← Chapters

ဘုရင်တစ်ပါးရဲ့ ကျဆုံးခြင်း

Vol. 7 Ch. 94

ဘုရင်တစ်ပါးရဲ့ ကျဆုံးခြင်း

Vol. 7 Ch. 94

လူငယ်လေး လေးယောက်သည် ကွန်ပြူတာ ဖန်သားပြင်ပေါ်မှ မြင်ကွင်းကို ကြည့်နေရင်း သူတို့၏ နှလုံးသားတွေ တင်းကျပ် နေခဲ့သည်။

ခြင်္သေ့ဘုရင် လေဘို၏ ခေါင်းကို ဟိုင်းအီးနား တစ်ကောင်က ၎င်း၏ ပါးစပ်နှင့် ဆုပ်ခဲထားခဲ့သည်။

လေဘိုတွင် ၎င်းခေါင်းက လွဲ၍ ကျန်တစ်ကိုယ်လုံး ရှိမနေပေ။

ဟိုင်နာတွေက ခြင်္သေ့ဘုရင်ကို သတ်ခဲ့တာလား..?

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..?

အိပ်ဆောင်ရှိ လူငယ်လေး လေးယောက်သည် မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။

အရွယ်ရောက် ခြင်္သေ့များသည် ဟိုင်းအီးနား အုပ်စုနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းတို့၏ အတွက် စိုးရိမ်စရာ လုံးဝမရှိပေ။

ယခု ဘယ်လို ဖြစ်ရသနည်း...။

သူတို့သည် ဟိုင်းအီးနား အုပ်စု၏ ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်သည်။

ခေါင်းဆောင်ကိုသတ်ပြီးနောက် ဟိုင်းအီးနား အုပ်စုသည် ချက်ချင်းပြိုလဲသွားမည်ဖြစ်သည်။

အခုအချိန်မှာ ဘာတွေဖြစ်နေလဲ...?

ခြင်္သေ့ဘုရင်၏ ခေါင်းသည် အဘယ်ကြောင့် ထိုဟိုင်းအီးနား ပါးစပ်၌ ရှိသနည်း။

ဖုန်းမြည်သံကြောင့် ဂျွန်နီ နိုးလာသည်။

ဖုန်းပြောပြီးနောက် သူသည် ကုတင်ပေါ်မှ ချက်ချင်းထကာ အခြေအနေကို စောင့်ကြည့်ရန် ဖန်သားပြင်ဆီသို့ ပြေးသွားခဲ့သည်။

ဖန်သားပြင်ပေါ်၌ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ သူလည်း ထိတ်လန့်သွားတော့သည်။

“ဒါ……”

ဂျွန်နီ သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းကို သေချာကြည့်လိုက်သည်။

သူ့ဘေးနားရှိ ပါမောက္ခဘဲလ်သည်လည်း ၎င်းအတိုင်း ဖြစ်နေသည်။

ခြင်္သေ့ဘုရင် လေဘို၏ ဦးခေါင်းသည် ဟိုင်းအီးနား၏ ပါးစပ်တွင်ရှိပြီး ၎င်း၏ခန္ဓာကိုယ်သည် လုံးဝပျောက်ကွယ်နေသည်။

ဖြစ်နိုင်သည်မှာ ၎င်းကို ဟိုင်းအီးနား အုပ်စုမှ ကိုက်ဖြတ်စားသောက်လိုက်ခြင်း ဖြစ်နိုင်သည်။

ဤအချိန်တွင် လေဘိုသည် သူ၏ ခြင်္သေ့ဘုရင်ဟူသည့် ဘုန်းတန်ခိုးကို ဆုံးရှုံးခဲ့သည်မှာ ကြာခဲ့လေပြီ၊ ၎င်း၏ မျက်လုံးများသည် မှေးမှိတ်နေပြီး တောက်ပြောင်ခြင်း မရှိတော့ပေ။

ကြီးကျယ်ခမ်းနားပြီး တန်ခိုးကြီးသည့် ဘုရင်တစ်ပါး ကျဆုံးသွားခဲ့လေပြီ။

"ခြင်္သေ့ဘုရင် လေဘို အသတ်ခံလိုက်ရပြီလား"

ဂျော်နီက အသက်ပြင်းပြင်း ရှူလိုက်သည်။

မိကျောင်းအုပ်စု ပြိုင်ပွဲမှ ထွက်ပြီးနောက် ခြင်္သေ့ဘုရင် လေဘိုသည် ၎င်း၏ ခြင်္သေ့အုပ်စုကို ဦးဆောင်ကာ ဤရာသီ၏ “မြက်ခင်းပြင်ရဲ့ ဘုရင်” ဘွဲ့ကို ဆွတ်ခူးလိမ့်မည်ဟု သူ ယခင်က ထင်မှတ်ခဲ့ဖူးသည်။

