သင်ခန်းစာလေးတစ်ခု
Vol. 7 Ch. 92
ခြင်္သေ့ဘုရင် လေဘိုသည် သားသမီးများနှင့်အတူ စားသောက်ပြီးနောက် ဘေးနားသို့ လျှောက်သွားခဲ့သည်။ ထိုနောက်မှာတော့ ကျန်ခြင်္သေ့များ၏ အလှည့်ကျ ရောက်လာသည်။
ဟိုင်းအီးနား အုပ်စုသည် ခြင်္သေ့များကို မိနစ်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ဟိုင်းအီးနား အုပ်စုကို စောင့်ကြည့်နေသော ဖုံးကွယ် ကင်မရာသည် ၎င်းတို့၏ လှုပ်ရှားမှုများကို ဖြည်းညှင်းစွာ လိုက်လှည့်သွားခဲ့သည်။
ယခင်က ဆူညံနေခဲ့သော နေရာသည်၊ ပြန်လည်း တိတ်ဆိတ် သွားခဲ့သည်။ ဤနေရာ၌ ဖန့်ရန်သာ ကျန်ရှိတော့၏။
ပလုံ
သူ့ အပန်ဖြေစရာများ ပျောက်ကွယ်သွားပြီးနောက်... ဖန့်ရန်သည် ရေအောက်သို့ ဖြည်းညှင်းစွာ ငုတ်သွားလိုက်ပြီး၊ အဝေးတစ်နေရာ မြစ်ကမ်းစပ်၌ ရေငုံ့သောက်နေသည့် သမင် တစ်ကောင်စီ ရေအောက်မှ ကူးခတ်သွားလိုက်သည်။
၎င်းသမင်သည် အန္တရာယ် တစ်ခု ချဉ်းကပ်နေသည်ကို မသိဘဲ ရေကိုသာ စိတ်အေးလက်အေး သောက်နေခဲ့သည်။
ဗုန်း!
ငြိမ်သက်နေသော ရေမျက်နှာပြင်သည် ရုတ်တရက် ပေါက်ကွဲသွားကာ ကြီးမားသော အသွင်အပြင် တစ်ခုသည်၊ ခုန်တက်လာပြီး မည်သည့် တုံ့ပြန်ရန် အခွင့်အရေးပင် မပေးဘဲ ထိုသမင်၏ လည်ပင်းကို ကိုက်ပြီး ရေအောက်သို့ ဆွဲချသွားခဲ့သည်။
သမင်သည် ပြင်းထန်စွာ ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
ဖန့်ရန်သည် ၎င်းကို လျင်မြန်စွာ ရစ်ပတ်ပြီး ကျဉ်းမြောင်းစေလာကာ ၎င်းသမင်၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို ကြေမွစေကာ ငဖယ်လုံးသဖွယ် ဖြစ်သွားစေသည်။
တစ်မိနစ်တောင် မကြာတော့ဘဲ မြစ်ထဲ၌ ၎င်း၏ အစွမ်းကုန် ရုန်းကန်နေခြင်းသည် ရပ်တန့် သွားခဲ့သည်။
သမင်ကို သတ်ပြီးနောက် ဖန့်ရန်သည် ၎င်းကို ကမ်းစပ်သို့ ဆွဲယူသွားကာ မျိုချလိုက်သည်။
မဝေးလှသော နေရာမှ သမင် အုပ်စုသည် ဖန့်ရန်၏ ကြီးမားသောအရွယ်အစားကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ အမြန်ထွက်ပြေး ကြလေသည်။ ၎င်းတို့သည် မြစ်နှင့် အဝေးကို ရောက်မှဘဲ လှည့်ကြည့်ရဲ ကြသည်။
ထိုနောက် ၎င်းတို့သည် ဧရာမြွေကြီး၏ မျိုချ ခံနေရသည့် ၎င်းတို့၏ အဖော်ကိုပင် ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာ မြေပြင်ပေါ်ရှိ မြက်နုများကို စတင်စားကြတော့သည်။
...
