဲ ၎င်းတို့၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းနေခဲ့သည်။

“ဝေါင်း! ဝေါင်း! ဝေါင်း!!"

ကျယ်လောင်သော ဟိန်းဟောက်သံ များသည် မြက်ခင်းပြင်ဒေသ တစ်လျှောက် ပဲ့တင်ထပ်နေခဲ့သည်။ အဝေးမှ စားသောက်နေခဲ့သည့် တောရိုင်းတိရစ္ဆာန်များသည် ၎င်းတို့၏ အပြုအမူများကို ရပ်တန့်ကာ ခြင်္သေ့တွေ၏ တိုက်ပွဲကို သေချာစိုက်ကြည့်နေကြသည်။

ခြင်္သေ့သုံးကောင်သည် အပြင်းအထန်တိုက်ခိုက်နေပြီး အမွေးများလည်း ရှုပ်ပွနေကာ ခန္ဓာကိုယ်နေရာ အသီးသီးမှ သွေးများ စီးကျနေသည်။

ခြင်္သေ့အုပ်စုမှ ခြင်္သေ့တွေသည် ဝင်မပါဘဲ... ဘေးမှာရပ်ပြီး ထိုတိုက်ပွဲကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြသည်။

ဂျွန်နီ၏ အသံက ထပ်၍ ထွက်လာသည်။

“လေဘိုသာ နှင်ထုတ်ခံရရင် ဒီခြင်္သေ့နှစ်ကောင်က သူတို့ကို အုပ်ချုပ်လိမ့်မယ်။ ဒါ့အပြင် သူတို့ အနာဂတ်အတွက် ခြင်္သေ့ပေါက်လေးတွေကို သတ်ပစ်လိမ့်မယ်"

“ဒီခြင်္သေ့မအုပ်စုက လေဘိုအတွက် သားပေါက် သုံးကောင်ကို မွေးဖွားပေးခဲ့တယ်။ အားလုံးက အထီးတွေ... လေဘိုသာ နှင်ထုတ်ခံရရင် သူတို့မှာ အဆုံးသတ်တစ်ခုပဲရှိတယ်... အဲဒါက သေခြင်းတရားပဲ”

“သေချာကြည့်”

“ခြင်္သေ့မသုံးကောင် လှုပ်ရှားနေပြီ။ သူတို့ အသိုက်ဆီ ပြန်သွားပြီး ခြင်္သေ့ပေါက်လေးတွေကို တခြားနေရာမှာ ဖွတ်ဖို့လုပ်နေတယ်”

"သူတို့က အဆိုးဆုံးရလဒ်အတွက် ပြင်ဆင်နေတာပဲ"

ခြင်္သေ့သုံးကောင်ကြားက တိုက်ပွဲက ပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေခဲ့၏။ ၎င်းတို့၏ အပြန်အလှန် ထိုးနှက်ချက်တိုင်းက ကြည့်ရူသူတိုင်းကို ဂနာမငြမ် ဖြစ်နေစေသည်။

ငါးမိနစ်လောက်ကြာခဲ့ပါပြီ။

နှစ်ဖက်စလုံး၏ ဒဏ်ရာက များပြားလှသည်။

ရုတ်တရက် လေဘိုသည် ခြင်္သေ့တစ်ကောင်အား ၎င်း၏ အစွမ်းထက်သော ခြေလက်များနှင့် လှဲချနိုင်လိုက်သည်။

ယင်းခြင်္သေ့ မတ်တပ်ထရပ်တော့မည့်အချိန်တွင် လေဘိုက ထိုခြင်္သေ့၏ ဝမ်ဗိုက်အား လက်နှစ်ဖက်ဖြင့် ထောက်ပြီး ကိုက်တော့မည် ဖြစ်သည်။

သို့သော်... ထိုအချိန်တွင် အခြားခြင်္သေ့တစ်ကောင်က ခုန်ထကာ လေဘို၏ ကျောကုန်းကို ကိုက်ချလိုက်သည်။

ပြင်းထန်သော နာကျင် ကိုက်ခဲမှုအောက်တွင် လေဘိုက ဟိန်းဟောက်ကာ ချက်ချင်းလှည့်၍ ထိုခြင်္သေ့ကို မြေပြင်ပေါ်သို့ လှဲချလိုက်၏။

သူ၏ ကြီးမားသော ပါးစပ်ကို ဖွင့်လိုက်ရာ ချွန်ထက်သော အစွယ်များပေါ်လာပြီး ၎င်းခြင်္သေ့၏ လည်းပင်းကို ကိုက်လိုက်သည်။

“ဝေါင်း!”