သို့သော် သူတို့ မျှော်လင့်ထားသည့် အခြေအနေသည် လုံးဝကို ပြောင်းလဲသွားခဲ့၏။

"ဒီယူဂန်ဒါ မြက်ခင်းပြင်ဒေသမှာ မမျှော်မှန်းထားတဲ့ ဘာမဆို ဖြစ်လာနိုင်တယ်"

ပါမောက္ခဘဲလ်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

အစပိုင်းမှာတော့ မိကျောင်းအုပ်စုက ဒီပြိုင်ပွဲမှာ အနိုင်ရမယ်လို့ သူပြောခဲ့သည်။

သို့သော် မကြာမီတွင် မိကျောင်းဘုရင်ဟာ လျှို့ဝှက်ဆန်းကြယ်သည့် အမည်မသိ သတ္တဝါတစ်ကောင်ကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

နောက်ပိုင်းတွင် ခြင်္သေ့ဘုရင် လေဘို၏ ခြင်္သေ့အုပ်စုက နိုင်လိမ့်မည်ဟု သူခံစားခဲ့ရပြန်သည်။

ယခု လေဘိုလည်း သေဆုံးသွားခဲ့ပြန်သည်။

သူပြောသည့် အရာတိုင်းက ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။ ထိုကြောင့် ဘဲလ်သည် သူက ကပ်ဘေးကြယ်များ ဖြစ်နေသလားဟု တွေးတောမိခဲ့သည်။

နှစ်ယောက်သား မြင်ကွင်းကို ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ခေါင်းဆောင် ဟိုင်းအီးနားသည် လေဘို၏ ဦးခေါင်းကို ကိုက်ကာ ခြင်္သေ့များ၏ ကျက်စားရာ နေရာဆီသို့ လျှောက်သွားသည်။ ၎င်း၏ နောက်၌ အခြား ဟိုင်းအီးနားများ ရှိနေသည်။

"ခြင်္သေ့အုပ်စုကို စစ်ကြေငြာချင်တာလား"

ဂျွန်နီသည် စခရင်ပေါ်ရှိ မြင်ကွင်းကို ကြည့်နေစဉ် သူ့မျက်နှာမှာ ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

လေဘို အရင်က သူတို့အပေါ် လုပ်ခဲ့တာတွေအတွက် လက်စားချေဖို့ ဟိုင်းအီးနားတွေ ပြင်ဆင်နေပြီလား..?

ဟိုင်းအီးနား အုပ်စုသည် ခြင်္သေ့နယ်မြေဆီသို့ လျှောက်သွားရင်း အူနေကြသည်။

ကင်မရာဒရုန်းသည် ဟိုင်းအီးနားအုပ်စုနောက်သို့ လိုက်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် ဟိုင်းအီးနား အုပ်စုသည် ခြင်္သေ့တွေ ကျက်စားရာ နေရာသို့ ရောက်သွားခဲ့သည်။

ခြင်္သေ့ငါးကောင် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ ၎င်းတို့သည် ခြင်္သေ့လေးသုံးကောင်နှင့် ကစားနေကြသည်။

ခြင်္သေ့ငါးကောင်သည် တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရပြီး ၎င်းတို့နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်၏။

ထိုနောက် မတ်တပ်ထရပ်ကာ ဟိန်းဟောင်၍ တိုက်ခိုက်မည့် ဟန်ပန်ကို ပြုလုပ်လိုက်သည်။

၎င်းသည် သူတို့ အနီးသို့ ရောက်ရှိလာသော ဟိုင်နာအုပ်စု ကြောင့်ပင်။

သို့သော် ခြင်္သေ့ဘုရင် လေဘို၏ ဦးခေါင်းကို ခေါင်ဆောင် ဟိုင်းအီးနား၏ ပါးစပ်တွင် မြင်ပြီးနောက် သူတို့၏ ဟိန်းဟောင်သံများ ရုတ်ခြည်း တိတ်ဆိတ်သွားသည်။

ခြင်္သေ့တွေနှင့် ဟိုင်းအီးနားများ ထိပ်တိုက်တွေ့ကြစဉ်..။ မြစ်ကမ်းစပ်ရှိ ထူထပ်သော မြက်ပင်များကြားမှ ဧရာမစပါးအုံးမြွေကြီး ပေါ်လာခဲ့သည်။