ဖန့်ရန်သည် သူ၏ ဗိုက်ပြည့်စေရန်နှင့် စနစ်အမှတ်များ ပိုမိုများပြားလာစေရန် နေ့စဥ် အမဲလိုက် သတ်ဖြတ်ခဲ့ပေသည်။
သို့သော် သူ၏ မကြာခဏ အဆက်မပြတ် အမဲလိုက်မှုအောက်တွင်၊ ရေသောက်လာသော သမင်များနှင့် အခြားတိရစ္ဆာန်များသည် အလွန်သတိရှိလာ၏။
ထို့အပြင် နေ့စဉ်နှင့်အမျှ ဖမ်းဆီးမိသော သားကောင် အရေအတွက်မှာ လျော့ပါးလာခဲ့သည်။
ထို့ကြောင့် ဖန့်ရန်သည် ယခင် နေရာသို့သာ ပြန်သွားနိုင်လေသည်။ သူသည် ဤနေရာရှိ မိကျောင်းအားလုံးကို စားပြီးပြီဖြစ်သောကြောင့်၊ နောက်ထက် မိကျောင်းတွေကို ရှာဖွေရန် အတွက် (၁ဝ) ကီလိုမီတာထက် ဝေးသောနေရာများသို့ မကြာခဏသွားရလေ့ ရှိလာသည်။
ပျမ်းမျှအားဖြင့် အရွယ်ရောက် မိကျောင်းတစ်ကောင်သည် .. စနစ်အမှတ် (၂ဝဝဝ) ကို ပေးစွမ်းနိုင်ပေသည်။
သူသည် မိကျောင်းအမဲလိုက်ရာတွင် အတွေ့အကြုံ ရှိလာသောကြောင့် နေ့စဉ် မိကျောင်း (၁ဝ) ကောင်ထက်မနည်း အမဲလိုက်လေ့ရှိ၏။
တခါတရံတွင် မိကျောင်းဒါဇင်ချီ ရှိသည့် မိကျောင်းအုပ်စု တစ်စုသည် တစ်နေ့တည်းနှင့် ပြုန်းတီးသွားတတ်သည်။
သူ့ နယ်မြေက တနေ့ထက်တနေ့ ပိုမိုကြီးမားလာခဲ့သည်။ မိကျောင်းများသည် ဖန့်ရန်၏ အမဲလိုက်ခံရမည်ကိုပင် မသိစိတ်မှ ကြောက်လန့်လာကြသည်။
မိကျောင်းအုပ်စုတွေ အပြင် သမင်အုပ်စုသည်လည်း အဝေးသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
ထိုကြောင့် ဖန့်ရန်သည် သူ၏ ခြုံခိုအမဲလိုက်မှုပုံစံကို လျှော့ချပြီး ပေါ်တင် အမဲလိုက်ခြင်းကို လုပ်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သမင်အုပ်စုသည် ၎င်းတို့ အုပ်စုခြင်း ပေါင်းစုမူကြောင့် တစထက်တစ ကြီးထွားလာခဲ့သည်။
ရံဖန်ရံခါတွင် ဖန့်ရန်သည် အနီးနားရှိ ထိပ်တန်းသားကောင်များနှင့် တွေ့ဆုံရသော်လည်း ၎င်းတို့ကြားတွင် မည်သည့်ပဋိပက္ခမှ မဖြစ်ခဲ့ဖူးပေ။
သူ့ကို မြင်သည်နှင့် ၎င်းတို့သည် များသော အားဖြင့် ထွက်ပြေးကြပေမည်။
သို့သော်... ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသည့် သတ္တဝါတချို့ အမြဲရှိပေသည်။
ဖန့်ရန်သည် ရေထဲမှ ဖြည်းညှင်းစွာ ထွက်လိုက်ပြီး သမင်အုပ်စုဆီသို့ သွားလိုက်သည်။
သူ၏ အကြည့်သည် နောက်ဆုံးမှ သားဖွားကာစ သမင်မ တစ်ကောင်ကို မရပ်တန့်မီ ၎င်းတို့ကို ဖြည်းညှင်းစွာ စစ်ဆေးခဲ့သည်။
သမင်ပေါက်လေးသည် ၎င်း၏ မိခင်နောက်သို့ ဖြည်းဖြည်းချင်း လျှောက်လိုက်နေသည်။ တစ်ခါတစ်ရံ၌ သမင်ပေါက်လေးသည် ခြေခြင်း လိမ်ကာ လဲကျသွားတတ်သည်။