မြေပြင်ပေါ်တွင် လှဲကျနေသော ခြင်္သေ့သည် ကြောက်မက်ဖွယ်ဟောက်သံကို ကြားလိုက်ရသည်။ ထိုအချိန်တွင် ယခင်က မြေပြင်ပေါ်သို့ လှဲချခံခဲ့ရသည့် ခြင်္သေ့က လဲ့ဘိုင်ကို တိုက်ခိုက်ခဲ့သည်။

လေဘိုသည် ၎င်းခြင်္သေ့ကို လွှတ်ပေးရန် အနည်းငယ် ရုန်းကန်လိုက်ပြီး နောက်ပြန်ဆုတ်ကာ ခြင်္သေ့နှစ်ကောင်နှင့် ထိပ်တိုက်တွေ့သည့် အနေအထားကို ဖန်တီးလိုက်သည်။

သူသည် ၎င်းတို့ကို အသက်ရူခွင့်ပင် မပေးဘဲ ထပ်မံ တိုက်ခိုက်ခဲ့သည်။

နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခု အပြီးတွင် ခြင်္သေ့နှစ်ကောင်သည် နောက်ဆုံး၌ ၎င်းတို့၏ ရှုံးနိမ့်မှုကို လက်ခံပြီး ထွက်ခွာသွားခဲ့သည်။

လေဘိုသည် တည်းငြမ်စွာ မပ်မပ် ရပ်လိုက်ပြီး သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူသည် ခြင်္သေ့နှစ်ကောင်၏ နောက်ကျောကို သေချာ စူးစိုက်ကြည့်ကာ ၎င်းတို့ အမှန်တကယ် ထွက်သွားကြောင်း အတည်ပြုပြီးနောက်မှသာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး စိတ်အေးလက်အေး အနားယူနိုင်တော့သည်။

(၃) စင်တီမီတာထက် ပိုနိုင်သည့် ဒဏ်ရာ တစ်ဒါဇင်ခန့်သည် သူ့ခန္ဓာကိုယ် နေရာအနှံအပြား၌ ရှိနေခဲ့သည်။

ခြင်္သေ့ဘုရင် လေဘိုသည် ကျူးကျော်သူတွေကို နောက်ဆုံး၌ အောင်နိုင်ခဲ့၏။

ယင်ကောင်များသည် သူ့အနီးတစ်ဝိုက်တွင် “ပျံဝဲ” နေကြပြီး ၎င်း၏ ကျယ်ပြောလှသော ဒဏ်ရာများပေါ်တွင် ဆင်းသက်ကာ လှုပ်ရွနေကြသည်။

လေဘိုသည် သူ့အမြီးကို လှုပ်ခါလိုက်ပြီး၊ ယင်ကောင်များကို မောင်းထုတ်လိုက်သည်။

တောင်ကုန်းထိပ်မှ ဖန့်ရန်သည် တိုက်ပွဲပြီးဆုံးသွားသည်ကို မြင်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်၍ ဆင်းလာသည်။ တောင်ကုန်း အောက်ခြေသို့ရောက်သောအခါ သူ ရပ်တန့်လိုက်သည်။

တောင်ကုန်းအောက်ခြေ၌ ဟိုင်းအီးနား သုံးကောင်သည် ထောင့်ချိူးတစ်ခုမှ ချုံပုတ်တစ်ခုဆီ ချဉ်းကပ်နေရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

ဖန့်ရန် ထိုနေရာကို ဂရုတစိုက်ကြည့်လိုက်ရာ ထိုချုံပုတ်ထဲ၌ ခြင်္သေ့လေးတစ်ကောင် ပုန်းနေခဲ့သည်ကို တွေ့လိုက်ရ၏။

ဟိုင်းအီးနားနှင့် ခြင်္သေ့များသည် အသက်သေစေတတ်သော ရန်သူများဖြစ်ကြသည်။

ခြင်္သေ့တွေက သူတို့ပိုင်နက်ထဲမှာ ဟိုင်းအီးနားတွေ့လျှင် သတ်ပစ်သလို... ဟိုင်းအီးနားများသည်လည်း သင်းကွဲ ခြင်္သေ့ပေါက်လေးများကို တွေ့တိုင်း သတ်ပစ်ပေသည်။

၎င်းတို့သည် ဒဏ်ရာများ ရရှိထားသည့် ခြင်္သေ့အချို့ကိုပင် တိုက်ခိုက်ကာ သတ်ပစ်ရန် ကြိုးစားလေ့ရှိသည်။

ယခုလည်း ထိုအတိုင်းပင်။

ချုံပုတ်အောက်မှာ ပုန်းနေသည့် ခြင်္သေ့လေးကို တွေ့လိုက်ပြီးနောက်.. ဟိုင်းအီးနားများသည် ၎င်းကို သတ်ပစ်ပေတော့မည်။

ချုံပုတ်ထဲတွင် ပုန်းနေသည့် ခြင်္သေ့လေး၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် ထိတ်လန့်မှုကြောင့် တုန်ခါနေခဲ့၏။

“ဂီး ... ဂီး”

ဟိုင်းအီးနားများသည် စိတ်လှုပ်ရှားစွာ မာန်ဖီးသံပေးရင်း မလုံ့တလုံး ချုံပုတ်လေးထဲမှ ခြင်္သေ့လေးကို ဆွဲထုတ်ကာ ကိုက်ဖြတ်စားသောက်ရန် ပြင်လိုက်ကြသည်။

သို့သော် ဤအချိန်မှာပင် သူတို့က ရုတ်တရက် ခေါင်းမော့ ကြည့်လိုက်ကြသည်။

.....

All Chapters