၎င်းသည် မြစ်ထဲဆင်းကာနီးအချိန်၌ ရုတ်တရက် ရပ်တန့်လိုက်၏။

ဖန့်ရန်သည် သွေးအနံ့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤယူဂန်ဒါ မြက်ခင်းပြင်ဒေသတွင် သွေးနံ့ရသည်မှာ အထူးအဆန်းမဟုတ်သော်လည်း.. ဤသွေးရနံ့သည် သူ့နယ်မြေမှ ထွက်ပေါ်လာနေသည်။

အတိအကျပြောရလျှင် သူနေထိုင်သည့် ဤနေရာအနီး သူ့ ပိုက်နက်မှ...။

ဖန့်ရန်၏ နှလုံးသားထဲတွင် ဒေါသများ ထွက်ပေါ်လာသည်။

ထိပ်တန်းမုဆိုး တစ်ယောက်အနေနှင့် သူ့နယ်မြေမှာ အမဲလိုက်နေသည့် တခြား သူများကို မကြိုက်တာက သဘာဝပင်။

၎င်းသည် သူ့ကို အလွန် ဒေါသထွက်စေသည်။

ဘန်း!

သူသည် ရေထဲသို့ခုန်ချပြီးနောက် သွေးရနံ့အရင်းမြစ်ဆီသို့ အလျင်အမြန်ကူးခတ်သွားသည်။

သို့သော် သူ့ပန်းတိုင်ကို ရောက်သောအခါမှာတော့ ဖန့်ရန် အံ့အားသင့်သွားခဲ့သည်။

သူ့နေထိုင်ရာ ကမ်းစပ်၌ ဟိုင်းအီးနားတွေနှင့် ခြင်္သေ့တွေ မျက်နှာချင်းဆိုင် ထိတ်တိုက် တွေ့နေကြသည်။

သူ့ကို ပိုအံ့သြစေတာက ဟိုင်းအီးနား အုပ်စုရှေ့မှ ဟိုင်းအီးနားတစ်ကောင်က ဧရာမခြင်္သေ့ခေါင်းကို ကိုက်ထားခြင်းပင်။

"ဒီဟိုင်းအီးနား အုပ်စုက အဲဒီခြင်္သေ့ကို သတ်နိုင်ခဲ့တာလား"

ဖန့်ရန်သည် ယင်းကို မယုံကြည်နိုင်ချေ။

ယခင်က ဤဟိုင်းအီးနား အုပ်စုသည် ထိုခြင်္သေ့ကိုမြင်ပြီးနောက် ချက်ချင်းပင် လူစုခွဲ ထွက်ပြေးသည်ကို သူမြင်ခဲ့ရသည်။

ယခုတော့ သူတို့သည် ထိုခြင်္သေ့၏ ခေါင်းကို ပင် ကိုက်ယူထားခဲ့သည်။

ဖန့်ရန်၏ စောင့်ကြည့်မှုအောက်တွင် ဟိုင်းအီးနား အုပ်စုသည် ခြင်္သေ့များကို စတင်တိုက်ခိုက်ခဲ့သည်။

ခြင်္သေ့ငါးကောင်က နောက်ပြန်ဆုတ်သည်။

ခြင်္သေ့ဦးခေါင်းက သူတို့ကို ဖိအားတစ်ခုပေးထားပြီး ဖြစ်သောကြောင့် ၎င်းတို့သည် ပြန်လည်း မတိုက်ခိုက်နိုင်ချေ။

၎င်းတို့၏ ကျော်ကြားသော နည်းဗျူဟာကို အသုံးပြုကာ၊ ဟိုင်းအီးနား အနည်းငယ်သည် ရှေ့တွင် ခြင်္သေ့များ၏ အာရုံကို ဆွဲဆောင်၏။

ဟိုင်းအီးနား တစ်ကောင်သည် ခြင်္သေ့မတစ်ကောင် အနောက်သို့ လျှောက်သွားပြီး၊ ထိုခြင်္သေ့မကို မတိုက်ခိုက်ဘဲ ၎င်းကာကွယ်နေသည့် ခြင်္သေ့လေးကို တိုက်ခိုက်ခဲ့သည်။

"ဝေါင်း..!!"

သို့သော် ခြင်္သေ့မသည် အလွန်သတိကြီး၏။ သူမသည် ချက်ချင်းလှည့်၍ ခြင်္သေ့လေးကို ကာကွယ်ကာ ထိုဟိုင်းအီးနားကို တိုက်ခိုက်သည်။

ပထမအကြိမ် တိုက်ခိုက်မှုအပြီးတွင် အုပ်စုနှစ်စု အချင်းချင်း ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

ဟိုင်းအီးနားများသည် လေဘို၏ ဦးခေါင်းမှ သတ္တိများစွာ ရရှိခဲ့ပုံပေါ်ကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။

ခြင်္သေ့များသည် အစပိုင်းတွင် အနည်းငယ်ကြောက်လန့်ကြပြီး မြစ်ကမ်းသို့ရောက်သည်အထိ အဆက်မပြတ် ဆုတ်ခွာခဲ့ကြ သော်လည်း အလယ်ရှိ ခြင်္သေ့လေး သုံးကောင်ကို ခိုင်မြဲစွာကာကွယ်ထားဆဲဖြစ်သည်။

“ဝေါင်း! ဝေါင်း! ဝေါင်း!!"