ဤမိခင်နှင့် ကလေးငယ်သည် ပတ်ဝန်းကျင်နှင့် ရောနှော ကိုယ်ပျောက်နေသည့် ဧရာမသတ္တဝါကြီး တစ်ကောင်သည် ၎င်းတို့ဆီ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို သတိမပြုမိပေ။
သူတို့ကြား အကွာအဝေးသည် ဆယ်မီတာလောက် ရှိသည်နှင့် ဖန့်ရန်သည် ဖုံးကွယ်မူကို ဖယ်ရှားကာ မြှားတစ်စင်းလို ချက်ချင်းခုန်ထွက်သွားပြီး သမင်မဆီ အမြန်သွားလိုက်သည်။
မိခင်သမင်မသည် လျင်မြန်စွာ တုံ့ပြန်၏။ သူမသည် သူမ၏ ခြေထောက်များကို မြေကြီးပေါ်သို့ ဆောင့်ချကာ လျင်မြန်စွာ ပြေးသွားသည်။ သမင်လေးကိုပင် ချန်ထားခဲ့သည်။
သူမသည် လုံးဝအသည်းနှလုံးမရှိသောကြောင့် ပြေးသွားစဉ်တွင် သူမ၏ ကလေးအား ပြန်၍ပင် လှည့်မကြည့်ခဲ့ချေ။
ဧရာမစပါးအုံးမြွေကြီးသည် ဝေဟင်မှ ထွက်ပေါ်လာပြီး သူမ ကလေးနှင့် တိုက်မိကာ ဆင်းသက်သွားသည်ကို သူမ မြင်လိုက်ရသည်။
ယင်းကြောင့် မိခင်သမင်မသည် စိုးရိမ်တကြီး အော်ဟစ်နေခဲ့သော်လည်း သူမက ပြေးခြင်းကို မရပ်လိုက်ပေ။
ထို့နောက် ဧရာမစပါးအုံးမြွေသည် ၎င်းနောက်သို့ လျင်မြန်စွာ တွန့်လိမ် လိုက်လာသည်။
အရွယ်ရောက် သမင်များကို လျင်မြန်ပြီး ကြာရှည်ခံသည့် အပြေးသမားများ အဖြစ် လူသိများလေသည်။ ၎င်းတို့၏ ပျမ်းမျှ အမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ (၈ဝ) ခန့် ရှိသည်။ ထို့အပြင် ၎င်းအရှိန်ကို အချိန် အတော်ကြာအောင် ထိန်းထားနိုင်ကြသည်။
သို့သော်လည်း ဖန့်ရန်၏ အရှိန်သည် ပို၍ပင် မြန်သည်။ သူသည် ယခင်ကတည်းက မိခင်သမင်မနှင့် အလွန်နီးကပ်နေခြင်းကြောင့် ဤလိုက်လံမှုမှာ ကြာရှည်မခံခဲ့ပေ။
စက္ကန့်အနည်းငယ် အတွင်းမှာပင် သူလိုက်မှီ သွားခဲ့သည်။
မိခင်သမင်မသည် ထွက်ပြေးချင်သော်လည်း ဖန့်ရန်၏ ချွန်ထက်သော သွားစွယ်များသည် ၎င်း၏ အသားထဲသို့ နစ်မြုပ်သွားခဲ့သည်။
ထိုနောက် သူသည် မိခင်သမင်မကို လျင်မြန်စွာ ရစ်ပတ်ကာ ညစ်အားကို တဖြည်းဖြည်း တိုးမြှင့်စေသည်။ ဤသည်မှာ မိခင်သမင်မကို အသက်ရှုရန် အလွန်ခက်ခဲစေသည်။
သူ့အရိုးတွေကို ပိုပိုတင်းကျပ်လာနေစဥ် ခပ်လှမ်းလှမ်းမှ သူချန်ထားသည့် သမင်ပေါက်လေးဆီ ဖြည်းညှင်းစွာ ချဉ်းကပ်နေသည့် သတ္တဝါသုံးကောင်ကို သတိထားမိလိုက်သည်။
၎င်းသည် ကျားသစ်များ ဖြစ်သည်။
ဒါကိုမြင်လိုက်သည့် ဖန့်ရန်သည် သူ့အဆိပ်ကို မိခင်သမင်မ ကိုယ်ထဲ အမြန်ထိုးသွင်းလိုက်ပြီး ကျားသစ် သုံးကောင်ဆီ အလျင်အမြန် တွန့်လိမ် သွားလိုက်သည်။
ဖန့်ရန် ပြန်ရောက်လာတာကို တွေ့လိုက်ရတော့ ကျားသစ်တွေသည် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
သို့သော် မီတာ (၁ဝဝ) အကွာအဝေးသို့ ပြေးပြီးနောက် ၎င်းတို့သည် ရပ်တန့်ကာ ဖန့်ရန်ကို အဝေးမှ လှမ်းကြည့်နေကြသည်။
