← Chapters

ဟိုင်းအီးနား

Vol. 7 Ch. 90

ဟိုင်းအီးနား

Vol. 7 Ch. 90

"ဂီး"

ဧရာမမြွေကြီးကို မြင်လိုက်သည့် ဟိုင်းအီးနားသုံးကောင်သည် ကြောက်ရွံ့စွာနှင့် ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်သွားသည်။

(၁၈) မီတာခန့် ရှည်သည့် ဧရာမမြွေကြီး တစ်ကောင် တောင်ကုန်းပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာနေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧရာမမြွေကြီးနှင့် တိုက်ခိုက်ရန်နေနေသာသာ ပြေးရန်ပင် ၎င်းတို့တွင် သတ္တိမရှိခဲ့ပေ။

ရုတ်တရက် ခြင်္သေ့မတစ်ကောင်သည် တောင်ကုန်းပေါ် ပြေးလာ၏။

သူမသည် သူမ၏ ကလေးကို ပြန်လာခေါ်ခြင်း ဖြစ်သည်။

ခြင်္သေ့မသည် ဤနေရာသို့ရောက်ပြီးနောက် သူမ ပထမဆုံးမြင်လိုက်ရသည်မှာ ဟိုင်းအီးနား သုံးကောင်ဖြစ်သည်။ ၎င်းက သူမကို ဒေါသထွက်သွားစေသည်။

ခြင်္သေ့မက ၎င်းတို့ဆီ ချက်ချင်း ပြေးသွား၏။ သူမ အလွန်စိုးရိမ်နေသည်။ ဟိုင်းအီးနားတွေ ဒီမှာ ရှိနေတယ် ဆိုတော့ သူမ ကလေးကော..။

အနည်းငယ် ပြေးပြီးနောက်... ခြင်္သေ့မ၏ ခြေလှမ်းများသည် ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

တောင်ကုန်းပေါ်မှ ဆင်းလာနေသည့် ဧရာမမြွေကြီးကို မြင်လိုက်ရသော ခြင်္သေ့မသည် ၎င်း၏ ကြီးမားသောအရွယ်အစားကို ကြောက်ရွံ့မိသွားသော်လည်း.. ကလေးအတွက် စိုးရိမ်ကြောင့်ကြမှုက သူမကို ကြောက်ရွံ့မှုကို ခံနိုင်ရည်ရှိစေ၍ မလုံ့တလုံ ချုံပုတ်ငယ်ဆီသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်း သွားစေနိုင်ခဲ့သည်။

သို့သော် ဧရာမမြွေကြီး၏ ဖိအားသည် အလွန်ကြီးမား၏။ ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်း သူမသည် မထိန်းနိုင်ဘဲ ခြေလှမ်းရပ်ကာ ဧရာမမြွေကြီးကို သတိဖြင့် ခဏ၊ ခဏ စိုက်ကြည့်မိသည်။

ကံကောင်းထောက်မစွာဖြင့်၊ ဧရာမမြွေကြီးသည် ချုံပုတ်နားမှ ဖြတ်သွားခဲ့ပြီး သူမ၏ ခြင်္သေ့ငယ်လေးကို မတိုက်ခိုက်ခဲ့ပေ။

ဖန့်ရန်သည် ချုံပုတ်အနား လုံးဝဖြတ်သွားသည်နှင့် တပြိုင်နက် ခြင်္သေ့မသည် တုန်လှုပ်နေသော ခြင်္သေ့ငယ်လေးဆီသို့ ချက်ချင်း ပြေးသွားပြီး နှစ်သိမ့်ရန် ကြိုးစားရင်း ညင်သာစွာ ဟိန်းဟောက်လိုက်သည်။

ဟိုင်းအီးနားသုံးကောင်သည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြီးနောက် ဖန့်ရန်အား ၎င်းတို့၏ သားကောင်အတွက် ဟောင်ကာ အပြစ်တင်နေခဲ့သည်။

"ဂီး!!"

