ဆင့်ကဲဖြစ်စဉ်နှင့် ခြင်္သေ့ဘုရင် လေဘို
Vol. 7 Ch. 93
ဘုန်း!...
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး၊ ဖန့်ရန်၏ ခန္ဓာကိုယ်ကြီးသည် ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ ပြင်းထန်သော အရှိန်နှင့် ပေါက်ကွဲအားကို အသုံးပြုကာ ကျားသစ်များဆီသို့ လေဟုန်စီးကာ ခုန်သွားလိုက်သည်။
ဤမျှကြီးမားသော ဧရာမမြွေကြီးတွင် ထိုမျှထိတ်လန့်စရာကောင်းသော အမြန်နှုန်းရှိနေနိုင်သည်ကို စိတ်ကူးကြည့်ရန် ခက်ခဲပေ၏။
သမင်အသားကို စားနေသည့် ကျားသစ်တွေသည် ကျယ်လောင်သော ၎င်းအသံကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး အမြန် ထွက်ပြေးလိုက်ကြသည်။
၎င်းတို့၏ အရှိန်သည် ဖန့်ရန်ထက် အနည်းငယ် ပိုမြန်သည်။ ထွက်ပြေးပြီးနောက် သူတို့ကြားက မီတာ (၁၀၀) နီးပါး အကွာအဝေးကို ရောက်သွားခဲ့သည်။
ကျားသစ်များသည် အလွန်လျင်မြန်၍ ဤကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး တိရစ္ဆာန်မျိုးဖြစ်သော်လည်း ၎င်းတို့တွင် ပြင်းထန်သော တစ်ခု အားနည်းချက်ရှိသည်။
၎င်းမှာ ကာယကြံ့ခိုင်မှုက နည်းပါးခြင်း ဖြစ်သည်။ များသောအားဖြင့် ၎င်းသည် မသိသာသော်လည်း၊ အရှိန်အဟုန်နှင့် ရုပ်ပိုင်းဆိုင်ရာခွန်အား သာလွန်သည့် ဖန့်ရန်၏ ရှေ့မှောက်တွင်တော့ ယင်းက မိုးမျှော်တိုက်ကဲ့သို့ အလွန် သိသာထင်ရှားနေသည်။
ဖန့်ရန်၏ အဓိက ပန်းတိုင်မှာ ကျားသစ်သုံးကောင်ထဲမှ အကြီးဆုံးအကောင် ဖြစ်သည်။
သူ၏ မဆုတ်မနစ် လိုက်ဖမ်းမှု အောက်တွင် ကျားသစ်များသည် သိသိသာသာပင် တုန်လှုပ်နေလျက် ၎င်းတို့၏ အသက်ရှူသံများ ပြင်းထန်လာခဲ့သည်။
စက္ကန့်သုံးဆယ်အကြာတွင် ၎င်းတို့၏ အရှိန်သည် တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။
အခွင့်အရေးရောက်လာမှန်း သိလိုက်သည့် ဖန့်ရန်သည် ချက်ချင်းပင် အမြီးနှင့် မြေပြင်ကို အားသုံးရိုက်ကာ အရှိန်ယူပြီး ၎င်းအရှိန်နှင့် မြေပြင်ပေအနည်းငယ်အကွာ လေထဲမှ လေဟုန်စီးပြီး ကျားသစ်တစ်ကောင်ဆီသို့ ပြေးသွားခဲ့သည်။
ထိုကျားသစ် အနီး မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် သူသည် မည်သည့် အခွင့်အရေးမှ မပေးဘဲ ၎င်း၏ ပတ်ပတ်လည်ကို ချက်ချင်းပင် ရစ်ပတ်လိုက်သည်။
သူ၏ အမြင့်ဆုံး စွမ်းအားကို အသုံးချလိုက်သည်နှင့် တဂျွတ်ဂျွတ်၊ တဖျောက်ဖျောက် အသံများ ထွက်ပေါ်လာပြီး မကြာမီပင် ၎င်းကျားသစ် နာကျင်စွာ မြည်းတမ်းရင်း သေဆုံးသွားသည်။
ဖန့်ရန်က ထိုကျားသစ်ကို အမြန်စတင် မျိုချတော့သည်။