သူတို့တွင် ဤကဲ့သို့ ထွက်ခွာရန် ဆန္ဒမရှိပေ။
ဖန့်ရန်က ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ကာ အသက်ပျောက်နေပြီ ဖြစ်သည့် သမင်ပေါက်လေးကို မျိုချလိုက်သည်။
ထိုနောက် သူသည် သေနေခဲ့ပြီ ဖြစ်သည့် သမင်မဆီသို့ ပြန်သွားသည်။
ဖန့်ရန်သည် ယခင်ကကဲ့သို့ သမင်မကို မျိုမချတော့ဘဲ ဤလွင်ပြင်ရှိ တိရစ္ဆာန်အများစုလုပ်သည့်အတိုင်း သူ၏ ချွန်ထက်သောသွားများကို အသုံးပြုကာ သမင်မကို အသားအတုံးကြီးများ အဖြစ် ပြောင်းလဲ၍ စားသောက်သည်။
သို့သော် တစ်ဝက်ကျော်ကို စားပြီးနောက် သူသည် ကျန်ရှိသော သမင်အသားများကို စွန့်လွှတ်လိုက်သကဲ့သို့ လှည့်ထွက်သွားသည်။
ဧရာမစပါးအုံးမြွေကြီး ထွက်သွားတာကို မြင်သည့် ကျားသစ်သုံးကောင်သည် ၎င်းကျန်ရှိသော သမင်အသားကို စားဖို့ရန် သတိနဲ့ ချဉ်းကပ်လာကြသည်။
ဖန့်ရန်သည် အမှန်တကယ်တော့ ထွက်မသွားခဲ့ပေ။
သူသည် ၎င်းတို့နှင့် မီတာ (၁၀၀) အကွာအဝေးမှ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းရင်း ကျားသစ်အုပ်စုကို စိုက်ကြည့်နေခဲ့သည်။
ဤကျားသစ်တွေ သူ့ကို နှောင့်ယှက်တာက ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။
သူ သားကောင်ကို လိုက်ရှာသည့်အခါတိုင်း ထိုကျားသစ် အုပ်စု၏ နှောင့်ယှက်ခြင်းကို ခံရသည်။
ဒီနေ့တော့ သူတို့ကို မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု ပေးရလိမ့်မည်။
သူ၏ ရည်ရွယ်ချက်မှာ ယခုတစ်ကြိမ်တွင် အနည်းဆုံး ကျားသစ်တစ်ကောင်ကို သတ်ဖြတ်ရန် ဖြစ်သည်။
သတိအပြည့် ရှိနေသည့် ကျားသစ်များသည် ဧရာမမြွေကြီးက အဝေးတစ်နေရာတွင် ငြိမ်သက်စွာ လဲလျောင်းပြီး အနားယူနေသည်ကို တွေ့လိုက်ရသဖြင့် ၎င်းတို့၏ သတိများ လျော့ပါးသွားကာ စတင် စားသောက်ကြသည်။
၎င်းတို့ထဲမှ တစ်ယောက်ဆိုလျှင် သမင်သေ၏ တင်ပဆုံးကို ကိုက်ကာ ၎င်းအရိုးများကို အတင်းဆွဲထုတ်နေလေသည်။
ကျားသစ်များသည် များသောအားဖြင့် ၎င်းတို့ သားကောင်၏ ခန္ဓာကိုယ်ကို မစားမီ ဘေးကင်းသော နေရာသို့ ယူဆောင်သွားကြသည်။
သို့သော် ကျားသစ်သုံးကောင် ရှာမတွေ့ခဲ့ သည်မှာ ဧရာမစပါးအုံးမြွေကြီးသည် ၎င်းတို့ ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခြင်းဖြစ်သည်။
ဖန့်ရန်သည် ၎င်းတို့ကို သင်ခန်းစာတစ်ခု ပေးရန် ရည်ရွယ်ပြီး ကျားသစ်အုပ်စု ဆီသို့ ဖြည်းညှင်းစွာချဉ်းကပ်ရန် သူ၏ ရုပ်ဖျက်စွမ်းရည်ကို အသုံးပြုနေလေသည်။
မီတာသုံးဆယ်အကွာ ရောက်ချိန်တွင် သူ၏ ကြွက်သားများကို တင်းကြပ်လိုက်သည်။
.....