ဧရာမမြွေကြီးက မတုံ့ပြန်တာကို တွေ့လိုက်ရသော ဟိုင်းအီးနား သုံးကောင်သည် သတ္တိပို ရှိလာကာ... ဟောင်လိုက်ကြတယ်။

" ဝုတ်..ဝုတ်..ဂီး"

ဟိုင်းအီးနားများ ဆီသို့ ဖြည်းညှင်းစွာ ဦးတည် သွားနေသော ဖန့်ရန်သည် ရုတ်တရက် ခေါင်းကို ဆန့်ထုတ်၍ အလွန်မြန်သော အရှိန်ဖြင့် ကိုက်ချလိုက်သည်။

တခဏချင်းမှာပဲ ဖန့်ရန်က ဟိုင်းအီးနား တစ်ကောင်ကို သတ်ပစ်လိုက်သည်။

သူ့ပါးစပ်ထဲမှာ ဟိုင်းအီးနားကို ထွေးထုတ်လိုက်ပြီး ဖန့်ရန်က အမြန်ထပ်ဖမ်းလိုက်သည်။

စက္ကန့်အနည်ငယ်အတွင်း ဟိုင်းအီးနားနှစ်ကောင် အသက်ပျောက်သွားသည်။

ကျန်ရှိသော ဟိုင်းအီးနားသည် အဝေးသို့ ပြေးသွားကာ ဖန့်ရန်ကို ကြောက်စိတ်ဖြင့် အဝေးမှ ကြည့်နေလေသည်။

ထိုဧရာမစပါးအုံးမြွေကြီး၏ အမြန်နှုန်းကို မြင်ပြီးနောက်၊ ၎င်းဟိုင်းအီးနားသည် အလွန်ကြောက်လန့်ပြီး စိတ်ရှုပ်ထွေးနေပုံရ၏။

ဖန့်ရန်၏ ရက်စက်မှုသည် သူ့အနားရှိ ခြင်္သေ့မကို ထိတ်လန့်စေသည်။

ခြင်္သေ့မ၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါနေသည်။

ဟိုင်းအီးနား နှစ်ကောင်ကို သတ်ပြီးနောက်... ဖန့်ရန်သည် နောက်ဆုံးတစ်ကောင်ကို စိတ်မ၀င်စားခဲ့ပေ။ သူသည် သေသွားသော ဟိုင်းအီးနား နှစ်ကောင်ကို မျိုချလိုက်ပြီး မြစ်ထဲသို့ ဆက်သွားနေသည်။

သူသည် ဤဟိုင်းအီးနားတွေကို သတ်ဖြတ်ဖို့ အလွန်ပျင်းရိသော်လည်း ၎င်းတို့က နားညီးနေသောကြောင့် သူတို့ရဲ့ ဆန္ဒကို သဘာဝအတိုင်း သူက ဖြည့်ဆည်းပေးခဲ့သည်။

ခြင်္သေ့လေးကတော့ သေးငယ်လွန်း၍ သွားကြားပင် ညက်မည်မဟုတ်ချေ။

ထို့အပြင် ၎င်းခြင်္သေ့အုပ်စု၏ အုပ်စုလိုက်အမဲလိုက်ခြင်းကို ကြည့်ရှုခြင်းသည် သူ၏ တစ်ခုတည်းသော ဖျော်ဖြေမှုဖြစ်သောကြောင့် ၎င်းတို့ကို သတ်ဖြတ်ရန် အစီအစဥ်မရှိသေးပေ။

ခြင်္သေ့မသည် ခြင်္သေ့ငယ်လေးကို မီတာဆယ်ဂဏန်းအကွာအဝေးသို့ ဆွဲခေါ်သွားပြီး၊ ဖန့်ရန်၏ ရေအောက်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

ယင်းမြစ်၏ အနက်ရှိုင်းဆုံးအပိုင်းသည် ဆယ်မီတာခန့် ရှိပေသည်။

...

နောက်ရက်အနည်းငယ်အတွင်း...။

ဖန့်ရန်၏ နေ့စဥ်ဘဝသည် ခြင်္သေ့များနှင့် အခြားအသားစားသတ္တဝါများ၏ အမဲလိုက်ခြင်းကို ကြည့်ရှုရန် တောင်ကုန်းပေါ်သို့ ရံဖန်ရံခါ သွားရောက်ခြင်းနှင့် အမဲလိုက်ခြင်းတို့သာ ဖြစ်သည်။

ယခုဆို သူ့အနီးနားက မိကျောင်းတွေ လုံးဝ မရှိတော့ပေ။ ၎င်းတို့သည် သူ့အား စနစ်အမှတ် (၃ဝဝဝဝ) ကျော် ထောက်ပံ့ပေးခဲ့ သော်လည်း လိုအပ်နေသည့် စနစ်အမှတ် (၂၅ဝဝဝဝ) နှင့် အတော်လေး အလှမ်းဝေးနေသေးသည်။

ယခု ဘဝသည် အလွန်ငြီးငွေ့ဖွယ်ကောင်း သော်လည်း ဖန့်ရန်သည် ကြာရှည်စွာ ကျင့်သားရလာပြီးနောက် သူသည် ဘာမှ မခံစားရတော့ပေ။

ယနေ့တွင်...