ဤကျားသစ်သည် သူ့အား စနစ်အမှတ် (၁၈၀၀) ပေးသည်။
သူ၏ စုစုပေါင်း စနစ်အမှတ်သည် (၁၅ဝဝဝ) သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုဆို သူ၏ နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ် (၁ဝဝဝဝဝ) လိုအပ်နေသေးသည်။
ဖန့်ရန်က ထိုကျားသစ်ကို မျိုနေစဥ်အချိန်၌ ကျန်ကျားသစ်နှစ်ကောင်သည် သူ့ကို မီတာသုံးရာခန့်အကွာမှ စောင့်ကြည့်နေကာ ၎င်းတို့၏ ဝမ်းဗိုက်များက အဆက်မပြတ် ကျုံ့၊ ဆန့်နေလျက် ဒေါသတကြီး အော်ဟစ်နေကြသည်။
ထိုနောက် သူ့ကို ခဏကြာစိုက်ကြည့်ပြီး ခေါင်းငုံ့ကာ လှည့်ထွက်သွားကြတော့သည်။
သို့သော်ငြား ဖန့်ရန်သည် ကျားသစ်တစ်ကောင်မျှနှင့် ကျေနပ်နေမည်မဟုတ်ပေ။ သူ သည် ထိုကျားသစ်ကို မျိုချခြင်း လုပ်ငန်းစဥ်ပြီးဆုံးပြီနောက် ကျန်ကျားသစ်များကို လှည့်ပတ် လိုက်ရှာသည်။
နာရီဝက်အကြာတွင် ဖန့်ရန်သည် အခြားကျားသစ် တစ်ကောင်ကို ထက်မံ ဖမ်းမိခဲ့သည်။ ကျန်တစ်ကောင်ကမှု ခြေရာလက်ရာပင် မတွေ့ခဲ့ရပေ။ ၎င်းသည် လေကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
သေချာလိုက် ကြည့်ခဲ့သော်လည်း ဘာမှ ရှာမတွေ့သောကြောင့် ဖန့်ရန်သည် သမင်အုပ်စုသို့ ပြန်သွားပြီး သမင်များကို အမဲလိုက်ခြင်း စတင်ခဲ့သည်။
သူ၏ အသည်းအသန် အမဲလိုက်မှုကြောင့် ငါးရက်အကြာတွင် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်ချက်များကို ပြည့်မှီသွားကာ ဆင့်ကဲဖြစ်စဉ်ကို တွေ့ကြုံခံစားခဲ့သည်။
...
ဖန့်ရန်သည် မြက်ခင်းပြင် တစ်ခုပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေခဲ့သည်။
ပူနွေးသော အမည်မသိ စွမ်းအင်များသည် သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းနေခဲ့သည်။
ဆယ်မိနစ်ခန့်အကြာ၌ ထိုပူနွေးသည့် ခံစားချက်များ ပျောက်ကွယ်သွားကာ သူ့အရေခွံကွာကျသွားသည်။
သူ့ခန္ဓာကိုယ်က ပိုကြီးလာခဲ့ကာ သူ့အကြေးခွံက ပိုမိုပြောင်လက် တောက်ပလာခဲ့သည်။
"စနစ် ဖန်သားပြင်ကို ဖွင့်မယ်"
ထိုစကားကို ပြောပြီးနောက် သူ့စိတ်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
ဖန့်ရန်က အချက်အလက်တွေကို သေချာဖတ်တော့သည်။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၁၇
စနစ်အမှတ် : ၂၄ဝ/၃၅ဝဝဝဝ
ကျွမ်းကျင်မှုရမှတ် : ၂၂
ကိုယ်ထည်အရှည် : ၂၁ မီတာ
အချင်း : ၇၄ စင်တီမီတာ
ခွန်အား : ၂၃ဝ
ခုခံနိုင်စွမ်း : ၁၈ဝ
အမြန်နှုန်း : ၅၇
တက်ကြွမှု : ၆ဝ
စိတ်ဝိညာဉ် : ၆၂
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၈၅