စစ်မြေပြင်တွင် သားရဲများ၏ ဟိန်ဟောင်သံများ မြည်ဟီးနေကာ ဖုန်မှုန့်များ ပျံဝဲနေခဲ့သည်။

ခြင်္သေ့ငါးကောင်သည် အလယ်ရှိ ခြင်္သေ့လေး သုံးကောင်ကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။

တိုက်ပွဲက ပြင်းထန်လာသည်နှင့်အမျှ ခြင်္သေ့တွေ၏ နှလုံးသားထဲက ကြောက်ရွံ့မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

“ဝေါင်း!”

ခြင်္သေ့တစ်ကောင်က ဟိန်းဟောင်လိုက်ပြီး ဟိုင်းအီးနား တစ်ကောင်၏ လည်ပင်းကို ကိုက်၍ ပြင်းထန်စွာ ခါယမ်းလိုက်ရာ ၎င်းသည် ပေအနည်းငယ်မျှ ပျံဝဲသွားခဲ့သည်။

ထိုခြင်္သေ့၏ ထိုသို့ လုပ်အပြီးတွင် အခြားသော ခြင်္သေ့များသည်လည်း သတ္တိများ ပြန်ရလာကြသည်။

ဤခြင်္သေ့ငါးကောင်သည် ပြင်းထန်သော ဒေါသစိတ်ကြောင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။

ဟိုင်းအီးနား အုပ်စုသည် အခြေအနေ မကောင်းသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြန်ဆုတ်သွားခဲ့၏။

ခြင်္သေ့များသည် ၎င်းတို့၏ နောက်မှ ခြင်္သေ့ငယ်လေးများကို ကာကွယ်ပြီး ဟိုင်းအီးနား အုပ်စုကို မောင်းထုတ်နိုင်ခဲ့သည်။

...

“ဒီခြင်္သေ့တွေ မရှုံးနှိမ့်သွားဘူးပဲ.."

ဂျွန်နီသည် ဖန်သားပြင်ပေါ်ရှိ တိုက်ပွဲကိုကြည့်ကာ သက်ပြင်းတစ်ချက်ချကာ ရေရွတ်သည်။

"ဒီခြင်္သေ့တွေ ဟိုင်းအီးနားတွေရဲ့ အသတ်ခံရမှာကို ငါတို့ စိတ်ပူစရာမလိုဘူး"

ဤဟိုင်းအီးနား အုပ်စုသည် ကြီးမားသော်လည်း ခြင်္သေ့ငါးကောင်ကို သတ်ရန် အလွန်ခက်ခဲ၏။

ယင်းတို့၏ ရည်ရွယ်ချက်သည် အရွယ်ရောက် ခြင်္သေ့တွေကို သတ်ဖို့ မဟုတ်ဘဲ ခြင်္သေ့လေးတွေကို သတ်ဖို့မှန်း သိသာ ထင်ရှားလှသည်။

"ပါမောက္ခဘဲလ်၊ ဒီဟိုင်းအီးနား အဖွဲ့ရဲ့ လက်ရှိ စွမ်းဆောင်ချက်တွေ အရ၊ သူတို့မှာ လေဘိုကို သတ်နိုင်စွမ်းမရှိဘူး.. ဟုတ်တယ်မှတ်လား..?"

ဂျွန်နီက အံ့သြတကြီးနဲ့ သူ့ဘေးနားက ပါမောက္ခဘဲလ်ကို မေးလိုက်သည်။

ပါမောက္ခဘဲလ်က ခေါင်းညိတ်လိုက်သည်။

သူသည် မှန်းဆချက်အချို့ကို ဖော်ပြရန် ပြင်ဆင်နေသော်လည်း သူ့အကြည့်က ရုတ်တရက် ပြောင်းလဲသွားကာ သူ့ရှေ့က ဖန်သားပြင်ပေါ်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။

ဂျွန်နီသည် ပါမောက္ခဘဲလ်၏ အကြည့်နောက်ကို လိုက်ကြည့်ချိန်တွင်၊ ၎င်း၏ မျက်လုံးများသည် အံ့သြစွာ ပြူးကျယ်သွားခဲ့သည်။

.....

All Chapters