ခြင်္သေ့အုပ်စု၏ နယ်မြေရှိ သမင်အုပ်စုသည် ဖန့်ရန် နေထိုင်ရာ ရေပြင်အနီးသို့ ရွေ့ပြောင်း ရောက်ရှိလာခဲ့သည်။ လမ်းတစ်လျှောက်တွင် ၎င်းတို့သည် အုပ်စုများစွာနှင့် ရောနှောသွားပြီး အလွန်ကြီးမားသော အုပ်စုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဖန့်ရန်၏ အကြမ်းဖျင်း ခန့်မှန်းချက်အရ ၎င်းအုပ်စုတွင် အဖွဲ့ဝင် (၁ဝဝဝ) ခန့်ရှိပေသည်။

ယင်းအုပ်စုနှင့် မနီးမဝေးတွင် မြင်းကျားအုပ်စုနှင့် အခြားတိရစ္ဆာန်များရှိသည်။

ဤသည်က သူ့အတွက် စနစ်အမှတ် ပိုမို ရရှိစေနိုင်လေသည်။

အရွယ်ရောက် သမင်တစ်ကောင်မှ စနစ်အမှတ် (၁၅၀၀) ကို ရနိုင်သောကြောင့် ၎င်းသည် သူ၏ စနစ်အမှတ်များ ပိုမိုများပြားလာ နိုင်စေသည်။

သမင်အုပ်စုသည် စနစ်အမှတ်များ ရရှိနိုင်စေသည့် အပြင်၊ ၎င်းတို့သည် ပြိုင်ဘက်အုပ်စုတစ်စုကို ခေါ်ဆောင်လာခဲ့လေသည်။

ဟိုင်းအီးနား အုပ်စု။

ဤသည်မှာ အစက်အပြောက်များပါ၍ အမွေးထူကာ ခွေးနှင့် သဏ္ဍာန်တူသည့် ဟိုင်းအီးနားအုပ်စု ဖြစ်သည်။

ယင်းအုပ်စု၏ အလယ်တွင် လူအများ၏ အာရုံကို ဖမ်းစားနိုင်သည့် သန်မာသော ဟိုင်းအီးနားတစ်ကောင် ရပ်နေခဲ့သည်။

၎င်းသည် ဟိုင်းအီးနား အုပ်စု၏ ခေါင်းဆောင်ဖြစ်မှန်း မျက်လုံးပါသည့် လူတိုင်း အလွယ်တကူ သိနိုင်သည်။

ဟိုင်းအီးနား အုပ်စု ပေါ်လာပြီးနောက်..။ မကြာမီတွင် ၎င်းတို့၏ ထူးဆန်းသော အူသံများသည်။ မြက်ခင်းပြင်ဒေသ နေရာအနှံ့အပြားသို့ ပဲ့တင်ထပ်သွားကာ တိရိစ္ဆာန်များကို စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။

...

ဟိုင်းအီးနား အုပ်စု ရောက်လာပြီးနောက်၊ ဖုံးကွယ်လျို့ဝှက်ကင်မရာများသည် ၎င်းကို သတိပြုမိပြီး မှတ်တမ်းတင်ခဲ့သည်။

စတူဒီယိုထဲ၌...။

ဂျွန်နီက တီဗီ ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကိုကြည့်ပြီး ဟန်လုပ် ရယ်မော၍ ပြောသည်။

"ဒီတစ်ခါတော့ ကျွန်တော်တို့ရဲ့ ဖုံးကွယ် ကင်မရာတွေ အရင်ကလို ပျက်စီးသွား အုံးမလား မသိဘူး”

“ဒီဧရိယာမှာ သရဲတစ္ဆေတွေရှိပြီး၊ သူတို့က ကင်မရာတွေကို ဖျက်စီးရတာ ကြိုက်တယ်လို့ အင်တာနက်မှာ လူပြောများနေတယ်... တကယ် ဟုတ်လား၊ မဟုတ်ဘူးလား အတည်ပြု စစ်ဆေးကြည့် ကြရအောင်”