စွမ်းရည် : --------------------- --------------------------------------- သံမဏိကိုယ်ထည် (၁/၅)၊ လျင်မြန်သော ကုသမှု (၂/၅) ]
"အခု၊ (ညံ့) တစ်ကောင် ငါ့ရှေ့မှာရှိနေရင်တောင် ညီလေးတစ်ယောက်လို ပြုမူရလိမ့်မယ်"
ဖန့်ရန်သည် သူ၏ ကြီးမားသောခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရင်း အထင်သေးစွာ ရယ်မောလိုက်သည်။ သူ၏ လက်ရှိအရွယ်အစားအရဆို အရွယ်ရောက် သမင်များကို မည်သည့် ကျန့်ကြာမှုမှာ မရှိဘဲ အလွယ်တကူ မျိုချနိုင်လေပြီ။
ထိုနောက် သူ့အကြည့်က စနစ်အမှတ်ကော်လံ ပေါ် ကျရောက်သွားသည်။
သူသည် စွမ်းရည် တစ်ခုကို အဆင့်မြှင့်တင်နိုင်သည်။
အချိန်အတော်ကြာစဉ်းစားပြီးနောက် ဖန့်ရန်သည် "သံမဏိ ကိုယ်ထည်" စွမ်းရည်ကို အဆင့်မြှင့်တင်လိုက်၏။
ဤနောက် ဖန့်ရန်သည် သူ့ခန္ဓာကိုယ်ထဲတွင် ထူးဆန်းစွာ စီးဆင်းနေသော စမ်းချောင်းတစ်ခုအား ခံစားလိုက်ရပြီး သူ့အရိုးများနှင့် အကြေးခွံများ သန်မာလာသည်ကို ခံစား သိရှိလိုက်သည်။
၎င်းနောက် သူ၏ ခုခံနိုင်စွမ်းသည် (၃၄၀) သို့ တိုက်ရိုက် မြှင့်တက်သွားခဲ့သည်။
ယခင်က မုဆိုး၏ သေနတ်များသည် သူ၏ အကြေးခွံများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖန့်ရန် သတိရမိသည်။
အခုတော့ ထိုသေနတ်တွေက သူ့ အကြေခွံတွေကို ခြစ်ရာပင် မထင်နိုင်တော့ချေ။ ၎င်းသည် သူ၏ အလိုလိုသိစိတ် ဖြစ်သည်။
သူ့ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို ခံစားရင်း ကျေနပ်သွားသည့် ဖန့်ရန်သည် အဝေးမှ သမင်အုပ်ကို လှမ်းကြည့်လိုက်သည်။
ဤနေရာတွင် သားကောင်တွေ အများကြီးရှိသေးသည်။ အကြောင်းပြချက်အရ၊ သူသည် ဤတောရိုင်းကောင်များကို ဆက်လက် အမဲလိုက်နေသင့်ပေသည်။
သို့သော်.. ဖန့်ရန်သည် အတန်ကြာစဉ်းစားပြီးနောက် ပြန်ရန်ရွေးချယ်ခဲ့သည်။
သူသည် ဤသမင်များကို လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက လိုက်ဖမ်းနေခဲ့ခြင်းကြောင့် ယခုဆို မြစ်နဲ့ ကီလိုမီတာ (၁၀၀) လောက်ပင် ဝေးနေလေပြီ။
ထိုနေရာတွင် သားကောင်ရှိ၊ မရှိ ထပ်ကြည့်ရမည်။ သို့မဟုတ်ရင်တော့ တခြားနေရာသို့ သွားရပေတော့မည်။
...
အိပ်ဆောင်တစ်ခု၏ တတိယထပ်တွင် လူငယ် ကောင်လေး လေးယောက်သည် ၎င်းတို့၏ အခန်းသို့ အမြန်ပြိုင်ပြေးနေကြသည်။
လူငယ်လေးတစ်ယောက်က အလျင်မြန်ဆုံးဖြစ်ပြီး ကျန်တဲ့သူတွေကို ကျော်ပြီး အိပ်ဆောင်တံခါးကို ဖွင့်သည်။
"ရှိန်း... မင်းက ပထမနေရာကို အမြဲတမ်း မသိမ်းပိုက်လို့ မရဘူးလား!"
ပထမကောင်လေးနောက်မှ အခြားလူငယ် လေးတွေက အော်ဟစ်ပြီး အမြန်ပြိုင်ဝင်သည်။
ရှိန်းသည် သူတို့၏အော်သံကို မတုံ့ပြန်ဘဲ အခန်းတံခါးဆီသို့ ပြေးသွားခဲ့သည်။
ထိုနောက် သူသည် တံခါးကို ဖွင့်ပြီး လက်ထဲက စာအုပ်နှစ်အုပ်ကို ကုတင်ပေါ်ပစ်ချကာ ကွန်ပြူတာရှေ့မှာ အမြန်ထိုင်လိုက်သည်။
စာသင်ချိန်ပြီး၍ ညနေခင်းရောက်တိုင်း “မြက်ခင်းပြင်ရဲ့ ဘုရင်" ရှိုးကို ကြည့်ခြင်းသည် သူ့အတွက် မရှိမဖြစ် ဖြစ်လာသည်။
သူ့ကွန်ပြူတာကို ဖွင့်ပြီးနောက် သူ့အခန်းဖော် သုံးယောက်သည် အိပ်ခန်းထဲသို့ ပြေးဝင်လာကြ၏။ ၎င်းတို့သည် အထဲရောက်သည်နှင့် ကွန်ပြူတာရှေ့၌ ထိုင်နေသော ရှိန်းကို တွေ့လိုက်ရသည်။
အချိန်တိုင်း၊ အကောင်းဆုံးနေရာကို သိမ်းပိုက်ထားသူမှာ ရှိန်း ဖြစ်သော်လည်း ၎င်းတို့ ဘာလုပ်နိုင်မည်နည်း။ နှေးကွေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နိုင်သည်။
ရှိန်းဘေးနားရောက်တော့ သူ့နောက်မှာ မပ်တပ်ရပ်သူကရပ် ထိုင်သူကထိုင်သည်။
"မြန်မြန် ခြင်္သေ့ဆီပြောင်း!"
ကွန်ပြူတာစခရင်ပေါ်က ပုံရိပ်ကို ကြည့်ရင်း လူလေးယောက်က စိတ်တူကိုယ်တူနှင့် တိုးတိုးလေး ရေရွတ်နေကြသည်။
၎င်းနေရာနှင့် ယူကန်ဒါ (ဆာဗာနား) မြက်ခင်းပြင်ဒေသ ကြားတွင် အချိန်ကွာခြားမှု ရှိသောကြောင့် မြက်ခင်းပြင်တွင် နေ့လယ်ခင်းသာ ရှိနေသည်။
ယခု ဂျွန်နီ၊ ပါမောက္ခဘဲလ်နှင့် ကျန်အဖွဲ့သားများသည် နေ့လည်စာ စားနေကြသည်။
ရုတ်တရက် ကွန်ပြူတာ စခရင်ပေါ်ရှိ ပုံရိပ်သည် ပြောင်းလဲသွား၏။
ကွန်ပြူတာ ဖန်သားပြင်ပေါ်ရှိ လက်ရှိမြင်ကွင်းသည် ကျယ်ပြောလှသော မြက်ခင်းပြင်ကျယ်ကြီး ဖြစ်သည်။
ခြင်္သေ့များ၏ ပရိတ်သတ်တစ်ယောက် အနေနှင့် ကင်မရာမြင်ကွင်းကို ခြင်္သေ့အုပ်စုဆီ ပြောင်းဖို့ သဘာဝကျကျ သူတို့ မျှော်လင့်ထားကြသည်။
"ခြင်္သေ့တွေက ဒီပြိုင်ပွဲကို သေချာပေါက် အောင်နိုင်လိမ့်မယ်"
ရှိန်းက အသက်ဖြည်းဖြည်းရှုရင်း တိုးတိုးလေးပြောသည်။
အခြားအခန်းဖော် သုံးယောက်က ခေါင်းညိတ်သည်။
ပွဲစစဥ် ကတည်းက ခြင်္သေ့တွေက အမြဲတမ်း လိုလို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်။
၎င်းတို့သည် သားကောင်တွေ အများကြီးသတ်ပစ်ခဲ့၏။ ပိုအရေးကြီးတာက ခြင်္သေ့ဘုရင် လေဘိုသည် ခြင်္သေ့နှစ်ကောင်ကို မောင်းထုတ်နိုင်ခဲ့ပြီး ဟိုင်းအီးနားအုပ်စုကို ထွက်ပြေးစေခဲ့သည်။