တီဗီ ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းသည် အမျိုးမျိုး ပြောင်းသွားသော်လည်း ထူးထူးခြားခြား အရာတစ်ခုမှ မဖမ်းယူနိုင်ခဲ့ချေ။

"ကျွန်တော်တို့ ကင်မရာတွေက နဂိုအတိုင်းပဲ ဆိုတာ အားလုံး မြင်တွေ့နိုင်မှာပါ"

ဂျွန်နီက ဆက်ပြောသည်။

“ဒီနေရာတွေမှာ ထူးထူးခြားခြား ဘာမှ မရှိတာကို လူတိုင်း မြင်နိုင်မှာပါ..။ ကြည့်ရတာ အရင်က ပျက်စီးသွားတဲ့ ကင်မရာတွေက မတော်တဆ ဖြစ်ပုံရတယ်”

"ဟေး.. ဂျွန်နီ ကြည့်လိုက်စမ်း!"

ဂျွန်နီက စကားပြောနေစဉ်.. သူ့အနားရှိ ပါမောက္ခဘဲလ်သည် ရုတ်တရက် သူ့ကို ရုတ်တရက် အော်လိုက်ကာ ကင်မရာမင်းကို လှည့်ပြောသည်။

" ကင်မရာမင်း၊ ကျေးဇူးပြုပြီး စောစောက ပုံကို ပြန်ပြောင်းပေးပါ"

---

တီဗီ ဖန်သားပြင်ပေါ်၌ အတော်အတန် ကြည်လင်သည့် မြစ်တစ်စင်း ပေါ်လာသည်။

“ဘာဖြစ်နေတာလဲ ပါမောက္ခဘဲလ်”

ဂျွန်နီသည် ဘဲလ်၏ စကားများကို နားမလည်သေးချေ။

“အဲဒီမှာ ဘာမှ မရှိဘူးလေ...တစ်ခုခုများ ပြဿနာ ရှိလို့လား”

“မဟုတ်ဘူး!”

ပါမောက္ခဘဲလ်က ခေါင်းခါသည်။

"တကယ့်ပြဿနာက ဘာမှ မရှိတာပဲ.."

“အဲဒီနေရာမှာ အရင်က မိကျောင်းတွေ မှိုလို ရှိနေပေမယ့် အခု သေချာကြည့်စမ်း မိကျောင်း တစ်ကောင်မှ ရှိမနေဘူး”

ပရော်ဖက်ဆာဘဲလ်၏စကားကိုကြားပြီးနောက်၊ ဂျွန်နီ ရုတ်တရက် သဘောပေါက်သွားသည်။

အမှန်တကယ် ထူးဆန်းနေသည်။

“ကင်မရာမင်း၊ မြစ်နားက ကင်မရာအားလုံးကို စခရင်ကို ပြောင်းလိုက်... မိကျောင်းအုပ်စုက တခြားနေရာကို ရွှေ့သွားသလား ကြည့်ရအောင်”

တီဗီ ဖန်သားပြင်ထက်က မြင်ကွင်းသည် ရွေ့လျားသွားပြီး မြစ်၏ အစိတ်အပိုင်းများစွာကို ပြသထားသော်လည်း မိကျောင်းများ၏ ခြေရာတစ်စမှ မတွေ့ရပေ။

“ရွမ်းကို စားလိုက်တဲ့ အကောင်ကများ မြစ်ထဲမှာရှိတဲ့ မိကျောင်းအားလုံးကို စားလိုက်တာလား”

ခဏကြာတွေးနောက် ဘဲလ်က သူ့ခန့်မှန်းချက်ကို ပြောလိုက်သည်။

"စခရင် မြင်ကွင်းကို ဟိုင်းအီးနားတွေကို မြင်နိုင်တဲ့ဟာ ပြောင်းလိုက်"

ပင်မစခရင်သည် အစက်အပြောက် ဟိုင်းအီးနား အုပ်စုဆီသို့ ပြောင်းသွားသည်။

ဟိုင်းအီးနား အုပ်စုသည် သမင် အုပ်စုကို ကြည့်ကာ အမဲလိုက်နိုင်မည့် သားကောင်ကို ရွေးနေလေသည်။

အတော်မြင့်သည့် နေရာတွင်မှု နေရာတစ်ခုကို သတိနှင့် ကြည့်နေကြသော ဟိုင်းအီးနားများ ရှိနေသည်။

၎င်းတို့၏ မျက်လုံးများသည် မြစ်ကို စိုက်ကြည့်နေလေသည်။

.....

All Chapters