ဒီရလဒ်တွေအရဆို ပြိုင်ပွဲမှာ အနိုင်ရမည်က ခြင်္သေ့အုပ်စုပင် ဖြစ်ရပေမည်။
လေးယောက်သာ လေးလေးနက်နက် တွေးနေချိန်မှာတော့ ကွန်ပြူတာ ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များ ပြောင်းသွားခဲ့သည်။
၎င်းတို့၏ မျက်လုံးတွေက အစပိုင်းတွင် လင်းထိန်သွားသော်လည်း မကြာမီ စိတ်ပျက်လက်ပျက် ပြန်ဖြစ်သွားသည်။
ပေါ်လာသည့် ပုံရိပ်က ခြင်္သေ့တွေ မဟုတ်ခဲ့ပေ။
ယင်းသည် ကျားသစ်တွေ ဖြစ်သည်။
”ကြည့်... ကျားသစ်အုပ်စုက ပြိုင်ပွဲက ထွက်ရဖို့များနေပြီ၊ သူတို့တွေထဲက နှစ်ကောင်ပျောက်နေတယ်”
ရှန်းက တုန်လှုပ်စွာဖြင့် ပြောသည်။
ကွန်ပြူတာဖန်သားပြင်ပေါ်တွင် ပေါ်လာသော ကျားသစ်သုံးကောင်သည် မြက်ခင်းပြင်၏ ဘုရင်ကို ရွေးချယ်ရာတွင် ပါဝင်ခဲ့သည့် ကျားသစ်အုပ်စု၏ အဖွဲ့ဝင်များ ဖြစ်သည်။
ယခင်က ကျားသစ်ငါးကောင်ရှိခဲ့သော်လည်း ယခုအခါ သုံးကောင်သာ ကျန်ရှိတော့သည်။
ကျန်ကျားသစ်နှစ်ကောင်သည် လွန်ခဲ့သောငါးရက်က ပျောက်ကွယ်သွားခဲ့သည်။
ဂျွန်နီ၏ အဖွဲ့သည် ၎င်းကျားသစ်နှစ်ကောင်ကို ရှာဖွေရန် ကင်မရာဒရုန်းများကို စေလွှတ်ခဲ့သော်လည်း ၎င်းတို့သည် ဘာမျှမတွေ့ခဲ့ပေ။
ပါမောက္ခဘဲလ်၏ အဆိုအရ ထိုကျားသစ်နှစ်ကောင်သည် အသတ်ခံရဖွယ်ရှိကြောင်း သိရသည်။
အောက်ဆုံး၌ ရှိနေပြီ ဖြစ်သော ကျားသစ်အုပ်စုသည် ရုတ်တရက် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
သူတို့တွင် ပြန်လာနိုင်ဖို့ မည်သည့် အခွင့်အရေးမှ မရှိနိုင်တော့ချေ။
ပုံရိပ်သည် ထက်မပြောင်းသွားခင် မိနစ်အနည်းငယ်ကြာအောင် ကျားသစ်တွေပေါ်၌သာ ရှိနေခဲ့သည်။
ဤတစ်ခါ ကွန်ပြူတာ ဖန်သားပြင်ပေါ်၌ ပေါ်လာသော မြင်ကွင်းသည် ကျယ်ပြောသော လွင်ပြင်တစ်ခုမှ စတင်သည် မြေပြင်ပေါ်၌ မြက်တွေကလွဲလို့ ဘာမှမရှိချေ။
ယင်းကြောင့် ကောင်လေးလေးယောက် စိတ်ပျက်သွားရ ပြန်သည်။
သို့သော် သူတို့ အံ့သြသွားကြသည်။ အဘယ်ကြောင့်ဆိုသော် စခရင်၏ ညာဘက်ခြမ်းမှ ပါးစပ်တစ်ခု ရုတ်တရက် ပေါ်လာခြင်း ကြောင့်ပင်။
ဤသည်မှာ ခြင်္သေ့ဘုရင် လေဘို ဖြစ်ရမည်။.
ကောင်လေး လေးယောက် စိတ်လှုပ်ရှားလာသည်။
ထိုနောက် ၎င်းသည် စခရင်ပေါ်တွင် အပြည့်အဝ ပေါ်လာသည်။
ဒါပေမယ့် နောက်အခိုက်အတန့်မှာတော့ သူတို့မျက်နှာပေါ်က အမူအရာက ရုတ်ချည်း ဆိုးရွားသွားသည်။
"အိုး.... မဟုတ်ဘူး!"
.....